ဖိုးမှန်
Ir al canal en Telegram
ဘက်စုံ ကဏ္ဍစုံ သတင်းချန်နယ်
Mostrar másEl país no está especificadoLa categoría no está especificada
4 694
Suscriptores
-424 horas
-307 días
-30930 días
Archivo de publicaciones
4 694
မဲဆောက်ရှိ ကာရာအိုကေတွင် အလုပ်လုပ်နေသည့် မြန်မာ ၆ ဦးနှင့် စံခလဘူရီတွင် ခိုးဝင်လာသည့် မြန်မာ ၇ ဦးတိုကို ထိုင်းရဲတပ်ဖွဲဖမ်းဆီး
𝙊𝘾𝙏~𝟐
ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်မြိုနယ်နှင့် ကန်ချနဘူရီခရိုင် စံခလဘူရီမြိုနယ်တိုတွင် တရားမဝင် ဝင်ရောက်နေထိုင်မှုနှင့် အလုပ်လုပ်ကိုင်မှုတိုကြောင့် မြန်မာနိုင်ငံသား ၁၃ ဦးကို အောက်တိုဘာ ၁ ရက်နှင့် ၂ ရက်တိုတွင် ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။
4 694
မြဝတီမြိုနယ်၊ သင်္ဃန်းညီနောင်ကျေးရွာ ပြန်လည်ထူထောင်ရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲမှ ထောက်ပံ့ပေးအပ်သော အိမ်အမိုးသွပ်နှင့်ဘိလပ်မြေအိတ်များ ထောက်ပံ့ပေးအပ်
မြဝတီ၊ အောက်တိုဘာ ၂
ကရင်ပြည်နယ်၊ မြဝတီမြိုနယ်၊ သင်္ဃန်းညီနောင် ကျေးရွာအုပ်စု ပြန်လည်ထူထောင်ရေးလုပ်ငန်းတွင် အထောက်အကူဖြစ်စေရန် အတွက်ကရင်ပြည်နယ်အစိုးရအဖွဲမှ ထောက်ပံ့သည့် အိမ်အမိုးသွပ်နှင့် ဘိလပ်မြေအိတ်များထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲက မြဝတီမြိုအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းရုံးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ သည်။
4 694
အမေရိကန်ထုတ် F-16V တိုက်လေယာဉ်နှစ်စင်း တရုတ်(တိုင်ပေ) သို ရောက်လာတော့မည်
ဒီမိုကရေစီစနစ် ကျင့်သုံးနေသော တရုတ်(တိုင်ပေ)က တရုတ်၏တိုက်ခိုက်မှုအလားအလာကိုဟန့်တားရန် ၎င်း၏စစ်ရေးစွမ်းရည်များကိုအဆင့်မြှင့်တင်လျက်ရှိရာ တရုတ်(တိုင်ပေ)သည် အောက်တိုဘာ ၂ ရက်တွင် အမေရိကန်ထုတ် F-16V တိုက်လေယာဉ်နှစ်စင်းကို လက်ခံရရှိမည်ဖြစ်သည်။
F-16V တိုက်လေယာဉ်များသည် အမေရိကန်သမ္မတဒေါ်နယ်ထရန့်၏ ပထမသက်တမ်းအတွင်းတွင် အတည်ပြုခဲ့သည့် F-16V တိုက်လေယာဉ် ၆၆ စင်းအတွက် အမေရိကန်ဒေါ်လာရှစ်ဘီလျံရှိ အရောင်းအဝယ်၏ အစိတ်အပိုင်းဖြစ်ပြီး ထိုတိုက်လေယာဉ်များကို ယခုနှစ်တွင်ပေးပိုသွားရန်စီစဉ်ထားသည်။
4 694
ဆန္ဒပြကျောင်းသား ၂၀၀၀ကျော်ကို ပြင်သစ်ရဲတွေ ဖမ်းဆီး
အောက်တိုဘာ - ၂ ( သောကြာနေ့ )
