es
Feedback

¡No caigas en manos de tramposos! Telemetrio encuentra y marca estos canales 👉 Si quieres ver la etiqueta, suscríbete

ဖိုးမှန်

ဖိုးမှန်

Ir al canal en Telegram

ဘက်စုံ ကဏ္ဍစုံ သတင်းချန်နယ်

Mostrar más
El país no está especificadoLa categoría no está especificada
4 659
Suscriptores
-1624 horas
-407 días
-30030 días
Archivo de publicaciones
ဘင်္ဂလားဒေ့ရှ်က ဘိုးရင်းလေယာဉ် ၁၁ စင်း ထပ်မံဝယ်ယူမည် အမေရိကန်သို တင်ပိုသည့် ကုန်ပစ္စည်းများအပေါ် အကောက်ခွန်တိုးမြှင့်ကောက်ခံခ
ဘင်္ဂလားဒေ့ရှ်က ဘိုးရင်းလေယာဉ် ၁၁ စင်း ထပ်မံဝယ်ယူမည် အမေရိကန်သို တင်ပိုသည့် ကုန်ပစ္စည်းများအပေါ် အကောက်ခွန်တိုးမြှင့်ကောက်ခံခံရနိုင်သည့် အခြေအနေများရှိနေချိန်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် အမေရိကန်နှင့် ကုန်သွယ်ရေးဆက်ဆံမှု ပိုမိုခိုင်မာစေရန် ရည်ရွယ်၍ ဘိုးရင်းလေယာဉ် ၁၁ စင်း ထပ်မံဝယ်ယူမည်ဖြစ်ကြောင်း သိရသည်။ နယူးယောက်မြိုတွင် ဗုဒ္ဓဟူးနေ့က လက်မှတ်ရေးထိုးရန် စီစဉ်ထားသည့် အဆိုပါသဘောတူညီချက်အရ နိုင်ငံပိုင် Biman Bangladesh Airlines က 787 Dreamliner နှင့် 737 MAX လေယာဉ် ၁၁ စင်း ဝယ်ယူမည်ဖြစ်ပြီး ယင်းအနက် 787-10 ငါးစင်းနှင့် 737-8 ခြောက်စင်း ပါဝင်ကြောင်း ဘိုးရင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ယခုဝယ်ယူမှုသည် အမေရိကန်ထံမှ ကုန်ပစ္စည်းတင်သွင်းမှု တိုးမြှင့်ကာ နှစ်နိုင်ငံကုန်သွယ်ရေးလိုငွေ အမေရိကန်ဒေါ်လာ ၆ ဘီလျံခန့်ရှိနေမှုကြောင့် ဖြစ်ပေါ်လာသည့် ဖိအားများကို လျှော့ချရန် ဘင်္ဂလားဒေ့ရှ်ဘက်က ကြိုးပမ်းနေမှု၏ တစ်စိတ်တစ်ပိုင်းလည်းဖြစ်သည်။

သမ္မတဗလာဒီမာပူတင်က ယူကရိန်းနှင့်ဖြစ်ပွားနေသော စစ်ပွဲတွင် ၄၇ နိုင်ငံမှ တိုက်ခိုက်ရေးသမားများကို အသုံးပြုနေသည်ဟု ဇယ်လန်းစကီးပြေ
သမ္မတဗလာဒီမာပူတင်က ယူကရိန်းနှင့်ဖြစ်ပွားနေသော စစ်ပွဲတွင် ၄၇ နိုင်ငံမှ တိုက်ခိုက်ရေးသမားများကို အသုံးပြုနေသည်ဟု ဇယ်လန်းစကီးပြောကြား ရုရှားသမ္မတဗလာဒီမာပူတင်သည် ယူရိန်းစစ်ပွဲကို ဆင်နွှရန် ၄၇ နိုင်ငံမှ တတိယနိုင် ငံတိုက်ခိုက်ရေးသမား များကို အသုံးပြုနေသည်ဟု ယူကရိန်းသမ္မတဗိုလိုဒီမာဇယ်လန်းစကီးက စက်တင်ဘာ ၂၃ ရက်တွင် စွပ်စွဲပြော ကြားသည်။ မြောက်ကိုရီးယားနှင့် ရုရှားတို၏ကာ ကွယ်ရေးဆက်ဆံမှုများကို အလေးပေးပြော ကြားသော ဇယ်လန်းစကီးက ယူကရိန်းကို ရုရှားတိုက်ခိုက်ရာတွင် အသုံးပြုသော မြောက်ကိုရီးယားစစ်သားနှစ်ဦးကို ဖမ်းမိသဖြင့် တောင်ကိုရီးယားသို ပိုလိုက်သည်ဟု ဆိုသည်။

