Sparatus:House Of Ashur 2025
Ir al canal en Telegram
Mostrar más
El país no está especificadoLa categoría no está especificada
Sin datos
Suscriptores
-4024 horas
-4727 días
-3 61130 días
Archivo de publicaciones
Repost from N/a
O_v-e_r Y-o_u-r D_e-a_d B-o_d-y (2-0-2-6)
===================================
IMDB ⭐️ 7.10
"အချစ်ဆိုတာ နားလည်မှုပါ... ဒါပေမဲ့ နားလည်မှုမရရင်တော့ သေနတ်ပြောင်းဝမှာ အဖြေရှာရတာပေါ့"
ကဲ... Ready or Not, The Babysitter ကားတွေနဲ့ ပရိသတ်တွေရဲ့ အသည်းစွဲဖြစ်ခဲ့တဲ့ အကြမ်းပတမ်း မမချော Samara Weaving နဲ့ How I Met Your Mother ထဲက ပရိသတ်အချစ်တော်ကြီး Jason Segel တို အတွဲညီညီ သောင်းကျန်းမဲ့ Action/Adventure ကားသစ်ကြီး ထွက်ရှိလာပါပြီ။
ဇာတ်လမ်းလေးကတော့ ...
အိမ်ထောင်သက်တမ်းကြာလာတာနဲ့အမျှ တစ်ယောက်နဲ့တစ်ယောက် အဆင်မပြေမှုတွေ များလာတဲ့ ဇနီးမောင်နှံနှစ်ယောက်ဟာ သူတိုရဲ့ ပြိုကွဲလုနီးပါး အိမ်ထောင်ရေးကို ပြန်လည်တည်ဆောက်ဖို ရည်ရွယ်ချက်နဲ့ လူသူအရောက်အပေါက်နည်းတဲ့ တောတွင်းအိမ်လေးဆီကို အပန်းဖြေခရီး ထွက်လာခဲ့ကြပါတယ်။
ဒါပေမဲ့ "ကံကိုယုံပြီး ဆူးပုံနင်းမိ" သလိုပါပဲ... အေးအေးဆေးဆေး စကားပြောပြီး နားလည်မှုယူဖို ကြိုးစားနေတုန်းမှာပဲ မထင်မှတ်ထားတဲ့ အန္တရာယ်ဆိုးကြီးတစ်ခုက သူတိုဆီ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပါတော့တယ်။
လင်မယားနှစ်ယောက်တောင် အချင်းချင်းမယုံကြည်နိုင် သံသယတွေများရတဲ့ထဲ အပြင်လူတွေကပါ ဝင်ရှုပ်လာချိန်….
ပြဿနာတွေ တက်နေတဲ့ လင်မယားနှစ်ယောက်... အသက်အန္တရာယ်နဲ့ ရင်ဆိုင်ရချိန်မှာတော့ သူတိုရဲ့ အိမ်ထောင်ရေးကပဲ ဒုက္ခပေးမလား... ဒါမှမဟုတ် မသေမရှင် အတူတူ ရုန်းကန်ရင်းနဲ့ပဲ သွေးချင်းပြန်နီးသွားမလားဆိုတာကို ရင်တမမနဲ့ ရှုစားရမှာပါ။
ကျွန်တော့်ကောင်မလေး Samara Weaving ပါပြီဆိုကတည်းက သွေးသံတရဲရဲနဲ့ ဖိုက်မဲ့ အက်ရှင်ခန်းတွေကို အာမခံထားပြီးသားမို... အက်ရှင်နဲ့ Dark Comedy လေး ရောမွှေထားတဲ့ ဇာတ်ကားကောင်းကောင်း ကြည့်ချင်သူတွေအတွက်တော့ အခုပဲ ပြေးဒေါင်းကြည့်သင့်တဲ့ ကားသစ်လေးဖြစ်ကြောင်း ညွှန်းဆိုလိုက်ရပါတယ်။
