es
Feedback

¡No caigas en manos de tramposos! Telemetrio encuentra y marca estos canales 👉 Si quieres ver la etiqueta, suscríbete

သိင်္ခ

သိင်္ခ

Ir al canal en Telegram

အသိတိုး

Mostrar más
El país no está especificadoLa categoría no está especificada
1 060
Suscriptores
-124 horas
-237 días
-7030 días
Archivo de publicaciones
အိန္ဒိယ ပါလီမန်တွင်ကျင်းပသည့် စွမ်းဆောင်ရည်မြှင့်တင်ရေးအစီအစဉ်၌ မြန်မာကိုယ်စားလှယ်များတက်ရောက် အိန္ဒိယနိုင်ငံ ပါလီမန်၌ စက်တင်
အိန္ဒိယ ပါလီမန်တွင်ကျင်းပသည့် စွမ်းဆောင်ရည်မြှင့်တင်ရေးအစီအစဉ်၌ မြန်မာကိုယ်စားလှယ်များတက်ရောက် အိန္ဒိယနိုင်ငံ ပါလီမန်၌ စက်တင်ဘာ ၁ ရက်မှ ၈ ရက်နေ့အထိ ကျင်းပသည့် စွမ်းဆောင်ရည်မြှင့်တင်ရေးအစီအစဉ်၌ မြန်မာလွှတ်တော်ကိုယ်စားလှယ်များ ပါဝင်တက်ရောက်လျက်ရှိကြောင်း သိရသည်။ မြန်မာ- အိန္ဒိယလွှတ်တော်အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုနှင့် ချစ်ကြည်ရင်းနှီးမှုကို ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရန်အတွက် ပါဝင်ခြင်းဖြစ်ကြောင်း သိရသည်။

NSSA က အလုပ်အကိုင် ၄၂ မျိုးအတွက် လုပ်သား ၃၃,၀၈၄ ဦးအား အမျိုးသားအဆင့် ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ် ပေးအပ်နိုင်ခဲ့ မြန်မာနို
NSSA က အလုပ်အကိုင် ၄၂ မျိုးအတွက် လုပ်သား ၃၃,၀၈၄ ဦးအား အမျိုးသားအဆင့် ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ် ပေးအပ်နိုင်ခဲ့ မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှု စံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ (NSSA) အနေဖြင့် ၂၀၁၄ ခုနှစ်မှ ၂၀၂၆ ခုနှစ် ဩဂုတ်လအထိ အလုပ်အကိုင် ၄၂ မျိုးတွင် လုပ်သား ၃၃,၀၈၄ ဦးအား အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်များ ပေးအပ်နိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါ လက်မှတ်များအနက် ကျွမ်းကျင်မှုအဆင့် (၁) အတွက် လုပ်သား ၂၉,၉၀၈ ဦး၊ အဆင့် (၂) အတွက် ၃,၁၅၁ ဦးနှင့် အဆင့် (၃) အတွက် ၂၅ ဦးတို ပါဝင်ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်နှင့်ဇနီး ဗီယက်နမ် အမျိုးသားသူရဲကောင်းများ အာဇာနည်ဗိမာန်၌ ဂုဏ်ပြုလွမ်းသူ့ပန်းခွေချ အလေးပြု ဟ
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်နှင့်ဇနီး ဗီယက်နမ် အမျိုးသားသူရဲကောင်းများ အာဇာနည်ဗိမာန်၌ ဂုဏ်ပြုလွမ်းသူ့ပန်းခွေချ အလေးပြု ဟနွိင်း၊ စက်တင်ဘာ ၅ မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်နှင့် ဇနီး ဒေါ်ကြူကြူလှတိုသည် ဗီယက်နမ်နိုင်ငံသမ္မတနှင့် ဇနီးတို၏ ဖိတ်ကြားချက်အရ ဗီယက်နမ်နိုင်ငံသို နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးစဉ် (Official Visit) အဖြစ် ရောက်ရှိနေကြသည်။ ထိုသို ရောက်ရှိနေစဉ် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်နှင့် ဇနီး ဒေါ်ကြူကြူလှတိုသည် ယနေ့ စက်တင်ဘာ ၅ ရက် နံနက်ပိုင်းတွင် ဟနွိင်းမြိုရှိ ဗီယက်နမ် အမျိုးသားသူရဲကောင်းများ အာဇာနည်ဗိမာန် (Monument to Heroes and Martyrs) သို သွားရောက်၍ ဗီယက်နမ်နိုင်ငံ၏ အမျိုးသားလွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာအတွက် အသက်ပေးလှူခဲ့ကြသည့် သူရဲကောင်းအာဇာနည်များအား ဂုဏ်ပြုလွမ်းသူ့ပန်းခွေချ၍ အလေးပြုခဲ့ကြသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် နှင့် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသမ္မတ မစ္စတာတိုလန်း၊န
+5
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် နှင့် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသမ္မတ မစ္စတာတိုလန်း၊နှစ်နိုင်ငံမှ တာဝန်ရှိသူများနှင့်အတူ ဧည့်ခန်းမ၌ သီးသန့်တွေ့ဆုံဆွေးနွေး နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် မဟာဗျူဟာမြောက် မိတ်ဖက်ပူးပေါင်း ဆောင်ရွက်မှုများကို မြှင့်တင် ဆောင်ရွက်သွားနိုင်မည့်အခြေအနေများနှင့်ပတ်သက်၍ ခင်မင်ရင်းနှီးစွာ အမြင်ချင်း ဖလှယ်ဆွေးနွေး နေပြည်တော်၊ စက်တင်ဘာ - ၅ ဦးစွာ နိုင်ငံတော်သမ္မတနှစ်ဦးနှင့် ဇနီးတိုသည် သီးသန့် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်မည့် အမျိုးသားလွှတ်တော်သို အတူတကွ လမ်းလျှောက်ထွက်ခွာကြပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။ ထိုနောက် နိုင်ငံတော်သမ္မတနှစ်ဦးတိုသည် နှစ်နိုင်ငံမှ တာဝန်ရှိသူများနှင့်အတူ ဧည့်ခန်းမ၌ သီးသန့်တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

