သိင်္ခ
Ir al canal en Telegram
အသိတိုး
Mostrar másEl país no está especificadoLa categoría no está especificada
1 065
Suscriptores
Sin datos24 horas
-367 días
-7530 días
Archivo de publicaciones
1 065
ဖလမ်းမြို အမှတ်(၄)အခြေခံပညာမူလတန်းကျောင်း၌ ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး သွားရောက်အားပေး
1 065
နန့်စန်မြို့နယ်၊ ကုန်းယောင်းကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှု လုပ်ကိုင်လျက်ရှိသူများအား လုပ်ငန်းသုံးပစ္စည်းများနှင့်အတူဖမ်းဆီးရမိ
နေပြည်တော် စက်တင်ဘာ ၁၇
နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာပြီး ဒေသတွင်း ပြည်သူလူထုကိုသာမက ကမ္ဘာတစ်ဝန်းရှိ လူသားမျိုးနွယ်အားလုံး၏ လူမှုစီးပွားဘဝများကို ထိခိုက်ပျက်စီးအောင် အလုံးစုံအန္တရာယ်ပေးလျက်ရှိသည့် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှု ကျူးလွန်သူများအား ရှာဖွေဖော်ထုတ်တားဆီးကာကွယ်ခြင်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အလေးထားဆောင်ရွက်လျက်ရှိသည့်အပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ ထိထိရောက်ရောက် ရှာဖွေဖော်ထုတ်ဖမ်းဆီးအရေးယူခြင်းများ ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ နန့်စန်မြို့နယ်အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သူများ နေထိုင်လျက်ရှိကြောင်း တာဝန်သိပြည်သူများ၏ သတင်းပေးပို့ချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့များက အဆိုပါမြို့နယ်အတွင်း စုံစမ်းရှာဖွေဖော်ထုတ်မှုများဆောင်ရွက်ခဲ့ရာ ယနေ့နံနက် ၉ နာရီခန့်တွင် နန့်စန်မြို့နယ်၊ ကုန်းယောင်ကျေးရွာ၏ အရှေ့မြောက်ဘက်မီတာ ၁၅၀၀ ခန့်အကွာ၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်နေသည့် တရုတ်နိုင်ငံသား အမျိုးသား ၉ ဦး၊ အမျိုးသမီး ၁ ဦး၊ မြန်မာနိုင်ငံသား အမျိုးသား ၂၆ ဦး အမျိုးသမီး ၁၄ ဦး၊ စုစုပေါင်း ၅၀ ဦးတို့အား အလျား ၆၀ ပေ၊ အနံ ၂၀ ပေ၊ အလုပ်ရုံ (သက်ကယ်မိုး/အုတ်ကာ) အဆောက်အအုံ ၁ လုံး၊ အလျား ၅၀ ပေ၊ အနံ ၂၀ ပေ၊ အလုပ်သမားတန်းလျား (သက်ကယ်မိုး/ပျဉ်ကာ) အဆောက်အအုံ ၁ လုံး၊ အလျား ၄၀ ပေ၊ အနံ ၂၀ ပေ၊ လူနေဆောင် (သွပ်မိုး/အုတ်ကာ) အဆောက်အအုံ ၂ လုံး၊ အလျား ၃၀ ပေ၊ အနံ ၂၀ ပေ၊ (သွပ်မိုး/သွပ်ကာ) စားချက်ဆောင် ၁ လုံး၊ Star Link ၂၀ စုံ၊ Laptop ၂၅ လုံး၊ ALL In One Computer ၂ဝ လုံး၊ ဖုန်းမျိုးစုံ ၂၁၇ လုံး၊ System ပုံး ၉ လုံး၊ Printer ၂ လုံး၊ ရေခဲသေတ္တာ ၁ လုံး၊ Freezer ၁ လုံး၊ ထိုင်ခုံမျိုးစုံ ၅၀ လုံး၊ မီးစက် (အကြီး) ၁ လုံး၊ အလျား ၃ ပေ၊ အနံ ၆ ပေ စားပွဲ ၁၅ လုံး၊ ပန်ကာ ၄ လုံးတို့နှင့် အတူဖမ်းဆီးရမိခဲ့သည်။
အဆိုပါ အွန်လိုင်းလိမ်လည်လောင်းကစားမှုများလုပ်ကိုင်လျက်ရှိသည့် ဖမ်းဆီးရမိသူများအား လိုအပ်သည့်စစ်ဆေးမှုများ ဆောင်ရွက်ပြီးစီးပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး သိမ်းဆည်းရမိသည့် လုပ်ငန်းသုံးပစ္စည်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
