ဖိုးမှန်
Ir al canal en Telegram
ဘက်စုံ ကဏ္ဍစုံ သတင်းချန်နယ်
Mostrar másEl país no está especificadoLa categoría no está especificada
4 473
Suscriptores
-6424 horas
-1837 días
-44030 días
Archivo de publicaciones
4 463
သီပေါမြိုနယ်၌ Online လိမ်လည်လောင်းကစားသူ ၁၃ ဦး ဖမ်းဆီးရမိ
နေပြည်တော်၊ စက်တင်ဘာ ၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြိုနယ်၊ နမ့်ခမ်းကျေးရွာအနီး၌ Online လိမ်လည်လောင်းကစားမှု လုပ်ကိုင်သူများ ရှိကြောင်း တာဝန်သိပြည်သူများ၏ သတင်းပေးပိုချက်အရ လုံခြုံရေးတပ်ဖွဲဝင်များပါဝင်သော ပူးပေါင်းအဖွဲက စုံစမ်းရှာဖွေခဲ့ရာ ယနေ့နံနက် ၅ နာရီ ၄၅ မိနစ်ခန့်တွင် နေအိမ်တစ်လုံးအတွင်းမှ တရုတ်နိုင်ငံသား အမျိုးသား ၈ ဦး၊ အမျိုးသမီး ၁ ဦးနှင့် မြန်မာနိုင်ငံသား အမျိုးသား ၁ ဦး၊ အမျိုးသမီး ၃ ဦး စုစုပေါင်း ၁၃ ဦးကို ဖမ်းဆီးရမိခဲ့သည်။
၎င်းတိုထံမှ Type-81 သေနတ် ၁ လက်၊ ကျည် ၆၀ တောင့်၊ ကျည်အိမ် ၄ ခု၊ ဖုန်း ၂၂ လုံး၊ Laptop ၁ လုံး၊ Starlink ၄ စုံ၊ 12V Battery ၁ လုံး၊ Solar Battery ၂ လုံး၊ Solar Panel (620W) ၆ ချပ်၊ (420W) ၁ ချပ်နှင့် Online လိမ်လည်လောင်းကစားလုပ်ငန်းသုံး ဆက်စပ်ပစ္စည်းများ၊ အဆောက်အအုံ ၃ လုံးတိုကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
4 463
မလေးရှားမှ ပြန်လည် ခေါ်ယူမည့် မြန်မာနိုင်ငံသား၆၂ ဦးစာရင်း သံရုံးအသိပေး
မြန်မာသံရုံး၊ ကွာလာလမ်ပူမြိုမှ တာဝန်ယူ၍ မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာန ထိန်းသိမ်းရေးစခန်း Kemenyan Camp နှင့် Beranang Camp တိုမှ မြန်မာနိုင်ငံသား(၆၂) ဦးကို စက်တင်ဘာ ၁၇ ရက်(ကြာသပတေးနေ့) တွင် မြန်မာ့လေကြောင်းအမှတ်စဉ်၊ 8M-502 ဖြင့် ပြန်လည်ခေါ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံသို ပြန်လည်ပိုဆောင်မည့်စာရင်းအား သက်ဆိုင်သူ မိသားစုဝင်များ သိရှိနိုင်ရန် မြန်မာသံရုံး၊ ကွာလာလမ်ပူမြိုက ယနေ့တွင် လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် အသိပေးထုတ်ပြန်ထားသည်။
4 463
သတ်မှတ်ချက်များပြည့်စုံမှသာ Telematics စက်တပ်ဆင်/သက်တမ်းတိုးခွင့်ပြုမည်
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးအားအသုံးပြုသွားလာလျက်ရှိသော ကုန်တင်ယာဥ်များနှင့် အဝေးပြေးခရီးသည်တင်(Express)ယာဥ်များအား ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၊ အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲက Telematics စနစ်တပ်ဆင်ပြီးမှသာဖြတ်သန်းသွားလာခွင့်ပြုထားကြောင်း သိရသည်။
