es
Feedback

¡No caigas en manos de tramposos! Telemetrio encuentra y marca estos canales 👉 Si quieres ver la etiqueta, suscríbete

သိင်္ခ

သိင်္ခ

Ir al canal en Telegram

အသိတိုး

Mostrar más
El país no está especificadoLa categoría no está especificada
1 060
Suscriptores
-124 horas
-77 días
-5330 días
Archivo de publicaciones
တရုတ်ဇနီးမယားအဖြစ် ပို့ဆောင်ရောင်းစားရန် စည်းရုံးခဲ့သူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၂ နှစ်နှင့် ၁၅ နှစ်စီ ချ
တရုတ်ဇနီးမယားအဖြစ် ပို့ဆောင်ရောင်းစားရန် စည်းရုံးခဲ့သူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၂ နှစ်နှင့် ၁၅ နှစ်စီ ချမှတ် 《𝘼𝙐𝙂~𝟐𝟕》 အမျိုးသမီးငယ်များကို တရုတ်နိုင်ငံသို့ ဇနီးမယားအဖြစ် ပို့ဆောင်ရောင်းစားရန် စည်းရုံးဆောင်ရွက်ခဲ့သူများအား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေဖြင့် အလုပ်နှင့် ထောင်ဒဏ်များ အသီးသီးချမှတ်လိုက်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ရေပုတ်ကျေးရွာနေ အမျိုးသမီးတစ်ဦးအား မျိုးမင်းဟိန်း (ခ) မျိုးကျော် (ခ) ဟိန်းကိုနှင့် ဇနီးဖြစ်သူ မေသင်္ကြန်မိုး (ခ) သင်္ကြန်တို့က တရုတ်နိုင်ငံတွင် ဇနီးမယားအဖြစ် သွားရောက်နေထိုင်ပါက တစ်နှစ်လျှင် ငွေကျပ်သိန်း ၇၀ ရရှိမည်၊ ခရီးစရိတ်များ ကျခံပေးမည်၊ ဆက်သွယ်ရန်ဖုန်း ဝယ်ပေးမည်ဟု လိမ်လည်စည်းရုံးခဲ့ကြောင်း သိရသည်။ ထိုသို့ စည်းရုံးပြီး မူဆယ်မြို့မှတစ်ဆင့် တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားရန် ခေါ်ဆောင်လာစဉ် စိစစ်ဖော်ထုတ်နိုင်ခဲ့သဖြင့် မြစ်ငယ်နယ်မြေရဲစခန်းတွင် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/၄၄ ဖြင့် အမှုဖွင့်ကာ တရားစွဲဆိုခဲ့ကြောင်း သိရသည်။

မြန်မာ နွေစပါးအထွက်နှုန်း ထိုင်း၊ ဗီယက်နမ်နှင့် အိန္ဒိယတို့ကို မှီလာ ၂၀၂၆ ခုနှစ်၊ ဩဂုတ် ၂၇ မြန်မာနိုင်ငံတွင် နွေစပါးအထွက်နှုန
မြန်မာ နွေစပါးအထွက်နှုန်း ထိုင်း၊ ဗီယက်နမ်နှင့် အိန္ဒိယတို့ကို မှီလာ ၂၀၂၆ ခုနှစ်၊ ဩဂုတ် ၂၇ မြန်မာနိုင်ငံတွင် နွေစပါးအထွက်နှုန်းသည် ထိုင်း၊ ဗီယက်နမ်နှင့် အိန္ဒိယတို့ကို မှီလာကြောင်း လယ်သမားဘဝ ဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌဟောင်း ဦးသိန်းအောင်က CNI သတင်းဌာနသို့ ပြောသည်။ မြန်မာနိုင်ငံတွင် နွေစပါးစိုက်ဧက ၂ ဒသမ ၇ သန်းကျော်ရှိပြီး ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်း‌ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့၌ အများဆုံး စိုက်ပျိုးကြကြောင်း၊ ထိုဒေသများတွင် စုစုပေါင်း နွေစပါးဧက ၈၅ ရာခိုင်နှုန်းကျော် ထွက်ရှိကြောင်း သိရသည်။

