သိင်္ခ
Ir al canal en Telegram
အသိတိုး
Mostrar másEl país no está especificadoLa categoría no está especificada
1 058
Suscriptores
Sin datos24 horas
-67 días
-5330 días
Archivo de publicaciones
1 058
ယူကရိန်းက ရုရှား၏ နာမည်ကျော် အွန်လိုင်းရောင်း၀ယ်ရေးလုပ်ငန်း Ozon ကို တိုက်ခိုက်မှုများဆက်လက်လုပ်ဆောင်
ရုရှား၏ ထောက်ပံ့ပိုဆောင်ရေး အခြေခံအဆောက်အအုံများကို ပစ်မှတ်ထားတိုက်ခိုက်နေသည့် ယူကရိန်း၏ စစ်ဆင်ရေး အရှိန်မြင့်တက်လာချိန် သြဂုတ် ၂၄ ရက်က ရုရှား၏ နာမည်ကျော် အွန်လိုင်းရောင်းဝယ်ရေးလုပ်ငန်း Ozon ၏ကုန်လှောင်ရုံများဒရုန်းဖြင့် တိုက်ခိုက်ခံခဲ့ရသည်ဟု အဆိုပါကုမ္ပဏီက ထုတ်ပြန်ခဲ့သည်။
ယူကရိန်းအစိုးရက ရုရှား၏ အကြီးဆုံးအွန်လိုင်းစတိုးဖြစ်သည့် Wildberries သည် စစ်တပ်သို စစ်ဘက်သုံးပစ္စည်းများ ထောက်ပံ့ပေးနေသည်ဟု စွပ်စွဲကာ သီတင်းပတ်များစွာကြာ ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်။
Ozon သည် ရုရှား၏ ဒုတိယအကြီးဆုံး အွန်လိုင်း အရောင်းအဝယ်လုပ်ငန်းဖြစ်ပြီး နိုင်ငံတစ်ဝန်းပစ္စည်းလက်ခံရယူသည့်နေရာများနှင့် ပိုဆောင်ရေးသေတ္တာများကို အများအပြား တွေ့ရှိနိုင်သည်။
“ယူကရိန်တပ်ဖွဲတွေဟာ Wildberries ရဲ့ အကြီးဆုံး ထောက်ပံ့ပိုဆောင်ရေးစခန်း ၁၅ ခုကို တိုက်ခိုက်ခဲ့ပြီးနောက် အခု Ozon ရဲ့ အလှည့်ရောက်လာတာ ဖြစ်ပါတယ်” ဟု ယူကရိန်ကာကွယ်ရေးဝန်ကြီးဌာနက ဩဂုတ်၂၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။
သြဂုတ် ၂၄ ရက် နံနက် ၅ နာရီခန့်က ဒရုန်းတိုက်ခိုက်ခံရမှု ဖြစ်ပွားခဲ့ပြီးနောက် ရုရှားတောင်ပိုင်း မာခါချ်ကာလာရှိ ထောက်ပံ့ပိုဆောင်ရေးစခန်းတစ်ခုတွင် “မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်” ဟု Ozon ကုမ္ပဏီက ပြောကြားခဲ့သည်။
Noted: စစ်တို့ရဲ့ သဘောကို ကိုယ်တွေပြည်သူတွေ နားလည်သင့်ပါပြီ။ အခု ရုရှား-ယူကရိန်းစစ်ဟာ စစ်ဖက်ကနေ အရပ်ဖက် အဆောက်အဦတွေ၊ နောက်ဆုံး အရပ်ဖက် လုပ်ငန်းတွေဆီထိ တစ်စတစ်စ ဖြစ်လာကြပါပြီ။ ကြောက်စရာကောင်းပါတယ် နောင်မှာ ဘယ်အတိုင်းအတာထိ ဖြစ်ကြအုန်းမလဲဆိုတာ မျက်ဝါးထင်ထင် မြင်အောင်သာ ကြည့်ကြပါ။
သိင်္ခ
1 058
Repost from U Kan Myint Than
၂၀၂၆ ခုနှစ်၊ မိုးရာသီ နေပြည်တော်အဆင့် (တတိယအကြိမ်) သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ၂၃-၈-၂၀၂၆ ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိသီရိမြို့နယ်၊ သီရိမဏ္ဍိုင်လမ်းမကြီးဘေး၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းနှင့် ဇနီး၊ နေပြည်တော်ကောင်စီဝင်များနှင့် ဇနီးများ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့် ကော်မတီဝင်များ၊ ဌာနဆိုင်များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူလူထုများ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းက အဖွင့်အမှာစကားပြောကြားရာ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို နိုင်ငံ၏ သစ်တောများနှင့် သဘာဝသယံဇာတများ ရေရှည်တည်တံ့စေရန်၊ စိမ်းလန်းစိုပြည် သာယာဝပြောပြီး စားရေရိက္ခာဖူလုံသည့် နိုင်ငံတော် တည်ထောင်ရေးကို အထောက်အပံ့ဖြစ်စေရန်၊ သဘာဝဘေးအန္တရာယ်များ လျှော့ချကာကွယ်ရေးနှင့် ပြန်လည်တည်ထောင်ရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်စေရန်၊ သစ်တောများနဲ့ သဘာဝဂေဟစနစ်များက ထုတ်ကုန်နှင့်ဝန်ဆောင်မှုများ ပိုမိုရရှိနိုင်ပြီး ပြည်သူများ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် နိုင်ငံတော် ရေရှည်ဖွံ့ဖြိုးရေးပန်းတိုင်များ ရရှိစေရန်၊ သစ်တောဂေဟစနစ်များ၊ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်း ကာကွယ်ရေးလုပ်ငန်းများမှာ ပြည်သူများက အသိနိုးကြားတက်ကြွစွာဖြင့် ပိုမိုပူးပေါင်း ပါဝင်ဆောင်ရွက်လာစေရေး တိုက်တွန်းနှိုးဆော်ရန် ရည်ရွယ်ပြီး သစ်ပင်စိုက်ပွဲတော်ကို ကျင်းပရခြင်းဖြစ်ကြောင်း၊ နေပြည်တော်ကောင်စီ နယ်မြေသည် နိုင်ငံ၏အုပ်ချုပ်ရေးမြို့တော် ဖြစ်သည်နှင့်အညီ စိမ်းလန်းစိုပြည်သာယာလှပစေရေး၊ လူနေမှုအဆင့်တန်းမြင့်မားစေရေး၊ Green City၊ Clean Cityı Smart City ဖြစ်စေရေးကို ရည်မှန်းဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတစ်ဝန်း စိုက်ပျိုးပြီးသွားသော သစ်ပင်များ ရှင်သန်အောင်မြင်ရေးနှင့် ရေရှည်ထိန်းသိမ်းရေးလုပ်ငန်းများကိုလည်း ပြည်သူလူထု ပူးပေါင်းပါဝင်မှုနှင့်အတူ ဆက်လက်ဆောင်ရွက်သွားကြရမှာ ဖြစ်ပါကြောင်း၊ နိုင်ငံအဝန်း သစ်တောဖုံးလွှမ်းမှု တိုးတက်စေရေး၊ သစ်ပင် သစ်တောများ တိုးမြှင့်စိုက်ပျိုးတည်ထောင်ရေး၊ သစ်တောနှင့် သစ်တောထွက်ပစ္စည်းအခြေပြု စီးပွားရေးဝန်းကျင်နဲ့ ရင်းနှီးမြှုပ်နှံမှုဝန်းကျင်များ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး၊ နိုင်ငံအဝန်း စိမ်းလန်းစိုပြည်ပြီး သဘာဝဘေးအန္တရာယ်များ လျှော့ချကာကွယ်ရေးဆိုင်ရာ ရေရှည်မျှော်မှန်းချက်များ ရရှိရေးတို့ကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက်သွားပါရန် တိုက်တွန်းမှာကြား လိုကြောင်း ပြောကြားခဲ့ပါသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက ကံ့ကော်ပင်အားစတင်စိုက်ပျိုးပေးပြီး တက်ရောက် လာကြသူများမှ သတ်မှတ်နေရာများတွင် ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ ခရေ၊ ကံ့ကော် ၊ ရေတမာ ၊ မဟော်ဂနီ၊ ဆီသပြေ၊ ကုက္ကို၊ စိန်ပန်း၊ ပျဉ်းမ စသည့်အပင်(၁၅၀၀) စိုက်ပျိုးနေမှုအား လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းသည် ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၁၁) အခြေခံပညာအထက်တန်းကျောင်း၊ ပညာ့ဗိမာန်ခန်းမ၌ ကျင်းပပြုလုပ်သော ၂ဝ၂၇ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးဆွေးနွေးပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းက အဖွင့်အမှာစကားပြောကြားရာ တက္ကသိုလ်ဝင်တန်းသည် တစ်ခုတည်းသော နိုင်ငံတော်အဆင့်စာမေးပွဲကို ဖြေဆိုရသည့် အတန်းဖြစ်ပါကြောင်း၊ ၂၀၂၇ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် ယခုကဲ့သို့ မန္တလေးတက္ကသိုလ်မှ စာစစ်မှူးချုပ် ပါမောက္ခဆရာကြီး၊ ဆရာမကြီးများ ကိုယ်တိုင် လာရောက်ပြီး နေပြည်တော်ရှိ အထက်တန်းပြဆရာ၊ ဆရာမများကို ဦးဆောင် ဆွေးနွေးပေးခြင်းကို များစွာဝမ်းမြောက်ပြီး ကျေးဇူးတင်ရှိပါကြောင်း၊ အထက်တန်းပြ ဆရာ၊ ဆရာမများအနေဖြင့်လည်း စာစစ်မှူးချုပ် ပါမောက္ခကြီးများ၏ လမ်းညွှန်မှု၊ ပို့ချမှု၊ ဆွေးနွေးမှုများကို မိမိတို့၏ ကျောင်းသား၊ ကျောင်းသူလေးများအား အပြည့်အဝ ပြန်လည်မျှဝေပေးခြင်းအားဖြင့် အောင်ချက်မြင့်မားစေရေးစွမ်းစွမ်းတမံ ဝိုင်းဝန်းဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း၊ ယနေ့အချိန်တွင် နိုင်ငံတော်အကြီးအကဲက ပညာရေးကို အထူးအလေးထား အားပေးလျက်ရှိပါကြောင်း၊ ထို့အတွက်ကြောင့် ပညာရေးဝန်ထမ်းများ အနေနှင့်လည်း နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတွင် မိမိတို့ တတ်ကျွမ်းထားသော ပညာရပ်များကို အသုံးချပြီး တစ်တပ်တစ်အား ပါဝင်စေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ စာစစ်မှူးချုပ်ပါမောက္ခဆရာကြီး၊ ဆရာမကြီးများကိုယ်စား မန္တလေးတက္ကသိုလ်၊ သမိုင်းဌာနမှ ပါမောက္ခဌာနမှူး ဒေါက်တာ ကျော်ဆွေညွန့်က အမှာစကားပြောကြားပြီးနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းက ကျောင်းသား၊ ကျောင်းသူများအတွက် သင်ထောက်ကူပစ္စည်းများ ပေးအပ်ခဲ့ပါသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လူမှုဝန်ထမ်းဦးစီးဌာန၊ ကလေးပြုစုရေးဌာနသို့သွားရောက်ပြီး ကလေးများအတွက် သင်ထောက်ကူပစ္စည်းများနှင့် စားသောက်ဖွယ်ရာများပေးအပ်ခဲ့ပါသည်။
1 058
ပိတ်ဆိုအရေးယူမှုအသစ်များ ရင်ဆိုင်နေရချိန် အီရန်တွင် သဘာဝဓာတ်ငွေ့သိုက်အသစ်ကြီး ရှာဖွေတွေ့ရှိ