အာဆီယံသံမဏိဖိုရမ် ၂၀၂၆ သို မြန်မာကိုယ်စားလှယ်အဖွဲ တက်ရောက်၊ မြန်မာ့သံမဏိကဏ္ဍ ဖွံဖြိုးရေးဆိုင်ရာ အခြေအနေများ ဆွေးနွေး မနီလာ၊ စ
အာဆီယံသံမဏိဖိုရမ် ၂၀၂၆ သို မြန်မာကိုယ်စားလှယ်အဖွဲ တက်ရောက်၊ မြန်မာ့သံမဏိကဏ္ဍ ဖွံဖြိုးရေးဆိုင်ရာ အခြေအနေများ ဆွေးနွေး မနီလာ၊ စက်တင်ဘာ ၂၄ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို၌ စက်တင်ဘာ ၂၁ ရက်မှ ၂၄ ရက်အထိ ကျင်းပသည့် The Second ASEAN Policymakers Conference on Steel နှင့် 2026 ASEAN Iron & Steel Forum: Sustainability & Construction သို မြန်မာနိုင်ငံသံနှင့်သံမဏိအသင်းမှ ကိုယ်စားလှယ်အဖွဲ တက်ရောက်ခဲ့ကြောင်း သိရသည်။ အဆိုပါဖိုရမ်သို မြန်မာနိုင်ငံသံနှင့်သံမဏိအသင်း ဥက္ကဋ္ဌ ဒေါက်တာကေသီလွင်နှင့် အဖွဲဝင်များ၊ စက်မှုဝန်ကြီးဌာန အကြီးစားစက်မှုလုပ်ငန်း (၁) မှ အထွေထွေမန်နေဂျာ ဦးကျော်စိုးဝေတို တက်ရောက်ခဲ့ကြသည်။ ဖိုရမ်အတွင်း မြန်မာကိုယ်စားလှယ်များက သံမဏိသည် အခြေခံအဆောက်အအုံ ဖွံဖြိုးတိုးတက်ရေးအတွက် မရှိမဖြစ်လိုအပ်သည့် အခြေခံပစ္စည်းတစ်ရပ်ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံ၏ သံမဏိသုံးစွဲမှုအခြေအနေကို ကမ္ဘာ့သံမဏိသုံးစွဲမှုအခြေအနေနှင့် နှိင်းယှဉ်၍ ဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။

ဂန့်ဂေါမြိုနယ်တွင် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအဖြစ် KG ကျောင်းသား၊ ကျောင်းသူများအား ပဉ္စမအကြိမ်မြောက် အာဟာရကျွေးမွ
ဂန့်ဂေါမြိုနယ်တွင် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအဖြစ် KG ကျောင်းသား၊ ကျောင်းသူများအား ပဉ္စမအကြိမ်မြောက် အာဟာရကျွေးမွေး ဂန့်ဂေါ၊ စက်တင်ဘာ ၂၄ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြိုနယ်တွင် ကျောင်းနေအရွယ်ကလေးများအားလုံး အာဟာရပြည့်ဝ ဖွံဖြိုးတိုးတက်စေရေးနှင့် ကျန်းမာရေးနှင့်ညီညွတ်သော အမူအကျင့်ကောင်းများ စွဲမြဲစွာ ကျင့်သုံးတတ်စေရန် ရည်ရွယ်၍ မြိုနယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတိုပူးပေါင်းကာ ယနေ့နံနက်ပိုင်း က ဂန့်ဂေါမြိုပေါ်နှင့် မြိုနယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းကျန်းမာရေးသီတင်းပတ် လှုပ်ရှားမှုအဖြစ် KG ကျောင်းသား၊ ကျောင်းသူများအား ပဉ္စမအကြိမ်မြောက် အာဟာရကျွေးမွေးခြင်း များဆောင်ရွက်ခဲ့ရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသက်လွင်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးကြသည်။

