es
Feedback

¡No caigas en manos de tramposos! Telemetrio encuentra y marca estos canales 👉 Si quieres ver la etiqueta, suscríbete

သိင်္ခ

သိင်္ခ

Ir al canal en Telegram

အသိတိုး

Mostrar más
El país no está especificadoLa categoría no está especificada
1 062
Suscriptores
Sin datos24 horas
-227 días
-7830 días
Archivo de publicaciones
ရန်ကုန် စက်တင်ဘာ ၉ ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့၌ ကျင်းပလျက်ရှိသည့် နိုင်ငံတကာ မသန်စွမ်းထိုင်လျက်ဘော်လီဘောပြိုင်ပွဲတွင် မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ်မှ ဘော်လီဘောအသင်းသည် အုပ်စု(B)ပွဲစဉ်များ၌ ပြိုင်ဘက်အသင်းများကို ဆက်တိုက်အနိုင်ရရှိခဲ့ပြီး အုပ်စုပထမဖြင့် ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ကြောင်း သိရသည်။ အုပ်စု (B) တွင် ဆားဘီးယား၊ အာဖဂန်နစ္စတန်တို့နှင့်အတူ ကျရောက်ခဲ့သည့် မြန်မာအသင်းသည် ပထမပွဲစဉ်အဖြစ် ဒေသစံတော်ချိန် နံနက် ၉ နာရီ၌ အာဖဂန်နစ္စတန်အသင်းကို ၂၅-၉၊ ၂၅-၁၃ မှတ် နှစ်ပွဲပြတ်ဖြင့် အနိုင်ရရှိခဲ့သည်။ ထို့နောက် မွန်းလွဲ ၁ နာရီတွင် ဆက်လက်ယှဉ်ပြိုင်ခဲ့သည့် ဒုတိယပွဲစဉ်၌ ဆားဘီးယားအသင်းကို ၂၅-၁၉၊ ၂၅-၂၀ မှတ် နှစ်ပွဲပြတ်ဖြင့် ထပ်မံအနိုင်ယူကာ အုပ်စုပထမနေရာ ရယူနိုင်ခဲ့ပြီး ဆီမီးဖိုင်နယ်သို့ တက်ရောက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါပြိုင်ပွဲ၏ အုပ်စု (A)တွင် ရဝမ်ဒါ၊ ရုရှားနှင့် အင်ဒိုနီးရှားအသင်းတို့ ပါဝင်ယှဉ်ပြိုင်လျက်ရှိသည်။ ယခုပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ်မှ ကစားသမားကိုးဦး၊ အုပ်ချုပ်/နည်းပြ သုံးဦး ပါဝင်သည့်အဖွဲ့သည် စက်တင်ဘာ ၆ ရက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့သို့ ထွက်ခွာသွားခဲ့ခြင်းဖြစ်သည်။

နိုင်ငံတကာမသန်စွမ်း ထိုင်လျက်ဘော်လီဘောပြိုင်ပွဲတွင် မြန်မာအသင်း အုပ်စုပထမဖြင့် ဆီမီးဖိုင်နယ်တက်ရောက်
နိုင်ငံတကာမသန်စွမ်း ထိုင်လျက်ဘော်လီဘောပြိုင်ပွဲတွင် မြန်မာအသင်း အုပ်စုပထမဖြင့် ဆီမီးဖိုင်နယ်တက်ရောက်

ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦး သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့်တွေ့ဆုံ နေပြည်တော် စက်တင်ဘာ ၉ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်သည် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောကဏ္ဍဆိုင်ရာ ပညာရေး၊ သုတေသနနှင့်ဝန်ဆောင်မှုများပေးစွမ်းနိုင်သည့် အဆင့်မီတက္ကသိုလ်တစ်ခုအဖြစ်ရပ်တည်နိုင်ရန် ရည်မှန်းချက်ထားကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ချမှတ်ထားသည့် မူဝါဒ၊ ရည်မှန်းချက်တာဝန်များကို အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦးက ပြောကြားသည်။ ယနေ့နံနက်ပိုင်းတွင် သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများတွေ့ဆုံစဉ် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦးက ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ယနေ့ကမ္ဘာကြီးသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ သစ်တောပြုန်းတီးမှု၊ ဇီဝမျိုးစုံမျိုးကွဲ လျော့နည်းလာမှု၊ ရာသီဥတုပြောင်းလဲလာမှု၊ ရေရှားပါးမှု၊ မြေဆီလွှာပျက်စီးမှု၊ လေထုညစ်ညမ်းမှု၊ ပလတ်စတစ်နှင့်အမှိုက်ပြဿနာများ စသည့်ပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများပိုမိုရှုပ်ထွေးများပြားလာပြီး ရာသီဥတုပြောင်းလဲမှုသည် သဘာဝပတ်ဝန်းကျင်ဆိုင်ရာပြဿနာတစ်ခုတည်းသာမက စိုက်ပျိုးရေး၊ ရေလုပ်ငန်း၊ သစ်တော၊ ကျန်းမာရေး၊ ရေအရင်းအမြစ်၊ အခြေခံအဆောက်အအုံ၊ စီးပွားရေးနှင့်လူမှုဘဝအားလုံးကိုထိခိုက်စေနိုင်သော ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာစိန်ခေါ်မှုကြီး တစ်ခုဖြစ်လာခြင်းကြောင့် သစ်တောနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးအခန်းကဏ္ဍသည် ယခင်ကထက်ပိုမိုအရေးကြီးလာကြောင်း၊ သို့ဖြစ်ပါ၍ သစ်တောကဏ္ဍသည် အမျိုးသားလူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှု သဘာဝပတ်ဝန်းကျင် ထာဝစဉ်တည်ငြိမ်မှုနှင့် ဂေဟစနစ်မျှတရေးတို့ကို အကျိုးပြုရာတွင် အရေးပါ သောကြောင့် တက္ကသိုလ်တက်ရောက်စဉ်ကတည်းက သစ်တောနှင့်ပတ်သက်သည့် စီမံအုပ်ချုပ်ရေးဆိုင်ရာပညာများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာပညာများကို နားလည်တတ်ကျွမ်းအောင် ကြိုးစားသင်ယူလေ့လာ၍ အရည်အချင်းပြည့်ဝသော ပညာရှင်များမွေးထုတ်ပေးနိုင်ရန်လိုအပ်ကြောင်း မှာကြားသည်။ ထို့နောက် သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်ပါမောက္ခချုပ်ရုံးအစည်းအဝေးခန်းမ၌ ပါမောက္ခချုပ်က သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်ဖွဲ့စည်းပုံ၊ စာသင်ကြားပေးမှုအခြေအနေနှင့် ၂၀၂၆-၂၀၂၇ဘဏ္ဍာနှစ်တွင်ဆောက်လုပ်မည့်အဆောက်အအုံများ၏ မြေနေရာရွေးချယ်ထားမှုအခြေအနေများအားတင်ပြပြီး ပြည်ထောင်စုဝန်ကြီးနှင့်ဒုတိယဝန်ကြီးများသည် နှစ်ထပ်စာသင်ဆောင်တည်ဆောက်မည့်နေရာ၊ Recreation Center တည်ဆောက်မည့်နေရာနှင့် ကျောင်းသားအိပ်ဆောင်တည်ဆောက်မည့်နေရာတို့အား လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦး သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့်တွေ့ဆုံ
ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦး သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့်တွေ့ဆုံ