ဩဂုတ် ၂၄၊ ၂၀၂၆ — အီရန်နိုင်ငံ ဖားစ်ပြည်နယ်တောင်ပိုင်းရှိ ဓာတ်ငွေ့ကွင်းတစ်ခုတွင် သဘာဝဓာတ်ငွေ့ ကုဗပေ ၇.၅ ထရီလီယံခန့် ရှာဖွေတွေ့ရှိခဲ့ကြောင်း ရေနံဝန်ကြီး မိုဆင် ပါက်နီဂျက်က ကြေညာခဲ့သည်။ 🇮🇷 ယင်းအနက် ကုဗပေ ၅.၇ ထရီလီယံခန့်ကို ထုတ်ယူနိုင်မည်ဟု ခန့်မှန်းထားပြီး တောင်ပါးစ် ဓာတ်ငွေ့ကွင်း၏ အဆင့်တစ်ဆင့်ကို ၁၅ နှစ်ခန့် ထောက်ပံ့နိုင်သည့် ပမာဏဖြစ်သည်။ စစ်ပွဲကြောင့် ပျက်စီးသည့် စွမ်းအင်အခြေခံအဆောက်အအုံများကို ပြုပြင်နေချိန်တွင် ယခုရှာဖွေတွေ့ရှိမှုက အီရန်အတွက် စီးပွားရေးအကျိုးအမြတ်ကြီးမားစေနိုင်သည်။
1 058
Kalaw Astro Youth Camp 2026 ကို ရန်ကုန်နှင့် ကလောမြိုတိုတွင်ကျင်းပမည်
++++++++++++++++++++++++++++++++
Published 24 August 2026
■ ညကောင်းကင်ကိုသိပ္ပံပညာဖြင့် အတူ ပြန်လည်ရှာဖွေကြမည့် Kalaw Astro Youth Camp 2026 အစီအစဉ်ကိုရန်ကုန်နှင့် ကလောမြိုတိုတွင် အဆင့်နှစ်ဆင့်ဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း Myanmar Astronomy & Science Enthusiasts Society (MASES) မှ သိရသည်။
■ လူငယ်များအကြား နက္ခတ္တဗေဒနှင့် STEM (Science, Technology, Engineering and Mathematics) အသိပညာများ ပိုမိုပြန့်ပွားစေရန်နှင့် စကြဝဠာအကြောင်းကို လက်တွေ့စူးစမ်းလေ့လာနိုင်မည့် အခွင့်အလမ်းများ ဖန်တီးပေးရန် ရည်ရွယ်ခြင်းဖြစ်ပြီး အဆိုပါအစီအစဉ်တွင် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း နက္ခတ္တဗေဒနှင့် STEM ဘာသာရပ်များကို စိတ်ဝင်စားသည့် လူငယ်များ ပါဝင်နိုင်မည်ဖြစ်ပြီး မြိုပြမီးရောင်များနှင့်ဝေးကွာသည့် ကလောမြို၏ ညကောင်းကင်အောက်တွင် Telescope များအသုံးပြု၍ ကြယ်များနှင့်ဂြိုဟ်များကို ကိုယ်တိုင်လေ့လာနိုင်မည့် အခွင့်အရေးများရရှိမည်ဖြစ်သည်။
1 058
Repost from Gyar Nuu (ဂျာနူး)✍️
မြန်မာ-တရုတ် အကောက်ခွန်ဌာနများ နည်းပညာနှင့် နယ်စပ်ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်မည်
《𝘼𝙐𝙂~𝟐𝟒》
မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံအကြား အကောက်ခွန်ဆိုင်ရာ နည်းပညာပူးပေါင်းဆောင်ရွက်မှုနှင့် မြန်မာ-တရုတ် နယ်စပ်ဒေသများတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်နိုင်ရေးအတွက် နှစ်နိုင်ငံအကောက်ခွန်ဌာနများအကြား နားလည်မှုစာချွန်လွှာ (MoU) ကို လက်မှတ်ရေးထိုးခဲ့ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ သိရသည်။
အဆိုပါ လက်မှတ်ရေးထိုးမှုသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ သလျန်မြို၌ ဩဂုတ်လ ၂၀ ရက်မှ ၂၁ ရက်အထိ ကျင်းပခဲ့သည့် ၂၀၂၆ ခုနှစ် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် အကောက်ခွန်ဆိုင်ရာ အဆင့်မြင့်ဆွေးနွေးပွဲ (APEC Customs Business Dialogue) အတွင်း ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံဘက်မှ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။
