သိင်္ခ
Ir al canal en Telegram
အသိတိုး
Mostrar másEl país no está especificadoLa categoría no está especificada
1 067
Suscriptores
Sin datos24 horas
-177 días
-5530 días
Archivo de publicaciones
1 067
အိန္ဒိယ ဓာတ်မြေဩဇာထုတ်လုပ်မှု လုပ်ငန်းတွေ ထိခိုက်ပြီးရင်း ထိခိုက်လာ
စက်တင်ဘာ - ၂၂ ( အင်္ဂါနေ့ )
ရုရှားနဲ့ အရှေ့အလယ်ပိုင်းက စွမ်းအင် အဆောက်အအုံတွေအပေါ် တိုက်ခိုက်မှုတွေများလာတာကြောင့် ဖော့စဖိတ်အခြေခံ ဓာတ်မြေဩဇာထုတ်လုပ်ရာမှာ အဓိကအသုံးချတဲ့ ကုန်ကြမ်းပစ္စည်းဖြစ်တဲ့ ဆာလဖာ ထောက်ပံ့ရေးတွေ တင်းကျပ်လာပြီး၊ အိန္ဒိယနိုင်ငံရဲ့ မြေဩဇာလုပ်ငန်းဟာ ဆာလဖာဈေးနှုန်း မြင့်တက်လာမှုဒဏ်ကို ပြန်လည်ခံစားနေရပါတယ်။
အိန္ဒိယနိုင်ငံကို ရောက်ရှိလာတဲ့ ဆာလဖာတစ်တန်ရဲ့ ဈေးနှုန်းဟာ နှစ်ဆန်းပိုင်းကစပြီး နှစ်ဆနီးပါး မြင့်တက်လာခဲ့ကာ အခုဆိုရင် တစ်တန်ကို ၁,၀၅၀ ကနေ ၁,၁၀၀ ဒေါ်လာဝန်းကျင်အထိ ရောက်ရှိနေပါပြီ။ ဒါကြောင့် ဒိုင်အမိုနီယမ် ဖော့စဖိတ် (DAP)၊ စင်ဂယ် ဆူပါ ဖော့စဖိတ် (SSP) နဲ့ အခြားသော ပေါင်းစပ်မြေဩဇာ ထုတ်လုပ်သူတွေအတွက် ကုန်ကျစရိတ်တွေ ပိုမိုမြင့်တက်လာစေပါတယ်။
1 067
တိုက်ဖုန်းဒူဂျွမ်းကြောင့် ဂျပန်တွင် နှစ်ဦးေ-သဆုံး၊ တိုကျိုအနီး ခရီးသွားလာမှုများ အနှောင့်အယှက်ဖြစ်
တိုကျို၊ စက်တင်ဘာ ၂၂
အင်အားပြင်း တိုင်ဖုန်းဒူဂျွမ်း ဂျပန်နိုင်ငံ တိုကျိုမြိုအနီး ဖြတ်သန်းတိုက်ခတ်မှုကြောင့် လူနှစ်ဦးေ-သဆုံးပြီး ရေကြီးရေလျှံမှု၊ မြေပြိုမှုအန္တရာယ်များ ဖြစ်ပေါ်ခဲ့သည့်အပြင် လေကြောင်းနှင့် ရထားခရီးစဉ် ရာနှင့်ချီ ဖျ-က်သိမ်း၊ ရပ်ဆိုင်းခဲ့ရကြောင်း သိရသည်။
မုန်တိုင်းကြောင့် လူဦးရေ ၁ ဒသမ ၆ သန်းကျော်ကို ဘေးလွတ်ရာရွှေ့ပြောင်းရန် သတိပေးချက်များ ထုတ်ပြန်ခဲ့ရပြီး တိုကျိုမြိုအနီးရှိ ဒေသအချိုတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ကာ နေအိမ်သောင်းနှင့်ချီ လျှပ်စစ်မီးပြ-တ်တေ-ာက်ခဲ့သည်။
ဒူဂျွမ်းသည် တနင်္လာနေ့က တိုကျိုမြိုအနီးရှိ ခဆွတ်အူရမြို၏ တောင်ဘက် ကီလိုမီတာ ၁၃၀ ခန့်အကွာမှ ဖြတ်သန်းစဉ် တစ်နာရီလျှင် ၁၄၄ ကီလိုမီတာအထိ လေပြင်းတို-က်ခတ်ခဲ့ကြောင်း သိရသည်။
1 067
ရုရှားသူဌေးနှစ်ဦးအပေါ် ပိတ်ဆိုမှုရုပ်သိမ်းရေး EU သဘောမတူသေး
ဘရပ်ဆဲလ်၊ စက်တင်ဘာ ၂၂
ရုရှားဘီလျံနာစီးပွားရေးလုပ်ငန်းရှင် အလီရှာ အူစ်မာနော့ဗ်နှင့် မစ်ဟိုင်း ဖရစ်ဒ်မန်းတိုအပေါ် ချမှတ်ထားသည့် ပိတ်ဆိုအရေးယူမှုများ ရုပ်သိမ်းရေးနှင့်ပတ်သက်၍ ဥရောပသမဂ္ဂ (EU) အဖွဲဝင်နိုင်ငံများအကြား အပြီးသတ်သဘောတူညီမှု မရရှိသေးကြောင်း သိရသည်။