တွန်းဇံမြို့အတွင်း အကြမ်းဖက်ဖြစ်စဉ်များကြောင့် မီးလောင်ပျက်စီးသွားသည့် နေအိမ်များနှင့် ဌာနဆိုင်ရာရုံးများ ပြန်လည်ပြုပြင်ဆောက်လုပ်လျက်ရှိ တီးတိန် စက်တင်ဘာ ၉ ချင်းပြည်နယ်အတွင်း အကြမ်းဖက်ဖြစ်စဉ်များကြောင့် ထိခိုက်ပျက်စီးသွားသည့် ဖလမ်း၊ တီးတိန်နှင့် တွန်းဇံမြို့နယ်များ၌ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာတွင် တွန်းဇံမြို့တွင်း မီးလောင်ပျက်စီးသွားသည့် ပုဂ္ဂလိကနေအိမ်များနှင့် ဌာနဆိုင်ရာရုံးများ ပြန်လည်ပြုပြင်ဆောက်လုပ်လျက်ရှိကြောင်း သိရသည်။ အဆိုပါ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို ယမန်နေ့က လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် ချင်းပြည်နယ် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဝင်းဇော်ဦးနှင့် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့်ပြန်လည်တည်ဆောက်ရေး ကော်မတီဝင်များနှင့်အတူ အကြမ်းဖက်ဖြစ်စဉ်ကြောင့် မီးလောင်ပျက်စီးသွားသည့် ပုဂ္ဂလိကနေအိမ်များ၏ မြေနေရာအခြေအနေနှင့် ထိခိုက်ပျက်စီးသည့် နေအိမ်အဆောက်အအုံများ ၏ အခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး ထို့ပြင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တွန်းဇံမြို့နယ်အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ဌာနဆိုင်ရာရုံးအဆောက်အအုံများ၊ ဝန်ထမ်းအိမ်ရာများ ပြန်လည်ပြုပြင်ဆောက်လုပ်ရန် တင်ဒါအောင်မြင်သည့် ဆောက်လုပ်ရေးကုမ္ပဏီများနှင့်တွေ့ဆုံ၍ ဒုတိယဝန်ကြီးက လုပ်ငန်းရှင်များတင်ပြသည့် အခက်အခဲများအား သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ ဆက်လက်၍ ပြန်လည်ပြုပြင်ဆောက်လုပ်နေသည့် လမ်းဦးစီးဌာန ဧည့်ရိပ်သာနှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားထပ်ဆင့်လွှင့်စက်ရုံသို့ရောက်ရှိစစ်ဆေးပြီး အကြမ်းဖက်သမားများ မိုင်းခွဲဖျက်ဆီးမှုကြောင့်ပျက်စီးခဲ့သော တီးတိန်-တွန်းဇံသွားလမ်းပေါ်ရှိ ဗျဲလ်ကျင်း တံတားပြန်လည်ပြုပြင်တည်ဆောက်ထားမူအခြေအနေကို သွားရောက်စစ်ဆေး၍ တံတားကြံ့ခိုင်မှုနှင့်ခံနိုင်ဝန်အားတို့အတွက် ဖြတ်သန်းသွားလာသည့်ယာဉ်များနှင့် ကုန်ပစ္စည်းအလေးချိန်များ သတ်မှတ်ချက်ထက်မကျော်လွန်စေရေး တာဝန်ရှိသူအဆင့်ဆင့်က ကြပ်မတ်ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။

တွန်းဇံမြို့အတွင်း အကြမ်းဖက်ဖြစ်စဉ်များကြောင့် မီးလောင်ပျက်စီးသွားသည့် နေအိမ်များနှင့် ဌာနဆိုင်ရာရုံးများ ပြန်လည်ပြုပြင်ဆောက်
တွန်းဇံမြို့အတွင်း အကြမ်းဖက်ဖြစ်စဉ်များကြောင့် မီးလောင်ပျက်စီးသွားသည့် နေအိမ်များနှင့် ဌာနဆိုင်ရာရုံးများ ပြန်လည်ပြုပြင်ဆောက်လုပ်လျက်ရှိ