1 058
ရွှေကူမြို့နယ်အတွင်း အကြမ်းဖက်သမား အခြေပြုနေရာအား လေကြောင်းမှ ရှင်းလင်းပုံ
ဒီရက်ပိုင်း Tiktok မှာ ဒေသခံတွေက လေကြောင်းမှ လာရောက်ရှင်းလင်းမှု ရုပ်သံများကို မျှဝေနေကြသလို တော်လှန်ရေးလို့ အသံကောင်းဟစ်နေသူတွေကိုလည်း ဝေဖန်ပြောဆိုမှုတွေ ရှိလာပါတယ်
1 058
Repost from Gyar Nuu (ဂျာနူး)✍️
MFF Charity Shield 2026 ကွင်းဝင်ကြေးများကို ရေဘေးသင့်ပြည်သူများအတွက် လှူဒါန်းမည်
1 058
Repost from Gyar Nuu (ဂျာနူး)✍️
ယူစိန်ဘို့လ်တ်ရဲ့ မီတာ ၁၀၀ အပြေးစံချိန်ကို တရုတ်နိုင်ငံထုတ်စက်ရုပ်တွေ ချိုးဖျက်
ပြီးခဲ့တဲ့ စနေနေ့က ဘေကျင်းမြို့မှာကျင်းပခဲ့တဲ့ ကမ္ဘာ့လူသားပုံတူရိုဘော့ အားကစားပြိုင်ပွဲရဲ့ ပထမဆုံးနေ့မှာပဲ ကမ္ဘာ့အမြန်ဆုံးလူသားဖြစ်တဲ့ ယူစိန်ဘော့လ်တ်ရဲ့ စံချိန်ဟောင်းကို တရုတ်နိုင်ငံထုတ်စက်ရုပ်တွေ ချိုးဖျက်နိုင်လိုက်ပါတယ်။
ယူစိန်ဘို့လ်တ် အရင်က မီတာ ၁၀၀ အပြေးပြိုင်ပွဲမှာ ၉ ဒဿမ ၅၈ စက္ကန့်နဲ့တင်ရှိခဲ့တဲ့စံချိန်ကို ပြိုင်ပွဲအဖွင့်ပွဲစဉ်မှာ ဘေကျင်း Humanoid Robot Innovation Center ကထုတ်လုပ်ထားတဲ့ Tiangong Ultra လို့အမည်ရှိတဲ့ လူသားပုံတူရိုဘော့ဟာ ၉ ဒဿမ ၃၉ စက္ကန့်နဲ့ချိုးဖျက်နိုင်ခဲ့ပြီးဗိုလ်စွဲသွားခဲ့တာပါ။
1 058
Repost from Gyar Nuu (ဂျာနူး)✍️
+4
ယူကရိန်းက ရုရှား၏ နာမည်ကျော် အွန်လိုင်းရောင်း၀ယ်ရေးလုပ်ငန်း Ozon ကို တိုက်ခိုက်မှုများဆက်လက်လုပ်ဆောင်
1 058
တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများမှ ဘုန်းတော်ကြီးကျောင်း၊ သီလရှင်ကျောင်းနှင့် သဒ္ဒါဓိကဘိုးဘွားရိပ်သာတို့အတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ဆေးနှင့် ဆွမ်းပဒေသာပင်စိုက်ထူ လှူဒါန်း
နေပြည်တော်၊ ဩဂုတ် ၂၄
တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် စေတနာရှင်ပြည်သူများက စုပေါင်းပါဝင်လှူဒါန်းသည့် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ဆေးနှင့် ဆွမ်း ပဒေသာပင် စိုက်ထူလှူဒါန်းပွဲကို ယမန်နေ့မွန်းလွဲပိုင်းတွင်နေပြည်တော်၊ တပ်ကုန်းမြို့၊ ငွေတောင်တောရကျောင်းတိုက်၌ ပြုလုပ်ခဲ့သည်။
1 058
ရန်ကုန်မြို့နယ်အချို့မှ မော်တော်ယာဉ်များအား ကားသော့အတုများ အသုံးပြု၍ ခိုးယူခဲ့သူ တရားခံအမျိုးသားတစ်ဦးကို သက်သေခံယာဉ် (၆)စီးနှင့်အတူ ဖော်ထုတ်ဖမ်းဆီး
နေပြည်တော်၊ ဩဂုတ် ၂၂
