Nadi Aya Farm
Ir al canal en Telegram
မျိုးရိုးစစ်မှန်သော တိုက်ကြက်များကိုသာရောင်းချပေးပါသည်။ 09 757 254 269
Mostrar másEl país no está especificadoLa categoría no está especificada
449
Suscriptores
Sin datos24 horas
+557 días
+5630 días
Archivo de publicaciones
📞 ဆက်သွယ်ရန် 📌
မျိုးရိုးမှန်ကန်ပြီး စိတ်ချရတဲ့ ကြက်မျိုးတွေကို မှာယူချင်တယ်ဆိုရင်တော့ စောသန်းရွှေတိုက်ကြက်ခြံ (ညောင်ရွှေ၊ အင်းလေး) သို့ ဆက်သွယ်နိုင်ပါတယ်။ 🏡🌾
📲 ဖုန်းနံပါတ်: 09 420 278 758 , 09 788 338 566
✈️ Telegram Link: https://t.me/+uQSVufgoSrk1Yjk1
💡 ကိုရန်နောင်စိုး (ခ) ကိုရဲထွဋ် ထံသို့ တိုက်ရိုက်ဆက်သွယ် မှာယူနိုင်ပါပြီ။🤝✨
အမှန်ကပထမရေကတည်းက တင်ပြီးနေတာ အဲ့တာကို ဘေးကြေး ၁ ရေအပြီး၊ ၂ရေ၃ ရေအပြီး လောင်းတဲ့ ရေပြတ်ကြေးတွေကြောင့် ၂ ရေအထိမရမကထားလိုက်ရလို့ ပိုကြာသွားတာ။ ဒီပွဲမှာ တကယ်တမ်း "Aung Zabu "ကို သိန်း ၁၀၀ ကျော်တိုက်ချင်တာ ဘယ်လိုမှမရတဲ့အဆုံးဖြစ်တဲ့ကြေးနဲ့တိုက်လိုက်ရတာ နိုင်သာနိုင်တယ် ကြေးကိုသိပ်စိတ်တိုင်းမကျခဲ့ဘူး။ 😤
🏅 တတိယပွဲ🏅🏅🏅
ဒီလိုနဲ့ ကြက်ကို ၂၁ ရက်စိတ်တိုင်းကျထပ်မွေးပြီး ကြေးကြီးကြီး လှော်ခတ်ဘို့ ဟိုပုံး ( ၆ ) မိုင်ဝိုင်းမှာ လေးတိုင်စင်ကျကျ တောင်ကြီးက နာမည်ကြီး ဂျွန်စာရင်းဝင်တဲ့ Cele ကြက် နယားကြီး 🔥🌟" ကြက်တကောင်ကို ၁ ရေနဲ့ပြီးအောင်ခွပ်တဲ့ ကြက် "🌟🔥 နဲ့သွားတွေ့ခဲ့ပါတယ်။ 🐉⚔️
နယားက လေးတိုင်စင်ကိုမှ ပါတ်လည်စီး အရိုးအသက်မာဂုဏ်ရော ပြောစရာကိုမရှိ၊ ကိုယ့်ကြက်က အချွဲလေးမို့ အကြီးပေးမော့မှာမလို့ လက်ရင်း ၁၀၀ ကျော်လောက်ဖြစ်အောင်စုပေးပါလို့ဆိုတာမှာလည်း "Aung Zabu" ရဲ့ ပူပူနွေးနွေး သတင်းတွေကြောင့် တစ်ဖက်အဆိုင်းက လက်ရင်း ၂၂ သိန်းလောက်ဘဲ လွှတ်ဖြစ်ခဲ့ပါတယ်။ 💸
ဒီပွဲမှာလည်း "Aung Zabu" ကို လက်ရင်းရာပိုင်းကြေးကောင်းကောင်းတိုက်ချင်တာ မတိုက်လိုက်ရပေမယ့် လက်ဖျားအဝ ဆွဲရခဲ့လို့ စိတ်ကျေနပ်ခဲ့ရပါတယ်။ 🎯
တတိယပွဲမှာ နယားကိုလည်း" Aung Zabu "က အပေါ်ကြေးနဲ့ဦးဆောင်ပြီး ပါးမွှေးနားမွှေး မကျွတ် မျက်နှာ ခြစ်ရာမထင်ဘဲ ၄ ရေမြောက်မှာ ဇလုပ်ထဲကအစာပြန်ထွက်အောင် ခွပ်ပြီး ၄ ရေမြောက်မှာ အပြီးသတ် အောင်ပွဲဆင်ခဲ့ပြန်ပါတယ်။ 🥳🦅💥
🏅 စတုတ္ထပွဲ🏅🏅🏅🏅
"Aung Zabu "ကိုနောက်ထပ် ၂၁ ရက်ထပ်မွေးအပြီး ၄ ဝိုင်းမြောက်ကို ကြက်တူရင် ဘယ်အဆိုင်းမဆို ထွက်ကြေးစုပြီး ထွက်သလောက်တိုက်ဘို့ လိုက်ကပ်ရာမှာ တစ်ဖက်ကြက်က လက်ရင်း ၃၃ သိန်းလွှတ်မယ်ဆိုပြီး တကယ်လွှတ်မယ်ဆိုကာမှ" Aung Zabu" အကြောင်းကိုသိသွားကာ လက်ရင်း ၂၂ သိန်းဘဲ လွှတ်ဖြစ်ခဲ့ပါတယ်။ 📉
ဒီပွဲမှာလည်း ကြေးကောင်းကောင်းတိုက်ချင်တာကို ကြက်တော့တိုက်ရပေမယ့် ကြိုက်ကြေးမတိုက်လိုက်ရပြန်ဘူး။ 🤷♂️
