သိင်္ခ
Ir al canal en Telegram
အသိတိုး
Mostrar másEl país no está especificadoLa categoría no está especificada
1 067
Suscriptores
Sin datos24 horas
-177 días
-5530 días
Archivo de publicaciones
1 067
ကဲ သက်ထွေးနိုင်တို ပြောလာပုံထောက်ရင်တော့ အာရက္ခတပ်တော်မှာ အလဲလဲအကွဲကွဲဖြစ်ပြီး မကြာခင် တပ်မတော်ကြီး အောင်လံစိုက်ထူနိုင်တော့မှာ သေချာနေပါပြီ။
1 067
မြန်မာနိုင်ငံနှင့် ဘယ်လာရုစ် နှစ်နိုင်ငံအကျိုးရှိမည့်လုပ်ငန်းများကို ကဏ္ဍအလိုက်ပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်နိုင်ရေးကြိုးပမ်းသည်။ နေပြည်တော် စက်တင်ဘာ ၂၃
1 067
မြေပြင်မှာက AA အလောင်းပုံလို့ စည်းရိုးထိုးလို့ရနေပြီ ဒါကိုပဲ နီပိန်းလော်ဘီတသိုက်က ပုံဟောင်းတွေနဲ့ ဂျင်းထည့်လို့ကောင်းနေတုန်း😆😆😆
1 067
Repost from Nay Zin Latt
.
☯️
စစ်တိုက်တယ်ဆိုတာ ပန်းနဲ့ပေါက်ကြတာ မဟုတ်သလို၊ သင်္ကြန်တွင်း ရေပက်ကြတာလဲမဟုတ်ဘူး၊
4926 စစ်ဆင်ရေးဟာ
သမိုင်းတခုကျန်စေမဲ့ စစ်ဆင်ရေးဖြစ်သလို အဖက်ဖက်က စဉ်းစားဖြည့်ဆည်းထားတဲ့ စစ်ဆင်ရေးလဲဖြစ်ပါတယ်၊
ရခိုင်စစ်ဆင်ရေးဟာ ခိုင်ခံ့တဲ့ တံတိုင်းကြီးကို နာဒါဂီရိ ဆင်ပြောင်ကြီးနဲ့ ချွန်းဖွင့်တိုက်သလိုပါပဲ၊ သေရည်ဆယ်မောင်းတော့ တိုက်မထားဘူး၊ အကြွေးကို အတိုးတွေနဲ့တော့ တိုးထားတယ်၊
ခံနှိုင်ရင် ခံလော့
ငရို့.... ချွန်းကုန်ဖွင့်တိုက်လေပြီ....
( ကြားရတဲ့သတင်းတွေအရတော့ တဖက်က အတုန်းအရုံးပဲ )
☯️
.
1 067
နေပြည်တော်၊ စက်တင်ဘာ ၂၃
အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ၏ သင်ကြားသင်ယူမှု အနှောင့်အယှက်မဖြစ်စေရေးနှင့် စည်းကမ်းစနစ်တကျရှိစေရေးအတွက် ကျောင်းချိန်အတွင်း မိုဘိုင်းဖုန်းယူဆောင်လာခြင်းနှင့် အသုံးပြုခြင်းကို တင်းတင်းကျပ်ကျပ် တားမြစ်ထားကြောင်း ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိင်က ပြောကြားသည်။
စက်တင်ဘာ ၂၂ ရက်က ကျင်းပသည့် တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၄) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းသန့်၏ မေးမြန်းချက်ကို ဒုတိယဝန်ကြီးက ပြန်လည်ဖြေကြားရာ၌ ယင်းသို ပြောကြားခဲ့ခြင်းဖြစ်သည်။
