es
Feedback
ဇတ်ကားမြို့တော်

ဇတ်ကားမြို့တော်

Ir al canal en Telegram

မြန်မာစာတန်းထိုးများ

Mostrar más
El país no está especificadoLa categoría no está especificada
304
Suscriptores
-124 horas
+17 días
+230 días
Archivo de publicaciones
Repost from N/a
ငွေနောက်လိုက် လူမိုက်

ငွေနောက်လိုက် လူမိုက် B_a-l_t-i (2-0-2-6) IMDB ⭐️ 6.4/10 "အားကစားသမားဘဝကနေ လူမိုက်လောကထဲကို ခြေစုံပစ်ဝင်မိတဲ့အခါ... လမ်းဟောင်
ငွေနောက်လိုက် လူမိုက် B_a-l_t-i (2-0-2-6) IMDB ⭐️ 6.4/10 "အားကစားသမားဘဝကနေ လူမိုက်လောကထဲကို ခြေစုံပစ်ဝင်မိတဲ့အခါ... လမ်းဟောင်းကို ပြန်လျှောက်ခွင့် မရှိတော့ဘူး" Action Drama ကားကြမ်းကြမ်းလေးတွေကိုမှ သဘောကျပါတယ်ဆိုတဲ့ ဘော်ဒါတွေအတွက် ကယ်ရာလာ နဲ့ တမီးလ်နာဒူး နယ်စပ်ဒေသလေးကို အခြေခံထားတဲ့ ဇာတ်ကားသစ်လေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီကားမှာ အဓိက ခေါင်းဆောင်မင်းသားတွေအနေနဲ့ ပရိသတ်အချစ်တော် Shane Nigam နဲ့အတူ မလေယာလမ် ရုပ်ရှင်လောကကို (၁၆) နှစ်ကြာမှ ပြန်လည်ခြေချလာတဲ့ မင်းသား Shanthanu Bhagyaraj တိုက အပြိုင်ကြဲထားတာပြီး မင်းသမီးချောလေး Preethi Asrani လည်း ပါဝင်ထားပါတယ် ဇာတ်လမ်းကတော့ ဗေလန်ပါလာယမ်ဆိုတဲ့ မြိုလေးမှာ အခြေတည်ထားပါတယ်။ အဲဒီမြိုလေးမှာ တရားမဝင် ငွေချေးလုပ်ငန်းတွေနဲ့ မြေယာကိစ္စတွေကို ဩဇာကြီးတဲ့ ဘိုင်ရာဗန်၊ ဆိုဒါဘာဘူ နဲ့ ဂျီမား တို ၃ ယောက်က အုပ်စီးပြီး ချုပ်ကိုင်ထားတာပါ။ ဇာတ်လိုက်ကြီး အူဒါယန် (ခေါ်) ဘယ်လ်တီ ကတော့ ကာဘူဒီ အားကစားကို ရူးသွပ်သူဖြစ်ပြီး သူ့သူငယ်ချင်းတွေဖြစ်တဲ့ ကူးမား၊ ရာမက်ရှ်၊ မာနီ၊ ပရာဒိ တိုအုပ်စုနဲ့အတူ သံယောဇဉ်ကြီးကြီး ဖြတ်သန်းနေတဲ့ လူငယ်လေးပေါ့။ တစ်ရက်မှာ သူတိုသူငယ်ချင်းတစ်စုဟာ နယ်ခံ ကာဘူဒီပြိုင်ပွဲမှာ နာမည်ကြီး ဘိုင်ရာဗန်ရဲ့အသင်းကို အနိုင်ယူလိုက်ရာကနေ ပြဿနာစပါတော့တယ်။ အစပိုင်းမှာ ရန်စောင်ကြပေမဲ့ သူတိုအုပ်စုရဲ့ စည်းလုံးမှုနဲ့ လက်ရုံးရည်ကို သဘောကျသွားတဲ့ ဘိုင်ရာဗန်က သူ့အသင်းအတွက် ကိုယ်စားပြုကစားပေးဖို ကမ်းလှမ်းလာပါတယ်။ အဲဒီကနေ တစ်ဆင့် ပြိုင်ပွဲတွေမှာ ဗိုလ်စွဲပေးရာကနေ ဘိုင်ရာဗန်ရဲ့ ယုံကြည်စိတ်ချရတဲ့ လူယုံတွေဖြစ်လာပြီး တရားမဝင် ငွေချေးလုပ်ငန်းရဲ့ အမှောင်လောကထဲကို တဖြည်းဖြည်းနဲ့ ခြေစုံပစ် ဝင်မိသွားကြပါတော့တယ်။ ဒါပေမဲ့ "ငွေကြေးနဲ့ အာဏာ" ကြီးစိုးတဲ့ လောကမှာ "လူမိုက်ဆိုတာ သက်တမ်းမရှည်ဘူး" ဆိုတဲ့အတိုင်းပါပဲ...။ ဘိုင်ရာဗန်ရဲ့ ရက်စက်တဲ့ လုပ်ရပ်တွေကြောင့် အူဒါယန်ချစ်ရတဲ့ ကောင်မလေးရဲ့မိသားစု ထိခိုက်နစ်နာလာရတဲ့အခါမှာတော့… မိသားစုလို ချစ်ရတဲ့ သူငယ်ချင်းတွေနဲ့ ဩဇာကြီးတဲ့ ဘော့စ်ကြီးကြားမှာ အူဒါယန် တစ်ယောက် ဘယ်လို ရပ်တည်မလဲ...။ ကာဘူဒီကစားသမား လူငယ်လေးတွေ ဂိုဏ်းစတားလောကရဲ့ သွေးစွန်းတဲ့လမ်းပေါ်ကို ဘယ်လိုဆက်လျှောက်ရမလဲဆိုတာကို  ရှုစားကြပါဦး။ Joinရန်လင့်🔽🔽🔽 https://t.me/zatkarch12 Zကားလင့်🔽🔽🔽 https://t.me/zatkarch12/60