အမေရိကန်က ကျူးကျော်လာနိုင်လို စစ်ရေးပြင်ဆင်မှုတွေ လုပ်ခဲ့တယ်လို ကနေဒါဝန်ကြီးချုပ် ဆို စက်တင်ဘာ - ၂၄ ( ကြာသပတေးနေ့) ကနေဒါနိုင်
အမေရိကန်က ကျူးကျော်လာနိုင်လို စစ်ရေးပြင်ဆင်မှုတွေ လုပ်ခဲ့တယ်လို ကနေဒါဝန်ကြီးချုပ် ဆို စက်တင်ဘာ - ၂၄ ( ကြာသပတေးနေ့) ကနေဒါနိုင်ငံအပေါ် အမေရိကန်က စစ်ရေးအရ ကျူးကျော်လာနိုင်ခြေရှိတဲ့ အခြေအနေအတွက် ကနေဒါအစိုးရ တာဝန်ရှိသူတွေအနေနဲ့ ပြီးခဲ့တဲ့တစ်နှစ်ပတ်လုံး ပြင်ဆင်မှုတွေ လုပ်ခဲ့ရတယ်လို ကနေဒါဝန်ကြီးချုပ် မာ့ခ် ကာနေး က နိုင်ငံတကာ သတင်းစာတစ်စောင်ဖြစ်တဲ့ နယူးယောက်ခ်တိုင်းမ် နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောကြားလိုက်ပါတယ်။

CNN၊ MS NOW နှင့် Politico တို၏ အိမ်ဖြူတော်သတင်းရယူခွင့် ပြန်ပေးရန် အမေရိကန်တရားသူကြီး အမိန့်ချ 𝙎𝙀𝙋~𝟐𝟒 CNN၊ MS NOW နှင့်
CNN၊ MS NOW နှင့် Politico တို၏ အိမ်ဖြူတော်သတင်းရယူခွင့် ပြန်ပေးရန် အမေရိကန်တရားသူကြီး အမိန့်ချ 𝙎𝙀𝙋~𝟐𝟒 CNN၊ MS NOW နှင့် Politico သတင်းဌာနများမှ သတင်းထောက်များကို အိမ်ဖြူတော်သို ဝင်ရောက်သတင်းရယူခွင့် ချက်ချင်းပြန်လည်ပေးရန် အမေရိကန်ဖက်ဒရယ်တရားရုံးတစ်ရုံးက စက်တင်ဘာ ၂၄ ရက်တွင် သမ္မတ ဒေါ်နယ်ထရမ့်၏ အစိုးရကို အမိန့်ချမှတ်ခဲ့ပြီး အဆိုပါသတင်းဌာနများကို ပိတ်ပင်ထားခြင်းသည် ဖွဲစည်းပုံအခြေခံဥပဒေနှင့် ညီနိုင်ဖွယ်မရှိကြောင်း ပြောကြားခဲ့သည်။ စက်တင်ဘာ ၁၈ ရက်တွင် ထရမ့်အစိုးရက အဆိုပါသတင်းဌာနသုံးခုကို အိမ်ဖြူတော်သတင်းရယူခွင့် ပိတ်ပင်ခဲ့မှုအပေါ် သတင်းဌာနများက တရားစွဲဆိုထားသည့် အမှုနှင့်ပတ်သက်၍ အမေရိကန် ခရိုင်တရားသူကြီး Tim Kelly က ယင်းအမိန့်ကို ချမှတ်ခဲ့ခြင်းဖြစ်သည်။

FIFA ASEAN Cup Division 2 ယနေ့ ဟောင်ကောင်တွင် စတင်မည်၊ မြန်မာအသင်း ဗိုလ်လုပွဲတက်ရန် ရည်မှန်း ဟောင်ကောင်၊ စက်တင်ဘာ ၂၄ ပထမဆုံးအ
FIFA ASEAN Cup Division 2 ယနေ့ ဟောင်ကောင်တွင် စတင်မည်၊ မြန်မာအသင်း ဗိုလ်လုပွဲတက်ရန် ရည်မှန်း ဟောင်ကောင်၊ စက်တင်ဘာ ၂၄ ပထမဆုံးအကြိမ် ကျင်းပသည့် FIFA ASEAN Cup Division 2 ပြိုင်ပွဲကို ယနေ့ စက်တင်ဘာ ၂၄ ရက်တွင် ဟောင်ကောင်၌ စတင်ကျင်းပမည်ဖြစ်ပြီး မြန်မာ့လက်ရွေးစင် အမျိုးသားဘောလုံးအသင်းလည်း ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။