နိုင်ငံတော်အနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ခြင်းများ ပပျောက်စေရေးနှင့် မြန်မာနိုင်ငံအတွင်း အခြေချလုပ်ကိုင်နိုင်မှုမရှိစေရေးအတွက် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတာကာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အွန်လိုင်းလိမ်လည်လောင်းကစားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို တက်ကြွစွာ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
1 065
+1
နန့်စန်မြို့နယ်၊ ကုန်းယောင်းကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှု လုပ်ကိုင်လျက်ရှိသူများအား လုပ်ငန်းသုံးပစ္စည်းများနှင့်အတူဖမ်းဆီးရမိ
1 065
+2
ဒီးမော့ဆိုမြို့နယ် ဒေါက လော်ဒူကျေးရွာအုပ်စုနန်းဟူတွေ ကျေးရွာ၊ကျောင်းသား/သူ ကျား(၁၅)ဦး၊ မ(၁၆)ဦး ပေါင်း(၃၁)ဦးအား (17-9-2026) ရက်နေ့က ဒီးမော့ဆိုယာယီရုံးသို့ဖိတ်ခေါ်၍ နိုင်ငံသားစီစစ်ရေးကတ်နှင့် UIDကတ်နေ့ချင်းပြီဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
1 065
+1
ဒုတိယသမ္မတဦးညိုစော တရုတ်ပြည်သူ့သမ္မတနိုင်ငံနန်နင်းမြို့၌ကျင်းပသည့်(၂၃) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲနှင့် (၂၃) ကြိမ်မြောက် တရုတ်-အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုထိပ်သီးအစည်းအဝေးသို့ တက်ရောက်မိန့်ခွန်းပြောကြား
နန်နင်း၊ စက်တင်ဘာ ၁၇
တရုတ်ပြည်သူ့သမ္မတနိုင်ငံ နန်နင်းမြို့၌ရောက်ရှိနေသော ဒုတိယသမ္မတ ဦးညိုစောသည် ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့်အတူ စက်တင်ဘာ ၁၇ ရက် ဒေသစံတော်ချိန် နံနက် ၁၀ နာရီတွင် နန်နင်းမြို့ နန်နင်းအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းနှင့် ပြပွဲစင်တာ၌ကျင်းပသည့် (၂၃) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲနှင့် (၂၃) ကြိမ်မြောက်တရုတ်-အာဆီယံ စီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေးဖွင့်ပွဲအခမ်းအနားသို့တက်ရောက်မိန့်ခွန်းပြောကြားသည်။
အခမ်းအနားတွင်ဒုတိယသမ္မတ၊တရုတ်ပြည်သူ့သမ္မတနိုင်ငံဒုတိယဝန်ကြီးချုပ်၊အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ဒုတိယဝန်ကြီးချုပ်များနှင့်အစိုးရအဖွဲ့အကြီးအကဲများကအဖွင့်မိန့်ခွန်းပြောကြားကြပြီး (၂၃) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲနှင့် (၂၃)ကြိမ်မြောက်တရုတ်- အာဆီယံစီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှုထိပ်သီးအစည်းအဝေးကိုဖွင့်လှစ်ပေးကြသည်။
1 065
+2
မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ချုံချင့်မြို့မှကောင်စစ်ဝန်ချုပ်ဦးကျော်ဇေယျာလင်းသည်ချုံချင့်နည်းပညာနှင့်စီးပွားရေးဆိုင်ရာတက္ကသိုလ်သို့သွားရောက်လေ့လာခဲ့ခြင်း