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့မှ မော်တော်ယာဉ်များအား ကားသော့အတုများ အသုံးပြု၍ ခိုးယူခဲ့သူ တရားခံအမျိုးသားတစ်ဦးကို သက်သေခံယာဉ် (၆)စီးနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
1 058
+2
ဂျပန်နိုင်ငံရှိ စိုက်ပျိုးရေးကုမ္ပဏီတစ်ခု၏ လယ်ယာလုပ်ငန်းခွင်တွင် လုပ်ကိုင်နေသည့် မြန်မာလုပ်သားအချို့ နှိပ်စက်ခံရ၊ နှိပ်စက်ခံရသည့် မြန်မာအမျိုးသမီး၊ အမျိုးသားများက သတင်းစာရှင်းလင်းပွဲပြုလုပ်
ဂျပန်နိုင်ငံရှိ စိုက်ပျိုးရေးကုမ္ပဏီတစ်ခု၏ လယ်ယာလုပ်ငန်းခွင်တွင် လုပ်ကိုင်နေသည့် မြန်မာလုပ်သားအချို့ နှိပ်စက်ခံရပြီး နှိပ်စက်ခံရသည့် မြန်မာအမျိုးသမီး၊ အမျိုးသားများက သတင်းစာရှင်းလင်း ပွဲပြုလုပ်ခဲ့သည်။
သြဂုတ် ၂၁ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် နှိပ်စက်ခံရသည့် မြန်မာအမျိုးသမီးနှင့် အမျိုးသားများက မျက်ရည်များဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ဂျပန်သတင်းဌာနတစ်ခုဖြစ်သည့် Minichi တွင် ရေးသားထားသည်။
"မနက်တိုင်း နိုးထလာတဲ့အခါ ဒီနေ့ ငါ့အတွက် ဘာတွေစောင့်ကြိုနေမလဲ၊ ဘယ်လိုမျိုး အရိုက်ခံရပြီး အဆူခံရဦးမလဲ ဆိုတဲ့ အတွေးတွေနဲ့ ကြောက်ရွံ့ထိတ်လန့်စွာပဲ နေထိုင်ခဲ့ရတယ်" ဟု အလုပ်သမားတစ်ဦးက ပြောကြားသည်။
1 058
+9
ပဲခူးတိုင်းဝန်ကြီးချုပ် ရွှေတောင်မြို့နယ်ရှိ MSME ယက္ကန်းလုပ်ငန်း ကြည့်ရှုအားပေး
ပြည်၊ ဩဂုတ် ၂၄
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းက ရွှေတောင်မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ ကွင်းဆင်းရာတွင် ရွှေတောင်မြို့၊ ကြာနီကန်ရပ်ကွက်ရှိ MSME လုပ်ငန်းရှင် ဒေါ်ချိုချိုဝင်း၏ “ချိုချိုစံ” ယက္ကန်းအလုပ်ရုံသို့ သွားရောက်၍ စည်းလုံချည်အမျိုးမျိုး ထုတ်လုပ်ရောင်းချနေမှုကို ကြည့်ရှုအားပေးခဲ့သည်။
ဝန်ကြီးချုပ်က ရွှေတောင်ဒေသသည် အထည်အလိပ်လုပ်ငန်းများ ဖွံ့ဖြိုးရန် ရေခံမြေခံကောင်းမွန်သည့်ဒေသဖြစ်သဖြင့် ဒေသထွက်ဝါကုန်ကြမ်းများကို အသုံးပြု၍ ကုန်ချောအဆင့်အထိ နိုင်ငံတကာအဆင့်မီ ဒီဇိုင်းများဖြင့် ထုတ်လုပ်ရောင်းချရန်နှင့် ချည်ထည်များကို သေသပ်လှပသည့် နိုင်ငံတကာအဆင့်မီ ထုတ်ပိုးမှုပုံစံများဖြင့် ရောင်းချနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
1 058
ပြည်၊ ဩဂုတ် ၂၄
