es
Feedback

¡No caigas en manos de tramposos! Telemetrio encuentra y marca estos canales 👉 Si quieres ver la etiqueta, suscríbete

ဖိုးမှန်

ဖိုးမှန်

Ir al canal en Telegram

ဘက်စုံ ကဏ္ဍစုံ သတင်းချန်နယ်

Mostrar más
El país no está especificadoLa categoría no está especificada
4 336
Suscriptores
-4824 horas
-2827 días
-56930 días
Archivo de publicaciones
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့၏ ဥက္ကဋ္ဌ ကာဒီန
+3
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့၏ ဥက္ကဋ္ဌ ကာဒီနယ် ချားလ်စ်ဘို ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ
ကိုးကွယ်ရာဘာသာသာသနာနှင့် ပတ်သက်၍ ခွဲခြားမှုများမထားရှိဘဲ ဘာသာတရားမှတစ်ဆင့် ငြိမ်းချမ်းမှုနှင့်သာယာ ဝပြောမှုများကို ဆောင်ကြဉ်းပေးနိုင်ရေး အားပေးလျက်ရှိပါကြောင်း
🕊🇲🇲🕊 #ဖိုးမှန်

🌊 ဆည်တော်ကြီးဆည် ရေပြည့်လုနီးပါးဖြစ်လာပြီး ရေတံခါးများ ဖွင့်လှစ်ထားကာ အနီးနားကျေးရွာများ အရေးပေါ်ပြောင်းရွှေ့ရန် သတိပေးနှိုး
🌊 ဆည်တော်ကြီးဆည် ရေပြည့်လုနီးပါးဖြစ်လာပြီး ရေတံခါးများ ဖွင့်လှစ်ထားကာ အနီးနားကျေးရွာများ အရေးပေါ်ပြောင်းရွှေ့ရန် သတိပေးနှိုးဆော်ထား ▪️ ဆည်တော်ကြီးဆည်ရဲ့ ကန်ရေဟာ ရေပြည့်အမှတ်သို့ ၁ ပေခွဲခန့်သာ လိုတော့တဲ့အတွက် ဩဂုတ်လ ၃ ရက် ည ၈ နာရီမှစတင်ကာ ရေတံခါးများကို ဖွင့်ချထားပါတယ်၊၊ ▪️ တံငါတံတားရဲ့ ရေအမှတ်ဟာ စိုးရိမ်ရေအမှတ်ကို ကျော်လွန်နေပြီး နောက်ထပ် ရေ ၃ ပေခန့် ထပ်တက်လာပါက ကားလမ်းပေါ်သို့ ရေကျော်နိုင်တဲ့ အခြေအနေရှိပါတယ်၊၊ ▪️ ပုဂံစု၊ ရေချောင်း၊ သပြေချောင်းနဲ့ အင်းသကား ကျေးရွာတွေက ဒေသခံတွေအနေနဲ့ ကုန်းမြင့်ပိုင်းဒေသများသို့ အမြန်ဆုံး ပြောင်းရွှေ့ကြရန် သတိပေးနှိုးဆော်ထားပြီး ကယ်ဆယ်ရေးအင်အားများကိုလည်း ကြိုတင်စုဖွဲ့ထားပါတယ်၊၊
💡 အကြံပြုချက် - ရေဘေးအန္တရာယ်နဲ့ ကြုံတွေ့ရနိုင်ခြေရှိတဲ့ အဆိုပါကျေးရွာများမှ ဒေသခံပြည်သူတွေအနေနဲ့ တာဝန်ရှိသူတွေရဲ့ ထုတ်ပြန်ချက်တွေကို အထူးဂရုပြုစောင့်ကြည့်ကြဖို့နဲ့ လိုအပ်ပါက ဘေးကင်းရာ ကုန်းမြင့်ပိုင်းများသို့ အမြန်ဆုံး ကြိုတင်တိမ်းရှောင်ကြဖို့ တိုက်တွန်းအပ်ပါတယ်၊၊
🕊🕊🕊 #ဖိုးမှန် #Myanmar #Mandalay #SedawgyiDam #FloodAlert