ပြင်သစ်နိုင်ငံ၊ ပါရီမြိုပြင်က စိန့်ဒန်နစ် မှာ ဆန္ဒပြနေတဲ့ ကျောင်းသားတွေကို အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်ဖွဲက မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ဖြိုခွင်းခဲ့ပါတယ်။ ကြာသပတေးနေ့က တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပြုလုပ်ခဲ့တဲ့ သပိတ်မှောက်မှုတွေအတွင်း ပြင်သစ်တစ်ဝန်းမှာ ကျောင်းသား ၂,၀၀၀ နီးပါး ဖမ်းဆီးခံခဲ့ရပါတယ်။
4 694
တိုင်ကြားမှုနှင့် အကူအညီတောင်းခံမှုများကို မြန်ဆန်၊ မှန်ကန်၊ တာဝန်ယူမှုရှိစွာ ဖြေရှင်းပေးရန် ရဲတပ်ဖွဲကို နိုင်ငံတော်သမ္မတတိုက်တွန်း
𝙊𝘾𝙏~𝟐
ပြည်သူများ၏ လိုအပ်ချက်များကိုနားလည်ပြီး တိုင်ကြားမှုနှင့် အကူအညီတောင်းခံမှုများကို မြန်ဆန်၊ မှန်ကန်၊ တာဝန်ယူမှုရှိစွာ ဖြေရှင်းပေးရန်လိုအပ်ကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်က (၆၂) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲနေ့အခမ်းအနားတွင် တိုက်တွန်းပြောကြားခဲ့သည်။
4 694
+2
🇲🇲🤝🇮🇳 အိန္ဒိယနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် သွားရောက်ခဲ့သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ
▪️ မြန်မာ-အိန္ဒိယ တပ်မတော်နှစ်ရပ် ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ရေးအတွက် စတုတ္ထအကြိမ် ချစ်ကြည်ရေးခရီးစဉ် သွားရောက်ခဲ့သော မြန်မာ့တပ်မတော် (ကြည်း၊ ရေ၊ လေ) ကိုယ်စားလှယ်အဖွဲ့သည် ဂါယာမြို့ရှိ မဟာဗောဓိစေတီတော်နှင့် ဗိုလ်သင်တန်းကျောင်း (OTA) တို့သို့ လေ့လာဖူးမြော်ခဲ့ပြီးနောက် အောက်တိုဘာလ ၁ ရက်နေ့ ညနေပိုင်းတွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိလာပြီဖြစ်ကြောင်း သိရပါတယ်။
▪️ လေဆိပ်တွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယစစ်သံမှူးတို့က ရင်းနှီးနွေးထွေးစွာ ကြိုဆိုခဲ့ကြကြောင်း သိရှိရပါတယ်။
https://t.me/phoehmann007
#ဖိုးမှန်
#Myanmar #India #Military #FriendshipVisit #News
4 694
အမြန်လမ်းရှိ လမ်းပိုင်းအချို၌ နှစ်စဥ် အောက်တိုဘာ လမှ ဖေဖော်ဝါရီလအထိ မြူထူများဖြစ်ပေါ်လေ့ရှိ၍ အရှိန်လျော့ပြီးဂရုပြုမောင်းနှင်ကြရန်သတိပေး
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ လမ်းပိုင်းနေရာအချိုတွင် နှစ်စဥ် အောက်တိုဘာလမှ ဖေဖော်ဝါရီလအထိ မြူထူ/မြူ(Fog/Mist)များဖြစ်ပေါ်လေ့ရှိ၍ ယာဥ်မောင်းများအနေဖြင့် အရှိန်လျော့၍ဂရုပြုမောင်းနှင်ကြရန် အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့် ကြီး ကြပ်ရေးအဖွဲက သတိပေးခဲ့သည်။