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းက ရွှေတောင်မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ဝန်ကြီးချုပ်နှင့်အဖွဲ့သည် “ချိုချိုစံ” ယက္ကန်းအလုပ်ရုံတွင် စည်းလုံချည်အမျိုးမျိုး ထုတ်လုပ်ရောင်းချနေမှုကို ကြည့်ရှုအားပေးပြီး ဒေသထွက်ဝါကုန်ကြမ်းများကို အသုံးပြု၍ နိုင်ငံတကာအဆင့်မီ ဒီဇိုင်းနှင့် ထုတ်ပိုးမှုပုံစံများဖြင့် ကုန်ချောထုတ်လုပ်ရောင်းချနိုင်ရေး ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် နို့စားနွားနှင့် ဆိတ်မွေးမြူရေးလုပ်ငန်းကို ကြည့်ရှုအားပေးပြီး နွားနို့ကို ကုန်ကြမ်းအဖြစ်သာ ရောင်းချခြင်းမပြုဘဲ နို့ဆီ၊ နို့စိမ်းနှင့် ဒိန်ခဲကဲ့သို့ တန်ဖိုးမြှင့်ကုန်ချောများ ထုတ်လုပ်ရောင်းချနိုင်ရေး ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ရေဆင်းပေါ်ဆန်း(၂) မျိုးစေ့ထုတ်စိုက်ခင်းများနှင့် ယာ(၁၄) စပါးမျိုး စံပြစိုက်ခင်း ဧက ၁၀၀ ကို ကြည့်ရှုအားပေးကာ တန်ဖိုးမြှင့်စပါးမျိုးများ တိုးချဲ့စိုက်ပျိုးရန်၊ မိုးစပါးရာသီအပြီး ဆီထွက်သီးနှံ ပဲပုပ်စိုက်ပျိုးရန် အသိပညာပေးခဲ့ပြီး ရေဆင်း(၁၅) ဆီထွက်ပဲပုပ်မျိုးစေ့များ ဖြန့်ဝေပေးခဲ့သည်။
ယင်းနောက် ရှေးဟောင်းသမိုင်းဝင် ရွှေနတ်တောင်စေတီတော်သို့ သွားရောက်၍ စေတီတော်ရင်ပြင် တိုးချဲ့နိုင်ရေး ကွင်းဆင်းစစ်ဆေးကာ လိုအပ်သည်များ လမ်းညွှန်မှာကြားပြီး စေတီတော်မြတ်ကြီး ဘက်စုံပြုပြင်မွမ်းမံနိုင်ရေး အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
1 058
Repost from Gyar Nuu (ဂျာနူး)✍️
+9
ပဲခူးတိုင်းဝန်ကြီးချုပ် ရွှေတောင်မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSME လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
1 058
Repost from Gyar Nuu (ဂျာနူး)✍️
+9
ရေကြီးရေလျှံမှုဖြစ်ပွားနေသည့် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း ရေအနည်းငယ်ပြန်ကျနေသော်လည်း ကြာအင်းဆိပ်ကြီး - ဘုရားသုံးဆူကားလမ်းပေါ်ရေကျော်နေဆဲဖြစ်သည့်အတွက် မော်တော် ယာဉ်များသွားလာနိုင်ခြင်းမရှိသေး
1 058
+4
ကျုံပျော်မှာ ရေတဖြည်းဖြည်းတက်လာပြီး ရွာပေါင်း ၃၀ လောက် ရေနစ်မြုပ်
လေးမျက်နှာမြို့နယ်က ငဝန်မြစ်ရေကာတာကျိုးပေါက်မှု သုံးပတ်ကျော်ကြာလာပြီးတဲ့နောက်မှာ မြစ်ရေဟာ အထက်ကနေ အောက်ကိုစီးဆင်းရင်း ကျုံပျော်မြို့ဟာ တဖြည်းဖြည်းရေတွေ တက်လာနေပြီလို့ မြို့ခံတွေက ပြောပါတယ်။
ကျုံပျော်မြို့ ရဲ့ ရေဘေးအန္တရာယ်ဟာ လေးမျက်နှာမြို့မှာ ကျိုးပေါက်ခဲ့တဲ့ င၀န်မြစ်ရေကို ကာထားတဲ့တာ အချိန်မီပြုပြင်နိုင်ရေး နဲ့ မိုးရွာသွန်းမှု အပေါ်မှာ မူတည်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
"ဒယ်အိုးကြီးပုံစံဖြစ်နေတာ။ ရေက ပြန်မကျဘူး။ နေ့တိုင်းတက်နေတာ။ ကျွန်တော့် အိမ် ၃ လုံးနဲ့ ဆိုင်လည်း မြုပ်သွားပြီ။ ကယ်ဆယ်ရေးစခန်းတွေတောင်မှ ရေထပ်တက်ရင် မြုပ်မယ့်သဘောရှိတယ်" လို့ ကျုံပျော်မြို့၊ ကမ်းနားလမ်းမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။
