သိင်္ခ
Ir al canal en Telegram
အသိတိုး
Mostrar másEl país no está especificadoLa categoría no está especificada
1 062
Suscriptores
Sin datos24 horas
-227 días
-7830 días
Archivo de publicaciones
1 062
ပူတင်-ရှီ-မိုဒီတို ပါဝင်မည့် BRICS ထိပ်သီးအစည်းအဝေးတွင် ကမ္ဘာ့စီးပွားရေးနှင့် ဒေါ်လာအပေါ် မှီခိုမှုလျှော့ချရေး အာရုံစိုက်ဆွေးနွေးမည်
𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙎𝙀𝙋~𝟏𝟏》
ကမ္ဘာ့စီးပွားရေးအင်အားကြီး ဖွံဖြိုးဆဲနိုင်ငံများဖြင့် ဖွဲစည်းထားသည့် BRICS အဖွဲ၏ ၁၈ ကြိမ်မြောက် ထိပ်သီးအစည်းအဝေးကို အိန္ဒိယနိုင်ငံ နယူးဒေလီမြို၌ စက်တင်ဘာ ၁၂ ရက်မှ ၁၃ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ရုရှားသမ္မတ ဗလာဒီမာ ပူတင်၊ တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် အိန္ဒိယဝန်ကြီးချုပ် နရင်ဒြာ မိုဒီတိုအပါအဝင် အဖွဲဝင်နိုင်ငံခေါင်းဆောင်များ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
ယခုနှစ် BRICS ထိပ်သီးအစည်းအဝေးတွင် ကမ္ဘာ့စီးပွားရေးစနစ် ပြုပြင်ပြောင်းလဲရေး၊ ဖွံဖြိုးဆဲနိုင်ငံများအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ နည်းပညာနှင့် ဒစ်ဂျစ်တယ်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု၊ စွမ်းအင်လုံခြုံရေးနှင့် နိုင်ငံတကာကုန်သွယ်ရေးဆိုင်ရာ ကိစ္စရပ်များကို အဓိကထား ဆွေးနွေးဖွယ်ရှိသည်။
1 062
ညပိုင်းဓာတ်အားခ သက်သာမှုကြောင့် ဆန်စက်များ ထုတ်လုပ်မှုကုန်ကျစရိတ် လျော့ကျလာ
ရန်ကုန်၊ စက်တင်ဘာ ၁၁
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆန်စက်များအနေဖြင့် ညပိုင်းတွင် သက်သာသည့်နှုန်းထားဖြင့် လျှပ်စစ်ဓာတ်အားရယူကာ စက်လည်ပတ်နိုင်ခြင်းကြောင့် ဆန်ထုတ်လုပ်မှုကုန်ကျစရိတ်များ လျော့ကျလာပြီး ဆန်တစ်အိတ်လျှင် ကျပ် ၃၀၀ မှ ၅၀၀ ခန့်အထိ ကုန်ကျစရိတ်သက်သာနိုင်ကြောင်း ဆန်စက်လုပ်ငန်းရှင်များထံမှ သိရသည်။
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ပထမအဆင့်အနေဖြင့် လျှပ်စစ်ဓာတ်အားသုံးစွဲမှုများပြားသည့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုလုပ်ငန်းများအား သတ်မှတ်ချက်များနှင့် ကိုက်ညီပါက ည ၁၁ နာရီမှ နောက်တစ်နေ့ နံနက် ၅ နာရီအထိ လျှပ်စစ်ဓာတ်အား တစ်ယူနစ်လျှင် မူလနှုန်းထား ကျပ် ၉၀၀ မှ ကျပ် ၆၀၀ သို လျှော့ချ၍ သုံးစွဲခွင့်ပြုမည်ဖြစ်ကြောင်း အသိပေးထားသည်။