ထိုကြောင့် Telematics စက်တပ်ဆင်/သက်တမ်းတိုးလိုသူများအနေဖြင့် ယာဉ်၏ တာယာပန်း၊ ဘရိတ်၊ ဆိုင်းထိန်းစနစ်(Suspension System)၊ ဟွန်း၊ ရှေ့မီး၊ နောက်မီး၊ ဘေးမီးနှင့် အချက်ပြမီးစနစ်များကောင်းမွန်ရန်လိုပြီး ယာဉ်၏ ကိုယ်ထည်နှင့် ဖရိန်များကြံ့ခိုင်၍ ကိုယ် ထည်ဆေးရောင်တောက်ပသစ်လွင်မှုရှိမှသာ စာရင်းသွင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။
4 463
AI ကို ထိန်းချုပ်နိုင်မှု လျော့နည်းလာမည်ကို စိုးရိမ်လာချိန် EU က ကမ္ဘာလုံးဆိုင်ရာ AI စည်းမျဉ်း သတ်မှတ်ရေး ဆွေးနွေးမည်
အဆင့်မြင့် ဉာဏ်ရည်တု (AI) နည်းပညာများ လျင်မြန်စွာတိုးတက်လာမှုနှင့်အတူ AI စနစ်များကို လူသားများအနေဖြင့် ထိန်းချုပ်နိုင်မှု လျော့နည်းလာနိုင်သည့်အပေါ် စိုးရိမ်မှုများ မြင့်တက်လာချိန်တွင် ဥရောပသမဂ္ဂ (EU) တာဝန်ရှိသူများက ကမ္ဘာလုံးဆိုင်ရာ AI လုံခြုံရေးစည်းမျဉ်းများ သတ်မှတ်နိုင်ရေး ဆွေးနွေးသွားမည်ဖြစ်ကြောင်း Politico သတင်းဌာနက ဖော်ပြထားသည်။
4 463
ဖလမ်းမြိုတွင် ဘဏ်လုပ်ငန်းများလျင်မြန်ချောမွေ့စွာဆောင်ရွက်နိုင်ရေး မြန်မာ့ဆက်သွယ်ရေး B2B Satellite Terminal တပ်ဆင်ထားရှိမှုကိုလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ကြည့်ရှုစစ်ဆေးခဲ့ပြီး ဒေသခံတိုင်းရင်းသားပြည်သူများ ဌာနဆိုင်ရာများနှင့် တွေ့ဆုံ
4 463
ရန်ကုန်တိုင်းအတွင်းရှိ မြိုနယ်များတွင် တရားမဝင် Online လောင်းကစားလုပ်ကိုင်သူ အမျိုးသား ၁၃ ဦး၊ အမျိုးသမီး ၂၃ ဦးကို သက်သေခံပစ္စည်းနှင့်အတူ ဖမ်းဆီး
ရန်ကုန်တိုင်းအတွင်းရှိ မြိုနယ်များတွင် တရားမဝင် Online လောင်းကစားလုပ်ကိုင်သူ အမျိုးသား ၁၃ ဦး၊ အမျိုးသမီး ၂၃ ဦးကို သက်သေခံပစ္စည်းနှင့်အတူ ဖမ်းဆီးရမိကြောင်း သိရသည်။
4 463
ဥရောပကမ္ဘာမြေစောင့်ကြည့်ရေး ဂြိုဟ်တုနှစ်စင်းကို ကမ္ဘာပတ်လမ်းထဲသို လွှတ်တင်
ဥရောပအာကာသအေဂျင်စီက ရာသီဥတုပြောင်းလဲမှုနှင့် ဆက်စပ်လျက်ရှိသော ပြင်းထန်မိုးလေဝသအဖြစ် အပျက်များကို ကောင်းကောင်းသတိပြုမိစေရန် ပုံစံထုတ်ထားသော ဂြိုဟ်တုနှစ်စင်းကို ကမ္ဘာပတ်လမ်းကြောင်းထဲသို အောင်မြင်စွာလွှတ်တင်လိုက်သည်ဟု တာဝန်ရှိသူများက ပြောကြားသည်။