လိုဏ်ခေါင်းထဲပိတ်မိနေသော နီပေါများ အသက်ရှင်နိုင်ခြေရှိဟုဆို ကြောက်မက်ဖွယ် ကောင်းသော ရုတ်တရက်ရေကြီးရေလျှံမှုများဖြစ်ပြီးနောက်
လိုဏ်ခေါင်းထဲပိတ်မိနေသော နီပေါများ အသက်ရှင်နိုင်ခြေရှိဟုဆို           ကြောက်မက်ဖွယ် ကောင်းသော ရုတ်တရက်ရေကြီးရေလျှံမှုများဖြစ်ပြီးနောက် နီပေါနိုင်ငံ ရာဆူဝါဂါဒီ ရေအားလျှပ်စစ်စက်ရုံ၏ မြေအောက်လိုဏ်ခေါင်းအခန်းတစ်ခုတွင် တစ်ပတ်ကြာ ပိတ်မိနေခဲ့သည့် ဒါဇင်များစွာသော အလုပ်သမားများကို အသက်ရှင်လျက်တွေ့နိုင်ခြေမြင့်မားကြောင်း နီပေါလျှပ်စစ်အာဏာပိုင်အဖွဲ အရာရှိတစ်ဦးက ပြောကြားခဲ့သည်။         “ရာဆူဝါဂါဒီမှာ လူ ၄၆ လောက်ယောက်ဟာ ဥမင်လိုဏ်ခေါင်းထဲက အခန်းတစ်ခုလို နေရာထဲမှာ ပိတ်မိနေတယ်လို ကျွန်တော်တို ယူဆပါတယ်” ဟု နီပေါလျှပ်စစ်အာဏာပိုင်အဖွဲ၏ ဘုတ်အဖွဲဝင်တစ်ဦးဖြစ်သူ အမ်ဆူ ကီရန် ရှာဟီက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။          “အဆောက်အအုံထဲမှာ အစားအစာနဲ့ ရေရှိတာကြောင့် တစ်ပတ်ကြာသွားပေမယ့် သူတို အသက်ရှင်ဦးမယ်လို ကျွန်တော်တို ယုံကြည်ပါတယ်” ဟု ၎င်းက ပြောဆိုသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင် ဖလမ်းခရိုင်နှင့် မြိုနယ်အဆင့်ဌာနဆိ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင် ဖလမ်းခရိုင်နှင့် မြိုနယ်အဆင့်ဌာနဆိုင်ရာများနှင့် တွေ့ဆုံအမှာစကားပြောကြားပြီး ဖလမ်းမြိုတွင်း ဌာနဆိုင်ရာအဆောက်အအုံများ ပြန်လည်ပြုပြင်နေမှုအား ကြည့်ရှုစစ်‌ဆေး ချင်း၊ စက်တင်ဘာ ၅ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် စက်တင်ဘာ(၃)ရက်နေ့တွင် ဌာနဆိုင်ရာများနှင့်တွေ့ဆုံပွဲသို တက်ရောက်ပြီး အမှာစကားပြောကြားပြီးနောက်၊ မွန်းလွဲပိုင်းတွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ပျက်စီးသွားသည့် ဌာနဆိုင်ရာ အဆောက်အအုံများ ပြန်လည်ပြုပြင်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

