es
Feedback

¡No caigas en manos de tramposos! Telemetrio encuentra y marca estos canales 👉 Si quieres ver la etiqueta, suscríbete

သိင်္ခ

သိင်္ခ

Ir al canal en Telegram

အသိတိုး

Mostrar más
El país no está especificadoLa categoría no está especificada
1 060
Suscriptores
+124 horas
-77 días
-5230 días
Archivo de publicaciones
အမရပူရမြိုနယ်နှင့် စဉ့်ကိုင်မြိုနယ်တိုတွင် စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ နေပြည်တော်၊ ဩဂုတ် ၂၉ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲမှ တပ်ဖွဲဝင်များပါဝင်သော ပူးပေါင်းအဖွဲသည် သတင်းအရ သက်သေများနှင့်အတူ ဩဂုတ်လ ၂၆ ရက်နေ့ ၁၆၄၅ အချိန် အမရပူရမြိုနယ်၊ ကျင်တန်းရပ်ကွက်နေ ကျော်စိုး နှင့် မသန္တာဉီး တို၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ စိတ်ကြွဆေးပြား ၂၀,၀၀၀ ပြား(ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၄၀၀)နှင့် လက်ကိုင်ဖုန်း ၂ လုံးတိုအား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။ ကွင်းဆက်ဖော်ထုတ်ချက်အရ ၁၈ ၀၀ အချိန် မနွယ်နွယ်ထွန်း(ခ)နွယ်နီ အား အဆိုပါရပ်ကွက်တွင် စိတ်ကြွဆေးပြား ၄,၀၀၀ ပြား(ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၈၀)၊ မော်တော်ဆိုင်ကယ် ၁ စီးနှင့် လက်ကိုင်ဖုန်း ၁ လုံးတိုအား လည်းကောင်း၊ ၂၀၃၀ အချိန် မနွယ်နွယ်ထွန်း(ခ)နွယ်နီ နေထိုင်သည့် စဉ့်ကိုင်မြိုနယ်၊ မြောက်ကိုင်းကျေးရွာရှိ နေအိမ်အတွင်းမှ စိတ်ကြွဆေးပြား ၂၂,၀၀၀ ပြား(ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၄၄၀)အား လည်းကောင်း ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ကျော်စိုး(၆၄)နှစ်၊ မသန္တာဉီး(၅၅)နှစ် နှင့် မနွယ်နွယ်ထွန်း(ခ)နွယ်နီ(၃၅)နှစ်တိုအား သက်ဆိုင်ရာရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

photo content

■ နီပေါရေဘေးတွင် ပျောက်ဆုံးနေသူများ၏ ရုပ်အလောင်းများသည် မိုင် ၂၅၀ ကျော်ဝေးသည့်နေရာနှင့် အိန္ဒိယအထိ မျောပါ နီပေါ၌ ယခုသီတင်းပတ်
■ နီပေါရေဘေးတွင် ပျောက်ဆုံးနေသူများ၏ ရုပ်အလောင်းများသည် မိုင် ၂၅၀ ကျော်ဝေးသည့်နေရာနှင့် အိန္ဒိယအထိ မျောပါ နီပေါ၌ ယခုသီတင်းပတ်အတွင်း ဖြစ်ပွားခဲ့သည့် ရုတ်တရက် ရေကြီးရေလျှံမှုကြောင့် မျှောပါသွားခဲ့သူများ၏ ရုပ်အလောင်းများကို မိုင် ၁၀၀ ကျော်ဝေးသည့် အိန္ဒိယနယ်စပ်တွင် ပြန်လည်တွေ့ရှိနေရပြီး၊ မြန်မြန်ပုပ်ပွလာသောအလောင်းများ၏စိန်ခေါ်မှုများကိုကယ်ဆယ်ရေးအဖွဲများရင်ဆိုင်နေရချိန်တွင် ပျောက်ဆုံးနေသူများကို အချိန်နှင့်တစ်ပြေးညီ ရှာဖွေနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။ နီပေါနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် အိန္ဒိယနိုင်ငံမြောက်ပိုင်း ဥတ္တာပရာဒေ့ရှ်နှင့် ဘီဟာပြည်နယ်တိုတွင် ရေဘေးသင့်ရာ ဒေသမှ မိုင် ၁၀၀ ကျော် ကွာဝေးသည့် ရုပ်အလောင်း ၈ လောင်းကို ရှာဖွေတွေ့ရှိခဲ့သည်။