စက်တင်ဘာ ၁၄ ရက် ည ၁၀ နာရီ ၂၀ မိနစ်တွင် ဖရန့်ဂီယာနာရှိ Kourou အာကာသစင်တာမှ ပျံတက်သွားပြီးနောက် European Vega-C ဒုံးပျံက Sentinel-3C ဂြိုဟ်တုနှင့် Flex ဂြိုဟ်တုတိုကို အောင်မြင်စွာလွှတ်တင်လိုက်သည်ဟု ဂြိုဟ်တုလွှတ်တင်ရာနေရာကို ရောက်နေသည့် AFP သတင်းထောက်များ၏ ပြောကြားချက်အရ သိရသည်။
ဂြိုဟ်တုနှစ်စင်းသည် ပျံတက်သွားပြီး နှစ်နာရီနီးပါးအကြာတွင် နေနှင့်အချိန် ကိုက်ဖြစ်နေသောပတ်လမ်းထဲရောက်သွားသည်။
4 463
ပြည်တွင်းထုတ်လုပ်မှုမြှင့်တင်ပြီး တိုက်ရိုက်ပိုကုန်တင်ပိုနိုင်ရေး ဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ တိုက်တွန်း
ပြည်တွင်းထုတ်လုပ်မှုနှင့် ပိုကုန်ကဏ္ဍ တိုးမြှင့်ရေး၊ စိုက်ပျိုးမွေးမြူရေး ထုတ်လုပ်မှုမြှင့်တင်ရေးအပြင် လူ့စွမ်းအားအရင်းအမြစ် ဖွံဖြိုးရေးနှင့် ဘတ်ဂျက်ငွေများ ထိရောက်စွာသုံးစွဲရေးအတွက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်က ယနေ့ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ အစည်းအဝေး (၈/၂၀၂၆) တွင် အလေးထားမှာကြားခဲ့ကြောင်း သိရသည်။
အလားတူ ဗီယက်နမ်နှင့် ကမ္ဘောဒီးယားနိုင်ငံတို၏ ဖွံဖြိုးတိုးတက်မှုကို လေ့လာပါက နိုင်ငံရေးတည်ငြိမ်မှုနှင့် လုံခြုံရေးကောင်းမွန်ခြင်းတိုကြောင့် စီးပွားရေးတိုးတက်လာခြင်းဖြစ်ကြောင်း၊ ဗီယက်နမ်နိုင်ငံအနေဖြင့် ၂၀၃၀ ပြည့်နှစ်တွင် စက်မှုနိုင်ငံဖြစ်ရန်နှင့် ၂၀၅၀ ပြည့်နှစ်တွင် ဖွံဖြိုးပြီးနိုင်ငံဖြစ်ရန် ရည်မှန်းထားကြောင်း ပြောကြားခဲ့သည်။
4 463
အင်းစိန် မီးရထားလမ်း ခုံးကျော်တံတား စီမံကိန်းကြောင့် ယာဉ်ကြောပိတ်ဆိုမှု သက်သာစေမည်
ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြိုနယ်ရှိ ရန်ကုန်-ပြည် မီးရထားလမ်းနှင့် ခရေပင်လမ်းဆုံတွင် လေးလမ်းသွား ခုံးကျော်တံတားတစ်စင်း တည်ဆောက်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။
အဆိုပါ ခုံးကျော်တံတားကို PC Girder နှင့် Steel Box Girder အမျိုးအစား လေးလမ်းသွားအဖြစ် တည်ဆောက်သွားမည်ဖြစ်ပြီး ပြီးစီးပါက အဆိုပါဧရိယာအတွင်း ယာဉ်ကြောပိတ်ဆိုမှုများကို ထိရောက်စွာ ဖြေရှင်းပေးနိုင်မည်ဖြစ်သည်။
ယင်းလမ်းဆုံတွင် AADT စာရင်းစစ်ဆေးချက်များအရ ၆ ဘီးအထက် ယာဉ်ကြီးများနှင့် အိမ်စီးကား ပေါင်း ၃,၀၀၀ ကျော် နေ့စဉ်ဖြတ်သန်းနေပြီး ရန်ကုန်-ပြည် မီးရထားလမ်းပေါ်တွင်လည်း မြိုပတ်ရထား အပါအဝင် အစုံ/အဆန် ရထား ၂၃ စင်းအထိ ပြေးဆွဲနေသောကြောင့် ယာဉ်ကြောကျပ်တည်းမှုကို လျှော့ချရန် ယခုစီမံကိန်းကို အကောင်အထည်ဖော်ခြင်း ဖြစ်သည်။