4 694
တနင်္သာရီတိုင်း မြိုနယ်ငါးမြိုနယ်အတွင်း ရေကြီးရေလျှံမှုများကြောင့် ယာယီပိတ်ထားခဲ့သည့် အခြေခံပညာကျောင်း ၅၆ ကျောင်းအနက် ၅၅ ကျောင်း ပြန်လည်ဖွင့်လှစ်ကြောင်း သိရ
မြန်မာနိုင်ငံအတွင်း ဖြတ်ကျော်ဝင်ရောက်ခဲ့သည့် ကုန်းတွင်းမုန်တိုင်းငယ် (Land Depression) ၏အရှိန်ကြောင့် တနင်္သာရီတိုင်းဒေသကြီးအတွင်း စက်တင်ဘာ ၂၆ ရက် ညနေပိုင်းမှစ၍ မိုးသည်းထန်စွာအဆက်မပြတ် ရွာသွန်းမှုဖြစ်ပေါ်၍ မြိုနယ်အချိုတွင် မြစ်ရေဝင်ရောက်မှုများ ဖြစ်ပွားခဲ့ကြောင်း၊ ထိုကြောင့် တနင်္သာရီမြိုရှိ မြေနိမ့်ပိုင်းရပ်ကွက်များနှင့် ကျေးရွာအချိုအတွင်း ရေဝင်ရောက်မှုများဖြစ်ပွားခဲ့သည့်အပြင် မြိတ်-တနင်္သာရီ-ဘုတ်ပြင်း-ကော့သောင်း ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ နေရာအချိုတွင်လည်း ရေကျော်ခြင်းများ ဖြစ်ပွားခဲ့ကြောင်း၊ ထိုသို ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့သည့် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို အပါအဝင် မြိုနယ် ငါးမြိုနယ်တိုရှိ အခြေခံပညာကျောင်း ၅၆ ကျောင်းအား စက်တင်ဘာ ၂၈ ရက်မှစ၍ ယာယီပိတ်ထားခဲ့ရကြောင်း သိရသည်။
4 694
အိန္ဒိယနိုင်ငံသို စတုတ္ထအကြိမ် ချစ်ကြည်ရေးခရီးစဉ်သွားရောက်ခဲ့သည့် မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ ပြန်လည်ရောက်ရှိ
𝙊𝘾𝙏~𝟐
မြန်မာ့တပ်မတော် (ကြည်း၊ ရေ၊ လေ) မှ အရာရှိ၊ စစ်သည်များပါဝင်သည့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲသည် အိန္ဒိယနိုင်ငံသို စတုတ္ထအကြိမ် ချစ်ကြည်ရေးခရီးစဉ် သွားရောက်ပြီးနောက် အောက်တိုဘာ ၁ ရက် ညနေပိုင်းတွင် မြန်မာနိုင်ငံသို ပြန်လည်ရောက်ရှိလာကြသည်ဟု သိရသည်။
4 694
ထိုင်းငါးဖမ်းလှေနစ်မြုပ်မှုမှ ပျောက်ဆုံးနေတဲ့ မြန်မာလုပ်သား ၆ ဦးရဲ့ ရုပ်အလောင်းများ ပြန်တွေ့
𝙊𝘾𝙏~𝟐
ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်၊ စက်သဟစ်မြိုနယ် အန်ဆမ်ဆာကမ်းခြေအနီး ပင်လယ်ပြင်မှာ နစ်မြုပ်ခဲ့တဲ့ ငါးဖမ်းစက်လှေပေါ်မှ ပျောက်ဆုံးနေတဲ့ မြန်မာလုပ်သား ၆ ဦးရဲ့ ရုပ်အလောင်းတွေကို စက်တင်ဘာ ၃၀ ရက် ည ၇ နာရီ ၁၀ မိနစ်မှာ ပြန်လည်တွေ့ရှိခဲ့တယ်လို ထိုင်းသတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။