Repost from N/a
ဇာတ်မြှုပ်နေထိုင်နေတဲ့ ဓားသမားရဲ့ သမီးကိုကျွန်အဖြစ်ရောင်းစားမိတဲ့အခါ... 😀➡️➡️➡️➡️➡️➡️➡️➡️➡️➡️➡️ ⚠️ Copyright DisclaimerNo copyright infringement intended. I do not own any of the videos or music. Use only for the entertainment purpose only under the principle of Fair Use. All rights reserved goes to its rightful owner

ဇာတ်မြှုပ်နေထိုင်နေတဲ့ ဓားသမားရဲ့ သမီးကိုကျွန်အဖြစ်ရောင်းစားမိတဲ့အခါ... T_h-e S_w-o_r-d_s-m_a-n (2020)IMDb…7.0 ဂျိုဆွန်းပြည်ဟ
ဇာတ်မြှုပ်နေထိုင်နေတဲ့ ဓားသမားရဲ့ သမီးကိုကျွန်အဖြစ်ရောင်းစားမိတဲ့အခါ... T_h-e S_w-o_r-d_s-m_a-n (2020)IMDb…7.0 ဂျိုဆွန်းပြည်ဟာ မြောင်နိုင်ငံကို စစ်ရှုံးပြီးတော့ နောက်ဆက်တွဲအကျိုးဆက်တွေက အတော်ဆိုးပါတယ်…စားနပ်ရိက္ခာတွေအပြင် မိန်းကလေးကျွန်တွေပေးနေရပါတယ်…. တဖြည်းဖြည်း မြောင်နိုင်ငံဟာ နောက်ထပ်စစ်ပွဲတစ်ခုကိုဉီးတည်ချင်တဲ့ရည်ရွယ်ချက်ကြောင့်ပဲလားမသိ…ကျွန်အရေတွက်တွေ တိုးလို့တောင်းခံသလို အထူးလေ့ကျင့်ထားတဲ့ စစ်သည်တွေကိုလည်း ဂျိုဆွန်းကိုစေလွှတ်ထားပါတယ်… ဂျိုဆွန်းရဲ့ မှူးမတ်တွေရဲ့အကြံကလည်းတော်တော်ယုတ်မာပါတယ်..သူတို့သမီးတွေ ကျွန်အဖြစ်မပေးရရေးကိုစားဖို့တောင်အနိုင်နိုင်ြဖစ်နေတဲ့ ရွာလေးတွေက သမီးတွေကို မွေးစားသမီးလုပ်မယ်ဆိုတဲ့မက်လုံးနဲ့ခေါ်ယူမွေးပြီးကျွန်အဖြစ်ပေးဖို့ကြံကြပါတယ်…ဒီလိုနဲ့မွေးစားခံဖို့ခေါ်တဲ့အထဲမှာ သမီးလေးတစ်ယောက်ရဲ့အဖေဟာဇာတ်မြှုတ်နေတဲ့ အထူးဓားရေးကျွမ်းကျင်တဲ့ ဓားသမားတစ်ယောက်ဖြစ်လာတဲ့အခါမှာတော့…ဒီဇာတ်ကားက မင်းသားကြီး Hyuk Jang အဓိကသရုပ်ဆောင်ထားပြီး ဇာတ်လမ်းအစမှအဆုံးထိရှယ်ဗျင်းကြတဲ့အက်ရှင်ဇာတ်ကားပါ..ရိုက်ချက်တွေလည်း တော်တော်ကြီးမိုက်သလိုနောက်ခံတီးလုံးတွေလည်းလန်းပါတယ်..ခံစားကြည့်ကြပါဉီး…ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Hana ပဲြဖစ်ပါတယ်… #Credit Joinရန်လင့်🔽🔽 https://t.me/zatkarch12 Zကားလင့်🔽🔽 https://t.me/zatkarch12/58

