es
Feedback
ဟောလိဝုဒ်ရုပ်ရှင်ကားမျာ (မြန်မာစာတန်းထိုး)

ဟောလိဝုဒ်ရုပ်ရှင်ကားမျာ (မြန်မာစာတန်းထိုး)

Ir al canal en Telegram

Mostrar más
El país no está especificadoLa categoría no está especificada

📈 Análisis del canal de Telegram ဟောလိဝုဒ်ရုပ်ရှင်ကားမျာ (မြန်မာစာတန်းထိုး)

El canal ဟောလိဝုဒ်ရုပ်ရှင်ကားမျာ (မြန်မာစာတန်းထိုး) (@indch24) es un actor destacado. Actualmente la comunidad reúne a 25 242 suscriptores, ocupando la posición en la categoría Otro.

📊 Métricas de audiencia y dinámica

Desde su creación el невідомо, el proyecto ha mostrado un crecimiento acelerado, reuniendo a 25 242 suscriptores.

Según los últimos datos del 18 septiembre, 2026, el canal mantiene una actividad estable. En los últimos 30 días la variación de miembros fue de -9 289, y en las últimas 24 horas de -22, conservando un alto alcance.

  • Estado de verificación: No verificado
  • Tasa de interacción (ER): El promedio de interacción de la audiencia es 8.36%. Durante las primeras 24 horas tras publicar, el contenido suele obtener 6.61% de reacciones respecto al total de suscriptores.
  • Alcance de las publicaciones: Cada publicación recibe en promedio 2 114 visualizaciones. En el primer día suele acumular 1 671 visualizaciones.
  • Reacciones e interacción: La audiencia responde de forma activa: el promedio de reacciones por publicación es 1.

📝 Descripción y política de contenido

No se ha proporcionado la descripción del canal.

Gracias a la alta frecuencia de actualizaciones (últimos datos recibidos el 19 septiembre, 2026), el canal mantiene la vigencia y un amplio alcance. La analítica demuestra que la audiencia interactúa activamente con el contenido, lo que lo convierte en un punto de referencia dentro de la categoría Otro.

25 242
Suscriptores
-2224 horas
-11 4757 días
-9 28930 días
Archivo de publicaciones
Repost from N/a
Hong Kong Crime Story (2026) 720p WEB-DL AAC2.0

Repost from N/a
Hong Kong Crime Story 2026 ဟောင်ကောင်မြို့ရဲ့ ထူးဆန်းထွေလာရာဇဝတ်မှုများ......ဒီရုပ်ရှင်မှာ ဟောင်ကောင်မြို့ပြရဲ့ နောက်ကွယ်က လူ
Hong Kong Crime Story 2026 ဟောင်ကောင်မြို့ရဲ့ ထူးဆန်းထွေလာရာဇဝတ်မှုများ......ဒီရုပ်ရှင်မှာ ဟောင်ကောင်မြို့ပြရဲ့ နောက်ကွယ်က လူနေမှုပုံစံတွေနဲ့ ဖျော်ဖြေရေးလောကရဲ့လျှို့ဝှက်ချက်တွေကို စိတ်ဝင်စားစရာကောင်းတဲ့အမှုနှစ်ခုအဖြစ်နဲ့ အပိုင်း(၂)ပိုင်းခွဲပြီးတော့တင်ဆက်ပေးထားပါတယ်။ပထမပိုင်းကတော့ - မျက်မမြင်အတုနှင့် ရဲအတု အပိုင်းပါ...... အခြေအနေအရ မျက်မမြင်မလေးအဖြစ်ဟန်ဆောင်ပြီး အသက်မွေးဝမ်းကျောင်းနေတဲ့ မိန်းကလေးနဲ့ လူသတ်ပြီး ရဲအဖြစ်ဟန်ဆောင်နေတဲ့ ရက်စက်တဲ့လူသတ်သမားတို့ရဲ့ အသက်လုဉာဏ်ဆင်ယှဉ်ပြိုင်ပွဲကိုတင်ဆက်ထားတာဖြစ်ပြီးတော့ ဒုတိယပိုင်းက ပါပါရာဇီအကြောင်းပါ ပိုက်ဆံရဖို့ သတင်းဦးသတင်းထူးရဖို့ သူတစ်ပါးအတင်းအဖျင်းတွေကို စုံစမ်းမှတ်တမ်းယူတဲ့ ညီအစ်ကိုနှစ်ယောက် လူသတ်မှုနဲ့ပက်ပင်းတိုးတဲ့အခါ ပါပါရာဇီ (၂)ယောက်ရဲ့စွန့်စားခန်း ကိုတင်ဆက်ပေးထားတာပဲဖြစ်ပါတယ် Filesize : 853 MB / 490 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mp4 Genres : Crime Runtime : 1h 9 min Subtitle : Myanmar Subtitle ( Hardsub )