4 463
ယနေ့ ပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး (၈/၂၀၂၆) တွင် နိုင်ငံတော် သမ္မတကြီးမှ အောက်ဖော်ပြပါ အချက်များကို အလေးထားမှာကြားခဲ့ပါသည်-
• ဗီယက်နမ်နှင့် ကမ္ဘောဒီးယား လေ့လာကြည့်မည်ဆိုပါက နိုင်ငံရေး တည်ငြိမ်မှုနှင့် လုံခြုံရေး ကောင်းမွန်ခြင်းကြောင့် စီးပွားရေး တိုးတက်လာခြင်းဖြစ်ပြီး ဗီယက်နမ်သည် ၂၀၃၀ တွင် စက်မှုနိုင်ငံ၊ ၂၀၅၀ တွင် ဖွံ့ဖြိုးပြီးနိုင်ငံဖြစ်ရန် ရည်မှန်းထားကြောင်း၊
• ဒေသတွင်း ပို့ကုန်နှင့်ကုန်ထုတ်လုပ်မှုကဏ္ဍများတွင် မြန်မာနိုင်ငံမှ ထုတ်ကုန် အချို့မှာလည်း အခြားနိုင်ငံများမှတစ်ဆင့် ပြန်လည်တင်ပို့ ရောင်းချသဖြင့် ထိုသို့အဖြစ်မျိုး ရှောင်ရှားနိုင်ဖို့အတွက် တိုက်ရိုက်တင်ပို့နိုင်ရေး ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊
• မွေးမြူရေးနှင့်ပတ်သက်၍ ပြည်တွင်း၌ စားသုံးမှုများပြားပြီး မွေးမြူသူနည်းပါတာကြောင့် သက်ဆိုင်ရာ တိုင်းဒေသကြီးအလိုက် ဒေသတွင်းစာရေရိက္ခာ ဖူလုံရေးအတွက် အသား၊ ဥ၊ ဟင်းသီးဟင်းရွက်များကို လိုအပ်ချက်ပြည့်မီအောင် တွက်ချက်၍စိုက်ပျိုးမွေးမြူထုတ်လုပ်ကြရန် လိုပါကြောင်း
• ကုန်ထုတ်လုပ်မှု (Production) ရှိမှသာ ဝင်ငွေရှိလာမည်ဖြစ်ပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးကို စာရင်းပေါ်၌သာ မဟုတ်ဘဲ မြေပြင်တွင် ထိထိရောက်ရောက် ဆောင်ရွက်ရန် လိုအပ်မှာဖြစ်ကြောင်း
• ကျေးလက်ဝင်ငွေရ လုပ်ငန်းများအနေဖြင့် ဒေသအပေါ်မူတည်ပြီး ငရုတ်ကောင်း၊ ကော်ဖီ၊ ဝဥနှင့် ပျားမွေးမြူရေးကဲ့သို့ အသေးစားလုပ်ငန်းများကို အားပေးရန် လိုအပ်ပါကြောင်း
• ဝန်ထမ်း ခန့်ထားရေးတွင် ရာထူးနှင့် လိုက်ဖက်သော ပညာအရည်အချင်း သတ်မှတ်ရန် လိုအပ်ကြောင်း
• ကျွမ်းကျင်မှုဆိုင်ရာအတွက် လုပ်ငန်းခွင် သင်တန်းများ (Job Training) ပေး၍ လူမှန်နေရာမှန် ခန့်ထားရန်နှင့် ဝန်ထမ်းများ၏ အရည်အသွေးကို မြှင့်တင်ရန် ဆောင်ရွက်သွားဖို့ လိုအပ်မှာဖြစ်ကြောင်း
• ဘဏ္ဍာငွေ သုံးစွဲရေးအပိုင်းမှာလည်း ဝန်ကြီးဌာနများအနေဖြင့် တောင်းခံထားသော ဘတ်ဂျက်များကို ထိရောက်စွာ သုံးစွဲရန်နှင့် မသုံးနိုင်ပါက အချိန်မီပြန်အပ်ရန် လိုမည်ဖြစ်ပါကြောင်း၊ သို့မှသာ လိုအပ်သော ကဏ္ဍများတွင် ပြန်လည်သုံးစွဲနိုင်မှာဖြစ်ကြောင်း၊