Repost from N/a
B*r*o (20*23)

Repost from N/a
B*R*O (20*23) ========= ဒီတစ်ခေါက်တင်ဆက်ပေးမှာကတော့ "BRO" ဆိုတဲ့အိန္ဒိယကားလေးဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ မာ့ခ်ဟာ သူ့ဘဝတစ်ခု
B*R*O (20*23) ========= ဒီတစ်ခေါက်တင်ဆက်ပေးမှာကတော့ "BRO" ဆိုတဲ့အိန္ဒိယကားလေးဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ မာ့ခ်ဟာ သူ့ဘဝတစ်ခုလုံးကို မိသားစုအတွက်ပဲပေးဆပ်လာခဲ့ပြီးတော့ အမြဲတမ်းအလုပ်များနေတဲ့သူတစ်ယောက်ပါ သူ့ညီအစ်ကိုမောင်နှမကိစ္စတွေဆိုရင်လည်း အားလုံးကိုပဲ သူပဲလိုက်စီမံထိန်းချုပ်ပြီး သူ့အလိုအတိုင်းပဲလုပ်တတ်တဲ့သူတစ်ယောက်ပေါ့ ဒီလိုနဲ့တစ်ရက်မှာတော့ ဗိုင်ဇက်ကနေ ဟိုက်ဒရာဘတ်ကိုသွားတဲ့အချိန် လမ်းမှာအက်စီးဒင့်ဖြစ်ခဲ့ပါတယ် သူနိုးလာတဲ့အချိန်မှာတော့ အနက်ရောင်အင်္ကျီဝတ်ထားတဲ့၊ သူ့ကိုယ်သူ "အချိန်"လို့ပြောတဲ့လူတစ်ဦးနဲ့တွေ့ခဲ့ပြီး အဲဒီလူကနေမှ သူကမ္ဘာပေါ်မှာနေရမယ့်အချိန်တွေကုန်သွားပြီလို့ ပြောလာခဲ့ပါတယ် မာ့ခ်တစ်ယောက်သူ့မိသားစုကိုစိတ်မချဘူး၊ သူ့မှာလုပ်စရာတွေကျန်သေးတယ်လို့ပြောပြီး နောက်ဆုံးမှာ အချိန်ရက် ၉၀ ပေးဖို့ညှိနိုင်ခဲ့ပါတယ် မာ့ခ်တစ်ယောက်သူ့ရဲ့နောက်ဆုံးရက် ၉၀ အတွင်းမှာ ဘာတွေကိုပြင်ဆင်သွားမလဲ၊ အသက်ရှင်နေစဉ် သူသတိမထားမိခဲ့တဲ့ ဘယ်လိုဖြစ်ရပ်တွေရှိနေနိုင်ဦးမလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာဆက်လက်ကြည့်ရှုပေးကြပါဦးနော်