“စ.ကန်နာဝါရီ ၈၈၈” အမည်ရှိ ငါးဖမ်းစက်လှေဟာ စက်တင်ဘာ ၂၁ ရက် ည ၁၀ နာရီခန့်က အန်ဆမ်ဆာပင်လယ်ပြင်မှာ မုန်တိုင်းနဲ့ လှိင်းလေပြင်းတိုက်ခတ်မှုကြောင့် နစ်မြုပ်ခဲ့တာဖြစ်ပြီး လှေပေါ်မှာ ထိုင်းနိုင်ငံသား ၂ ဦးနဲ့ မြန်မာနိုင်ငံသား ၂၀ ဦး စုစုပေါင်း ၂၂ ဦး လိုက်ပါခဲ့ပါတယ်။
4 694
ပြီးခဲ့သည့်သီတင်းပတ်က တရုတ်သမ္မတ ရှီကျင်းပင်နှင့် တွေ့ဆုံခဲ့ချိန်က မြန်မာ့အရေးကျွမ်းကျင်သူ အမေရိကန်နိုင်ငံသား ဦးမင်းဇင်အပါအဝင် တရုတ်နိုင်ငံတွင် ဖမ်းဆီးခံထားရသည့် အကျဉ်းသားများကို ပြန်လွှတ်ပေးရန် ဆွေးနွေးခဲ့ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က စက်တင်ဘာ ၃၀ ရက်တွင် ပြောကြားခဲ့သည်။
4 694
+2
🇲🇲🤝 🇮🇳 🇮🇳 မြန်မာ-အိန္ဒိယ တပ်မတော်နှစ်ရပ် ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ရေးအတွက် လာရောက်ခဲ့သည့် အိန္ဒိယတပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ ပြန်လည်ထွက်ခွာ
နေပြည်တော် အောက်တိုဘာ ၁
မြန်မာ-အိန္ဒိယ တပ်မတော်နှစ်ရပ်အကြား အပြန်အလှန်ယုံကြည်မှုနှင့် ချစ်ကြည်ရင်းနှီးမှုများ ပိုမိုတိုးတက်ခိုင်မာစေရန်နှင့် ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ ဖလှယ်မှုများ ဆောင်ရွက်ရန်အတွက် ချစ်ကြည်ရေးခရီးစဉ်အဖြစ် ရောက်ရှိလာခဲ့သော အိန္ဒိယတပ်မတော် (ကြည်း၊ ရေ၊ လေ) မှ ကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော်ရှိ အထင်ကရနေရာများနှင့် ဘုရားစေတီများသို့ လေ့လာဖူးမြော်ခဲ့ပြီးနောက် ယမန်နေ့ညနေပိုင်းတွင် နေပြည်တော်လေဆိပ်မှ အိန္ဒိယနိုင်ငံသို့ ပြန်လည်ထွက်ခွာသွားပြီဖြစ်ကြောင်း သိရပါတယ်။
https://t.me/phoehmann007
#ဖိုးမှန်
#Myanmar #India #Military #FriendshipVisit #News
4 694
မလေးရှားထိန်းသိမ်းရေးစခန်းများမှ မြန်မာနိုင်ငံသား ၁,၄၇၆ ဦး တပ်မတော်ရေယာဉ်များဖြင့် မြန်မာ့ရေပိုင်နက်သို့ စတင်ဝင်ရောက်လာ
ရန်ကုန်၊ အောက်တိုဘာ ၁
မလေးရှားနိုင်ငံရှိ ထိန်းသိမ်းရေးစခန်းများတွင် ရောက်ရှိနေသည့် စိစစ်ပြီး မြန်မာနိုင်ငံသား ၁,၄၇၆ ဦးကို တပ်မတော်ရေယာဉ်များဖြင့် နေရပ်ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယခုအခါ မြန်မာ့ရေပိုင်နက်ထဲသို့ စတင်ဝင်ရောက်လာပြီ ဖြစ်ပါသည်။
အဆိုပါ မြန်မာနိုင်ငံသားများကို နေရပ်ပြန်လည်ခေါ်ဆောင်ရန် တပ်မတော်ရေယာဉ် သုံးစီးသည် စက်တင်ဘာ ၂၈ ရက် မလေးရှားစံတော်ချိန် နံနက် ၁၀ နာရီခွဲတွင် မလေးရှားနိုင်ငံ Lumut Naval Base သို့ ဆိုက်ကပ်ရောက်ရှိခဲ့ပါသည်။