၄ ပွဲမြောက်မှာလည်း" Aung Zabu "ရဲ့ ထုံးစံအတိုင်းဘဲ လွှတ်လွှတ်ချင်း ၁၀ ပုံး ၅ ပုံး အပေါ်ကြေးကနေ ၁၆ မိနစ်ဘဲ ကြာတယ်၊ ⏰ မျက်နှာခြစ်ရာတချက် အမွှေးတပင်မကျွတ်ဘဲ အနိုင်ရကာ လက်ဖျားမရလိုက်ပြန်ဘူး။ 🦅✨👑
🏅 ပဉ္စမပွဲ🏅🏅🏅🏅🏅
ဒီတစ်ခါလည်းကြက်ကို သေချာသန့်အောင်မွေးပြီး ၅ ပွဲမြောက်ကြေးကောင်းကောင်းကစားဘို့ ဘက်ရှာနေတုန်း Aung Zabu ကို လက်ရင်း သိန်း ၅၀ ကျော်လောက်တိုက်ဘို့ အဆိုင်းတစ်ခုက ဖုန်းဆက်စိန်ခေါ်လာတဲ့အတွက် 📞 ချက်ခြင်းကြက်သွားကပ်ခဲ့ရာမှာ စရံ ၂၀/၃၀ ဝိုင်းဒိုင်မှာထပ်ခဲ့ဘို့ ပြောတာ ဘယ်လိုမှ တဖက်အဆိုင်းက လက်မခံလို့ နောက်ဆုံးဝိုင်းဒိုင်မှာ တဖက် ၅ သိန်းစီစရံထပ်ကာ တိုက်ရက် သတ်မှတ်ခဲ့ကြပါတယ်။ 🤝💸
🔥စရံချသွားတဲ့တဖက်ကြက်ကလည်း ဂျွန်အဆင့်ထိပ်တန်းအဆင့်မှာရှိပြီး တဖက်ကြက်ကို ဝိုင်းထဲမှာ တုံးခနဲ လဲနေအောင်ခွပ်နိုင်တဲ့ကြက်ကြီး။ 🔥🥊
၅ ပွဲမြောက် သတ်မှတ်ထားတဲ့တိုက်ရက်မှာ ရှမ်းပြည်နယ် တနယ်လုံးက ကြက်သမားကြီးတွေ စိတ်ဝင်တစားနဲ့ လာကြည့်တဲ့အချိန် 👀 ဝိုင်းရောက်တော့ တစ်ဖက်အဆိုင်းက စရံအဆုံးခံပြီး ကြက်ကျန်းမာရေးမကောင်းလို့ မတိုက်ဖြစ်ဘူးလို့ ဆိုလာလို့ ၅ ပွဲမြောက်ကို ဘက်ထပ်ရှာခဲ့ရပြန်တယ်။ ❌
အဲဒီမှာဘဲ အဆိုင်းတစ်ခုက ဒီကြက်ကို ကြေးစောင်းပေးရင် တိုက်မယ်ဆိုတာကြောင့် ၁၀-၈ ပေးမယ်ဆိုကာ ၁၀၀-၈0 ကြေးလောက်တိုက်မယ်ဆိုပေမယ့် နောက်ဆုံး ၂၅-၂၀ သိန်းနဲ့ ကြေးစောင်းပေးတိုက်ပစ်ခဲ့ရပြန်တယ်။ 📉💸
ဒီပွဲမှာလည်း ထွက်ကြေးတိုက်ချင်တာ မတိုက်ရဘဲ ထုံးစံအတိုင်း အပေါ်ကြေးကနေ ၂ ရေနဲ့ တဖက်ကြက်အော်ပြေးလို့ 🏃♂️💨 တကယ့် ကြက်သမားကြီးတွေ စုံစုံလင်လင်အရှေ့မှာ အောင်ပွဲထပ်ဆင်ခဲ့ပြန်ပါတယ်။ 🏆🥳👑
"Aung Zabu "ကို ၅ ဝိုင်းမြောက်ပြီးကတည်းက ကြေးမကောင်းရင်မတိုက်တော့ဘူးဆိုပြီး ဆုံးဖြတ်ခဲ့ကာ ကြေးကောင်း ဘက်ကောင်း ရှာရင်းနဲ့ မိုးလေးကစရွာကာ အတောင်စချနေလို့ အနားပေးလိုက်ရခဲ့ပြန်ပါတယ်။ 🌧️🍃💤
🌟" Aung Zabu" ဆိုတဲ့ကြက်ရဲ့ ထူးခြားချက်များ 🌟
၁️⃣ ပထမထူးခြားချက် - ကြက်တကောင်ကို ခဏလေးနဲ့ ပြီးအောင်ခွပ်နိုင်တာပါ။ ⏱️⚡️💥
၂️⃣ ဒုတိယထူးခြားချက် - လက်ရင်းအများကြီးတိုက်ချင်ပေမယ့် (သူ့ဂုဏ်သတင်းကြောင့် ကြောက်ပြီး) လက်ရင်းအများကြီး မတိုက်လိုက်ရတာပါ။ 💸📉
၃️⃣ တတိယထူးခြားချက် - အမွှေးအတောင်ချတဲ့အချိန်အထိ ဘယ်ကြက်မှ ပါးမွေးနားမွေးကျွတ်အောင်မခွပ်နိုင်ဘဲ မျက်နှာခြစ်ရာတောင်မထင်ဘဲ အမြဲနိုင်ခဲ့တာပါ။ 🦅✨👑
၄️⃣ စတုတ္ထထူးခြားချက် - စရံပေးပြီး စရံအဆုံးခံ ဝိုင်းဖျက်တာ ခံခဲ့ရတာပါဘဲ။ 🚫💰
👑🐓 Aung Zabu နဲ့ လက်ရှိအနေအထား 👑🐓
အခုအခါမှာ " Aung Zabu " ကို စောသန်းရွှေတိုက်ကြက်ခြံမှာ သက်ရှိဘုရင်တစ်ပါးလို လွတ်လပ်စွာ ပြုစုစောင့်ရှောက်ထားရင်း သားထိုးတာဝန်ကိုထမ်းဆောင်ကာ 🧬 စောသန်းရွှေတိုက်ကြက်ခြံရဲ့ လက်ရှိ Legendary ကြက်ကြီးတကောင် ဖြစ်ပါကြောင်းတင်ဆက်ရင်း 🏆 Aung Zabu 🏆 ရဲ့ ဂုဏ်ယူဝင့်ကြွားစွာတွန်ကြူးသံများ ပဲ့တင်ထပ်နေပါတော့သည်။ 📣🐓🔥✨
🏆🇲🇲 🔥 Road To Legend Part - 3 🔥🇲🇲🏆