1 062
PDF များ ဖျက်ဆီးခဲ့သည့် ၂၃၀ ကေဗွီ ရွှေကျင် - သာယာကုန်းဓာတ်အားလိုင်း ပြုပြင်ပြီးစီး၍ ရွှေကျင်ရေအားလျှပ်စစ်စက်ရုံမှ ထုတ်လုပ်သည့် ဓာတ်အား ၇၅ မဂ္ဂါဝပ် ပြန်လည်ပိုလွှတ်
PDF များ ဖျက်ဆီးခဲ့သည့် ၂၃၀ ကေဗွီ ရွှေကျင် - သာယာကုန်းဓာတ်အားလိုင်း ပြုပြင်ပြီးစီး၍ ရွှေကျင်ရေအားလျှပ်စစ်စက်ရုံမှ ထုတ်လုပ်သည့် ဓာတ်အား ၇၅ မဂ္ဂါဝပ်ပြန်လည်ပိုလွှတ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။
1 062
ဖျက်ဆီးခံခဲ့ရသည့် ၂၃၀ ကေဗွီ ရွှေကျင်-သာယာကုန်း ဓာတ်အားလိုင်း ပြုပြင်ပြီးစီး၍ ရွှေကျင်ရေအားလျှပ်စစ်စက်ရုံမှ ဓာတ်အားများ ပြန်လည်ပိုလွှတ်
PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများ၏ ဖောက်ခွဲဖျက်ဆီးမှုကြောင့် ပျက်စီးခဲ့သည့် ၂၃၀ ကေဗွီ ရွှေကျင်-သာယာကုန်း ဓာတ်အားလိုင်းကို ပြန်လည်ပြုပြင်နိုင်ခဲ့သဖြင့် ရွှေကျင်ရေအားလျှပ်စစ်စက်ရုံမှ ထုတ်လုပ်သည့် ဓာတ်အားများကို နိုင်ငံတော်ဓာတ်အားစနစ်အတွင်း ပြန်လည်ပိုလွှတ်နိုင်ပြီဖြစ်ကြောင်း သိရသည်။
1 062
တရုတ်ဆိပ်ကမ်းတစ်ခုတွင် ဆိုက်ကပ်ထားသည့် ကုန်တင်သင်္ဘောတစ်စင်း မီးလောင်မှု ဖြစ်ပွားပြီး ၂၅ ဦးသေဆုံး
စက်တင်ဘာ ၁၀ ရက်က တရုတ်ဆိပ်ကမ်းတစ်ခုတွင် ဆိုက်ကပ်ထားသည့် ကုန်တင်သင်္ဘောတစ်စင်း မီးလောင်မှု ဖြစ်ပွားပြီး ၂၅ ဦးသေဆုံးခဲ့ကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြထားသည်။
1 062
ထိုင်းနိုင်ငံမှ အလိုရှိနေသည့် တရားခံပြေး ၃ ဦးကို တာချီလိတ်မှာ ဖမ်းဆီးပြီး လွှပြောင်းပေးအပ်
𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙎𝙀𝙋~𝟏𝟏》
ထိုင်းနိုင်ငံတွင် မူးယစ်ပြစ်မှုများ ကျူးလွန်ပြီး မြန်မာ-ထိုင်းနယ်စပ် တာချီလိတ်မြိုတွင် ထွက်ပြေးတိမ်းရှောင်နေသည့် အဓိကအလိုရှိ တရားခံပြေး ၃ ဦးကို ဖမ်းဆီးရမိခဲ့ပြီး ထိုင်းနိုင်ငံသို ပြန်လည်လွှပြောင်းပေးအပ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲမှ သိရသည်။
မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား မူးယစ်ဆေးဝါးပူးပေါင်းထိန်းချုပ်ရေး နားလည်မှုစာချွန်လွှာအရ မူးယစ်ပြစ်မှုကျူးလွန်ပြီး တစ်ဖက်နိုင်ငံသို ထွက်ပြေးတိမ်းရှောင်နေသည့် အလိုရှိတရားခံပြေးများကို ဖမ်းဆီးရမိရေးအတွက် သတင်းဖလှယ်ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