နည်းပညာခေတ်တွင် မိုဘိုင်းဖုန်း၊ Tablet၊ iPad နှင့် Computer စသည့် Digital Device များကို အသုံးပြု၍ သင်ခန်းစာနှင့် ဘာသာစကားဆိုင်ရာ ဗဟုသုတများ လေ့လာနိုင်သော်လည်း ကလေးငယ်များ ဖုန်းအလွန်အကျွံသုံးစွဲမှုမှ ကာကွယ်ရန်အပါအဝင် မသင့်လျော်သည့် အပြုအမူများကို အတုယူခြင်း၊ ကျောင်းသားအချင်းချင်း နိုင်ထက်စီးနင်းပြုမူခြင်းနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ မဖြစ်ပေါ်စေရေးအတွက် ကျောင်းချိန်အတွင်း မိုဘိုင်းဖုန်းအသုံးပြုမှုကို ကန့်သတ်ထားခြင်းဖြစ်ကြောင်း ဒုတိယဝန်ကြီးက ရှင်းလင်းသည်။
မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများတွင် ကျောင်းသားကလေးငယ်များ၏ မိုဘိုင်းဖုန်းသုံးစွဲမှုကို တားမြစ်သည့် သီးသန့်ဥပဒေပြဋ္ဌာန်းချက် မရှိသေးသော်လည်း အွန်လိုင်းပလက်ဖောင်းများမှတစ်ဆင့် ခြိမ်းခြောက်ခြင်းနှင့် အမြတ်ထုတ်ခြင်းတိုမှ ကာကွယ်နိုင်ရေးအတွက် တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ပြောကြားသည်။
ကျောင်းချိန်ပြင်ပတွင်လည်း မိုဘိုင်းဖုန်းနှင့် Digital Device များကို အကျိုးရှိစွာ အသုံးပြုနိုင်ရေးအတွက် ဆရာ၊ မိဘနှင့် ကျောင်းသား၊ ကျောင်းသူများ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ဒုတိယဝန်ကြီးက ဖြည့်စွက်ပြောကြားခဲ့သည်။
1 067
အခြေခံပညာကျောင်းများ၌ ကျောင်းချိန်အတွင်း မိုဘိုင်းဖုန်းယူဆောင်၊ အသုံးပြုခြင်း တင်းတင်းကျပ်ကျပ်တားမြစ်ထား
ကျောင်းသားကလေးငယ်များ မိုဘိုင်းဖုန်းသုံးစွဲမှုကို တားမြစ်သည့် သီးသန့်ဥပဒေမရှိသေးဟု ဒုဝန်ကြီးပြော
1 067
+1
မိုင်းမောတွင် ဝက်များအစုလိုက်သေဆုံးမှုကြောင့် ဝက်သားရောင်းဝယ်မှု ယာယီရပ်ဆိုင်း
စက်တင်ဘာ ၂၃
UWSA ထိန်းချုပ်နယ်မြေ၊ မိုင်းမောမြိုနယ်အတွင်း ဝက်များ အကြောင်းအရင်းမသိ အစုလိုက်အပြုံလိုက် သေဆုံးမှုဖြစ်ပွားနေပြီး ကူးစက်ရောဂါ အန္တရာယ်ရှိသဖြင့် ဝက်သားဝယ်ယူ၊ သတ်ဖြတ်၊ သိုလှောင်နှင့် ရောင်းချမှုများကို ယာယီရပ်ဆိုင်းထားရန် မြိုနယ်ကျန်းမာရေးဌာနက စက်တင် ဘာ ၂၂ ရက်တွင် ထုတ်ပြန်ထားကြောင်း သိရသည်။
1 067
+1
လက်နက်ရောင်းချမှုတွင် အမေရိကန်နှင့် အနီးကပ်ဆက်ဆံရေးကို ထိုင်ဝမ် ဆက်ထိန်းထားမည်
စက်တင်ဘာ ၂၃