Repost from N/a
F_-uz_e ( 2-0-2-6 )
IMDB 6.2/10
RT 🍅 72%
စနက်
Fuze ဆိုတဲ့ ရုံတင်ကားလေးကတော့ Digital ထွက်ရှိလာပါပြီ Crime Thriller အမျိုးအစားဖြစ်ပြီး အက်ရှင်ထက် ရင်တထိတ်ထိတ်နဲ့ ဇာတ်စလယ်ဆုံး ရင်ခုန်ချင်တာဆိုရင် ဒီကားလေးက သင့်အတွက်ပါပဲ
စစလာချင်း ပက်ဒင်တန်ဘက်က ဆောက်လုပ်ရေးဆိုက်မှာ မြေတူးနေကြတုန်း ရုတ်တရက် မြေကြီးအောက်ကနေ ဒုတိယက-မ္ဘာစ-စ်က လ-က်ကျ-န်ဗုံ-းထွက်လာပါတော့တယ်
ပြ-င်းအားများတဲ့ဗုံ-းဖြစ်တာကြောင့် ဗုံ-းနားကတစ်ဝိုက် နေထိုင်သူတွေကို က-ယ်ထု-တ်ပြီး ဗုံ-းဖြု-တ်တဲ့အ-ဖွဲ့တွေ ရောက်လာပါတော့တယ်
ပြ-င်းအားများတဲ့အပြင် သေချာစနစ်တကျလုပ်ထားတဲ့ဗုံ-းဖြစ်နေပြီး ဘယ်အချိန်ပေါ-က်မလဲဆိုတာပါ မသိရအောင် လုပ်ထားတဲ့ဗုံ-းအမျိုးစား ဖြစ်နေတာကြောင့်အချိန်မရွေးထပေါ-က်နိုင်တာပါ
ဒီလိုဘယ်ချိန်ထပေါက်မယ်မှန်း မသိတဲ့ဗုံ-းကို ဗုံ-းဖြု-တ်တဲ့အဖွဲ့တွေနဲ့ ရဲ-တွေဘက်က လူကြီးတွေနဲ့ နှစ်ဖွဲ့ဘယ်လိုစည်းဝါးကို-က်ကိုက် အလုပ်တွဲလုပ်ပြီး ဗုံ-းမပေါက်အောင် ဘယ်လိုထိန်းသိမ်းသွားမလဲ
အချိန်မီတားနိုင်ပါ့မလား ဒါမှမဟုတ် ဒီကိစ္စရဲ့နောက်ကွယ်မှာ နောက်ထပ်အကြောင်းရာတွေ ရှိနေဦးမလားဆိုတာကတော့....
Repost from N/a
Comedy Buddy (2026)
IMDb Rating (7.5)
"တစ်ခါတလေကျတော့လည်း... ကိုယ့်ဘဝရဲ့ အဆိုးဝါးဆုံး စိတ်ဒဏ်ရာတွေက သူများတွေအတွက် အကောင်းဆုံး ဟာသပြက်လုံးတွေ ဖြစ်လာတတ်တယ်"
တာဝါက စင်တင်ဟာသလောကမှာ အောင်မြင်ဖို့ကြိုးစားရုန်းကန်နေရတဲ့ ကောင်မလေးတစ်ယောက်ပါ။
ငယ်စဉ်ကတည်းကစွန့်ပစ်သွားခဲ့တဲ့ နာမည်ကျော်ဟာသလူရွှင်တော်ဖခင်ကိုစိတ်နာပေမယ့် စင်တင်ဟာသကိုမှ ဝါသနာပါမိရင်း မိခင်ဖြစ်သူကိုကောင်းကောင်းထားနိုင်ဖို့အတွက် အစွမ်းကုန်ကြိုးစားပေမယ့်
အောင်မြင်မှုနဲ့လွဲနေဆဲ တာဝါဟာ သူ့ငယ်စဉ်ဘ၀က စွန့်ပစ်သွားတဲ့ ဖခင်အကြောင်း စိတ်ဒဏ်ရာတွေကို ဟာသအဖြစ်ပြောမိချိန်မှာတော့ မထင်မှတ်ပဲ တစ်ဟုန်တိုးထပေါက်သွားပါတော့တယ်။