ကချင်ပြည်နယ် နှင့် မန္တလေးသို ဆက်သွယ်ထားသည့် လမ်းပိုင်းများ ကွင်းလမ်းခရီးကြောင့် လမ်းပျက်စီးကာ သွားလာရ ခက်ခဲနေ ကချင်ပြည်နယ် နှင့် မန္တလေးသို ဆက်သွယ်ထားသည့် ဗျူဟာလမ်းမကြီး လမ်းပိုင်းများ ကွင်းလမ်းခရီးကြောင့် လမ်းပျက်စီးကာ သွားလာရ ခက်ခဲနေကြောင်း ပိုဆောင်ရေး လုပ်ငန်း လုပ်ကိုင်သူများက ဆိုပါသည်။ လက်ရှိတွင် မြစ်ကြီးနားသို အဓိက သွားလာနေသည့် မန္တလေး-မတ္တရာ-တကောင်းထီးချိုင့်-ကသာ-မိုးညှင်း -မိုးကောင်း -မြစ်ကြီးနား လမ်းပိုင်းနှင့် မန္တလေး-စစ်ကိုင်း-ရွှေဘို-ဇင်းေဘော-နန့်သဲ-အင်းတော်-မော်လူး-မိုးညှင်း-မိုးကောင်း-မြစ်ကြီးနား လမ်းပိုင်းများတွင် ကွင်းလမ်းခရီး သွားနေရမှုကြောင့် လမ်းပိုင်းများ ပျက်စီးကာ လမ်းပိတ်မှုများ ဖြစ်နေကြောင်း ယာဉ်မောင်းများက ပြောကြားသည်။ ယာဉ်လုပ်ငန်း လုပ်ကိုင်သူ တစ်ဦးက '' ရွှေဘိုဘက်က သွားရင်လည်း အင်းတော်ကွင်းလမ်းပေါ့။မဲဇာချောင်းဖျားကို ကွင်းရတာ။ မော်ဟန်-နန့်စီးအောင် ဘက်ထွက်တာ။ လမ်းတွေက ကျေးရွာလမ်းတွေ။တောလမ်းတွေပဲ။ပထမတော့ ကားလေးလမ်း၊ ကားကြီးလမ်း ခွဲပေးတယ်။ကားကြီးလမ်းက ဗွက်နစ်တော့ ကားလေး လမ်းကို လာပေါင်းတဲ့ဆီမှာ ဒုက္ခတွေ့တာပဲ။ တံတားငယ်တွေ အကုန်ကျိုးတာ။ဗွက် ခါးလောက်နစ်တယ်။ ဆင်တွေနဲ့ ဆွဲနေကြရတုန်း ။ကျတော့် ကုန်ကား ပိတ်တာ နှစ်လလောက် ရှိနေပြီ။ မန်းလေး-ထီးချိုင့်ဘက်ကနေ တက်ရင် ကသာမှာ ပိတ်တာက အင်းတော်-မော်လူး ပိုင်းမှာ တိုက်ပွဲတွေ မကြာမကြာ ဖြစ်နေတော့ အဲ့ လမ်းပိုင်းလည်းပိတ်ထားတာ ဆယ်ရက်လောက် မကတော့ဘူး''ဟု ဆိုသည်။