ယူကရိန်းစစ်ပွဲနှင့်ဆက်နွှယ်၍ လူပုဂ္ဂိုလ်နှင့် အဖွဲအစည်းပေါင်း ၃,၀၀၀ နီးပါးအပေါ် ချမှတ်ထားသည့် EU ပိတ်ဆိုအရေးယူမှုများ သက်တမ်းတိုးရေး ဆွေးနွေးမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် အူစ်မာနော့ဗ်နှင့် ဖရစ်ဒ်မန်းတိုကို ပိတ်ဆိုမှုစာရင်းမှ ဖယ်ရှားရန် ယာယီသဘောတူညီမှု ရရှိခဲ့သော်လည်း လတ်ဗီးယားက နောက်ဆုံးအဆင့်တွင် ကန့်ကွက်ခဲ့သဖြင့် အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း သံတမန်များက ပြောသည်။
1 067
ရှီကျင့်ဖျင် စက်တင်ဘာ ၂၃ ရက်မှ ၂၅ ရက်အထိ အမေရိကန်သို နိုင်ငံတော်ခရီးစဉ် သွားရောက်ပြီး ထရမ့်နှင့် တရုတ်-အမေရိကန်ဆက်ဆံရေး၊ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဖွံဖြိုးတိုးတက်ရေးကိစ္စများ ဆွေးနွေးမည်
ပေကျင်း၊ စက်တင်ဘာ ၂၂
တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ဖိတ်ကြားချက်အရ စက်တင်ဘာ ၂၃ ရက်မှ ၂၅ ရက်အထိ အမေရိကန်ပြည်ထောင်စုသို နိုင်ငံတော်ခရီးစဉ် သွားရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုထုတ်ပြန်ထားသည်။
1 067
ကုလသမဂ္ဂ အထွေထွေညီလာခံ တက်ရောက်ရန် အီရန် နိုင်ငံခြားရေးဝန်ကြီး အဘက်စ်အာရက်ချီ အမေရိကန်နိုင်ငံ နယူးယောက်မြိုသို ရောက်ရှိ
ကုလသမဂ္ဂ၌ ကျင်းပမည့် ကမ္ဘာ့ခေါင်းဆောင်များ၏ နှစ်ပတ်လည် အစည်းအဝေးသို တက်ရောက်ရန်အတွက် အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ်အာရက်ချီ ဦးဆောင်သော သံတမန်အဖွဲသည် စက်တင်ဘာ ၂၁ ရက်တွင် နယူးယောက်မြိုသို ရောက်ရှိကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
1 067
လပွတ္တာမြိုမဈေးကို ခေတ်မီဈေးဝယ်စင်တာအဖြစ် တည်ဆောက်ပေးရန် လွှတ်တော်၌ မေးမြန်း၊ အကျိုးတူရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီ သိုမဟုတ် လုပ်ငန်းရှင်ရှိပါက အကောင်အထည်ဖော်မည်
နေပြည်တော်၊ စက်တင်ဘာ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို အမှတ် (၅) ရပ်ကွက်ရှိ လပွတ္တာမြိုမဈေးကို ခရိုင်မြိုအင်္ဂါရပ်နှင့်အညီ ခေတ်မီဈေးဝယ်စင်တာအဖြစ် ပြန်လည်တည်ဆောက်ပေးရန် အစီအစဉ်ရှိ၊ မရှိကို စက်တင်ဘာ ၂၁ ရက်က ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် လပွတ္တာမြိုနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဆွေ (ခ) ဦးဝင်းရွှေက မေးမြန်းခဲ့သည်။
ယင်းမေးမြန်းမှုနှင့်ပတ်သက်၍ နေပြည်တော်ကောင်စီ ကောင်စီဝင် ဦးခင်မောင်လတ်က လပွတ္တာမြိုနယ် စည်ပင်သာယာရေးအဖွဲအနေဖြင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် အခွန်နှင့် သာမန်ရငွေ ကျပ် ၈၄၃ ဒသမ ၄၂ သန်း လျာထားပြီး သာမန်အသုံးစရိတ် ကျပ် ၄၀၀ ဒသမ ၈၆၅ သန်းနှင့် ငွေလုံးငွေရင်းအသုံးစရိတ် ကျပ် ၄၃၈ ဒသမ ၇၃ သန်းဖြင့် မြိုသာယာလှပရေး၊ လမ်း၊ တံတားနှင့် မြိုဖွံဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