နာမည်ကျော် တီဗွီအစီအစဉ်တွေကပါ ကမ်းလှမ်းမှုတွေရရှိလာခဲ့ချိန်မှာတော့ သူ့ဖခင်ဆီကပါ အဆက်အသွယ်ပြန်ရလာခဲ့ပြီးသူနဲ့ ပြန်ပြေလည်ချင်ကြောင်း အရိပ်အယောင်တွေ ပြလာတဲ့အခါမှာတော့..။
ဇာတ်ကား နာမည်က Comedy Buddy ဆိုပေမယ့် ဟာသထက် မိသားစုချစ်ခြင်းမေတ္တာ၊ သူငယ်ချင်းချစ်ခြင်းမေတ္တာ ဒရာမာဘက်ကိုသွားပါတယ်။ နာမည်ကြီး သရုပ်ဆောင်တွေအပြိုင်ကျဲထားတဲ့ ကြည်နူးနွေးထွေးစရာ Heartwarming ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။
Repost from N/a
Salmokji: Whispering Water (2026)
ကိုးရီးယားရုပ်ရှင် သမိုင်းတစ်လျှောက်မှာ လူကြည့်အများဆုံး Horror ရုပ်ရှင်အဖြစ် စံချိန်တင်သွားတဲ့ ရုံတင်သရဲကားသစ်ကြီးကို တင်ဆက်ပေးလိုက်ပါပြီ။နာမည်ကြီး Midnight Horror Story အစီအစဉ်မှာလည်း ထည့်သွင်းဖော်ပြခံရဖူးသလို သရဲခြောက်တဲ့နေရာအဖြစ် နာမည်ကြီးတဲ့ "ဆားလ်မို့ဂျီ ရေလှောင်ကန်"အကြောင်းကို နောက်ခံထား ရိုက်ကူးထားပြီး Lovely Runner ထဲက မင်းသမီး Kim Hye-Yoon, Knight Flower ထဲက မင်းသား Lee Jong-Won, Good Partner ထဲက မင်းသား Kim Jun-Han, Pyramid Game ထဲက မင်းသမီး Jang Da-A တို့ အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ - ဇာတ်လမ်းအကျဉ်း - ထူးဆန်းတဲ့ ကောလာဟလတွေ မပြတ်ထွက်နေပြီး လူသူအပျောက် အရမ်းများတဲ့ ဆားလ်မို့ဂျီ ရေလှောင်ကန်ရဲ့ လမ်းမြင်ကွင်းမှာ ရိုက်ကူးဖူးခြင်းမရှိဘဲ ပေါ်လာတဲ့ ကြက်သီးထဖွယ် ပုံရိပ်တစ်ခု... ဖြစ်ချင်တော့ ရိုက်ကူးရေးတာဝန်ခံ (Kim Jun-Han) ကလည်း ဆားလ်မို့ဂျီကနေ ပြန်ရောက်လာပြီးတဲ့နောက် အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေပြီး ဒီနေ့အတွင်း လမ်းမြင်ကွင်းကို update လုပ်နိုင်ဖို့အတွက် ပြန်လည် ရိုက်ကူးလာဖို့လည်း မဖြစ်မနေ လိုအပ်နေတာကြောင့် On Road Media ကုမ္ပဏီက ပီဒီ ဟန်ဆူအင်း (Kim Hye-Yoon) ဦးဆောင်တဲ့ ရိုက်ကူးရေးအဖွဲ့က ဆားလ်မို့ဂျီ ရေလှောင်ကန်ဆီ ဦးတည် ထွက်ခွာလာခဲ့ရာမှောင်မည်းနက်ရှိုင်းတဲ့ ရေအောက်မှာ ပုန်းအောင်းနေတဲ့ တစ်စုံတစ်ရာက သူတို့ကို စောင့်ကြိုနေတဲ့အခါမှာတော့.... လူကို အရမ်း ဖမ်းစားတတ်တယ်ဆိုတဲ့ ရေသရဲရှိနေတဲ့ နေရာကိုမှ ခြေချမိသွားကြတဲ့ ဆူအင်းတို့အဖွဲ့က တကယ်ပဲ ရိုက်ကူးရေးကို ချောချောမွေ့မွေ့ အပြီးသတ်ပြီး အသက်ရှင်လျက် ပြန်ထွက်လာနိုင်ပါ့မလားဆိုတာကို အခုပဲ ကြည့်ရှုလိုက်ကြပါဦး။
