es
Feedback

¡No caigas en manos de tramposos! Telemetrio encuentra y marca estos canales 👉 Si quieres ver la etiqueta, suscríbete

BOSS CATCHER (MKT)

BOSS CATCHER (MKT)

Ir al canal en Telegram

Mostrar más
El país no está especificadoLa categoría no está especificada

📈 Análisis del canal de Telegram BOSS CATCHER (MKT)

El canal BOSS CATCHER (MKT) (@bosscatchermkt) es un actor destacado. Actualmente la comunidad reúne a 26 940 suscriptores, ocupando la posición en la categoría Otro.

📊 Métricas de audiencia y dinámica

Desde su creación el невідомо, el proyecto ha mostrado un crecimiento acelerado, reuniendo a 26 940 suscriptores.

Según los últimos datos del 29 octubre, 2026, el canal mantiene una actividad estable. En los últimos 30 días la variación de miembros fue de -2 388, y en las últimas 24 horas de -63, conservando un alto alcance.

  • Estado de verificación: No verificado
  • Tasa de interacción (ER): El promedio de interacción de la audiencia es 3.51%. Durante las primeras 24 horas tras publicar, el contenido suele obtener 1.16% de reacciones respecto al total de suscriptores.
  • Alcance de las publicaciones: Cada publicación recibe en promedio 945 visualizaciones. En el primer día suele acumular 313 visualizaciones.
  • Reacciones e interacción: La audiencia responde de forma activa: el promedio de reacciones por publicación es 4.

📝 Descripción y política de contenido

No se ha proporcionado la descripción del canal.

Gracias a la alta frecuencia de actualizaciones (últimos datos recibidos el 30 octubre, 2026), el canal mantiene la vigencia y un amplio alcance. La analítica demuestra que la audiencia interactúa activamente con el contenido, lo que lo convierte en un punto de referencia dentro de la categoría Otro.

26 940
Suscriptores
-6324 horas
-4167 días
-2 38830 días
Archivo de publicaciones
Repost from God service 94
၁၁နှစ်အကြာမှာ ပြန်တွေ့မယ့် ဂန္တဝင် ၂ဦးရဲ့ မကျေပွဲ 🔥😍 Conor McGregor နဲ့ Max Holloway တို့ရဲ့ ဒုတိယအကြိမ် ထိပ်တိုက်တွေ့ဆုံပွ
၁၁နှစ်အကြာမှာ ပြန်တွေ့မယ့် ဂန္တဝင် ၂ဦးရဲ့ မကျေပွဲ 🔥😍 Conor McGregor နဲ့ Max Holloway တို့ရဲ့ ဒုတိယအကြိမ် ထိပ်တိုက်တွေ့ဆုံပွဲကတော့ ဖြစ်လာဖို့ အလွန်နီးစပ်နေပြီလို့ New York Post က ဖော်ပြလာပါတယ်။ 🚨🇮🇪🇺🇸 ဒီပွဲစဉ်ကို လာမယ့် ဇူလိုင်လ ၁၁ ရက်၊ UFC 329 (International Fight Week) မှာ ကျင်းပဖို့ စီစဉ်နေတာပါ။ဝိတ်တန်းက တကယ့်ကို အံ့ဩစရာပါ။ ဒီပွဲကို 170 lbs (Welterweight) တန်းမှာ ထိုးသ-တ်သွားမှာ ဖြစ်ပါတယ်။ ဒါဟာ BMF ချန်ပီယံ Max Holloway အတွက်တော့ Welterweight တန်းကို ပထမဆုံး စတင်ဝင်ရောက် မယ့်ပွဲ (Debut) လည်း ဖြစ်လာမှာပါ။ လက်ရှိအခြေအနေအရ The Notorious Conor McGregor ကတော့ ဒီပွဲအတွက် လေ့ကျင့်ရေးစခန်း (Training Camp) ကို စတင်ဝင်ရောက်နေပြီလို့ သိရပါတယ် 🔥 Conor နဲ့ Max Holloway တို့ဟာ လွန်ခဲ့တဲ့ ၁၁ နှစ် (၂၀၁၃ ခုနှစ်) တုန်းက ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ဖူးပြီး အဲ့ဒီတုန်းကတော့ Conor က အမှတ်နဲ့ အနိုင်ရရှိခဲ့တာပါ။ အခုချိန်မှာတော့ နှစ်ယောက်လုံးက ဂန္တဝင်အဆင့်ကို ရောက်နေကြပြီဖြစ်သလို၊ အထူးသဖြင့် Max Holloway ကလည်း သူ့ရဲ့ ကစားသမားဘဝ အကောင်းဆုံးပုံစံ (Prime) ကို ရောက်နေတာ ဖြစ်ပါတယ် 🔥🔥