1 058
ဒေါ်လာကို လက်နက်အဖြစ် အသုံးချနေသလား — အမေရိကန်ရဲ့ ဘဏ္ဍာရေးအင်အား
အမေရိကန်နဲ့ အီရန်ကြား တင်းမာမှုဟာ စစ်ရေးနယ်ပယ်တစ်ခုတည်းမှာ မဟုတ်တော့ဘဲ ဘဏ္ဍာရေးနဲ့ စီးပွားရေးနယ်ပယ်အထိ ရောက်ရှိလာနေပါတယ်။ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Scott Bessent က အီရန်အပေါ် “ဘဏ္ဍာရေးစစ်ဆင်ရေး” စတင်တော့မယ်လို့ ပြောဆိုခဲ့သလို၊ သမ္မတ Donald Trump ကလည်း အီရန်ကို ပိုမိုပြင်းထန်တဲ့ စီးပွားရေးဖိအားတွေနဲ့ အထီးကျန်အောင်လုပ်မယ်လို့ ကြေညာထားပါတယ်။
ဒီဖြစ်ရပ်က မေးခွန်းတစ်ခုကို ပြန်လည်ပေါ်ပေါက်စေပါတယ်။ အမေရိကန်ရဲ့ အကြီးမားဆုံး စီးပွားရေးလက်နက်ဟာ စစ်ရေးအင်အားထက် ဒေါ်လာနဲ့ ကမ္ဘာ့ဘဏ္ဍာရေးစနစ်အပေါ် လွှမ်းမိုးနိုင်စွမ်းပဲလား။
ကမ္ဘာ့ကုန်သွယ်ရေးနဲ့ ဘဏ္ဍာရေးစနစ်မှာ ဒေါ်လာရဲ့ အရေးပါမှုကြောင့် အမေရိကန်ဟာ တစ်နိုင်ငံကို တိုက်ရိုက်စစ်မတိုက်ဘဲ ဘဏ်တွေ၊ စီးပွားရေးလုပ်ငန်းတွေ၊ ငွေပေးချေမှုစနစ်တွေနဲ့ ကုန်သွယ်ရေးလမ်းကြောင်းတွေကို ပိတ်ဆို့ကန့်သတ်ပြီး စီးပွားရေးဖိအားပေးနိုင်ပါတယ်။ ထို့အပြင် ပစ်မှတ်ထားတဲ့ နိုင်ငံနဲ့ ဆက်ဆံနေတဲ့ တတိယနိုင်ငံတွေကိုပါ အမေရိကန်ဈေးကွက်နဲ့ ဘဏ္ဍာရေးစနစ် အသုံးပြုခွင့် ဆုံးရှုံးနိုင်တဲ့ အန္တရာယ်ကနေတစ်ဆင့် ဖိအားပေးနိုင်ပါတယ်။
ဒါကြောင့် ဒေါ်လာဟာ စီးပွားရေးအတွက် အသုံးပြုတဲ့ ငွေကြေးတစ်ခုသာမက နိုင်ငံရေးနဲ့ မဟာဗျူဟာအင်အားတစ်ခုအဖြစ်ပါ အသုံးချနိုင်တဲ့ ကိရိယာ ဖြစ်လာပါတယ်။ ဒါပေမယ့် ဒီလိုဖိအားပေးမှုတွေက အမေရိကန်အတွက်လည်း ရေရှည်အကျိုးဆက်တွေ ရှိလာနိုင်ပါတယ်။ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပိုမိုကျယ်ပြန့်လာလေလေ၊ အမေရိကန်နဲ့ သဘောထားမတူတဲ့ နိုင်ငံတွေကလည်း ဒေါ်လာအပေါ် မှီခိုမှုလျှော့ချဖို့ အခြားငွေကြေးနဲ့ ဘဏ္ဍာရေးလမ်းကြောင်းတွေကို ရှာဖွေလာနိုင်ပါတယ်။
အဲဒီအတွက် အီရန်အပေါ် လက်ရှိပြုလုပ်နေတဲ့ “ဘဏ္ဍာရေးစစ်ဆင်ရေး” ဟာ အီရန်တစ်နိုင်ငံတည်းနဲ့ ပတ်သက်တဲ့ ပြဿနာမဟုတ်ပါဘူး။ ဒါဟာ ဒေါ်လာရဲ့ ကမ္ဘာ့အခန်းကဏ္ဍ၊ အမေရိကန်ရဲ့ စီးပွားရေးအင်အားနဲ့ နိုင်ငံတကာအာဏာချိန်ခွင်လျှာ ပြောင်းလဲလာနိုင်ခြေတို့နဲ့ပါ ဆက်စပ်နေတဲ့ ပြဿနာတစ်ခု ဖြစ်ပါတယ်။
တစ်နည်းအားဖြင့် ယနေ့ခေတ်မှာ စစ်ပွဲဆိုတာ စစ်မြေပြင်မှာပဲ ဖြစ်နေတာမဟုတ်တော့ပါဘူး။ ငွေကြေး၊ ကုန်သွယ်ရေးနဲ့ ဘဏ္ဍာရေးစနစ်တွေဟာလည်း နိုင်ငံတကာအာဏာပြိုင်ဆိုင်မှုရဲ့ အရေးကြီးတဲ့ စစ်မြေပြင်တွေ ဖြစ်လာနေပါပြီ။
သိင်္ခhttps://t.me/theinkha007/2429