ရေဘေးသင့် နီပေါနိုင်ငံသို့ နိုင်ငံတကာအကူအညီများ စတင်ပေးပို့ ခတ္တမန္ဒူ၊ ဩဂုတ် ၂၇ နီပေါနိုင်ငံတွင် လူပေါင်း ၁၆၀ ကျော် သေဆုံးပြီး ရာပေါင်းများစွာ ပျေ-ာက်ဆုံးနေသည့် ပြင်းထန်သော ရေကြီးရေလျှံမှုဖြစ်ပွားပြီးနောက် နိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့အစည်းများက ငွေကြေး၊ ကယ်ဆယ်ရေးပစ္စည်းနှင့် အရေးပေါ်အထောက်အပံ့များ စတင်ပေးပို့လျက်ရှိကြောင်း သိရသည်။ တရုတ်နိုင်ငံက အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းများနှင့် ငွေကြေးအကူအညီများ နီပေါနိုင်ငံသို့ ပေးအပ်နိုင်ရေး ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း နီပေါနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးက X လူမှုကွန်ရက်မှတစ်ဆင့် ပြောကြားခဲ့သည်။ ဥရောပသမဂ္ဂ (EU) အနေဖြင့်လည်း နီပေါနိုင်ငံအတွက် ဥရောပဘက်မှ အကူအညီများ ထပ်မံစုစည်းပေးအပ်ရန် အသင့်ရှိကြောင်း ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာ ဗန်ဒါလီယန်က ပြောကြားထားသည်။ အိန္ဒိယနိုင်ငံက ယာယီအမိုးအကာများ၊ စောင်များ၊ သန့်ရှင်းရေးသုံးပစ္စည်းများ၊ နေရောင်ခြည်စွမ်းအင်သုံး မီးအိမ်များနှင့် ဆေးဝါးများအပါအဝင် သဘာဝဘေးကယ်ဆယ်ရေးပစ္စည်း မက်ထရစ်တန် ၁၀ တန်ကို ပေးပို့ခဲ့ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားသည်။ နီပေါကြက်ခြေနီအသင်း၏ ရေဘေးတုံ့ပြန်ရေးလုပ်ငန်းများကို ပံ့ပိုးရန် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများအဖွဲ့ချုပ် (IFRC) က အရေးပေါ်ရန်ပုံငွေအဖြစ် ဆွစ်ဖရန့် ၁ သန်း (အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၄ သန်းခန့်) ထုတ်ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ အမေရိကန်ပြည်ထောင်စုကလည်း နီပေါနိုင်ငံသို့ သဘာဝဘေးတုံ့ပြန်ရေးဆိုင်ရာ အကြံပေးတစ်ဦး စေလွှတ်ထားပြီး အမေရိကန်ဒေါ်လာ ၅၀၀,၀၀၀ တန်ဖိုးရှိ အရေးပေါ်ရန်ပုံငွေ ပံ့ပိုးပေးလျက်ရှိကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကလည်း ဆေးဝါးများနှင့် ဘက်စုံသုံးတဲများအပါအဝင် မရှိမဖြစ်လိုအပ်သည့် အရေးပေါ်ဆေးဘက်ဆိုင်ရာပစ္စည်းများ ပေးပို့ထားကြောင်း WHO ၏ နီပေါနိုင်ငံဆိုင်ရာရုံးက ထုတ်ပြန်ထားသည်။ နီပေါနိုင်ငံတွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေချိန်၌ ရေဘေးသင့်ဒေသများအတွက် နိုင်ငံတကာအကူအညီများလည်း ဆက်လက်ရောက်ရှိလာမည်ဖြစ်ကြောင်း သိရသည်။

ရေဘေးသင့် နီပေါနိုင်ငံသို့ နိုင်ငံတကာအကူအညီများ စတင်ပေးပို့
+6
ရေဘေးသင့် နီပေါနိုင်ငံသို့ နိုင်ငံတကာအကူအညီများ စတင်ပေးပို့