1 067
လားရှိး၊ သာစည်၊ ကလေးနှင့် မိုးညှင်းတိုတွင် ငွေကျပ် ၃ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
𝙎𝙀𝙋~𝟐𝟐
ရှမ်းပြည်နယ် လားရှိးမြိုနှင့် သာစည်မြိုနယ်၊ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြိုနှင့် ကချင်ပြည်နယ် မိုးညှင်းမြိုနယ်တိုတွင် စက်တင်ဘာ ၁၅ ရက်မှ ၁၉ ရက်အတွင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်စဉ် ဘိန်းဖြူ၊ ဘိန်းစိမ်း၊ အိုက်စ် (မက်သ်အဖက်တမင်း)၊ စိတ်ကြွဆေးပြား၊ အက်တက်စီဆေးပြားနှင့် HAPPY WATER တိုအပါအဝင် မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခဲ့ပြီး စုစုပေါင်းဒေသတန်ဖိုးမှာ ငွေကျပ် ၃ ဘီလီယံကျော်ရှိကြောင်း သိရသည်။
Noted: ဒီနေ့တစ်ရက်တည်းကို မူးယစ်ဆေးတွေမိတာ မနည်းတော့ ဘူး။ ကျွန်တော့ စိတ်ထင် တိုင်းရင်းသားလက်နက်ကိုင်တွေဟာ နည်းလမ်း ၂ ခုနဲ့ လုပ်နေတာပါ။ တစ်ခုက သူတို့ရေရှည်ရပ်တည်နိုင်အောင် မူးယစ်ဆေးရောင်းဝယ်မှုကရတဲ့ ပိုက်ဆံကို အသုံးပြုဖို့၊ နောက်တစ်ခုက မြန်မာပြည်အလယ်ပိုင်းက ဗမာလူငယ်တွေကို မူးယစ်ဆေးနဲ့ ဖျက်စီးဖို့ပါပဲ။ သတိထားနိုင်ကြပါစေ။
1 067
ရုရှားနိုင်ငံ၌ ကျင်းပသည့် နိုင်ငံတကာနည်းပညာကွန်ဂရက်တွင် မြန်မာကိုယ်စားလှယ်အဖွဲ ပါဝင်တက်ရောက်
𝙎𝙀𝙋~𝟐𝟐
ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြိုတွင် စက်တင်ဘာ ၈ ရက်မှ ၁၀ ရက်အထိ ကျင်းပခဲ့သည့် တတိယအကြိမ် နိုင်ငံတကာနည်းပညာကွန်ဂရက်နှင့် နည်းပညာပြပွဲသို ဒီဂျစ်တယ်ဖွံဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းဇေယျာလှိင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ တက်ရောက်ခဲ့သည်။
1 067
လုံခြုံရေးနှင့် သက်ဆိုင်သည့် မည်သည့်ကိစ္စရပ်မဆို အလေးအနက်ထားထိန်းသိမ်းကြရန် ဒုတပ်ချုပ်တိုက်တွန်း
𝙎𝙀𝙋~𝟐𝟐
သတင်းလုံခြုံရေးကို တစ်ဦးချင်းစီက အထူးဂရုပြုဆောင်ရွက်ကြရမည်ဖြစ်ပြီး သတင်းလုံခြုံမှုကျိုးပေါက်ခြင်းကြောင့် များစွာသောထိခိုက်ဆုံးရှုးမှုများ ဖြစ်ပေါ်နိုင်သဖြင့် လုံခြုံရေးနှင့် သက်ဆိုင်သည့် မည်သည့်ကိစ္စရပ်မဆို အလေးအနက်ထားထိန်းသိမ်းကြရန်လိုကြောင်း ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းက တိုက်တွန်းပြောကြားသည်။
စက်တင်ဘာ ၂၁ ရက်၊ မွန်းလွဲပိုင်းက ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ဝန်းအတွင်းရှိ ရုံးဌာနအသီးသီးမှ တပ်မတော်အရာရှိကြီးများအား နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်ခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားစဥ် ယခုလိုတိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။
1 067