🐓 စောသန်းရွှေတိုက်ကြက်ခြံမှ " Aung Zabu " 🐓
စောသန်းရွှေတိုက်ကြက်ခြံရဲ့ သမိုင်းကြောင်းအကျဉ်းချုပ်ကို ယခင် " Road To Legend Part 2" မှာတင်ပြခဲ့ပြီးဖြစ်လို့ ယခုအခါ စောသန်းရွှေတိုက်ကြက်ခြံမှ ထူးခြားလွန်းတဲ့ တိုက်ကြက်ကောင်းထဲကမှ " Aung Zabu " ဆိုတဲ့ Legend ကြက်ကြီးအကြောင်းတင်ဆက်ပေးချင်ပါတယ်ခင်ဗျာ။🔥🔥🔥🔥📌
🐓🇹🇭 " Aung Zabu " 🇹🇭🐓 ဆိုတာ စောသန်းရွှေတိုက်ကြက်ခြံမှာ ပေါက်ဖွားလာခဲ့တဲ့ အိမ်ပေါက်ကြက်တကောင်ဖြစ်ပါတယ်။ 🐣
"Aung Zabu" ရဲ့ အဖေ ရော အမေရော ကထိုင်းကနေတိုက်ရိုက်ဝယ်ယူထားတဲ့ နာမည်ကြီး ကျောဆင့်ထုမျိုး ဖြစ်ပါတယ်။ 🧬💯
"Aung Zabu" အဖေက ထိုင်းကနေဝယ်ပြီး စောသန်းရွှေတိုက်ကြက်ခြံမှာ ပထမပွဲလက်ရင်း ၅၅ သိန်းနိုင်ပြီး မကွေးက ဝယ်သူတစ်ယောက်ဆီကို ပြန်လည်ရောင်းချခဲ့ပါတယ်။ 💰💵
မကွေးကပိုင်ရှင်သစ်ဆီမှာလည်း နယ်တကာသွားရောက်ပြီး အောင်ပွဲအလီလီ ရရှိခဲ့ပါတယ်။ 🏆
မကွေးကကြက်သမားကြီးတွေကတောင် " ဒီကြက်မျိုးက သိကြားမင်းဆင်းတိုက်မှ နိုင်မယ်ဟေ့ " လို့ အပြောခံရလောက်အောင်ကိုပင် ကောင်းမွန်လွန်းခဲ့ပါတယ်။ ⚡️👑
"Aung Zabu "တို့တကျင်းထဲကျ ကြက် ( ၄ ) ကောင်မှာ အထီး ( ၂ ) ကောင်၊ အမ ( ၂ ) ကောင် ဖြစ်နေတော့ ဇရပ်သာသာအရွယ်မှာ တစုံ (၅) သိန်းနဲ့
" Aung Zabu "ရဲ့အဖေ ကြက်ဖကြီးဝယ်သွားတဲ့ မကွေးကအကိုကို အရင်ဆုံး ဖုန်းဆက်အကြောင်းကြားပြီးရောင်းရာမှာ ကြက်က ၄ လသားဝန်းကျင်ဆိုတော့ သေးသေးလို့ ဝိုင်းခိုင်းလို့ရတဲ့အရွယ်မှယူမယ်ဆိုလို့ မရောင်းဘဲထားလိုက်ပါတယ်။ 🙅♂️📦
နောက်တော့ အကြောင်းအမျိုးမျိုးကြောင့်မရောင်းဖြစ်တော့ဘဲ ငပုတော ငရုတ်ကောင်းတောင်နားက ကိုမျိုးခက်က အတင်းတောင်းဝယ်တာကြောင့်
" Aung Zabu "နဲ့တကျင်းထဲကျ ကြက်ဖမဲလေးကို ရောင်းပေးခဲ့ပါတယ်။ 🤝 တကျင်းထဲကျကြက်မလေးတကောင်က တောင်တွင်းကြီးသို့ရောင်းချခဲ့ရာမှာ" Aung Zabu" ကိုတော့ သူ့အဖေ အမေ ဘက်က ကျောဆင့်ထုမျိုး ကို အရမ်းကြိုက်လွန်းလို့ ချန်ထားဖြစ်ခဲ့ပါတယ်။ 💖✨
"Aung Zabu "၈ လသားလောက်မှာ ခွပ်လက်ခံ ၁ ကောင်ကို ၅ သောင်းနဲ့ဝယ်လာပြီး ပါတ်ခြင်းထဲမှာထည့်ထားတုန်း "Aung Zabu "က လာပါတ်ယင်းနေတာနဲ့ ပုတ်ကြည့်လိုက်တာ ၅ မိနစ်မကြာဘူး ⏱️ ကြက်ပုတ်သန်သန် ခြေကြမ်းကြမ်း အတိုးကြမ်းကြမ်းနဲ့ ဆင့်ထုတဲ့ ဒါတ်မခံနိုင်လို့ ပြန်ကောက်ထားလိုက်ရတယ်။ 🥊💥
နောက် ၁၀ ရက်လောက်ပြန်မွေးပြီး ဒုတိယတဖကို ထပ်ပုတ်ကြည့်တာ ၄/၅ မိနစ်နဲ့ မခံနိုင်လို့ပြန်ကောက်ပြီး မကျေနပ်သေးလို့ အစီးအကြီးတွေနဲ့ ထပ်ပုတ်ပြီး ၃ ဖလောက်ပုတ်အပြီးမှာ သေချာပြန်မွေးပြီး ဝိုင်းဆင်းရန်စီစဉ်လိုက်ပါတော့တယ်။ ⚔️🔥
🏆🏆 "Aung Zabu" ရဲ့ အောင်မြင်မှုများ 🏆🏆
🥇 ပထမဆုံးပွဲ🏅