Sept-5 ▪️ဒုတိယသမ္မတ ဦးညိုစော ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဗော့စတော့မြို့ရှိ အကြီးဆုံးသော အပူစွမ်းအင်သုံးဓာတ်အားပေးစက်ရုံနှင
+3
Sept-5 ▪️ဒုတိယသမ္မတ ဦးညိုစော ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဗော့စတော့မြို့ရှိ အကြီးဆုံးသော အပူစွမ်းအင်သုံးဓာတ်အားပေးစက်ရုံနှင့် ဗလာဒီဗော့စတော့ ကုန်သွယ်ရေးဆိပ်ကမ်းတို့အား လှည့်လည်ကြည့်ရှု

နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် နယ်မြေလုံခြုံရေးတာဝန်များကို ထမ်းဆောင်ခဲ့ပြီး အောင်မြင်မှုတွေအလီလီရရှိ
+9
နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် နယ်မြေလုံခြုံရေးတာဝန်များကို ထမ်းဆောင်ခဲ့ပြီး အောင်မြင်မှုတွေအလီလီရရှိခဲ့တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ တန့်ယန်းမြို့နယ်မှ ရှေ့တန်းပြန် နိုင်ငံ့သားကောင်းတပ်မတော်သားများရဲ့ စက်တင်ဘာလ ၄ ရက် အိမ်အပြန်လမ်းခရီးကို တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများက အောင်သပြေပန်းများဖြင့် သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆိုခဲ့ကြတဲ့ မြင်ကွင်းပုံရိပ်များ...

ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ဝန
+3
ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ဝန်းအတွင်းရှိ အရာရှိများအား တွေ့ဆုံအမှာစကားပြောကြား

ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ဝန
+6
ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ဝန်းအတွင်းရှိ အရာရှိများအား တွေ့ဆုံအမှာစကားပြောကြား

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲဗီယက်နမ်ဆိုရှ
+9
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ  ဦးမင်းအောင်လှိင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ Viettel ဆက်သွယ်ရေးကုမ္ပဏီသိုသွားရောက်လေ့လာ ဗီယက်နမ်နိုင်ငံသိုတရားဝင်ခရီးစဉ် (Official Visit) ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် ယနေ့ စက်တင်ဘာ ၄ ရက် ညနေပိုင်းတွင် Viettel ဆက်သွယ်ရေးကုမ္ပဏီသို့ သွားရောက်လေ့လာခဲ့ရာ ကုမ္ပဏီမှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။ ထို့နောက် Viettel ဥက္ကဋ္ဌက နိုင်ငံတော်သမ္မတအား လာရောက်ဂါရဝပြုတွေ့ဆုံခဲ့ပြီး ကုမ္ပဏီ၏ လုပ်ငန်းဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့သည်။ ယင်းနောက် နိုင်ငံတော်သမ္မတနှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များသည် Viettel ၏ ဆက်သွယ်ရေးနှင့် နည်းပညာဆိုင်ရာ လုပ်ငန်းများ၊ ခေတ်မီနည်းပညာများ အသုံးပြုဆောင်ရွက်နေမှုနှင့် ကုမ္ပဏီ၏ လုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အခြေအနေများကို လေ့လာခဲ့ကြပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြသည်။

ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေး ခရီးစဉ်(ပထမနေ့)

🙏🙏🙏
🙏🙏🙏

အစ္စရေးရဲ့ စစ်ရေးရည်မှန်းချက်က အီရန်အစိုးရ ပြုတ်ကျရေးပါပဲ လို နေတန်ယာဟုဆို စက်တင်ဘာ - ၄ ( သောကြာနေ့ ) အစ္စရေး၏ နိုင်ငံခြားရေး
အစ္စရေးရဲ့ စစ်ရေးရည်မှန်းချက်က အီရန်အစိုးရ ပြုတ်ကျရေးပါပဲ လို နေတန်ယာဟုဆို စက်တင်ဘာ - ၄ ( သောကြာနေ့ ) အစ္စရေး၏ နိုင်ငံခြားရေးမူဝါဒ၏ ပဓာနအကျဆုံး ဦးစားပေးမှာ အီရန်၏ အစိုးရအဖွဲကို ပြောင်းလဲပစ်ရန် ဖြစ်ကြောင်း ဝန်ကြီးချုပ် ဘင်ဂျမင် နက်တန်ယာဟုက ပြောကြားခဲ့ပါတယ်။ စက်တင်ဘာ ၁၁ ရက်မှ ၁၃ ရက်နေ့အထိ ကျရောက်မည့် ဂျူးသစ်ဆန်းနှစ်ပွဲတော် မတိုင်မီ ကာကွယ်ရေးဝန်ကြီး အစ္စရေး ကာ့ဇ် ၊ စစ်ဦးစီးချုပ် အီယေးလ် ဇာမီယာ တိုအပါအဝင် စစ်ဘက်ဆိုင်ရာ ထိပ်တန်းအရာရှိများနှင့် တွေ့ဆုံစဉ် နက်တန်ယာဟုက "ဒီခြိမ်းခြောက်မှုကို ကျနော်တို လုံးဝဥဿုံ ဖယ်ရှားပစ်နိုင်စွမ်း ရှိတယ်ဆိုတာ ယုံကြည်ပါတယ်။ ဆိုလိုတာက ဒီအစိုးရ (တီဟီရန် အာဏာပိုင်များ) ကို ဖြုတ်ချပစ်ဖိုပါ။ ဒါဟာ ကျနော်တိုရှေ့မှာ ရှိနေသေးတဲ့ အဓိကတာဝန် ဖြစ်ပေမဲ့လည်း ရောက်ရှိဖို နီးကပ်နေပါပြီ။ မဖြစ်နိုင်တာမဟုတ်ဘဲ လက်လှမ်းမီတဲ့ အနေအထားမှာ ရှိနေပါတယ်" လို ပြောကြားခဲ့ကြောင်း ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ခဲ့ပါတယ်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ Viettel ဆက်သွယ်ရေးကုမ္ပဏီသို သွားရောက်လေ့လ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ Viettel ဆက်သွယ်ရေးကုမ္ပဏီသို သွားရောက်လေ့လာ ဗီယက်နမ်နိုင်ငံသို တရားဝင်ခရီးစဉ် (Official Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတသည် ယနေ့ စက်တင်ဘာ ၄ ရက် ညနေပိုင်းတွင် Viettel ဆက်သွယ်ရေးကုမ္ပဏီသို သွားရောက်လေ့လာခဲ့ရာ ကုမ္ပဏီမှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ ထိုနောက် Viettel ဥက္ကဋ္ဌက နိုင်ငံတော်သမ္မတအား လာရောက်ဂါရဝပြုတွေ့ဆုံခဲ့ပြီး ကုမ္ပဏီ၏ လုပ်ငန်းဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။ ယင်းနောက် နိုင်ငံတော်သမ္မတနှင့် ကိုယ်စားလှယ်အဖွဲဝင်များသည် Viettel ၏ ဆက်သွယ်ရေးနှင့် နည်းပညာဆိုင်ရာလုပ်ငန်းများ၊ ခေတ်မီနည်းပညာများ အသုံးပြုဆောင်ရွက်နေမှုနှင့် ကုမ္ပဏီ၏ လုပ်ငန်းဖွံဖြိုးတိုးတက်မှုဆိုင်ရာ အခြေအနေများကို လေ့လာခဲ့ကြပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးသည်။