အီတလီနိုင်ငံအတွင်းရှိ ကျောင်းများတွင် မျက်နှာဖုံးစွပ်ဝတ်ဆင်မှု တားမြစ်ရန် နဲ့ နိုင်ငံခြားသား ကျောင်းသားဦးရေကို ကန့်သတ်သွားမည့် ဥပဒေကြမ်းတစ်ရပ်ကို ရေးဆွဲပြင်ဆင်လျက်ရှိ
စက်တင်ဘာ - ၂၂
အီတလီနိုင်ငံအတွင်းရှိ ကျောင်းများတွင် မျက်နှာဖုံးစွပ်ဝတ်ဆင်မှု တားမြစ်ရန် နဲ့ စာသင်ခန်းများလက်ခံရမယ့် နိုင်ငံခြားသား ကျောင်းသားဦးရေကို ကန့်သတ်သွားမည့် ဥပဒေကြမ်းတစ်ရပ်ကို ရေးဆွဲပြင်ဆင်လျက်ရှိကြောင်း ဝန်ကြီးချုပ် ဂျော်ဂျီယာ မယ်လိုနီက တနင်္ဂနွေနေ့တွင် ပြောကြားလိုက်ပါတယ်။
1 067
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် “လယ်ယာကဏ္ဍ ဖွံဖြိုးတိုးတက်မှုမှသည် နိုင်ငံထုတ်ကုန်တိုးတက်မှုသို” အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားသို တက်ရောက်အမှာစကားပြောကြား
နေပြည်တော၊ စက်တင်ဘာ ၂၂
“လယ်ယာကဏ္ဍ ဖွံဖြိုးတိုးတက်မှုမှသည် နိုင်ငံထုတ်ကုန်တိုးတက်မှုသို” အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့က နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန- ၁ (MICC-1) ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် တက်ရောက်အမှာစကားပြောကြားသည်။
1 067
သာစည်မြိုနယ်တွင် စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ
နေပြည်တော်၊ စက်တင်ဘာ ၂၂
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲမှ တပ်ဖွဲဝင်များပါဝင်သော ပူးပေါင်းအဖွဲသည် သက်သေများနှင့်အတူ စက်တင်ဘာလ ၁၉ ရက်နေ့ ၂၁၄၅ အချိန် သာစည်မြိုနယ်၊ ကျွဲတပ်ဆုံကျေးရွာအနီးတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် တောင်ကြီးမြိုဘက်မှ ပဲခူးမြိုဘက်သို မောင်းနှင်လာသည့် ခရီးသည်တင် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် လိုက်ပါလာသောခရီးသည် မမူစန်းအေး ထံမှ စိတ်ကြွဆေးပြား ၁၀,၀၀၀ ပြား(ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၂၀၀)နှင့် လက်ကိုင်ဖုန်း ၁ လုံးတိုအား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် မမူစန်းအေး(၃၁)နှစ်အား သာစည်မြိုမရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
1 067
လားရှိးမြိုတွင် ငွေကျပ် ၁,၆၂၅.၈၅ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
နေပြည်တော်၊ စက်တင်ဘာ ၂၂
လုံခြုံရေးတပ်ဖွဲဝင်များပါဝင်သော ပူးပေါင်းအဖွဲသည် သတင်းအရ သက်သေများနှင့်အတူ စက်တင်ဘာလ ၁၇ ရက်နေ့ ၁၉၁၅ အချိန် လားရှိးမြို၊ ရပ်ကွက်(၁၂)၊ ဈေးတန်းလမ်းနေ စိုင်းရွှေအောင်(ခ)စိုင်းလုံ ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ မနန်းအုန်းကြည်(ခ)အေးအောင် အားတွေ့ရှိပြီး နေအိမ်အတွင်းမှ ဘိန်းဖြူ အလေးချိန် ၅ ဂရမ်(ဒေသကာလတန်ဖိုးငွေကျပ် ၁ သိန်း)၊ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် Happy Water အလေးချိန် ၂.