တရုတ်နှင့်နီပေါတွင်ရေကြီးရေလျှံမှုကြီးဖြစ်ကာ လူရာနှင့်ချီသေကြေပျောက်ဆုံး 27 August 2026 ■ ဗုဒ္ဓဟူးနေ့က ဟိမဝန္တာတောင်တန်းဒေသ န
+1
တရုတ်နှင့်နီပေါတွင်ရေကြီးရေလျှံမှုကြီးဖြစ်ကာ လူရာနှင့်ချီသေကြေပျောက်ဆုံး 27 August 2026 ■ ဗုဒ္ဓဟူးနေ့က ဟိမဝန္တာတောင်တန်းဒေသ နီပေါနဲ့ တရုတ်နယ်စပ်အနီး ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးရေလျှံမှုကြောင့် အနည်းဆုံး လူ ၁၆၀ သေဆုံးခဲ့ပြီး ခရီးသွားများ၊ အလုပ်သမားများ၊ အခြားဒေသခံ အများအပြား ပျောက်ဆုံးနေကာ အချို့ဒေသတွေမှာ လမ်းပန်းဆက်သွယ်ရေးလည်း ပြတ်တောက်သွားခဲ့ပါတယ်။ ■ ပူနွေးလာခြင်းကြောင့် ဟိမဝန္တာဒေသရှိ ရေခဲတောင်ပြိုကျမှုကြောင့် ယခုကဲ့သို့ ဖြစ်ပွားရတာ ဖြစ်နိုင်ကြောင်း သုံးသပ်ထားပါတယ်။ ■ နှစ်ဖက်စလုံးမှာ လူပေါင်းရာနဲ့ချီ ပျောက်ဆုံးနေဆဲဖြစ်ပြီး ယင်းတို့အနက် ဒေသတွင်း သွားလာလည်ပတ်နေတဲ့ နိုင်ငံခြားသား ၃၄၀ ကျော် ပါဝင်ပါတယ်။ ■ ပျောက်ဆုံးနေတဲ့ နိုင်ငံခြားသားအများစုဟာ ကိုင်လက်ရှ်တောင်သို့ သွားရောက်သူများနဲ့ ဂိုဆိုင်ကွန်ဒါကန်အနီး တောင်တက်သူများ ဖြစ်ကြပါတယ်။

ကျား-မ အခြေပြုအကြမ်းဖက်မှု ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများအတွက် အမျိုးသမီးရေးရာဝန်ကြီးဌာနနှင့် UNOPS လက်မှတ်ရေးထိုး ပူးပေါင်းဆောင်ရွက်မည် နေပြည်တော်၊ ဩဂုတ် ၂၇ အမျိုးသမီးများအတွက် အသက်မွေးဝမ်းကျောင်း ထောက်ပံ့ရေးလုပ်ငန်းများနှင့် ကျား-မ အခြေပြုအကြမ်းဖက်မှု ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ အပါအဝင် ဖွံဖြိုးတိုးတက်ရေးကဏ္ဍများတွင် အမျိုးသမီးရေးရာဝန်ကြီးဌာနနှင့် ကုလသမဂ္ဂ စီမံကိန်းဝန်ဆောင်မှုရုံး (UNOPS) တို လက်မှတ်ရေးထိုး ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ အမျိုးသမီးရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ဇင် နှင့် ကုလသမဂ္ဂ စီမံကိန်းဝန်ဆောင်မှုရုံး (United Nations Office for Project Services-UNOPS) ၏ မြန်မာနိုင်ငံဆိုင်ရာ ယာယီညွှန်ကြားရေးမှူး Mr. Peter John Cross ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲတို ယမန်နေ့က တွေ့ဆုံဆွေးနွေးစဉ် Mr. Peter John Cross က ထိုသို ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက အမျိုးသမီးများ စွမ်းပကားမြှင့်တင်ရေး၊ အမျိုးသမီးများ ဖွံဖြိုးတိုးတက်ရေး နိုင်ငံတော်အဆင့် မဟာဗျူဟာစီမံကိန်း (NSPAW) အကောင်အထည်ဖော်ရေးနှင့် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ဆောင်ရွက်နေမှုများကို ရှင်းလင်းဆွေးနွေးခဲ့သည်။