သပိတ်ကျင်းမြို့နယ် မြို့ပေါ်ရပ်ကွက်များ၌ မြစ်ရေစတင်ပေးဝေ သပိတ်ကျင်း စက်တင်ဘာ ၉ မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ်ရှိ မြိ
သပိတ်ကျင်းမြို့နယ် မြို့ပေါ်ရပ်ကွက်များ၌ မြစ်ရေစတင်ပေးဝေ သပိတ်ကျင်း စက်တင်ဘာ ၉   မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်များတွင် မြစ်ရေပေးဝေနိုင်ရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယခုအခါရေပေးဝေရေးလုပ်ငန်းများစတင်နေပြီဖြစ်ကြောင်း သိရသည်။   သပိတ်ကျင်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဒေါ်အေးအေးဝင်းနှင့် ဝန်ထမ်းများက ရေစက်ရုံအမှတ်(၂)နှင့် ရေတွန်းစက်ရုံအမှတ်(၁)သို့ မော်တာနှင့်ပန့်များသယ်ယူတပ်ဆင်ခြင်း၊ မီးကြိုးများသွယ်တန်းခြင်းတို့ဆောင်ရွက်ခဲ့ပြီး ဩဂုတ် ၁၈ ရက်တွင် အရည်အသွေးစစ်ဆေးရေးအဖွဲ့က ရေပေးဝေရေးလုပ်ငန်းကို ကွင်းဆင်းစစ်ဆေးခြင်းတို့ ပြုလုပ်ခဲ့ကြ‌သည်။   ရေပေးဝေခြင်းကို စက်တင်ဘာ ၇ ရက်တွင် ကဘဲ့ရပ်ကွက်ကိုလည်းကောင်း၊ စက်တင်ဘာ ၉ ရက်တွင် ဆိပ်ကမ်းရပ်ကွက်ကိုလည်းကောင်း မြစ်ရေစတင်ဖြန့်ဝေပေးနေပြီဖြစ်ကြောင်း သိရသည်။   မြို့နယ်(ပြန်/ဆက်)