တစ်နိုင်ငံလုံးရှိ ရဟန်း၊ သာမဏေနှင့် သီလရှင်များအပါအဝင် သာသနာနွယ်ဝင်များအား UID နံပါတ် ထုတ်ပေးမည် နေပြည်တော်၊ စက်တင်ဘာ ၂၄ တစ်န
တစ်နိုင်ငံလုံးရှိ ရဟန်း၊ သာမဏေနှင့် သီလရှင်များအပါအဝင် သာသနာနွယ်ဝင်များအား UID နံပါတ် ထုတ်ပေးမည် နေပြည်တော်၊ စက်တင်ဘာ ၂၄ တစ်နိုင်ငံလုံးရှိ ရဟန်း၊ သာမဏေနှင့် သီလရှင်များအပါအဝင် သာသနာဝင်၊ သာသနာနွယ်ဝင်များအားလုံးကို အမျိုးသားအဆင့် စိစစ်ရေးနံပါတ် (Unique ID - UID) ဂဏန်း ၁၀ လုံး ထုတ်ပေးသွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သိရသည်။ UID စနစ်သည် e-ID (အီလက်ထရောနစ် မှတ်ပုံတင်) စနစ်၏ အဓိကအခြေခံတစ်ရပ်ဖြစ်ပြီး ဗဟိုဒေတာဘေ့စ်တွင် သိမ်းဆည်းထားသည့် အချက်အလက်များအပေါ် အခြေခံ၍ တစ်ဦးချင်းစီအတွက် သီးသန့်နံပါတ်တစ်ခုစီ ထုတ်ပေးခြင်းဖြစ်သည်။ လက်ရှိတွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ရဟန်း၊ သာမဏေနှင့် သီလရှင်များအား UID နံပါတ် ထုတ်ပေးနိုင်ရေးအတွက် ညွှန်ကြားချက်များ စတင်ထုတ်ပြန်ထားပြီး နောက်ပိုင်းတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်သည်။

တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ၏ (၃၈)နှစ်မြောက် ပါတီနှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနား ပြုလုပ်ခဲ့ပြီး ပါတီညီလာခံကို ဒီဇင်
တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ၏ (၃၈)နှစ်မြောက် ပါတီနှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနား ပြုလုပ်ခဲ့ပြီး ပါတီညီလာခံကို ဒီဇင်ဘာလတွင် ကျင်းပရန် စီစဉ်နေ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ၏ (၃၈)နှစ်မြောက် ပါတီနှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့ပြုလုပ်ခဲ့ပြီး ပါတီညီလာခံကို ဒီဇင်ဘာလတွင် ကျင်းပရန်စီစဉ်နေကြောင်း သိရသည်။ အဆိုပါအထိမ်းအမှတ်အခမ်းအနားကို ရန်ကုန်မြို၊ တက္ကသိုလ်ရိပ်သာလမ်းရှိ တိုင်းရင်းသားစည်းလုံး ညီညွှတ်ရေးပါတီ၊ ဗဟိုကော်မတီဌာနချုပ်တွင် စက်တင်ဘာ ၂၄ ရက်က ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အယ်လ်နီညိုကြောင့် လာမည့်ခြောက်လ အတွင်း လူပေါင်း ၄၅၀၀၀၀ ကျော် သေဆုံးနိုင်ဟု သိပ္ပံပညာရှင်များ ခန့်မှန်း အင်အားပြင်း အယ်လ်နီညို
အယ်လ်နီညိုကြောင့် လာမည့်ခြောက်လ အတွင်း လူပေါင်း ၄၅၀၀၀၀ ကျော် သေဆုံးနိုင်ဟု သိပ္ပံပညာရှင်များ ခန့်မှန်း အင်အားပြင်း အယ်လ်နီညို ရာသီဥတုဖြစ်စဉ်ကြောင့် လာမည့်ခြောက်လအတွင်း အပူချိန်မြင့်တက်မှုနှင့် ဆက်စပ်ပြီး ကမ္ဘာတစ်ဝန်း လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ကြောင်း သုတေသနတစ်ရပ်က ခန့်မှန်းထားသည်။ အဆိုပါခန့်မှန်းချက်ကို ချီကာဂိုတက္ကသိုလ်၏ Climate Impact Lab က စက်တင်ဘာ ၂၃ ရက်တွင် ထုတ်ပြန်ခဲ့ပြီး ၂၀၂၇ ခုနှစ် ၊ ဖေဖော်ဝါရီအထိ ဖြစ်နိုင်ခြေရှိသည့် အပူဒဏ်ကြောင့် သေဆုံးမှုများကို ပုံမှန်နှစ်များတွင် ဖြစ်ပေါ်နိုင်သည့် သေဆုံးမှုနှုန်းနှင့် နှိင်းယှဉ်တွက်ချက်ထားခြင်း ဖြစ်သည်။ သိပ္ပံပညာရှင်များ၏ ခန့်မှန်းချက်အရ အယ်လ်နီညိုကြောင့် ဖွံဖြိုးဆဲနိုင်ငံများနှင့် အာဖရိကတိုက်ရှိ ဆာဟယ်ဒေသသည် အပူဒဏ်ကို ပိုမိုပြင်းထန်စွာ ခံစားရနိုင်ကြောင်း ခန့်မှန်းထားသည်။