Repost from N/a
သဲကန္တာရထဲက စစ်သည်တော်
D_e-s_e-r_t W-a_r-r_i-o_r (2-0-2-6)
IMDb ⭐️4/10
ဒီကားက အစ္စလာမ်သာသနာမထွန်းကားမီကာလက အာရေဗျကျွန်းဆွယ်မှာ တကယ်ဖြစ်ပွားခဲ့တဲ့ သမိုင်းဝင် ဇီကာတိုက်ပွဲကို အခြေခံရိုက်ကူးထားတဲ့ သမိုင်းဝင် အက်ရှင်ဒရာမာ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။
ရက်စက်ကြမ်းကြုတ်လှတဲ့ အင်ပါယာရှင်ကြီးကို အံတုဖီဆန်ရင်း အာရေဗျသဲကန္တာရထဲကို ထွက်ပြေးလာခဲ့ရတဲ့ မင်းသမီးလေးတစ်ပါး...။ သူ့နောက်ကို သွေးဆာနေတဲ့ ကြေးစားစစ်သားတွေကလည်း တစ်ကောက်ကောက် လိုက်လံရှာဖွေနေကြပါတယ်။
ပြင်းထန်လှတဲ့အခက်အခဲတွေက သူ့ကို ရဲရင့်တဲ့ စစ်သည်တော်တစ်ဦးအဖြစ် ပုံသွင်းပေးလိုက်တဲ့အခါမှာတော့... နာမည်ကျော် ဒဏ္ဍာရီလာဓားပြကြီးတစ်ဦးရဲ့ အကူအညီနဲ့အတူ အချင်းချင်း သွေးကွဲနေကြတဲ့ မျိုးနွယ်စုတွေကို အောင်မြင်စွာ စည်းရုံးနိုင်ခဲ့ပါတော့တယ်။
အဲဒီနောက်မှာတော့ ကမ္ဘာ့သမိုင်းကြောင်းကို တစ်ဆစ်ချိုးပြောင်းလဲသွားစေမဲ့ အသက်နဲ့ရင်းပြီး တိုက်ပွဲဝင်ခဲ့တဲ့ သူတို့ရဲ့ နောက်ဆုံးခုခံစစ်ပွဲကြီးကို ရင်ခုန်စိတ်လှုပ်ရှားဖွယ် ခံစားကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ်။
Repost from N/a
" Match Fixing " (2025)
နိုင်ငံရေးဆိုတာ ကြိုတင်ဇာတ်တိုက်ထားတဲ့ ကစားပွဲတစ်ပွဲဆိုရင် အပြစ်မဲ့ပြည်သူတွေရဲ့အသက်တွေက လောင်းကြေးတွေပဲ ဖြစ်နေမလား???
ဒီဇာတ်ကားဟာ ၂၀၀၇ ခုနှစ် ဝန်းကျင်က အိန္ဒိယနဲ့ ပါကစ္စတန်ကြားက နိုင်ငံရေး ကစားကွက်တွေ လျှို့ဝှက်ထောက်လှမ်းရေးတွေရဲ့ အားပြိုင်မှုတွေနဲ့ ကမ္ဘာတုန်လှုပ်စေခဲ့တဲ့ ၂၀၀၈ ခုနှစ် မွန်ဘိုင်းအကြမ်းဖက်တိုက်ခိုက်မှုကြီး (26/11) နောက်ကွယ်က ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်တွေကို ရင်သပ်ရှုမောဖွယ် ရိုက်ကူးတင်ဆက်ထားတဲ့ ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်။
ဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်ကတော့ တိုင်းပြည်ချစ်စိတ် အပြည့်ရှိတဲ့ အိန္ဒိယ စစ်ဘက်ဆိုင်ရာ ထောက်လှမ်းရေးအရာရှိ ဗိုလ်မှူးကြီး အာဗီနက်ရှ်ပါ။ အိန္ဒိယနိုင်ငံတွင်းမှာ ဆက်တိုက်ဖြစ်ပေါ်နေတဲ့ ရထားဗုံးပေါက်ကွဲမှုတွေ၊ အကြမ်းဖက်တိုက်ခိုက်မှုတွေရဲ့ နောက်ကွယ်မှာ ပါကစ္စတန် ထောက်လှမ်းရေးအဖွဲ့ (ISI) နဲ့ အိန္ဒိယအာဏာရပါတီက ကိုယ်ကျိုးရှာ နိုင်ငံရေးသမားတချို့ ပူးပေါင်းပြီး "ရွှေဝါရောင် အကြမ်းဖက်ဝါဒ" ဆိုတဲ့ အတုအယောင် ဇာတ်ကြောင်းသစ်တစ်ခု ဖန်တီးနေတာကို သူက ဖော်ထုတ်မိသွားပါတယ်။ မဲဆန္ဒရှင်တွေကို ဆွဲဆောင်နိုင်ဖို့အတွက် ကိုယ့်လူမျိုးကို ပြန်သတ်ဖို့တောင် ဝန်မလေးတဲ့ နိုင်ငံရေးသမားတွေဟာ ဒီအကွက်တွေကို သိသွားတဲ့ အာဗီနက်ရှ်ကိုပဲ အကြမ်းဖက်သမားအဖြစ် မတရားစွပ်စွဲပြီး ထောင်ချ နှိပ်စက်တဲ့အထိ ရက်စက်ခဲ့ကြပါတယ်။
နိုင်ငံရေးအာဏာလွန်ဆွဲပွဲတွေကြားက လျှို့ဝှက်ချက်တွေ အမှောင်ဘက်ခြမ်းက လုပ်ကြံမှုတွေနဲ့ သမိုင်းဝင်ဖြစ်ရပ်မှန် မှုခင်းတွေကို စိတ်ဝင်တစား ကြည့်ရှုချင်သူတွေအတွက် အချိန်ပေးရကျိုးနပ်စေမယ့် Political Action Thriller ဇာတ်ကားတစ်ကားလို့ ညွှန်းဆိုလိုက်ပါရစေ။
( ဇာတ်လမ်းအကျဉ်းကို LL မှ ရေးသားပေးထားပါတယ် )
Subtitle By - LL
Encode By - Lwin Htoo Aung
Ash Channel ( Ash ) မှ ဘာသာပြန်တင်ဆက်သည်။
#MatchFixing
#AshChannel #Ash
#AshBollywoodMovie
#AshBMovies #AshIndiaMovie
Repost from N/a
စူပါမန်းမင်းသားကြီး ရဲ့ ဒေါ်လာ ဘီလီယံ ကို ပြန်ယူမယ့် အက်ရှင် အရမ်းလန်းတဲ့ ဇာတ်ကားအသစ်ကြီး
ဇာတ်လမ်းအကျဉ်းကတော့ -
ရေချယ်ဆိုတဲ့ ရှေ့နေမတစ်ယောက်က အကြွေး တစ်ဘီလီယံ ယူပြီးတော့ ပြန်မဆပ်ဘဲ ပျော်ပါးနေတဲ့ သူဌေးကြီးတစ်ယောက် ကို သူ့ရဲ့ ဟာကွက်တွေ တွေကို ညစ်ကွက်တွေသုံးပြီးဖော်ကောင်လုပ်ပါတယ် ။
ထို ဘီလီယံဒေါ်လာကို ပြန်ရဖို့အတွက် သူဌေးကြီးရဲ့ ပိုင်ဆိုင်သမျှ ပစ္စည်းတွေအကုန်လုံးကို လိမ်လည်မှုအကြောင်းပြပြီး သိမ်းယူလိုက်တဲ့အခါမှာ သူဌေးကြီးရဲ့ ငွေတွေက ပေးရမယ့်အကြွေးထက် တစ်နေ့ထက် တစ်နေ့ ပိုကုန်လာပါတယ် ။