Repost from N/a
The Sacrificial House (2026) 720p WEB-DL AAC2.0

Repost from N/a
The Sacrificial House / Ji Wu (2026) သဲထိတ်ရင်ဖိုရုပ်ရှင်တွေမှ ကြိုက်တယ်ဆိုတဲ့ ပရိသတ်တွေအတွက် The Sacrificial House ဆိုတဲ့ ရု
The Sacrificial House / Ji Wu (2026) သဲထိတ်ရင်ဖိုရုပ်ရှင်တွေမှ ကြိုက်တယ်ဆိုတဲ့ ပရိသတ်တွေအတွက် The Sacrificial House ဆိုတဲ့ ရုပ်ရှင်ကို ဘာသာပြန် တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတောါ- ဖန်းချန်ချန်ဟာ ခင်ပွန်းလောင်း စူးရှင်နဲ့အတူ စူးရှင်ရဲ့ ဇာတိမြေမှာ ယောက္ခမနဲ့တွေ့ပြီး ယောက္ခမကို မြို့ကိုခေါ်သွားဖို့ ရည်ရွယ်ချက်နဲ့ ရှေးဟောင်းမြို့လေးတစ်ခုကို ရောက်လာခဲ့ပါတယ်။ ဒီမြို့ဟာ စူးရှင်ကြီးပြင်းလာရာမြို့ဖြစ်ပေမဲ့ စူးရှင်တောင် မသိရတဲ့ လျှို့ဝှက်ချက်တွေ ရှိနေပါတယ်။ ဇာတိအိမ်ကို ပြန်ရောက်လာမှ ညတိုင်း အိပ်မက်ယောင်ပြီး လျှောက်သွားနေတဲ့ စူးရှင်...... သားနဲ့ ချွေးမက မြို့ကို လိုက်ခဲ့ဖို့ ခေါ်နေပေမဲ့ လုံးဝ မလိုက်နိုင်ဘူးလို့ ငြင်းဆိုနေပြီး တစ်ခုခုကို လျှို့ဝှက်ထားသလိုဖြစ်နေတဲ့ ယောက္ခမ စူးကျယ်...... မြို့ကလေးမှာ နေထိုင်ကြတဲ့ မြို့သူမြို့သားအားလုံး စူးမိသားစုရဲ့ နာမည်ကို ကြားတာနဲ့ ပြောချင်တဲ့ စကားလုံးတွေကို မျိုသိပ်သွားကြတဲ့အခါ...... သူတို့ကြားမှာ ဘယ်လို လျှို့ဝှက်ချက်မျိုးတွေ ရှိနေကြသလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ရအောင်နော် Filesize : 910 MB / 471 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mp4 Genres : Thriller and Horror Runtime : 1h 32 min Subtitle : Myanmar Subtitle ( Hardsub )