Repost from Kham Fight News
မြန်မာဖိုက်တာ ထွန်းမင်းနိုင် ပွဲ နဲ့ ကိုစိုးလင်းဦးတပည့် အောင်ထွန်းဘိုတို့ပွဲ ဒီမှာ လွှင့်ပေးထားပါတယ် 🇲🇲👇🏻👇🏻 https://t.me/khamfightnews7

Repost from Kham Fight News
မြန်မာဖိုက်တာတွေပွဲကျန်သေးတယ်နော် ညီကိုတို့ 🇲🇲🥰

Repost from Kham Fight News
လွမ်းနေရတော့မှာပေါ့ ဝိတ်တန်း ၃ခုချန်ပီယံကြီးရေ🥺
+1
လွမ်းနေရတော့မှာပေါ့ ဝိတ်တန်း ၃ခုချန်ပီယံကြီးရေ🥺

Repost from Kham Fight News
မာလီခင်ကြီး ရုရုကို ၄ချီမှာ အလဲထိုးပြီး ဖိုက်တာဘဝပါ အပြီးသတ် အနားယူသွားပါပြီ 😭🥺 Photo crd - Myanmar Sports
+3
မာလီခင်ကြီး ရုရုကို ၄ချီမှာ အလဲထိုးပြီး ဖိုက်တာဘဝပါ အပြီးသတ် အနားယူသွားပါပြီ 😭🥺 Photo crd - Myanmar Sports

Repost from Kham Fight News
ဒါကတော့မကြည့်တတ်တဲ့သူတွေအတွက်ပါဗျ 🥰 သေချာလေးလုပ်ကြည့်ပါ

Repost from Kham Fight News
ဒီမှာလွှင့်ပေးထားပြီ ညီကိုတို့ရေ 🥰😍👇🏻👇🏻 Channel လေးကို အရင် join ပြီးမှ ကြည့်ပေးပါဗျ 🥰 https://t.me/khamfightnews7

Repost from Kham Fight News
မကြာခင် မြန်မာဖိုက်တာ ထွန်းမင်းနိုင်ပွဲ နဲ့ ကိုစိုးလင်းဦးတပည့် အောင်ထွန်းဘိုပွဲ လာပါတော့မယ် ၊ မြန်မာစံတော်ချိန် ၆နာရီ ( ထိုင်
မကြာခင် မြန်မာဖိုက်တာ ထွန်းမင်းနိုင်ပွဲ နဲ့ ကိုစိုးလင်းဦးတပည့် အောင်ထွန်းဘိုပွဲ လာပါတော့မယ် ၊ မြန်မာစံတော်ချိန် ၆နာရီ ( ထိုင်းစံတော်ချိန် ၆နာရီခွဲ) ပါ😍🇲🇲 မြန်မာဖိုက်တာတွေ နိုင်ပွဲရရှိကြပါစေ😍

Repost from Kham Fight News
"အမေသာမရှိရင် ကျွန်တော်ဒီနေရာကို ရောက်လာမှာ မဟုတ်ဘူး" ဆိုတဲ့ သားလိမ္မာလေး ဗန်🥰😍

Repost from Kham Fight News
အခုချိန်မှာတော့ ဗန်ဟာ တစ်မိနစ်ကို လက်သီး ၈.၄၃ ချက် အထိ အပစ်နိုင်ဆုံး ကမ္ဘာ့စံချိန်ရှင် ဖြစ်နေသလို၊ ဒေါ်လာ ၇ သိန်းကျော် အထိ ထိုးကြေးရတဲ့ ထိပ်တန်းဖိုက်တာတစ်ဦး ဖြစ်နေပါပြီ။ ပွဲဦးထွက်တုန်းက ရှိခဲ့တဲ့ အဲ့ဒီ "ကြောက်စိတ်" ကိုသာ သူ အနိုင်မယူနိုင်ခဲ့ရင် အခုလို Flyweight တန်းရဲ့ ဘုရင်တစ်ဦး ဖြစ်လာမှာ မဟုတ်ပါဘူး။ ဒါဟာ ကြောက်တာ မဟုတ်ဘဲ လူသားတစ်ယောက်ရဲ့ သဘာဝ စိတ်လှုပ်ရှားမှုသာ ဖြစ်ပြီး ဗန်ဟာ အဲ့ဒီစိတ်ကို အသုံးချပြီး ပိုမိုမာကျောတဲ့ ဖိုက်တာတစ်ဦး ဖြစ်လာခဲ့တာပဲ ဖြစ်ပါတယ်🔥🔥🇲🇲 ညီကိုတို့ရော ဗန်ရဲ့ ပွဲဦးထွက်တုန်းက ပုံစံလေးကို မှတ်မိကြသေးလား?😍