📌 လေးမျက်နှာမြို့နယ်ရှိ တံတားအမှတ် (၁/၆) အား ယာယီဘေလီတံတားထိုး၍ ပြန်လည်ဖွင့်လှစ်ပေးနိုင်ပြီ ▪️ လေးမျက်နှာမြို့နယ်ရှိ ရေတိုက်
+6
📌 လေးမျက်နှာမြို့နယ်ရှိ တံတားအမှတ် (၁/၆) အား ယာယီဘေလီတံတားထိုး၍ ပြန်လည်ဖွင့်လှစ်ပေးနိုင်ပြီ ▪️ လေးမျက်နှာမြို့နယ်ရှိ ရေတိုက်စားမှုကြောင့် ပျက်စီးခဲ့ရသည့် တံတားအမှတ် (၁/၆) ကို ယာယီဘေလီတံတား ထိုးတည်ဆောက်ပြီးစီးပြီဖြစ်ပါသဖြင့် ဒေသခံပြည်သူများ ပြန်လည်အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရှိရပါတယ်၊၊ 🕊🕊🕊 #ဖိုးမှန် #Myanmar #Ayeyarwady #LayMyatNa #BridgeRepair

မိုးကြီးမည့်သတိပေးချက် (အမှတ်စဉ် ၃၆/၂၀၂၆) ⛈ မိုးကြီးနိုင်သော ဒေသများ: ဩဂုတ် ၅ ရက်မှ ၈ ရက်အတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်
မိုးကြီးမည့်သတိပေးချက် (အမှတ်စဉ် ၃၆/၂၀၂၆) ⛈ မိုးကြီးနိုင်သော ဒေသများ: ဩဂုတ် ၅ ရက်မှ ၈ ရက်အတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ဒေသများတွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ 🌧 သတိပြုရန် (သဘာဝဘေးအန္တရာယ်): မိုးသည်းထန်ခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက် ရေကြီးခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် ကုန်းမြင့်နှင့် မြစ်ငယ်၊ ချောင်းငယ်အနီး နေထိုင်သူများ၊ လေကြောင်းနှင့် ရေကြောင်းသွားလာရေးများ ကြိုတင်သတိပြုရန် လိုအပ်ပါသည်။ 🌊 မြန်မာ့ပင်လယ်ပြင်အခြေအနေ: မုတ်သုံလေ အားကောင်းမှုကြောင့် မုတ္တမကွေ့နှင့် မွန်-တနင်္သာရီကမ်းရိုးတန်းတွင် လေတိုက်နှုန်း ၃၀ မိုင် (လှိုင်းအမြင့် ၈-၁၀ ပေ) နှင့် မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတွင် လေတိုက်နှုန်း ၂၅-၃၀ မိုင် (လှိုင်းအမြင့် ၇-၉ ပေ) ဖြင့် လှိုင်းကြီးနိုင်ပါသည်။ Ref: မိုး/ဇလ #ဖိုးမှန်

၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် အသိပညာပေး(၄)မိနစ်စာ ကာတွန်း Animation ဗီဒီယိုပြိုင်ပွဲ ဖိတ်ခေါ်ခြင်း စိတ်ပါဝင်စားသူများအတွက် သတင်းကောင်း

ယနေ့ မိုးလေဝသ အခြေအနေ ☁️⛅️🌧☔️⛈🌦 🚨နန့်ယင်းချောင်းရေ မိုးညှင်းမြို့၌ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်။ 🚨စစ်တောင်းမြစ်ရေ မဒေ
+9
ယနေ့ မိုးလေဝသ အခြေအနေ ☁️⛅️🌧☔️⛈🌦 🚨နန့်ယင်းချောင်းရေ မိုးညှင်းမြို့၌ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်။ 🚨စစ်တောင်းမြစ်ရေ မဒေါက်မြို့၌ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်။ 🌧 မြန်မာ့ ပင်လယ်ပြင်အခြေအနေ ☔️ နေရာကွက်၍ မိုးကြီးနိုင်။ https://t.me/phoehmann007 #ဖိုးမှန်