ဒီလိုနဲ့ ထိုရှေ့နေမကို သူ့ရဲ့ကိုယ်ပိုင်ကျွန်းကိုခေါ်ပြီး ဖြေရှင်းမယ် လုပ်ရာ သူဌေး က အလွယ်လွှတ်မပေးမှာကို သိတာကြောင့် ရှေ့နေ မှ က အထူးကျွမ်းကျင် စစ်တပ်သားတွေကို ခေါ်ပြီး သူမရဲ့ ပြန်လမ်း အစီစဉ်ကို ဆွဲရင်း သူဌေးကြီးဆီက နေ ဘီလီယံဒေါ်လာကို ပြန်ယူဖို့အကြောင်းဖန်လာပါတော့တယ်
Repost from N/a
ဒီတစ်ခါတော့ Tom Cruise ရဲ့ Sci-Fi Action ဇာတ်ကားကောင်း တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။၂၀၁၄ ရဲ့ ဇာတ်ကားကောင်း တွေထဲမှာ တစ်ကားအပါအဝင်ဖြစ်ပြီး ပရိတ်သတ် ကြိုက်နှစ်သက်မယ်လို့ ထင်ပါတယ်။
ဇာတ်လမ်းကတော့ ဥရောပမှာ အမှတ်မထင်ပဲ အာကာသ ထဲက နေ ဂြိုလ်သားတွေရောက်လာတာက စတင်ပါတယ်။ ပြင်သစ်၊ ဂျာမဏီ၊ ချက်၊ အီတလီ၊ပိုလန် စတဲ့ နိုင်ငံတွေ ကျသွားပြီးနောက် အနောက်ဖက်မှာ အင်္ဂလန်နဲ့ အရှေ့ဖက်မှာ ရုရှားတို့ လောက်ပဲ ကျန်တော့ပါတယ်။ ငါးနှစ်အတွင်းမှာ စစ်ပွဲအချို့ ပြန်နိုင်လာသလို၊ ဂြိုလ်သားတွေကို နှိမ်နင်းဖို့ Armor တွေလည်း တီထွင်ခဲ့ပါတယ်။ ဒီလိုနဲ့ East ဖက်က ရုရှား နဲ့ တရုတ်၊ West ဖက်က အမေရိကန်နဲ့ ကျန် Allied တွေက ထိုးစစ်စင်ခဲ့ပြီး၊ နောက်ဆုံး စစ်ပွဲကို ရောက်လာပါတယ်။
ဒီအချိန်မှာ Tom Cruise က စစ်ပွဲမှာ အဓိက ကျတဲ့ General နဲ့ တွေ့ဖို့ လန်ဒန်ကိုရောက်လာခဲ့ပါတယ်။ ဒါပေမယ့် အမှတ်မထင်ပဲ Tom Cruise ကို စစ်ပွဲမှာ ပါဝင်ဖို့ ပြောတဲ့အခါမှာတော့ Tom Cruise က စစ်ပွဲအတွေ့အကြုံ လုံးဝမရှိတာကြောင့်ငြင်းဆန်ခဲ့သော်လည်း...
#Credit
ဇာတ်ကားကြည့်ရန် 🔽🔽🔽
Repost from N/a
နော်မယ်မြို့ (၂၀၂၆)
+++++++
ဒါကတော့ ၂၀၂၆ ခုနှစ်မှာ ထွက်ရှိထားတဲ့ နော်မယ် ဆိုတဲ့ အက်ရှင်ကားလေးပါ။
ဂျွန်ဝစ် ကို ဖန်တီးခဲ့တဲ့ Derek Kolstad က ဇာတ်ညွှန်းရေးထားပြီး၊ ဒါရိုက်တာ Ben Wheatley က ရိုက်ကူးပေးထားတာဆိုတော့
အက်ရှင်ခန်းတွေ၊ သေနတ်ပစ်ခန်းတွေကတော့ လုံးဝ အမိုက်စားပဲ။
မင်းသားကြီး Bob Odenkirk က ခေါင်းဆောင်ပါဝင်ထားပါတယ်။
ဇာတ်လမ်းက ယူလစ်ဆီး လို့ခေါ်တဲ့ ရဲအရာရှိတစ်ယောက်က မင်နီဆိုးတားပြည်နယ်က နော်မယ် ဆိုတဲ့ မြို့လေးမှာ ယာယီရဲအုပ်အဖြစ်