Repost from N/a
The Furious (2026) The Furious (2026) +++++++++ ၂၀၂၆ ရဲ့အကောင်းဆုံး အက်ရှင်ကား လာပါပြီ။ ဇာတ်လမ်းက ဝမ်ဝေ (Xie Miao) ဆိုတဲ့ အဖေ
The Furious (2026) The Furious (2026) +++++++++ ၂၀၂၆ ရဲ့အကောင်းဆုံး အက်ရှင်ကား လာပါပြီ။ ဇာတ်လမ်းက ဝမ်ဝေ (Xie Miao) ဆိုတဲ့ အဖေတစ်ယောက်ရဲ့ သမီးလေးကို လူကုန်ကူးတဲ့ ပြန်ပေးသမားတွေက ဖမ်းသွားရာကနေ စတာပါ။ ဒေသခံ ရဲတွေကလည်း အကျင့်ပျက်ခြစားနေတဲ့သူတွေချည်းပဲ ဆိုတော့ ဘာမှ အားကိုးလို့မရဘူးဖြစ်နေပါတယ်။ အဲဒါနဲ့ သူကိုယ်တိုင်ပဲ သမီးဖြစ်သူကို ပြန်ရှာပြီး ကယ်တင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ လမ်းမှာ နာဗင် (Joe Taslim) ဆိုတဲ့ သတင်းထောက်တစ်ယောက်နဲ့ သွားဆုံပါတယ်။ နာဗင်ရဲ့ မိန်းမကလည်း အဲဒီ လူကုန်ကူးဂိုဏ်းအကြောင်း စုံစမ်းရင်းနဲ့ လျှို့ဝှက်ဆန်းကြယ်စွာ ပျောက်ဆုံးသွားခဲ့တာပါ။ ရည်ရွယ်ချက်တူနေတဲ့ သူတို့နှစ်ယောက် ပူးပေါင်းပြီး ပြန်ပေးသမားတွေနဲ့ လူသတ်ကောင်တွေကို အသေအကြေ လိုက်လံနှိမ်နင်းကြတဲ့ ပုံစံကို ရင်တမမနဲ့ ကြည့်ရမှာပါ။ ဒီကားရဲ့ အဓိက အသက်ကတော့ ဇာတ်လမ်းထက်စာရင် အက်ရှင်အခန်းတွေပါပဲ။ ဒါရိုက်တာ Kenji Tanigaki က အက်ရှင် ကိုရီယိုဂရပ်ဖီ (Action Choreography) တွေကို တကယ့်ကို အမိုက်စား ပုံဖော်ပေးထားပါတယ်။ The Raid လိုမျိုး အကြမ်းစား အက်ရှင်ကားမျိုးဆိုတော့ ကြည့်နေရင်းနဲ့တောင် ကိုယ်ပါ ဝင်ချင်လာလောက်တဲ့အထိ သရုပ်ဆောင်ထားတာ တွေ့ရပါမယ်။ မင်းသားနှစ်ပွင့်ဆိုင် သိုင်းကွက်များ: Joe Taslim (Mortal Kombat ကားထဲက Sub-Zero) နဲ့ တရုတ်သိုင်းမင်းသား Xie Miao တို့ရဲ့ သိုင်းကွက်တွေ၊ ချခန်းတွေက အစအဆုံး မျက်တောင်မခတ်တမ်း ကြည့်ရလောက်အောင်ကို ကောင်းလွန်းပါတယ်။ သူတို့နှစ်ယောက်ရဲ့ မတူညီတဲ့ တိုက်ခိုက်ရေးဟန်တွေ ပေါင်းစပ်သွားတဲ့အခါ ကြည့်ရတာ တကယ့်ကို အားရစရာပါ။ ဇာတ်လမ်းသွားက ခဏလေးတောင် အနားပေးမထားဘဲ မြန်မြန်ဆန်ဆန်နဲ့ ဆွဲခေါ်သွားမှာပါ။ ဇာတ်လမ်းက နည်းနည်း ရိုးရှင်းပေမယ့် အက်ရှင်အခန်းတွေက တစ်ခန်းပြီးတစ်ခန်း မနားတမ်း လာတာမို့ ပျင်းဖို့ အချိန်တောင် ရမှာမဟုတ်ပါဘူး။ လူဆိုးတွေကို အပြတ်ရှင်းတဲ့ အခန်းတွေက အက်ရှင်ပရိသတ်တွေအတွက်တော့ အရသာပါပဲ။ ပြန်ပေးသမားတွေ၊ လူသတ်သမားတွေကို လက်နက်ပေါင်းစုံ၊ တိုက်ကွက်ပေါင်းစုံနဲ့ ရှင်းထုတ်တဲ့ အခန်းတွေဆို လုံးဝ အမိုက်စားပါပဲ။ ဇာတ်လမ်းသွား သွက်သွက်လက်လက်နဲ့ အကြမ်းစား အက်ရှင်ကားကောင်းကောင်း ကြည့်ချင်နေတယ်ဆိုရင် ဒီကားကိုသာ ရွေးလိုက်ပါ။ ၂၀၂၆ ခုနှစ်ရဲ့ အကောင်းဆုံး အက်ရှင်ကားတွေထဲက တစ်ကားဖြစ်တယ်ဆိုတာ ကြည့်ပြီးတာနဲ့ လက်ခံသွားပါလိမ့်မယ်။ File Size… (4.2 GB) / (1.8 GB) / (1.1 GB) Quality… WEB-DL 4K HEVC / 1080p HEVC / 720p Format…mkv / mp4 Duration…1h 53m Genre ….Action , Crime , Thriller Subtitle….Myanmar Subtitle (Hard Sub)