Repost from N/a
ရထားလမ်းရဲ့ အဆုံးသတ်က ငရဲတံခါးဝ ဖြစ်နေတဲ့အခါ

ရထားလမ်းရဲ့ အဆုံးသတ်က ငရဲတံခါးဝ ဖြစ်နေတဲ့အခါ S_p-e_e-d De-m-o-n (2-0-2-6) သည်းထိတ်ရင်ဖို Horror ကားအလန်းစားတွေကိုမှ အရသာခံကြည
ရထားလမ်းရဲ့ အဆုံးသတ်က ငရဲတံခါးဝ ဖြစ်နေတဲ့အခါ S_p-e_e-d De-m-o-n (2-0-2-6) သည်းထိတ်ရင်ဖို Horror ကားအလန်းစားတွေကိုမှ အရသာခံကြည့်တတ်တဲ့ ပရိသတ်ကြီးအတွက် ဒီတစ်ခါမှာတော့ ပြေးစရာမြေမရှိတဲ့ သံမဏိရထားတွဲတွေထဲက သွေးပျက်စရာကံကြမ္မာဆိုးအကြောင်း ရိုက်ကူးထားတဲ့ ရုပ်ရှင်အသစ်တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်... ဘဝမှာ သီလရှင်ဝတ်စုံသာဝတ်ထားပေမဲ့ အရက်လည်းကြိုက်၊ ဆေးလည်းသုံး၊ အပျော်အပါးလည်းမက်ပြီး ယုံကြည်ချက်တွေပျောက်ဆုံးနေတဲ့ လူရှုပ်သီလရှင်မလေးလူစီယာက ဗာတီကန်ရဲ့ ထိပ်သီးနတ်ဆိုးနှင်ဘုန်းကြီး ဖာသာနိုဗက်ခ်ရဲ့ လက်ထောက်အဖြစ် မွန်ထရီအောကနေ နယူးယောက်ကိုသွားမဲ့ ရထားပေါ်လိုက်လာခဲ့ပါတယ်... ဒါပေမဲ့ ရထားပေါ်က ခရီးသည်တစ်ယောက်က ရှေးဟောင်းရုပ်တုတစ်ခုကနေတစ်ဆင့် အမှောင်ထုထဲက နတ်ဆိုးရဲ့ ပူးကပ်စီးနင်းခြင်းကို ခံလိုက်ရတဲ့အခါမှာတော့...အရှိန်အဟုန်နဲ့မောင်းနှင်နေတဲ့ ရထားကြီးရဲ့စနစ်တွေအကုန်ပျက်စီးပြီး အရှိန်ထိန်းမရတဲ့ငရဲရထားကြီးတစ်စင်းအဖြစ် ပြောင်းလဲသွားပါတော့တယ်... ပြေးစရာမြေမရှိ၊ အပြင်ကိုခုန်ချရင်လည်း အသက်ပျောက်မဲ့ မိုင်ကုန်မောင်းနေတဲ့ ရထားတွဲတွေထဲမှာ... နတ်ဆိုးက ခရီးသည်တွေကို တစ်ယောက်ပြီးတစ်ယောက် သွေးအေးအေးနဲ့ အမဲလိုက်သတ်ဖြတ်နေတဲ့အခါ...အမြဲတမ်း စိတ်မချရတဲ့၊သီလမလုံတဲ့ သီလရှင်မလေး လူစီယာတစ်ယောက် သူ့ရဲ့ပျောက်ဆုံးနေတဲ့ ယုံကြည်ခြင်းတရားတွေကိုပြန်ရှာဖွေပြီး ခရီးသည်တွေရဲ့အသက်ကို ကယ်တင်နိုင်သွားမလား...ဒါမှမဟုတ် အားလုံးကပဲ ရထားလမ်းရဲ့အဆုံးသတ်ငရဲဆီကို တရှိန်ထိုးပါသွားကြမှာလား... Joinရန်လင့်🔽🔽🔽 https://t.me/zatkarch12 Zကားလင့်🔽🔽🔽 https://t.me/zatkarch12/54