ပြောင်းလာရာကနေ စတာပါ။
သူက အတိတ်က ပြဿနာတွေ၊ မိန်းမနဲ့ ကွဲထားတာတွေကြောင့် စိတ်ညစ်ပြီး အရက်သောက်တတ်တဲ့ အကျင့်ရှိတော့၊ ပြဿနာမရှိဘဲ
အေးအေးဆေးဆေး နေရမယ့် ဒီမြို့လေးမှာ အလုပ်လုပ်ဖို့ ရွေးလိုက်တာပေါ့။
မြို့နာမည် နော်မယ် လို့ ပေးထားတဲ့အတိုင်း မြို့ခံတွေကလည်း အေးချမ်းပြီး ဘာပြဿနာမှ မရှိသလိုပါပဲ။
ဒါပေမဲ့ တစ်နေ့မှာ ဘဏ်ဓားပြတိုက်မှုတစ်ခု ဖြစ်သွားချိန်မှာတော့ ဒီမြို့လေးရဲ့ လျှို့ဝှက်ချက်တွေ အကုန်ပေါ်လာပါတော့တယ်။
တကယ်တော့ ဒီမြို့လေးက နာမည်နဲ့ လုံးဝမလိုက်ဘဲ ရာဇဝတ်မှုတွေ၊ ယာကူဇာဂိုဏ်းတွေနဲ့ ပတ်သက်နေတဲ့ နေရာကြီးဖြစ်နေတာကို
ယူလစ်ဆီး တစ်ယောက် သိသွားပါတယ်။
အဲဒီအချိန်မှာ သူ့ရဲ့ ရဲတပ်ဖွဲ့ဝင်တွေရော၊ တစ်မြို့လုံးကပါ သူ့ကို ရန်သူလို သဘောထားပြီး လိုက်သတ်ကြတော့တာပါပဲ။
ဒီတော့ သူက ဘဏ်ဓားပြတွေနဲ့ ပေါင်းပြီး တစ်ညလုံး အသက်ရှင်ဖို့အတွက် ဘယ်လိုတွေ ကြမ်းရမလဲဆိုတာကို အက်ရှင်အမိုက်စားတွေနဲ့
ကြည့်ရမယ့် ဇာတ်ကားပါ။
ဒီကားက ကြာချိန် ၁ နာရီခွဲလောက်ပဲ ရှိတာမလို့ ပျင်းစရာမကောင်းဘဲ အစအဆုံး ဆွဲခေါ်သွားမယ့် ကားမျိုးပါ။
နိုးဘော်ဒီ ကားထဲကလိုပဲ မင်းသားကြီး Bob Odenkirk ရဲ့ အက်ရှင်စတိုင်ကို သဘောကျတဲ့သူတွေ၊ သွေးထွက်သံယိုများပေမဲ့ ဟာသလေးတွေပါ
စွက်ထားတဲ့ အက်ရှင်ကားမျိုးကို ကြိုက်တဲ့သူတွေအတွက်ကတော့ အကြိုက်တွေ့စေမှာ သေချာပါတယ်။
အပန်းဖြေရင်း ပေါ့ပေါ့ပါးပါးနဲ့ အက်ရှင်ကြမ်းကြမ်းလေး ကြည့်ချင်တယ်ဆိုရင်တော့ ဒီကားလေးကို လက်မလွတ်သင့်ဘူးနော်။
Repost from N/a
" Koi... Mil Gaya " (2003)
Koi... Mil Gaya ဟာ ဘောလိဝုဒ်ရုပ်ရှင်လောကရဲ့ အအောင်မြင်ဆုံးနဲ့ နာမည်အကြီးဆုံး သိပ္ပံစိတ်ကူးယဉ် (Sci-Fi) ဒရမ်မာ ဇာတ်ကားတွေထဲက တစ်ကားဖြစ်ပါတယ်။ ဒါရိုက်တာ Rakesh Roshan ရိုက်ကူးပြီး Hrithik Roshan, Preity Zinta နဲ့ Rekha တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။