photo content

ရတနာပုံဆိုက်ဘာစီးတီးအပါအဝင် မြန်မာနိုင်ငံ၏ နည်းပညာအထူးဇုန်များတွင်ရင်းနှီးမြှုပ်နှံမှုများလာရောက်ပြုလုပ်ရန် ဗီယက်နမ်စီးပွားရေးလုပ်ငန်းရှင်များကို MOFA ပြည်ထောင်စုဝန်ကြီးဖိတ်ခေါ် ရတနာပုံဆိုက်ဘာစီးတီးအပါအဝင် မြန်မာနိုင်ငံ၏ နည်းပညာအထူးဇုန်များတွင်ရင်းနှီးမြှုပ်နှံမှုများလာရောက်ပြုလုပ်ရန် ဗီယက်နမ်စီးပွားရေးလုပ်ငန်းရှင်များကို နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်မောင်ဆွေက ဖိတ်ခေါ်ခဲ့သည်။ သြဂုတ် ၂၆ ရက်က နိုင်ငံခြားရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးဦးတင်မောင်ဆွေနှင့် ဗီယက်နမ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Le Hoai Trung တိုဦးဆောင်၍ နေပြည်တော်တွင်ပြုလုပ်သည့် မြန်မာ-ဗီ ယက်နမ်နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုပူးတွဲကော်မရှ င်၏ (၁၀)ကြိမ်မြောက်အစည်းအဝေး၌ ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။ ၂၀၂၇ ခုနှစ်တွင် မြန်မာ-ဗီယက်နမ် ဘက်စုံပူးပေါင်းဆောင်ရွက်မှုမိတ်ဖက်ဆက်ဆံရေးထူထောင်မှု (၁၀)နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားများကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကာ နှစ်နိုင်ငံသံတမန်သင်တန်းကျောင်းများကြား ပူးပေါင်းဆောင်ရွက်ရေးအပါအဝင် နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနများကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်သွားမည်ဟု ပြောသည်။ ထိုပြင် ဗီယက်နမ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ရတနာပုံဆိုက်ဘာစီးတီးအပါအဝင် မြန်မာနိုင်ငံ၏ နည်းပညာအထူးဇုန်များတွင် ရင်းနှီးမြှုပ်နှံမှုများလာရောက်ပြုလုပ်၍ နည်းပညာဆိုင်ရာပစ္စည်းများလာရောက်ထုတ်လုပ်ရန် ဖိတ်ခေါ်လိုသည်ဟု ပြောသည်။

photo content

ဒုတိယသမ္မတ ဦးညိုစောနှင့် မြန်မာနိုင်ငံဆိုင်ရာ ဆော်ဒီအာရေဗျနိုင်ငံသံအမတ်ကြီးတွေ့ဆုံ မြန်မာ-ဆော်ဒီအာရေဗျ နှစ်နိုင်ငံကြား ကဏ္ဍစု
ဒုတိယသမ္မတ ဦးညိုစောနှင့် မြန်မာနိုင်ငံဆိုင်ရာ ဆော်ဒီအာရေဗျနိုင်ငံသံအမတ်ကြီးတွေ့ဆုံ မြန်မာ-ဆော်ဒီအာရေဗျ နှစ်နိုင်ငံကြား ကဏ္ဍစုံပူး ပေါင်းဆောင်ရွက်မှုတိုးမြှင့်ဖော်ဆောင်ရန်ဆွေးနွေးခဲ့ ကြ။ ဒုတိယသမ္မတ ဦးညိုစောနှင့် မြန်မာနိုင်ငံဆိုင်ရာ ဆော်ဒီအာရေဗျနိုင်ငံသံအမတ်ကြီး H.E. Mr. Maziad Mohammed Maziad M. Alhowishan တို သြဂုတ် ၂၆ ရက်မွန်းလွဲပိုင်းကတွေ့ဆုံခဲ့ကြသည်။ တွေ့ဆုံစဉ် လွတ်လပ်ပြီးတရားမျှတသည့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ခဲ့မှုနှင့် မြန်မာနိုင်ငံ၏ ပြောင်းလဲတိုးတက်မှုအခြေအနေများကို ဆွေးနွေးခဲ့ကြသည်။

