es
Feedback
A poem that is not a poet's poem

A poem that is not a poet's poem

Ir al canal en Telegram

အချစ်ဦးဆိုတာ ကမ္ဘာဦးအစလိုပဲ ပြန်လွမ်းခွင့်ပဲရှိတယ် ပြန်သွားလို့မရဘူး။ - နေကြာဖြူ https://t.me/WhiteSunflowe

Mostrar más
Birmania32 877La categoría no está especificada
313
Suscriptores
-124 horas
-67 días
-2230 días
Archivo de publicaciones
တဏှာ တဏှာဆိုတာ မီးမရှိဘဲ လောင်တဲ့မီး ရေမရှိဘဲ ငတ်တဲ့ပင်လယ်။ မရသေးတာကို လိုချင်တယ် ရပြီးသားကိုလည်း မလုံလောက်သေးဘူး လူ့စိတ်က… တဏှာနဲ့ပဲ အမြဲအစာကျွေးခံနေရတယ်။ နှုတ်ခမ်းတစ်စုံက စတင်တဲ့အိပ်မက် အကြည့်တစ်ချက်က စတင်တဲ့အပြစ် ထိတွေ့ချင်စိတ်တွေကတော့ အသိတရားကို တိတ်တိတ်လေး သတ်ပစ်လိုက်တယ်။ တဏှာဟာ အချစ်မဟုတ်ဘူး ဒါပေမဲ့ အချစ်ရဲ့မျက်နှာဖုံးကို ဝတ်ထားတတ်တယ် ချိုမြိန်တဲ့အပြုံးနောက်ကွယ်မှာ အဆုံးမရှိတဲ့ ဆာလောင်မှုကို ဖုံးကွယ်ထားတဲ့ အရိပ်တစ်ခု။ တဏှာကို အနိုင်ယူနိုင်ရင် လူဖြစ်တယ် တဏှာရဲ့ အနိုင်ယူခြင်းခံရရင်တော့… ကိုယ့်အရိပ်ကိုတောင် ကိုယ်မမှတ်မိတဲ့ ညတွေ စတင်လာလိမ့်မယ်။ -ကျူး -ခေတ်အလိုက်ရေးသားထားခြင်း

ငါ့အတွက်ပဲ ငါကြည့်တာမို့လို့ ငါလုပ်လိုက်လို့ မင်းတို့ဘာဖြစ်ဖြစ် ငါဂရုစိုက်ဘူး။ - ခွန်ဆာ

အိမ်အထိလာဟောင်သွားပေးလို့ကျေးဇူးပါခမျာ

အသက်မေးရင်စာမတက်ဘူးဆိုလို့ ဟုတ်လားဗျ

အဝါရောင်ပန်းများ အသက်ရေ... မင်းဆိုတဲ့ရပ်ဝန်းကို ကိုယ်တွေးလိုက်တိုင်းမှာ အဝါရောင်တွေကိုမြင်ပါတယ်။ မင်းဟာ ကိုယ့်အတွက်တော့ အဝါရောင်ပန်းလေး... အဝါရောင်ချည်လုံးလေး... အဝါရောင်အရုပ်ကလေး... အဝါရောင်ဒိုင်ယာရီလေးပါ။ မင်းလေးရဲ့အပြုံးတွေဟာ အဝါရောင်ပန်းတွေအလား နူးညံ့တယ်.. သိမ်မွေ့တယ်။ မင်းကိုစတွေ့ထဲက အဝါရောင်မိုးတွေ ကိုယ့်ဆီရွာချတယ်။ မင်းဟာ ကိုယ့်အတွက်တော့ အဝါရောင်ပန်းလေး... အဝါရောင်ချည်လုံးလေး... အဝါရောင်အရုပ်ကလေး... အဝါရောင်ဒိုင်ယာရီလေး... အဝါရောင်ဆုတံဆိပ်ကလေး... ပျော်ရွှင်ခြင်းဟာ အဝါရောင်တွေဆို ဝမ်းနည်းခြင်းကိုလည်း အဝါရောင်တွေခြယ်ပစ်မယ်။ အရာရာကို အဝါတွေသုတ်သိမ်းလိုက်ရင် မင်းကိုမြင်နေရသလို ကိုယ်ခံစားလာရမယ်။ ကိုယ်ဟာအဝေးမှုန် ဒါပေမဲ့ အဲ့ဒီနေ့ကအဝါရောင် ဂါဝန်လေးနဲ့ မင်းရဲ့ကျောပြင်လေးကို မျက်ရည်တွေကြားက အသေချာကြီးကိုမြင်တွေ့ခဲ့ပါတယ်။ မင်းဟာ ကိုယ့်အတွက်တော့ အဝါရောင်ပန်းကလေးပဲ။ - လိပ်ပြာ ၁၂ရက်၊ ၆လ၊ ၂၀၂၆ [ ၆နာရီ ၄၆မိနစ် ညနေ ]