• ကျောင်းပညာရေးမှာလည်း အတန်းအောင်ရုံမျှ မဟုတ်ဘဲ တကယ် စာတတ်မြောက်ရန်နှင့် အထွေထွေဗဟုသုတ ကြွယ်ဝရန် သင်ကြားရေးကို ပြင်ဆင်ရန် လိုအပ်ပါကြောင်း၊
• ကျန်းမာရေးကဏ္ဍတွင်လည်း ဆရာဝန်၊ သူနာပြုနှင့် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများ မွေးထုတ်နိုင်ရေးအတွက် စီမံချက် ရေးဆွဲရန်နှင့် ပြည်ပသို့ ဆေးကုသစရိတ် စီးထွက်မှု လျှော့ချနိုင်ရန် အထူးကုဆေးရုံကြီးများ တည်ထောင်ကြရန် တိုက်တွန်းပြီး အစိုးရအနေဖြင့် အားပေးဆောင်ရွက်သွားမှာဖြစ်ကြောင်း
• ရေအရင်းအမြစ်ထိန်းသိမ်းရေးကိစ္စများတွင်လည်း အယ်နီညိုကြောင့် ရေရှားပါးနိုင်သဖြင့် ရေချွေတာရန်၊ မိုးရေစုဆောင်းရန်နှင့် မြေအောက်ရေလှောင်တမံများ ပြုလုပ်ကြရန် လိုအပ်ပြီး ဝီရိယထားဆောင်ရွက်ရန် လိုကြောင်း
• စွမ်းအင်ကဏ္ဍနှင့် ပတ်သက်၍ လျှပ်စစ်လိုအပ်ချက်အတွက် ၃၀ မီဂါဝပ်အောက် ဆိုလာစီမံကိန်းများကို တိုင်းဒေသကြီး/ပြည်နယ်အလိုက် ဆောင်ရွက်ရန်လိုအပ်ပါကြောင်း
• လျှပ်စစ်မီးခိုးယူသုံးစွဲခြင်းနှင့် ပတ်သက်၍လည်း ဒဏ်ငွေပြန်လည်ပေးဆောင် စေခြင်းဖြင့်သာမက ဥပဒေအရ ထိရောက်စွာ အရေးယူဆောင် ရွက်သွားရမှာဖြစ်ကြောင်း
• ဝန်ထမ်းများဖွဲ့စည်းရာတွင်လည်း ဝန်ကြီးဌာန ဖွဲ့စည်းပုံများကို ကျစ်ကျစ်လစ်လစ် ဖြစ်အောင် စိစစ်ဆောင်ရွက်သွားကြရန် လိုအပ်မှာဖြစ်ပါကြောင်း မှာကြားခဲ့ပါသည်။
4 463
+5
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား
နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှ နိုင်ငံသားများ၏ လူမှုစီးပွားဘဝများသည်လည်း ဖွံ့ဖြိုးတိုးတက်နိုင်မည်ဖြစ်သဖြင့် တည်ငြိမ်အေးချမ်းမှု ရရှိရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုရရှိရေးတို့အတွက် နိုင်ငံတော်တွင် အတူတကွမှီတင်း နေထိုင်ကြသည့် ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံးက ကိုယ်စီအသိရှိစွာဖြင့် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း
#ဖိုးမှန်
သတင်းများကို အချိန်နှင့်တစ်ပြေးညီ သိရှိလိုပါက👇👇👇
https://t.me/phoehmann007 ကို Join ထားပေးပါ။
4 463
ကောက်နုတ်ချက်
#ဖိုးမှန်
သတင်းများကို အချိန်နှင့်တစ်ပြေးညီ သိရှိလိုပါက👇👇👇
https://t.me/phoehmann007 ကို Join ထားပေးပါ။
4 463
ဂျပန်၌ အသက် ၁၀၀ ပြည့်သူဦးရေ ၁၀၀၀၀၀ ကျော်ရှိသည်ဟု ဂျပန်ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်