FX Trading တွင် ကား/ဆိုင်ကယ်အပိုပစ္စည်းကဏ္ဍက နိုင်ငံခြားငွေဝယ်ယူမှု အများဆုံးဖြစ် ရန်ကုန်၊ ဩဂုတ် ၂၆ ဩဂုတ် ၂၆ ရက်နေ့၏ FX Online Trading Platform တွင် ကဏ္ဍအလိုက် နိုင်ငံခြားငွေဝယ်ယူမှုတွင် ကား/ဆိုင်ကယ်အပိုပစ္စည်းကဏ္ဍမှ ၄၇ ရာခိုင်နှုန်းဖြင့် အများဆုံး ဖြစ်ကြောင်း ဗဟိုဘဏ်ထုတ်ပြန်ချက်အရ သိရသည်။ ဈေးကွက်အတွင်း အမေရိကန်ဒေါ်လာ ၁ ဒေါ်လာလျှင် ၃,၆၅၈ ကျပ်၊ တရုတ်ယွမ် ၁ ယွမ်လျှင် ၅၅၇ ကျပ်၊ ထိုင်းဘတ် ၁ ဘတ်လျှင် ၁၂၅ ဒသမ ၃၀ ကျပ်နှင့် အိန္ဒိယရူပီး ၁ ရူပီးလျှင် ၄၃ ဒသမ ၆၀ ကျပ်ဖြင့် အရောင်းအဝယ်ပြုလုပ်ခဲ့ကြောင်း သိရသည်။ ကဏ္ဍအလိုက် နိုင်ငံခြားငွေဝယ်ယူမှုတွင် ကား/ဆိုင်ကယ်အပိုပစ္စည်းကဏ္ဍမှ ၄၇ ရာခိုင်နှုန်းဖြင့် အများဆုံး ဖြစ်ခဲ့ပြီး အခြားကုန်ပစ္စည်းများနှင့် Non-Trade Transaction များမှ ၂၉ ရာခိုင်နှုန်းဖြင့် ဒုတိယအများဆုံး ဖြစ်ခဲ့သည်။ ထိုအပြင် ဆေးနှင့် ဆေးဝါးကုန်ကြမ်းပစ္စည်းကဏ္ဍမှ ၉ ရာခိုင်နှုန်း၊ စက်မှုကုန်ကြမ်းကဏ္ဍမှ ၃ ရာခိုင်နှုန်း၊ ဓာတ်မြေဩဇာကဏ္ဍမှ ၃ ရာခိုင်နှုန်း၊ အီလက်ထရောနစ်ပစ္စည်းကဏ္ဍမှ ၃ ရာခိုင်နှုန်း၊ စက်သုံးဆီကဏ္ဍမှ ၂ ရာခိုင်နှုန်း၊ စားသုံးကုန်စည်ကဏ္ဍမှ ၁ ရာခိုင်နှုန်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းကဏ္ဍမှ ၁ ရာခိုင်နှုန်း၊ စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းကဏ္ဍမှ ၁ ရာခိုင်နှုန်းနှင့် တိရစ္ဆာန်အစာနှင့် ပစ္စည်းများကဏ္ဍမှ ၁ ရာခိုင်နှုန်း အသီးသီး နိုင်ငံခြားငွေဝယ်ယူရရှိခဲ့ကြောင်း သိရသည်။ထိုပြင် CMP ကဏ္ဍမှ ဝင်ရောက်ငွေများကို CMP ကဏ္ဍသို ပြန်လည်ရောင်းချပေးခဲ့ကြောင်း သိရသည်။