ရိုဟစ်ဆိုတဲ့ လူငယ်လေးဟာ အသက်အရွယ်အရ လူကြီးဖြစ်နေပေမယ့် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုနောက်ကျနေတာကြောင့် အသက် ၁၁ နှစ်အရွယ် ကလေးတစ်ယောက်လိုပဲ တွေးခေါ်ပြုမူနေထိုင်တတ်သူပါ။ သူ့ကို ကျောင်းက ကလေးတွေက အမြဲအနိုင်ကျင့်တတ်ပေမယ့် ရိုဟစ်ဟာ စိတ်ထားဖြူစင်ပြီး မိခင်ဖြစ်သူနဲ့အတူ တောင်ပေါ်မြို့လေးတစ်မြို့မှာ အေးအေးချမ်းချမ်း နေထိုင်ပါတယ်။
ရိုဟစ်ရဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့ ဖခင်ဟာ အာကာသထဲက ဂြိုဟ်သားတွေနဲ့ ဆက်သွယ်ဖို့ ကွန်ပျူတာတစ်လုံးကို တီထွင်ခဲ့ဖူးပါတယ်။ တစ်နေ့မှာတော့ ရိုဟစ်နဲ့ သူ့ရဲ့သူငယ်ချင်းအသစ် နီရှာတို့ဟာ အဲဒီကွန်ပျူတာကို အမှတ်မထင်အသုံးပြုမိရာကနေ အချက်ပြသံတွေပို့မိပြီး ဂြိုဟ်သားယာဉ်ပျံကို ကမ္ဘာမြေဆီ ရောက်လာစေခဲ့ပါတယ်။
ယာဉ်ပျံကြီး ပြန်လည်ထွက်ခွာသွားချိန်မှာတော့ ချစ်စရာကောင်းတဲ့ အပြာရောင်ဂြိုဟ်သားလေးတစ်ကောင် ကမ္ဘာပေါ်မှာ သောင်တင်ကျန်ရစ်ခဲ့ပါတယ်။ ရိုဟစ်က အဲ့ဒီဂြိုဟ်သားလေးကို ရှာတွေ့သွားပြီး "ဂျာဒူး" (Jadoo ) လို့ နာမည်ပေးကာ အိမ်မှာ တိတ်တဆိတ်ဖွက်ထားခဲ့ပါတယ်။
ဂျာဒူးဟာ ရိုဟစ်ရဲ့ စိတ်ပိုင်းဆိုင်ရာအားနည်းချက်ကို သိသွားတဲ့အခါ သူ့ရဲ့ မှော်အစွမ်းတွေနဲ့ ရိုဟစ်ကို ကုသပေးခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ရိုဟစ်ဟာ ပုံမှန်လူတွေထက် ပိုမိုထက်မြက်တဲ့ ဉာဏ်ရည်ဉာဏ်သွေး၊ အံ့မခန်း ခွန်အားနဲ့ စွမ်းရည်တွေကို ပိုင်ဆိုင်လာခဲ့ပါတော့တယ်။
ဒါပေမယ့် အစိုးရတာဝန်ရှိသူတွေနဲ့ ရဲတွေက ဂြိုဟ်သားရှိနေတာကို ရိပ်မိသွားပြီး ဂျာဒူးကို ဖမ်းဆီးဖို့ ကြိုးစားလာတဲ့အခါ ရိုဟစ်နဲ့ သူ့သူငယ်ချင်းတွေက ဂျာဒူးကို ဘယ်လိုအကာအကွယ်ပေးမလဲ၊ ဂျာဒူး တစ်ယောက် သူ့ရဲ့ဂြိုဟ်ဆီကို ဘေးကင်းကင်း ပြန်နိုင်ပါ့မလားဆိုတာကို စိတ်လှုပ်ရှားဖွယ်ရိုက်ကူးတင်ဆက်ထားတာပဲ ဖြစ်ပါတယ်။
Old but Gold ဇာတ်ကားတစ်ကားကို ကြည့်ရှုခံစားချင်တယ်ဆိုရင်တော့ ဒီကားကိုသာ ရွေးလိုက်ပါတော့ဗျာ။
( ဇာတ်လမ်းအကျဉ်းကို LL မှ ရေးသားပေးထားပါတယ် )
Subtitle By - LL
Encode By - Lwin Htoo Aung
Ash Channel ( Ash ) မှ ဘာသာပြန်တင်ဆက်သည်။
#KoiMilGaya
#AshChannel #Ash
#AshBollywoodMovie
#AshBMovies #AshIndiaMovie