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြိုများတွင် အမြင်မတင့်တယ်၍ ရှုပ်ထွေးလျက်ရှိသည့် Fiber Cable များနှင့် ခွင့်ပြုချက်မရှိဘဲသွယ်တန
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြိုများတွင် အမြင်မတင့်တယ်၍ ရှုပ်ထွေးလျက်ရှိသည့် Fiber Cable များနှင့် ခွင့်ပြုချက်မရှိဘဲသွယ်တန်းထားသည့် ဖိုင်ဘာကြိုးများ မရှိစေရန်(၅) နှစ်တာ လုပ်ငန်း စီမံချက်ရေးဆွဲ ဆောင်ရွက်လျက်ရှိ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြိုများတွင် အမြင်မတင့်တယ်၍ ရှုပ်ထွေးလျက်ရှိသည့် Fiber Cable များနှင့် ခွင့်ပြုချက်မရှိဘဲသွယ်တန်းထားသည့် ဖိုင်ဘာကြိုးများ မရှိစေရန်(၅) နှစ်တာ လုပ်ငန်း စီမံချက်ရေးဆွဲ ဆောင်ရွက် လျက်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးကျော်မိုးသက်က စက်တင်ဘာလ၂၄ရက် လွှတ်တော်အစည်းဝေးတွင် ပြောကြားခဲ့သည်။

မန္တလေးတိုင်းဒေသကြီးတွင် ကျားဖြန့်နှင့်အွန်လိုင်းလောင်းကစား လုပ်ကိုင်နေသည့် မိုဘိုင်းဖုန်းဆင်းကတ် ၄သိန်းရသောင်းကျော်အား အပြီး
မန္တလေးတိုင်းဒေသကြီးတွင် ကျားဖြန့်နှင့်အွန်လိုင်းလောင်းကစား လုပ်ကိုင်နေသည့် မိုဘိုင်းဖုန်းဆင်းကတ် ၄သိန်းရသောင်းကျော်အား အပြီးတိုင်ပိတ်သိမ်း ■ အွန်လိုင်းမှတဆင့် ငွေကြေးလိမ်လည်မှု လောင်းကစားလုပ်ငန်းများဆောင်ရွက်ရာတွင် အသုံးပြုသည့် ငွေကြေးစီးဆင်းမှုများကို ဖြတ်တောက်ထိန်းချုပ်ခြင်းများ အရေးယူဆောင်ရွက်နေ မန္တလေးတိုင်းဒေသကြီးတွင် ကျားဖြန့်နှင့်အွန်လိုင်းလောင်းကစားလုပ်ကိုင်နေသည့် မိုဘိုင်းဖုန်းဆင်းကတ် ၄သိန်းရသောင်းကျော်အား အပြီးတိုင်ပိတ်သိမ်းခြင်း၊အွန်လိုင်းမှတဆင့် ငွေကြေးလိမ်လည်မှု လောင်းကစား လုပ်ငန်းများဆောင်ရွက်ရာတွင် အသုံးပြုသည့် ငွေကြေးစီးဆင်းမှုများကို ဖြတ်တောက်ထိန်းချုပ်ခြင်းများ အရေးယူဆောင်ရွက်နေကြောင်း လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး၏ လွှတ်တော်တွင် ဖြေကြားချက်အရ သိရသည်။