ခရီးသည်တင် မော်တော်ယာဉ် ၃၅၂၅ စီး၊ ကုန်တင်ယာဉ် ၂၅၁၂ စီးတို့ကို Telematics စက်များ တပ်ဆင်ပေးပြီးဖြစ် နေပြည်တော် စက်တင်ဘာ ၉ ရန်ကုန် - မန္တလေးအမြန်လမ်းမကြီးပေါ်တွင် ခရီးသည်တင်မော်တော်ယာဉ်များနှင့်သတ်မှတ်ခွင့်ပြုထားသည့် ကုန်စည် ၁၄ မျိုးသာတင်ဆောင်ရမည့် ကုန်တင်ယာဉ်ကြီးများသည် Telematics GPS စနစ် တပ်ဆင်ပြီးမှသာ လမ်းအသုံးပြုခွင့်ရမည်ဖြစ်ကြောင်း သိရသည်။  ရန်ကုန် - မန္တလေးအမြန်လမ်းမကြီးပေါ်တွင် Telematics စနစ် GPS စက်များတပ်ဆင်ပြီး ဝန်ဆောင်မှုပေးခြင်း လုပ်ငန်းများကို ၂၀၂၄ ခုနှစ် ဇွန်လတွင်စတင်ဆောင်ရွက်ခဲ့ပြီး ယနေ့အထိခရီးသည်တင်မော်တော်ယာဉ် ၃၅၂၅ စီး၊ ကုန်တင်ယာဉ် ၂၅၁၂ စီးတို့ကို Telematics စက်များ တပ်ဆင်ပေးပြီးဖြစ်ကြောင်း သိရသည်။ ထို့ပြင် နေပြည်တော်စီလမ်းဆုံတိုးဂိတ်ရှိ Telematics Com-mand & Control Center က ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် သွားလာလျက်ရှိသည့် ခရီးသည်တင်မော်တော်ယာဉ်များ သတ်မှတ်အရှိန်နှုန်း (ကီလို ၉၀)အတွင်းသာမောင်းနှင်စေရေး၊ ယာဉ်မရပ်ရသည့်နေရာများတွင် ရပ်တန့်မှုမရှိစေရေးတို့အတွက် တယ်လီဖုန်းဖြင့်သတိပေးခြင်းကို (၂၄)နာရီဝန်ဆောင်မှုဖြင့် ဆောင်ရွက်ပေးလျက်ရှိသည်။ ထိုကဲ့သို့ Telematics Command & Control Center ၏ လုပ်ငန်းဆောင်ရွက်မှုများကို ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ယနေ့နံနက်ပိုင်းက သွားရောက်ကြည့်ရှုအားပေးသည်။ ထိုမှတစ်ဆင့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး (ရန်ကုန်-နေပြည်တော်လမ်းပိုင်း)ရှိ တိုးဂိတ်များရှိ CCTV အခန်းများ၊ ငွေကောက်ခံမှုစနစ်များ၊ နည်းပညာဆိုင်ရာဆောင်ရွက်ထားမှု၊ ကတ္တားပေါ်၌ မော်တော်ယာဉ်များအခြင်အတွယ်၍ ဖြတ်သန်းမောင်းနှင်သွားလာနေမှုနှင့် တိုးဂိတ်အဆောက်အအုံများကို ကြည့်ရှုစစ်ဆေးသည်။ ကြည့်ရှုစစ်ဆေးစဉ် တိုးဂိတ်အဆောက်အအုံများကို သတ်မှတ်အင်္ဂါရပ်များနှင့်အညီ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်သွားရန်၊ မော်တော်ယာဉ်များ သတ်မှတ်တန်ချိန်ကျော်လွန်မှုမရှိစေရေး ကြီးကြပ်ဆောင်ရွက်သွားရန်၊ တိုးဂိတ်ရှိ TFI Display Board များ၊ Barrier မောင်းတံများ၊ ကတ္တားများ၊ CCTV Camera များ၊ Computer နှင့် ဆက်စပ်ပစ္စည်းများ အမြဲတမ်းကောင်းမွန်အောင် ဆောင်ရွက်သွားရန်၊ ပစ္စည်းများပျက်စီးမှုဖြစ်ပေါ်လာပါက အချိန်နှင့်တစ်ပြေးညီသတင်းပို့တင်ပြသွားရန်၊ လမ်းအသုံးပြုခကောက်ခံရရှိမှုစာရင်းဇယားများ စနစ်တကျ မှန်ကန်မှုရှိစေရန် မှာကြားသည်။ အဆိုပါခရီးစဉ်အတွင်း ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတစ်လျှောက် ကတ္တရာကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု၊ လမ်း၊ တံတားပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု၊ လမ်းလယ်ကျွန်းနှင့်လမ်းဘေးဝဲ/ယာတို့၌ သစ်ပင်စိုက်ပျိုးနေမှုနှင့် ဆွာချောင်းတံတား(အသွားလမ်း) တည်ဆောက်ရေးလုပ်ငန်းခွင်တို့ကိုကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆိုင်ရာများမှာကြားခဲ့ကြောင်း သိရသည်။

ခရီးသည်တင် မော်တော်ယာဉ် ၃၅၂၅ စီး၊ ကုန်တင်ယာဉ် ၂၅၁၂ စီးတို့ကို Telematics စက်များ တပ်ဆင်ပေးပြီးဖြစ်
ခရီးသည်တင် မော်တော်ယာဉ် ၃၅၂၅ စီး၊ ကုန်တင်ယာဉ် ၂၅၁၂ စီးတို့ကို Telematics စက်များ တပ်ဆင်ပေးပြီးဖြစ်

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ၂၀၂၆ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့အခမ်းအနားတွင် အမှာစကားပြောကြားစဉ်
+6
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ၂၀၂၆ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့အခမ်းအနားတွင် အမှာစကားပြောကြားစဉ် ပြောကြားချက်မှ ကောက်နုတ်ချက်

“တောစီးဖိနပ်လေးရဲ့ အိမ်ပြန်ချိန်” ၁၂-၉-၂၀၂၆ စနေနေ့ည - ည ၇ နာရီ နှင့် ည ၈ နာရီ သတင်းအပြီး နိုင်ငံပိုင် ရုပ်သံချန်နယ်များနှင့် ပုဂ္ဂလိက ချန်နယ်များမှ ထုတ်လွှင့်ပြသပါမည်. Crd.