Repost from N/a
The Coldest City 2023 ၁၉၄၅ ခုနှစ် ဒုတိယကမ္ဘာစစ်အပြီးမှာ တရုတ်နိုင်ငံကိုကျူးကျော်ထားတဲ့ ဂျပန်တွေဟာ လက်နက်ချခဲ့ပါတယ်အဲဒီအချိန်
The Coldest City 2023 ၁၉၄၅ ခုနှစ် ဒုတိယကမ္ဘာစစ်အပြီးမှာ တရုတ်နိုင်ငံကိုကျူးကျော်ထားတဲ့ ဂျပန်တွေဟာ လက်နက်ချခဲ့ပါတယ်အဲဒီအချိန် တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဒေသက တုန်းပေဆိုတဲ့ မြို့လေးမှာ အုပ်ချုပ်သူမဲ့နေတဲ့ အခြေအနေမှာ ဒုစရိုက်သမားတွေနဲ့ပြည့်နှက်နေသလို မကောင်းတဲ့ အင်အားစုတွေဟာ ဒီမြို့လေးမှာ ကြီးစိုးနေပါတယ်။သူငယ်ချင်းရဲ့ မိသားစုဖြစ်တဲ့ ဖန်းမိသားစုတစ်စုလုံး အသတ်ခံလိုက်ရတာအပြင်ဖူရှန်းဘဏ်က လူ ၃၇ ယောက် အသက်ပေးလိုက်ရတဲ့အမှု‌ကြောင့် လက်စားချေဖို့အတွက် ပင်းမြို့ကို ရောက်လာခဲ့တဲ့ လက်ဖြောင့်သေနတ်သမား ကုညန့်၊ဒီကိစ္စရဲ့ အဓိက တရားခံဖြစ်တဲ့ လီမိသားစုက သခင်ကြီး လီဟွမ်နဲ့ သားဖြစ်သူ လီချင့်၊ ကုညန့်ကို ကူညီပေးမယ့် လုပ်ကြံသတ်ဖြတ်သူ လောင်ကျောင်း၊ပင်းမြို့မှာ နေရာရဖို့ မကောင်းမှုအားလုံးကိုကျူးလွန်နိုင်တဲ့ လောဘဇောတိုက်နေတဲ့ စီးပွားရေးသမားတွေ... တစ်မြို့လုံးမှာ ရှုပ်ယှက်ခတ်နေတဲ့ အခြေအနေတွေကြားမှာကုညန့်ရဲ့ လက်စားချေဖို့ အစီအစဥ်ဟာ အောင်မြင်နိုင်ပါ့မလား လုပ်ကြံသတ်ဖြတ်သူဖြစ်တိုင်း မကောင်းတဲ့သူမဟုတ်ဘူးဆိုတာကိုသက်သေပြသွားမယ့် လောင်ကျောင်းကရောကုညန့်ကို ဘယ်လောက်အထိ ကူညီသွားမလဲ ဆိုတာ ဒီဇာတ်ကားလေးမှာ အားပေးကြပါဦးဒီဇာတ်ကားဟာ ဂျပန်ဆန့်ကျင်ရေးစစ်ပွဲကာလမှာ တိုင်းပြည်ကာကွယ်ရေးမှာတစ်တပ်တစ်အားပါဝင်ခဲ့ကြတဲ့ လုပ်ကြံသတ်ဖြတ်သူတွေနဲ့သေနတ်သမားတွေကို ကိုယ်စားပြုပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ် Filesize : 1.30 GB / 732 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mp4 Genres : Thriller , Action , Drama Runtime : 2h  Subtitle : Myanmar Subtitle ( Hardsub )

Repost from N/a
A Fighter from the Underworld (2026) 720p WEB-DL AAC2.0

Repost from N/a
A Fighter from the Underworld 2026 ခေတ်သစ်ကွန်ဖူးဂိုဏ်းတစ်ခုရဲ့ မျိုးဆက်သစ်တွေကြားကတိုက်ပွဲတစ်ခုပဲဖြစ်ပါတယ်။ ဆရာ့ရဲ့သွန်သင်မှ
A Fighter from the Underworld 2026 ခေတ်သစ်ကွန်ဖူးဂိုဏ်းတစ်ခုရဲ့ မျိုးဆက်သစ်တွေကြားကတိုက်ပွဲတစ်ခုပဲဖြစ်ပါတယ်။ ဆရာ့ရဲ့သွန်သင်မှုအောက်မှာ ဂိုဏ်းမူဝါဒအတိုင်းဖြောင့်ဖြောင့်မတ်မတ်နေထိုင်တဲ့အစ်ကိုကြီးနဲ့ ငယ်ငယ်ကတည်းက ဖီဆန်တတ်တဲ့ညီလေးတို့ကြားက အာဏာလုပွဲတစ်ခုလို့လဲပြောလို့ရပါတယ်။ဂိုဏ်းရဲ့အာဏာကိုရဖို့အတွက် ကိုယ်ခံပညာပြိုင်ပွဲတစ်ခုကျင်းပဖို့ဆုံးဖြတ်လိုက်ကြပြီး ကိုယ်စားပြုမယ့်သူတစ်ယောက်ဆီရှာခဲ့ကြပါတယ်။ အတိတ်ကရန်ငြှိုးကြောင့် အစ်ကိုကြီးဘက်ကပါဝင်တိုက်ခိုက်ဖို့ဆုံးဖြတ်ပေမယ့် မှန်ကန်တဲ့လမ်းစဉ်နဲ့ပဲ အရည်အချင်းကိုမြှင့်တင်ဖို့ ကြိုးစားနေတဲ့မိန်းကလေးတစ်ယောက်နဲ့ အမှန်တကယ်တိုက်ခိုက်လိုစိတ်မရှိပေမယ့် ခြိမ်းခြောက်ပြီးအဓမ္မစေခိုင်းခံရတဲ့ မိန်းကလေးတစ်ယောက်တို့ရဲ့......ကွဲပြားတဲ့လမ်းစဉ်တွေနဲ့ အပြင်းအထန်ကိုယ်စီလေ့ကျင့်ခဲ့ကြပြီး ဒီဂိုဏ်းရဲ့အနာဂတ်ဟာ ဘယ်သူ့လက်ထဲရောက်သွားမလဲဆိုတာ စိတ်ဝင်စားစရာပဲဖြစ်ပါတယ် Filesize : 1.19 GB / 618 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mp4 Genres : Action Runtime : 1h 26 min Subtitle : Myanmar Subtitle ( Hardsub )

