သိင်္ခ
Ir al canal en Telegram
အသိတိုး
Mostrar másEl país no está especificadoLa categoría no está especificada
1 060
Suscriptores
-224 horas
-87 días
-7230 días
Archivo de publicaciones
1 060
ရုရှားမှာရှိတဲ့ အမေရိကန်ကုမ္ပဏီတွေက ထွက်ခွာချင်စိတ်မရှိကြဘူး လို ပြော
စက်တင်ဘာ - ၄ ( သောကြာနေ့ )
အမေရိကန်အစိုးရက ပိတ်ပင်ထားပေမဲ့လည်း အမေရိကန်ကုမ္ပဏီ ၃၀၀ ကျော်ဟာ ရုရှားမှာ ဆက်လက် စီးပွားရေးလုပ်ကိုင်နေကြပြီး ရုရှားဈေးကွက်ထဲကနေ ထွက်ခွာဖို အစီအစဉ်လည်း မရှိကြပါဘူးလို သမ္မတ၏ အကြံပေးပုဂ္ဂိုလ်နဲ့ အရှေ့ဖျားစီးပွားရေးဖိုရမ် (EEF) စည်းရုံးရေးကော်မတီ၏ အလုပ်အမှုဆောင်အတွင်းရေးမှူး အန်တွန် ကိုဘယာကော့ဗ် က EEF ဖိုရမ်ကျင်းပစဉ်အတွင်း TASS သတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။
"ကျနော်တို ဈေးကွက်ထဲမှာ အမေရိကန်ကုမ္ပဏီ ၃၀၀ ကျော် ဆက်ကျန်နေပါသေးတယ်" လို ကိုဘယာကော့ဗ်က ပြောပါတယ်။ "အမေရိကန်အာဏာပိုင်တွေက ကုမ္ပဏီတွေကို တိုက်ရိုက်ပိတ်ပင်တာ ဒါမှမဟုတ် ရုရှားမှာ မလုပ်ကိုင်ဖို တားမြစ်ထားတာတွေ ရှိနေပေမဲ့လည်း အမေရိကန်ကုမ္ပဏီ ၃၀၀ ဟာ ရုရှားဈေးကွက်ထဲမှာ ဆက်လက် အလုပ်လုပ်နေကြတာပါ"လို ဆိုပါတယ်။
1 060
Repost from Gyar Nuu (ဂျာနူး)✍️
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို တရားဝင်ချစ်ကြည်ရေး ခရီးစဉ်
1 060
+4
ပြ့ည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် နှင့် ဇနီး ဒေါ်ကြူကြူလှ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို တရားဝင်ခရီးစဉ်(Official Visit) စတင်ထွက်ခွာ
နေပြည်တော်၊ စက်တင်ဘာ - ၄
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတနှင့်ဇနီး ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲသည် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ တိုလန်းနှင့်ဇနီးတို၏ ဖိတ်ကြားချက်အရ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို တရားဝင်ခရီးစဉ်(Official Visit) သွားရောက်ရန်အတွက် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်လေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာကြသည်။
လေဆိပ်တွင် ဒုတိယသမ္မတဒေါ်နန်းနီနီအေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီနှင့်ဇနီး၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးနှင့်ဇနီး၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံသံရုံးတိုမှ တာဝန်ရှိသူများက ပိုဆောင်နှုတ်ဆက်ကြသည်။
1 060
+1
