es
Feedback
ဖိုးမှန်

ဖိုးမှန်

Ir al canal en Telegram

ဘက်စုံ ကဏ္ဍစုံ သတင်းချန်နယ်

Mostrar más
El país no está especificadoLa categoría no está especificada
1 367
Suscriptores
+124 horas
+17 días
+130 días
Archivo de publicaciones
⚠️ သတိမမူမိတတ်တဲ့ အချိုရည်ဗူးခွံပေါ်က ကျန်းမာရေးအန္တရာယ်🚨 🏬 ကုန်လှောင်ရုံ ဒါမှမဟုတ် စတိုခန်းတွေထဲမှာ အချိုရည်ဗူးနဲ့ ပုလင်းတွေကို ရေရှည်သိုလှောင်ထားစဉ်မှာ ကြွက်တွေ လာရောက်ခိုအောင်းပြီး အညစ်အကြေး စွန့်သွားတတ်ကြပါတယ်။ ထိုမှတစ်ဆင့် ကြွက်ချေး၊ ကြွက်သေးတွေ ပေကျံနေတဲ့ အချိုရည်ဗူးတွေဟာ ဆိုင်တင်ခုံတွေပေါ်ကို သန့်ရှင်းရေး သေချာမလုပ်ဘဲ ရောက်ရှိလာတတ်ပါတယ်။ 🛒 🥫 အကယ်၍ ထိုဗူးတွေကို သေချာဆေးကြောခြင်းမပြုဘဲ ဒီအတိုင်း ပါးစပ်နဲ့ တိုက်ရိုက်သောက်မိပါက လပ်တိုစပိုင်ရိုးဆစ် (Leptospirosis - ကြွက်သေးရောဂါ) နှင့် ပြင်းထန်စွာ အစာအဆိပ်သင့်ခြင်း တို့ အဓိက ဖြစ်ပွားနိုင်ပါတယ်။ 🚨 သတိထားရမည့် အန္တရာယ်ရှိသော လက္ခဏာများ🚫 🤒 ရုတ်တရက် အပြင်းဖျားခြင်းနှင့် ချမ်းတုန်ခြင်း 🥶 😫 ခြေသလုံးနှင့် နောက်ကျော ကြွက်သားများ အလွန်အမင်း နာကျင်ခြင်း 🤯 ပြင်းထန်စွာ ခေါင်းကိုက်ခြင်းနှင့် မျက်စိနီခြင်း 👁 🤮 မအီမသာဖြစ်ပြီး အော့အန်ခြင်း၊ ဝမ်းလျှောခြင်း 🚽 💡 ကာကွယ်ရန် နည်းလမ်းများ🛡 🧼 အချိုရည်ဗူးများကို မသောက်သုံးမီ ဗူးအဝကို ရေ၊ ဆပ်ပြာတို့ဖြင့် ပြောင်စင်အောင် သေချာဆေးကြောပါ။ 🥤 တိုက်ရိုက်မသောက်ဘဲ သန့်ရှင်းသော ပိုက်ကို အသုံးပြု၍ သောက်ပါ။ 👨‍⚕️ အကယ်၍ သောက်မိပြီးနောက် ရက်ပိုင်းအတွင်း အထက်ပါအတိုင်း ထူးခြားစွာ ဖျားနာလာပါက ဆရာဝန်ထံ ချက်ချင်းပြသ၍ တိုင်ပင်ကုသမှု ခံယူပါ။ ကုသမှုခံယူစဉ် ကြွက်ညစ်အကြေးပေနိုင်သော ဗူးသောက်မိကြောင်း ဆရာဝန်ကို သေချာပြောပြပါ။

မိုးကြီးမည့်သတိပေးချက် အမှတ်စဉ်(၉/၂၀၂၆) =============================== ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၈ ရက်နေ့၊ မြန်မာစံတော်ချိန် ၀၈:၀၀ နာရီအချိန် ထုတ်ပြန်ချက် ============================================ ၁။ ယနေ့မြန်မာစံတော်ချိန် ၀၆:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းလာနိုင်ခြင်းကြောင့် ၉-၇-၂၀၂၆ ရက်နေ့မှ ၁၆-၇-၂၀၂၆ ရက်နေ့အတွင်း ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့တွင် နေရာစိပ်စိပ်မှ နေရာ အနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ဒေသများတွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ၂။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်း များကျရောက်ပြီး လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၃၀ မှ ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၈ ပေမှ ၁၀ ပေခန့် ရှိနိုင်ပါသည်။ အကြံပြုချက် ========== ၃။ သို့ဖြစ်ပါ၍ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်း လာနိုင်ခြင်းကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက် ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုနိုင်ပါရန်နှင့် ပြည်တွင်းလေကြောင်း ပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်။ Ref: မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံအကြား ဗီဇာကင်းလွတ်ခွင့်ပေးလိုက်ပြီ #ဖိုးမှန်
မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံအကြား ဗီဇာကင်းလွတ်ခွင့်ပေးလိုက်ပြီ #ဖိုးမှန်

