ဖိုးမှန်
Ir al canal en Telegram
ဘက်စုံ ကဏ္ဍစုံ သတင်းချန်နယ်
Mostrar másEl país no está especificadoLa categoría no está especificada
4 636
Suscriptores
-3824 horas
-757 días
-33730 días
Archivo de publicaciones
4 634
+2
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ဝန်းအတွင်းရှိ တပ်မတော်အရာရှိကြီးများအား တွေ့ဆုံအမှာစကားပြောကြား
ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ဝန်းအတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော တပ်မတော်အရာရှိကြီးများအနေဖြင့်....
🔸 လုပ်ငန်းတာဝန်များအပေါ်တွင် စိတ်ဓာတ်၊ စည်းကမ်းနှင့် ခံယူချက်များ ကောင်းမွန်စွာဖြင့် ကြိုးပမ်းထမ်းဆောင်ကြရန် တိုက်တွန်းပြောကြားလိုကြောင်း၊
🔸 အဖွဲ့အစည်းတစ်ခုတွင် လုပ်ငန်းအောင်မြင်ရန်အတွက် ဦးဆောင်သူများ၏ လုပ်ငန်းရည်မှန်းချက်၊ အကောင်အထည်ဖော်မှုနည်းလမ်းနှင့် သဘောတရားများကို လုပ်ဖော်ကိုင်ဖက်များကပါ သိရှိနားလည်မှသာ ရည်မှန်းချက်ကို အကောင်အထည်ဖော်ရာတွင် ပိုမိုထိရောက်မည်ဖြစ်ကြောင်း၊
🔸 ထိုပြင် ရုံး၊ ဌာနအလိုက် ခေါင်းဆောင်များအနေဖြင့်လည်း မိမိတိုလက်အောက်တွင် လိုက်ပါဆောင်ရွက်နေကြသည့် လက်အောက်ငယ်သားများ၏ အားနည်းချက်အားသာချက်များကို သိရှိပြီး သင့်လျော်သည့် တာဝန်များကို ပေးအပ်နိုင်ရမည်ဖြစ်ကြောင်း။
#ဖိုးမှန်
သတင်းများကို အချိန်နှင့်တစ်ပြေးညီ သိရှိလိုပါက👇👇👇
https://t.me/phoehmann007 ကို Join ထားပေးပါ။
4 634
သာစည်မြိုနယ်တွင် စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ
နေပြည်တော်၊ စက်တင်ဘာ ၂၂
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲမှ တပ်ဖွဲဝင်များပါဝင်သော ပူးပေါင်းအဖွဲသည် သက်သေများနှင့်အတူ စက်တင်ဘာလ ၁၉ ရက်နေ့ ၂၁၄၅ အချိန် သာစည်မြိုနယ်၊ ကျွဲတပ်ဆုံကျေးရွာအနီးတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် တောင်ကြီးမြိုဘက်မှ ပဲခူးမြိုဘက်သို မောင်းနှင်လာသည့် ခရီးသည်တင် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် လိုက်ပါလာသောခရီးသည် မမူစန်းအေး ထံမှ စိတ်ကြွဆေးပြား ၁၀,၀၀၀ ပြား(ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၂၀၀)နှင့် လက်ကိုင်ဖုန်း ၁ လုံးတိုအား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် မမူစန်းအေး(၃၁)နှစ်အား သာစည်မြိုမရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
4 634
လားရှိးမြိုတွင် ငွေကျပ် ၁,၆၂၅.၈၅ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
နေပြည်တော်၊ စက်တင်ဘာ ၂၂