အင်ဒိုနီးရှားနိုင်ငံတစ်ဝန်း အခမဲ့ကျောင်းအစားအစာအစီအစဉ်ကြောင့် သုံးရက်အတွင်း ကျောင်းသား နှင့် ဆရာ၊ ဆရာမ ၂,၀၀၀ ကျော် ခန့် အစာအဆိပ်သင့်
၄.၉.၂၀၂၆
အင်ဒိုနီးရှားနိုင်ငံတစ်ဝန်းရှိ ကျောင်းသားနှင့် ဆရာ၊ ဆရာမ ၂,၀၀၀ ခန့်သည် စက်တင်ဘာလ အစောပိုင်းက အစိုးရ၏ အခမဲ့ကျောင်းနေ့လည်စာအစီအစဉ်နှင့် ဆက်စပ်၍ ပြီးခဲ့သည့် သုံးရက်အတွင်း အစာအဆိပ်သင့်မှုဖြင့် ဖျားနာခဲ့ကြရာ သမ္မတ ပရာဘိုဝို ဆူဘီယန်တို၏ အခမဲ့ အာဟာရပြည့်ဝသော အစားအစာများ အစီအစဉ်အပေါ် ပြင်းထန်သော ထိုးနှက်ချက်တစ်ခု ဖြစ်ပေါ်စေခဲ့ကြောင်းသိရသည်။
အစိုးရမှ ပံ့ပိုးပေးသော အခမဲ့ကျောင်းအစားအစာများကို စားသုံးပြီးနောက် အင်ဒိုနီးရှားတွင် လူပေါင်းထောင်နှင့်ချီ၍ အစာအဆိပ်သင့်ခဲ့ရကြောင်း သတင်းများက ဖေါ်ပြခဲ့သည်။
1 060
ရွှေတြိဂံဒေသ သုံးနိုင်ငံ နယ်စပ်မျဉ်းပေါ်က ထိုင်းနိုင်ငံ ချင်းဆန်းမြိုနယ်အတွင်း အမျိုးသား(၂)ဦးသယ်ဆောင်လာတဲ့ စိတ်ကြွဆေးပြား ခန့်မှန်း (၂.၈) သန်း ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲက စက်တင်ဘာ (၃) ရက်ထုတ်ပြန်ထားပါတယ်။
ထိုင်း-မြန်မာ နယ်စပ်မြိုဖြစ်တဲ့ မယ်ဆိုင်မြိုကနေ လန်းပန်းမြိုကိုသွားရောက်ပိုဆောင်ဖိုအတွက် ချင်းဆဲန့်မြိုကို ဖြတ်သန်းသွားတဲ့ ချင်းမိုင်လိုင်စင်နံပါတ်ပါ ကားပေါ်မှာ စိတ်ကြွဆေးပြားတွေ ထည့်သွင်းသယ်ဆောင်လာတဲ့ ဆာလာအိတ်(၁၄)အိတ်နဲ့အတူ တရားခံ(၂)ဦးကို ဖမ်းဆီးရမိတာလို သိရပါတယ်။
1 060
မြန်မာ-ရုရှား ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်မြှင့်တင်မည်ဟု ဒုတိယသမ္မတ ဦးညိုစော ပြောကြား
ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဗော့စတော့မြို၌ ကျင်းပသည့် (၁၁)ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ် (Eastern Economic Forum - EEF) မျက်နှာစုံညီအစည်းအဝေးသို ဒုတိယသမ္မတ ဦးညိုစော တက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့သည်ဟု သိရသည်။
အဆိုပါအစည်းအဝေးကို စက်တင်ဘာ ၃ ရက် ဒေသစံတော်ချိန် ညနေ ၄ နာရီတွင် ရုရှားအရှေ့ဖျားဖက်ဒရယ်တက္ကသိုလ်နယ်မြေရှိ အဆောက်အဦ၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး RBC TV Channel မှ ကီရီးလ်တာကာရက်ဗ်က Moderator အဖြစ် ဆောင်ရွက်ခဲ့သည်။
1 060
ဖလမ်းရှိ ပျက်စီးခဲ့သည့် ဌာနဆိုင်ရာအဆောက်အအုံ ၂၀၈ ခု ပြန်လည်ပြုပြင်နေပြီး ကျပ် ၉၆၀၁ သန်းကျော် အသုံးပြုမည်ဟုဆို