"Aung Zabu" ကိုပထမဆုံးပွဲမှာတင် ကြက်ကိုယုံလွန်းလို့ ၈ လသား နုနုဖတ်ဖတ်အချွဲလေးကို ဝိုင်းပွေ့သွားရာမှာ ရှမ်းပြည်က ကြက်သမားကြီးကြက်ကို ထွက်ကြေးတိုက်ဘို့ ကြေးစုခိုင်းလိုက်တာ" Aung Zabu" ရဲ့ ခွပ် File မြင်ထားတာကြောင့် တဖက်အဆိုင်းက ကြေးအများကြီးမထွက်ရဲဘဲ လက်ရင်း ၁၁ သိန်းလောက်နဲ့သာလွတ်ခဲ့ရပါတယ်။ 💸
လွှတ်လွှတ်ချင်းမှာတင်" Aung Zabu "က အပေါ်ကြေးနဲ့ ၆ မိနစ် မှာ တစ်ဖက်ကြက်မာလော့ကို အပြီးခွပ်နိုင်ခဲ့ပါတယ်။ ⏱️💥⚡️
ထူးခြားတာလေးက ပွဲလွှတ်ပြီး ၂ မိနစ်လောက်ကနေစပြီး တောက်လျောက် ကြိုက်ကြေးပေးပြီး လိုက်တောင်းဝယ်ခဲ့တာ ခြံအထိပင်လာရောက်တောင်းဝယ်ခဲ့ပေမယ့် ကြိုက်လွန်းလို့မရောင်းချခဲ့ဘဲ နောက်တစ်ပွဲအတွက် ပြန်မွေးခဲ့ပါတယ်။ 🏠🚫💸
🏅 ဒုတိယပွဲ 🏅🏅
"Aung Zabu" ကိုစိတ်တိုင်းကျတဲ့အထိ ၁၇ ရက်လောက်မွေးပြီး မိုင်းသောက်
ဘက်က ဂျွန်ကြက်တကောင်နဲ့ လက်ရင်း သိန်း ၁၀၀ ကျော်လွှတ်ဘို့ ဝိုင်းဒိုင်တွေရော ကြက်ပိုင်အချင်းချင်းရောပြောဆိုပြီး ဝိုင်းဒိုင်မှာ စရံ သိန်း ၅0 ထပ်ထားပြီး တိုက်ရက်စောင့်မယ်ဆိုကာ သဘောတူပြီးကာမှ 🤝 နောက်နေ့လည်းရောက်ရော မိုင်းပေါက် ဂျွန်ကြက်ရဲ့အသိက ပြောလို့ စရံထပ်မယ့်နေ့မလာဘဲ ကြက်ခွာသွားခဲ့ပါတယ်။ 🏃♂️💨
ဒီလိုနဲ့ ဒုတိယဝိုင်းကို လက်ရင်း ၁၀၀ ကျော်မှ လွှတ်မယ်ဆိုတဲ့ ၄၄ သိန်းတဝိုင်း၊ ၂၂ သိန်း၁ဝိုင်းစားထားတဲ့ ပခုက္ကူကြက်ကျော်🔥 " အမိုက်ကိုမှ ၃ လုံးကိုက်ရရင် အဖြေထွက်တယ်ဆိုတဲ့ကြက် "🔥 အရင့်အမာ အကြီးအစီး အပြင်ကို ငုတ်ရိုးပေးခံမော့မလို့လုပ်ပြီး—💨
" ဟေ့ မင်းတို့အဆိုင်းစိတ်ကြိုက်ကြေးစုလိုက် ထွက်သလောက်ကြေးတိုက်ပေးမယ် " လို့ ပြောလိုက်တော့ "Aung Zabu "ရဲ့ ခြေကြမ်းတာကို နည်းနည်းစိုးရိမ်ကာ ပခုက္ကူအဆိုင်းက လက်ရင်း ၁၁ သိန်းကြေးလောက်ဘဲ လွှတ်မယ်ဆိုကာ နောက်ဆုံးမတိုက်ရတဲ့အဆုံး ရတဲ့ကြေးဘဲတိုက်မယ်ကွာဆိုပြီး တိုက်ဖြစ်ခဲ့ရာမှာ 🥊 စလွှတ်လွှတ်ချင်းမှာပင် "Aung Zabu" က ၁၀ ပုံး ၅ ပုံး အပေါ်ကြေးကနေ ၁၀ ပုံး ၂ ပုံးနဲ့ မကြာလိုက်ဘူး 📉 ပါးမွှေးနားမွေးမကျွတ် ၂ ရေနဲ့ အပြီးအနိုင်ရခဲ့ပါတယ်။ 🏆💥
၄ ပွဲမြောက် (စစ်ကိုင်း): လူရင်းအချင်းချင်းမို့ လက်ရင်း ၂၂ သိန်းလောက် လွှတ်တိုက်ခဲ့တာမှာလည်း ထုံးစံအတိုင်း မျက်နှာမှာ ခြစ်ရာမထင်ဘဲ အောင်ပွဲခံခဲ့ပြန်ပါတယ်။ 😎
၅ ပွဲမြောက် (ရှမ်းပြည်): စစ်ကိုင်းကနေ ရှမ်းပြည်အထိ ညီဖြစ်သူက ကြက်ယူလာပြီး ရောက်ရောက်ချင်းနေ့မှာတင် 5ပွဲမြောက်ကို လက်ရင်း သိန်း၂၀ စွန်းစွန်းနဲ့ တိုက်ခဲ့ပါတယ်။ ၁၀ မိနစ်ပဲ ကြာပြီး တဖက်ကြက်ကို အပြီးခွပ်ကာ စံချိန်ချိုးပြခဲ့ပါတယ်။ ⏱️💥
၆ ပွဲမြောက်( ရှမ်းပြည် ) ကြက်ပေါက်ဘဝ နောက်ဆုံးပွဲမှာကြက်ကလည်း အခါစပျက်ချင်နေတာက တစ်ကြောင်း၊ အဆွေးဘက်လည်း ပါနေတာကြောင့် လက်ရင်း ၁၀ သိန်းလောက်နဲ့ လွှတ်ခဲ့ပါတယ်။ အဲ့ဒီအချိန် နိုင်ငံရေးအခြေအနေကြောင့်ရယ်ညနေ ၆ နာရီဆို ဝိုင်းပိတ်ပြီး သရေထားရမယ်ဆိုတဲ့ စည်းကမ်းကြောင့် ၆ နာရီထိုးသွားကာ သရေပွဲ အဖြစ်သာမှတ်တမ်းဝင်သွားခဲ့ပါတယ်။ 🤝
🐓 မွှေးထိုးဘဝ မှတ်တမ်း