လုံခြုံရေးတပ်ဖွဲဝင်များပါဝင်သော ပူးပေါင်းအဖွဲသည် သတင်းအရ သက်သေများနှင့်အတူ စက်တင်ဘာလ ၁၇ ရက်နေ့ ၁၉၁၅ အချိန် လားရှိးမြို၊ ရပ်ကွက်(၁၂)၊ ဈေးတန်းလမ်းနေ စိုင်းရွှေအောင်(ခ)စိုင်းလုံ ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ မနန်းအုန်းကြည်(ခ)အေးအောင် အားတွေ့ရှိပြီး နေအိမ်အတွင်းမှ ဘိန်းဖြူ အလေးချိန် ၅ ဂရမ်(ဒေသကာလတန်ဖိုးငွေကျပ် ၁ သိန်း)၊ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် Happy Water အလေးချိန် ၂.၉၀၅ ကီလို(ဒေသကာလတန်ဖိုးငွေကျပ် ၁,၃၀၇.၂၅ သိန်း)၊ အိုက်စ်(မက်သ်အဖက်တမင်း)အလေးချိန် ၉၀၀ ဂရမ်(ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၁၈၀)၊ အက်တက်စီဆေးပြား ၅၀၀ ပြား(ဒေသကာလတန်ဖိုးငွေကျပ် ၁၂၅ သိန်း)၊ Happy Water ပြုလုပ်ရာတွင်အသုံးပြုသည့် အဖြူရောင်အမှုန့် ၃၆၀ ဂရမ်(ဒေသကာလတန်ဖိုးငွေကျပ် ၁၂.၆ သိန်း)၊ လက်ကိုင်ဖုန်း ၁ လုံး၊ ဆက်စပ်ပစ္စည်းများနှင့်အတူ တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် စိုင်းရွှေအောင်(ခ)စိုင်းလုံ(၆၄)နှစ် နှင့် မနန်းအုန်းကြည်(ခ)အေးအောင်(၆၀)နှစ်တိုအား လားရှိးနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
4 634
အဖြူရောင်ရွှေစေးများမှသည် အိမ်မက်များဆီသို့
အပိုင်း(၁)
#ဖိုးမှန်
သတင်းများကို အချိန်နှင့်တစ်ပြေးညီ သိရှိလိုပါက👇👇👇
https://t.me/phoehmann007 ကို Join ထားပေးပါ။
4 634
လယ်ယာကဏ္ဍမှ တန်ဖိုးမြှင့်ထုတ်ကုန်နှင့် ပိုကုန်တိုးတက်ရေး ချိတ်ဆက်ဆောင်ရွက်ရန် နိုင်ငံတော် သမ္မတ တိုက်တွန်း
နေပြည်တော်၊ စက်တင်ဘာ ၂၁
လယ်ယာနှင့် မွေးမြူရေးကဏ္ဍကို ရိုးရာထုတ်လုပ်မှုစနစ်မှ ခေတ်မီ၊ ထိရောက်ပြီး ရေရှည်တည်တံ့သည့် ထုတ်လုပ်မှုစနစ်သို ပြောင်းလဲကာ ကုန်ကြမ်းအဆင့်မှ တန်ဖိုးမြှင့်ထုတ်ကုန်၊ စက်မှုလုပ်ငန်းနှင့် ပြည်တွင်း၊ ပြည်ပဈေးကွက်အထိ တန်ဖိုးကွင်းဆက်တစ်လျှောက် ချိတ်ဆက်ဖော်ဆောင်၍ နိုင်ငံ့ထုတ်ကုန်နှင့် ပြည်သူ့ဝင်ငွေ တိုးတက်စေရန် ဆောင်ရွက်သွားကြရမည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်က ပြောကြားသည်။
4 634
မိုးညှင်းမြိုနယ်တွင် ဘိန်းစိမ်းများ ဖမ်းဆီးရမိ
နေပြည်တော်၊ စက်တင်ဘာ ၂၂
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲမှ တပ်ဖွဲဝင်များပါဝင်သော ပူးပေါင်းအဖွဲသည် သက်သေများနှင့်အတူ စက်တင်ဘာလ ၁၇ ရက်နေ့ ၁၂၃၀ အချိန် မိုးညှင်းမြိုနယ်၊ နန့်စီးအောင်ကျေးရွာအနီးတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် ကျော်လင်း မောင်းနှင်လာသည့် MAZDA အမျိုးအစား မော်တော်ယာဉ်များအား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော ဘိန်းစိမ်း အလေးချိန် ၂၆ ကီလို(ဒေသကာလတန်ဖိုးငွေကျပ် ၃၁၂ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတိုအား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ကျော်လင်း(၅၃)နှစ်အား မိုးညှင်းမြိုမရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
