A poem that is not a poet's poem
Ir al canal en Telegram
အချစ်ဦးဆိုတာ ကမ္ဘာဦးအစလိုပဲ ပြန်လွမ်းခွင့်ပဲရှိတယ် ပြန်သွားလို့မရဘူး။ - နေကြာဖြူ https://t.me/WhiteSunflowe
Mostrar másBirmania33 215La categoría no está especificada
316
Suscriptores
-124 horas
-67 días
-2230 días
Archivo de publicaciones
တကယ်မချစ်ခဲ့ရင်...
အနားကို မလာပါနဲ့..
ပြန်ထွက်သွားမယ့် ခြေလှမ်ထက်
အစကတည်းက မတွေ့ခဲ့ရတာက
ပိုနာသက်သာတယ်။
-ကျူး
အချစ်စစ်နဲ့ချစ်ခဲ့တာမို့
ဝေးသွားချိန်မှာလည်း
မမုန်းနိုင်ခဲ့ပါဘူး ကလေးငယ်...
ပျော်နေတာလေးပဲ တွေ့ချင်တာမို့
ဘယ်သူပဲပျိုးပျိုး ကိုယ့်အတွက် အရေးမကြီးတော့ပါဘူး...
နွားလို့ပဲ
ပြောချင်ပြောကြပါစေတော့
မင်းပြန်လာဖို့ကို ကိုယ်မျှော်လင့်နေမိသေးတယ် ကလေးငယ်ရယ်..
-မြသားယမုံ
တစ်နေ့နေ့မှာ
ပြန်မဆုံဖြစ်တော့ရင်တောင်
မင်းကို ချစ်ခဲ့ဖူးတဲ့ အချိန်တွေကို
ဘယ်တော့မှ နောင်တမရဘူး။
-ကျူး
ချစ်ခြင်းကို အပြည့်ပေးခဲ့တယ်၊
နားလည်ခြင်းကို အဆုံးထိထားခဲ့တယ်၊
ကိုယ့်ဘက်ကတော့ ဘာမှမကျန်အောင်
ပေးဆပ်ခဲ့တယ်။
လူတစ်ယောက်ကို အရမ်းချစ်မိတာနဲ့
သူ့ဘဝထဲမှာ
ကိုယ်က အမြဲတမ်းနေခွင့်ရတာမှ မဟုတ်ဘဲ။
ချစ်ခဲ့တာက
ကိုယ့်အပြစ်မဟုတ်ဘူး။
ပေးဆပ်ခဲ့တာလည်း
နောင်တမရှိဘူး။
ထားခဲ့ခံရတာ
ကိုယ်မျှော်လင့်မထားတဲ့
အဆုံးသတ်တစ်ခု။
-နွေဦး
၁၂ရက်၊ ၈လ၊ ၂၀၂၆ခုနှစ်
နှစ်ခါအကြည့်ချင်းဆုံ၍
၅ခါနှင့်မနည်း ငေးကြည့်ခဲ့သည်။
ယနေ့လည်း
သူပျော်နေပုံပေါ်ပါသည်။
-အံ့လွန်းပျို
မိုးရိပ်ညိုညိုလေးထဲမှာ
ငါ မျှော်နေမိတာက
မင်းပြန်လာမယ့်
အခိုက်တန့်လေးတစ်ခုကို
-မြသားယမုံ
"မာန"
မာနဆိုတာ
အသံမထွက်ဘဲ နာကျင်စေတဲ့ဓား၊
ချစ်နေသေးပေမယ့်
လက်မလှမ်းနိုင်အောင် တားထားတဲ့နံရံ။
-နွေဦး
ဤသို့ ဤပုံ ဤဖြစ်ပျက်တည်း
လောကအလယ်၊ ဗဟိုဝယ်၌
ဖက်တွယ်ထားမှု၊ နှိုင်းတုပြုလျက်
သက်ရှင်ကာလ၊ ဘဝတစ်ပါး
ပြောင်းသွားထိတိုင်၊ တွေ့ကြုံငိုင်ရ
အနိုင်အရှုံး၊ အမုန်းအချစ်
အဖြစ်အပျက်၊ အတက်အဆင်း
ထိုအချင်း၌၊ အလင်းမဲ့ကား