ပါလီမန်ရွေးကောက်ပွဲရလဒ်က အစိုးရမူဝါဒများအပေါ် ပြည်သူ့ထောက်ခံမှုကို ပြသနေသည်ဟု ရုရှားသမ္မတဆို ရုရှားနိုင်ငံ၏ ပထမဆုံးစစ်ပွဲကာလ
ပါလီမန်ရွေးကောက်ပွဲရလဒ်က အစိုးရမူဝါဒများအပေါ် ပြည်သူ့ထောက်ခံမှုကို ပြသနေသည်ဟု ရုရှားသမ္မတဆို ရုရှားနိုင်ငံ၏ ပထမဆုံးစစ်ပွဲကာလ ပါလီမန်ရွေးကောက်ပွဲ ရလဒ်သည် အစိုးရမူဝါဒများအပေါ် ပြည်သူများ၏ထောက်ခံမှုကို ပြသနေကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က စက်တင်ဘာ ၂၃ ရက်တွင် ပြောကြားလိုက်သည်။ သုံးရက်ကြာ မဲပေးမှုများ စက်တင်ဘာ ၂၀ ရက်တွင် အဆုံးသတ်ခဲ့ပြီးနောက် မဲရလဒ် ၉၇ ရာခိုင်နှုန်းကျော် ရေတွက်ပြီးချိန် ရုရှားအာဏာရပါတီ United Russia က အောက်လွှတ်တော် State Duma တွင် အမတ်နေရာ လေးပုံသုံးပုံကျော် ရရှိမည်ဟု ရွေးကောက်ပွဲအာဏာပိုင်များက ကြေညာထားသည်။ မဲပေးခွင့်ရှိသူ ၁၁၁ သန်းအနက် ၅၉ ရာခိုင်နှုန်းကျော် မဲပေးခဲ့ပြီး ဆယ်စုနှစ်တစ်ခုကျော်အတွင်း ပါလီမန်ရွေးကောက်ပွဲများအနက် မဲပေးသူအများဆုံးနှုန်း ဖြစ်လာခဲ့သည်။ ဒေသအချိုတွင် အွန်လိုင်းမဲပေးမှုများ ခွင့်ပြုခဲ့ပြီး ရုရှားက သိမ်းပိုက်ထားသည့် ယူကရိန်းနယ်မြေအချိုမှာပါ မဲပေးမှုများ ရှိခဲ့သည်။

ဒီအာကွန်ဂိုတွင် အီဘိုလာရောဂါတိုက်ဖျက်ရေးအတွက် ဒေါ်လာ ၂၆၇ သန်း ထပ်မံထုတ်ပေးမည်ဟု အမေရိကန်ပြောကြား ဒီအာကွန်ဂိုတွင် အီဘိုလာရောဂါ
ဒီအာကွန်ဂိုတွင် အီဘိုလာရောဂါတိုက်ဖျက်ရေးအတွက် ဒေါ်လာ ၂၆၇ သန်း ထပ်မံထုတ်ပေးမည်ဟု အမေရိကန်ပြောကြား ဒီအာကွန်ဂိုတွင် အီဘိုလာရောဂါတိုက်ဖျက်ရေးကို ကူညီပေးရန်အတွက် ဒေါ်လာ ၂၆၇ သန်း ထပ်မံထုတ်ပေးမည်ဟု အမေရိကန်က စက်တင်ဘာ ၂၃ ရက်တွင် ပြောကြားခဲ့သည်။ "ဒီနေ့အချိန်အထိ အမေရိကန်အစိုးရဟာ အီဘိုလာ ရောဂါကူးစက်ပြန့်ပွားမှုကို တိုက်ဖျက်ဖိုအတွက် ကျန်းမာရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ ဒေါ်လာ ၈၈၇ သန်း ထောက်ပံ့ပေးထားပြီးဖြစ်ပါတယ်" ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပြီး အမေရိကန်သည် ယခုနောက်ဆုံး ကပ်ရောဂါကူးစက်မှုအတွက် အကူအညီ အများဆုံး ထောက်ပံ့ပေးသည့် နိုင်ငံဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ဗင်နီဇွဲလားတွင် ရွေးကောက်ပွဲများ ကျင်းပသွားမည်ဟု ယာယီသမ္မတ ပြောကြား ဗင်နီဇွဲလားတွင် ရွေးကောက်ပွဲများ ကျင်းပသွားမည်ဟု ယာယီသမ္မ
ဗင်နီဇွဲလားတွင် ရွေးကောက်ပွဲများ ကျင်းပသွားမည်ဟု ယာယီသမ္မတ ပြောကြား ဗင်နီဇွဲလားတွင် ရွေးကောက်ပွဲများ ကျင်းပသွားမည်ဟု ယာယီသမ္မတ ဒယ်လ်စီ ရိုဒရီဂွက်ဇ်က စက်တင်ဘာ ၂၃ ရက်တွင် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ပြောကြားခဲ့သည်။ သံတမန်ရေးရာ ဆက်ဆံရေးများ ပြန်လည် ထူထောင်ပေးခဲ့သည့်အတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်အား ကျေးဇူးတင်ရှိကြောင်းလည်း ၄င်းက ပြောကြားခဲ့သည်။