"မြန်မာနိုင်ငံမှာ နေလျှင် " နံပါတ် ၁ . Blame တက်ရမည် နံပါတ် ၂ . ထားခဲ့ရင် နေတက်ရမည် နံပါတ် ၃. ဟိုကမချစ်တော့ဘူးဆို မကပ်တွယ်ရ နံပါတ် ၄ . အရင်လူပြန်လာရင် ဖယ်ပေးရမည် နံပါတ် ၅ . စုံထောက်မလုပ်ရ မစုံစမ်းရ နံပါတ် ၆.NM လိုရောပျော်မလုပ်ရ နံပါတ် ၇. ဝိုင်းကိုက်လျှင်ခံတက်ရမည် နံပါတ် ၈.ကိုယ့်အထှာနဲ့ကိုယ်နေတက်ရမည် နံပါတ်၉.စောက်ပေါမလုပ်ရ နံပါတ် ၁၀.ပန်းနုမသွေးရ(အဓိကအချက်) - ကျော်ကြီး

တခြားကဗျာတင်တဲ့ အက်မင်တွေကိုလဲတောင်းပန်ပါတယ် တင်စရာရှိတာဆက်တင်ကျပါ နွားရိုင်းသွင်းချိန်ဆိုတော့ ဖုန်းနည်းနည်းထူသွားရင်တောင်းပန်ပါတယ်။

ဆိုင်းသံ ဗုံသံငြိမ်မှ ပွဲခင်းထဲထထဟောင်တဲ့ခွေးတစ်သိုက် ဒီမှာကတစ်ရေးတောင်ရနေပြီကို

ကြည့်ရတာဒေါသမီးတွေမငြိမ်းသေးပုံပဲ ‌သနားလိုက်ပါဘိ သနားလိုက်ပါဘိ Sub 1200ရှိတဲ့ချိန်နယ်ကိုတောင် ဘယ်လုပ်လာတယ်ဆိုလား ကြောက်လိုက်တာကွာ။

ဟုတ်ကဲ့ခမျာ Sub 200ကျော်လေးပဲရှိပါတယ်ခမျ

မေတ္တာဆိုတာ တကယ်မရှိဘူးလို့ ပြောခဲ့သူဟာ မေတ္တာမျှမယ်ကြံတော့ နောင်တသာရခဲ့ပါတယ် ။ ခိုလှုံစရာ ရင်ခွင်မရှိတဲ့ညတွေမှာ ကျွန်တော်ဟာ အသက်ကို သိပ်သတိရတယ်။ -အံ့လွန်းပျို

အရေးမကြီးတာကို အရေးမကြီးသလိုပဲထားလိုက်တော့တယ် ခမ်းခမ်းနားနားနဲ့ စကားလုပ်ပြီးပြောမနေတော့ဘူး အဟောင်မရပ်တဲ့ခွေးကတော့ တုတ်စာမိမှာပဲ။ #Thank you