+5
5.8.2026 ရက်နေ့ သတင်းစာများ https://t.me/phoehmann007 #ဖိုးမှန်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထံသို့ “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP)မှ ဒုတိယဥက္ကဋ္
+7
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထံသို့   “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP)မှ ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က လာရောက်ဂါရဝပြုတွေ့ဆုံ https://t.me/phoehmann007 #ဖိုးမှန်

🇳🇷 နော်ရူး (Nauru) နိုင်ငံသည် ၎င်း၏အမည်ကို "နာအိုအီရို" (Naoero) သို့ တရားဝင်ပြောင်းလဲ ▪️ ပစိဖိတ်ကျွန်းနိုင်ငံတစ်ခုဖြစ်တဲ့
🇳🇷 နော်ရူး (Nauru) နိုင်ငံသည် ၎င်း၏အမည်ကို "နာအိုအီရို" (Naoero) သို့ တရားဝင်ပြောင်းလဲ ▪️ ပစိဖိတ်ကျွန်းနိုင်ငံတစ်ခုဖြစ်တဲ့ နော်ရူးနိုင်ငံဟာ နိုင်ငံရဲ့ မူလရိုးရာအမည်နဲ့ အမျိုးသားဘာသာစကားပါ အသံထွက်အတိုင်း "နာအိုအီရို သမ္မတနိုင်ငံ(Republic of Naoero)" သို့ အမည်ပြောင်းလဲခဲ့ပါတယ်၊၊ ▪️ ကိုလိုနီခေတ်လက်ကျန်အမည်မှ ဖယ်ခွာကာ နိုင်ငံရဲ့ ရိုးရာအမွေအနှစ်၊ ဘာသာစကားနဲ့ အမျိုးသားလက္ခဏာတို့ကို ဖော်ဆောင်ဖို့အတွက် သမ္မတရဲ့ အဆိုပြုချက်ကို လွှတ်တော်က အတည်ပြုခဲ့ခြင်း ဖြစ်ပါတယ်၊၊ ▪️ အပြည်ပြည်ဆိုင်ရာ ကုဒ်ကို 'NRU' မှ 'NRO' သို့ ပြောင်းလဲမည်ဖြစ်ပြီး ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများနှင့် နိုင်ငံအချို့ကလည်း အမည်သစ်ကို စတင်အသုံးပြုနေပြီ ဖြစ်ပါတယ်၊၊ ▪️လူဦးရေ ၁၂၀၀၀ ခန့်သာရှိတဲ့ နော်ရူးကျွန်းနိုင်ငံဟာ ဗာတီကန်စီးတီးနဲ့ မိုနာကို နိုင်ငံတို့ပြီးရင် ကမ္ဘာပေါ်မှာ တတိယမြောက်အသေးငယ်ဆုံး နိုင်ငံလည်းဖြစ်ပါတယ်။ https://t.me/phoehmann007 #ဖိုးမှန် #WorldNews #Nauru #Naoero #PacificNation

