es
Feedback

¡No caigas en manos de tramposos! Telemetrio encuentra y marca estos canales 👉 Si quieres ver la etiqueta, suscríbete 👈

သိင်္ခ

သိင်္ခ

Ir al canal en Telegram

အသိတိုး

Mostrar más
El país no está especificadoLa categoría no está especificada
1 067
Suscriptores
Sin datos24 horas
-187 días
-5530 días
Archivo de publicaciones
အီရန်၏ ကမ်းလှမ်းချက်ထွက်လာပြီး‌နောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ထရန့်ရေလက်ကြားဟု အမည်တပ်ထားသော ဟော်မုဇ်ရေလက်ကြား၏ပုံကို Trut
အီရန်၏ ကမ်းလှမ်းချက်ထွက်လာပြီး‌နောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ထရန့်ရေလက်ကြားဟု အမည်တပ်ထားသော ဟော်မုဇ်ရေလက်ကြား၏ပုံကို Truth Social တွင် ပိုစ်တင် အမေရိကန်က အချိုသောသတ်မှတ်ချက်များကို ပြည့်မီအောင်လုပ်မည်ဆိုပါက ဟော်မုဇ်ရေလက်ကြားကို တစ်ပတ်အတွင်းပြန်ဖွင့်ရန် သဘောတူညီချက်ကို အီရန်က အဆိုပြုလိုက်ပြီး မကြာမီမှာပင် အမေရိကန်သမ္မတဒေါ်နယ်ထရန့်က'ထရန့် ရေလက်ကြား'ဟု အမည်တပ်ထားသောဟော်မုဇ်ရေလက်ကြား၏ပုံကို Truth Social တွင် ပိုစ်တင်ခဲ့သည်။ Noted: ကမ္ဘာကြီးပျက်စီးတာလဲ မပြောပါနဲ့။ ထရန့်လိုလူက အမေရိကန်သမ္မတဖြစ်နေတာလဲ ပါတယ်။ အရင်ကစီးပွားရေးနယ်ပယ်မှာ ကျင်လည်ခဲ့သူဆိုတော့ social media ကိုအသုံးချပြီး ရှယ်ယာတွေကို ဘယ်အချိန်မှာဝယ်၊ ဘယ်အချိန်ရောင်းရမလဲ သူပိုသိသွားပြီပေါ့။ ကမ္ဘာကြီးကလူတွေ ဘာဖြစ်နေနေ အမေရိကန်တွေအကျိုးရှိရင် တကမ္ဘာလုံးတောင် ရောင်းစားမဲ့သူမျိုးပါ။ ဒီလိုလူတွေ အင်အားကြီးနေသရွေ့တော့ ငြိမ်းချမ်းဖို့ မလွယ်လောက်သေးပါဘူး။ သိင်္ခ

မြန်မာ-အိန္ဒိယ စီးပွားရေးဆက်ဆံမှု ခိုင်မာရေး G2G မှ P2P အထိ ချိတ်ဆက်မှုမြှင့်တင်ရန်လိုဟု မြန်မာကောင်စစ်ဝန်ချုပ် ပြော စိုက်ပျိ
မြန်မာ-အိန္ဒိယ စီးပွားရေးဆက်ဆံမှု ခိုင်မာရေး G2G မှ P2P အထိ ချိတ်ဆက်မှုမြှင့်တင်ရန်လိုဟု မြန်မာကောင်စစ်ဝန်ချုပ် ပြော စိုက်ပျိုးရေး၊ ဒစ်ဂျစ်တယ်စီးပွားရေးနှင့် MSME ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများရှိကြောင်း အင်ဒို-ပစိဖိတ် စီးပွားရေးညီလာခံ၌ ရှင်းလင်း ကော်လ်ကတ္တား၊ စက်တင်ဘာ ၂၆ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ စီးပွားရေးဆက်ဆံမှု ပိုမိုခိုင်မာစေရေးအတွက် အစိုးရအချင်းချင်း (G2G)၊ စီးပွားရေးလုပ်ငန်းအချင်းချင်း (B2B)၊ အဖွဲအစည်းအချင်းချင်း (I2I) နှင့် ပြည်သူအချင်းချင်း (P2P) ချိတ်ဆက်မှုများ မြှင့်တင်ရန်လိုအပ်ကြောင်း မြန်မာကောင်စစ်ဝန်ချုပ် ဦးအောင်အောင်မျိုးသိမ်းက ပြောကြားခဲ့သည်။