🙏🙏🙏
🙏🙏🙏

အီရန်က အမေရိကန်ရေအောက်ဒရုန်းကို ဟော်မုဇ်ရေလက်ကြားတွင် သိမ်းဆည်း အီရန်၏တော်လှန်ရေးအစောင့်တပ်က စက်တင်ဘာ ၈ ရက်တွင် အမေရိကန်မောင်
အီရန်က အမေရိကန်ရေအောက်ဒရုန်းကို ဟော်မုဇ်ရေလက်ကြားတွင် သိမ်းဆည်း အီရန်၏တော်လှန်ရေးအစောင့်တပ်က စက်တင်ဘာ ၈ ရက်တွင် အမေရိကန်မောင်းသူမဲ့ ရေငုပ်သင်္ဘောကို ဟော်မုဇ်ရေလက်ကြား ၀င်ပေါက်တွင် သိမ်းဆည်းခဲ့သည်ဟု ထုတ်ပြန်လိုက်ပြီး ယင်းသည် စစ်ဆင်ရေးများတွင် ရေအောက်ဒရုန်းများအသုံးပြုပုံကို ရှားရှားပါးပါးရိုးတိုးရိတ်တိတ်မြင်လိုက်ရခြင်းဖြစ်သည်။ အီရန် အစိုးရပိုင်းမီဒီယာကပြောကြားရာတွင်အဆိုပါရေယာဉ်သည် ကယ်လီဖိုးနီးယား ကာကွယ်ရေးကုမ္ပဏီ Anduril က တည်ဆောက်သည့်အလိုအလျောက်မောင်းနှင်သောရေအောက်သွားအကြီးစားယာဉ် Dive-LD ဖြစ်သည်ဟု ဆိုသည်။

ဧရာဝတီတိုင်း ရေဘေးသင့်ပြည်သူများအတွက် ဩစတြေးလျက ဒေါ်လာ ၄ သိန်း ကူညီမည် ဧရာဝတီတိုင်းဒေသကြီးရှိ ရေကြီးရေလျှံမှုဒဏ်ခံစားနေရသူမျာ
ဧရာဝတီတိုင်း ရေဘေးသင့်ပြည်သူများအတွက် ဩစတြေးလျက ဒေါ်လာ ၄ သိန်း ကူညီမည် ဧရာဝတီတိုင်းဒေသကြီးရှိ ရေကြီးရေလျှံမှုဒဏ်ခံစားနေရသူများအတွက် ဩစတြေးလျဒေါ်လာ ၄၀၀,၀၀၀ ထပ်တိုးကူညီပံ့ပိုးမည်ဖြစ်ကြောင်း ယမန်နေ့ က ဩစတြေးလျသံရုံး(မြန်မာ) က အသိပေးထုတ်ပြန်ထားသည်။ အဆိုပါအကူအညီများကို ဒေသခံအရပ်ဘက်လူမှုအဖွဲအစည်းများမှတစ်ဆင့် ပေးအပ်သွားမည် ဖြစ်ကြောင်းလည်း အသိပေးထုတ်ပြန်ထားသည်။ ဩစတြေးလျအနေဖြင့် မြန်မာနိုင်ငံ၏နေရာအများအပြားတွင်ဖြစ်ပွားခဲ့သော ဆိုးရွားသည့်ရေကြီးရေလျှံမှုဒဏ်ကို ခံစားခဲ့ရသူများနှင့်ထပ်တူ ဝမ်းနည်းမိကြောင်းလည်း အသိပေးချက်တွင် ဖော်ပြထားသည်။