ရေယာဉ်များ ရောက်ရှိချိန်တွင် မလေးရှားနိုင်ငံဘက်မှ တာဝန်ရှိသူများ၊ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်ကျော်မိုး၊ စစ်သံမှူး ဗိုလ်မှူးချုပ် ညီညီဦး၊ မြန်မာသံရုံးနှင့် မြန်မာစစ်သံရုံး (ကြည်း၊ ရေ၊ လေ) မှ ဝန်ထမ်းများနှင့် သက်ဆိုင်ရာစခန်းတာဝန်ခံများက ကြိုဆိုခဲ့ကြပါသည်။
စက်တင်ဘာ ၂၉ ရက် နံနက် ၃ နာရီမှစတင်၍ သံရုံးတာဝန်ရှိသူများသည် နေရပ်ပြန်မြန်မာနိုင်ငံသားများအား ခေတ္တထားရှိသည့် Stadium Manjung သို့ သွားရောက်ကာ လူဦးရေစစ်ဆေးခြင်းနှင့် ၎င်းတို့သယ်ဆောင်မည့် ပစ္စည်းများကို စခန်းအလိုက် စာရင်းပြုစုခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။
ယင်းနောက် နံနက် ၈ နာရီ ၁၀ မိနစ်မှစတင်ကာ မြန်မာနိုင်ငံသားများကို ဘတ်စ်ကား ၄၄ စီးဖြင့် အသုတ် ၁၀ သုတ်ခွဲ၍ ရှေ့ပြေးယာဉ်တန်းများဖြင့် Lumut Naval Base သို့ ပို့ဆောင်ခဲ့ပြီး တပ်မတော်ရေယာဉ် မုတ္တမနှင့် သံလွင်တို့ပေါ်တွင် နေရာချထားခဲ့ရာ မွန်းလွဲ ၃ နာရီတွင် အားလုံးပြီးစီးခဲ့ပါသည်။
တပ်မတော်ရေယာဉ် မုတ္တမတွင် မြန်မာနိုင်ငံသား ၁,၁၃၂ ဦးနှင့် သံလွင်တွင် ၃၄၄ ဦး၊ စုစုပေါင်း ၁,၄၇၆ ဦး လိုက်ပါခဲ့ပြီး ယင်းတို့အနက် အမျိုးသား ၁,၃၉၀ ဦးနှင့် အမျိုးသမီး ၈၆ ဦး ပါဝင်ပါသည်။
မြန်မာနိုင်ငံသားများကို တင်ဆောင်ထားသည့် တပ်မတော်ရေယာဉ်များသည် စက်တင်ဘာ ၂၉ ရက် မွန်းလွဲ ၄ နာရီခွဲတွင် Lumut ဆိပ်ကမ်းမှ ပြန်လည်ထွက်ခွာခဲ့ရာ မလေးရှားတပ်မတော်ရေယာဉ် နှစ်စီးက ပင်လယ်ဝအထိ လိုက်ပါပို့ဆောင်ပေးခဲ့ပါသည်။
အဆိုပါ နေရပ်ပြန်မြန်မာနိုင်ငံသား ၁,၄၇၆ ဦးသည် ယခုအခါ တပ်မတော်ရေယာဉ်များဖြင့် မြန်မာ့ရေပိုင်နက်ထဲသို့ ပြန်လည်ရောက်ရှိလာပြီဖြစ်ပြီး အောက်တိုဘာလ ၄ ရက်နေ့တွင် ရန်ကုန်မြို့ သန်လျင်မြို့နယ်ရှိ အမှတ်(၃) ဆိပ်ခံတံတား (သီလဝါ)သို့ ရောက်ရှိမည် ဖြစ်ပါသည်။ ရောက်ရှိချိန်တွင် သက်ဆိုင်ရာတာဝန်ရှိသူများက လွှဲပြောင်းလက်ခံကာ နေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
4 694
မလေးရှားထိန်းသိမ်းရေးစခန်းများမှ မြန်မာနိုင်ငံသား ၁,၄၇၆ ဦး တပ်မတော်ရေယာဉ်များဖြင့် မြန်မာ့ရေပိုင်နက်သို့ စတင်ဝင်ရောက်လာ
4 694
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ရန်ကုန်မြို ဂျပန်နိုင်ငံ သံရုံးယာယီတာဝန်ခံအား လက်ခံတွေ့ဆုံ