Repost from N/a
ကူကယ်ရာမဲ့ (阁楼) T*h*e L*o*f*t 20*26

ကူကယ်ရာမဲ့ (阁楼) The Loft 2026 Movie လင်မယားကွာရှင်းပြတ်စဲပြီးနောက် စိတ်ကျရောဂါ ခံစားနေရတဲ့ အမျိုးသမီးတစ်ယောက် ညဉ့်နက်သန်းခေါင
ကူကယ်ရာမဲ့ (阁楼) The Loft 2026 Movie လင်မယားကွာရှင်းပြတ်စဲပြီးနောက် စိတ်ကျရောဂါ ခံစားနေရတဲ့ အမျိုးသမီးတစ်ယောက် ညဉ့်နက်သန်းခေါင်တိုင်းမှာ အိမ်အပေါ်ထပ်ထဲကနေ ထွက်ပေါ်လာတတ်တဲ့ ထူးဆန်းတဲ့ ခြောက်ခြားဖွယ် အသံဗလံတွေရဲ့ နောက်ကွယ်က လျှို့ဝှက်ချက်က ဘာဖြစ်မလဲ... အခုတင်ဆက်ပေးမဲ့ ဇာတ်လမ်းက သာမန် သရဲခြောက်တဲ့ ကားမျိုးတင် မဟုတ်ဘဲ လူသားတစ်ယောက်ရဲ့ စိတ်ဒဏ်ရာ နဲ့ အမှောင်ထုထဲက လျှို့ဝှက်ချက်တွေကို ပိုင်နိုင်စွာ ပေါင်းစပ်ပြီး ကြည့်သူကို တွေးစရာအများကြီးပေးမဲ့ကားလေးပါ ဇာတ်လမ်းအကျဉ်း 📝 အဓိက အမျိုးသမီးဇာတ်ဆောင် ဖြစ်သူ Xiao Yue ဟာ သူမရဲ့ အိမ်ထောင်ရေး ပြိုကွဲပြီး လင်မယားကွာရှင်းပြတ်စဲခဲ့ရပြီးနောက် စိတ်ပိုင်းဆိုင်ရာ ပြင်းထန်စွာ ထိခိုက်ပြီး စိတ်ကျရောဂါဝေဒနာကို အလူးအလဲ ခံစားခဲ့ရရှာပါတယ် ဘဝမှာ အထီးကျန်စွာနဲ့ အပြင်လောကနဲ့ အဆက်အသွယ်ဖြတ်ပြီး တစ်ကိုယ်တည်း နေထိုင်နေတဲ့ သူမရဲ့ အိမ်ဂေဟာလေးက သာမန်ကြည့်ရင်တော့ အေးချမ်းပြီး ပုံမှန်အတိုင်းပါပဲ ဒါပေမဲ့ ညဉ့်နက်သန်းခေါင် ယံအချိန် ရောက်လို့ လောကကြီးတစ်ခုလုံး တိတ်ဆိတ်သွားတဲ့ အခါတိုင်းမှာတော့ အိမ်ရဲ့ အပေါ်ဆုံး ထပ်ခိုးဆီကနေ လူကို စိုးရိမ်ထိတ်လန့်သွားစေမယ့် ထူးဆန်းတဲ့ အသံဗလံတွေဟာ မကြာခဏဆိုသလို ထွက်ပေါ်လာတတ်ပါတယ် အဲဒီ ထပ်ခိုးပေါ်က ထွက်ပေါ်လာတဲ့ အသံတွေဟာ လူတစ်ယောက်ရဲ့ မသိရသေးတဲ့ လျှို့ဝှက်ချက်တွေကို တီးတိုးရေရွတ် တိုင်တည်နေသလိုမျိုး ခံစားရစေပြီး တစ်ချက်တစ်ချက် မြည်ဟည်းသွားတဲ့ အသံတိုင်းဟာ ကြည့်ရှုနေတဲ့ ပရိသတ်တွေရဲ့ စိတ္တဇအာရုံခံစားမှု အကန့်အသတ်ကို အပြင်းအထန် စိန်ခေါ်လှုံ့ဆော်နေခဲ့ပါတယ် ဒါဟာ စိတ်ကျရောဂါကြောင့် ဖြစ်ပေါ်လာတဲ့ သူမရဲ့ စိတ်ကူးယဉ် အာရုံခြောက်လှန့်မှုတွေလား သို့မဟုတ် အိမ်ရဲ့ အမှောင်ထုထဲမှာ တကယ်ပဲ တစ်ခုခု ခိုအောင်းနေတာလား တစ်ဖက်မှာလည်း ကြောက်စရာ ကောင်းလှတဲ့ ဒီပတ်ဝန်းကျင် အခြေအနေကြားထဲကနေ Xiao Yue ဟာ လက်မလျှော့ဘဲ မိမိကိုယ်တိုင်ရဲ့ အားတင်းကြိုးစားမှုတွေ သူမအပေါ် မေတ္တာမပျက်တဲ့ မိဘတွေ စိတ်ရှည်လက်ရှည် ကုသပေးတဲ့ ဆရာဝန်တွေနဲ့ အနီးနားက ကြင်နာတတ်တဲ့ အိမ်နီးနားချင်း တွေရဲ့ ကူညီစောင့်ရှောက်မှုတွေကြောင့် ဘဝအပေါ် ထားရှိတဲ့ မျှော်လင့်ချက် အလင်းရောင်တွေကို တဖြည်းဖြည်း ပြန်လည်စုဆောင်း ခိုင်မာလာခဲ့ပြီး စိတ္တဇအမှောင်ထုတွေ ထပ်ခိုးပေါ်က ခြောက်ခြားစရာ အသံဗလံတွေရဲ့ ပဟေဠိ အမှန်တရားတွေကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ဖော်ထုတ်ရင်း နောက်ဆုံးမှာတော့ ဘယ်လိုဆက်ဖြစ်လာမလဲ..... ကဲ စိတ်ရဲ့ အမှောင်ထုနဲ့ ထပ်ခိုးပေါ်က ကျောချမ်းစရာ အမှန်တရားကို ရှာဖွေမယ့် ခရီးစဉ်ကို SoulKingdom မှာ အခုပဲ ကြည့်ရှုခံစားလိုက်ရအောင် Joinရန်လင့်🔽🔽🔽 https://t.me/zatkarch12 ဇာတ်ကားလင့်🔽🔽 https://t.me/zatkarch12/52