အကြမ်းဖက်ဖြစ်စဉ်များကြောင့် ပျက်စီးခဲ့သည့် ချင်းပြည်နယ်၊ ဖလမ်းခရိုင်နှင့် မြိုနယ်အဆင့် ဌာနဆိုင်ရာ ၃၉ ခုမှ တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် အဆောက်အအုံ ၂၀၈ ခုကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုခွင့်ပြုရန်ပုံငွေဖြင့် ပြန်လည်ပြုပြင်လျက်ရှိကြောင်း သိရသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်က စက်တင်ဘာ ၃ ရက် နံနက်ပိုင်းတွင် ဖလမ်းမြိုတော်ခန်းမ၌ ဌာနဆိုင်ရာများနှင့် တွေ့ဆုံစဉ် ပြောကြားရာတွင် အဆိုပါ အဆောက်အအုံ ၂၀၈ ခု ပြုပြင်ရန်အတွက် ခွင့်ပြုရန်ပုံငွေ ကျပ် ၉၆၀၁ ဒသမ ၂၆၈၂၇ သန်း အသုံးပြုမည်ဖြစ်ပြီး ကုမ္ပဏီ ၁၄၈ ခုက ဩဂုတ် ၃ ရက်မှ စတင်ကာ လုပ်ငန်းများ ဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။
1 060
ဘိုးအင်း ကုမ္ပဏီက လေယာဉ်ပျက်ကျတဲ့အထဲကို ပါသွားတဲ့ ကင်ညာနိုင်ငံသားတွေအတွက် လျော်ကြေး ဒေါ်လာ သန်း ၈၀ ကျော်ပေးအပ်မည်
စက်တင်ဘာ - ၄ (သောကြာနေ့)
၂၀၁၉ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ အီသီယိုပီးယား လေးကြောင်းလိုင်း လေယာဉ်အမှတ် ၃၀၂ ပျက်ကျမှုမှာ သေဆုံးခဲ့ရသူ ကင်ညာနိုင်ငံသား ၃၂ ဦးရဲ့ မိသားစုဝင်တွေကို ဘိုးအင်းကုမ္ပဏီက လျှော်ကြေးငွေ စုစုပေါင်း ဒေါ်လာ ၈၇.၃ သန်း ပေးတော့မယ်လို ကင်ညာမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
1 060
ညောင်တုန်းနှင့် မအူပင်မြိုနယ် ရေဘေးသင့်ကျောင်းများ ပြန်လည်ဖွင့်လှစ်၊ ကျောင်းသုံးပစ္စည်းများ ထောက်ပံ့ပေး
ဧရာဝတီတိုင်းဒေသကြီးအတွင်း မြစ်ရေမြင့်တက်မှုနှင့် မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ယာယီပိတ်ထားရသည့် အခြေခံပညာကျောင်းများအနက် ရေပြန်လည်ကျဆင်းသွားသည့် ကျောင်းများကို ဆေးကြောသန့်စင်၍ ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။
1 060
G20 ဆွေးနွေးပွဲကို ပူတင်ကိုဖိတ်ဖို မစဉ်းစားရသေးဘူးလို ထရမ့်ပြော
လာမယ့် ဒီဇင်ဘာလ အမေရိကန်မှာ ကျင်းပမယ့် G20 ထိပ်သီးဆွေးနွေးပွဲအတွက် ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ဖိတ်ဖို မစဉ်းစားရသေးဘူးလို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောပါတယ်။
GB News ရုပ်သံလိုင်းနဲ့ အင်တာဗျူးမှာ သူက "ဒီအကြောင်း ကျွန်တော် မစဉ်းစားရသေးပါဘူး" လို ဖြေကြားခဲ့တာပါ။
ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းတုန်းကတော့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းရင်းမြစ်တွေကို ကိုးကားပြီး ပူတင်ကို G20 ပွဲ ဖိတ်ဖို ထရမ့် စဉ်းစားနေတယ်လို The Washington Post သတင်းစာက ဖော်ပြခဲ့ပါသေးတယ်။ အဲဒီပွဲကို ဖလော်ရီဒါပြည်နယ်၊ မိုင်ယာမီမြိုမှာ ဒီဇင်ဘာ ၁၄ ရက်နဲ့ ၁၅ ရက်နေ့တွေမှာ ကျင်းပမှာပါ။
ဒီဇင်ဘာလ အမေရိကန်မှာ လုပ်မယ့် လာမယ့် G20 ပွဲကို ရုရှားသမ္မတ တက်ရောက်တာဟာ အရမ်းအကျိုးရှိလိမ့်မယ်လို ထရမ့်က သတင်းထောက်တွေကို နောက်ပိုင်းမှာ ပြောဆိုခဲ့ဖူးပါတယ်။
