A poem that is not a poet's poem
Ir al canal en Telegram
အချစ်ဦးဆိုတာ ကမ္ဘာဦးအစလိုပဲ ပြန်လွမ်းခွင့်ပဲရှိတယ် ပြန်သွားလို့မရဘူး။ - နေကြာဖြူ https://t.me/WhiteSunflowe
Mostrar másBirmania33 142La categoría no está especificada
314
Suscriptores
+124 horas
-57 días
-1930 días
Archivo de publicaciones
ယုံကြည်မှုနဲ့ဆုပ်ကိုင်ထားတဲ့လက်တွေပါ။
လူချင်းနီးမှ မြဲတယ်ဆိုတဲ့ လက်တွေမှာပဲ
ဒဏ်ရာတွေ ရှိတယ်မထင်ပါနဲ့။
သူ့လက်မှာလဲအသားမာနဲ့
ငါ့လက်မှာလဲအမာရွတ်နဲ့...။
-အံ့လွန်းပျို
မျက်ရည် နဲ့ ပျိုးလို့ ပန်းမပွင့်ဘူးဆို
မမက ငိုပြန်ပါပြီ
ထားပါလေ မမကိုက ပန်းတစ်ပွင့်ပဲ။
-မြတ်နွယ်
အဝါရောင် မိုးတိမ်များ - ၂၁
အရွေ့တွေ မတူဘူး
နေရာဒေသတွေ မတူကြဘူး
ချစ်တဲ့သူတွေ မတူဘူး
မုန်းတဲ့သူတွေလည်း မတူဘူး
ဒါပေမဲ့ ငါမင်းကိုချစ်တယ်။
အဝါရောင် မိုးတိမ်များ - ၂၂
သံသေတ္တာထဲက
ဂျင်းကုတ်ကလေးက
ကြာလေအနွေးဓာတ်လျော့လေ
ဖြစ်လာတယ်။
အဝါရောင် မိုးတိမ်များ - ၂၃
ချစ်ရသူရဲ့
ချစ်သူကို ငါတို့ဟာ
ကမ္ဘာမှာ မုန်းပစ်ဖို့
ပိုကြိုးစားရတယ်။
အဝါရောင် မိုးတိမ်များ - ၂၄
" ဒီအချိန်ဆို
ဘာများလုပ်နေမလဲ " ဆိုတဲ့
အတွေးဟာ မင်းကိုစတွေ့ထဲက
ငါ့ဦးနှောက်ထဲ automatically
ဝင်လာတဲ့ အရာတစ်ခု။
အဝါရောင် မိုးတိမ်များ - ၂၅
လျှောက်ပါများလို့
ပါးလာတဲ့ ဖိနပ်ထက်
မစီးရက်လို့သိမ်းထားတဲ့
ဖိနပ်တွေဟာ ပိုပြီး ပြတ်လွယ်ပါကြောင်း။
- လိပ်ပြာ
မခင်းတော့မယ့်လမ်းကို
မျှော်မိနေတဲ့ ကြောင်တစ်ကောင်လို
မိုးရွာထဲမှာ ကိုယ်ဟာ တစ်ယောက်တည်း
ဝင်မလာမယ့်ဖုန်းကို နားစွင့်နေ
မိုးကိုဆိုပြဖူးတဲ့သီချင်းကို
ညည်းမိနေရင်း
နှလုံးသားကို ဓာတ်မှန်ရိုက်တဲ့အခါ
ပေါ်လာတာက မိုးနေ့ ဆိုပဲ။
မိုးနှာခေါင်းနဲ့အသက်ရှူမှ
ကိုယ့်အဆုတ်ထဲ လေဝင်ခဲ့တဲ့
ရက်တွေကို ပြန်ရောက်ခွင့်ရရင်
မိုးရဲ့ အိတ်အဖြူလေးထဲ
ကိုယ့်ကမ္ဘာကို ဆောက်ခဲ့ရမိမှာ။
မိုးမရှိတဲ့ ဒီဘက် ကမ္ဘာမှာတော့
ဘုရားပွင့်ချိန်နဲ့ လွဲတဲ့
ကံမွဲတစ်ကောင် မိုး မကြိုက်တာတွေ
လုပ်ရင်း မိုက်နေတုန်း။
မိုးနေရာမှာလေ . .