ချုံချင့်နည်းပညာနှင့်စီးပွားရေးဆိုင်ရာတက္ကသိုလ် (Chongqing Technology and Business University-CTBU) မှ ဒုတိယပါမောက္ခချုပ်Ms. Bai Qun ၏ဖိတ်ကြားမှုဖြင့်မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ချုံချင့်မြို့မှကောင်စစ်ဝန်ချုပ်ဦးကျော်ဇေယျာလင်းသည် အဆိုပါတက္ကသိုလ်သို့ သွားရောက်၍ တက္ကသိုလ်ပါတီကော်မတီအတွင်းရေးမှူး မစ္စတာZeng Weilunနှင့် တွေ့ဆုံခဲ့သည်။
တွေ့ဆုံဆွေးနွေးပွဲသို့ တက္ကသိုလ်ပါတီကော်မတီ အတွင်းရေးမှူး Mr.Zeng Weilun၊ ဒုတိယပါမောက္ခချုပ် Ms. Bai Qun နှင့်တက္ကသိုလ်စီးပွားရေးဌာနမှတာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။တွေ့ဆုံစဉ်ချုံချင့်နှင့် မြန်မာနိုင်ငံအကြားပညာရေးနှင့် သုတေသနကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများပိုမိုမြှင့်တင်ရေး၊မြန်မာအစိုးရဝန်ထမ်းများအတွက်ကာလတိုမွမ်းမံသင်တန်းများထပ်မံဖွင့်လှစ်နိုင်ရေး၊မြန်မာကျောင်းသားများနှင့် အစိုးရဝန်ထမ်းများအတွက်ဘွဲ့ကြို သင်တန်းများ၊မဟာဘွဲ့နှင့် ပါရဂူဘွဲ့သင်တန်းများတွင် ပညာသင်ဆုအခွင့်အလမ်းများ ပိုမိုပေးအပ်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
1 065
+1
အမျိုးသားစည်းလုံးညီညွတ် ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့်နိုင်ငံရေးပါတီများအစုအဖွဲ့ကိုယ်စားလှယ်များတွေ့ဆုံ
နေပြည်တော် ၁၇
အမျိုးသားစည်းလုံးညီညွတ် ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီအနေဖြင့်ရေရှည်တည်တံ့ခိုင်မြဲသောငြိမ်းချမ်းရေးရရှိရေးနှင့်ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်နိုင်ရေးလုပ်ငန်းစဉ်များဖော်ဆောင်ရာတွင်နိုင်ငံရေးပါတီများနှင့်ငြိမ်းချမ်းရေးလုပ်ငန်း စဉ်များဆွေးနွေးညှိနှိုင်းနိုင်ရန်ရည်ရွယ်၍ နိုင်ငံရေးပါတီများအစုအဖွဲ့ကိုယ်စားလှယ်များနှင့်တွေ့ဆုံပွဲကိုယနေ့နံနက်ပိုင်းတွင်နေပြည် တော်ရှိရုံးအမှတ်-၂၀၊ အမျိုးသားစည်းလုံးညီညွတ် ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌တွေ့ဆုံ သည်။
တွေ့ဆုံပွဲသို့အမျိုးသားစည်း လုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့် ညှိနှိုင်းရေးကော်မတီဝင်များ၊ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်မှအဖွဲ့ဝင်၊နိုင်ငံရေးပါတီများအစုအဖွဲ့ ၃၂ပါတီမှ ဥက္ကဋ္ဌများ၊ဒုတိယဥက္ကဋ္ဌများ၊ အထွေထွေအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်ကော်မ တီဝင်များနှင့်တာဝန်ရှိသူများတက်ရောက်ကြသည်။
1 065
နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းများကို ဒေသအလိုက် အကောင်အထည်ဖော်ဆောင်ရွက်သွားရန်လိုကြောင်း နိုင်ငံတော်သမ္မတ ပြောကြား