■ ဗိုလ်တစ်ထောင်မြိုနယ်တွင် အိမ်ရှင်သက်ကြီးအမျိုးသမီးအား သတ်ဖြတ်၍ လက်ဝတ်ရတနာများနှင့် လက်ကိုင်ဖုန်းများအား လုယက်ယူဆောင်ခဲ့သူ အ
■ ဗိုလ်တစ်ထောင်မြိုနယ်တွင် အိမ်ရှင်သက်ကြီးအမျိုးသမီးအား သတ်ဖြတ်၍ လက်ဝတ်ရတနာများနှင့် လက်ကိုင်ဖုန်းများအား လုယက်ယူဆောင်ခဲ့သူ အိမ်အကူသားအမိကို ဖမ်းမိ ဗိုလ်တစ်ထောင်မြိုနယ်တွင် အိမ်ရှင်သက်ကြီးအမျိုးသမီးအား သတ်ဖြတ်၍ လက်ဝတ်ရတနာများနှင့် လက်ကိုင်ဖုန်းများအား လုယက်ယူဆောင်ခဲ့သူ အိမ်အကူသားအမိကို ဖမ်းမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲထံမှ သိရသည်။ လူသတ်ပြီး ပစ္စည်းများကို ယူဆောင်သွားမှုမှာ စက်တင်ဘာ ၇ ရက် ည ၉ နာရီ ၄၅ မိနစ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

တယ်လီဂရမ် အသုံးပြုသူ သန်း ၁၂၀ ၏ အချက်အလက်များပေါက်ကြားကြောင်း သတင်းထွက်နေ တယ်လီဂရမ်သုံးတဲ့သူ သန်း ၁၂၀ ရဲ့ အချက်အလက်တွေ ပေါက်က
တယ်လီဂရမ် အသုံးပြုသူ သန်း ၁၂၀ ၏ အချက်အလက်များပေါက်ကြားကြောင်း သတင်းထွက်နေ တယ်လီဂရမ်သုံးတဲ့သူ သန်း ၁၂၀ ရဲ့ အချက်အလက်တွေ ပေါက်ကြားသွားတယ်လို သတင်းထွက်နေပါတယ်။ နိုင်ငံတကာက တယ်လီဂရမ်သုံးသူ သန်း ၁၂၀ ကျော်ရဲ့ အချက်အလက်တွေပါတဲ့ ဒေတာအကြီးကြီးတစ်ခုကို သူရထားတယ်ဆိုပြီး ဟက်ကာတစ်ယောက်က ကြေညာထားတာပါ။ အဲဒီထုတ်ပြန်ထားတဲ့ ဒေတာတွေထဲမှာ ဖုန်းနံပါတ်တွေနဲ့ နိုင်ငံကုတ်တွေ၊ နာမည်နဲ့ မျိုးရိုးနာမည်တွေ၊ တယ်လီဂရမ် Username တွေနဲ့ နာမည်ပြောင်တွေ၊ User ID တွေ၊ အီးမေးလ်လိပ်စာတွေ၊ နိုင်ငံအချက်အလက်တွေ နဲ့ ဒေတာရင်းမြစ် အချက်အလက်တွေ ပါတယ်လို ဆိုပါတယ်။

အိန္ဒိယနိုင်ငံရေတပ်မှ သင်္ဘော(၂)စီး ရန်ကုန်မြို၌ ရောက်ရှိနေ အိန္ဒိယနိုင်ငံရေတပ်မှ သင်္ဘောများဖြစ်သော Karmuk နှင့် LCU 51 တိုသ
အိန္ဒိယနိုင်ငံရေတပ်မှ သင်္ဘော(၂)စီး ရန်ကုန်မြို၌ ရောက်ရှိနေ အိန္ဒိယနိုင်ငံရေတပ်မှ သင်္ဘောများဖြစ်သော Karmuk နှင့် LCU 51 တိုသည် စက်တင်ဘာ ၇ ရက်မှ ယနေ့ စက် တင်ဘာ ၉ ရက်အထိ ရန်ကုန်မြို၌ရောက်ရှိနေကြောင်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံးထံမှ သိရသည်။ အဆိုပါ သင်္ဘော(၂)စီးသည် မြန်မာ့တပ်မတော်နှင့်အ တူ ကပ္ပလီပင်လယ်ပြင်အတွင်း ရေကြောင်းလုံခြုံရေး မြှင့်တင်ရန်၊ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများနှင့် တရားမဝင်ဆောင်ရွက်မှုများကို နှိမ်နင်းရန်တို၌ အမြင်နှင့် အတွေ့အကြုံများမျှဝေရန်အတွက်ရောက်ရှိနေခြင်းဖြစ်ကြောင်း သိရသည်။