ဘယ်လောက်ပဲစိတ်ဆိုးစိတ်ကောက်တစ်ယောက်နဲ့တစ်ယောက် မခေါ်မပြောဘဲ မနေနိုင်တာကလဲ ချစ်ခြင်းမေတ္တာပါပဲ။ ဘယ်သူအရင်စခေါ်မလဲလို့တစ်ခါတလေ မာနတွေပြိုင်နေကြပေမယ့်လဲ ဘယ်သူကပဲ စခေါ်ခေါ် ကြာကြာဟန်မဆောင်နိုင်ကြတာလဲ ချစ်ခြင်းမေတ္တာပါပဲ။ ဘယ်လောက်ပဲ အလုပ်တွေရှုပ်နေနေ ရတဲ့အချိန်လေးမှာ အပြေးအလွှား အချိန်လုပြီး ဆက်သွယ်နေကြတာလေးကလဲ ချစ်ခြင်းမေတ္တာပါပဲ။ တကယ်တော့.... ချစ်ခြင်းမေတ္တာဆိုတာ သာမှ နာမှ မဟုတ်ပါဘူး သာချင်သာ နာချင်နာ လျော့ပါးမသွားတဲ့ တန်ဖိုးထားမြတ်နိုးစိတ်ကလေးကသာအဓိကပါ။ -သျှင်လွန်း

ဖတ်ကျမယ်

ပြန်ဖတ်ချင်တဲ့သူတွေဖတ်လို့ရအောင်တင်ပေးလိုက်ပါတယ်။ ဒီညliveမှာလဲဖတ်ပြပါမယ် ယောက်ျားအသံကြီးနဲ့ပေါ့ လာခဲ့ကျပါအုံးခမျာ။

လွန်ပါစေအလွမ်းညတွေ - လှိုင်ဦးမော် အမှားပါရင်ခွင့်လွှတ်ပေးပါဗျာ - လင်းသစ်

''အဆုံးသတ်ရဲ့ အလင်းတန်း'' အသက်ရှူတိုင်း နာကျင်နေရတဲ့ ဘဝမှာ ရှင်သန်ခြင်းဟာ တိုက်ပွဲတစ်ခုလိုပါပဲ ပျော်ရွှင်ခြင်းကို ရှာဖွေရင်း ငါဟာလမ်းပျောက်ခဲ့ရတယ် ချစ်ခြင်းတွေကြားမှာ သံသယတွေက ခိုအောင်းနေတယ် နောက်ကျောကဓားချက်တွေကို ရေတွက်ရင်း အပြုံးတုတွေကြား ငါလူဖြစ်ခဲ့ရတယ် ပူလောင်လိုက်တာ ... ဒီအပူတွေ ငြိမ်းဖို့ နှလုံးသားက အအေးဓာတ်တစ်ခုကို အမြဲတမ်း တမ်းတနေခဲ့တာ တကယ်တော့... သေဆုံးခြင်းဆိုတာ အရာအားလုံးကို ဆေးကြောပေးမယ့် မြစ်တစ်စင်းပါ အဲ့ဒီမြစ်ထဲမှာ ငါတို့ နစ်မြုပ်သွားတဲ့အခါ မုန်းတီးသူတွေလည်း မရှိတော့ဘူး လှည့်စားသူတွေလည်း မရှိတော့ဘူး နာကျင်စရာ အတိတ်တွေကလည်း ပြာဖြစ်သွားမယ် ဘာဆိုဘာမှ မရှိတော့တဲ့ ဟင်းလင်းပြင်က တကယ်တော့ အလုံခြုံဆုံးသော အိမ်တစ်ခုပါပဲ နေထိုင်ခွင့်ပေးခဲ့တဲ့ ကမ္ဘာမြေကို ကျေးဇူးတင်စကားဆိုရင်း ငါဟာ ထာဝရငြိမ်းချမ်းခြင်းဆီကို လှမ်းတက်သွားချင်မိရဲ့ အဲ့ဒီမှာ ... ဘာအပူမှ မရှိတော့ဘူး။ အဲ့ဒီမှာ ... ငါဟာ အေးချမ်းသွားပြီ။
-ကျော်ကြီး
(ကျော်ကြီး၏နောက်ဆုံးတင်သောကဗျာ)