Repost from Kham Fight News
"ကျွန်တော် ဒီနေရာနဲ့ ထိုက်တန်ရဲ့လား မသိဘူး" ကြောက်စိတ်ကို အနိုင်ယူခဲ့တဲ့ ဗန်😍💪🏻🔥 Short Notice (အချိန်တိုအတွင်း ပွဲလက်ခံခြ
"ကျွန်တော် ဒီနေရာနဲ့ ထိုက်တန်ရဲ့လား မသိဘူး" ကြောက်စိတ်ကို အနိုင်ယူခဲ့တဲ့ ဗန်😍💪🏻🔥 Short Notice (အချိန်တိုအတွင်း ပွဲလက်ခံခြင်း) နဲ့ ပွဲဦးထွက်ခဲ့ရတဲ့ ဗန်ဟာ ပွဲမစခင်မှာ တကယ့်ကို စိုးရိမ်ထိတ်လန့်နေခဲ့တာပါ။ Brad Tate က အခုလို ပြန်ပြောပြခဲ့ပါတယ် "ဓာတ်လှေကားထဲမှာ သူနဲ့ဆုံတော့ သူက 'အစ်ကို... ကျွန်တော် ဒီနေရာ (UFC) နဲ့ တကယ်ရော ထိုက်တန်ရဲ့လား မသိဘူး' လို့ ခဏခဏ ပြောနေခဲ့တာ။ သူ့လက်တွေက တုန်နေပြီး ချွေးတွေလည်း တရဟတ်ထွက်နေတယ်၊ ကွင်းထဲမှာလည်း လူတွေ မရှိသေးဘူး... သူ့ကြည့်ရတာ တကယ့်ကို ကြောက်လန့်နေတဲ့ ပုံစံမျိုးပါ။" ဒါပေမဲ့ တကယ့်တမ်း ပွဲစချိန်မှာတော့ လူတိုင်းအံ့ဩသွားအောင် "Business is business" ဆိုတဲ့အတိုင်း သူ့ရဲ့ တာဝန်ကို အကောင်းဆုံး ကျေပွန်အောင် ထမ်းဆောင်ပြီး အောင်ပွဲခံပြသွားခဲ့တာပါ။

Repost from Kham Fight News
ဒီအချက်က ဘာကိုပြနေလဲဆိုရင် အခုခေတ် UFC မှာ ချန်ပီယံဖြစ်ဖို့ထက် ချန်ပီယံခါးပတ်ကို ထိန်းထားနိုင်ဖို့က ပိုပြီး ခက်ခဲလာတယ်ဆိုတာပါပဲ။ အထူးသဖြင့် အသက် ၂၄ နှစ်အရွယ်နဲ့တင် ဂန္တဝင် Volkanovski နဲ့အတူ Title Defence အောင်မြင်ထားတဲ့ တစ်ဦးတည်းသော ချန်ပီယံစာရင်းမှာ ပါဝင်နေတဲ့ Joshua Van ရဲ့ စွမ်းဆောင်ရည်ကတော့ တကယ့်ကို ထူးခြားလွန်းလှပါတယ်။ ဗန်ဟာ Strikes Landed Per Minute မှာလည်း တစ်မိနစ် ၈.၄၃ ချက်နဲ့ ကမ္ဘာ့နံပါတ် (၁) စံချိန်တင်ထားသူဖြစ်လို့ သူ့ရဲ့ နန်းသက်ကလည်း Volkanovski လိုပဲ ကြာရှည်ဦးမှာ သေချာပါတယ်🥰🇲🇲🔥