1 060
ငြိမ်းချမ်းရေးတော့ မရဘူး ကျည်ဆံပဲရမယ်ဆိုတဲ့ ရခိုင်ဒေသကြီးကို ရေကြောင်း၊ လေကြောင်းတွေနဲ့ စတွယ်ပြီပေါ့။
1 060
အုတ်တွင်းတွင် လိမ်လည်အလှူခံစားသည့် အဖွဲ ၈ ဦးကို ဖမ်းဆီးပြီး သုံးရက်အတွင်း ထောင်ဒဏ်ချမှတ်
《𝙎𝙀𝙋~𝟑》
ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြိုနယ်အတွင်း ကျေးရွာများသို လှည့်လည်ကာ အလှူခံငွေများ ရယူစားသောက်နေသည့် အဖွဲတစ်ဖွဲမှ အဖွဲဝင် ၈ ဦးကို ဖမ်းဆီးပြီးနောက် အုတ်တွင်းမြိုနယ်တရားရုံးက ထောင်ဒဏ်နှင့် ဒဏ်ငွေများ ချမှတ်လိုက်ကြောင်း သိရသည်။
အဆိုပါအဖွဲဝင် ၈ ဦးသည် ဩဂုတ် ၃၁ ရက်က ဖမ်းဆီးခံခဲ့ရပြီး သုံးရက်အကြာ စက်တင်ဘာ ၃ ရက်တွင် တရားရုံးက တစ်ဦးလျှင် ထောင်ဒဏ် ၃ လနှင့် ဒဏ်ငွေ ကျပ် ၅ သောင်းစီ ချမှတ်ခဲ့ခြင်းဖြစ်သည်။
သိရသည့်အချက်များအရ အဆိုပါအဖွဲသည် အုတ်တွင်းမြိုနယ်၊ ကျောင်းရှစ်ဆယ်အုပ်စု၊ ထန်းကုန်းရွာတွင် တစ်လလျှင် အိမ်ငှားခ ကျပ် ၁ သိန်းခွဲဖြင့် နေထိုင်ကာ လအတော်ကြာ အလှူခံလိမ်လည်မှုများ ပြုလုပ်နေခဲ့ကြောင်း သိရသည်။
အဆိုပါအဖွဲသည် ယခင်ကလည်း အုတ်တွင်းမြိုနယ်အတွင်း အလှူခံမှုများ ပြုလုပ်ခဲ့ဖူးသဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများက ခေါ်ယူသတိပေးကာ နောက်ထပ်မပြုလုပ်ရန် ခံဝန်လက်မှတ်ရေးထိုးစေပြီး မြိုနယ်အတွင်းမှ ထွက်ခွာရန် ပြောဆိုခဲ့ဖူးကြောင်း သိရသည်။
1 060
ဆန်စပါးကဏ္ဍ စက်သုံးဆီလိုအပ်ချက် အချိန်နှင့်တစ်ပြေးညီ ဖြည့်တင်းနိုင်ရေး MRF အသင်းဝင်ကုမ္ပဏီ ၄၁ ခုနှင့် DENKO Trading Co., Ltd တို MoA လက်မှတ်ရေးထိုး
ရန်ကုန်၊ စက်တင်ဘာ ၃
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီ လုပ်ငန်းညှိနှိင်းအစည်းအဝေးနှင့် လယ်ယာကဏ္ဍ စက်သုံးဆီလိုအပ်ချက်များကို ပူးပေါင်းညှိနှိင်းဖြည့်တင်းနိုင်ရေးအတွက် Memorandum of Agreement (MoA) လက်မှတ်ရေးထိုးခြင်း အစီအစဉ်ကို စက်တင်ဘာ ၁ ရက်တွင် ရန်ကုန်မြိုရှိ ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) မင်္ဂလာခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ အစည်းအဝေးတွင် ဆန်ပြည်ပတင်ပိုမှု မြှင့်တင်ရေး၊ အသင်းချုပ်၏ ဖွဲစည်းပုံပြင်ဆင်ရေးနှင့် ရှေ့လုပ်ငန်းစဉ်များကို ညှိနှိင်းဆွေးနွေးခဲ့ကြသည်။
1 060
+3
နီပေါနိုင်ငံရေဘေးကြောင့် ေ-သဆုံးပျ-က်စီးခဲ့ရမှုများအတွက် MOFA ဒု-ဝန်ကြီးက မြန်မာအစိုးရ(ကိုယ်စား) ဝမ်းနည်းကြောင်းမှတ်တမ်းစာအုပ်တွင်လက်မှတ်ထိုး