❝ဥရောပနှင့် စစ်ရေးပဋိပက္ခအတွက် ရုရှားဘက်က အစီအစဉ်မရှိဟု ပူတင်ပြော၊ ယူကရိန်းကို ရုရှားဆန့်ကျင်ရေးကိရိယာအဖြစ် အသုံးချနေသည်ဟု ဝေဖန်❞ 𝙎𝙀𝙋~𝟐𝟔 ရုရှားနိုင်ငံအနေဖြင့် ဥရောပနိုင်ငံများနှင့် စစ်ရေးအရ ထိပ်တိုက်တွေ့ဆုံရန် ပြင်ဆင်နေခြင်းမရှိသလို ဥရောပနှင့် အခြေအနေတင်းမာစေရန် အကြောင်းပြချက် သိုမဟုတ် လက်တွေ့ကျသော တွန်းအားလည်း မရှိကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က စက်တင်ဘာ ၂၅ ရက်တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

တရုတ်သမ္မတကတော် ဖုန်လိယွမ် ဝါရှင်တန်ခရီးစဉ်အတွင်း နိုင်ငံ၏ Soft Power ကို ပြသ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်၏ ဝါရှင်တန်ခရီးစဉ
တရုတ်သမ္မတကတော် ဖုန်လိယွမ် ဝါရှင်တန်ခရီးစဉ်အတွင်း နိုင်ငံ၏ Soft Power ကို ပြသ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်၏ ဝါရှင်တန်ခရီးစဉ်အတွင်း ဇနီးဖြစ်သူ ဖုန်လိယွမ်သည် တရုတ်နိုင်ငံ၏ Soft Power ကို ပြသခဲ့မှုဖြင့် နိုင်ငံတကာသတင်းများတွင် ဖော်ပြခံနေရသည်။ ဖုန်လိယွမ်သည် အမေရိကန်သမ္မတကတော် မလာနီယာ ထရန့်နှင့် စကားပြောဆိုရာတွင် စကားပြန်မပါဘဲ အင်္ဂလိပ်စကားဖြင့် တိုက်ရိုက်ပြောဆိုခဲ့သည်။ အမေရိကန်နှင့် တရုတ်နိုင်ငံတိုကြား ကုန်သွယ်ရေးနှင့် တရုတ် (တိုင်ပေ) အရေး အပါအဝင် သဘောထားကွဲလွဲမှုများ ရှိနေသော်လည်း ဖုန်လိယွမ်က တရုတ်နိုင်ငံ၏ နူးညံ့သည့်ပုံရိပ်ကို ဖော်ဆောင်ပေးနေသူအဖြစ် ရှုမြင်ခံနေရသည်။ ခရီးစဉ်အတွင်း ဖုန်သည် တရုတ်ရိုးရာဝတ်စုံကို ခေတ်မီအောင် ပြန်လည်ဖန်တီးထားသည့် ဝတ်စုံများကို ဆင်ယင်ခဲ့သည်။ စက်တင်ဘာ ၂၄ ရက်က ဝါရှင်တန်ရှိ Smithsonian အာရှအနုပညာပြတိုက်တွင် ကလေးငယ်များက တရုတ်ရိုးရာသီချင်း Jasmine Flower ဖြင့် သီဆိုဖျော်ဖြေခဲ့ပြီးနောက် ဖုန်လိယွမ်အား “ကျေးဇူးတင်ပါတယ် အမေဖုန်” ဟု တုံပြန်ခဲ့ကြသည်။