photo content

မလေးရှားရှိ ထိန်းသိမ်းရေးစခန်းမှ မြန်မာနိုင်ငံသား ၆၁ ဦးအား CI လက်မှတ် ထုတ်ပေးနိုင်ခဲ့ပြီး ၄ ဦးကို ဆက်လက်စိစစ်နေ ကွာလာလမ်ပူ၊ ဩ
မလေးရှားရှိ ထိန်းသိမ်းရေးစခန်းမှ မြန်မာနိုင်ငံသား ၆၁ ဦးအား CI လက်မှတ် ထုတ်ပေးနိုင်ခဲ့ပြီး ၄ ဦးကို ဆက်လက်စိစစ်နေ ကွာလာလမ်ပူ၊ ဩဂုတ် ၂၉ မလေးရှားနိုင်ငံရှိ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းများ၌ ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသားများအနက် ကာယကံရှင်များ၏သဘောဆန္ဒဖြင့် နေရပ်ပြန်လိုသူများကို မြန်မာနိုင်ငံသို အမြန်ဆုံး ပြန်လည်ပိုဆောင်နိုင်ရေးအတွက် သံရုံးက သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပူးပေါင်း၍ နိုင်ငံသား စိစစ်ပေးလျက်ရှိကြောင်း ကွာလာလမ်ပူမြို မြန်မာသံရုံးက ဩဂုတ် ၂၈ ရက်တွင် ထုတ်ပြန်သည်။ ၂၀၂၆ ခုနှစ် ဩဂုတ်လအတွင်း Langkap Camp လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းမှ မြန်မာနိုင်ငံသား ၆၅ ဦးကို မြန်မာသံရုံးက သွားရောက်စိစစ်ခဲ့ရာ အထောက်အထား ပြည့်စုံသည့် ၆၁ ဦးအား မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) ထုတ်ပေးနိုင်ခဲ့ပြီး အထောက်အထား မပြည့်စုံသေးသည့် ၄ ဦးကို မိသားစုဝင်များထံမှ အချက်အလက် တောင်းခံ၍ သက်ဆိုင်ရာ ဌာနများတွင် ဆက်လက် စိစစ်အတည်ပြုလျက်ရှိသည်။

Cyber Security Awareness Video Competition Video ပြိုင်ပွဲမှ ဆုရရှိသူများ၏ အတွေ့အကြုံများ မျှဝေပြောကြား

ဥရောပလုံခြုံရေး ဆိုတာ အမေရိကန်အတွက် စတုတ္ထနေရာမှာပဲ ရှိပါတယ် ဩဂုတ် - ၂၉ ( စနေနေ့ ) အမေရိကန်ရဲ့ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး ဦး
ဥရောပလုံခြုံရေး ဆိုတာ အမေရိကန်အတွက် စတုတ္ထနေရာမှာပဲ ရှိပါတယ် ဩဂုတ် - ၂၉ ( စနေနေ့ ) အမေရိကန်ရဲ့ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး ဦးစားပေးစာရင်းမှာ ဥရောပဟာ စတုတ္ထနေရာမှာပဲ ရှိတယ်လို နေတိုးအဖွဲ ဆိုင်ရာ အမေရိကန်သံအမတ် မက်သရူး ဝိုက်တိတ်ကာ က ပြောကြားခဲ့ပါတယ်။ သမ္မတ ဒေါ်နယ်ထရမ့်အနေနဲ့ နေတိုး အဖွဲဝင်နိုင်ငံတွေကို သူတိုရဲ့ ကာကွယ်ရေးအတွက် မိမိဘာသာ ပိုပြီး တာဝန်ယူကြဖို တွန်းအားပေးနေချိန်မှာ ဒီလိုပြောလိုက်တာဖြစ်ပါတယ်။ ကြာသပတေးနေ့က Newsmaxသတင်းဌာန နဲ့ အင်တာဗျူးမှာ ဝိုက်တိတ်ကာက ထရမ့်ရဲ့ အမျိုးသားလုံခြုံရေး ဗျူဟာအောက်မှာရှိတဲ့ ဝါရှင်တန်ရဲ့ ဦးစားပေးတွေကို အခုလို ရှင်းပြခဲ့ပါတယ်။ "မိမိတိုင်းပြည် ကာကွယ်ရေးက နံပါတ်တစ်ပါ။ ကျနော်တိုနေထိုင်တဲ့ အနောက်ကမ္ဘာခြမ်းကလည်း တန်းတူအရေးပါပါတယ်" လို သူက ပြောသွားပြီး ဒုတိယနဲ့ တတိယနေရာမှာ ပစိဖိတ်ဒေသ ဖြစ်တယ်လို ဆိုပါတယ်။ "ဥရောပကို ကာကွယ်တာကလည်း ဦးစားပေးတစ်ခု ဖြစ်ပေမဲ့ စတုတ္ထနေရာမှာပဲ ရှိပါတယ်" လို သံအမတ်က ဆိုပါတယ်။