ပြီးခဲ့သည့် သြဂုတ် ၂၆ ရက်က နီပေါနိုင်ငံတွင်ဖြစ်ပွားခဲ့သည့် ရုတ်တရက်ရေကြီးရေလျှံမှုဖြစ်စဥ်၌ ေ-သဆုံးပျ-က်စီးခဲ့ရမှုများအတွက် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးနိုင်မင်းကျော်က မြန်မာအစိုးရ(ကိုယ်စား) ဝမ်းနည်းကြောင်းမှန်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးခဲ့သည်။
ရန်ကုန်မြိုရှိ မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံရုံးတွင် ဖွင့်လှစ်ထားသော ဝမ်းနည်းကြောင်းမှတ်တမ်းစာအုပ်၌ ယနေ့ စက်တင်ဘာ ၃ ရက်တွင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။
ထိုပြင် နီပေါနိုင်ငံသံအမတ်ကြီးအားတွေ့ဆုံ၍ နီပေါနိုင်ငံတွင် ရုတ်တရက်ရေကြီးရေလျှံမှုကြောင့် လူပေါင်းများစွာ အသက်အိုးအိမ်ဆုံးရှုးမှုဖြစ်ပေါ်ခဲ့မှုအပေါ် မြန် မာနိုင်ငံတော်အစိုးရကိုယ်စားဝမ်းနည်းပြီး စာနာထောက်ထားသည်ဟု ပြောကြားခဲ့သည်။
1 060
“အလွန်ကြီးမားတဲ့ El Niño ဖြစ်စဉ်တစ်ခု ဖြစ်လာနိုင်ပြီး၊ မှတ်တမ်းတင်ထားသမျှထဲမှာ အင်အားအပြင်းဆုံး El Niño ဖြစ်လာနိုင်တယ်လို ကုလသမဂ္ဂက ပြောပါတယ်။”
လူတွေရဲ့ တားမရတော့တဲ့ လောဘ၊ ဒေါသ၊ မောဟ တွေကြောင့် အယ်နီနိုလဲ စူပါအရွယ်အစားနဲ့ လာမဲ့နှစ်တွေမှာ ကမ္ဘာကြီးကိုဒုက္ခပေးပါတော့မယ်၊
လူသားတို အသင့်ပြင်ထားကြပါတော့
NZL
1 060
န်မာနိုင်ငံအနေဖြင့် ဒေသတွင်းနှင့် နိုင်ငံတကာမိတ်ဖက်များအားလုံးနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်ရန်အသင့်ရှိဟု ဒုတိယသမ္မတ ဦးညိုစော ပြော
မြန်မာနိုင်ငံအနေဖြင့် ဒေသတွင်းနှင့် နိုင်ငံတကာမိတ်ဖက်များအားလုံးနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်ရန်အသင့်ရှိသည်ဟု ဒုတိယသမ္မတ ဦးညိုစောက ယနေ့ စက်တင်ဘာ ၄ ရက်တွင် ရုရှားနိုင်ငံ၊ ဗလာဒီဗော့စတော့မြို၌ကျင်းပသည့် (၁၁)ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်တွင်မိန့်ခွန်းပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
"မြန်မာနိုင်ငံအနေနဲ့ ဒေသတွင်း၊ နိုင်ငံတကာမိတ်ဖက်တွေအားလုံးနဲ့ ပိုမိုချိတ်ဆက်ပြီး ခိုင်မာဘက်စုံဖွံဖြိုးတိုးတက်တဲ့ ဒေသတစ်ရပ်တည်ဆောက်နိုင်ဖိုအတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားဖိုအသင့်ရှိပါတယ်"ဟု ဒုတိယသမ္မတ ဦးညိုစောက ပြောသည်။
ထိုပြင် Digital Transformation Artificial Intelligence Innovation & Modern Infrastructure တိုသည် စီးပွားရေးလုပ်ငန်းများအတွက်အခွင့်အလမ်းများဖန်တီးပေးနိုင်ပြီး ပြည်သူ့ဝန်ဆောင်မှုများနှင့် လူမှု စီးပွားဘဝတိုးတက်ကောင်းမွန်စေရန်အရေးပါသည်ဟု ပြောသည်။
1 060
အလွန်ပြင်းထန်မည့် အယ်လ်နီညိုကြောင့် ကမ္ဘာ့ရာသီဥတု ဖောက်ပြန်မှု အန္တရာယ် ၂၀၂၇ ခုနှစ်အထိ ဆိုးရွားနေမည်ဟု WMO ထုတ်ပြန်
