The Legend Of Rosy Clouds(2026)
Ir al canal en Telegram
Mostrar más
El país no está especificadoLa categoría no está especificada
679
Suscriptores
+724 horas
+297 días
+10530 días
Archivo de publicaciones
+6
ပိုးလွှာလွှမ်းတဲ့ မေတ္တာလမ်းသွယ် (花开锦绣)
(The Road to Splendor)
ပိုးလွှာလွှမ်းတဲ့ မေတ္တာလမ်းသွယ်(The Road to Splendor)
❝ ဘယ်လောက်ပဲ အန္တရာယ်များတဲ့ နေရာဖြစ်ပါစေ ကိုယ်မင်းကို အဖော်ပြုပေးမယ် ❞
❝ ကျွန်မအလိုရှိတာက ရှင့်ဘေးနားမှာ အမြဲတမ်း အဖော်ပြုရင်း... ဘယ်တော့မှ မခွဲဖို့ပဲ ❞
အားလုံးပဲ “Melody of Golden Age” ထဲက ရှန်တုနဲ့သခင်မလေးယန်ရှင့်တို့အတွဲကို မှတ်မိကြဦးမယ် ထင်ပါတယ်။ အတွဲညီညီ သရုပ်ဆောင်ခဲ့ကြတဲ့ မင်းသား Ding Yu Xi နဲ့ မင်းသမီး Deng Enxi တို့ဟာ ဒီတစ်ခါမှာလည်း ဒုတိယအကြိမ်မြောက် ပြန်လည်ဆုံစည်းလာကြပြီး ဇာတ်လမ်းတွဲအသစ် ပိုးလွှာလွှမ်းတဲ့ မေတ္တာလမ်းသွယ် “The Road to Splendor” (花开锦绣) နဲ့ ပရိသတ်တွေဆီ မကြာခင် ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်း ~
စာပေကျမ်းဂန်တွေ ထွန်းကားပြီး ပညာရှိတွေ အစဉ်အဆက် ထွက်ပေါ်ခဲ့တဲ့ ဖုအိမ်တော်ဟာ သူတို့ရဲ့ ဂုဏ်ကျက်သရေကြောင့်သာမက တင်းကျပ်လှတဲ့ စည်းမျဉ်းစည်းကမ်းတွေကြောင့်လည်း လူသိများပါတယ်။ ဒီလိုအသိုင်းအဝိုင်းက အလှအပနဲ့ ဉာဏ်ပညာကို ပိုင်ဆိုင်ထားတဲ့ နဝမသခင်မလေးဖုထင်ယွင် (Deng Enxi) ဟာ တစ်နေ့မှာတော့ မမျှော်လင့်ထားတဲ့ ကံကြမ္မာရဲ့ စမ်းသပ်မှုတစ်ခုနဲ့ ရင်ဆိုင်လိုက်ရပါတော့တယ်။
ဝမ်းကွဲမောင်နှမတစ်ယောက်ရဲ့ ယုတ်မာတဲ့ အကွက်ဆင် စွပ်စွဲမှုကြောင့် ဖုထင်ယွင်ဟာ ထွက်ပေါက်မရှိတဲ့ အခြေအနေကို ရောက်သွားခဲ့ရပါတယ်။ ဒီအကျပ်အတည်းကနေ လွတ်မြောက်နိုင်ဖို့အတွက် သူမဟာ တရားမဝင်ဆားမှောင်ခိုလုပ်ငန်းနဲ့ အသက်မွေးနေသူဖြစ်ပြီး ရည်မှန်းချက်ကြီးသလို ဉာဏ်ရည်လည်းထက်မြက်တဲ့ ကျောက်လင် (Ding Yu Xi) ဆီ အကူအညီတောင်းခံခဲ့ရပါတယ်။
ဘဝနောက်ခံချင်း လုံးဝမတူညီတဲ့ သူတို့နှစ်ယောက်ဟာ အိမ်တော်ရဲ့ ဖိနှိပ်မှု၊ အခက်အခဲတွေကြားထဲကနေ အတူတကွ ရုန်းကန်ဖြတ်သန်းဖို့ အကြောင်းဖန်လာပါတော့တယ်။
ဂုဏ်သရေရှိ သခင်မလေးဘဝကနေ အဖိနှိပ်ခံဘဝကို ရောက်ရှိသွားပေမဲ့ တည်ငြိမ်မှုနဲ့ ဉာဏ်ပညာကို အသုံးချပြီး အိမ်တွင်းအာဏာလုပွဲတွေကို အကွက်ကျကျ တုံ့ပြန်ရင်ဆိုင်သွားမဲ့ ဖုထင်ယွင်၊ သူ(မ)ရဲ့ လမ်းပြမှုနဲ့ နန်းတွင်းစမ်းသပ်မှုတွေကို ကျော်ဖြတ်ပြီး သာမန်ဆားမှောင်ခိုကုန်သည်တစ်ယောက်ဘဝကနေ အမတ်တစ်ယောက်အဖြစ် တက်လှမ်းလာမဲ့ ကျောက်လင်တို့ရဲ့ ဇာတ်လမ်းဟာ စိတ်လှုပ်ရှားစရာတွေနဲ့ ပြည့်နှက်နေမှာ အသေအချာပါပဲ။
အစမှာ သံသယမျက်လုံးတွေနဲ့ စောင့်ကြည့်ခဲ့ကြပေမဲ့ ဒုက္ခတွေကို အတူတူ ဖြတ်သန်းရင်း အချစ်စိတ်တွေကရော ဘယ်လိုပုံစံနဲ့ ပေါက်ဖွားလာကြမလဲ?
ကံကြမ္မာရဲ့ စမ်းသပ်မှုတွေကို သူတို့နှစ်ယောက် ဘယ်လိုလက်တွဲ ကျော်ဖြတ်ကြမလဲဆိုတာ သိရဖို့... GC Chinese နဲ့အတူ “The Road to Splendor” ကို စောင့်မျှော်ပေးကြဖို့ ဖိတ်ခေါ်ချင်ပါတယ်။
Reviewed by LELIA
Translated by GC Chinese Team
Encoded by Wobushi
#Theroadtosplendor
#ပိုးလွှာလွှမ်းတဲ့မေတ္တာလမ်းသွယ်
#花开锦绣