စက်တင်ဘာ ၁၅ ရက်မွန်းလွဲပိုင်းက နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော်၊ ပြည်ထောင်စုအစိုးရအဖွဲအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည့် ပြည်ထောင်စုအစိုးရအဖွဲအစည်းအဝေးတွင် နိုင်ငံတော်သမ္မတက မိမိတိုနိုင်ငံတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သည့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အကောင်အထည်ဖော်ဆောင်ရွက်သွားရန်လိုကြောင်း ပြောကြားခဲ့သည်။
ထိုပြင် နိုင်ငံတော်သမ္မတက နိုင်ငံတော်ဖွံဖြိုးတိုးတက်ရေးနှင့် ပြည်သူလူထု၏ လူနေမှုအဆင့်အတန်း မြင့်မားစေရေးအတွက် လျှပ်စစ်ဓာတ်အားလုံလောက်စွာ ရရှိရေးသည် အရေးကြီးသကဲ့သို အမှန်တကယ် အလုပ်လုပ်ကြရန်လည်း လိုအပ်ပြီး အားလုံးအတူတကွ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားမည်ဆိုပါက နိုင်ငံတော်ကြီး မလွဲမသွေ ဖွံဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
1 065
မြန်မာ့မော်တော်ယာဉ်နှင့်အပိုပစ္စည်းပြပွဲ ဒုတိယအကြိမ်မြောက်ကျင်းပမည်
ဒုတိယအကြိမ်မြောက် မြန်မာ့မော်တော်ယာဉ်နဲ့ အပိုပစ္စည်းပြပွဲ(Myanmar Auto & Parts Expo 2026 )ကို ရန်ကုန်မြို့ရှိ YCC ခန်းမမှာ စက်တင်ဘာလ ၂၅ ရက်ကနေ ၂၇ ရက်အထိ ကျင်းပသွားမယ်လို့ မြန်မာနိုင်ငံအဝေးပြေးကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းကနေသိရပါတယ်။
1 065
ပြည်ထဲရေးဝန်ကြီးအဖြစ် ဗိုလ်ချုပ်ကြီး ကိုကိုဦးအား အစားထိုးခန့်အပ်ပြီး ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ စစ်ဘက်မူလတာဝန် ပြန်လည်ထမ်းဆောင်ရမည်
《𝙎𝙀𝙋~𝟏𝟕》
ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေအား စစ်ဘက်မူလတာဝန်များ ပြန်လည်ထမ်းဆောင်စေပြီး ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ်ကြီး ကိုကိုဦးအား ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် အစားထိုးခန့်အပ်တာဝန်ပေးလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံးက ယနေ့ စက်တင်ဘာ ၁၇ ရက်တွင် ဥပဒေကဲ့သို့အာဏာတည်သောအမိန့်အမှတ် ၆/၂၀၂၆ ဖြင့် ထုတ်ပြန်လိုက်သည်။
အဆိုပါအမိန့်တွင် နိုင်ငံတော်သမ္မတက ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၁၂၊ ပုဒ်မခွဲ (က) နှင့် (ခ)၊ ပုဒ်မ ၂၃၂၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ် (၃) နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေ ပုဒ်မ ၁၂၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၃) တို့အရ ယခုကဲ့သို့ အစားထိုးခန့်အပ်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေသည် ၂၀၂၆ ခုနှစ် ဧပြီ ၁၀ ရက်တွင် ဖွဲ့စည်းခဲ့သည့် ပြည်ထောင်စုအစိုးရအဖွဲ့၌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ပါဝင်ခဲ့ပြီး ဧပြီ ၁၆ ရက်တွင် ပြည်ထဲရေးဝန်ကြီးဌာနမိသားစု မဟာသင်္ကြန်ပွဲတော်ပိတ်ပွဲ၌ ဝန်ကြီးအဖြစ် တက်ရောက်အမှာစကားပြောကြားခဲ့သည့်အပြင် ဇွန် ၂၆ ရက်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အတွက် သဝဏ်လွှာပေးပို့ခဲ့သည်။