1 062
ဓာတ်ဆီဈေးတက်လာပြီး ဒီဇယ်တစ်လီတာ ကျပ် ၉၀ ကျဆင်း
ရန်ကုန်၊ စက်တင်ဘာ ၁၁
ကမ္ဘာ့ရေနံဈေးမှာ ရေနံစိမ်းတစ်စည်လျှင် အမေရိကန်ဒေါ်လာ ၁၀၃ ဝန်းကျင်အထိ မြင့်တက်လာပြီး ပြည်တွင်းစက်သုံးဆီ ရည်ညွှန်းဈေးနှုန်းများတွင် ဓာတ်ဆီဈေး မြင့်တက်လာသော်လည်း ဒီဇယ်ဈေးမှာ တစ်လီတာလျှင် ကျပ် ၉၀ ကျဆင်းခဲ့ကြောင်း သိရသည်။
စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ယနေ့ စက်တင်ဘာ ၁၁ ရက်တွင် ထုတ်ပြန်သည့် ရည်ညွှန်းဈေးနှုန်းများအရ ရန်ကုန်မြို၌ တစ်လီတာလျှင် 92 Ron ဓာတ်ဆီ ၃,၈၂၅ ကျပ်၊ 95 Ron ဓာတ်ဆီ ၃,၉၅၀ ကျပ်၊ ဒီဇယ် (HSD 500 ppm) ၄,၁၅၀ ကျပ်နှင့် ပရီမီယံဒီဇယ် (HSD 50 ppm/10 ppm) ၅,၀၅၀ ကျပ် သတ်မှတ်ထားပြီး ယင်းဈေးနှုန်းများမှာ စက်တင်ဘာ ၁၇ ရက်အထိ အကျုံးဝင်မည်ဖြစ်သည်။
1 062
KK Park၊ ရွှေကုက္ကိုလ်နှင့် ကျောက်ခက်ဒေသများတွင် အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းများကို တပ်မတော်နှင့် ရဲတပ်ဖွဲ ပူးပေါင်းရှင်းလင်း
𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙎𝙀𝙋~𝟏𝟏》
အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများ အခြေချလုပ်ကိုင်ခဲ့သည့် ကရင်ပြည်နယ်၊ မြဝတီမြိုအနီးရှိ KK Park၊ ရွှေကုက္ကိုလ်နှင့် ကျောက်ခက်ဒေသများတွင် တပ်မတော်စစ်ကြောင်းများက မြန်မာနိုင်ငံရဲတပ်ဖွဲဝင်များနှင့် ပူးပေါင်း၍ နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါဒေသများတွင် KNU၊ KNLA၊ DKBA နှင့် PDF အမည်ခံ အကြမ်းဖက်ပူးပေါင်းအဖွဲများက နယ်မြေထိန်းချုပ်နိုင်ရေး ကြိုးပမ်းခဲ့ပြီး မြဝတီ-သင်္ကန်းညီနောင်-ကော့ကရိတ် အာရှလမ်းမကြီးနှင့် သင်္ကန်းညီနောင်မြိုအတွင်းရှိ လုံခြုံရေးတပ်ဖွဲဝင်များနှင့် ဌာနဆိုင်ရာအဆောက်အအုံများကို ၂၀၂၄ ခုနှစ် မတ်လ ၇ ရက်မှ ဧပြီလ ၅ ရက်အထိ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
1 062
PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲများက တံတားဦးအပြည်ပြည်ဆိုင်ရာလေဆိပ်သို FPV suicide drone များဖြင့် တိုက်ခိုက်မှုအား လုံခြုံရေးတပ်ဖွဲများက ဟန့်တားနိုင်ခဲ့
နေပြည်တော်၊ စက်တင်ဘာ ၁၀
Noted: ဒီသတင်းကိုလေ့လာပြီး ဘာအသိတစ်ခုရလိုက်သလဲဆိုတော့ ခေတ်မီစစ်လက်နက်ဆိုင်ရာ နည်းပညာမှာ နောက်ကျကျန်ခဲ့တဲ့သူဟာ နောင်မှာ အရှုံးနဲ့ ရင်ဆိုင်ရမယ်ဆိုတဲ့ အချက်ပါပဲ။ သူ့ထက်ငါ အပြိုင်အဆိုင်ဖြစ်လာတဲ့ ခေတ်သစ်စစ်ပွဲတွေမှာ တစ်ဆင့်နောက်ကျရင် တစ်ဆင့်နဲ့ညီတဲ့ နစ်နာဆုံးရှုံးမှုတွေ ဆိုးကျိုးတွေ ခံရပါလိမ့်မယ်။