ပင်းတယမြိုနယ် သိမ်ကုန်း-ကြံခင်းမြောင်လမ်း ကတ္တရာခင်းခြင်းလုပ်ငန်း ၉၀ ရာခိုင်နှုန်းပြီးစီး ပင်းတယ၊ စက်တင်ဘာ ၂၄ ရှမ်းပြည်နယ် (တ
ပင်းတယမြိုနယ် သိမ်ကုန်း-ကြံခင်းမြောင်လမ်း ကတ္တရာခင်းခြင်းလုပ်ငန်း ၉၀ ရာခိုင်နှုန်းပြီးစီး ပင်းတယ၊ စက်တင်ဘာ ၂၄ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြိုနယ်ရှိ သိမ်ကုန်း-ကြံခင်းမြောင်လမ်းအား ကတ္တရာခင်းခြင်းနှင့် ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ လက်ရှိတွင် လုပ်ငန်း၏ ၉၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ သိမ်ကုန်း-ကြံခင်းမြောင်လမ်း နှစ်မိုင်အနက် တစ်မိုင်ကို ကတ္တရာထပ်ပိုးလွှာခင်းခြင်းနှင့် ကျန်တစ်မိုင်ကို ကတ္တရာခင်းခြင်းတိုအား ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံဖြိုးရေး ပြည်ထောင်စုရန်ပုံငွေဖြင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်သည်။

ဆောင်းဦးလယ်လမုန့်ပွဲတော်နှင့် တရုတ်-မြန်မာ လက်ဖက်ယဉ်ကျေးမှုပြပွဲ ရန်ကုန်တွင် ကျင်းပ 𝙎𝙀𝙋~𝟐𝟒 “လက်ဖက်ဆွေသဟာ တရုတ်-မြန်မာ၊ လ
ဆောင်းဦးလယ်လမုန့်ပွဲတော်နှင့် တရုတ်-မြန်မာ လက်ဖက်ယဉ်ကျေးမှုပြပွဲ ရန်ကုန်တွင် ကျင်းပ 𝙎𝙀𝙋~𝟐𝟒 “လက်ဖက်ဆွေသဟာ တရုတ်-မြန်မာ၊ လဝန်းထိန်သာ ကမ္ဘာတစ်ဝန်းမှာ” ခေါင်းစဉ်ဖြင့် ဆောင်းဦးလယ်လမုန့်ပွဲတော်နှင့် တရုတ်-မြန်မာ လက်ဖက်ယဉ်ကျေးမှုပြပွဲကို စက်တင်ဘာ ၂၃ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို လှိင်မြိုနယ်ရှိ လှိင်မင်္ဂလာခန်းမ၌ ကျင်းပခဲ့သည်ဟု သိရသည်။

တရုတ်နှင့် အမေရိကန်သည် ပြိုင်ဘက်များမဟုတ်ဘဲ မိတ်ဖက်များဖြစ်သင့်ကြောင်း တရုတ်သမ္မတ ရှီ ပြောကြား တရုတ်နှင့် အမေရိကန်သည် ပြိုင်ဘ
တရုတ်နှင့် အမေရိကန်သည် ပြိုင်ဘက်များမဟုတ်ဘဲ မိတ်ဖက်များဖြစ်သင့်ကြောင်း တရုတ်သမ္မတ ရှီ ပြောကြား တရုတ်နှင့် အမေရိကန်သည် ပြိုင်ဘက်များမဟုတ်ဘဲ မိတ်ဖက်များဖြစ်သင့်ကြောင်း တရုတ်သမ္မတ ရှီကျင်းပင်က စက်တင်ဘာ ၂၃ ရက်တွင် ပြောကြားခဲ့သည်။ ရှီသည် စက်တင်ဘာ ၂၃ ရက်ညနေပိုင်းက ၀ါရှင်တန်သိုရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး ၄င်းကို အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ကြိုဆိုခဲ့သည်။ ထိုနောက်ရှီက အမေရိကန်နှင့် ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းပြောကြားခဲ့သည်ဟု တရုတ်အစိုးရပိုင် မီဒီယာများက သတင်းဖော်ပြခဲ့သည်။ "ကျွန်တော်တို နှစ်နိုင်ငံဟာ ပြိုင်ဘက်တွေမဟုတ်ဘဲ မိတ်ဖက်တွေ ဖြစ်သင့်ပါတယ်။ တရုတ်နဲ့ အမေရိကန် ပြည်သူတွေဟာ ရေရှည်တည်တံ့တဲ့ ချစ်ကြည်ရင်းနှီးစွာ ထိတွေ့ဆက်ဆံမှုတွေကို မွေ့လျော်ခဲ့ကြသလို ကျွန်တော်တိုရဲ့ အကျိုးစီးပွားတွေဟာလည်း နက်နက်ရှိင်းရှိင်း ဆက်နွှယ်နေပါတယ်" ဟု ရှီက ပြောကြားခဲ့သည်ဟု တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက ထုတ်ပြန်ခဲ့သည်။