နောင်တများကို၊ ကြောင်းကြားပြကာ
ဤသို့သာလျှင် ပို၍တည်း။
မိမိကိုယ်ကိုယ်၊ တော်တတ်ဆို၍
မြင်းမိုရ်တောင်နှယ်၊ ယုံကြည်သွယ်မှု
မြင့်ပယ်ထားကာ၊ အမှားအမှန်
ချန်ထားရစ်လို့၊ ဖြူစင်ညှို့နှင့်
ထိုသို့ခံယူ၊ လူများကြားတွင်
ရွံရှာသွင်ကား၊ ဖယ်ကြဉ်လျစ်လျူ
ငြင်းယူသော်ငြား၊ ကျွဲပါးစောင်းတီး
နည်းတူသကဲ့၊ အကြောင်းမဲ့ရာ
ဤပုံသာလျှင် ဆို၍တည်း။
ဥစ္စာစည်းစိမ်၊ ဂုဏ်ဒြပ်ရှိန်ကို
အိုးအိမ်ပြောင်ဝင်း၊ ဗိုက်ဖြိုးတင်းလို့
အဆင်းလှပ၊ ခံစားရချိန်
နိမ့်ကျသူနှင့်၊ ချို့တဲ့ဖြင့်ကား
ချင့်ချိန်ဉာဏ်သွား၊ ဦးနှောက်ပါးကာ
စားဝတ်နေရေး၊ ဒုက္ခဘေးတို့
မနှေးမြန်စွာ၊ ဆိုက်ကပ်လာမှ
စာနာစိတ်က၊ ကြောင်းပြသည်သာ
ဤဖြစ်ပျက်လျှင် လို၍တည်း။
ရာစု-၂၁ရာစု
ရေးသူ-အံ့လွန်းပျို
အမျိုးအစား-လင်္ကာ
ဝေးသွားပြီးနောက်
မင်းမရှိတဲ့နေ့တွေက
နေ့တွေပါပဲ။
ဒါပေမယ့်
မင်းရှိခဲ့တဲ့နေ့တွေလိုတော့
မလှတော့ဘူး။
-နွေဦး
အမျိုးသမီးရေ
ကျွန်တော် ခင်ဗျားကို လွမ်းတယ်..
ဒါပေမဲ့လည်း ဒီစကားဟာ
ကျွန်တော့်အတွက် ပြောခွင့်မရှိတဲ့
စကားတစ်ခွန်းဖြစ်မယ် ထင်ရဲ့...
ကျွန်တော့်ရဲ့ ချစ်ခြင်းမေတ္တာတွေဟာ
အမျိုးသမီးအတွက်ပဲ ဖြစ်ခဲ့ပါတယ်..
ဖြစ်နေပါတယ် အမျိုးသမီးရေ...
ကျွန်တော်က ခင်ဗျားကို
မပိုင်ပေမဲ့လို့ ကျွန်တော့်ကိုတော့
ခင်ဗျားပိုင်ပါတယ်။
သိပ်ချစ်တယ် အသက်...။
- လိပ်ပြာ
[ တိတ်တခိုးအချစ် ]
Hello ဒီနေ့ ကျွန်မ အနည်းငယ် ကဗျာနဲ့ မသက်ဆိုင်တာလေး တင်ပါမယ်။ အဲ့ဒါကတော့ ကျွန်မရဲ့ ဒိုင်ယာရီအမှတ် " မသက်ထားနွေ " စာအုပ်ထဲက Art တွေကို ဆွဲပေးတဲ့ artist အတွက် ကူညီတဲ့ အနေနဲ့ ကြေညာပေးခြင်းပါ။ စာဖတ်သူတို့ထဲကဖြစ်" ကဗျာဆရာ ညီအစ်ကို မောင်နှမတွေထဲက ဖြစ်" ပန်းချီအပ်ချင်ရင် ဒီ artist ဆီသွားလို့ရပါတယ်။ သဘောလည်း အရမ်းကောင်းပြီး အသက်ငယ်ငယ်လေးနဲ့ အရမ်းပုံဆွဲတော်တဲ့ လူလေးပါ။
Tg acc - @Averablaze
Notice : ကျွန်မကူညီကြေညာပေးခြင်းဖြစ်ပါတယ်။
သူပြန်ချစ်ခြင်း
မချစ်ခြင်းဆိုတာဟာ
ကျွန်တော့် စားနေတဲ့
ထမင်းကြမ်းပေါ်မှာ
မူတည်ပါတယ်။
-အံ့လွန်းပျို