သာကေတမြိုနယ်ရှိ အသက်(၉၀)နှစ်နှင့်အထက် ဘိုး/ဘွားများကို ပူဇော်ကန်တော့ ရန်ကုန်တိုင်း၊ သာကေတမြိုနယ်မှ အသက်(၉၀)နှစ်နှင့်အထက် ဘိုး
သာကေတမြိုနယ်ရှိ အသက်(၉၀)နှစ်နှင့်အထက် ဘိုး/ဘွားများကို ပူဇော်ကန်တော့ ရန်ကုန်တိုင်း၊ သာကေတမြိုနယ်မှ အသက်(၉၀)နှစ်နှင့်အထက် ဘိုး/ဘွားများအား သြဂုတ် ၂၈ ရက်နေ့လယ် ၁ နာရီခွဲက ယင်း မြိုနယ်ရှိ ဇိနမာရ်အောင်စေတီတော်မြတ်ကြီး၏ ဝိမုတ္တိရသဓမ္မဗိမာန်တော်၌ ပူဇော်ကန်တော့ခဲ့ကြသည်။ ရန်ကုန်တိုင်းလွှတ်တော်၊ လူမှုရေးရာလုပ်ငန်းများဖွံဖြိုးတိုးတက်ရေးအဖွဲနှင့် မယ်တော်မာယာဖောင်‌ဒေးရှင်းအဖွဲတိုပူးပေါင်း၍ ဘိုး/ဘွားများအား ထောက်ပံ့ငွေနှင့် အာဟာရပြည့်ဖြည့်စွက်အစားအစာများကို ပေးအပ်လှူဒါန်းကန်တော့ခဲ့ကြသည်။

ယုံကြည်စိတ်ချရသော ဒီဂျစ်တယ်ဂေဟစနစ်တစ်ရပ် ပေါ်ပေါက်လာစေရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားရန် ဒီဂျစ်တယ်ဖွံဖြိုးတိုးတက်ရေးနှင့် ဆက်
ယုံကြည်စိတ်ချရသော ဒီဂျစ်တယ်ဂေဟစနစ်တစ်ရပ် ပေါ်ပေါက်လာစေရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားရန် ဒီဂျစ်တယ်ဖွံဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး ပြောကြား ယုံကြည်စိတ်ချရသော ဒီဂျစ်တယ်ဂေဟစနစ် တစ်ရပ် ပေါ်ပေါက်လာစေရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားရန် ဒီဂျစ်တယ်ဖွံဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးက ပြောကြားသည်။ ယနေ့ (ဩဂုတ် ၂၉ရက်)နံနက်ပိုင်းက နေပြည်တော်ရှိ ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၅)၌ ကျင်းပသည့် Cyber Security Awareness Video Competition - 2026 (University Level) ဆုချီးမြှင့်ခြင်း အခမ်းအနားတွင် ဒီဂျစ်တယ်ဖွံဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