Repost from N/a
The Caged Butterfly (2026) 720p WEB-DL AAC2.0

Repost from N/a
The Caged Butterfly 2026 စံအိမ်တစ်လုံးမှာ သရဲရှိတယ်လို့ လူတိုင်းယုံကြည်နေကြပေမဲ့…တကယ်တမ်း ကြောက်စရာအကောင်းဆုံးအရာက အဲဒီအိမ်ထဲ
The Caged Butterfly 2026 စံအိမ်တစ်လုံးမှာ သရဲရှိတယ်လို့ လူတိုင်းယုံကြည်နေကြပေမဲ့…တကယ်တမ်း ကြောက်စရာအကောင်းဆုံးအရာက အဲဒီအိမ်ထဲမှာ ဖုံးကွယ်ထားတဲ့ အမှန်တရားဖြစ်နေခဲ့ရင်ရော… 2026 ခုနှစ် ဧပြီလ ၃ ရက်နေ့မှာ ရုံတင်ပြသခဲ့တဲ့ The Caged Butterfly ရုပ်ရှင်လေးဟာ 2024 ခုနှစ်က ထွက်ရှိခဲ့တဲ့ Yin Yang Mansion ရဲ့ sequel ဇာတ်ကားတစ်ကားဖြစ်ပါတယ်… ဒါရိုက်တာ Hao Han ရိုက်ကူးထားပြီး Li Meng 、Liu Siwei နဲ့ Jiang Zhuojun တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်…ရုံတင်ဝင်ငွေ ယွမ်၁၁၀ သန်းကျော် ရရှိခဲ့တဲ့ ရုပ်ရှင်ကားကောင်းလေးဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းလေးအနေနဲ့ကတော့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ လုမိသားစုစံအိမ်ကြီးဟာ သရဲခြောက်တဲ့အိမ်အဖြစ် လူသိများနေပါတယ် စံအိမ်ရဲ့ပိုင်ရှင် လုယောင်က မိသားစုယာဉ်မတော်တဆမှုအပြီး အိမ်ထဲမှာပဲ အထီးကျန်နေထိုင်လာခဲ့ပြီး သူ့ကို ကာကွယ်ပေးနေတဲ့ ဝိညာဉ်တွေရှိတယ်ဆိုတဲ့ ကောလာဟလတွေလည်း ပျံ့နှံ့နေပါတယ် တစ်ဖက်မှာတော့ အချစ်ကိုအသုံးချပြီး လိမ်လည်ငွေရှာတဲ့ အားဝေဟာ အကြွေးတွေနဲ့ ဖိအားပေးခံနေရချိန်မှာ လုမိသားစုအိမ်နဲ့ ဆက်နွယ်လာပါတယ် အဲဒီနောက် စံအိမ်အတွင်းမှာ မရှင်းလင်းတဲ့ သရဲဖြစ်ရပ်တွေ သံသယဖြစ်စရာ သေဆုံးမှုတွေနဲ့ နှစ်ပေါင်းများစွာ ဖုံးကွယ်ထားတဲ့ မိသားစုလျှို့ဝှက်ချက်တွေ တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာတဲ့အခါမှာတော့ သရဲခြောက်တာက တကယ်ပဲလား ဒါမှမဟုတ် လူတွေရဲ့ လောဘ လိမ်ညာမှုနဲ့ အာဏာလိုချင်စိတ်တွေကပဲ ဒီအရာအားလုံးရဲ့ နောက်ကွယ်မှာ ရှိနေတာလားဆိုတာကို စိတ်လှုပ်ရှားမှုအပြည့်နဲ့ကြည့်ရှုရမှာပဲဖြစ်ပါတယ် အဆုံးသတ်မှာတော့ ထင်မှတ်မထားတဲ့ အမှန်တရားနဲ့ တရားမျှတမှုတွေဟာ ဘယ်လိုဖော်ထုတ်ပြီး ပေါ်ထွက်လာမလဲဆိုတာ horror-mystery ဇာတ်အိမ်ကိုနှစ်သက်တဲ့ပရိသတ်ကြီးအတွက် ကြည့်ရှုရတန်စေမဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ် Filesize : 675 MB / 404 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mp4 Genres : Thriller and Horror Runtime : 1h 31 min Subtitle : Myanmar Subtitle ( Hardsub )