4 634
ကလေးမြိုတွင် ငွေကျပ် ၁ ဒသမ ၉ ဘီလီယံတန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ
နေပြည်တော်၊ စက်တင်ဘာ ၂၁
လုံခြုံရေးတပ်ဖွဲဝင်များပါဝင်သော ပူးပေါင်းအဖွဲသည် သတင်းအရ သက်သေများနှင့်အတူ စက်တင်ဘာလ ၁၅ ရက်နေ့ ၂၂၀၀ အချိန် ကလေးမြို၊ ချမ်းမြေ့အောင်စည်ရပ်ကွက်နေ မညန်ရှန်းဝုန်(ခ)ဝုန်ပီး(ခ)ချင်းမ ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ စိတ်ကြွဆေးပြား ၇၆၀,၀၀၀ ပြား(ဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၉ ဘီလီယံ)နှင့် လက်ကိုင်ဖုန်း ၁ လုံးတိုအား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် မညန်ရှန်းဝုန်(ခ)ဝုန်ပီး(ခ)ချင်းမ(၃၇)နှစ်အား ကလေးမြိုမရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
4 634
ရိုးသားသော တိုင်းရင်းသားပြည်သူများကို သွေးထိုးလှုဆော်၍ အကြမ်းဖက်မှုလုပ်ရပ်များ လုပ်ဆောင်ကာ နိုင်ငံတော်ပြိုကွဲအောင် လုပ်ဆောင် လာခဲ့သဖြင့် တပ်မတော်အနေဖြင့် နိုင်ငံတော်ကာကွယ်ရေးအတွက် အသက်သွေးချွေး များစွာ ပေးဆပ်၍ စွမ်းစွမ်းတမံ ကြိုးပမ်းကာကွယ်လျက်ရှိကြောင်း ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း ပြောကြား
4 634
“မဟာကမ္မဋ္ဌာနာစရိယ” ဘွဲတံဆိပ်တော်ရရှိတော်မူသော ပြည်ပဘွဲခံဆရာတော်အား ဘွဲတံဆိပ်နှင့် အဆောင်အယောင်များ ဆက်ကပ်လှူဒါန်း
ဗန်ကောက်၊ စက်တင်ဘာ ၂၁
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရမှ ၂၀၂၆ ခုနှစ်အတွက် သာသနာတော် ဆိုင်ရာ ဘွဲတံဆိပ်များ ချီးမြှင့်အပ်နှင်းရာတွင် ထိုင်းနိုင်ငံမှ မဟာကမ္မဋ္ဌာနာစရိယ ဘွဲတံဆိပ်တော်ရရှိသည့် ပြည်ပဘွဲခံဆရာတော် ဘဒ္ဒန္တပရမာနန္ဒအား ဘွဲတံဆိပ်တော်နှင့် အဆောင်အယောင်များ ဆက်ကပ်လှူဒါန်းသည့် မင်္ဂလာအခမ်းအနားကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက် (တနင်္လာနေ့) တွင် ဗန်ကောက်မြို၊ မြန်မာသံရုံး၌ ကျင်းပခဲ့ပါသည်။
4 634
နိုင်ငံ့တာဝန်ကို ကျေပွန်စွာထမ်းဆောင်ခဲ့ကြသည့် နိုင်ငံ့သားကောင်းရတနာများဖြစ်သော ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၅)မှ ပြည်သူ့စစ်မှုထမ်းများ၏ ဂုဏ်ယူဖွယ်အိမ်ပြန်ခရီးအား မိဘဆွေမျိုးမိသားစုဝင်များသာမက ဒေသခံပြည်သူလူထုကပါ ဝမ်းမြောက်ဝမ်းသာ စည်ကားသိုက်မြိုက်စွာ ဂုဏ်ပြုကြိုဆို