သိင်္ခ
1 062
အာဆီယံ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးသို မြန်မာသံအမတ်ကြီးဒေါ်အိအိတင် တက်ရောက်
မနီလာမြို၊ စက်တင်ဘာ ၁၀
မနီလာမြို၊ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဒေါ်အိအိတင်သည် ဖိလစ်ပိုင် နိုင်ငံ၊ မနီလာမြိုရှိ Philippine International Convention Center (PICC) ၌ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် အာဆီယံ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး (ASEAN Senior Officials’ Meeting – ASEAN SOM)နှင့် အာဆီယံအပေါင်း ၃ အာဆီယံ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး (ASEAN Plus Three Senior Officials’ Meeting )များသို တက်ရောက်ခဲ့ပါသည်။
1 062
BRICS အစည်းအဝေးတက်ရောက်ရန် အိန္ဒိယသို ပူတင်ရောက်ရှိလာ
ရုရှားသမ္မတ ဗလာဒီမာ ပူတင်သည် အဖွဲဝင် ၁၁ နိုင်ငံပါဝင်သည့် BRICS ထိပ်သီးအစည်းအဝေး တက်ရောက်ရန်အတွက် စက်တင်ဘာ ၁၁ ရက်တွင် အိန္ဒိယနိုင်ငံ နယူးဒေလီမြိုတော်သို ရောက်ရှိလာခဲ့သည်။
ပူတင်နှင့် အီရန်သမ္မတ မာဆွတ် ပီဇက်ရှ်ကီယန်တိုသည် အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာ မိုဒီနှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း အိန္ဒိယသံတမန်ရေးရာ သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။
ထိုပြင် တရုတ်သမ္မတ ရှီကျင်းပင်ကလည်း နှစ်ရက်ကြာ ကျင်းပမည့် အဆိုပါ အစည်းအဝေးတွင် အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် သီးသန့်တွေ့ဆုံဖွယ်ရှိသည်။
1 062
IAEA ၏ Board of Governors (BoG) အစည်းအဝေး၌ မြန်မာအဖွဲရုံး ယာယီတာဝန်ခံ ဆွေးနွေးပြောကြား
ဗီယင်နာ၊ စက်တင်ဘာ ၁၁
အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ၏ Board of Governors (BoG) အစည်းအဝေးကို ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြိုရှိ ဗီယင်နာအပြည်ပြည်ဆိုင်ရာစင်တာ၌ ၇-၉-၂၀၂၆ ရက်မှ ၁၁-၉-၂၀၂၆ ရက်အထိ ကျင်းပလျက်ရှိရာ ဗီယင်နာမြိုအခြေစိုက် မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲရုံးမှ အဖွဲရုံးယာယီတာဝန်ခံ ဦးအောင်ကိုမင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ တက်ရောက်လျက်ရှိသည်။