ထိုင်း-မြန်မာနယ်စပ်တွင် ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများကို UWSA က တပ်မတော်ထံ လွှပြောင်းပေးအပ် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ထိုင်း
ထိုင်း-မြန်မာနယ်စပ်တွင် ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများကို UWSA က တပ်မတော်ထံ လွှပြောင်းပေးအပ် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ထိုင်း-မြန်မာနယ်စပ် မိုင်းတုံမြိုနယ် ဟွေအောကျေးရွာတွင် ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးများကို ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) က တပ်မတော်ထံ လွှပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ မူးယစ်ဆေးဝါးများကို စက်တင်ဘာ ၄ ရက်တွင် ဟွေအောကျေးရွာခန်းမ၌ ကျင်းပသည့် လွှပြောင်းပေးအပ်ပွဲအခမ်းအနား၌ တပ်မတော် ခြေလျင်တပ်ရင်း (၆၅) ၏ ယာယီတပ်ရင်းမှူး ဗိုလ်မှူးဝင်းတင်က လက်ခံရယူခဲ့ကြောင်း UWSA ဝပြည်ပဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရန်းက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဗီယက်နမ်ဆို
+9
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ  ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ Viettel ဆက်သွယ်ရေးကုမ္ပဏီသို့သွားရောက်လေ့လာ ရတနာပုံဆိုက်ဘာစီးတီးအပါအဝင် မြန်မာနိုင်ငံ၏ နည်းပညာ အထူး ဇုန်များမှာ ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ပြီး ဒီဂျစ်တယ်နှင့် နည်းပညာဆိုင်ရာပစ္စည်းများ လာရောက် ထုတ်လုပ်နိုင်ပါကြောင်းဆွေးနွေးပြောကြား ဗီယက်နမ်နိုင်ငံသို့တရားဝင်ခရီးစဉ် (Official Visit) ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ စက်တင်ဘာ ၄ ရက် ညနေပိုင်းတွင် Viettel ဆက်သွယ်ရေးကုမ္ပဏီသို့ သွားရောက်လေ့လာခဲ့ရာ ကုမ္ပဏီမှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။ ထို့နောက် Viettel ဥက္ကဋ္ဌက နိုင်ငံတော်သမ္မတအား လာရောက်ဂါရဝပြုတွေ့ဆုံခဲ့ပြီး ကုမ္ပဏီ၏ လုပ်ငန်းဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့သည်။