🕊🇲🇲❤️
#ဖိုးမှန်
သတင်းများကို အချိန်နှင့်တစ်ပြေးညီ သိရှိလိုပါက👇👇👇
https://t.me/phoehmann007 ကို Join ထားပေးပါ။
4 634
22.9.2026 ရက်နေ့ထုတ် သတင်းစာများ
#ဖိုးမှန်
သတင်းများကို အချိန်နှင့်တစ်ပြေးညီ သိရှိလိုပါက👇👇👇
https://t.me/phoehmann007 ကို Join ထားပေးပါ။
4 634
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အီရန်တစ်နိုင်ငံလုံးကို ဖောက်ခွဲခြင်းပြုမပြု မိမိဆုံးဖြတ်မည်ဟု ပြောဆိုခြိမ်းခြောက်
စက်တင်ဘာ ၂ဝ ရက်က Fox News သတင်းဌာနနှင့် ပြုလုပ်ခဲ့သော အင်တာဗျူးတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ၎င်းသည် အီရန်နှင့် ဖြစ်ပွားနေသော အမေရိကန်၏ စစ်ပွဲကို အရှိန်မြှင့်တင်ရန်အလားအလာကို ဆုံးဖြတ်မည်ဟု ပြောကြားခဲ့သည်။
"ကျွန်တော့်ရဲ့မေးခွန်းကတော့ ကျွန်တော်က တစ်နိုင်ငံလုံးကို ဖောက်ခွဲမလား၊ ဘယ်အချိန်မှာ ဖောက်ခွဲမလဲဆိုတာပဲဖြစ်ပါတယ်"ဟု ထရန့်က ပြောကြားခဲ့သည်။
4 634
ရန်ကင်းမြိုနယ် ညောင်ပင်သာလမ်းရှိ အုတ်စီကန်(သဘာဝရေကန်)တွင် အမျိုးသား နှစ်ဦး ရေနစ်သေဆုံး
ရန်ကင်းမြိုနယ် ညောင်ပင်သာလမ်းရှိ အုတ်စီကန်(သဘာဝရေကန်)တွင် ယနေ့(စက်တင်ဘာ ၂၁ ရက်) ညနေပိုင်းက အမျိုးသား နှစ်ဦး ရေနစ်သေဆုံးကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲမှ သိရသည်။
4 634
ထိုင်းတွင် မြန်မာနိုင်ငံသားတစ်ဦးကို ဓားဖြင့်ထိုးသတ်သည့် မြန်မာ ၁ ဦးကို ဖမ်းမိထားသလို အလောင်းရွှေ့ပြောင်းရာတွင် ပါဝင်သူ တရုတ် ၃ ဦးနှင့် မြန်မာ ၃ ဦးကိုပါ ဖမ်းဆီးထား
𝙎𝙀𝙋~𝟐𝟏
ထိုင်းနိုင်ငံ ရယွန်ခရိုင် နီခွန်ဖက်ထာနာမြိုနယ်ရှိ မက်ခါဘုန်းကြီးကျောင်းအတွင်း မြန်မာနိုင်ငံသားတစ်ဦး၏ အလောင်း လာရောက်စွန့်ပစ်ထားသည့် ဖြစ်စဉ်ကို စုံစမ်းရာမှ လူသတ်မှုကျူးလွန်သူဟု ယူဆရသည့် မြန်မာနိုင်ငံသားတစ်ဦးကို စက်တင်ဘာ ၂၁ ရက် နံနက်ပိုင်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲထံမှ သိရသည်။
4 634
ဒူဂျွန်တိုင်ဖွန်းမုန်တိုင်း ဂျပန်သို ဦးတည်လာ၍ လေကြောင်းလိုင်းများ ဖျက်သိမ်းခဲ့ပြီး ပြည်သူတစ်သန်းကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းရန် သတိပေး
ဂျပန်နိုင်ငံ တိုကျိုမြိုအနီးသို စက်တင်ဘာ ၂၁ ရက်တွင် စံချိန်တင် မိုးသည်းထန်စွာ ရွာသွန်းနိုင်သည့် တိုင်ဖွန်းမုန်တိုင်း ဒူဂျွန် (Dujuan) ချဉ်းကပ်လာနေသောကြောင့် လေကြောင်းလိုင်း ခရီးစဉ်အမြောက်အမြား ဖျက်သိမ်းခဲ့ရပြီး ပြည်သူတစ်သန်းကျော် ဘေးလွတ်ရာသို ရွှေ့ပြောင်းကြရန် သတိပေးချက် ထုတ်ပြန်ထားသည်။
4 634
အာဖဂန်နိုင်ငံကို ပါကစ္စတန်က လေကြောင်းမှ တိုက်ခိုက်မှုများ ပြန်ပြုလုပ် နေ