၉၀၅ ကီလို(ဒေသကာလတန်ဖိုးငွေကျပ် ၁,၃၀၇.၂၅ သိန်း)၊ အိုက်စ်(မက်သ်အဖက်တမင်း)အလေးချိန် ၉၀၀ ဂရမ်(ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၁၈၀)၊ အက်တက်စီဆေးပြား ၅၀၀ ပြား(ဒေသကာလတန်ဖိုးငွေကျပ် ၁၂၅ သိန်း)၊ Happy Water ပြုလုပ်ရာတွင်အသုံးပြုသည့် အဖြူရောင်အမှုန့် ၃၆၀ ဂရမ်(ဒေသကာလတန်ဖိုးငွေကျပ် ၁၂.၆ သိန်း)၊ လက်ကိုင်ဖုန်း ၁ လုံး၊ ဆက်စပ်ပစ္စည်းများနှင့်အတူ တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် စိုင်းရွှေအောင်(ခ)စိုင်းလုံ(၆၄)နှစ် နှင့် မနန်းအုန်းကြည်(ခ)အေးအောင်(၆၀)နှစ်တိုအား လားရှိးနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
1 067
လယ်ယာကဏ္ဍမှ တန်ဖိုးမြှင့်ထုတ်ကုန်နှင့် ပိုကုန်တိုးတက်ရေး ချိတ်ဆက်ဆောင်ရွက်ရန် နိုင်ငံတော် သမ္မတ တိုက်တွန်း
နေပြည်တော်၊ စက်တင်ဘာ ၂၁
လယ်ယာနှင့် မွေးမြူရေးကဏ္ဍကို ရိုးရာထုတ်လုပ်မှုစနစ်မှ ခေတ်မီ၊ ထိရောက်ပြီး ရေရှည်တည်တံ့သည့် ထုတ်လုပ်မှုစနစ်သို ပြောင်းလဲကာ ကုန်ကြမ်းအဆင့်မှ တန်ဖိုးမြှင့်ထုတ်ကုန်၊ စက်မှုလုပ်ငန်းနှင့် ပြည်တွင်း၊ ပြည်ပဈေးကွက်အထိ တန်ဖိုးကွင်းဆက်တစ်လျှောက် ချိတ်ဆက်ဖော်ဆောင်၍ နိုင်ငံ့ထုတ်ကုန်နှင့် ပြည်သူ့ဝင်ငွေ တိုးတက်စေရန် ဆောင်ရွက်သွားကြရမည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်က ပြောကြားသည်။
1 067
မိုးညှင်းမြိုနယ်တွင် ဘိန်းစိမ်းများ ဖမ်းဆီးရမိ
နေပြည်တော်၊ စက်တင်ဘာ ၂၂
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲမှ တပ်ဖွဲဝင်များပါဝင်သော ပူးပေါင်းအဖွဲသည် သက်သေများနှင့်အတူ စက်တင်ဘာလ ၁၇ ရက်နေ့ ၁၂၃၀ အချိန် မိုးညှင်းမြိုနယ်၊ နန့်စီးအောင်ကျေးရွာအနီးတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် ကျော်လင်း မောင်းနှင်လာသည့် MAZDA အမျိုးအစား မော်တော်ယာဉ်များအား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော ဘိန်းစိမ်း အလေးချိန် ၂၆ ကီလို(ဒေသကာလတန်ဖိုးငွေကျပ် ၃၁၂ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတိုအား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ကျော်လင်း(၅၃)နှစ်အား မိုးညှင်းမြိုမရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
1 067
ကလေးမြိုတွင် ငွေကျပ် ၁ ဒသမ ၉ ဘီလီယံတန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ
နေပြည်တော်၊ စက်တင်ဘာ ၂၁