ယူအက်စ်နှင့်တရုတ်တို AIဆိုင်ရာ ဆက်သွယ်ရေးလမ်းကြောင်း ထားရှိမည် အမေရိကနှင့် တရုတ်နိုင်ငံတိုသည် ညဏ်ရည်တု AI နှင့် သက်ဆိုင်သည့်
ယူအက်စ်နှင့်တရုတ်တို AIဆိုင်ရာ ဆက်သွယ်ရေးလမ်းကြောင်း ထားရှိမည် အမေရိကနှင့် တရုတ်နိုင်ငံတိုသည် ညဏ်ရည်တု AI နှင့် သက်ဆိုင်သည့် ဖြစ်ရပ်များအတွက် ဆက်သွယ်ရေးလမ်းကြောင်းတစ်ခုကို ထူထောင်သွားမည်ဖြစ်ကြောင်း အိမ်ဖြူတော်က စက်တင်ဘာလ ၂၅ ရက်နေ့တွင် ပြောကြားခဲ့သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တိုသည် စက်တင်ဘာလ ၂၅ ရက်နေ့တွင် ထိပ်သီးဆွေးနွေးပွဲကို အပြီးသတ် ကျင်းပ ပြုလုပ်ခဲ့ကြပြီး ၎င်းတို၏ ဆွေးနွေးမှုများတွင် AI ကြောင့် ပေါ်ပေါက်လာသော စိန်ခေါ်မှု အခက်အခဲများအကြောင်းအပါအဝင် အရေးပါသည့် ကိစ္စရပ်များ ပါဝင်ခဲ့သည်။

ယူကရိန်း ငြိမ်းချမ်းရေးအဆိုပြုချက်များအားလုံးသည် ဆွေးနွေးပွဲ စားပွဲဝိုင်းပေါ်တွင်ရှိကြောင်း ပူတင် ပြောကြား ယူကရိန်း ငြိမ်းချမ
ယူကရိန်း ငြိမ်းချမ်းရေးအဆိုပြုချက်များအားလုံးသည် ဆွေးနွေးပွဲ စားပွဲဝိုင်းပေါ်တွင်ရှိကြောင်း ပူတင် ပြောကြား ယူကရိန်း ငြိမ်းချမ်းရေးအဆိုပြုချက်များအားလုံးသည် ဆွေးနွေးပွဲစားပွဲဝိုင်းပေါ်တွင် ရှိကြောင်း ရုရှားသမ္မတ ဗလာဒီမာ ပူတင်က စက်တင်ဘာ ၂၅ ရက်တွင် ပြောကြားခဲ့သည်။ထိုပြင် ပြီးခဲ့သည့် သီတင်းပတ်က ပြုလုပ်ခဲ့သည့် ရုရှားလွှတ်တော်ရွေးကောက်ပွဲများအပြီးတွင် ရုရှားအနေဖြင့် ယူကရိန်းနှင့် ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် အသင့်ဖြစ်ခဲ့သော်လည်း ယူကရိန်းဘက်က မော်စကိုမြိုတော်ကို တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သဖြင့် မဲရုံများကို ထိမှန်ခဲ့ကြောင်း ပူတင်က ပြောကြားခဲ့သည်။

ကျိုက္ခမီမြိုတွင် အစဉ်အလာမပျက် မြိုလုံးကျွတ် ပျားရည်ဆွမ်းနှင့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲ၊ သံဃာ၊ ရှင်သာမဏေနှင့် သီလရှင် စုစုပ
ကျိုက္ခမီမြိုတွင် အစဉ်အလာမပျက် မြိုလုံးကျွတ် ပျားရည်ဆွမ်းနှင့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲ၊ သံဃာ၊ ရှင်သာမဏေနှင့် သီလရှင် စုစုပေါင်း ၄၉၆ ပါး အလှူခံကြွရောက် ကျိုက္ခမီ၊ စက်တင်ဘာ ၂၆ မွန်ပြည်နယ်၊ ကျိုက္ခမီမြိုတွင် နှစ်စဉ်အစဉ်အလာမပျက် ကျင်းပသည့် မြိုလုံးကျွတ် ပျားရည်ဆွမ်းနှင့် ဆွမ်းဆန်စိမ်း လောင်းလှူပူဇော်ပွဲကို တော်သလင်းလပြည့်နေ့မတိုင်မီ စက်တင်ဘာ ၂၅ ရက် ညနေ ၄ နာရီက ကျင်းပခဲ့ကြောင်း ကျိုက္ခမီရေလယ်ဘုရား ဂေါပကအဖွဲထံမှ သိရသည်။