ထို့အပြင် ဇူလိုင်လအတွင်း ပြည်ထဲရေးဝန်ကြီးဌာန၏ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးလုပ်ငန်းများနှင့် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးရေးလုပ်ငန်းများတွင်လည်း ဝန်ကြီးအဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။
စက်တင်ဘာ ၈ ရက်မှ ၁၀ ရက်အထိ တရုတ်နိုင်ငံ ကျန်းစုပြည်နယ် လျန်ယွင်ကန်မြို့၌ ကျင်းပခဲ့သည့် ၂၀၂၆ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဖိုရမ်သို့လည်း မြန်မာကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်တက်ရောက်ခကြောင်း သတင်းမှတ်တမ်းများအရ သိရသည်။
1 065
ပြည်ထဲရေးဝန်ကြီးအဖြစ် ဗိုလ်ချုပ်ကြီး ကိုကိုဦးအား အစားထိုးခန့်အပ်ပြီး ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ စစ်ဘက်မူလတာဝန် ပြန်လည်ထမ်းဆောင်ရမည်
1 065
မြန်မာနိုင်ငံအနေဖြင့် အာဆီယံ-တရုတ်ပူးပေါင်းဆောင် ရွက်မှုကိုဆက်လက်မြှင့်တင်ပူးပေါင်းဆောင်ရွက်သွားမည်ဟု ဒုတိယသမ္မတ ဦးညိုစော ပြော
မြန်မာနိုင်ငံအနေဖြင့် အာဆီယံ-တရုတ်ပူးပေါင်းဆောင် ရွက်မှုကိုဆက်လက်မြှင့်တင်ပူးပေါင်းဆောင်ရွက်သွားမည်ဟု ဒုတိယသမ္မတ ဦးညိုစော က ယနေ့ စက်တင် ဘာ ၁၇ ရက်တွင် တရုတ်နိုင်ငံ၊ နန်နင်းမြို၌ကျင်းပသည့် (၂၃)ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲနှင့် (၂၃)ကြိမ်မြောက် တရုတ်-အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုထိပ်သီးအစည်းအဝေးတွင်မိန့်ခွန်းပြောကြားရာ၌ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
1 065
ဂျပန်မှာ အလုပ်ရှင်ကိုတရားစွဲတဲ့မြန်မာအမျိုးသမီး ဘယ်လိုအနိုင်ရခဲ့လဲ
ပထမဆုံးလစာကို တစ်ပြားမှမကျန်အောင်ဖြတ်တောက်လိုဆိုပြီး မြန်မာအမျိုးသမီးဝန်ထမ်းတစ်ဦးက ဂျပန်ကော်ပိုရေးရှင်းတစ်ခုကို တရားစွဲထားတဲ့အမှုကို စက်တင်ဘာ ၁၁ ရက်မှာ အမိန့်ချခဲ့ပါတယ်။
မြန်မာအမျိုးသမီးအနိုင်ရခဲ့တာကြောင့် ပထမဆုံးလမှာ သုညယန်းဖြစ်ခဲ့ရာကနေ တရားရုံးအမိန့်ကြောင့် ယန်း ၁ သန်းကျော် ရတော့မှာပါ။
"နိုင်ငံခြားကနေစရောက်လာတဲ့ အလုပ်သမားကို လစာ သုညဖြစ်အောင် လုပ်တာက အသက်ရှင်သန်နေထိုင်ဖိုအတွက် စိုးရိမ်စရာဖြစ်စေတယ်၊ ဒါက ကုမ္ပဏီမှာ တာဝန်ရှိတယ်လို တရားသူကြီးက အမိန့်ချတာ"လို မဝိုင်ရဲ့ အမှုကို လိုက်ပါကူညီပေးတဲ့ မြန်မာနိုင်ငံသားအလုပ်သမားသမဂ္ဂအဖွဲချုပ်(FWUBC) ဥက္ကဋ္ဌ ဦးမြင့်ဆွေက ပြောပါတယ်။
ဒါဟာ ဂျပန်နိုင်ငံမှာ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရတဲ့ မြန်မာအလုပ်သမားတွေအနေနဲ့ ကိုယ့်ဘက်က မှန်နေရင် အချက်အလက် ခိုင်ခိုင်မာမာနဲ့ တရားစွဲဆို အနိုင်ရနိုင်တယ်ဆိုတဲ့ စံပြတစ်ခု ဖြစ်လာပါတယ်။
1 065
ကုလသမဂ္ဂ အထွေထွေညီလာခံ ပြင်ပမှာ အီရန်အရေးနဲ့ပတ်သက်ပြီး ဆွေးနွေးပွဲလုပ်ဖို ထရမ့် စီစဉ်နေ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ကုလသမဂ္ဂ အထွေထွေညီလာခံ ပြင်ပမှာ ပါရှန်းပင်လယ်ကွေ့ နိုင်ငံတွေက ခေါင်းဆောင်တွေ၊ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ တွေ့ဆုံပြီး အီရန်အရေးကို ဆွေးနွေးဖို စီစဉ်နေတယ်လို သတင်းရင်းမြစ်တွေကို ကိုးကားပြီး Axios သတင်းဝက်ဘ်ဆိုက်က ရေးသားထားပါတယ်။