photo content

အမေရိကန်က အီရန်ကို ထပ်မံတို-က်ခိုက်ဖို အစီအစဉ်မရှိဘဲ တခြားနည်းလမ်းတွေနဲ့သာ ဖိအားပေးရန်ရှိဟုဆို Axios သတင်းဌာနရဲ့ ဖော်ပြချက်အရ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို (Marco Rubio) က အခြားနိုင်ငံတွေက ထိပ်တန်းသံတမန်တွေကို ပြောကြားခဲ့ရာမှာတော့ အမေရိကန်အနေနဲ့ လောလောဆယ် အီရန်ကို အသစ်ထပ်မံ တို-က်ခိုက်ဖို အစီအစဉ်မရှိဘူးလို ဆိုပါတယ်။ အဲဒီအစား ပိတ်ဆိုအရေးယူမှုတွေ အပါအဝင် တခြားနည်းလမ်းတွေနဲ့ ဖိအားပေးဖိုကိုပဲ အဓိကထား လုပ်ဆောင်သွားမယ်လို သိရပါတယ်။ "အမေရိကန်အနေနဲ့ အကြီးစားစစ်ဆင်ရေးတွေ ပြန်စဖို အစီအစဉ်မရှိဘူးဆိုတာကို ရူဘီယိုက ရှင်းရှင်းလင်းလင်း ပြောခဲ့ပါတယ်။ ဒါပေမယ့် အီရန်ဘက်ကသာ စတင်တို-က်ခိုက်လာရင်တော့ ပြန်လည်တို-က်ခိုက်ဖိုကိုလည်း ချန်လှပ်ထားမှာ မဟုတ်ပါဘူး" လို အင်္ဂါနေ့က သတင်းဖော်ပြချက်မှာ ပါရှိပါတယ်။ ဒီလို တို-က်ခိုက်မယ့်အစား ဝါရှင်တန်အနေနဲ့ ပိ-တ်ဆိုအရေးယူမှုတွေနဲ့ ရေကြောင်းပိ-တ်ဆိုမှုတွေကနေတဆင့် အီရန်အပေါ် စီးပွားရေးအရ ပိုပြီးဖိအားပေးသွားမှာဖြစ်သလို၊ ဟော်မုဇ်ရေလက်ကြားကနေ ရေနံတွေကို အရင်ကထက် ပိုမိုတင်ပိုနိုင်အောင် အဓိကထား လုပ်ဆောင်သွားမယ်လို အမေရိကန် တာဝန်ရှိသူတွေက Axios ကို ပြောပြခဲ့ပါတယ်။ Noted: မတိုက်ဘူးဆိုတာလည်း အာမတော့မခံနိုင်ဘူး။ ဘာလို့လဲဆိုတော့ စိတ်ကူးပေါက်ရင် ထလုပ်တက်တာ၊ နိုင့်ထက်စီးနင်းလုပ်တာက ဒီမိုကရေစီဖခင်ကြီးတို့ အကျင့်ဖြစ်နေတာက ခက်တယ်။ မဆီမဆိုင် ဟော်မုဒ်ရေလက်ကြားကို သူကပိုင်ချင်သေးတယ်။ တောရိုင်းသတ္တဝါတွေ ဝါဒကျင့်သုံးနေတော့ နောင်မှာ ဘယ်သူကမှ ယုံကြမှာမဟုတ်တော့ဘူး။

photo content

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ ဗီယက်နမ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ ဗီယက်နမ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