မဟုတ်သေးဘူး
မိုးကို မမီတဲ့နေရာမှာ
မိန်းကလေးတစ်ယောက်ကို
အစားထိုးမိတာ သိပ်မှားတာပဲ။
သူဟာလည်း မိုးကိုမေ့အောင်
မကူကယ်နိုင်ရှာဘူး။
မိုးရှိတဲ့ ကမ္ဘာမှာ မိုးမရွာပါစေနဲ့
ဒီဘက်မှာသာ မိုးသည်းပါစေ
မိုးရေကြောင့် ရစ်ပတ်လာမယ့်
နွယ်တွေကိုတော့ ကိုယ်မျက်ကွယ်ပြုရစေ။
-မိုးကိုချစ်တဲ့ကို/
-မြတ်နွယ်
နီးခြင်း၊ ဝေးခြင်း
သဘောတရားတွေနဲ့
အကျင့်သားရနေသူမလို့
အနားမှာမရှိရင်နေပါ။
ချစ်တယ်ဆိုရင်ပဲ
အသက်တစ်ရက် ပိုရှည်ပါပြီ။
-အံ့လွန်းပျို
ငါတို့တွေဟာ
ချစ်ခဲ့ ကြိုက်ခဲ့ မုန်းခဲ့ကြတာ
ခုဆိုရင်သံသရာတစ်ပတ်
မကတော့ဘူး
မင်းဘက်ကကြည့်တော့
ငါ့အပြစ်
ငါ့ဘက်ကကြည့်တော့
မင်းအပြစ်ဆိုပြီး
တစ်ယောက်နဲ့တစ်ယောက်
အပြစ်တင်
နေခဲ့ကြတာမလား
တန်ရောတန်ပါ့မလား
တန်ရောတန်ခဲ့ရဲ့လား။
-မြနန်းစံ
ငါတို့တွေဟာ
ချစ်ခဲ့ ကြိုက်ခဲ့ မုန်းခဲ့ကြတာ
ခုဆိုရင်သံသရာတစ်ပတ်
မကတော့ဘူး
မင်းဘက်ကကြည့်တော့
ငါ့အပြစ်
ငါ့ဘက်ကကြည့်တော့
မင်းအပြစ်ဆိုပြီး
တစ်ယောက်နဲ့တစ်ယောက်
အပြစ်တင်
နေခဲ့ကြတာမလား
တန်ရောတန်ပါ့မလား
တန်ရောတန်ခဲ့ရဲ့လား။
-မြနန်းစံ
" ကမ္ဘာတစ်ခြမ်းအကြောင်း "
လွမ်းတယ် သတိရတယ်
ဒီစကားလုံးတွေထက် ပိုတဲ့
စကားလုံးရှိသေးရင်
မြေးပြောချင်တယ် ဖိုးဖိုး။
ကောင်းကင်ပေါ်က
ကြယ်ကလေး အဖြစ်ရှိနေမလား
လမင်းကြီးပေါ်က ချိုင့်ခွက်လေးဖြစ်နေမလား
နတ်သားကြီးဖြစ်နေမလား
ခုချိန်မှာဘာဖြစ်နေမလဲ သေချာမသိဘူး။
မသေချာတာတွေထဲကမှ
သေချာတာတစ်ခုကကောင်းတဲ့
အရပ်မှာရှိနေမယ်ဆိုတာပါပဲ
အသွေးထဲ အသားထဲကကို မြေးယုံပါတယ်။
အခုအချိန် အဖိုးများရှိရင်
မြေးနဲ့အတူ အရင်လို လက်ဆွဲလို့ညနေတိုင်း လမ်းလျှောက်မုန့်ဝယ်နေလေအုံးမလား
ငါ့မြေးက သိပ်တော်တာလို့ ဝံ့ကြွားနေလေအုံးမလား
ဖေဖေ မေမေတို့ ဆူတိုင်း
ဝင်ကာကွယ် ပေးလေအုံးမလား။
တွေးမိတိုင်း အရင်ကပုံရိပ်လေးတွေက