အာဂျင် အီဂျစ် Highlight အတိုလေး ဝေဖန်မှုများစွာနဲ့ ပြီးဆုံးခဲ့သော ပွဲစဉ်တစ်ပွဲ... #ဖိုးမှန်

အလုပ်အကိုင် အခွင့်အလမ်းများအတွက် #ဖိုးမှန်
အလုပ်အကိုင် အခွင့်အလမ်းများအတွက် #ဖိုးမှန်

သတိထား ကာကွယ်နိုင်စေရန် အလို့ငှာ #ဖိုးမှန်
သတိထား ကာကွယ်နိုင်စေရန် အလို့ငှာ #ဖိုးမှန်

photo content

ယနေ့ မိုးလေဝသ အခြေအနေ ☁️⛅️🌧☔️⛈🌦 #ဖိုးမှန်
+6
ယနေ့ မိုးလေဝသ အခြေအနေ ☁️⛅️🌧☔️⛈🌦 #ဖိုးမှန်

+5
8.7.2026 ရက်နေ့ သတင်းစာများ #ဖိုးမှန်

အာဂျင်ကတော့ comeback ခဲ့ပေမယ့်... သူမ, ကတော့ ထွက်သွားပြီး ကတည်းက အစအနတောင် မတွေ့ရတော့ဘူး... မိုးအေးအေးနဲ့ လွမ်းမိပြန်ပြီ🥺🥺🥺

13 မိနစ်အတွင်းမှာပဲ 3 ဂိုး သွင်းပြီး Classic comeback နဲ့ ပြန်လာနိုင်ခဲ့တဲ့ လက်ရှိ ချန်ပီယံတို့ Quarter-final တက်လှမ်းသွားနိုင်ခဲ့ပါပြီ.... အာဂျင် ၃ အီဂျစ် ၂

မထင်မှတ်ထားလောက်တဲ့ Comeback ကြီးပါလား

3 2 ဖြစ်ပြီ

ဟာ.. 2:2 တဲ့ဗျို့

1 vs 2 တော့ ပြန်ဖြစ်သွားပြီဗျို့ လက်ကျန်မိနစ်ပိုင်း ဘယ်လောက်ရုန်းမလဲပဲ ကြည့်ရတော့မယ်... #ဖိုးမှန်
1 vs 2 တော့ ပြန်ဖြစ်သွားပြီဗျို့ လက်ကျန်မိနစ်ပိုင်း ဘယ်လောက်ရုန်းမလဲပဲ ကြည့်ရတော့မယ်... #ဖိုးမှန်

လက်ရှိ ချန်ပီယံကြီးတော့ ပျားတုပ်နေပြီ... Penalty လည်း လွဲတယ်... အီဂျစ်ရဲ့ ဒုတိယ ဂိုးဝင်သွားတာလည်း VAR ကြည့်ပြီး ပယ်ဖျက် လိုက်
+1
လက်ရှိ ချန်ပီယံကြီးတော့ ပျားတုပ်နေပြီ... Penalty လည်း လွဲတယ်... အီဂျစ်ရဲ့ ဒုတိယ ဂိုးဝင်သွားတာလည်း VAR ကြည့်ပြီး ပယ်ဖျက် လိုက်လို့တာပဲ... ပြန်လာနိုင်ပါ့ဦးမလား အာဂျင်ရေ... #ဖိုးမှန်

ကလေးဝ - ယာကြီး - မုံရွာ ဆက်သွယ်ရေးလမ်းကြောင်းအား တပ်မတော်မှ အပြည့်အဝ ထိန်းချုပ်နိုင်ပြီဖြစ် #ဖိုးမှန်
+6
ကလေးဝ - ယာကြီး - မုံရွာ ဆက်သွယ်ရေးလမ်းကြောင်းအား တပ်မတော်မှ အပြည့်အဝ ထိန်းချုပ်နိုင်ပြီဖြစ် #ဖိုးမှန်