Repost from Kham Fight News
UFC ဂန္တဝင် ဗိုကန်နော့ဗ့်စကီးနဲ့အတူ သမိုင်းသစ်ရေးထိုးလိုက်တဲ့ ဂျိုရှူအာဗန် 🇲🇲🔥🥰 လက်ရှိ UFC ရဲ့ ဝိတ်တန်းအားလုံးကို ခြုံငုံ
UFC ဂန္တဝင် ဗိုကန်နော့ဗ့်စကီးနဲ့အတူ သမိုင်းသစ်ရေးထိုးလိုက်တဲ့ ဂျိုရှူအာဗန် 🇲🇲🔥🥰 လက်ရှိ UFC ရဲ့ ဝိတ်တန်းအားလုံးကို ခြုံငုံကြည့်ရင် အံ့ဩဖို့ကောင်းတာက Alexander Volkanovski နဲ့ Joshua Van တို့ နှစ်ဦးတည်းသာ သူတို့ရဲ့ ချန်ပီယံခါးပတ်ကို စိန်ခေါ်သူတွေဆီကနေ အောင်မြင်စွာ ကာကွယ်ထားနိုင်တာ (Title Defence) ဖြစ်ပါတယ်။ ကျန်တဲ့ ဝိတ်တန်းက ချန်ပီယံတွေအားလုံးဟာ ခါးပတ်အသစ် ရရှိထားသူတွေ ဒါမှမဟုတ် ပွဲဦးထွက် ကာကွယ်ပွဲ မကစားရသေးသူတွေပဲ ဖြစ်နေကြတာပါ။ Featherweight ဘုရင်ကြီး Volkanovski ဟာ လက်ရှိ UFC Roster ထဲမှာ နန်းသက်အရှည်ဆုံး ချန်ပီယံအဖြစ် စံချိန်တင်ထားပြီး ခါးပတ်ကို လက်ဝယ်ပိုက် ပိုင်ဆိုင်ထားတာ ၃၉၆ ရက် တိတိ ရှိသွားပြီဖြစ်ပါတယ်။

Repost from Kham Fight News
ဂျင်မီလာ (Jim Miller) နဲ့ ပတ်ဒီ (Paddy Pimblett) တို့လို နာမည်ကြီးဖိုက်တာတွေကိုတောင် ထိုးကြေးပိုင်းမှာ ကျော်ဖြတ်နိုင်ခဲ့တာက ဗန်ရဲ့ UFC လောကအပေါ် လွှမ်းမိုးမှုကို ပြသနေတာပါ။ ဒီထိုးကြေးတွေက ဖိုက်တာတွေရဲ့ ကြိုးစားမှုနဲ့ UFC လောကမှာ သူတို့ရဲ့ ရောင်းတမ်းဝင်မှုကို အတိအကျ ဖော်ပြနေတာပါ။ အထူးသဖြင့် ကျွန်တော်တို့ မြန်မာ့သားကောင်း ဗန် အနေနဲ့ အခုလို ထိုးကြေးမျိုး ရရှိလာတာဟာ သူ့ရဲ့ အဆင့်အတန်းက ကမ္ဘာ့ထိပ်တန်း ဖိုက်တာတွေနဲ့ တန်းတူဖြစ်နေပြီဆိုတာ အတည်ပြုပေးလိုက်တာပဲ ဖြစ်ပါတယ် 🇲🇲🔥

Repost from Kham Fight News
UFC 328 မှာ ဒေါ်လာ ၇သိန်းကျော်အထိ ထိုက်ထိုက်တန်တန်ထိုးကြေးရရှိခဲ့တဲ့ ဂျိုရှူအာဗန် 😱💸💰 UFC 328 ဟာ ပွဲကောင်းတွေတင်မကဘဲ ဖိုက်
UFC 328 မှာ ဒေါ်လာ ၇သိန်းကျော်အထိ ထိုက်ထိုက်တန်တန်ထိုးကြေးရရှိခဲ့တဲ့ ဂျိုရှူအာဗန် 😱💸💰 UFC 328 ဟာ ပွဲကောင်းတွေတင်မကဘဲ ဖိုက်တာတွေအတွက်လည်း အိတ်သွန်ဖာမှောက် ရရှိခဲ့တဲ့ ပွဲတစ်ပွဲ ဖြစ်ခဲ့ပါတယ်။ ပွဲရှုံးနိမ့်ခဲ့ပေမဲ့လည်း ကမ္ဘာ့အဆင့် ဆွဲဆောင်မှုအရှိဆုံး ဖိုက်တာတစ်ဦးဖြစ်တဲ့ Khamzat Chimaev ကတော့ ဒေါ်လာ ၃ သန်းကျော် ($3,090,000) နဲ့ ထိုးကြေးအမြင့်ဆုံး ရရှိခဲ့တာကို တွေ့ရပါတယ်။ သူ့ကို အနိုင်ယူပြီး ချန်ပီယံခါးပတ်ကို ထိန်းသိမ်းနိုင်ခဲ့တဲ့ Sean Strickland ကတော့ ဒေါ်လာ ၁ သန်းကျော် ($1,080,000) ရရှိခဲ့ပြီး သူ့ရဲ့ တန်ဖိုးကို သက်သေပြနိုင်ခဲ့ပါတယ်။ အထူးခြားဆုံးကတော့ ကျွန်တော်တို့ရဲ့ မြန်မာ့ဂုဏ်ဆောင် The Fearless Joshua Van ပဲ ဖြစ်ပါတယ်။ ဗန်ဟာ Flyweight တန်းရဲ့ ဘုရင်တစ်ဦးအဖြစ် ခိုင်ခိုင်မာမာ ရပ်တည်နေသလို၊ UFC သမိုင်းတစ်လျှောက် တစ်မိနစ်အတွင်း လက်သီးအပစ်နိုင်ဆုံး စံချိန်ရှင် ဖြစ်တာနဲ့အညီ ဒေါ်လာ ၇ သိန်းကျော် ($740,000) အထိ ထိုက်ထိုက်တန်တန် ရရှိခဲ့တာဟာ တကယ့်ကို ဂုဏ်ယူစရာပါပဲ။ ဗန်ကိုရှုံးနိမ့်ခဲ့တဲ့ တိုင်ရာကတော့ ဒေါ်လာ ၅သိန်းကျော်အထိကို ပိုင်ဆိုင်သွားပါတယ်