အသံချဲ့စက် ဖွင့်လှစ်အသုံးပြုသူများအနေဖြင့် သတ်မှတ်ပြဋ္ဌာန်းထားသည့်ဥပဒေ၊ နည်းဥပဒေများကို လိုက်နာခြင်းမရှိပါက ထောင်ဒဏ်သုံးလအထိ ချမှတ်နိုင် ဩဂုတ် ၂၆၊ ၂၀၂၆ အသံချဲ့စက်ဖွင့်လှစ်အသုံးပြုသူများနှင့် ပတ်သက်၍ သက်ဆိုင်ရာ ဥပဒေ နည်းဥပဒေများသတ်မှတ်ပြဋ္ဌာန်းထားပြီးဖြစ်သဖြင့် ဥပဒေ၊ နည်းဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းမရှိပါက အများဆုံး ထောင်ဒဏ်သုံးလအထိချမှတ်နိုင်သည်ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်က ယနေ့(သြဂုတ် ၂၆) ရက်က ရန်ကုန်တိုင်းဒေသကြီးလွှတ်‌တော်တွင် မေးမြန်းမှုကိုဖြေ ကြားခဲ့ကြောင်းသိရသည်။ ဆိတ်ကြီးခနောင်တိုမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် အမှတ် ၂ ဦးဝင်းကျော်ဦးက  ရန်ကုန်မြို့အတွင်း မော်တော်ယာဉ်များအပေါ် ၌ အသံချဲ့စက်များ တပ်ဆင်ပြီး အများပြည်သူ ဆိုင်ရာလမ်းမများအပေါ် တွင်အသံကျယ် လောင်စွာဖွင့်၍ မောင်းနှင်သွားလာနေမှုများကြောင့် အထူးစီမံချက် ဖြင့် ထိရောက်စွာ တားဆီးအရေးယူဆောင်ရွက်ရန် အစီအစဉ်ရှိ မရှိ ကိုရန်ကုန်တိုင်းဒေသကြီးလွှတ်‌တော် တွင် မေးမြန်းခဲ့သည်။ "အသံချဲ့စက်ဖွင့်လှစ်အသုံးပြုသူများနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာဥပဒေ နည်းဥပဒေတွေကိုသတ်မှတ်ပြဋ္ဌာန်းထားပြီးဖြစ်ပါတယ်။ ဒါကြောင့် ဥပဒေ၊ နည်းဥပဒေနှင့် အညီ လိုက်နာစေဖို့ ခရိုင်၊ မြို့နယ်၊ ရပ်ကျေးအုပ်ချုပ်ရေး အဖွဲ့တွေကိုကြပ်မတ်ဆောင်ရွက်လျက်ရှိပါတယ်။ အကယ်၍ အသံချဲ့စက်ဖွင့်လှစ်ပြီး အများပြည်သူရှေ့တွင် ညစ်ညမ်းစွာ ပြုမူခြင်း၊ ဆဲဆိုခြင်းသို့မဟုတ် သီဆိုခြင်းဖြင့်အများသူများ၏ စိတ်ကိုထိခိုက်ငြိုငြင်စေမှုကို ပြုလုပ်ပါက သတ်မှတ်ပြဋ္ဌာန်းထားသည့် ဥပဒေ နည်းဥပဒေများကိုချိုးဖောက်ပါက ရာဇသတ်ကြီးပုဒ်မ၂၉၄ အရအများဆုံးထောင်ဒဏ် သုံးလအထိချမှတ်နိုင်ပါတယ်"ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်က ဖြေကြားခဲ့ကြောင်းသိရသည်။

အသံချဲ့စက် ဖွင့်လှစ်အသုံးပြုသူများအနေဖြင့် သတ်မှတ်ပြဋ္ဌာန်းထားသည့်ဥပဒေ၊ နည်းဥပဒေများကို လိုက်နာခြင်းမရှိပါက ထောင်ဒဏ်သုံးလအထိ
အသံချဲ့စက် ဖွင့်လှစ်အသုံးပြုသူများအနေဖြင့် သတ်မှတ်ပြဋ္ဌာန်းထားသည့်ဥပဒေ၊ နည်းဥပဒေများကို လိုက်နာခြင်းမရှိပါက ထောင်ဒဏ်သုံးလအထိ ချမှတ်နိုင်