မျက်ဝန်းအိမ်ထဲပြန့်လွင့်နေတယ်။
အိမ်အပေါ်ထပ်က အန်တီကြီးတွေနဲ့
တွေ့ရင်တော့ အဖိုးကိုသိပ်သတိရတယ်။
ဒိန်ချဥ်ဆိုင်က အန်တီကြီးကလည်း
ဒိန်ချဥ်သွားဝယ်တိုင်းအဖိုးအသည်းကျော်လေးလို့ ခေါ်တုန်းပဲ။
သရက်သီးအမှည့်တွေဆိုမစားမိအောင်
ရှောင်တာ ၅နှစ်ရှိပြီ အဖိုး။
ညဘက်၂ယောက်အတူထမင်းစားတဲ့
အချိန်တွေကိုသတိရတယ်။
လူတစ်ယောက်မရှိမှ အဲ့ဒီလူရဲ့တန်ဖိုးကို
နားလည်တယ်ဆိုတာလည်းသိပ်မှန်တယ်။
နောင်တတွေကို ကြောက်တယ်
မရှိတော့မှရတဲ့ နောင်တတွေကိုသိပ်ကြောက်တယ်။
အဲ့ဒီနေ့ကိုသိပ်ကြောက်တယ်
နောက်ဆုံးအိပ်မက်တွေကို
သိပ်ကြောက်တယ်။
ရယ်သံတွေနဲ့ အပြုံးချိုချိုတွေ
နူးနူးညံ့ညံ့ မတောင်းပဲ အမြဲရနေတဲ့
မေတ္တာတွေကို မေ့မသွားအောင်သတိပေးရတယ်။
ငါမြေ့ဘွဲ့ရမှသေမှာဆိုတဲ့
စကားကိုလည်း မှတ်ထားတုန်းပဲ
ဓါတ်ပုံတွေလည်း သိမ်းထားတုန်းပဲ
အမှတ်တရတွေကိုလည်း မှတ်ထားတုန်းပဲ
ပုံရိပ်တွေကိုလည်းမေ့မပစ်နိုင်သေးဘူး။
တချို့က ကိုယ်ဝမ်းနည်းနေတာကို
လူတွေသိအောင် ပြတတ်ပေမဲ့လို့
အဖိုးမြေးကတော့ ကျိတ်ခံစားနေကြမလို့
ညဘက်တွေ ခိုးခိုးငိုတာလူမသိပါဘူး။
အခု အဖိုးမြေးရဲ့ အနာဂါတ်အတွက်
လျှောက်နေတဲ့ လမ်းတွေကို
ဘယ်ကများကြည့်နေလေမလဲ သဘောရောတွေ့ရဲ့လား။
ကဗျာဆရာပေါက်စလုပ်လို့
လူဝန်ဆန့်အောင် စကားတွေအများကြီးလည်း
စိတ်ရှည်သည်းခံပြီး ပြောတတ်နေပြီ
ကဗျာဆရာသူငယ်ချင်းတွေအများကြီးရနေပြီ
ကဗျာတွေ အများကြီးရေးနေပြီ
ကာရံတွေစပ်တတ်အောင်သင်နေပြီ
ဖေဖေမသိပေမဲ့ အဖိုးသာရှိရင်
မြေးပထမဆုံးပြောပြမဲ့လူကအဖိုးပဲ။
စာတွေ အများကြီးကြိုးစားလုပ်နေတယ်
အဖိုးရဲ့ ဆုံးမမှုအောက်မှာနေခဲ့တုန်းကအတိုင်း
လိမ္မာယဥ်ကျေးစွာနေထိုင်နေတယ်။
ဖေဖေငိုတာကို
အဖိုးသေမှ မြေးပထမဆုံးမြင်ဖူးခဲ့သလို
ချွေးမဖြစ်သူမေမေ့ရဲ့ အဖိုးကိုသတိရကြောင်း
ခဏခဏပြောတဲ့ အသံကိုလည်း