Repost from N/a
Back In the Game (2026) Crime-Action ကားကြိုက်သူတွေအတွက် ကြည့်သင့်တဲ့ ၂၀၂၆ ထွက် Gangster မူဗီလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်ဒီကားလ
Back In the Game (2026) Crime-Action ကားကြိုက်သူတွေအတွက် ကြည့်သင့်တဲ့ ၂၀၂၆ ထွက် Gangster မူဗီလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်ဒီကားလေးဟာ လူမိုက်လောကရဲ့ အာဏာ သစ္စာတရားနဲ့ သစ္စာဖောက်မှုတွေကြား ပိတ်မိနေတဲ့ လူတစ်ယောက်ရဲ့ ဇာတ်လမ်းကို ရိုက်ကူးထားတာပဲဖြစ်ပါတယ် … ပစ်ခတ်ခန်းတွေအက်ရှင်ခန်းတွေအပြင် စိတ်ခံစားချက်ပိုင်းကိုပါ အလေးထားထားလို့ ကြည့်ရတာ ပိုပြီး အသက်ဝင်စေမှာပါ ဒီကားရဲ့ အဓိကဇာတ်ကောင်နေရာမှာ ပရိသတ်တွေရဲ့ အချစ်တော် ဟောင်ကောင်မင်းသားကြီး Vincent Wong က ပါဝင်သရုပ်ဆောင်ထားပါတယ်…Vincent Wong ပရိသတ်တွေအတွက်တော့ အေးချမ်းတဲ့ဘဝကို ရှာဖွေနေတဲ့ လူတစ်ယောက်က အတိတ်ရဲ့ အရိပ်တွေကြောင့် လူမိုက်လောကထဲ ပြန်လည်ခြေချရတဲ့ ဇာတ်ရုပ်ကို ဘယ်လိုပုံဖော်ထားသလဲဆိုတာ ကြည့်ရှုရမှာဖြစ်လို့ လက်မလွတ်သင့်တဲ့ ကားတစ်ကားဖြစ်ပါတယ် လွန်ခဲ့တဲ့ ရှစ်နှစ်က ဂိုဏ်းဝင်အကြီးပိုင်းတစ်ယောက်ဖြစ်တဲ့ ကျားလဲ့ဟာ သူ့ညီအစ်ကိုအတွက် အပြစ်ကို ကိုယ်စားခံပြီး ထောင်ကျသွားခဲ့ပါတယ် ထောင်ကလွတ်လာပြီးနောက်မှာတော့ လူမိုက်လောကနဲ့ ဝေးဝေးနေပြီး အေးအေးချမ်းချမ်း ဘဝသစ်တစ်ခု စတင်ဖို့ ကြိုးစားပေမဲ့ ကံကြမ္မာက သူ့ကို ပြန်လည်ဆွဲခေါ်လာခဲ့ပါတယ် သူ့ရဲ့ အရင်ခေါင်းဆောင်က ဂိုဏ်းကို သူ့လက်ထဲ အပ်ချင်နေချိန်မှာ ကျားလဲ့ရဲ့ စွန့်လွှတ်အနစ်နာခံမှုကြောင့် အာဏာရလာတဲ့ လူတစ်ယောက်ကတော့ သူ့ရဲ့ ပြန်လာခြင်းကို အန္တရာယ်တစ်ခုအဖြစ် မြင်နေခဲ့ပါတယ် အာဏာလုမှုတွေ လျှို့ဝှက်ချက်တွေ အတိတ်က အကြွေးဟောင်းတွေကြားမှာ ကျားလဲ့ဟာ ရှောင်လွှဲဖို့ ကြိုးစားရင်းနဲ့ပဲ နောက်ဆုံး လူမိုက်လောကထဲ ပြန်အခြေချရတဲ့ အခြေအနေကို ရောက်လာပါတယ် အတိတ်က အမှန်တရားကို ဖော်ထုတ်ဖို့ ကိုယ်ချစ်တဲ့သူတွေကို ကာကွယ်ဖို့နဲ့ မပြီးဆုံးသေးတဲ့ အကြွေးတွေကို ရှင်းဖို့ သူဟာ တစ်ဖန် လက်နက်ကို ပြန်ကိုင်ရပါတော့တယ် အက်ရှင်ခန်းတွေ Gangster ဒရာမာတွေ Plot Twist တွေနဲ့ အတိတ်လျှို့ဝှက်ချက်တွေကို တဖြည်းဖြည်း ဖော်ထုတ်သွားတဲ့ ဇာတ်လမ်းမျိုးကြိုက်တဲ့ကြည့်ရှုသူပရိသတ်တွေအတွက် ဒီကားလေးက အရသာတွေ့စေမှာပါ Filesize : 1.42 GB / 738 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mp4 Genres : Action , Crime Runtime : 1h 22 min Subtitle : Myanmar Subtitle ( Hardsub )