ဒီအစည်းအဝေးကို စက်တင်ဘာ ၂၂ ရက်မှာ လုပ်နိုင်ခြေရှိပြီး ဘာရိန်း၊ ကာတာ၊ ကူဝိတ်၊ ယူအေအီး (UAE)၊ အိုမန်နဲ့ ဆော်ဒီအာရေးဘီးယား နိုင်ငံတွေက ကိုယ်စားလှယ်တွေ တက်ရောက်မယ်လို သတင်းမှာ ဖော်ပြထားပါတယ်။ အစည်းအဝေးရဲ့ အဓိကရည်ရွယ်ချက်ကတော့ အီရန်နဲ့ပတ်သက်ပြီး အမေရိကန်ရဲ့ “စစ်ပြီးခေတ် မဟာဗျူဟာ” အယူအဆတွေကို ဆွေးနွေးဖို ဖြစ်ပါတယ်။
1 065
သီတဂူဆရာတော်ကြီးက ဧရာဝတီတိုင်းမှ ရေဘေးသင့်သူများအတွက် အလှူငွေကျပ်သိန်း(၁,၀၀၀)လှူဒါန်းတော်မူမည်
သီတဂူဆရာတော်ကြီးက ဧရာဝတီတိုင်း၊ လေးမျက်နှာမြိုနယ်ရှိ ငဝန်တာ တာဘောင်ကျိုးမှုကြောင့် ရေဘေးသင့်ခဲ့ရသော ဧရာဝတီတိုင်းမှ ရေဘေးသင့်သူများအ တွက် အလှူငွေကျပ်သိန်း(၁,၀၀၀)လှူဒါန်းတော်မူမည်ဖြစ်ကြောင်း သိရသည်။
ထိုပြင် သီတဂူဆရာတော်ကြီးသည် ပြီးခဲ့သည့် စက် တင်ဘာ ၁၃ ရက်ညနေပိုင်းကလည်း နီပေါနိုင်ငံတွင် တောင်ကျရေကြောင့် ပျက်စီးဆုံးရှုးခဲ့ရမှုများနှင့် သေ ဆုံးခဲ့ရမှုများအတွက် အမေရိကန်ဒေါ်လာ(၁၀,၀၀၀)ကို မြန်မာနိုင်ငံဆိုင်ရာ နီပေါလ်နိုင်ငံသံအမတ်ကြီးထံ ပေးအပ်လှုဒါန်းခဲ့ကြောင်း သိရသည်။
1 065
ထိုင်းနိုင်ငံ၏ ဥပဒေများကို ဖောက်ဖျက်ကျူးလွန်သူများ သိုမဟုတ် ထိုင်းပြည်သူများအပေါ် ခေါင်းပုံဖြတ် အနိုင်ကျင့်သော နိုင်ငံခြားသားများကို ထိုင်းဝန်ကြီးချုပ် အနူတင်က ပြင်းပြင်းထန်ထန် သတိပေး
ထိုင်းနိုင်ငံ၏ ဥပဒေများကို ဖောက်ဖျက်ကျူးလွန်သော သိုမဟုတ် ထိုင်းပြည်သူများအပေါ် ခေါင်းပုံဖြတ် အနိုင်ကျင့်သော နိုင်ငံခြားသားများအနေဖြင့် နိုင်ငံအတွင်းမှ ထွက်ခွာသွားကြရန် ထိုင်းဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီး အနူတင် ချန်ဗီရာကူလ်က ပြင်းထန်သော စကားလုံးများ သုံးနှုန်းပြောကြားခဲ့ကြောင်း Khaosod English သတင်းတွင် ဖော်ပြထားသည်။
1 065
ထိုင်းနိုင်ငံတွင် iPhone 18 စီးရီးသစ်ကို စက်တင်ဘာ ၁၈ ရက်၌ စတင်ရောင်းချမည်
အမေရိကန်နည်းပညာကုမ္ပဏီ Apple ၏ အသစ်ထွက်ရှိလာသည့် iPhone 18 Pro ကို ဝယ်ယူရန်အတွက် ထိုင်းနိုင်ငံက အရှေ့တောင်အာရှတွင် မလေးရှားပြီးလျှင် ဒုတိယဈေးအသက်သာဆုံးနိုင်ငံဖြစ်ကြောင်း သိရသည်။ ထိုင်းနိုင်ငံတွင် iPhone 18 စီးရီးသစ် မော်ဒယ်များအတွက် ကြိုတင်မှာယူမှုကို စက်တင်ဘာ ၁၂ ရက်တွင် စတင်လက်ခံခဲ့ပြီး စက်တင်ဘာ ၁၈ ရက်တွင် တရားဝင်ရောင်းချမည်ဖြစ်သည်။
1 065
မင်္ဂလာဒုံမြိုနယ်တွင် YBS စောင့်နေသည့် အမျိုးသမီးထံမှ လက်ကိုင်အိတ်လုယက်မှုကျူးလွန်သူနှစ်ဦးကို သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီး
မင်္ဂလာဒုံမြိုနယ်တွင် YBS စောင့်နေသည့် အမျိုးသမီးထံမှ လက်ကိုင်အိတ်လုယက်မှုကျူးလွန်သူနှစ်ဦးကို သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲမှ သိရသည်။