ဂျပန်နိုင်ငံတစ်ဝန်းတွင် အသက် ၁၀၀ ကျော်ရှိသူ အရေအတွက်သည် ပထမဆုံးအကြိမ် ၁၀၀၀၀၀ ကျော်သွားပြီဟု ကျန်းမာရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၅ ရက်တွင် ပြောကြားခဲ့သည်။
ကမ္ဘာ့ဘဏ်၏ထုတ်ပြန်ချက်အရ ပျမ်းမျှအသက် ၄၉ ဒသမ ၉ နှစ်ရှိနေခြင်းနှင့်အတူ ဂျပန်သည် မိုနာကိုပြီးလျှင် ကမ္ဘာပေါ်၌ ဒုတိယအသက်အကြီးဆုံး လူဦးရေရှိနေသည်ဟု သိရသည်။
လာမည့်အပတ် နှစ်စဉ် ပြည်သူ့အားလပ်ရက်ဖြစ်သည့် Respect for the Aged မတိုင်မီ နောက်ဆုံးပြုလုပ်သော အစိုးရလေ့လာချက်တွင် စက်တင်ဘာ ၁ ရက်အထိ အသက် ၁၀၀ ပြည့်သူ သိုမဟုတ် အသက် ၁၀၀ ထက်ကြီးသူ အရေအတွက်သည် ၁၀၇၆၇၇ ဦးရှိသည်ဟု ဖော်ပြထားသည်။
Noted: ဂျပန်ရဲ့ စားသောက်နေထိုင်မှုတွေ၊ တစ်နေ့တာ ဖြတ်သန်းမှုတွေနဲ့ Lifestyle တွေကို ရိုက်ကူးထားတဲ့ documentary တွေကို ကိုယ်တွေနိုင်ငံမှာ ပြသသင့်ပါတယ်။
4 463
ပဲခူးတွင် အထည်ချုပ်စက်ရုံ ကြိုပိုယာဉ်ဘရိတ်ပေါက်ပြီး ယာဉ်တိုက်မှုဖြစ်၊ ၅ ဦးဒဏ်ရာရ
ပဲခူးမြို ကျွန်းသာယာရပ်ကွက် မဟာမြိုင်မီးပွိင့်အနီးတွင် စက်တင်ဘာ ၁၄ ရက် ည ၉ နာရီခွဲခန့်က အထည်ချုပ်စက်ရုံ ကြိုပိုယာဉ် ဘရိတ်ပေါက်ပြီး ရှေ့မှမောင်းနှင်နေသည့် ပရာဒိုယာဉ်ကို ဝင်ရောက်တိုက်မိခဲ့ရာ စက်ရုံလုပ်သားများအပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
4 463
Thai Airways လေယာဉ်မယ်၏ ဟီရိုအင်းအမှု အောက်တိုဘာ ၁၂ ရက်အထိ ရုံးချိန်းရွှေ့ဆိုင်း
ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြိုရှိ Magistrates' Court က Thai Airways လေယာဉ်မယ်ဟောင်း Meena Kondo အသက် ၂၆ နှစ်၏ ဟီရိုအင်းတင်သွင်းမှုအမှုကို အောက်တိုဘာ ၁၂ ရက်အထိ ရုံးချိန်းရွှေ့ဆိုင်းလိုက်ကြောင်း သိရသည်။
4 463
အင်္ဂလန်နဲ့ စကော့တလန်ကြား ‘ဝီစကီစစ်ပွဲ’ စတင်ဖြစ်ပွားလာ
အင်္ဂလန်ရဲ့ Single Malt ဝီစကီကို နိုင်ငံတော်က အကာအကွယ်ပေးထားတဲ့ အမျိုးအစားအဖြစ် သတ်မှတ်ပေးဖို ဗြိတိန်အစိုးရရဲ့ ဆုံးဖြတ်ချက်ကြောင့် ကမ္ဘာကျော် စကော့ချ် (Scotch) ဝီစကီ ထုတ်လုပ်သူတွေရှိတဲ့ စကော့တလန်မှာ မကျေနပ်မှုတွေ ဖြစ်ပေါ်လာခဲ့ပြီး အဲဒီထုတ်လုပ်သူတွေကလည်း တုံပြန်ဖို ပြင်ဆင်နေကြပြီလို The Telegraph သတင်းစာက ဖော်ပြခဲ့ပါတယ်။
ပြီးခဲ့တဲ့အပတ်က ဗြိတိန်အစိုးရဟာ အင်္ဂလိပ် single malt ဝီစကီကို ဒေသဆိုင်ရာ အကာအကွယ်ပေးမှုအဆင့် သတ်မှတ်ပေးခဲ့တာပါ။ အဲဒီလို သတ်မှတ်လိုက်တာဟာ အင်္ဂလိပ်ဝီစကီကို သီးသန့်အမျိုးအစားတစ်ခုအနေနဲ့ အသိအမှတ်ပြုလိုက်တာဖြစ်ပြီး စကော့ချ်၊ ဝေးလ်နဲ့ အိုင်းရစ်ရှ် ဝီစကီတွေလိုမျိုး တန်းတူအဆင့်အတန်း ရသွားစေခဲ့ပါတယ်။