Repost from Kham Fight News
ဒါကတော့ ကျွန်တော့်ရဲ့ Facebook , TikTok နဲ့ YouTube အကောင့်လေးတွေပဲဖြစ်ပါတယ်🥰 Kham Fight News မှာ မိတ်​ဆွေတို့အတွက် စစ်မှန်​
+2
ဒါကတော့ ကျွန်တော့်ရဲ့ Facebook , TikTok နဲ့ YouTube အကောင့်လေးတွေပဲဖြစ်ပါတယ်🥰 Kham Fight News မှာ မိတ်​ဆွေတို့အတွက် စစ်မှန်​သော အားကစားသတင်းများကို နေ့စဉ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ် ၊ Source အတိအကျ သတင်းအရင်းမြစ် အတိအကျနဲ့ တင်ပေးသွားမှာဖြစ်လို့ အစစ်အမှန်သတင်းတွေကြည့်ချင်တဲ့သူတွေ အကောင့်လေးတွေကို follow လုပ်ပေးကြဖို့ တောင်းဆိုချင်ပါတယ် 🥰🤝 👉🏻FOLLOW ME🤝🏻 ………………………….. 👉🏻Facebook Page https://www.facebook.com/share/18VkW1tUPD/?mibextid=wwXIfr 👉🏻YouTube https://youtube.com/@khamfightnews?si=Sg5Q1M4n6t7M4sV5 👉🏻TikTok https://www.tiktok.com/@khamfightnews?_r=1&_t=ZS-933s7uvlJix

Repost from Kham Fight News
ပန်တိုဂျာကြီးကတော့ တကယ်ကို သူ့ကိုယ်သူအကောင်းမြင်လွန်းနေတာပါပဲ။ ဗန်ဟာ လက်ရှိမှာ Flyweight တန်းရဲ့ Significant Strikes မှာ ၁၂၃၀ ချက် အထိ ပစ်သွင်းနိုင်တဲ့ လက်သီးဘုရင်ဖြစ်နေသလို၊ နိုင်ပွဲဆက်စံချိန် (Win Streak) မှာလည်း ၇ ပွဲဆက်တိုက် နိုင်ထားပြီး အရှိန်တက်နေတာပါ။ ပန်တိုဂျာပြောသလို ၅ ချီလုံး အေးဆေးနှိပ်စက်ဖို့ဆိုတာထက် ဗန်ရဲ့ တရစပ်လက်သီးချက်တွေအောက်မှာ သူ့ရဲ့အရိုးတွေ ရှင်သန်နိုင်ပါ့မလားဆိုတာက ပိုပြီး စဉ်းစားစရာပါ။ ၅ ချီလုံး ယှဉ်ပြိုင်ဖို့ စိတ်ကူးယဉ်နေတာက ဗန်ရဲ့ Cardio (အမောခံနိုင်ရည်) ကို လျှော့တွက်နေတာပဲ ဖြစ်မှာပါ။🥱 အရင်ဆုံး ကိုယ့်အရိုးတွေခိုင်အောင် နွားနို့ပဲ နေ့တိုင်းသောက်နေပါ ပန်တိုဂျာရေ 🥹🫩