3 Sep 2026
အလွန်ပြင်းထန်မည့် အယ်လ်နီညိုကြောင့် ကမ္ဘာ့ရာသီဥတု ဖောက်ပြန်မှု အန္တရာယ် ၂၀၂၇ခုနှစ်အထိ ဆိုးရွားနေမည်ဟု ကမ္ဘာ့မိုးလေဝသအဖွဲချုပ် (WMO) က ယနေ့(စက်တင်ဘာ ၃ရက်)တွင် ထုတ်ပြန်ထားသည်။
WMO ၏ ခန့်မှန်းချက်များအရ အယ်လ်နီညိုသည် ၂၀၂၇ ခုနှစ် ဖေဖော်ဝါရီလအထိ ဆက်လက်ဖြစ်ပေါ်နေမည့် ဖြစ်နိုင်ခြေမှာ ၁၀၀ ရာခိုင်နှုန်းနီးပါးရှိနေကြောင်း၊ ယင်းကဲ့သို ဖြစ်နိုင်ခြေ အလွန်မြင့်မားသည့် ခန့်မှန်းချက်ကို WMO ၏ El Niño/La Niña ဆိုင်ရာ ထုတ်ပြန်ချက်များတွင် ယခုအကြိမ်သည် အထူးထင်ရှားသည့် အခြေအနေတစ်ရပ်ဖြစ်ကြောင်း ဖော်ပြထားသည်။
1 060
ရန်ကုန်-မန္တလေး အမြန်လမ်းတွင် လမ်းသား အလျား ၃၀ ပေခန့် နိမ့်ကျနေ၍ ပြုပြင်နေ၊ ယာဉ်မောင်းများ ဂရုပြုရန် သတိပေး
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် ၃၁၁/၃ နှင့် ၃၁၁/၄ ကြား (နေပြည်တော်မှ မန္တလေးသို အသွားလမ်း) ဘယ်ဘက်ယာဉ်ကြော၌ လမ်းသား အလျား ၃၀ ပေခန့် နိမ့်ကျနေသဖြင့် ကွန်ကရစ်လမ်းသားသစ် ခင်းကျင်းခြင်း လုပ်ငန်းများ ပြုလုပ်လျက်ရှိသည်။
ယင်းသို ပြုပြင်နေမှုကြောင့် စက်တင်ဘာ ၃ ရက် နံနက်ပိုင်းမှစ၍ အဆိုပါ နေရာ၏ အတွင်းဘက်လမ်း ၅၀၀ ပေခန့်ကို ယာယီ ပိတ်ထားရသည်။
သိုဖြစ်ပါ၍ နေပြည်တော်မှ မန္တလေးသို မောင်းနှင်သည့် ယာဉ်များအနေဖြင့် မိုင်တိုင်အမှတ် ၃၁၁/၃ သို ချဉ်းကပ်ချိန်တွင် ညာဘက်ယာဉ်ကြောအတိုင်း ဂရုပြု မောင်းနှင်ကြရန် အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲက သတိပေးထားသည်။
1 060
+4
စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် ချထားပေးသည့် မြေနေရာများအား အခြားနည်းများဖြင့် သုံးစွဲမှုများမရှိအောင် စနစ်တကျ ကြပ်မတ်ဆောင်ရွက်နေရန်လိုကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် လမ်းညွှန်မှာကြား
ပြည်သူများသက်သာသောဈေးနှုန်းများဖြင့် အသား၊ ငါးနှင့် ဥများလုံလောက်စွာ ဝယ်ယူစားသုံးနိုင်ရေး သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲမှ တာဝန်ရှိသူများက စီမံတွက်ချက်လျာထားဆောင်ရွက်သွားရန်လိုကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် ချထားပေးသည့် မြေနေရာများအား အခြားနည်းများဖြင့် သုံးစွဲမှုများမရှိအောင် စနစ်တကျကြပ်မတ် ဆောင်ရွက်နေရန်လိုကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် က ဩဂုတ်လ ၂၉ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြိုနယ်အတွင်း မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများကို လမ်းညွှန်မှာကြားခဲ့တာဖြစ်ပါတယ်။