ရန်ကုန်မြို့တွင် မြေအောက်ရထားလမ်း ထည့်သွင်း တည်ဆောက်သွားနိုင်ရေး ပြင်ဆင် ဆောင်ရွက်ထားရန်လိုကြောင်း နိုင်ငံတော်သမ္မတ ပြောကြား
ရန်ကုန်မြို့တွင် မြေအောက်ရထားလမ်း ထည့်သွင်း တည်ဆောက်သွားနိုင်ရေး ပြင်ဆင် ဆောင်ရွက်ထားရန်လိုကြောင်း နိုင်ငံတော်သမ္မတ ပြောကြား 🔹မိမိတို့နိုင်ငံအနေဖြင့် လက်ရှိအခြေအနေအရ လျှပ်စစ်ဓာတ်အား လုံလောက်စွာ သုံးစွဲနိုင်ရေးကြိုးပမ်းဆောင်ရွက်လျက် ရှိနေသဖြင့် ရထားပို့ဆောင်ရေးအား အချို့ လမ်းကြောင်းများတွင် ဘက်ထရီစနစ်သုံး ရထားခေါင်းတွဲများကို ပြည်တွင်း၌ ထုတ်လုပ်တပ်ဆင်ကာ အသုံးပြုနိုင်ရေး အားပေး ဆောင်ရွက်လျက် ရှိကြောင်း၊ 🔹အသွားအလာ များပြားသည့် ရထားလမ်းကူး နေရာများ၌ ရထားလမ်း ခုံးကျော်တံတားများ မဖြစ်မနေ တည်ဆောက်သွားရန်နှင့် ရန်ကုန်မြို့တွင် မြေအောက် ရထားလမ်း ထည့်သွင်း တည်ဆောက်သွားနိုင်ရေး ပြင်ဆင် ဆောင်ရွက်ထားရန် လိုကြောင်း 🔹၂၀၂၆ ခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့တွင် ပိုဆောင်ရေးဝန်ကြီးဌာန ၊ မြန်မာ့မီးရထား ဒီဇယ်စက်ခေါင်းရုံ(မလွှကုန်း) သို့သွားရောက်ကြည့်ရှုစစ်ဆေးစဉ် နိုင်ငံတော်သမ္မတ လမ်းညွှန်မှာကြား ပြောကြားခဲ့ခြင်းဖြစ်သည်။ https://t.me/phoehmann007 #ဖိုးမှန်

🏗 အကြမ်းဖက်သောင်းကျန်းသူများကြောင့် ပျက်စီးခဲ့ရသည့် အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်း ပြန်လည်ပြုပြင်ဆောင်ရွက်လျက်ရှိ ▪️ ၂၀၂၄ ခ
+5
🏗 အကြမ်းဖက်သောင်းကျန်းသူများကြောင့် ပျက်စီးခဲ့ရသည့် အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်း ပြန်လည်ပြုပြင်ဆောင်ရွက်လျက်ရှိ ▪️ ၂၀၂၄ ခုနှစ်အတွင်းက အကြမ်းဖက်သောင်းကျန်းသူတွေ ဖျက်ဆီးခဲ့မှုကြောင့် ကျောက်မဲမြို့ရှိ စီမံကိန်းရုံးနဲ့ အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်းတို့မှာ ငွေကျပ် ၂၆ ဘီလီယံကျော်ဖိုး ပျက်စီးဆုံးရှုံးခဲ့ရပါတယ်၊၊ ▪️ နယ်မြေလုံခြုံရေးနဲ့ မိုင်းရှင်းလင်းရေးတွေ ဆောင်ရွက်ပြီးနောက်မှာ ကျောက်မဲမြို့ပေါ်ရှိ ရုံးနဲ့အိမ်ရာတွေကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်မှာ ပြန်လည်ပြုပြင်ပြီးစီးခဲ့ပါတယ်၊၊ ▪️ အထက်ရဲရွာစီမံကိန်း လုပ်ငန်းခွင်အတွင်း လမ်းတွေ၊ အိမ်ရာတွေ၊ ရေမီးနဲ့ ဓာတ်အားလိုင်းတွေ ပြန်လည်ပြုပြင်တဲ့လုပ်ငန်းတွေကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်ကစတင်ပြီး ပြည်ထောင်စုရန်ပုံငွေနဲ့ ဆက်လက်ဆောင်ရွက်လျက် ရှိပါတယ်၊၊ https://t.me/phoehmann007 #ဖိုးမှန်