Repost from N/a
None Shall Escape 2026 အခုတင်ဆက်ပေးမှာကတော့ Horror ပရိသတ်တွေကြားထဲမှာ တကယ့်ကို ရင်တဖိုဖိုနဲ့ ကြည့်ရှုရမဲ့ သွေးထွက်သံယို ခြောက
None Shall Escape 2026 အခုတင်ဆက်ပေးမှာကတော့ Horror ပရိသတ်တွေကြားထဲမှာ တကယ့်ကို ရင်တဖိုဖိုနဲ့ ကြည့်ရှုရမဲ့ သွေးထွက်သံယို ခြောက်လှန့်မှုတွေထက် လူ့ရဲ့စိတ်ကို ကလိပြီး ကျောချမ်းစေမဲ့ psychological horror အမျိုးအစား ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်ဆေးကျောင်းသူလေး စူးယင့်ရွှယ်ဟာ အဆက်အသွယ်ပြတ်ပြီး ပျောက်ဆုံးနေတဲ့ သူမရဲ့ အမြွှာအစ်မ စူးချင်းဟယ်ကို လိုက်လံရှာဖွေရင်း စစ်ဘေးဒဏ်သင့် မြို့ပျက်ကြီးရဲ့ ဆင်ခြေဖုံးမှာရှိတဲ့ ချောက်ချားဖွယ်ရာ ယန်အိမ်ဟောင်းကြီးဆီကို ရောက်ရှိလာခဲ့ပါတယ် ထူးဆန်းတာက အဲဒီအိမ်ကြီးထဲမှာ နေထိုင်ကြတဲ့သူတွေဟာ တစ်ယောက်မှ ပုံမှန်မရှိကြပါဘူးမူမမှန်တဲ့ အိမ်ပိုင်ရှင် အစ်မဖျင် စိတ်မမှန်တဲ့ အိမ်ပိုင်ရှင်ကြီး ဆွံ့အနားမကြားတဲ့ အစေခံ အားကျန်း နဲ့ အမှောင်ထုထဲမှာတင် တစ်ယောက်တည်း သွားလာလှုပ်ရှားနေတတ်တဲ့ ကလေးငယ် ဝမ်ချိုးတို့ပဲ ဖြစ်ပါတယ် အစ်မဖြစ်သူကတော့ တခြားနေရာကို ပြောင်းရွှေ့သွားပြီလို့ အိမ်ပိုင်ရှင်မက ပြောပေမဲ့လည်း ယင့်ရွှယ်တစ်ယောက် အခန်းထဲမှာ အစ်မဖြစ်သူကို ကိုယ်တိုင်ပေးခဲ့ဖူးတဲ့ မွေးနေ့လက်ဆောင် ကလောင်တံကို မမျှော်လင့်ဘဲ ပြန်တွေ့လိုက်ရတဲ့အခါမှာတော့....မသင်္ကာစရာ သံသယတွေ ကြီးထွားလာတာနဲ့အမျှ ယင့်ရွှယ်ကိုယ်တိုင်ပါ နောက်ထပ် ထောင်ချောက်ဆင် သားကောင်ပြုလုပ်ခြင်း ခံရတော့မဲ့အခြေအနေဆိုးကြီးထဲကို သက်ဆင်းသွားပါတော့တယ် ထောင်ချောက်ထဲက လွတ်မြောက်အောင် အသည်းအသန် ရုန်းကန်ရမဲ့ အမြွှာညီမဖြစ်သူရဲ့ အသက်လုပွဲကို ပဟေဠိဆန်ဆန် ရိုက်ကူးထားတာမို့လို့... သရဲကားအမာခံ ပရိသတ်တွေနဲ့ ဇာတ်လမ်းဆန်းဆန်း ကြိုက်နှစ်သက်သူတွေအဖို့ တကယ့်ကို လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ် Filesize : 1.03 GB / 557 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mp4 Genres : Mystery, Thriller, and Crime Runtime : 1h 32 min Subtitle : Myanmar Subtitle ( Hardsub )

Repost from N/a
ကျတ်ရွာထဲကသရဲစားသောက်ဆိုင်အူတက်ခွီရယ်နေမဲ့အင်ဒိုသရဲကားသစ်🤣🤣 W*a*r*u*n*g P*o*c*o*n*g (2026)