ဆီအုန်းကဏ္ဍ ရင်းနှီးမြှုပ်နှံမှုနှင့် ခေတ်မီစိုက်ပျိုးရေးနည်းပညာ ပူးပေါင်းဆောင်ရွက်ရေး မြန်မာ-အင်ဒိုနီးရှား ဆွေးနွေး နေပြည်တေ
ဆီအုန်းကဏ္ဍ ရင်းနှီးမြှုပ်နှံမှုနှင့် ခေတ်မီစိုက်ပျိုးရေးနည်းပညာ ပူးပေါင်းဆောင်ရွက်ရေး မြန်မာ-အင်ဒိုနီးရှား ဆွေးနွေး နေပြည်တော်၊ စက်တင်ဘာ ၂၄ မြန်မာနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတိုအကြား ဆီအုန်းကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာပူးပေါင်းဆောင်ရွက်ရေးအပြင် တောင်သူပညာပေးလုပ်ငန်းများနှင့် ခေတ်မီစိုက်ပျိုးရေးနည်းပညာ ဖလှယ်ရေးတိုကို တိုးမြှင့်ဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ကြောင်း သိရသည်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် စက်တင်ဘာ ၂၃ ရက်က အင်ဒိုနီးရှားနိုင်ငံသံရုံးမှ သံရုံးတာဝန်ခံ H.E. Mr. Novan Ivanhoe Saleh ဦးဆောင်သည့်အဖွဲအား နေပြည်တော်၌ လက်ခံတွေ့ဆုံစဉ် ယင်းကိစ္စရပ်များကို ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်၏ သုံးရက်တာ အမေရိကန် နိုင်ငံတော်ခရီးစဉ် စတင်၊ သမ္မတ ထရမ့်ပ် လေဆိပ်၌ ကိုယ်တိုင်ကြိုဆို ဝါရှင်တန်၊ စက်တင
တရုတ်သမ္မတ ရှီကျင့်ဖျင်၏ သုံးရက်တာ အမေရိကန် နိုင်ငံတော်ခရီးစဉ် စတင်၊ သမ္မတ ထရမ့်ပ် လေဆိပ်၌ ကိုယ်တိုင်ကြိုဆို ဝါရှင်တန်၊ စက်တင်ဘာ ၂၄ တရုတ်သမ္မတ ရှီကျင့်ဖျင်သည် သုံးရက်တာ နိုင်ငံတော်ခရီးစဉ်အဖြစ် အမေရိကန်ပြည်ထောင်စုသို စက်တင်ဘာ ၂၃ ရက် ညနေပိုင်းက ရောက်ရှိလာရာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က Joint Base Andrews လေတပ်အခြေစိုက်စခန်း၌ ကိုယ်တိုင်ကြိုဆိုခဲ့သည်။ သမ္မတ ရှီကျင့်ဖျင်နှင့် ဇနီး ဖုန်လိယွမ်တို ရောက်ရှိလာချိန်တွင် သမ္မတ ထရမ့်ပ်နှင့် သမ္မတကတော် မယ်လနီယာထရမ့်ပ်တိုက ကြိုဆိုနှုတ်ဆက်ခဲ့ကြပြီး အမေရိကန်သမ္မတတစ်ဦးက တရုတ်ခေါင်းဆောင်တစ်ဦးကို လေဆိပ်၌ ကိုယ်တိုင်သွားရောက်ကြိုဆိုခြင်းမှာ ဆယ်စုနှစ်များအတွင်း ထူးခြားသည့် သံတမန်ရေးရာ အစီအစဉ်တစ်ရပ်ဖြစ်သည်။