ခုထိကြားနေရဆဲပဲ။
အဲ့နေ့က
ပထမကမ္ဘာစစ်ဖြစ်သလိုပဲ
မြေးရင်ထဲမှာ စစ်တွေဖြစ်နေခဲ့တယ်။
အချိန်ကာလပေါင်းများစွာ
ကြာမှ ပုံမှန်စိတ်တွေနဲ့အိပ်နိုင်ခဲ့တယ်
ထမင်းစားနိုင်ခဲ့တယ်။
အဲ့ဒီနေ့က မြေးရဲ့ ကမ္ဘာဟာ
တစ်ခြမ်းပြိုခဲ့ရပါပြီ အဖိုး။
နောက်တစ်ခြမ်းကိုတော့
အပြိုမခံနိုင်သလို
အကယ်၍ ထွက်သွားရမယ်ဆိုရင်လည်း
အားလုံးထက် စောအောင်ထွက်သွားချင်ပါတယ်။
ကျန်နေရတဲ့ လူမဖြစ်ချင်ဘူး
ချန်ထားခဲ့ရတဲ့ လူပဲဖြစ်ချင်တယ်
ဒါမှပဲမျက်ရည်တွေ ခမ်းမှာမလို့ပါ။
မြန်မာလူမျိုးဖြစ်တဲ့အတွက်
နောက်ဘဝဆိုတာကို ယုံကြည်တယ်။
အကယ်၍ နောက်ဘဝမှာ ၂ယောက်လုံးက
လူဖြစ်မယ်ဆိုရင်တော့
မြေးအဖိုးတွေ အဖြစ်ပဲ
မွေးဖွားဖြစ်တည်ချင်ပါတယ်။
- လိပ်ပြာ
၂၇၊ ဧပြီ၊ ၂၀၂၆
( ၉နာရီ ၂၂မိနစ် ည )
"ပုရိသ အပုပ်ချခန်း"
အငွေ့ပျံလွယ်တဲ့ အပေါစားပရုတ်လုံးလို
ချစ်တယ်ဆိုတဲ့ စကားကို ပီကေဝါးထား
အေးပေါ့လေ သူဟာ ပုရိသ
တစ်ယောက်ကို ဦးနှောက်က သယ်တုန်း
နှလုံးသားဟာ တစ်ဦးကို မက်မက်မောမော
ထမ်းထားတယ်။
အေးပေါ့လေ သူဟာ ပုရိသ
ချစ်တာတစ်ယောက်တည်းဆိုပြီး
မေတ္တာမလောက်နိုင်ဘဲ
အိုင်တွေ့တိုင်းခြေဆေးကြ
အေးပေါ့လေ သူဟာ ပုရိသ
ရည်းစားဟောင်းရဲ့ ပြက္ခဒိန်အစုတ်နဲ့
စိတ်ဓာတ်ကျနေတဲ့ ရက်စွဲတွေ
စော်အသစ်လေးနဲ့သာ ကျော်ဖြတ်ကြ
အေးပေါ့လေ သူဟာ ပုရိသ
မလွမ်းပါဘူးပြောပြီး ဟိုမိန်းမနာမည်တွေ
ရွာချတိုင်း အတိတ်တွေကို
ရက်ရက်ရောရောပြန်နမ်းတယ်။
အေးပေါ့လေ သူဟာ ပုရိသ
အလုပ်ချိန် နဲ့ တဏှာချိန်ကို ခဏနား
ယမကာ နဲ့ ဘဝကို ရပ်တန့်ထား
အေးပေါ့လေ သူဟာ ပုရိသ
နယ်လှည့်မေတ္တာခရီးစဉ်ကြီးအပြီး
သစ္စာဆိုင်းဘုတ်ကြီး ကိုင်ပြီး
ပြောလိုက်တဲ့ စကားက
ကိုကို မအားလို့ပါတဲ့
အေးပေါ့လေ သူဟာ ပုရိသ
နက်နက်နဲနဲ နွံနစ်ပြီးတဲ့နောက်
စူးစူးနင့်နင့်ပြန်ထုတ်ရတဲ့ ဓားတစ်ချောင်း
နားလည်ပေးရမှာပေါ့လေ
သူဟာ ပုရိသ