လက်နက်ရောင်းချမှုများကို အစီအစဉ်အတိုင်း လက်လက်အကောင်အထည် ဖော်သွားရေးကို မြှင့်တင်ရန် ထိုင်ဝမ်က အမေရိကန်နှင့်အနီးကပ်ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း ဝါရှင်တန်တွင် အမေရိကန်နှင့် တရုတ် ခေါင်းဆောင်နှစ်ဦး တွေ့ဆုံရန် ရှိနေစဉ် ထိုင်ဝမ်ကာကွယ်ရေးအရာရှိကြီးတစ်ဦးက ပြောကြားသည်။
1 067
ယနေ့ မွန်းလွဲပိုင်းက မန္တလေး - မြစ်ကြီးနားလမ်းပိုင်း ၊ အင်းတော်မြိုနယ် ၊ စက်တောကုန်းကျေးရွာ ကွင်းလမ်းရှိ အကြမ်းဖက် KIA/PDF ထောက်ပို စက်သုံးဆီ စခန်းကို တပ်မတော်က ဗုံးကြဲရှင်းလင်းခဲ့သည်။
1 067
+3
မြဝတီမြို အမှတ် ၁ ချစ်ကြည်ရေးတံတားကြီးရှေ့တွင် နေ့စဉ် နံနက်တိုင်း ယာဉ်ကြောပိတ်ဆိုမှုဖြစ်ပေါ်နေ
မြန်မာ-ထိုင်းနယ်စပ် မြဝတီ-မဲဆောက် အမှတ် ၁ ချစ်ကြည်ရေးတံတားကြီးရှေ့ မြဝတီဘက်တွင် မော်တော်ယာဉ်များ နေ့စဉ် နံနက်ပိုင်း၌ လမ်းသွားလမ်းလာများ လမ်းသွားလာ၍ မရအောင် ယာဉ်ကြောပိတ်ဆိုမှု ဖြစ်ပေါ်နေကြောင်း သိရသည်။
မြဝတီ ချစ်ကြည်ရေးတံတားထိပ်တွင် နေ့စဉ် နံနက်တိုင်း ယာဉ်ကြောပိတ်ဆိုနေမှုမှာ ထိုင်းနိုင်ငံဘက်သို သွားရောက်မည့်ယာဉ်များနှင့် ဒေသခံ ခရီသွားများ၏ယာဉ်များ စည်းကမ်းမဲ့စွာ ရပ်ထားခြင်းကြောင့်ဖြစ်၍ တာဝန်ရှိသူများက ကြပ်မတ်ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း မြဝတီမြိုမှ ဒေသခံတစ်ဦးက ပြောသည်။
"ရဟန်းသံဃာတွေ ဆွမ်းခံကြွတာတောင် မနည်းရှောင်တိမ်းကြွနေကြရတာမို ဒီလောက်ကျယ်တဲ့ လမ်းမကြီးမှာ မော်တော်ယာဉ်တွေ စနစ်တကျတန်းစီပြီး စည်းကမ်းတကျရှိစေဖိုဆိုရင် တာဝန်ရှိသူတွေအနေနဲ့ ကြပ်မတ်ဆောင်ရွက်ပေးစေလိုပါတယ်"ဟု မြဝတီမြိုမှ ဒေသခံတစ်ဦးက ဆိုသည်။
1 067
+2
၆၁ ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ကျင်းပမည်
(၆၁) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို လာမည့် အောက်တိုဘာလ ၈ ရက်မှ ၁၇ ရက်အထိ ၁၀ ရက်တိုင်တိုင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပသွားမှာဖြစ်ပြီး ပြပွဲတွင် ပုလဲ၊ ကျောက်မျက်နှင့် ကျောက်စိမ်းအတွဲများကို ခင်းကျင်းပြသရောင်းချသွားမှာဖြစ်ပါတယ်။
အဆိုပါ ပြပွဲသို ကျောက်မျက်ရတနာဥပဒေနှင့်အညီ ခွင့်ပြုမိန့်နှင့် လိုင်စင်ရရှိထားသည့် နိုင်ငံသား ကျောက်မျက်ရတနာလုပ်ငန်းရှင်များကို သတ်မှတ်ချက်များနှင့်အညီ တက်ရောက်ဝယ်ယူခွင့်ပြုသွားမှာဖြစ်တယ်လို သိရပါတယ်။