လုံခြုံရေးတပ်ဖွဲဝင်များပါဝင်သော ပူးပေါင်းအဖွဲသည် သတင်းအရ သက်သေများနှင့်အတူ စက်တင်ဘာလ ၁၅ ရက်နေ့ ၂၂၀၀ အချိန် ကလေးမြို၊ ချမ်းမြေ့အောင်စည်ရပ်ကွက်နေ မညန်ရှန်းဝုန်(ခ)ဝုန်ပီး(ခ)ချင်းမ ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ စိတ်ကြွဆေးပြား ၇၆၀,၀၀၀ ပြား(ဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၉ ဘီလီယံ)နှင့် လက်ကိုင်ဖုန်း ၁ လုံးတိုအား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် မညန်ရှန်းဝုန်(ခ)ဝုန်ပီး(ခ)ချင်းမ(၃၇)နှစ်အား ကလေးမြိုမရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
1 067
ရိုးသားသော တိုင်းရင်းသားပြည်သူများကို သွေးထိုးလှုဆော်၍ အကြမ်းဖက်မှုလုပ်ရပ်များ လုပ်ဆောင်ကာ နိုင်ငံတော်ပြိုကွဲအောင် လုပ်ဆောင် လာခဲ့သဖြင့် တပ်မတော်အနေဖြင့် နိုင်ငံတော်ကာကွယ်ရေးအတွက် အသက်သွေးချွေး များစွာ ပေးဆပ်၍ စွမ်းစွမ်းတမံ ကြိုးပမ်းကာကွယ်လျက်ရှိကြောင်း ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း ပြောကြား
1 067
“မဟာကမ္မဋ္ဌာနာစရိယ” ဘွဲတံဆိပ်တော်ရရှိတော်မူသော ပြည်ပဘွဲခံဆရာတော်အား ဘွဲတံဆိပ်နှင့် အဆောင်အယောင်များ ဆက်ကပ်လှူဒါန်း
ဗန်ကောက်၊ စက်တင်ဘာ ၂၁
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရမှ ၂၀၂၆ ခုနှစ်အတွက် သာသနာတော် ဆိုင်ရာ ဘွဲတံဆိပ်များ ချီးမြှင့်အပ်နှင်းရာတွင် ထိုင်းနိုင်ငံမှ မဟာကမ္မဋ္ဌာနာစရိယ ဘွဲတံဆိပ်တော်ရရှိသည့် ပြည်ပဘွဲခံဆရာတော် ဘဒ္ဒန္တပရမာနန္ဒအား ဘွဲတံဆိပ်တော်နှင့် အဆောင်အယောင်များ ဆက်ကပ်လှူဒါန်းသည့် မင်္ဂလာအခမ်းအနားကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက် (တနင်္လာနေ့) တွင် ဗန်ကောက်မြို၊ မြန်မာသံရုံး၌ ကျင်းပခဲ့ပါသည်။
1 067
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သီးထပ်စွမ်းအားမြှင့်တင်နိုင်ပါက အမေရိကန်ဒေါ်လာ(၁၂)ဘီလီယံခန့်အထိ ပိုမိုရရှိနိုင်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြော
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သီးထပ်စွမ်းအားမြှင့်တင်နိုင်ပါက အမေရိကန်ဒေါ်လာ(၁၂)ဘီလီယံခန့်အထိ ပိုမိုရရှိနိုင်သည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ စက်တင်ဘာ ၂၁ ရက်နံနက်ပိုင်းကကျင်းပသည့် "လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုမှသည် နိုင်ငံ့ထုတ်ကုန်တိုးတက်မှုသို့"အမျိုးသားအဆင့်အလုပ်ရုံဆွေးနွေးပွဲ၌ပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် လယ်ယာထုတ်ကုန်များတိုးမြှင့်ရန်လိုအပ်နေသည်ကိုတွေ့ရှိရကာ မြန်မာနိုင်ငံ၏ အဓိကပို့ကုန်များထဲတွင် လယ်ယာထွက်ကုန်များသည် အရေး ကြီးသည့်အခန်းကဏ္ဍတွင်ပါဝင်ပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ(၄ ဒသမ ၇၄၁)ဘီလီယံ၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ(၃ ဒသမ ၇၄၃)ဘီလီယံတင်ပို့နိုင်ခဲ့သည်ဟု ပြောသည်။