-မြတ်နွယ်
လူတစ်ယောက်ကို စိတ်နှစ်ပြီး ချစ်မိတဲ့အခါ၊အနာဂတ် မှာ အဲ့ဒီလူနဲ့အတူ လက်တွဲပြီး အိုအောင်မင်းအောင် ပေါင်းဖက်သွားမယ်လို့ အခိုင်အမာ ရည်ရွယ်ချက် ထား တတ်ကြပါတယ်။"ငါ့ဘဝမှာ သူ့တစ်ယောက်တည်းကို နောက်ဆုံးထိချစ်သွားမယ်" ဆိုတဲ့ ကတိကဝတ်ဟာ ကိုယ့်ကိုကိုယ် ပေးထားတဲ့ အလေးအနက်ဆုံး မျှော်လင့် ချင်တစ်ခုပေါ့။ဒါပေမယ့် ဘဝဆိုတာ ကျွန်တော်တို့ စိတ်တိုင်းကျ ဖြစ်မလာတတ်ပါဘူး။ကိုယ်က တစ်သက် လုံး လက်တွဲဖို့ ရည်ရွယ်ထားပေမယ့် အကြောင်းအမျိုး မျိုးကြောင့် တစ်ဖက်လူက လက်လွှတ်သွားတဲ့အခါ ဒါမှ မဟုတ် ကိုယ့်အနားက ထွက်ခွာသွားတဲ့အခါမှာတော့ အဲ့ ဒီ "တစ်ယောက်တည်း" ဆိုတဲ့ စကားလုံးက အဓိပ္ပာယ် ပြောင်းလဲသွားပါတယ်။အရင်က တစ်ယောက်တည်း ကိုပဲ မြတ်မြတ်နိုးနိုး ချစ်မယ်လို့ဆုံးဖြတ်ခဲ့ပေမယ့်၊အခု တော့လည်း အဲ့ဒီလူမရှိတော့ဘဲ "တစ်ယောက်တည်း" ကျန်ရစ်ခဲ့ရတဲ့ အဖြစ်က တကယ်ကို ရင်နာစရာ ကောင်း လှပါတယ်။ အစကတည်းက ဘယ်သူ့ကိုမှ အားမ ကိုးဘဲ တစ်ယောက်တည်းနေခဲ့ရတာက သိပ်ပြီး မ ခက်ခဲပေမယ့်၊တစ်စုံတစ်ယောက်ကို အသားကျပြီး မှ တစ်ယောက်တည်း ဖြစ်သွားရတာက ပိုပြီးတောင် အထီးကျန်ရပါတယ်။မျှော်လင့်ချက်တွေ ပြိုလဲသွား တဲ့နောက်မှာ ကိုယ့်ရဲ့ကမ္ဘာလေးက ပိုပြီးတော့တောင် တိတ်ဆိတ်သွားသလို ခံစားရတတ်ပါတယ်။ဒါဟာ ဘဝ မှာ ကြုံတွေ့ရနိုင်တဲ့ အခါးသီးဆုံး အမှန်တရားတွေထဲက တစ်ခုပါပဲ။
အဆုံးမှာတော့
မင်းကို မမှီခဲ့တာထက်
ကိုယ့်ကိုယ်ကို
ပျောက်သွားတာက ပိုနာတယ်။
-ကျူး
အဝါရောင် မိုးတိမ်များ - ၁၁
အချစ်သီချင်းတွေ ပိတ်လိုက်တယ်
မင်းရှိနေတာပဲဆိုတဲ့ စိတ်ကလေးနဲ့ပေါ့။
အဝါရောင် မိုးတိမ်များ - ၁၂
ရာသီစက်ဝန်းဟာ
တာဝန်ကျေပါတယ်
တာဝန်မကျေတာက
ငါတို့ လူတွေပဲဖြစ်မယ် ထင်တယ်။
အဝါရောင် မိုးတိမ်များ - ၁၃
မမှတ်ထားနိုင်ရင်
မပြောမိအောင်နေပါ...