မြစ်ကြီးနား-မန္တလေး လေယာဉ်လက်မှတ်ခ ပုံမှန်အားဖြင့် ခြောက်သိန်းကျော်သာရှိသော်လည်း ပြင်ပမှောင်ခိုဈေးကွက်တွင် ကျပ် ၁၅ သိန်းမှ ၁၈ သိန်းအထိရှိနေဟု လွှတ်တော်ကိုယ်စားလှယ် ပြောကြား ■ လေယာဉ်လက်မှတ်ခများ သတ်မှတ်ဈေးနှုန်းထက် ဈေးတင်ရောင်းချသူများအား အရေးယူဆောင်ရွက်ရန် ဒေသခံပြည်သူများနှင့် ပြည်နယ်အစိုးရအဖွဲတို ပူးပေါင်းကူညီဆောင်ရွက်ပေးစေလိုဟု ပိုဆောင်ရေးဝန်ကြီးဌာန ပြောကြား မြစ်ကြီးနား-မန္တလေး လေယာဉ်လက်မှတ်ခများမှာ ပုံမှန်အားဖြင့် ခြောက်သိန်းကျော်သာရှိသော်လည်း ပြင်ပမှောင်ခိုဈေးကွက်တွင်မူ ကျပ် ၁၅ သိန်းမှ ၁၈ သိန်းအထိရှိနေသည်ဟု မြစ်ကြီးနားမြိုနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးညွန့်ဝင်းက ပြောကြားသည်။ Noted: ဒီတိုင်းပြည်မှာ ဖြစ်နေတာက အခုလိုကိစ္စတွေက အများသား။ အစိုးရချမှတ်ထားတဲ့ မူဝါဒအတိုင်း မလိုက်နာတဲ့ နေရာတွေနဲ့ စီးပွားရေး လုပ်ငန်းတွေကိုသာ ဖိဖိစီးစီးကိုင်တွယ်နိုင်ရင် ကုန်ဈေးနှုန်းကြီးမြင့်မှုကို အထိုက်အလျောက် သက်သာစေပါလိမ့်မယ်။ ဟိုတစ်လောက ကားဈေးကိုသာကြည့်ပါ။ နိုင်ငံတွင်းမှာတပ်ဆင်ထုတ်လုပ်နေတဲ့စက်ရုံထုတ်ကားဈေးက ၁၅၀၀ ဝန်းကျင်၊ ပြင်ပပေါက်ဈေးက ၃၀၀၀ နီးပါးဖြစ်နေ ။ ဒါတွေက သိတဲ့ကိစ္စတွေ ဖြစ်ရပ်တွေလောက်ပဲရှိပါသေးတယ်။ တကယ်စေတနာထားပြီး လုပ်ကိုင်ဆောင်ရွက်နိုင်ကြပါစေ။ သိင်္ခ

photo content

ဘန်ကောက်မြိုတွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများ ဖြစ်ပွားနေသဖြင့် အထူးသတိပြုရန် လိုအပ် ထိုင်းနိုင်ငံ၊ ဘန်ကောက်
ဘန်ကောက်မြိုတွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများ ဖြစ်ပွားနေသဖြင့် အထူးသတိပြုရန် လိုအပ် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြိုတွင် ယမန်နေ့က မိုးတစ်နေကုန် သည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် မြိုနေရာအများအပြား၌ ရေကြီးရေလျှံမှုများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး၊ ယနေ့အထိ မော်တော်ယာဉ်များ သွားလာရခက်ခဲလျက် ရှိပါသည်။