၇ ပွဲမြောက် (ဖားကန့်): မွှေးထိုးဘဝ ပြန်စီချွတ်ပြီး ဖားကန့်မြေမှာ လက်ရင်း ၃၈ သိန်းနဲ့ မွှေးထိုးဘဝ ပွဲဦးထွက်ကို အောင်ပွဲထပ်မံရရှိခဲ့ပါတယ်။ 💎
၈ ပွဲမြောက် (ဖားကန့်) အအောင်မြင်ဆုံး သမိုင်းဝင်မှတ်တိုင် ဖြစ်လာမယ့် ကျောက်စိမ်းဆိုတဲ့ နာမည်ကို အတောက်ပဆုံးဖြစ်စေခဲ့တဲ့ ပွဲကြီးဖြစ်ပါတယ်။ လက်ရင်း သိန်း ၆၀၀ တိုက်ရာမှာ အကောင်းမွန်ဆုံးနဲ့ ဝိုင်းထဲက ကြက်သမားကြီးတွေ ယခုအချိန်ထိ ပြောစမှတ်ကျန်ရစ်အောင် ခွပ်ပြအနိုင်ယူခဲ့ပြီး စောသန်းရွှေတိုက်ကြက်ခြံရဲ့ သမိုင်းဝင်မှတ်ကျောက်တစ်ခုအဖြစ် ရေးထိုးနိုင်ခဲ့ပါတယ်။ 👑💯
🌹 Legend ကြက်ကြီး ကျောက်စိမ်း၏ နိဂုံး🪦🪦
မွှေးထိုးဘဝ ၈ ပွဲမြောက် အပြီးမှာတော့ ကြက်ပေါက်ဘဝက ဝိုင်းခိုင်းထားခဲ့တဲ့ ဒဏ်ဟောင်းတွေနဲ့ မွှေးထိုးဘဝက ရရှိခဲ့တဲ့ ဒဏ်ရာတွေကြောင့် ဒဏ်ပိပြီး ၂၀၂၃ ခုနှစ်မှာ ဇာတ်သိမ်းသွားခဲ့ရရှာပါတယ်။ 😢
"ကျောက်စိမ်း" ဆိုတဲ့ ကြက်ဟာ ညောင်ရွှေ၊ အင်းလေးတစ်ဝိုက်နဲ့ ဖားကန့်က ကြက်သမားကြီးတွေကြားထဲမှာ ယခုအချိန်ထိ မှတ်ကျောက်တင် ပြောစမှတ်ပြုခံရတဲ့ စောသန်းရွှေတိုက်ကြက်ခြံရဲ့ ခြံပေါက် ဗမာလမ်းကြက်မျိုးရင်းစစ်စစ် ရန်ကုန်သားလမ်းကြက်ကြီး တစ်ကောင်ဖြစ်ပါကြောင်း ဂုဏ်ပြုတင်ပြပေးလိုက်ရပါတယ်။ 🇲🇲🐓⭐
📞 ဆက်သွယ်ရန်
မျိုးရိုးမှန်ကန်ပြီး စိတ်ချရတဲ့ ကြက်မျိုးတွေကို မှာယူချင်တယ်ဆိုရင်တော့ စောသန်းရွှေတိုက်ကြက်ခြံ (ညောင်ရွှေ၊ အင်းလေး) သို့ ဆက်သွယ်နိုင်ပါတယ်။
📲 ဖုန်းနံပါတ်: 09 420 278 758 , 09 788 338 566
✈️ Telegram Link: https://t.me/+uQSVufgoSrk1Yjk1
💡 ကိုရန်နောင်စိုး (ခ) ကိုရဲထွဠ် ထံသို့ တိုက်ရိုက်ဆက်သွယ် မှာယူနိုင်ပါပြီ။
Road To Legend part - 2
🐓🐓စောသန်းရွှေတိုက်ကြက်ခြံမှ Legend ကြက်ကြီး "ကျောက်စိမ်း" အကြောင်း🐓🐓
စောသန်းရွှေတိုက်ကြက်ခြံကို ၂၀၁၉ ခုနှစ်မှာ ညောင်ရွှေ၊ အင်းလေးဒေသ၌ ကိုရန်နောင်စိုး (ခ) ကိုရဲထွဠ်က စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။
ကိုရဲထွဠ်ဟာ အသက် ၇ နှစ်သားလောက်ကတည်းက တိုက်ကြက်ကို အလွန်အမင်းဝါသနာထုံခဲ့သူပါ။
မိမိနေထိုင်ရာ ရွာအတွင်းက ကြက်ဖမှန်သမျှ မျက်နှာဒဏ်ရာမပျောက်အားအောင်၊ တစ်ရွာလုံးအော်ကြောလံအောင်အထိ ငယ်ငယ်ကတည်းက ကြက်လိုက်တိုက်ခဲ့တဲ့ ဝါသနာကြီးသူတစ်ဦး ဖြစ်ပါတယ်။ 🐓🔥
ငယ်စဉ်ကတည်းက ကြက်လေးတွေမွေး ဖောက် ရောင်းချပြီး လိုချင်တာရှိရင် ကြက်ရောင်းပြီး ဝယ်ယူလေ့ရှိခဲ့ပါတယ်။
"စောသန်းရွှေ" ဆိုတဲ့ အမည်ကတော့ ရွာကဆရာတော်က ပေးရာကနေ အစပြုပြီး ယခုလက်ရှိ "စောသန်းရွှေ တိုက်ကြက်ခြံ" အဖြစ် လူသိများကျော်ကြားလာခဲ့တာပါ။
စောသန်းရွှေတိုက်ကြက်ခြံ မဖြစ်ပေါ်လာခင်ကတည်းက ညောင်ရွှေ၊ အင်းလေးမှာ ကြက်မွေးဖောက်ပြီး ရန်ကုန်မြို့ရဲ့ တောင်ဒဂုံဝိုင်း၊ မြောက်ဒဂုံဝိုင်း၊ သဲကွင်း၊ အုန်းတော၊ အင်းတကော်နဲ့ လှည်းကူး စတဲ့မြို့နယ်တွေအပြင် နယ်စုံလှည့်ကာ ကြက်တိုက် ကျင်လည်ခဲ့ပါတယ်။