Repost from N/a
It's Time To Party (2020)

Repost from N/a
It's Time To Party (2020) ========================= IMDB - 5.4/10 ဇာတ်လမ်းကတော့..... ခေတ်မီနည်းပညာတွေနဲ့ ဆိုရှယ်မီဒီယာကို အလွ
It's Time To Party (2020) ========================= IMDB - 5.4/10 ဇာတ်လမ်းကတော့..... ခေတ်မီနည်းပညာတွေနဲ့ ဆိုရှယ်မီဒီယာကို အလွန်အကျွံသုံးစွဲတဲ့ လူငယ်တွေရဲ့ ဘဝနောက်ကွယ်က အမှောင်ဘက်ခြမ်းကို ဖော်ပြထားတဲ့ ဆိုက်ဘာမှုခင်း (Cyber Crime) သဲထိတ်ရင်ဖို ဇာတ်ကားလေး ဖြစ်ပါတယ်။ ဇာတ်လမ်းမှာတော့ အွန်လိုင်း (Dating App) ပေါ်ကနေ မသိသူတွေနဲ့ ချိတ်ဆက်မိရာကနေ ပါတီပွဲတစ်ခုကို ရောက်သွားကြတဲ့ လူငယ်တစ်စုအကြောင်းကို ရိုက်ကူးထားတာပါ။ သူတို့တွေဟာ ပျော်ပါးဖို့အတွက် ပါတီကို ရောက်လာကြပေမယ့်၊ တကယ်တမ်းမှာတော့ သူတို့ရဲ့ လျှို့ဝှက်ချက်တွေ၊ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို အွန်လိုင်းကနေ အသုံးချပြီး ခြိမ်းခြောက်ငွေညှစ်မယ့် ထောင်ချောက်တစ်ခုထဲကို ဝင်မိလျက်သား ဖြစ်နေတာကို မသိခဲ့ကြပါဘူး။ ဆိုရှယ်မီဒီယာပေါ်မှာ ကိုယ့်ရဲ့ အချက်အလက်တွေကို ပေါ့ပေါ့ဆဆ တင်မိတဲ့အခါ၊ မသိတဲ့သူတွေနဲ့ အွန်လိုင်းကနေ ချိတ်ဆက်မိတဲ့အခါ ဘယ်လို ဆိုးကျိုးတွေ၊ အသက်အန္တရာယ်တွေပါ ကြုံတွေ့လာနိုင်လဲ ဆိုတာကို ဇာတ်ကောင်တွေရဲ့ အလွဲလွဲအချော်ချော် အဖြစ်အပျက်တွေကနေတစ်ဆင့် ရင်ခုန်စိတ်လှုပ်ရှားဖွယ် တင်ဆက်ထားတာပါ။