နေပြည်တော်၊ အောက်တိုဘာ ၁
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံရုံးမှ သံရုံးယာယီတာဝန်ခံ မစ္စတာ ယိုရှိတာခဲ ရှိဂို အား ၁-၁၀-၂၀၂၆ ရက်နေ့ ၁၄ ၃၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။
4 694
ဘော့စ်ဝါနာတွင် လွတ်လပ်ရေးအထိမ်းအမှတ်ပွဲများအတွက် ဆင်သားဝေပေးရန် ဆင် ၂၃ ကောင်ကို သတ်ခွင့်ပြု
ကမ္ဘာပေါ်တွင် ဆင်ကောင်ရေအများဆုံးရှိရာ နိုင်ငံဖြစ်သည့် ဘော့စ်ဝါနာတွင် လွတ်လပ်ရေးအထိမ်းအမှတ် အခမ်းအနားများအတွက် ဆင် ၂၃ ကောင်ကို သတ်ဖြတ်ပြီး ဆင်သားဝေပေးရန် ခွင့်ပြုခဲ့သဖြင့် တိရစ္ဆာန်အခွင့်အရေး လှုပ်ရှားသူများက ဝေဖန်နေကြသည်။
4 694
ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရောက်ရှိနေသည့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသောင်းနိုင် ကလေး-ဖလမ်း-ဟားခါး လမ်းတစ်လျှောက် လမ်းအခြေအနေများကြည့်ရှုစစ်ဆေး
4 694
ဧရာဝတီမြစ်ဝကျွန်းပေါ်တွင် နယူးဧရာ-၁၁ စပါးမျိုး စိုက်ပျိုးမှု စိတ်ဝင်စားမှုမြင့်တက်ပြီး တစ်ဧက တင်း ၁၈၀ မှ ၂၂၀ ကျော်အထိ ထွက်ရှိကြောင်း တောင်သူများပြော၊ နှစ်စဉ် ဧက ၃၅,၀၀၀ မှ ၄၀,၀၀၀ ဝန်းကျင် စိုက်ပျိုး
ဧရာဝတီတိုင်းဒေသကြီး မြစ်ဝကျွန်းပေါ်ဒေသရှိ မအူပင်၊ ကျိုက်လတ်၊ ဘိုကလေး၊ မော်လမြိုင်ကျွန်းနှင့် ဖျာပုံမြိုနယ်တိုတွင် ရေကျနောက်စိုက်နှင့် နွေစပါးအဖြစ် စိုက်ပျိုးနိုင်သည့် နယူးဧရာ-၁၁ အထွက်တိုးစပါးမျိုးကို တောင်သူများ စိတ်ဝင်စားစိုက်ပျိုးမှု များပြားလာကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။
အဆိုပါဒေသများတွင် နယူးဧရာ-၁၁ စပါးမျိုးကို နှစ်စဉ် ဧက ၃၅,၀၀၀ မှ ၄၀,၀၀၀ ဝန်းကျင်အထိ စိုက်ပျိုးလေ့ရှိပြီး အပင်ဖြစ်ထွန်းမှု၊ အပင်သန်မာမှု၊ ရောဂါဒဏ်ခံနိုင်မှုနှင့် အထွက်နှုန်းတိုကြောင့် စိုက်ပျိုးမှုများရှိနေခြင်းဖြစ်ကြောင်း သိရသည်။
ဒေသခံတောင်သူများ၏ အတွေ့အကြုံအရ နယူးဧရာ-၁၁ စပါးမျိုးမှာ တစ်ဧကလျှင် တင်း ၁၈၀ မှ ၂၂၀ ကျော်အထိ ထွက်ရှိကြောင်း သိရပြီး ဆန်ရည်ဆန်သား၊ ဆန်ထွက်နှုန်းနှင့် စပါးအရည်အသွေးပိုင်းတိုကြောင့် ဆန်စက်များ၏ ဝယ်ယူမှုလည်းရှိကြောင်း သိရသည်။
Noted: ဒီလောက်စပါးထွက်နေတာသေချာရင် တာဝန်ရှိသူတွေက ဒီမျိုးစပါးကို အခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကို ဖြန့်ဖို့ ဘာအတွက်ကြန့်ကြာနေတာလဲ စိတ်ဝင်စားစရာပဲ။