ယာဉ်အို/ယာဉ်ဟောင်းအစားထိုး EV ၃၄ စီးအတွက် ယခုလအတွင်း ပါမစ်ထုတ်ပေးမည်၊ ပထမအသုတ်အဖြစ် ထုတ်ပေးခြင်းဖြစ်ပြီး သတ်မှတ်ချက်ကိုက်ညီသည
ယာဉ်အို/ယာဉ်ဟောင်းအစားထိုး EV ၃၄ စီးအတွက် ယခုလအတွင်း ပါမစ်ထုတ်ပေးမည်၊ ပထမအသုတ်အဖြစ် ထုတ်ပေးခြင်းဖြစ်ပြီး သတ်မှတ်ချက်ကိုက်ညီသည့် လျှောက်ထားမှုများကို ဆက်လက်စိစစ်ခွင့်ပြုမည် ရန်ကုန်၊ စက်တင်ဘာ ၂၆ ယာဉ်အို/ယာဉ်ဟောင်းများ အပ်နှံ၍ အစားထိုး လျှပ်စစ်သုံးမော်တော်ယာဉ် (EV) တင်သွင်းခွင့် လျှောက်ထားမှုများအနက် ပထမအသုတ် EV ၃၄ စီးအတွက် တင်သွင်းခွင့်ပါမစ်များကို ယခုစက်တင်ဘာလအတွင်း ထုတ်ပေးသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

တရုတ်အကူအညီဖြင့် စပါးနှင့် ပဲပုပ်စိုက်ပျိုးနည်းပညာ ၄၅ ရက်ကြာ သင်တန်းဖွင့်ပြီး မြန်မာစိုက်ပျိုးရေးအရာရှိနှင့် နည်းပညာရှင် ၆၂ ဦ
တရုတ်အကူအညီဖြင့် စပါးနှင့် ပဲပုပ်စိုက်ပျိုးနည်းပညာ ၄၅ ရက်ကြာ သင်တန်းဖွင့်ပြီး မြန်မာစိုက်ပျိုးရေးအရာရှိနှင့် နည်းပညာရှင် ၆၂ ဦးကို စပ်မျိုးစပါး၊ ပဲပုပ်မျိုးစပ်မွေးမြူရေးနှင့် မျိုးစေ့ထုတ်လုပ်ရေးနည်းပညာများ သင်ကြားမည် နေပြည်တော်၊ စက်တင်ဘာ ၂၆ တရုတ်နိုင်ငံ၏ အကူအညီဖြင့် မြန်မာနိုင်ငံမှ စိုက်ပျိုးရေးအရာရှိနှင့် နည်းပညာရှင် ၆၂ ဦးကို စပါးနှင့် ပဲပုပ် စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ နည်းပညာများ သင်ကြားပေးမည့် ၄၅ ရက်ကြာသင်တန်းကို နေပြည်တော်၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

CI ဖြင့် ပြန်ဝင်လာသည့် မြန်မာနိုင်ငံသားများကို ရန်ကုန်လေဆိပ်တွင် UID ထုတ်ပေးနေ ၊Biographic နှင့် Biometric အချက်အလက်များ ကောက
CI ဖြင့် ပြန်ဝင်လာသည့် မြန်မာနိုင်ငံသားများကို ရန်ကုန်လေဆိပ်တွင် UID ထုတ်ပေးနေ ၊Biographic နှင့် Biometric အချက်အလက်များ ကောက်ယူ၍ e-ID စနစ်ဖြင့် ဆောင်ရွက်ပေး ရန်ကုန်၊ စက်တင်ဘာ ၂၆ ပြည်ပနိုင်ငံများမှ သက်သေခံလက်မှတ် (Certificate of Identity-CI) ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို Biographic နှင့် Biometric အချက်အလက်များ ကောက်ယူ၍ e-ID စနစ်ဖြင့် UID နံပါတ် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