ပြောထားပြီးမှ မမှတ်မိရင်
မှတ်ထားရတဲ့ တစ်ဖက်လူက
ပိုပြီးနာကျင်ရလို့ပါ။
အဝါရောင် မိုးတိမ်များ - ၁၄
လက်ဖက်ရည်အစား
ကော်ဖီပြောင်းသောက်ကြည့်
တိမ်တွေအစား ငါ့မျက်ဝန်းတွေကို
ပြောင်းငေးကြည့်ပါလား...
ဒါဆို မင်းတစ်နေ့
ချစ်ခြင်းမေတ္တာဟာ လှပကြောင်း
သိလာပါလိမ့်မယ်။
အဝါရောင် မိုးတိမ်များ - ၁၅
ကဗျာတွေရေးရတာများပြီ
အစကနေ အဆုံးထိပြန်ဖတ်မလား
ဒါဆို အကုန်လုံးက
မင်းအကြောင်းရေးတယ်ဆိုတာ
ပေါ်လွင်လာပါလိမ့်မယ်။
အဝါရောင် မိုးတိမ်များ - ၁၆
မှတ်မှတ်ရရကနေ
အမှတ်တရဆီသို့လို့
ငါခေါင်းစဉ်ပြောင်းလိုက်တယ်။
အဝါရောင် မိုးတိမ်များ - ၁၇
ရည်းစားရှိတာဟာ
အိမ်ထောင်ရှိတာ မဟုတ်လို့
အချစ်တွေကို ဖော်ပြလို့
ရတယ် မဟုတ်လား ကိုယ့်လူ။
အဝါရောင် မိုးတိမ်များ - ၁၈
အချိန်ဟာ အဖိုးတန်တယ်ဆိုရင်
မင်းက အချိန်ထက်ပိုပြီး တန်ဖိုး
ကြီးလောက်တယ်မလား။
အဝါရောင် မိုးတိမ်များ - ၁၉
ဘဝရဲ့ နာရီတွေထဲ
မင်းဟာပတ်လို့အကောင်းဆုံး
အမျိုးအစားတံဆိပ်ဖြစ်မယ်။
အဝါရောင် မိုးတိမ်များ - ၂၀
ဟိုး... အဝေး မိုးကောင်းကင်ဆီ
ငေးကြည့်ရင်း မြင်ယောင်မိတဲ့
လူဟာ မေမေပြီးရင် မင်းဖြစ်မယ်။
- လိပ်ပြာ
ရည်းစားရရင်ကိုရီးယားကားတွေထဲကလို
ညဘက်လမ်းအတူတူလျှောက်ရင်းစကားပြောချင်ပင်မဲ့
နေနေတာကမြန်မာနိုင်ငံဆိုတာကိုသတိရသွားတယ်။
ဒီလိုပါပဲ
အသံလေးကလဲကောင်း
ရုပ်လေးကလဲချောဆိုတော့
ပလေးချင်တဲ့သူကပေါတယ်။
တကယ်တော့ အုံနာ့ဘဝက
နေ့စံညခံမဟုတ်ဘူး
နေ့ခံညခံ
မနက်အလုပ်ရောက်လဲလွမ်း
ညဘက်ရောက်တော့လဲလွမ်း
တော်တော်ကိုလွမ်းတာပ်
ဘယ်သူ့ကိုမှန်းမသိဘူး။