Repost from N/a
ကျတ်ရွာထဲကသရဲစားသောက်ဆိုင်အူတက်ခွီရယ်နေမဲ့အင်ဒိုသရဲကားသစ်🤣🤣 W*a*r*u*n*g P*o*c*o*n*g (2026) ကျတ်ရွာထဲကသရဲစားသောက်ဆိုင်အူတက်ခ
ကျတ်ရွာထဲကသရဲစားသောက်ဆိုင်အူတက်ခွီရယ်နေမဲ့အင်ဒိုသရဲကားသစ်🤣🤣 W*a*r*u*n*g P*o*c*o*n*g (2026) ကျတ်ရွာထဲကသရဲစားသောက်ဆိုင်အူတက်ခွီရယ်နေမဲ့အင်ဒိုသရဲကားသစ်🤣🤣 W*a*r*u*n*g P*o*c*o*n*g (2026) အင်ဒိုနီးရှားမြို့တော် ဂျကာတာ မှာ နေထိုင်ကြပြီး နေ့စဉ်ဘဝ ရုန်းကန်နေရတဲ့ လူငယ်သူငယ်ချင်း သုံးယောက်ဖြစ်တဲ့ ကာတိုနို အာဂတ်စ်နဲ့ မာမိုးရ်တို့အကြောင်းကနေ စတင်ထားပါတယ်။ သူတို့သုံးယောက်လုံးဟာ အလုပ်အကိုင်မရှိဘဲ ငွေကြေးအကျပ်အတည်း ဖြစ်နေချိန်မှာ... လူသူဝေးလံတဲ့ ကျေးလက်ရွာကလေးတစ်ခုမှာရှိတဲ့ စားသောက်ဆိုင်တစ်ခုကနေ လစာအဆမတန် ကောင်းတဲ့ အလုပ်ခေါ်စာကို မထင်မှတ်ဘဲ တွေ့ရှိသွားခဲ့ပါတယ်။ ဒါကို အခွင့်အရေးကြီးလို့ ထင်မှတ်ပြီး သူတို့သုံးဦးဟာ ဝမ်းသာအားရနဲ့ အဆိုပါ ဝေးလံခေါင်ဖျားတဲ့ ရွာကလေးဆီ ထွက်ခွာလာခဲ့ကြပါတယ်။ ဒါပေမဲ့ ဆိုင်ကို ရောက်ပြီး အလုပ်လုပ်တဲ့အခါမှာတော့... ဆိုင်ရဲ့ စည်းကမ်းချက်တွေက ထူးဆန်းလွန်းနေပြီး လာရောက်စားသောက်ကြတဲ့ ဖောက်သည်တွေကလည်း လူသားတွေ ဟုတ်၊ မဟုတ် သံသယဝင်စရာတွေ ဖြစ်လာပါတော့တယ်။ ဆိုင်ရှင်ရဲ့ ကန့်လန့်ကာနောက်ကွယ်က လျှို့ဝှက်ချက်တွေ၊ ဆိုင်ရောင်းကောင်းအောင် အောက်လမ်းနည်း "Pocong"နဲ့ (အင်ဒိုနီးရှားရိုးရာ အဝတ်ဖြူပတ် ရုပ်အလောင်းသရဲ) တွေကို အသုံးပြုထားတဲ့ အောက်လမ်းအတတ်တွေကို တဖြည်းဖြည်း သိရှိသွားတဲ့အခါ... သူတို့ရဲ့ စိတ်ကူးအိမ်မက်တွေဟာ သွေးပျက်စရာ ကံကြမ္မာဆိုးကြီးအဖြစ် ပြောင်းလဲသွားပါတော့တယ်။ ဒီထောင်ချောက်ကြီးထဲကနေ သူတို့သုံးယောက်အသက်ရှင်လျက် လွတ်မြောက်အောင် ဘယ်လိုရုန်းကန်မလဲဆိုတာကို ရိုက်ပြထားပါတယ်။

Repost from N/a
TikTok မှာ hot နေတဲ့ မြန်မာပြည်ကမိုင်တိုင်၂၆ပုံစံမျိုးရိုက်ကူးထားတဲ့အင်ဒိုသရဲကား အင်ဒိုhorror သားအမိ ၂ယောက် ခရီးသွားကြတယ် အရေ
TikTok မှာ hot နေတဲ့ မြန်မာပြည်ကမိုင်တိုင်၂၆ပုံစံမျိုးရိုက်ကူးထားတဲ့အင်ဒိုသရဲကား အင်ဒိုhorror သားအမိ ၂ယောက် ခရီးသွားကြတယ် အရေးကြီးနေတော့ ရရာကားကို ၂ဆပေးပြီး လိုက်ခဲ့ရတယ် ကားသမားကလည်း နယ်ခံမဟုတ်တော့ လူသားစားတယ်လို့ နာမည်ကြီးတဲ့ တောထဲက ဖြတ်မောင်းတယ် ခရီးသွားရင်း လမ်းမှာကားပျက်တာက သာမန်ပါပဲ... ဒါပေမဲ့ ကျိန်စာသင့်နေတဲ့ တောနက်ကြီးထဲမှာ ကားပျက်တယ်ဆိုရင် တော့ အဲဒါ မတော်တဆမှု မဟုတ်တော့ပါဘူး” ဘန်တန်ခရိုင်တစ်ဝိုက်မှာ အလတ်စ်ရိုဘန်ဟေ့ဆိုတာနဲ့ ဖိန့် ဖိန့်တုန်အောင်ကြောက်ရ ကြက်သီးထရတဲ့ သရဲခြောက်တဲ့ တောနက်ကြီး တစ်ချိန်က အဲဒီတောအုပ်ကြီးနဲ့ပတ်သက်လို့ လူစားတယ် ဘာ ညာသရကာ သတင်းမျိုးစုံထွက်ခဲ့တဲ့နေရာဖြစ်လို့ ညဉ့်နက် ချိန်ဆို လူမပြောနဲ့ ခွေးတစ်ကောင်တစ်မြီးတောင် မဖြတ်ရဲတဲ့ နေရာမှာကားကြီးထိုးရပ်သွားသောအခါမှာတော့..... သားအမိ ၂ယောက် အကြောင်းမသိတော့ အနီးအနားမှာ လူရှိတဲ့နေရာမှာ ‌အပေါ့သွားလိုက်ကြတယ် ဒါမဲ့ အာ့ကအပြန်ကတည်းက ကလေးက ထူးဆန်းလာတဲ့အခါ...