1 067
သီတင်းကျွတ်နီးလာချိန် မန္တလေးတွင် မီးထွန်းအရုပ်နှင့် အလှဆင်မီးပုံးများ ယခင်နှစ်ထက် အရောင်းသွက်
မန္တလေး၊ စက်တင်ဘာ ၂၃
သီတင်းကျွတ်မီးထွန်းပွဲတော် နီးကပ်လာချိန်တွင် မန္တလေးမြို၌ မြန်မာ့ရိုးရာလက်မှုပစ္စည်းများဖြစ်သည့် မီးထွန်းအရုပ်နှင့် အလှဆင်မီးပုံးများ ထုတ်လုပ်ရောင်းချလျက်ရှိရာ ယခုနှစ်တွင် ယခင်နှစ်ထက် အရောင်းအဝယ်ပိုမိုကောင်းမွန်နေကြောင်း လုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။
ယခုနှစ်တွင် မီးထွန်းအရုပ်ပြုလုပ်သူ အရေအတွက် လျော့နည်းလာသော်လည်း ဝယ်ယူမှုနှင့် ကြိုတင်မှာယူမှုများရှိနေသဖြင့် ထုတ်လုပ်မှုကို တိုးမြှင့်ဆောင်ရွက်နေရကြောင်း သိရသည်။
လက်ရှိတွင် မီးထွန်းအရုပ် အမျိုးအစား ၁၈ မျိုးခန့် ထုတ်လုပ်ရောင်းချနေပြီး ယခင်က တစ်ရုပ်လျှင် ကျပ် ၁၃၀၀ ခန့်မှ စတင်ရောင်းချခဲ့ရာမှ ယခုနှစ်တွင် ကျပ် ၂၀၀၀ ခန့်မှ စတင်ရောင်းချနေရသည်။ ယင်းသို ဈေးနှုန်းမြင့်တက်လာခြင်းမှာ ကုန်ကြမ်းပစ္စည်းရရှိရန် ခက်ခဲလာခြင်းနှင့် ထုတ်လုပ်မှုကုန်ကျစရိတ် မြင့်တက်လာခြင်းတိုကြောင့်ဖြစ်ကြောင်း လုပ်ငန်းလုပ်ကိုင်သူများက ဆိုသည်။
1 067
မော်တော်ယာဥ်ပေါ် သိုဝှက်သယ်ဆောင်လာသည့် ကျပ် ၉ ဒသမ ၃ ဘီလီယံတန်ဖိုးရှိ စိတ်ကြွဆေးပြားများ ပြင်ဦးလွင်မြိုနယ်တွင် ဖမ်းဆီးရမိ
၂၃.၉.၂၀၂၆
မော်တော်ယာဥ်ပေါ် သိုဝှက်သယ်ဆောင်လာသည့် ငွေကျပ် ၉ ဒသမ ၃ ဘီလီယံတန်ဖိုးရှိ စိတ်ကြွဆေးပြားများ ပြင်ဦးလွင်မြိုနယ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း CCDAC Myanmar ၏ စက်တင်ဘာ ၂၃ ရက် ထုတ်ပြန်မှုအရ သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲမှ တပ်ဖွဲဝင်များပါဝင်သော ပူးပေါင်းအဖွဲသည် သတင်းအရ စက်တင်ဘာ ၁၈ ရက်၊ ညနေ ၄ နာရီခန့်တွင် ပြင်ဦးလွင်မြိုနယ်၊ ပင်လိန်(အရှေ့)ကျေးရွာအနီး ဝင်းနိုင်ဦး(ခ)ဝင်းနိုင် မောင်းနှင်လာသည့် JAC အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်သော စိတ်ကြွဆေးပြား ၆၂ သိန်း(ဒေသကာလတန်ဖိုးငွေကျပ် ၉ ဒသမ ၃ ဘီလီယံ)နှင့် လက်ကိုင်ဖုန်း ၁ လုံးတိုအား သိမ်းဆည်းဖမ်းဆီးရမိခဲ့...