Digital Smart မီတာအသစ် လျှောက်ထားသူ ၉,၆၈၆ ဦးရှိပြီး အချက်အလက်မပြည့်စုံသည့် လျှောက်လွှာ ၂,၄၈၂ စောင် ပြန်လည်အသိပေး 𝙈𝙃𝙏𝙉𝙀𝙒
Digital Smart မီတာအသစ် လျှောက်ထားသူ ၉,၆၈၆ ဦးရှိပြီး အချက်အလက်မပြည့်စုံသည့် လျှောက်လွှာ ၂,၄၈၂ စောင် ပြန်လည်အသိပေး 𝙈𝙃𝙏𝙉𝙀𝙒𝙎《𝘼𝙐𝙂~𝟐𝟗》 လျှပ်စစ်ဓာတ်အားသုံးစွဲလိုသော်လည်း မီတာမရှိသေးသည့် ပြည်သူများအနေဖြင့် အိမ်သုံး၊ စီးပွားရေးနှင့် စက်မှုလုပ်ငန်းသုံးအတွက် လိုအပ်သည့် Digital Smart မီတာအသစ်များကို အွန်လိုင်းစနစ်ဖြင့် လျှောက်ထားနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိရာ ဩဂုတ် ၁၅ ရက်မှ ၂၈ ရက်အထိ လျှောက်ထားသူ ၉,၆၈၆ ဦးရှိကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက အသိပေးထုတ်ပြန်သည်။ Digital Smart မီတာအသစ်များ လျှောက်ထားရာတွင် ပြည်သူများအနေဖြင့် အချိန်နှင့် ကုန်ကျစရိတ်သက်သာစေရန်၊ တစ်ဆင့်ခံပွဲစားများနှင့် ဝန်ထမ်းများ မလိုလားအပ်သည့် ပါဝင်ပတ်သက်မှုများမှ ကင်းဝေးစေရန် ရည်ရွယ်၍ Website မှတစ်ဆင့် လျှောက်ထားနိုင်သည့်စနစ်ကို ဩဂုတ် ၁၅ ရက်မှ စတင်ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြိုနယ်အတွင်း မွေးမြူရေးလုပ်င
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြိုနယ်အတွင်း မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့်အခြေအနေများ ကြည့်ရှုစစ်ဆေး နေပြည်တော်၊ ဩဂုတ် ၂၉ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတဦးမင်းအောင်လှိင်သည် ပြည်ထောင်စုဝန်ကြီးများ၊ ခရီးစဉ်တွင်လိုက်ပါလာသည့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြိုနယ်အတွင်း မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

Cyber Security Awareness Video Competition Video ပြိုင်ပွဲမှ ဆုရရှိသူများ၏ အတွေ့အကြုံများ မျှဝေပြောကြား

Cyber Security Awareness Video Competition -2026 (University Level) ပြိုင်ပွဲဆုချီးမြှင့်ခြင်း အခမ်းအနား၊ ဒီဂျစ်တယ်နှင့် လူငယ်စကားဝိုင်း ဆွေးနွေးပွဲ ကျင်းပ

ပြိုင်ပွဲဝင်အသင်း ၂၅ သင်းဖြင့် Myanmar Cyber Security Challenge 2026 ပြိုင်ပွဲကြီး ဒီဂျစ်တယ် ဖွံဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရ
+7
ပြိုင်ပွဲဝင်အသင်း ၂၅ သင်းဖြင့် Myanmar Cyber Security Challenge 2026 ပြိုင်ပွဲကြီး ဒီဂျစ်တယ် ဖွံဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနတွင် ကျင်းပလျက်ရှိ။