ရေ ပြန်လည်ကျဆင်းသွားပြီးဖြစ်သည့် ကျိုက်မရောမြိုနယ်အတွင်းရှိ စာသင်ကျောင်းများနှင့် ကျေးလက်ကျန်းမာရေးဌာနတချိုအား ပြန်လည်ဖွင့်လှ
ရေ ပြန်လည်ကျဆင်းသွားပြီးဖြစ်သည့် ကျိုက်မရောမြိုနယ်အတွင်းရှိ စာသင်ကျောင်းများနှင့် ကျေးလက်ကျန်းမာရေးဌာနတချိုအား ပြန်လည်ဖွင့်လှစ် ရေ ပြန်လည်ကျဆင်းသွားပြီးဖြစ်သည့် ကျိုက်မရောမြိုနယ်အတွင်းရှိ စာသင်ကျောင်းများနှင့် ကျေးလက်ကျန်းမာရေးဌာနတချိုအား ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ကျန်ရှိနေသည့် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး မြန်မာနိုင်ငံမီးသတ်တပ်ဖွဲနှင့် သက်ဆိုင်ရာဌာနများ ပူးပေါင်းကာ ကျောင်းသန့်ရှင်းရေးများလုပ်ဆောင်နေ ကြောင်း သိရသည်။

ငှက်ပျောမျှင်ဖြင့် ထုတ်လုပ်သည့် လူသုံးကုန်ပစ္စည်းများ တရုတ်နှင့် တောင်ကိုရီးယားဈေးကွက်သို တင်ပိုရန် ညှိနှိင်းဆောင်ရွက်နေ 𝙈𝙃
ငှက်ပျောမျှင်ဖြင့် ထုတ်လုပ်သည့် လူသုံးကုန်ပစ္စည်းများ တရုတ်နှင့် တောင်ကိုရီးယားဈေးကွက်သို တင်ပိုရန် ညှိနှိင်းဆောင်ရွက်နေ 𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙎𝙀𝙋~𝟗》 ငှက်ပျောမျှင်မှ ထုတ်လုပ်သည့် သဘာဝပတ်ဝန်းကျင်နှင့် ကိုက်ညီသော လူသုံးကုန်ပစ္စည်းများကို ပြည်ပဈေးကွက်သို တင်ပိုနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိရာ ကနဦးအနေဖြင့် တရုတ်နှင့် တောင်ကိုရီးယားနိုင်ငံဈေးကွက်များသို တင်ပိုနိုင်ရေး ညှိနှိင်းမှုများ ပြုလုပ်လျက်ရှိကြောင်း Green Banana Myanmar မှ သိရသည်။

ပြည်သူများ သွားလာရေးအဆင်ပြေချောမွေ့စေရန် မော်တော်ယာဉ် စုံ/မ စနစ် ပယ်ဖျက် ရန်ကုန်၊ စက်တင်ဘာ ၉ စက်သုံးဆီချွေတာသုံးစွဲရေးနှင့် ရ
ပြည်သူများ သွားလာရေးအဆင်ပြေချောမွေ့စေရန် မော်တော်ယာဉ် စုံ/မ စနစ် ပယ်ဖျက် ရန်ကုန်၊ စက်တင်ဘာ ၉ စက်သုံးဆီချွေတာသုံးစွဲရေးနှင့် ရေရှည်ဆီဖူလုံရေးအတွက် အချိန်ကာလတစ်ခုအတွင်း ကျင့်သုံးခဲ့သည့် မော်တော်ယာဉ်နံပါတ်ပြားအလိုက် “စုံ/မ” ခွဲခြားမောင်းနှင်သည့်စနစ်ကို ပြည်သူများ၏ နေ့စဉ်သွားလာရေးနှင့် လူမှုစီးပွားဘဝ ပိုမိုအဆင်ပြေချောမွေ့စေရန် အစိုးရက ပြန်လည်ပယ်ဖျက်ပေးလိုက်ကြောင်း သိရသည်။