Repost from N/a
ခွေးကလေး လပ်ကီး

Repost from N/a
L-u-c-k-y t-h-e S-u-p-e-r-s-t-a-r (2026) ခွေးကလေး လပ်ကီး ++++++++++++++ ခွေးပေါက်ကလေး လပ်ကီးက သူ့အမေ ခွေးမကြီးနဲ့ကွဲကွာသွားပြ
L-u-c-k-y t-h-e S-u-p-e-r-s-t-a-r (2026) ခွေးကလေး လပ်ကီး ++++++++++++++ ခွေးပေါက်ကလေး လပ်ကီးက သူ့အမေ ခွေးမကြီးနဲ့ကွဲကွာသွားပြီး အော်တစ်ဇင်ရောဂါ ခံစားနေရတဲ့ ကောင်မလေး အမ်မူးတို့အိမ်ကို ရောက်ရှိလာပါတယ်။ တစ်ယောက်တည်း အမြဲတမ်း ဂျီကျ ပြီးအငြိမ်မနေတတ်တဲ့ ကောင်မလေး အမ်မူးတစ်ယောက် ခွေးပေါက်လေး လပ်ကီးနဲ့  သံယောဇဉ်ဖြစ်သွားပြီး ကစားဖော်တွေဖြစ်သွားတော့တာပေါ့။ တစ်နေ့ခွေးပေါက်ကလေး လပ်ကီးကို မသမာသူတွေက ဖမ်းခေါ်သွားကြပြီး အမ်မူးတစ်ယောက် အရင်လိုဂျီကျဆိုးသွမ်း သွားတဲ့အခါမှာတော့ အမ်မူးရဲ့ဦးလေးဖြစ်သူ လက်ရှ်မန်းတစ်ယောက် လပ်ကီးကို အသဲအသန်ရှာဖွေဖို့ ကြိုးစားရပါတော့တယ်။ လပ်ကီးဆိုတဲ့ နာမည်နဲ့လိုက်အောင် ကံကောင်းစေတဲ့ ခွေးကလေးလပ်ကီး မသမာသူတွေလက်ထဲ မှာဘယ်လို အသုံးချခံဖြစ်မလဲ။လက်ရှ်မန်းတစ်ယောက် ဘယ်လိုခွေးရှာပုံတော်ဖွင့်သွားမလဲဆိုတာ .....

Repost from N/a
Neerja (2014)

Repost from N/a
Neerja (2016) ​၁၉၈၆ ခုနှစ်က တကယ်ဖြစ်ပွားခဲ့တဲ့ Pan Am လေယာဉ်ပြန်ပေးဆွဲခံရမှု ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတဲ့ အိန္ဒိယဇာတ်က
Neerja (2016) ​၁၉၈၆ ခုနှစ်က တကယ်ဖြစ်ပွားခဲ့တဲ့ Pan Am လေယာဉ်ပြန်ပေးဆွဲခံရမှု ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတဲ့ အိန္ဒိယဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်။ ဒီကားမှာ ဆွန်နမ်ကပူး (Sonam Kapoor) က အသက် ၂၂ နှစ်အရွယ် လေယာဉ်မယ်လေး Neerja Bhanot နေရာကနေ အပီပြင်ဆုံး သရုပ်ဆောင်ထားပါတယ်။ ​အကြမ်းဖက်သမားတွေ လေယာဉ်ကို အပိုင်စီးလိုက်ချိန်မှာ ထိတ်လန့်နေတဲ့ ခရီးသည် ၃၀၀ ကျော်ရဲ့ အသက်ကို ကယ်တင်ဖို့ သူမရဲ့ အသက်ကိုပါ ပေးဆပ်ပြီး ရဲရဲဝင့်ဝင့် ကာကွယ်သွားခဲ့ပုံတွေကို ရင်တမမနဲ့ ကြည့်ရှုရမယ့် Biographical Thriller ကားမျိုးပါ။ သာမန် မိန်းကလေးတစ်ယောက်ရဲ့ ကြီးမားတဲ့ သတ္တိနဲ့ ကိုယ်ကျိုးစွန့်လွှတ်မှုကို သဘာဝကျကျ ပုံဖော်ထားလို့ ဇာတ်ကားအဆုံးမှာ မျက်ရည်ကျရလောက်အောင် ခံစားရစေမှာပါ။ ​စိတ်လှုပ်ရှားစရာ ဇာတ်ကွက်တွေ အပြည့်အဝပါဝင်လို့ ဇာတ်လမ်းပြန်လည်ပြောပြတဲ့ Content တွေ ဖန်တီးဖို့အတွက်ပါ အရမ်းကို အဆင်ပြေပြီး မဖြစ်မနေ ကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားအဖြစ် ညွှန်းပေးလိုက်ပါတယ်။

Repost from N/a
"အာမရာဗာသီမှ ကြိုဆိုပါ၏"