တောင်သူများအတွက် ဆီစာအုပ်စနစ် မရှိသေး၊ လယ်ယာသုံးစက်များ တစ်ရက် ၁၅ လီတာအထိ ဝယ်ယူနိုင် စိုက်ပျိုး၊ ရိတ်သိမ်းချိန် လိုအပ်သည့် စက
တောင်သူများအတွက် ဆီစာအုပ်စနစ် မရှိသေး၊ လယ်ယာသုံးစက်များ တစ်ရက် ၁၅ လီတာအထိ ဝယ်ယူနိုင် စိုက်ပျိုး၊ ရိတ်သိမ်းချိန် လိုအပ်သည့် စက်သုံးဆီ လွယ်ကူစွာဝယ်ယူနိုင်ရေး လွှတ်တော်တွင် မေးမြန်း နေပြည်တော်၊ စက်တင်ဘာ ၂၆ တောင်သူများအတွက် လယ်ယာလုပ်ငန်းသုံး စက်သုံးဆီများကို ဆီဝယ်စာအုပ်ဖြင့် ဝယ်ယူနိုင်ရေး အစီအစဉ် လတ်တလော မရှိသေးသော်လည်း ထော်လာဂျီ၊ လယ်ယာသုံးစက်ပစ္စည်းများနှင့် မြစ်တွင်းသွားစက်လှေများအတွက် တစ်ရက်လျှင် အများဆုံး ၁၅ လီတာအထိ နေ့စဉ်ရည်ညွှန်းဈေးနှုန်းဖြင့် ဝယ်ယူခွင့်ပြုထားကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်နိုင်ဝင်းက ပြောကြားခဲ့သည်။ Noted: ‌ျေပြောမယ်ဆို ပြောစရာတွေက တစ်ပုံကြီးပါ။ တစ်ချို့ကိစ္စတွေက ထိန်းပြောနေလို့သာပါ။ ဥပမာ- ပြောတာပါ။ ကိုယ်တိုင်လယ်သမားအယောင်ဆောင်ပြီး ဆီဆိုင်မှာ ဆီသာသွားဝယ်ကြည့်ပါ။ ဘာပြောမလဲလို့ ။ တစ်ချို့ကိစ္စတွေက ဆောင်ရွက်ပေးမယ်ဆိုရင်လည်း စနစ်တကျအကောင်အထည်ဖော်စေချင်ပါတယ်။ မူဝါဒအဆင့်နဲ့ကတော့ တိုးတက်ဖို့ဆိုတာ မလွယ်ပါဘူး။ မူဝါဒချမှတ်တဲ့ အဝန်းအဝိုင်းနဲ့ လက်တွေ့မြေပြင်လူထုအသိုင်းအဝိုင်းကြားက ကွာဟချက်တွေကို လျော့ချနိုင်ကြပါစေ။ သိင်္ခ

ဆီစက်လုပ်ငန်းရှင်များ လုပ်ငန်းသုံးလှည့်ပတ်ရင်းနှီးငွေအတွက် ကျပ်သိန်း ၁ဝဝ မှ ကျပ်သိန်း ၅ဝဝဝ အထိ၊ မတည်ရင်းနှီးငွေအတွက် ကျပ်သိန်း ၂ဝဝ မှ ကျပ်သိန်း ၅ဝဝဝ အထိ တစ်နှစ်လျှင် အတိုးငါးရာခိုင်နှုန်းဖြင့် ချေးငွေလျှောက်ထားနိုင် ဆီစက်လုပ်ငန်းရှင်များ လုပ်ငန်းသုံးလှည့်ပတ်ရင်းနှီးငွေအတွက် ကျပ်သိန်း ၁ဝဝ မှ ကျပ်သိန်း ၅ဝဝဝ အထိ၊ မတည်ရင်းနှီးငွေအတွက် ကျပ်သိန်း ၂ဝဝ မှ ကျပ်သိန်း ၅ဝဝဝ အထိ တစ်နှစ်လျှင် အတိုးငါးရာခိုင်နှုန်းဖြင့် ချေးငွေလျှောက်ထားနိုင်ကြောင်း ဆီစက်လုပ်ငန်းများဖွံဖြိုးရေးချေးငွေ စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲမှ သိရသည်။ Noted: ဒီနေ့တော့ အတော်ကိုအားရစရာကောင်းပါတယ်။ သမ္မတကြီးက ဆီထွက်သီးနှံတွေ စိုက်ပျိုးထုတ်လုပ်နေပါလျှက် နိုင်ငံခြားကနေ တင်သွင်းနေရတာဟာ ရှက်စရာကောင်းတယ်ဆိုတာ တကယ်မှန်ပါတယ်။ နည်းလမ်းတကျနဲ့ မှန်မှန်ကန်ကန်သာ လုပ်နိုင်ရင် ဆီထွက်သီးနှံတွေ အခုထက်ပိုမို စိုက်ပျိုးထုတ်လုပ်နိုင်လာမှာပါ။ တစ်ခုပဲ အကြံပေးချင်ပါတယ်။ အောက်ခြေစိုက်ပျိုးထုတ်လုပ်သူတွေဆီအထိ ဆင်းပြီး အခက်အခဲတွေ၊ နဲ့ ဖြေရှင်းရမဲ့ နည်းလမ်းတွေကို လက်တွေ့ကျကျ ပူးပေါင်းဆောင်ရွက်စေချင်ပါတယ်။ မူဝါဒကောင်းပေမဲ့ မထိရောက်ရင် ရေရှည်အကျိုးမရှိနိုင်ပါဘူး။ နောက်တစ်ခုက အကျင့်ပျက် ဝန်ထမ်းတွေကို သတိထားစေချင်ပါတယ်။ ဒီလောက်ကောင်းတဲ့ အကောင်းအထည်ဖော်မှုတွေ မထိရောက်တာ သူတို့ကြောင့်လည်းပါနေပါတယ်။ သတိထားဆောင်ရွက်နိုင်ကြပါစေ။ သိင်္ခ