ယနေ့မှာတော့ စောသန်းရွှေတိုက်ကြက်ခြံရဲ့ လက်ရင်းအများဆုံးတိုက်ပြီး အောင်မြင်မှုအလီလီရရှိခဲ့တဲ့ "ကျောက်စိမ်း" ဆိုတဲ့ Legendary လမ်းကြက်ကြီးအကြောင်းကို မျှဝေပေးချင်ပါတယ်။ 🌟
🧬 "ကျောက်စိမ်း" ၏ မျိုးရိုးနောက်ခံ
"ကျောက်စိမ်း" ကို ၂၀၂၁ ခုနှစ်တွင် ရန်ကုန်မြောက်ဒဂုံခြံ၌ စတင်ပေါက်ဖွားလာခဲ့ပါတယ်။
ကျောက်စိမ်းအကြောင်းကို ပြောရင် သူ့ရဲ့အဖေအကြောင်းကို အရင်ဆုံးပြောရပါလိမ့်မယ်။ 😉
ကျောက်စိမ်းရဲ့ အဖေ (၄ ဝိုင်းနိုင် Legend ကြီး):
သူ့အဖေကတော့ အလကားကြေး (အပျော်တမ်း) ဆိုရင် အကြီးရော အသေးရော လုံးဝမခွပ်ပါဘူး။
ခြေကျော်ဆန့်တာ၊ ခွပ်လပ်ရိုက်တာမျိုးဆိုလည်း မခွပ်ဘူး။
ဒါပေမဲ့ ဝိုင်းထဲ ရောက်ပြီဆိုရင်တော့ ဘယ်ကြက်လာလာ အကုန်ခွပ်တဲ့ ကြက်ထူးဆန်းကြီးပါ။
ဝိုင်းထဲမှာ တဖက်ကြက်ကို ၁၅ မိနစ်နဲ့ သေအောင်ခွပ်ဖူးတဲ့အထိ အစွမ်းပြခဲ့ပါတယ်။
ကျောက်စိမ်းအဖေဟာ ကြက်ပေါက်ဘဝမှာ ၂ ဝိုင်းတိုက် နိုင်ပြီးနောက် ခြေခုံရောင်လို့ ခေတ္တအနားပေးခဲ့ရပါတယ်။
မွှေးထိုးဘဝမှာတော့ နောက်ထပ် ၂ ဝိုင်း ထပ်နိုင်ခဲ့လို့ စုစုပေါင်း ၄ ဝိုင်းနိုင် ဖြစ်ခဲ့ပါတယ်။
ထူးခြားတာက ၄ ဝိုင်းလုံး တိုက်ခဲ့တာမှာ တစ်ဝိုင်းမှ မျက်နှာခြစ်ရာတစ်ချက်တောင် မထင်အောင် ခွပ်နိုင်ခဲ့တဲ့ လမ်းအလွန်ကောင်းတဲ့ လမ်းကြက်ကြီးပါ။ 🏆
ဒီလို လမ်းအလွန်ကောင်းတဲ့ လမ်းကြက်ကြီးနဲ့ ရန်ကုန်မြောက်ဒဂုံခြံမှာ ပင်တိုင်သားထိုးထားတဲ့ လမ်းကြက်မကြီးတို့ကနေ "ကျောက်စိမ်း" ဆိုတဲ့ လမ်းကြက်စစ်စစ်တစ်ကောင် ပေါ်ထွက်လာစေခဲ့တာဖြစ်ပါတယ်။
🛣️ "ကျောက်စိမ်း" ၏ နယ်လှည့်ခရီးစဉ်နှင့် အမည်ဖြစ်ပေါ်လာပုံ
ကျောက်စိမ်းနဲ့ တစ်ကျင်းတည်းကျ ညီအစ်ကို ၄ ကောင်အနက် ၃ ကောင်က ပြင်ဦးလွင်ကို ရောက်ရှိသွားပါတယ်။
ပြင်ဦးလွင်က ဝယ်ယူသူဟာ သူ့သက်တမ်း ၄၅ နှစ်အတွင်းမှာ ဒီလိုလမ်း၊ ဒီလိုခြေမျိုး တစ်ခါမှမတွေ့ဖူးဘူးလို့ ချီးကျူးပြောဆိုလာတာကြောင့် ကျောက်စိမ်းကို ထပ်မံမရောင်းချတော့ဘဲ ရန်ကုန်မြောက်ဒဂုံခြံမှာပဲ ဆက်လက်ထိန်းသိမ်းထားလိုက်ပါတယ်။
အဲ့ဒီနောက်မှာတော့ မြစ်ကြီးနားက ညီအစ်ကိုတစ်ယောက်က ယိုးဒယားမှ ယိုးဒယားကြက်တွေပဲ ဖြစ်နေတာကြောင့် "ငါ့မြန်မာမျိုးရင်း အိမ်ပေါက်စစ်စစ်ကို မင်းကိုင်ကြည့်" ဆိုပြီး မြစ်ကြီးနားသို့ ကြက်ထည့်ပေးလိုက်ရာကနေ ကျောက်စိမ်းရဲ့ဘဝခရီးစဉ်စတင်ခဲ့ပါတယ်။ 👇
မြစ်ကြီးနားမှ စစ်ကိုင်းရောက် စစ်ကိုင်းမှ ညောင်ရွှေကိုရောက် ညောင်ရွှေကမှ ဖားကန့်ကျောက်စိမ်းမြေမှာ
အဆုံးသတ်သွားခဲ့ပါတယ်။
ကျောက်စိမ်းလို့ နာမည်ပေးရခြင်းအကြောင်းက ကြက်က ဖောင်းစိမ်းဖြစ်တာက တစ်ကြောင်း၊ မြန်မာနိုင်ငံရဲ့ ကျောက်စိမ်းမြေလို့ တင်စားခေါ်ဝေါ်ရတဲ့ ကချင်ပြည်နယ်ကနေ ညောင်ရွှေကို ပြန်လည်ရောက်ရှိလာတာက တစ်ကြောင်းကြောင့် "ကျောက်စိမ်း" လို့ အမည်တွင်သွားစေခဲ့ပါတယ်။ 💎
⚔️ "ကျောက်စိမ်း" ၏ အောင်မြင်မှု မှတ်တမ်းများ
🐓 ကြက်ပေါက်ဘဝ မှတ်တမ်း🐓