1 062
+3
PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများ ဖျက်ဆီးမှုကြောင့် ပျက်စီးလျက်ရှိသည့် ၂၃၀ ကေဗွီ ရွှေကျင် - သာယာကုန်းဓာတ်အားလိုင်း ပြုပြင်ပြီးစီးသဖြင့် ရွှေကျင်ရေအားလျှပ်စစ်စက်ရုံမှ ထုတ်လုပ်သည့်ဓာတ်အားများ ပြန်လည်ပို့လွှတ်
1 062
+4
တပ်မတော်ချစ်မြတ်နိုးသူများကဗန်းမော်ရှေ့တန်းရောက်တပ်မတော်သားများအတွက်
သာကူမုန့်ကြာစေ့ဖြင့် ဂုဏ်ပြုပါသည်
1 062
+9
"ဝင်လာမစဲ တသဲသဲ"👏👏👏
လက်နက်ချအလင်းဝင်သူ ၆၀ ဦး မိဘများထံ ပြန်လည်အပ်နှံ
ရှမ်းပြည်နယ် (တောင်ပိုင်း) နှင့် ကယားပြည်နယ်အတွင်းရှိ ဆက်သွယ်ရေး လမ်းကြောင်းများကို တပ်မတော်က ပြန်လည် ထိန်းချုပ်လိုက်ပြီးနောက် နားလည်မှု လွဲမှားခဲ့ကြသည့် လက်နက်ကိုင် အဖွဲ့အစည်းအသီးသီးမှ အဖွဲ့ဝင် စုစုပေါင်း ၆၀ ဦး (ကျား ၅၇၊ မ ၃) သည် ဥပဒေဘောင်အတွင်းသို့ ပြန်လည် ဝင်ရောက်လာခဲ့ကြသည်။
အဆိုပါ အလင်းဝင်ရောက်လာသူများအား ကြိုဆိုခြင်းနှင့် ဆုကြေးငွေ ပေးအပ်ခြင်း အခမ်းအနားကို စက်တင်ဘာ ၁၀ ရက် နံနက်ပိုင်းက တောင်ကြီးမြို့၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် သံလွင်ခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ၎င်းတို့ လွှဲပြောင်း အပ်နှံခဲ့သည့် Bazooka၊ AK-47၊ M-16 အပါအဝင် လက်နက်မျိုးစုံ ၃၅ လက်၊ ကျည်နှင့် ခဲယမ်းများအတွက်လည်းကောင်း၊ အလင်းဝင်ရောက်လာမှု အတွက်လည်းကောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ စုစုပေါင်း ထောက်ပံ့ဆုကြေး ငွေကျပ် သိန်း ၁,၈၁၈ ကို ပေးအပ်ခဲ့ပြီး ခံဝန်ကတိ ရေးထိုးစေကာ မိဘအုပ်ထိန်းသူများထံ ပြန်လည် လွှဲပြောင်းပေးခဲ့သည်။
1 062
ဒေသတွင်းနိုင်ငံများ၊ မိတ်ဖက်နိုင်ငံများနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှု တိုးမြှင့်ရန် ကြိုးပမ်းနေကြောင်း နိုင်ငံတော်သမ္မတ ပြောကြား
မြန်မာနိုင်ငံသည် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် စက်မှုကုန်ထုတ်လုပ်ငန်း (Agro-based Industry) ဖွံ့ဖြိုးတိုးတက်ရေးကို အားပေးဆောင်ရွက်၍ နိုင်ငံစီးပွား တိုးတက်အောင် ဆောင်ရွက်လျက် ရှိကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။