photo content

ကျေးရွာချင်းဆက်လမ်းနှင့် ကုန်ထုတ်လမ်းများ တိုးချဲ့ရေး၊ လုပ်ငန်းထပ်မနေစေရေး ညှိနှိင်း 𝙎𝙀𝙋~𝟐𝟔 နယ်စပ်ဒေသနှင့် ဖွံဖြိုးမှုအာ
ကျေးရွာချင်းဆက်လမ်းနှင့် ကုန်ထုတ်လမ်းများ တိုးချဲ့ရေး၊ လုပ်ငန်းထပ်မနေစေရေး ညှိနှိင်း 𝙎𝙀𝙋~𝟐𝟔 နယ်စပ်ဒေသနှင့် ဖွံဖြိုးမှုအားနည်းသည့်ဒေသများတွင် လမ်းတံတားလိုအပ်ချက်ရှိသည့် နေရာများကို ကွင်းဆင်းစိစစ်ပြီး ကျေးရွာချင်းဆက်လမ်း၊ ကုန်ထုတ်လမ်းနှင့် ပြည်ထောင်စုလမ်းမကြီးများနှင့် ဆက်သွယ်သည့် Class A၊ Class B နှင့် Class C အဆင့် လမ်းများ တိုးချဲ့ဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြသည်။ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်က လမ်းတံတားလုပ်ငန်းများကို အမှန်တကယ်လိုအပ်သည့် လမ်းပိုင်းများအပေါ် အခြေခံ၍ လျာထားဆောင်ရွက်ရန်နှင့် ကွင်းဆင်းစိစစ်ရာတွင် လိုအပ်ချက်များကို သေချာစွာဖော်ထုတ်ပြီး လုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ရေး ညှိနှိင်းပေးရန် ပြောကြားသည်။ Noted: ဒီလုပ်ငန်းဟာ တိုင်းပြည်အခြေခံဖြစ်တဲ့အတွက် တွန်းအားပေးပြီး အမြန်ဆုံးအကောင်အထည်ဖော်ဆောင်သင့်ပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက်က လမ်းတံတားနဲ့ လျှပ်စစ်၊ အခြေခံ အဆောက်အအုံနဲ့ စက်မှုလုပ်ငန်းငယ်တွေတိုးတက်ဖို့သည် အဓိကပါ။ ဒီအုတ်မြစ်ခိုင်မာမှသာ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံဆီကိုဦးတည်နိုင်မှာမို့ပါ။ ဝိုင်းဝန်းကူညီဆောင်ရွက်နိုင်ပါစေ။ သိင်္ခ