မိုးကြီးမည့် သတိပေးချက် အကျဉ်းချုပ် (ဩဂုတ် ၄ ရက်) ⛈ မိုးကြီးနိုင်သည့် ဒေသများနှင့် ကာလ မုတ်သုံလေ အားကောင်းလာခြင်းနှင့် မိုးတိ
မိုးကြီးမည့် သတိပေးချက် အကျဉ်းချုပ် (ဩဂုတ် ၄ ရက်) ⛈ မိုးကြီးနိုင်သည့် ဒေသများနှင့် ကာလ မုတ်သုံလေ အားကောင်းလာခြင်းနှင့် မိုးတိမ်တောင်များကြောင့် ဩဂုတ်လ ၇ ရက်နေ့အထိ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ စစ်ကိုင်း၊ ဧရာဝတီ၊ တနင်္သာရီ၊ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နှင့် ရှမ်းတို့တွင် (တစ်နိုင်ငံလုံးနီးပါး) နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ 🌊 ပင်လယ်ပြင် အခြေအနေ ကမ်းရိုးတန်းနှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းကျပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးမည်။ (လေတိုက်နှုန်း တစ်နာရီ ၂၅ မှ ၃၀ မိုင်၊ လှိုင်းအမြင့် ၇ မှ ၉ ပေ) ⚠️ သတိပြုရန် မိုးသည်းထန်ခြင်း၊ လေပြင်း၊ ရုတ်တရက် ရေကြီး/မြေပြိုမှုများကြောင့် ကုန်းမြင့်နှင့် မြစ်ငယ်/ချောင်းငယ်အနီး နေထိုင်သူများ၊ ပြည်တွင်းလေကြောင်းနှင့် ရေယာဉ်များ ကြိုတင်သတိပြုရန် လိုအပ်ပါသည်။ Ref: မိုး/ဇလ https://t.me/phoehmann007 #ဖိုးမှန်

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၄-၈-၂၀၂၆ ရက်နေ့ ၀၈:၀၀နာရီတွင် ရေကြီးမှုအခြေအနေသတင်း 🚨 မဒေါက်မြို့ (စစ်တောင်းမြစ်)၏
+1
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၄-၈-၂၀၂၆ ရက်နေ့ ၀၈:၀၀နာရီတွင် ရေကြီးမှုအခြေအနေသတင်း 🚨 မဒေါက်မြို့ (စစ်တောင်းမြစ်)၏ မြစ်ရေ အခြေအနေ 🚨 Ref: မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန https://t.me/phoehmann007 #ဖိုးမှန်

ယနေ့ မိုးလေဝသ အခြေအနေ ☁️⛅️🌧☔️⛈🌦 🌧 မြန်မာ့ ပင်လယ်ပြင်အခြေအနေ ☔️ နေရာကွက်၍ မိုးကြီးနိုင်။ https://t.me/phoehmann007 #ဖိုးမှန
+6
ယနေ့ မိုးလေဝသ အခြေအနေ ☁️⛅️🌧☔️⛈🌦 🌧 မြန်မာ့ ပင်လယ်ပြင်အခြေအနေ ☔️ နေရာကွက်၍ မိုးကြီးနိုင်။ https://t.me/phoehmann007 #ဖိုးမှန်

+5
4.8.2026 ရက်နေ့ သတင်းစာများ https://t.me/phoehmann007 #ဖိုးမှန်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင်ချာဝီရကွန်၏ ဖိတ်ကြားချက်အရ ထိုင်းနိ
+1
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင်ချာဝီရကွန်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ မကြာမီ ရက်ပိုင်းအတွင်း တရားဝင်ခရီးစဉ် သွားရောက်မည်။ https://t.me/phoehmann007 #ဖိုးမှန်

အသုံးချခံ ဘဝ ရောက်သွားတာ ပညာမဲ့လို့..... စဉ်းစားတွေးခေါ် သုံးသပ်နိုင်စွမ်းရှိရင် အသုံးချခံဘဝ မရောက်ဘူး.... https://t.me/phoeh
အသုံးချခံ ဘဝ ရောက်သွားတာ ပညာမဲ့လို့..... စဉ်းစားတွေးခေါ် သုံးသပ်နိုင်စွမ်းရှိရင် အသုံးချခံဘဝ မရောက်ဘူး.... https://t.me/phoehmann007 #ဖိုးမှန်