၂၀၂၆ ခုနှစ် စက်တင်ဘာ ၆ ရက်က ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့ရှိ မြန်မာသံရုံး၊ စစ်သံရုံးတို့မှ ဝန်ထမ်းများ၊ မိသားစုဝင်များ၊ ပညာတော်သင်များနှင့် တွေ့ဆုံစဉ် သမ္မတက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ဒေသတွင်းနိုင်ငံများ၊ မိတ်ဖက်နိုင်ငံများနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုများ တိုးမြှင့်နိုင်ရေးအတွက်ပါ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း အလေးထားပြောကြားခဲ့သည်။
1 062
အိန္ဒိယက ဒေါ်လာ သန်း ၇၀၀၀ ကျော်တန် ဒေတာစင်တာကြီး တစ်ခုကို တည်ဆောက်တော့မယ်
စက်တင်ဘာ - ၁၀ ( ကြာသပတေးနေ့ )
အိန္ဒိယ နည်းပညာဝန်ဆောင်မှု ကုမ္ပဏီ တာတာ အကြံပေးဝန်ဆောင်မှု (TCS) ဟာ ရိုးရာ နည်းပညာဝန်ဆောင်မှု မော်ဒယ်ကနေ ခွဲထွက်ဖို့ ကြိုးပမ်းတဲ့အနေနဲ့ တစ်ကမ္ဘာလုံးမှာ အရှိန်အဟုန်ပြင်းနေတဲ့ အေအိုင် ဝယ်လိုအား အခွင့်အလမ်းတွေကို အသုံးချပြီး ဒေါ်လာ ၇.၄ ဘီလီယံတန် ဒေတာစင်တာ စက်ရုံကြီးတစ်ခု တည်ဆောက်ဖို့ စီစဉ်နေပါတယ်။
၁ ဂစ်ဂါဝပ် (1-GW) ပမာဏရှိမယ့် ဒီဒေတာစင်တာကြီးဟာ အေအိုင် ကုမ္ပဏီတွေနဲ့ ကလောက်ဒ် ဝန်ဆောင်မှု ပေးသူတွေအတွက် အေအိုင် လေ့ကျင့်ပေးခြင်း၊ အတွေးအခေါ်ပုံဖော်ခြင်းနဲ့ အခြား အဆင့်မြင့် လုပ်ငန်းစဉ်တွေ လုပ်ဆောင်နိုင်ဖို့ ထောက်ပံ့ပေးသွားမယ်လို့ TCS က စနေနေ့မှာ ပြောကြားခဲ့ပါတယ်။
1 062
ဒစ်ဂျစ်တယ်ငွေကြေးစနစ်များကိုချိတ်ဆက်ရန်ဘရစ်ကိုအိန္ဒိယတွန်းနေ
တိုးတက်မှုကို ကန့်သတ်နိုင်သည့် နိုင်ငံရေးနှင့် နည်းပညာဆိုင်ရာ အတားအဆီးများရှိနေသော်လည်း အိန္ဒိယနိုင်ငံသည် ယခုသီတင်းပတ်အနှောင်းပိုင်းတွင် ကျင်းပမည့် ထိပ်သီးအစည်းအဝေးတွင် ဘရစ်(BRICS) နိုင်ငံများအတွင်း နယ်စပ်ဖြတ်ကျော် ငွေပေးချေမှုများအတွက် ဗဟိုဘဏ်ဒစ်ဂျစ်တယ်ငွေကြေး(CBDC) များကို ချိတ်ဆက်ရန် တွန်းအားပေးနေကြောင်း ဆွေးနွေးမှုများကို သိရှိသော သတင်းရင်းမြစ်နှစ်ခုက ပြောကြားခဲ့သည်။
1 062
ပိုလန်တွင် စက်ရုပ်များဖြင့် ဆန္ဒပြပွဲ ပြုလုပ်
ပိုလန်နိုင်ငံ ဝါဆောမြို့တော်၏ ဒစ်ဂျစ်တယ်ရေးရာဝန်ကြီးဌာန၏ ရှေ့ဘက်လမ်းမများပေါ်တွင် စက်တင်ဘာ ၆ ရက်က စက်ရုပ် ၃၀ ခန့်ဖြင့် ဆန္ဒပြပွဲပြုလုပ်ခဲ့ကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြခဲ့သည်။
ထိုဆန္ဒပြပွဲကို Democratism အဖွဲ့အစည်းက ဦးဆောင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စက်ရုပ်များသည် အလံများ ဝှေ့ယမ်းခြင်း၊ ကြွေးကြော်သံများ ထုတ်လွှင့်ခြင်းနှင့် စက်ဝိုင်းပုံသဏ္ဌာန် ချီတက်ခြင်းများ ပြုလုပ်ခဲ့သည်။