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် မအူပင်မြိုနယ်၊ တလုပ်လပ်အရှေ့ကျေးရွာတွင် ဥစားကြက် မွေးမြူရေးလုပ်ငန်းအား ကြည့်ရှုအားပ
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် မအူပင်မြိုနယ်၊ တလုပ်လပ်အရှေ့ကျေးရွာတွင် ဥစားကြက် မွေးမြူရေးလုပ်ငန်းအား ကြည့်ရှုအားပေး ပုသိမ်၊ စက်တင်ဘာ ၂၆ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ မအူပင်မြိုနယ်၊ တလုပ်လပ်အရှေ့ကျေးရွာရှိ ပိုင်ရှင်ဒေါ်ကြူကြူ၏ အအေးခန်းစနစ်ဖြင့်မွေးမြူသည့် ဥစားကြက်မွေးမြူရေးခြံ ၅ ခြံတွင် ဥစားကြက် ကောင်ရေ ၁၂၀၀၀၀ နှင့် ဥစားကြက်ပေါက်မွေးခြံ ၂ ခြံတွင် ကြက်ကောင်ရေ ၃၀၀၀၀ မွေးမြူထားရှိမှု အခြေအနေများကို ကြည့်ရှုအားပေးခဲ့သည်။

အာဆီယံဒေသတွင်း ဒီဂျစ်တယ်စနစ်၊ ကွန်ရက်လုံခြုံရေးနှင့် အွန်လိုင်းလိမ်လည်မှု တားဆီးရေးဆိုင်ရာ အစည်းအဝေးများ မြန်မာနိုင်ငံက အိမ်ရ
အာဆီယံဒေသတွင်း ဒီဂျစ်တယ်စနစ်၊ ကွန်ရက်လုံခြုံရေးနှင့် အွန်လိုင်းလိမ်လည်မှု တားဆီးရေးဆိုင်ရာ အစည်းအဝေးများ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပ 𝙈𝙃𝙏 𝙉𝙀𝙒𝙎《𝙎𝙀𝙋~𝟐𝟔》 မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ၂၀၂၆ ခုနှစ် ဒုတိယအကြိမ်မြောက် အာဆီယံဒီဂျစ်တယ် အဆင့်မြင့်အရာရှိကြီးများနှင့် အာဆီယံဆက်သွယ်ရေးဥပဒေပြုကောင်စီခေါင်းဆောင်များ အလွတ်သဘောအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို စက်တင်ဘာ ၂၁ ရက်မှ ၂၄ ရက်အထိ ရန်ကုန်မြိုရှိ Novotel Yangon Max Hotel တွင် ဒီဂျစ်တယ်ဖွံဖြိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက ဦးဆောင်ကျင်းပခဲ့သည်ဟု သိရသည်။ စက်တင်ဘာ ၂၁ ရက် နံနက်ပိုင်းတွင် အာဆီယံဒေတာကာကွယ်ရေးနှင့် ပုဂ္ဂိုလ်ရေးလုံခြုံမှုဆိုင်ရာ Industry Engagement စကားဝိုင်းဆွေးနွေးပွဲကို “The Importance of Data Protection in Digital Transformation” နှင့် “Data Protection and Privacy in AI Era” ခေါင်းစဉ်များဖြင့် ကျင်းပခဲ့သည်။

ဂရုဓမ္မအခါတော်နေ့ကို ကုသိုလ်များစွာဖြင့် ဖြတ်သန်းနိုင်ကြပါစေ မြန်မာလများအနက် တော်သလင်းလပြည့်နေ့သည် သာသနာရေးဆိုင်ရာ ထူးခြားမွန
ဂရုဓမ္မအခါတော်နေ့ကို ကုသိုလ်များစွာဖြင့် ဖြတ်သန်းနိုင်ကြပါစေ မြန်မာလများအနက် တော်သလင်းလပြည့်နေ့သည် သာသနာရေးဆိုင်ရာ ထူးခြားမွန်မြတ်သော "ဂရုဓမ္မအခါတော်နေ့" ဖြစ်ပါသည်။ "ဂရုဓမ္မ" ဆိုသည်မှာ "လေးစားအပ်သော တရား" သိုမဟုတ် "မြဲမြံစွာ စောင့်ထိန်းအပ်သော ငါးပါးသီလတရား" ဟု အဓိပ္ပာယ်ရပါသည်။