စက်တင်ဘာ - ၂၁ ( တနင်္လာနေ့ )
အိမ်နီးချင်း အာဖဂန်နစ္စတန်နိုင်ငံအတွင်းသို ပါကစ္စတန်နိုင်ငံက ညအချိန် လေကြောင်းမှ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ လူ (၃) ဦး သေဆုံးပြီး (၄) ဦး ဒဏ်ရာရရှိခဲ့ကြောင်း တာလီဘန်အစိုးရက တနင်္ဂနွေနေ့တွင် ထုတ်ပြန်ကြေညာခဲ့ပါတယ်။
တိုက်ခိုက်ရတဲ့ အကြောင်းပြချက်ကတော့ အာဖဂန်အစိုးရက ပါကစ္စတန်ကို တိုက်ခိုက်နေတဲ့ သူပုန်အုပ်စုတွေကို အကာအကွယ်ပေး ထားပြီး ခိုလှုခွင့်ပါ ပေးထားတဲ့အတွက်ကြောင့် လိုသိရပြီး သူပုန်အုပ်စုများအပေါ် ဆက်တိုက်တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်သွားမယ်လိုလည်း သိရပါတယ်။
4 634
ထရမ့်-ရှီကျင့်ဖျင် ထိပ်သီးတွေ့ဆုံမှုသည် သမိုင်းဝင်အရေးပါသည့် မှတ်တိုင်ဖြစ်လာမည်ဟု တရုတ်ပြော
𝙈𝙃𝙏 𝙉𝙀𝙒𝙎《𝙎𝙀𝙋~𝟐𝟏》
တရုတ်သမ္မတ ရှီကျင့်ဖျင်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ဖိတ်ကြားချက်အရ အမေရိကန်နိုင်ငံသို စက်တင်ဘာ ၂၃ ရက်မှ ၂၅ ရက်အထိ နိုင်ငံတော်ခရီးစဉ်အဖြစ် သွားရောက်မည်ဖြစ်ပြီး ထရမ့်နှင့် ထိပ်သီးတွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာ ၂၁ ရက်တွင် အတည်ပြုခဲ့သည်။
ယခုခရီးစဉ်သည် နှစ်နိုင်ငံခေါင်းဆောင်များအကြား ခြောက်လအတွင်း ဒုတိယအကြိမ် အပြန်အလှန်တွေ့ဆုံမှုဖြစ်လာမည်ဖြစ်ပြီး တရုတ်ဘက်က “သမိုင်းဝင်အရေးပါမှုရှိသည့် မှတ်တိုင်တစ်ခု” အဖြစ် သတ်မှတ်ပြောကြားထားသည်။
4 634
အုပ်စုအဆင့်ဖြင့်သာ ကျေနပ်ခဲ့ရသည့် မြန်မာလက်ရွေးစင်အမျိုးသမီးအသင်း
ယနေ့ စက်တင်ဘာ ၂၁ရက် မွန်းလွဲ ၁နာရီအချိန်၌ ဂျပန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် ၂၀၂၆ အာရှအားကစားအမျိုးသမီးဘောလုံးပြိုင်ပွဲအုပ်စုနောက်ဆုံးပွဲစဉ်တွင် မြန်မာလက်ရွေးစင်အမျိုးသမီးအသင်းနှင့် ဘင်္ဂလားဒေ့ရှ်အသင်းတို ယှဉ်ပြိုင်ကစားရာတွင် သရေ ရလဒ်ဖြင့် ပွဲပြီးဆုံးခဲ့သည်။
ပွဲစဉ် ပထမပိုင်းနှင့် ဒုတိယပိုင်း ပြီးဆုံးချိန်အထိ ပြိုင်ဖက်နှစ်သင်းမှာ ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိဘဲ သရေရလဒ် ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။ မြန်မာအမျိုးသမီးအသင်းမှာ အုပ်စုတွင်း ၃ ပွဲကစား ၂ ပွဲရှုး၊ ၁ ပွဲသရေ ရလဒ်ထွက်ပေါ်ထားပြီး အုပ်စုအဆင့်ဖြင့်သာ ကျေ နပ်ခဲ့ရခြင်းဖြစ်သည်။
မြန်မာအမျိုးသမီးအသင်းသည် အုပ်စု အဖွင့်ပွဲစဥ်တွင် တောင်ကိုရီးယားအသင်းကို ၅ ဂိုးပြတ်၊ အုပ်စုဒုတိယပွဲစဉ်တွင် မြောက်ကိုရီးယားအသင်းကို ၈ ဂိုးပြတ် ၊ ယခု အုပ်စု နောက်ဆုံးပွဲစဉ်တွင် ဘင်္ဂလားဒေ့ရှ်အသင်းဖြင့် ၀-၀ရလဒ် ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။