Repost from Kham Fight News
ဗန်ကို စိတ်အေးလက်အေးနဲ့ ၅ချီလုံး နှိပ်စက်ပြမယ်ဆိုတဲ့ ပန်တိုဂျာ🥹🤣 ဒီဘဲက ဆံပင်ဖြူနေပြီ စိတ်ကူးကယဉ်နေတုန်း🤣🤣 "ကျွန်တော်က မာနကြီးတယ် ဒါမှမဟုတ် အဲ့ဒီလိုမျိုး တစ်ခုခု ပုံစံပေါက်သွားမှာကို မလိုလားပါဘူး။ ဒါပေမဲ့ သူ (Joshua Vann) က ကျွန်တော်နဲ့ နောက်တစ်ကြိမ် ထပ်တိုက်ချင်ပါတယ်လို့ ပြောတဲ့အခါ သူ အမှန်အတိုင်း ပြောနေတာ မဟုတ်ဘူးလို့ ကျွန်တော် ထင်ပါတယ်။" "ဒါပေမဲ့ အဲ့ဒီပွဲက ဖြစ်လာမှာပါ။ ပြီးတော့ ကျွန်တော် တစ်ခု ကတိပေးနိုင်တာကတော့... တကယ်လို့ Joshua Vann နဲ့ နောက်တစ်ခါ ထပ်တိုက်ရမယ်ဆိုရင် ကျွန်တော် လုံးဝ အလောတကြီး မလုပ်ဘူး၊ မြန်မြန်ဆန်ဆန် ဖြစ်သွားအောင်လည်း မကြိုးစားဘူး။" "သူ့ကို ကျွန်တော် (ပွဲထဲမှာ) နှိပ်စက်ဦးမှာပါ။ ကျွန်တော် အရမ်း စိတ်အေးလက်အေးနဲ့ (၅) ချီအထိတောင် ယှဉ်ပြိုင်သွားမှာပါ။ အဲ့ဒီပွဲက မြန်မြန်ဆန်ဆန် ပြီးသွားမှာ မဟုတ်ဘူး။ အဲ့ဒါ ကျွန်တော် ဖြစ်ချင်တဲ့ ပုံစံပါပဲ “

Repost from Kham Fight News
ဗန်ကိုအထင်သေးပြီး တိုင်ရာဘက်ကနေ လောင်းခဲ့ကြလို့ ပွဲအပြီးမှာ ငိုခဲ့ကြရတဲ့ ဆရာကြီးများ🤣🫩 အောက်က အပြာရောင်စာတန်းလေးကို နှိပ်ကြည့်နိုင်ပါတယ် 👇🏻👇🏻👇🏻 https://youtu.be/ASQkptO1Iq0?si=EgKEA52JvZGpbEvA

Repost from Kham Fight News
ဗန်ရဲ့ ကစားဟန်ဟာ အမြဲတမ်း ရှေ့တိုးထိုးသတ်လေ့ရှိပြီး လက်သီးအပစ်များတာကြောင့် အခုလို Significant Strikes အရေအတွက်မှာ ထိပ်ဆုံးက ပြေးနေတာ ဖြစ်ပါတယ်။ လက်ရှိ Flyweight တန်းရဲ့ အဆင့်သတ်မှတ်ချက်တွေမှာလည်း ထိပ်ဆုံးမှာဘုရင်အဖြစ်ရပ်တည်နေပြီး သူဟာ Islam Makhachev (No. 1) လိုမျိုး ထိပ်သီးတွေပါဝင်တဲ့ P4P Rankings မှာ အဆင့် (၉) အထိ တက်လှမ်းထားနိုင်ခဲ့ပါပြီ။ ဂန္တဝင် Demetrious Johnson ရဲ့ စံချိန်ကိုတောင် ကျော်ဖြတ်နိုင်ခဲ့တဲ့ ဗန်ဟာ နောက်ပိုင်းပွဲတွေမှာလည်း ဒီထက်မကတဲ့ စံချိန်သစ်တွေကို ဆက်လက်တင်နိုင်ဦးမှာ သေချာပါတယ်🔥🇲🇲😍 ဂုဏ်ယူပါတယ် မြန်မာ့ဂုဏ်ဆောင် ချင်းလေးဗန် 😍🇲🇲 ဗန်ကို ဆက်လက်အားပေးကြဖို့ တိုက်တွန်းလိုက်ရပါတယ်🔥