1 067
ဂျာမနီနိုင်ငံရှိ လေတပ်အခြေစိုက်စခန်းအနီးတွင် အမေရိကန်လေတပ် တိုက်လေယာဉ်တစ်စင်း ပျက်ကျ
၂၃.၉.၂၀၂၆
ဂျာမနီနိုင်ငံ၊ စပန်ဒါလမ် (Spangdahlem) မြိုရှိ အမေရိကန်လေတပ် အခြေစိုက်စခန်းအနီးတွင် စက်တင်ဘာလ ၂၂ ရက်က အမေရိကန်လေတပ်မှ အက်ဖ်-၁၆ တိုက်လေယာဉ်တစ်စီး ပျက်ကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အက်ဖ်-၁၆ တိုက်လေယာဉ်မှူးမှာ လေယာဉ်ပေါ်မှ ဘေးကင်းစွာ ခုန်ထွက်နိုင်ခဲ့ပြီး ဆေးကုသမှုခံယူရန် ခေါ်ဆောင်သွားခဲ့သည်။ လေယာဉ်ပျက်ကျမှုက ဂျာမနီနိုင်ငံ၊ ရွိင်းလန်း ပလာတီနိတ် (Rhineland-Palatinate) ပြည်နယ်ရှိ စပန်ဒါလမ်မြို လေတပ်စခန်းအနီးတွင် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီခွဲခန့် က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ လေယာဉ်ပျက်ကျမှု ဖြစ်ရပ်ဖြစ်ပွားရသည့်အကြောင်းရင်းကို လက်ရှိတွင် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သတင်းများက ဖော်ပြခဲ့ကြသည်။
1 067
တောင်အာဖရိကရှိ နေအိမ်တစ်အိမ်တွင် ကိုယ်ဝန်ဆောင်သည် အပါအဝင် လူ ၁၁ ဦး ပစ်သတ်ခံရ
တောင်အာဖရိကနိုင်ငံအရှေ့ပိုင်း ကွာဇူလူ-နာတယ်ပြည်နယ်ရှိ နေအိမ်တစ်အိမ်တွင် စက်တင်ဘာ ၂၂ ရက်ညပိုင်းက သေနတ်သမားတစ်စု ဝင်ရောက်ပစ်ခတ်ခဲ့ရာ လူ ၁၁ ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရခဲ့သည်။ အဆိုပါဖြစ်ရပ်ကြောင့် ဒေသခံလူထုကြား ထိတ်လန့်စိုးရိမ်မှုများ ဖြစ်လာခဲ့သည်။
ဒါဘန်မြို၏တောင်ဘက်ရှိ ကွာမခူတာမြိုနယ်တွင် ဒေသစံတော်ချိန် ည ၁၁ နာရီမတိုင်မီ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တောင်အာဖရိက ရုပ်သံသတင်းဌာန eNCA ၏ ဖော်ပြချက်အရ သေဆုံးသူများထဲ ကိုယ်ဝန်ဆောင်သည်တစ်ဦးလည်း ပါဝင်နေသည်။
ထိုသတင်းအရ သေနတ်သမားများက နေအိမ်အတွင်းရှိ လူအားလုံးကို အခန်းတစ်ခန်းတည်းထဲသို စုစည်းခိုင်းပြီးနောက် ပစ်သတ်ခဲ့ခြင်းဖြစ်သည်။ လူ ၁၀ ဦးက နေရာမှာပင်သေဆုံးခဲ့ပြီး ကျန်တစ်ဦးက ဆေးရုံသိုပိုစဉ် သေဆုံးခဲ့သည်။ သေနတ်သမားအဖွဲက အိမ်ပိုင်ရှင်၏ မော်တော်ယာဉ်တစ်စီးကို မီးရှိပြီးနောက် ထွက်ပြေးလွတ်မြောက်သွားကြသည်။ ပစ်ခတ်မှုဖြစ်ပွားသည့် အကြောင်းရင်းကို မသိရသေးပေ။
1 067
ဖလမ်းမြိုရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း ပြန်လည်ဖွင့်လှစ်ရန် ပြင်ဆင်နေ
ဖလမ်း စက်တင်ဘာ ၂၃
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် စက်တင်ဘာ(၂၂)ရက်နေ့က ချင်းပြည်နယ် အစိုးရအဖွဲ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဦးဝင်းဇော်ဦး၊ ချင်းပြည်နယ်အတွင်း ပြန်လည် ထူထောင်ရေးနှင့်ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များနှင့်အတူ ဖလမ်းမြို၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း ပြန်လည်ဖွင့်လှစ်ရန်ပြင်ဆင်နေမှုအား ကြည့်ရှုစစ်ဆေးပြီး၊ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဦးဥတ္တမသာရ တည်ထားကိုးကွယ်ခဲ့သော ရန်ပြေမာန်ပြေအောင်တော်မူ ဓါတ်ပေါင်းစုဆုတောင်းပြည့်စေတီတော် မွမ်းမံ ပြင်ဆင်ရန်အလှူတော်ငွေများ ပေးအပ်လှူဒါန်းသည်။