နီပေါနိုင်ငံ၊ ဗာဂ်မာတီပြည်နယ်၊ ရာဆူဝါခရိုင်အတွင်းရှိ ဘိုတေကိုရှီမြစ်နှင့် တြိသုလီမြစ်ဝှမ်းဒေသများတွင် ယနေ့ (၂၀၂၆ ခုနှစ်၊ ဩဂုတ
+4
နီပေါနိုင်ငံ၊ ဗာဂ်မာတီပြည်နယ်၊ ရာဆူဝါခရိုင်အတွင်းရှိ ဘိုတေကိုရှီမြစ်နှင့် တြိသုလီမြစ်ဝှမ်းဒေသများတွင် ယနေ့ (၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်) နံနက်ပိုင်း၌ ရုတ်တရက် မြစ်ရေထုထည် အလုံးအရင်းဖြင့် ထိုးဆင်းလာကာ ပြင်းထန်သော ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများ ဖြစ်ပွားခဲ့ပြီး ထိခိုက်သေဆုံးမှုများနဲ့ ပျောက်ဆုံးသူများ များပြားလျက်ရှိကြောင်း သိရသည်။ နီပေါနိုင်ငံ မိုးလေဝသဌာန၏ ထုတ်ပြန်ချက်များအရ ယခုရေကြီးမှုသည် ရာဆူဝါခရိုင်အတွင်း မိုးရွာသွန်းမှုကြောင့် မဟုတ်ဘဲ နယ်စပ်တစ်ဖက်ခြမ်း ဟိမဝန္တာတောင်တန်း တိဘက်ဒေသအတွင်းမှ ရေထုထည် အလုံးအရင်းဖြင့် ရုတ်တရက် စီးဝင်လာခြင်းကြောင့် ဖြစ်တယ်လို့ သိရပါတယ်။ တိဘက်ဘက်ခြမ်းတွင် မြေပြိုမှုကြောင့် မြစ်ရေပိတ်ဆို့ရာမှ ကျိုးပေါက်ခဲ့ခြင်း သို့မဟုတ် တောင်ပေါ်ရေခဲကန် ကျိုးပေါက်မှုကြောင့် ဘိုတေကိုရှီမြစ်အတွင်းသို့ ရေလှိုင်းအမြင့် ၈ မီတာမှ ၁၀ မီတာအထိ အဟုန်ပြင်းစွာ ထိုးဆင်းလာခြင်းဖြစ်ကြောင်း သက်ဆိုင်ရာမှ သုံးသပ်ထားပါတယ်။

ဒုတိယသမ္မတ ဦးညိုစော မြန်မာနိုင်ငံဆိုင်ရာ ဆော်ဒီအာရေဗျနိုင်ငံ သံအမတ်ကြီး H.E. Mr. Maziad Mohammed Maziad M. Alhowishan အား လက်
ဒုတိယသမ္မတ ဦးညိုစော မြန်မာနိုင်ငံဆိုင်ရာ ဆော်ဒီအာရေဗျနိုင်ငံ သံအမတ်ကြီး H.E. Mr. Maziad Mohammed Maziad M. Alhowishan အား လက်ခံတွေ့ဆုံ

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး (၁၉)ကြိမ်မြောက် တပ်ဖွဲတွင်း အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့် မ
+7
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး (၁၉)ကြိမ်မြောက် တပ်ဖွဲတွင်း အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့် မျက်လှည့်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို တက်ရောက်အမှာစကားပြောကြား ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး၏ (၁၉ )ကြိမ်မြောက် တပ်ဖွဲတွင်း အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့် မျက်လှည့်ပြိုင်ပွဲဖွင့်ပွဲကို ဩဂုတ်လ ၂၆ ရက် နံနက်ပိုင်းတွင် နေပြည်တော်၊ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းရှိ ဆင်ဖြူရှင်ခန်းမ၌ ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး တက်ရောက်ချီးမြှင့်ခဲ့ပြီး အမှာစကားပြောကြားပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကား ပြောကြားရာတွင် တိုင်းရင်းသားလူမျိုးများ၏ ဖြစ်တည်မှုသမိုင်းအစမှတစ်ဆင့် လွတ်လပ်ရေးနှင့်အတူ ပိုင်ဆိုင်ခဲ့သည့် မြန်မာ့သုခုမအနုပညာရပ်များကို ထိန်းသိမ်းစောင့်ရှောက်ခြင်းသည် မိမိတိုနိုင်ငံတော်၏ အမျိုးသားယဉ်ကျေးမှု အမွေအနှစ်ကို ထိန်းသိမ်းစောင့်ရှောက်ကာကွယ်ရာရောက်သည်ကို လေးလေးနက်နက် သိမြင်နားလည်ထားကြရန်လိုကြောင်း စသည်ဖြင့် ပြောကြားခဲ့တယ်လို သိရပါတယ်။