ဗင်နီဇွဲလားရေနံသိုက်တွေနဲ့ပတ်သက်ပြီး သဘောတူညီချက်တစ်ခု အမေရိကန်က ရရှိသွားပြီလို ထရမ့်က ပြော ဗင်နီဇွဲလားရဲ့ ရေနံသိုက်တွေကို အမ
ဗင်နီဇွဲလားရေနံသိုက်တွေနဲ့ပတ်သက်ပြီး သဘောတူညီချက်တစ်ခု အမေရိကန်က ရရှိသွားပြီလို ထရမ့်က ပြော ဗင်နီဇွဲလားရဲ့ ရေနံသိုက်တွေကို အမေရိကန်အစိုးရရဲ့ ထိန်းချုပ်မှုအောက်ကို လွှပြောင်းပေးမယ့် သဘောတူညီချက်တစ်ခုကို အမေရိကန်က ရယူနိုင်ခဲ့ပြီလို သမ္မတ ဒေါ်နယ်ထရမ့်က Truth Social လူမှုကွန်ရက်ပေါ်မှာ ပြောထားပါတယ်။ Noted: ပြောလိုက်ရင်လည်း ဒီမိုကရေစီက ပါးစပ်ကမချတဲ့နိုင်ငံ လုပ်သမျှအလုပ်ကလဲ ဗိုလ်ကျစိုးမိုးရေးဝါဒ။ ဗင်နီဇွဲလားကို မူးယစ်ဆေးဝါးဆိုပြီးကြောင့် သိမ်းရပါတယ်ပြောပြီး ရေနံကိုအပိုင်သိမ်းတယ်။ ပြီးတော့ ကမ္ဘာ့ရေနံ သုံးပုံတစ်ပုံနီးပါရှိတဲ့ ဟော်မုဇ်ကို ပြဿနာရှာတယ်။ ဟော်မုဇ်က အမေရိကန်အပိုင်ပါလဲ အသံကောင်းဟစ်တယ်။ ဒိန်းမတ်ရဲ့ Greenland ကိုလည်း မျက်စပစ်တယ်။ ကဲကြည့်ပါအုန်း စကားနားမထောင်တဲ့နိုင်ငံတွေကို ဒေါ်လာအားကိုးနဲ့ စီးပွားရေးပိတ်ဆို့အရေးယူတယ်။ ဒါက ဒီမိုကရေစီမဟုတ်တော့ဘူး တောရိုင်းတိရစ္ဆာန်ဝါဒဆိုတဲ့ ကြီးရင်အနိုင်ကျင့်တဲ့ ဝါဒလက်ကိုင်ထားတယ်ဆိုတာ ရှင်းနေတာပါ။ သိင်္ခ

ရေကြီးရေလျှံမှုများ ဖြစ်ပွားနေသည့် ရေဘေးသင့်ဒေသများသို ကျပ်သိန်းပေါင်း သုံးသောင်းကျော် ထောက်ပံ့ထား ရေကြီးရေလျှံမှုများ ဖြစ်ပွ
ရေကြီးရေလျှံမှုများ ဖြစ်ပွားနေသည့် ရေဘေးသင့်ဒေသများသို ကျပ်သိန်းပေါင်း သုံးသောင်းကျော် ထောက်ပံ့ထား ရေကြီးရေလျှံမှုများ ဖြစ်ပွားနေသည့် ရေဘေးသင့်ဒေသများသို ကျပ်သိန်းပေါင်း သုံးသောင်းကျော် ထောက်ပံ့ထားကြောင်း သိရသည်။ ယခုနှစ် ဇူလိုင်လကုန်ပိုင်းမှစ၍ နိုင်ငံတစ်ဝန်းဖြစ်ပွားခဲ့သော ရေကြီးရေလျှံမှုများကြောင့် ရေဘေးသင့်ခဲ့သော ပြည်သူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲများ၏ ထောက်ပံ့ထားရှိမှုမှာ ကျပ်သိန်းပေါင်း ၃၁၀၀၀ ခန့်ရှိပြီဖြစ်ကြောင်း သိရသည်။

လက်ရှိပြေးဆွဲပေးနေသည့် အဓိက လမ်းကြောင်းကြီး (၃) ခု • ရန်ကုန် - မန္တလေး • ရန်ကုန် - မော်လမြိုင် • ရန်ကုန် - ပြည် ခရီးစဉ်များ၏
လက်ရှိပြေးဆွဲပေးနေသည့် အဓိက လမ်းကြောင်းကြီး (၃) ခု • ရန်ကုန် - မန္တလေး • ရန်ကုန် - မော်လမြိုင် • ရန်ကုန် - ပြည် ခရီးစဉ်များ၏ ထွက်ခွာ/ဆိုက်ရောက်ချိန်၊ ရထားအမျိုးအစားနှင့် အတန်းအစားအလိုက် ကျသင့်ငွေများ #TravelerGuide