Repost from N/a
A-m-a-r-a-v-a-t-h-i-k-i A-a-h-v-a-n-a-m (2026) "အာမရာဗာသီမှ ကြိုဆိုပါ၏" +++++++++++++++++++++++ IMDb - 8/10 ဘာဂါဗီက သရဲနဲ့အတူ
A-m-a-r-a-v-a-t-h-i-k-i A-a-h-v-a-n-a-m (2026) "အာမရာဗာသီမှ ကြိုဆိုပါ၏" +++++++++++++++++++++++ IMDb - 8/10 ဘာဂါဗီက သရဲနဲ့အတူဆိုတဲ့ ချန်နယ်ဖွင့်ထားပြီး သရဲခြောက်ပါတယ်လို့နာမည်ကြီးတဲ့ အိမ်တွေ နေရာတွေမှာ သွားသွားနေပြတတ်တဲ့ဘလော့ဂါတစ်ယောက်ပါ။သူ့ချန်နယ် နာမည်ကြီးသွားပြီးနောက်ပိုင်းမှာ သူစိမ်းတစ်ယောက်ဆီကနေဖုန်းဝင်လာတယ်။တကယ့်သရဲအစစ်တွေကို ချန်နယ်မှာ တိုက်ရိုက်လွှင့်ပြနိုင်ဖို့ ရာနှုန်းပြည့်အာမခံချက်နဲ့ဘာဂါဗီကို သူတို့ရွာဆီ ဖိတ်ခေါ်တဲ့ဖုန်းပေါ့။ဒီမှာပဲ ဘာဂါဗီတစ်ယောက် ရဲအရာရှိအဖြစ်ကနေ ရပ်ဆိုင်းခံထားရတဲ့ အစ်မရဲ့ယောကျ်ားရယ်၊သူ့ချစ်သူ မာဟီရယ်နဲ့ သရဲတကယ်ရှိပါတယ်ဆိုတဲ့ အာမရာဗာသီဆိုတဲ့ ရွာကလေးဆီသွားကြတဲ့အခါမှာတော့...။

Repost from N/a
Marrowbone (2017)

Repost from N/a
Marrowbone (2017) တက်သစ်စလူငယ်သရုပ်ဆောင်တွေနဲ့ ပွဲထွက်ခဲ့ပြီးတော့ ဒါရိုက်တာ Sergio G. Sanchez ရိုက်ကူးခဲ့တဲ့ Marrowbone အမည်ရ
Marrowbone (2017) တက်သစ်စလူငယ်သရုပ်ဆောင်တွေနဲ့ ပွဲထွက်ခဲ့ပြီးတော့ ဒါရိုက်တာ Sergio G. Sanchez ရိုက်ကူးခဲ့တဲ့ Marrowbone အမည်ရ Drama/Horror ကားကို နာမည်ကျော်ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Universal မှ 2017 October မှာ ထုတ်လွှင့်ခဲ့ပါတယ်။ အမေဖြစ်သူနဲ့ သားသမီးလေးယောက်တိုဟာ လူတစ်ယောက်ရဲ့ရန်ကိုကြောက်ရွံတာကြောင့် အင်္ဂလန်မှ အမေရိကန်မှာရှိတဲ့ မဲရိုးဘုန်းလိုအမည်ရတဲ့အိမ်ကြီးတစ်အိမ်ကိုပြောင်းရွှေ့နေထိုင်ခဲ့ကာ ဘဝအသစ်ကိုစတင်ခဲ့ပါတယ်။ ရောဂါကြောင့် အမေဖြစ်သူသေဆုံးသွားတဲ့အခါမှာတော့ ညီငယ် ညီမငယ်တွေကို စောင့်ရှောက်ဖိုတာဝန်ဟာ သားအကြီးဖြစ်သူ ဂျက်ပခုံးပေါ်ကျရောက်လာပါတယ်။ ဒါ့အပြင်မဲရိုးဘုန်းအိမ်ကြီးရဲ့နံရံအတွင်းမှာ အမျိုးအမည်မသိတဲ့အန္တရာယ်တစ်ခုဟာလည်းတည်ရှိနေပါတယ်။ ဂျက်ဟာ သူ့အမေကိုကတိပေးခဲ့သလိုမျိုး သူ့မိသားစုကိုစောင့်ရှောက်နိုင်ပါ့မလား၊ သူတိုအိမ်ရဲ့နံရံအတွင်းမှာရှိနေတဲ့ အရာကဘာလည်း၊ဇာတ်လမ်းဟာ Horror ထက် Mystery ဘက်ကိုပိုကဲတဲ့အတွက် ဘာမှသိပ်မသိပဲကြည့်ရတာပိုပြီး အရသာရှိပါလိမ့်မယ် #Credit