အရှေ့တောင်တိုင်းစစ်ဌာနချုပ်တွင် PDF ၁၇ ဦး လက်နက်ခဲယမ်းများနှင့်အတူ တပ်မတော်ထံအလင်းဝင် ၄-၉-၂၀၂၆ ရက်နေ့ ယနေ့ အရှေ့တောင်တိုင်းစစ
+6
အရှေ့တောင်တိုင်းစစ်ဌာနချုပ်တွင် PDF ၁၇ ဦး လက်နက်ခဲယမ်းများနှင့်အတူ တပ်မတော်ထံအလင်းဝင် ၄-၉-၂၀၂၆ ရက်နေ့ ယနေ့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တွင် PDF အဖွဲ့ဝင် အမျိုးသား( ၁၆)ဦး၊ အမျိုးသမီး (၁)ဦး စုစုပေါင်း ၁၇ ဦးတို့သည် သေနတ် ၉ လက်၊ ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်ခဲ့ပြီး တာဝန်ရှိသူများက ထောက်ပံ့ငွေများပေးကာ မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်ခဲ့။ အသိတရားရပြီး နောက်ထပ်အလင်းဝင်ချင်သည့် ညီငယ်၊ ညီမငယ်များလည်း နီးစပ်ရာ လုံခြုံရေးအဖွဲ့များနှင့်ချိတ်ဆက်ပြီး အလင်းဝင်ရောက်နိုင်သလို ဖော်ပြပါ Link ရှိ ဖုန်းနံပါတ်များကို ဆက်သွယ်ပြီး အလင်းဝင်ရောက်နိုင်ပါတယ်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ၊Hai Phong မြို့ရှိ VinFast လျှပ်စစ်မော်တော်ယာဉ်ထုတ်လုပ်ရေး
+9
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ၊Hai Phong မြို့ရှိ VinFast လျှပ်စစ်မော်တော်ယာဉ်ထုတ်လုပ်ရေးစက်ရုံသို့  သွားရောက်လေ့လာ မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် နည်းပညာကဏ္ဍများအပါအဝင် မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများကိုလည်း ဆက်လက်လေ့လာသွားမည်ဖြစ်ကြောင်း ဗီယက်နမ်နိုင်ငံသို တရားဝင်ခရီးစဉ် (Official Visit) ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်သည် ယနေ့ စက်တင်ဘာ ၄ ရက်တွင် ဗီယက်နမ်နိုင်ငံ၏ ခေတ်မီလျှပ်စစ်မော်တော်ယာဉ်ထုတ်လုပ်ရေးလုပ်ငန်းဖြစ်သည့် VinFast ၏ မော်တော်ယာဉ်ထုတ်လုပ်ရေးစက်ရုံသို သွားရောက်၍ ထုတ်လုပ်မှုလုပ်ငန်းစဉ်များနှင့် ခေတ်မီနည်းပညာအသုံးပြုထားမှုတိုကို လေ့လာကြည့်ရှုခဲ့သည်။ နိုင်ငံတော်သမ္မတသည် Vinfast မော်တော်ယာဉ်ထုတ်လုပ်မှုစက်ရုံ မှ အပြီးသတ်ထုတ်လုပ်ထားသည့် မော်တော်ဆိုင်ကယ်များနှင့် မော်တော်ယာဉ်များ အား ကြည့်ရှုလေ့လာခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးသည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ၊Hai Phong မြို့ရှိ VinFast လျှပ်စစ်မော်တော်ယာဉ်ထုတ်လုပ်ရေး
+5
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ၊Hai Phong မြို့ရှိ VinFast လျှပ်စစ်မော်တော်ယာဉ်ထုတ်လုပ်ရေးစက်ရုံသို့  သွားရောက်လေ့လာ မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် နည်းပညာကဏ္ဍများအပါအဝင် မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများကိုလည်း ဆက်လက်လေ့လာသွားမည်ဖြစ်ကြောင်း ဗီယက်နမ်နိုင်ငံသို တရားဝင်ခရီးစဉ် (Official Visit) ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ စက်တင်ဘာ ၄ ရက်တွင် ဗီယက်နမ်နိုင်ငံ၏ ခေတ်မီလျှပ်စစ်မော်တော်ယာဉ်ထုတ်လုပ်ရေးလုပ်ငန်းဖြစ်သည့် VinFast ၏ မော်တော်ယာဉ်ထုတ်လုပ်ရေးစက်ရုံသို့ သွားရောက်၍ ထုတ်လုပ်မှုလုပ်ငန်းစဉ်များနှင့် ခေတ်မီနည်းပညာအသုံးပြုထားမှုတို့ကို လေ့လာကြည့်ရှုခဲ့သည်။