ပထမပွဲ (မြစ်ကြီးနား): ၂၀၂၂ ခုနှစ် မြစ်ကြီးနားရောက်ပြီး မကြာမီမှာပဲ ပထမဆုံးပွဲကို လက်ရင်း ၂၂ သိန်းနဲ့ တိုက်ခဲ့ရာမှာ တဖက်ကြက်ကို ဝိုင်းထဲမှာတင် အပြီးခွပ်သတ်ကာ ပြတ်ပြတ်သားသား အောင်ပွဲဆင်ခဲ့ပါတယ်။ 🥊
ဒုတိယ ပွဲ (မြစ်ကြီးနား): ရက်ပတ်စေ့လို့ ဒုတိယပွဲကို လက်ရင်း ၃၃ သိန်းစွန်းစွန်းနဲ့ တိုက်ခဲ့ရာမှာ မျက်နှာခြစ်ရာတစ်ချက်မှမရှိဘဲ ထပ်မံအနိုင်ရခဲ့ပါတယ်။
(ဒီပွဲအပြီးမှာ မြစ်ကြီးနားက ကြက်သမားကြီးတွေ ကြေးအကြီးကြီးပေးပြီး ဝယ်ကြပေမဲ့ မရောင်းဘဲ၊ ရှုံးကြွေများပြီး အထိနာနေတဲ့ စစ်ကိုင်းကသူငယ်ချင်းအရင်းကြီးဆီ နိုင်ကြွေပြန်ယူပေးဖို့ ပို့ပေးလိုက်ပါတယ်) 🤝
တတိယပွဲ (စစ်ကိုင်း): စစ်ကိုင်းရောက်လို့ အိပ်တန်းလေးမှန်တာနဲ့ တတိယပွဲကို လက်ရင်း ၁၅ သိန်း လုံးကောက်တိုက်ခဲ့ရာမှာ ပါကင်မပျက် ထပ်မံအနိုင်ရရှိခဲ့ပါတယ်။ ⚡
Road To Legend part - 1
🐉 Golden Dragon Farm ရဲ့ Legend ကြက်ကြီး "Raptor" 🐉
Golden Dragon Farm ကို ၂၀၂၀ ခုနှစ်မှာ ကိုစိုင်းခမ်းမိန်းအောင် က ရှမ်းပြည်နယ် နမ့်စန်မြို့မှာ စတင်တည်ထောင်ခဲ့ပါတယ်။ Golden Dragon Farm ဆိုတာ မြန်မာပြည်မှာ ထိပ်တန်း Farm တစ်ခုဖြစ်တဲ့အပြင် Farm ရဲ့ ပဲ့ကိုင်ရှင်ဖြစ်တဲ့ ကိုစိုင်းခမ်းမိန်းအောင် ဆိုတာကလည်း Breeding ပိုင်းရော Fighter ပိုင်းမှာပါ ထူးချွန်စွာ အောင်မြင်နေတဲ့ ပါရမီရှင်တစ်ယောက်ပါ။ 👑🏆
ယခုပြောပြပေးမှာကတော့ Golden Dragon Farm 🐉🐉 ရဲ့ ထူးခြားလှတဲ့ နာမည်ကျော် တိုက်ကြက်တွေထဲကမှ "Raptor" ဆိုတဲ့ တိုက်ကြက်အကြောင်းကို ဖော်ပြပေးပါ့မယ်။ 👇✨
🧬 မျိုးရိုးနောက်ခံ (Background & Lineage)
Raptor ကြီးကို Golden Dragon Farm 🐉🐉 မှာ မီဆူဝမ်ရဲ့ ထောင်လန်သမီး ဘတ် ၂ သောင်းခွဲ ကြက်မ နဲ့ ခေါင်ပုရဲ့သား က ပေါက်ဖွားလာတဲ့ ရွှေနဂါးအကို
ရဲ့ Breeding လက်ရာအနုပညာတသ်ခုဘဲဖြစ်ပါတယ်။💯🧬
Raptor ရဲ့ အဖေဖြစ်တဲ့ ကြက်ကြီးကလည်း ၇ လ၊ ၈ လ အရွယ် စရောက်ခါစ လွတ်ကွင်းက ဖမ်းဖမ်းခြင်း ပြင်ဆင်မှုမရှိဘဲ ခွပ်လက်ပုတ်ကြည့်တာကိုဘဲ ယိုင်ထဲမှာ ပုတ်တဲ့ကြက်တိုင်းကို တုံးလုံးလဲအောင် ခွပ်နိုင်သလို၊ တိုက်ဝိုင်းမှာလည်း အမှောက်သိပ်နိုင်တဲ့ တိုက်ကြက်ကောင်းကြီး တစ်ကောင်ဖြစ်ပါတယ်။ 👊🔥⚡
⚔️ Raptor ကြီးရဲ့ခြေလှမ်းအစ
Raptor ကလည်း အဖေခြေရာတစ်ထပ်တည်း နင်းတဲ့အပြင် အဖေထက်ပိုတဲ့ အသိတွေပါလာခဲ့တော့ Raptor စပြီး ခွပ်လက်စပုတ်တဲ့ အချိန်မှာဘဲ ခွပ်လက်ခံကို "ကြောင်တောင်ကန်း စုံပျောက်အောင်" ခွပ်နိုင်သလို၊ ခွပ်လက် ၅ ဖရိုက်တာမှာ Raptor ကို အငုတ်ဖွင့်ပြီး ပုတ်ကြည့်တဲ့အခါ ၁ ရေမကျော်ဘဲ စုံပျောက်အောင် ထပ်ခွပ်နိုင်ခဲ့ပါတယ်။ 👁️❌💥
🏆 တိုက်ပွဲမှတ်တမ်းများ (Fight History)
ပထမပွဲ (ပွဲဦးထွက်) 🥇: နမ့်စန်မြို့ သစ်ကွင်းဝိုင်းမှာ Raptor ရဲ့ ပထမဦးဆုံးဖြစ်တဲ့ ပွဲဦးထွက် လက်ရင်း ၆၆ သိန်း ကို ၁ ရေကျော်ကျော်လေး မှာတင် အေးဆေးဘဲ ပထမနေ့ ပွဲဦးထွက် အနိုင်ရရှိခဲ့ပါတယ်။ 🎉