၂၀၂၇ အာရှဖလား ယူ-၁၇ ခြေစစ်ပွဲများကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည် ၂၀၂၇ အာရှဖလား ယူ-၁၇ ပြိုင်ပွဲ ခြေစစ်ပွဲစဉ်မျ
၂၀၂၇ အာရှဖလား ယူ-၁၇ ခြေစစ်ပွဲများကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည် ၂၀၂၇ အာရှဖလား ယူ-၁၇ ပြိုင်ပွဲ ခြေစစ်ပွဲစဉ်များကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်ပြီး မြန်မာ ယူ-၁၇ အမျိုးသားဘောလုံးအသင်းလည်း ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။ အဆိုပါ ခြေစစ်ပွဲများကို လာမည့် နိုဝင်ဘာ ၈ ရက်မှ ၂၀ ရက်အထိ ကျင်းပရန် လျာထားထားသည်။ ယခုခြေစစ်ပွဲတွင် အသင်း ၃၅ သင်း ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကာ အသင်းငါးသင်းစီပါဝင်သည့် အုပ်စုခုနစ်ခုခွဲ၍ အိမ်ရှင်နိုင်ငံ ခုနစ်နိုင်ငံတွင် ကျင်းပသွားမည်ဖြစ်သည်။ အာရှဘောလုံးအဖွဲချုပ် (AFC) ၌ ဩဂုတ် ၂၇ ရက်က ပြုလုပ်ခဲ့သည့် အုပ်စုမဲခွဲပွဲရလဒ်အရ မြန်မာ ယူ-၁၇ အသင်းသည် အုပ်စု (A) တွင် ကျရောက်ခဲ့ပြီး အင်ဒိုနီးရှား၊ အာဖဂန်နစ္စတန်၊ ဖိလစ်ပိုင်နှင့် ကမ္ဘောဒီးယား ယူ-၁၇ အသင်းများနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ AFC ၏ သတ်မှတ်ချက်အရ အုပ်စုအဆင့်တွင် အမှတ်အများဆုံးရရှိသည့် ထိပ်ဆုံးခုနစ်သင်းသာ ၂၀၂၇ အာရှဖလား ယူ-၁၇ ပြိုင်ပွဲ နောက်ဆုံးအဆင့်သို တိုက်ရိုက်တက်ရောက်ခွင့်ရရှိမည်ဖြစ်သည်။

ရေဘေးကို စီမံရန် နည်းပညာ အကူအညီနှင့် ဒေါ်လာဘီလျံပေါင်းများစွာ လိုအပ်နေသည်ဟု နီပေါ အစိုးရ ပြောကြား ရာသီဥတု ဆိုးရွားနေသဖြင့် ကယ
ရေဘေးကို စီမံရန် နည်းပညာ အကူအညီနှင့် ဒေါ်လာဘီလျံပေါင်းများစွာ လိုအပ်နေသည်ဟု နီပေါ အစိုးရ ပြောကြား ရာသီဥတု ဆိုးရွားနေသဖြင့် ကယ်ဆယ်ရေး လုပ်ငန်းများ ရပ်ဆိုင်းထား‌ရသော ရေဘေးသင့် နီပေါက နည်းပညာ အကူအညီနှင့် ဒေါ်လာဘီလျံပေါင်းများစွာ လိုအပ်နေသည်ဟု ပြောကြားခဲ့သည်။ တိဘက်နှင့်နယ်နိမိတ်ထိဆက်နေသော ဒေသကို တိုက်စားဖျက်ဆီးခဲ့သည့် ဆိုးရွားသော ရေဘေးကို ကိုင်တွယ်ရန် ပြည်ပနည်းပညာအကူအညီများ လိုအပ်နေသည်ဟု နီပေါအစိုးရက ပြောကြားလိုက်ပြီး ရာသီဥတု ဆိုးရွားနေသည့်အတွက် ရှာဖွေရေးနှင့် ကယ်ဆယ်ရေး လုပ်ငန်းများကို ဩဂုတ် ၂၉ ရက်နေ့တွင် ရပ်ဆိုင်းထားလိုက်သည်ဟုဆိုသည်။