1 067
ICC အဖွဲဝင်တွေ အကုန်လုံး ချက်ချင်းနှုတ်ထွက်ကြဖို ထရမ့် တောင်းဆို
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) အဖွဲဝင်တွေ အကုန်လုံး ချက်ချင်းနှုတ်ထွက်ကြဖို အင်္ဂါနေ့က တိုက်တွန်းလိုက်ပါတယ်။ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ သူပြောကြားတဲ့ မိန့်ခွန်းမှာ ခုလို ထည့်သွင်းပြောကြားခဲ့တာပါ။
ICC ကို "ထိန်းမရ သိမ်းမရဖြစ်နေတဲ့ အဖွဲအစည်း" နဲ့ "လူဆိုးတွေ စုနေတဲ့အဖွဲ" ဆိုပြီးတော့လည်း ပြင်းပြင်းထန်ထန် ဝေဖန်သွားပါတယ်။ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ထရမ့်က ပြောသွားတာကတော့၊ အမေရိကန်ကို ဆန့်ကျင်နေတဲ့ ဒီတရားရုံးရဲ့ ဟန်ပြတရားစီရင်မှုတွေအောက်မှာ အမေရိကန် စစ်တပ်က လူတွေကို အရောက်ခံမှာ မဟုတ်ဘူးလို ဆိုပါတယ်။
1 067
ဖလမ်းမြိုရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း ပြန်လည်ဖွင့်လှစ်ရန် ပြင်ဆင်နေ
ဖလမ်း စက်တင်ဘာ ၂၃
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် စက်တင်ဘာ(၂၂)ရက်နေ့က ချင်းပြည်နယ် အစိုးရအဖွဲ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဦးဝင်းဇော်ဦး၊ ချင်းပြည်နယ်အတွင်း ပြန်လည် ထူထောင်ရေးနှင့်ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များနှင့်အတူ ဖလမ်းမြို၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း ပြန်လည်ဖွင့်လှစ်ရန်ပြင်ဆင်နေမှုအား ကြည့်ရှုစစ်ဆေးပြီး၊ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဦးဥတ္တမသာရ တည်ထားကိုးကွယ်ခဲ့သော ရန်ပြေမာန်ပြေအောင်တော်မူ ဓါတ်ပေါင်းစုဆုတောင်းပြည့်စေတီတော် မွမ်းမံ ပြင်ဆင်ရန်အလှူတော်ငွေများ ပေးအပ်လှူဒါန်းသည်။
1 067
+3
မလေးရှားနိုင်ငံ၊ Tanah Merah camp တွင် ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသား ၈၆ ဦးကို မနက်ဖြန် ပြန်လည်ခေါ်ယူမည်
၂၂.၉.၂၀၂၆
မလေးရှားနိုင်ငံ၊ Tanah Merah camp တွင် ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသား ၈၆ ဦးကို စက်တင်ဘာ ၂၃ ရက်တွင် ပြန်လည်ခေါ်ယူမည်ဖြစ်ကြောင်း ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံး၏ စက်တင်ဘာ ၂၂ ရက် အသိပေးထုတ်ပြန်မှုအရ သိရသည်။
မလေးရှားနိုင်ငံ၊ လူဝင်မှုကြီးကြပ်ရေးဌာန ထိန်းသိမ်းရေးစခန်း Tanah Merah camp မှ မြန်မာနိုင်ငံသား ၈၆ ဦးကို စက်တင်ဘာ ၂၃ ရက်တွင် မြန်မာ့လေကြောင်းအမှတ်စဉ်၊ 8M-502 ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်မည်ဖြစ်သည်။