ဒုတိယပွဲ (၃ ရက်အတွင်း ၂ ပွဲ) 🥈: Raptor ကြီးကို တစ်ရက်ပဲ အနားပေးပြီး တတိယမြောက်နေ့မှာ နမ့်စန်မြို့ သစ်ကွင်းဝိုင်းမှာဘဲ ပထမရှုံးခဲ့တဲ့ အဆိုင်းက လမ်းပြန်ချိန်တိုက်တာ လက်ရင်း ၆၆ သိန်း ကို ၁ ရေနဲ့ ၃ မိနစ်ဘဲ ကြာပါတယ်။ အလှပဆုံး ဒုတိယအောင်ပွဲကို ထပ်မံရရှိခဲ့ပြန်ပါတယ်။ 💪✨
တတိယပွဲ (စံချိန်တင် စိန်ခေါ်ပွဲ) 🥉: Raptor ကြီးက ၃ ရက်အတွင်း လက်ရင်း ၆၆ သိန်း ၂ ဝိုင်း လှော်ခတ်ပြီး စနာမည်ထွက်လာတဲ့ အချိန်မှာ နမ့်စန်အနီးအနားက ဝိုင်းတွေမှာ ဝိုင်းပွေ့တိုင်း တိုက်ဘက်မရခဲ့ပါဘူး။ အဲ့ဒါနဲ့ ဝမ်ဟိုင်းဘက် မှာ အဆိုင်းကောင်းကောင်းနဲ့ သွားတွေ့ပါတယ်။ ဝမ်ဟိုင်းက ကြက်ကလည်း ဘတ် ၃ သိန်းနဲ့ ဝယ်ထားတဲ့ကြက်ဖြစ်လို့ "ကြေးနည်းရင် မတိုက်ဘူး" ဆိုတာနဲ့ ပြိုင်ဘက်ကောင်း၊ အဆိုင်းကောင်းကို လက်ရင်း သိန်း 540 လွှတ်ခဲ့ရာမှာ အကောင်းမွန်ဆုံး အောင်ပွဲခံနိုင်ခဲ့ပါတယ်။ 👑🔥🎉
🐓 အနားယူခြင်းနှင့် သားထိုးခြင်း 🧬
တတိယပွဲမှာ ရလာတဲ့ နှုတ်သီးစပ်သွားတဲ့ ဒဏ်ရာကြောင့်ရော၊ ကြက်က အကျဘက်ရောက်နေတာကြောင့်ရော အဲ့ဒါကြောင့် Raptor ကြီးကို အနားပေးပြီး Golden Dragon Farm 🐉🐉 မှာဘဲ ပင်တိုင်သားထိုး အဖြစ် အနားပေးလိုက်ပါတော့တယ်။ 💤🐓
🐉Raptor🐉ကြီးရဲ့ထူးခြားချက်🧠🧠🧠
Raptor ဆိုတဲ့ ကြက်ကြီးရဲ့ ထူးခြားချက်က ၃ ရက်နဲ့ ၂ ဝိုင်း လမ်းပြန်ချိန်တိုက်တာတောင် ၁ ရေစွန်းစွန်းနဲ့ အနိုင်ခွပ်နိုင်တာရယ်၊ Golden Dragon Farm 🐉🐉 ရဲ့ ဒုတိယလက်ရင်းအများဆုံးတိုက်ပြီး အောင်ပွဲခံထားတဲ့ ကြက်ဖြစ်တာကြောင့် Golden Dragon Farm 🐉🐉 ရဲ့ ထူးချွန်တဲ့ ကြက်တစ်ကောင် ဖြစ်နေခဲ့ပါတယ်။ ⭐🌟
Raptor ကြီးဟာ မျိုးရိုးအစဉ်အဆက် အဖေ၊ အဖိုး၊ အဘိုး ကောင်းမွန်ထူးခြားပြီး အောင်ပွဲတွေ ဆင်နွှဲနိုင်ခဲ့သလို Raptor ရဲ့ သားတွေဟာလည်း ပဲခူးတိုင်းမှာပါ စတင်အောင်ပွဲခံနေတဲ့ မျိုးရိုးစဉ်ဆက် ကောင်းမွန်ထူးခြားတဲ့ ကြက်ကောင်းဖြစ်ပါတယ်။ 🦅✨🛡️
📞 ဆက်သွယ်ရန်
ဒီလိုမျိုး ဗီဇသေချာတဲ့ Raptor ကြီးရဲ့ သားသမီး၊ သွေးချင်းမျိုးတွေ ကို လိုချင်တယ်ဆိုရင်တော့ 👇
ရွှေနဂါးတိုက်ကြက်ခြံ Golden Dragon Farm 🐉🐉
နမ့်စန်မြို့အနီး ပန်လင်ဆိုင်ရွာမှာ ကိုယ်တိုင်သွားရောက်ဝယ်နိုင်သလို 📍🏡
📱 09-969168888
📱 09-688886168
🔗 @Goldendragonfarm8888
ကိုစိုင်းခမ်းမိန်းအောင် ဆီသို့ တိုက်ရိုက် ဆက်သွယ်ဝယ်ယူနိုင်ပါပြီ။ 🤝✨👑
တိုက်ကြက်ဝါသနာရှင်ညီကိုများအားလုံးကို အကူအညီလေးတောင်းပါရစေ။
မြန်မာနိုင်ငံမှာလက်ရှိ ရှယ်ဖြုတ်နေတဲ့ မွေးဖောက်ခြံတွေရဲ့ခြံနာမည်နဲ့ ဆက်သွယ်လို့ရမယ့် ဖုန်းနံပါတ်လေးတွေ သိရင်ကူညီပြီးမန့်ခဲ့ပေးပါ။
နောက်အချိန်ရရင်ရသလို မွေးဖောက်ခြံတွေရဲ့မျိုးရိုးတွေ နာမည်ကြီးခဲ့တဲ့ကြက်ကောင်းတွေ သမိုင်းကြောင်းတွေကို မှတ်တမ်းလုပ်ပြီးပြန်လည်စုစည်းတင်ပြခြင်လို့ပါ။