4 463
မြန်မာ-ရုရှားနှစ်နိုင်ငံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုပူးပေါင်းဆောင်ရွက်ရန်ဆွေးနွေး
မြန်မာ-ရုရှားနှစ်နိုင်ငံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုပူးပေါင်းဆောင်ရွက်ရန် အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအောင်ကျော်ဟိုးနှင့် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံရုံးမှ စီးပွားရေးသံမှူး Mr. Andrei Iunak တိုဆွေးနွေးခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီးဦးအောင်ကျော်ဟိုးနှင့် ရုရှားနိုင်ငံသံရုံးမှ စီးပွားရေးသံမှူး Mr. Andrei Iunak တိုသည် စက်တင်ဘာ ၁၄ ရက်က နေပြည်တော်၌တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။
4 463
AI ကို ထိန်းချုပ်ဖိုအတွက် IQ မြင့်တဲ့ သမ္မတတစ်ယောက်ရှိရင် ရပြီလို ထရမ့်ပြော
AI နည်းပညာအပေါ် အကန့်အသတ်အသစ်တွေ ထိန်းချုပ်ပေးဖို ထိပ်တန်း AI ကုမ္ပဏီအရာရှိတွေရဲ့ တောင်းဆိုမှုကို သမ္မတ ဒေါ်နယ်ထရမ့်က တနင်္လာနေ့မှာ ပယ်ချလိုက်ပါတယ်။ AI လုပ်ငန်းအတွက် လိုအပ်တဲ့ တစ်ခုတည်းသော စည်းကမ်းဘောင်ဆိုတာဟာ "ကြံ့ခိုင်ပြီး ဉာဏ်ကောင်းတဲ့ IQ မြင့်တဲ့ သမ္မတတစ်ယောက်"ပဲလိုအပ်တာဖြစ်ပြီး အမေရိကန်မှာ အဲဒီလိုသမ္မတမျိုး ရှိပြီးသားလို Truth ဆိုရှယ်မီဒီယာမှာ သူကရေးခဲ့တာပါ။
4 463
ထရမ့်ပ်အစိုးရ၏ စာတိုက်မှတစ်ဆင့် မဲပေးမှု ကန့်သတ်ချက်များကို အမေရိကန်တရားလွှတ်တော်ချုပ် ပယ်ချ
ဝါရှင်တန်၊ စက်တင်ဘာ ၁၄
အမေရိကန်နိုင်ငံတွင် နိုဝင်ဘာလ ကြားဖြတ်ရွေးကောက်ပွဲများ ကျင်းပရန် နှစ်လပင် မလိုတော့သည့်အချိန်၌ သမ္မတ ဒေါ်နယ်ထရမ့်ပ်အစိုးရက စာတိုက်မှတစ်ဆင့် မဲပေးမှုအပေါ် ချမှတ်ရန် ကြိုးပမ်းထားသည့် ကန့်သတ်ချက်အသစ်များကို အမေရိကန်တရားလွှတ်တော်ချုပ်က တနင်္လာနေ့တွင် ပယ်ချခဲ့သည်။
ပြည်နယ်နှင့် ဒေသဆိုင်ရာ ရွေးကောက်ပွဲတာဝန်ရှိသူများအနေဖြင့် ရွေးကောက်ပွဲမတိုင်မီ စည်းမျဉ်းအသစ်ကို ပုံမှန်အတိုင်း အကောင်အထည်ဖော်ရန် အချိန်လုံလောက်မှုမရှိသဖြင့် ၂၀၂၆ ခုနှစ် ရွေးကောက်ပွဲများတွင် ယင်းစည်းမျဉ်းကို ကျင့်သုံးခြင်းသည် အုပ်ချုပ်ရေးလုပ်ထုံးလုပ်နည်းအက်ဥပဒေကို ချိုးဖောက်ရာရောက်နိုင်ကြောင်း ဆုံးဖြတ်ချက်တွင် ဖော်ပြထားသည်။