စိတ်ထဲဗလာဖြစ်နေတာကလွဲရင် ကျန်တာကိုတော့ အဆင်ပြေချင်ယောင်ဆောင်လိုက်လို့ ရပါတယ်။ - နေကြာဖြူ

လောကတစ်နေ့တာ မင်းလွင်မြူခိုး အာကာစိုး၌ အုပ်မိုးဖြန့်ကာ ဒေါင်းဖန်ဝါကို ဖုံးကာကွယ်လည်း အစွမ်းနည်း၍ သူလည်းမသန် အချိန်တန်တော့ ဒေါင်းဖန်ဝန်းမှာ ‌သူ့နေရာယူ ရောင်ဝါကွန့်မြူး အရုဏ်ဦး။‌ သူရကံဆက် ဝေယံထက်ဝယ် ဝင်းလျက်ထိန်သာ ရောင်ခြည်လွှာကို ဖွင့်ကာဖြန့်ကျက် တစ်ပြိုင်နက်ဝယ် တံလျှပ်တို့ထ ဟုန်းဟုန်းကြွလို့ မဟိီမြေမှာ မီးပမာလောင် သာချည်းပူသည့် နေ့မွန်းတည့်။ မှောင်ရီတဝါး ညနေများ၌ ငှက်ကြားတို့သည် တေးများသီ၍ ပျံချီကြချိန် လေပြေငြိမ်၍ တိမ်ယံများသည် ပုစွန်ဆီသွေး ပန်းချီသဖွယ် အလှကြွယ်လို့ နေစွယ်မာန်ကျိုး နေဝင်ရိုး။ သန်းခေါင်ယံည လွန်ဝင်းပသည့် ငွေလမင်းသည် ဝင်းဝါထည်၍ ဆေးရည်မကုန် ‌အလှစုံရာ ဝိုးမှုန်တဝါး ကြယ်စုများလည်း နဂါးငွေ့တန်း ဖြူရောင်ဆမ်း၌ ‌သန်းခေါင်ယံည မှုန်ပြပြ။ အချိန်တန်တော့ အိမ်ပြန်ကြရသည်တကား။ -ဒေါင်းနက်

သစ္စာတရား အရှေ့ဘက်က နေထွက်လို့ အနောက်ဘက်က နေဝင်တာလား။ အနောက်ဘက်က နေထွက်လို့ အရှေ့ဘက်က နေဝင်တာလား။ မသေချာခြင်းတွေကြားက အသေချာက
သစ္စာတရား အရှေ့ဘက်က နေထွက်လို့ အနောက်ဘက်က နေဝင်တာလား။ အနောက်ဘက်က နေထွက်လို့ အရှေ့ဘက်က နေဝင်တာလား။ မသေချာခြင်းတွေကြားက အသေချာကြီးကို ကျွန်တော်တို့ မေတ္တာသက်ဝင်ချစ်ခင်ခဲ့ကြပါတယ်။ အတိတ်ကို အတိတ်မှာထားလို့ အဆိပ်ကို အိတ်ကပ်ထဲထည့်ထားပြီး လမ်းလျှောက်နေတဲ့ လူဟာ အရူးမဟုတ်ပါဘူး လူကောင်းပါ။ လှောင်ပြောင် သရော်ခြင်းကြားက ကျွန်တော့်ကို ကျောခိုင်းသွားတဲ့ ခင်ဗျားကို အသေချာကြီး စောင့်နေခဲ့ဖူးပါတယ်။ - လိပ်ပြာ လူတစ်ယောက်ကို စောင့်နေတယ်ဆိုတာ သူပြန်လာမယ်လို့ ယုံကြည်နေတာလား။ ဒါမှမဟုတ် ပြန်မလာတော့ဘူးဆိုတာကို မယုံကြည်နိုင်သေးတာလား။ ခင်ဗျားထွက်သွားပြီးနောက် လူတွေက ကျွန်တော့်ကို "မေ့လိုက်ပါတော့" လို့ပြောကြတယ်။ ကျွန်တော်ကတော့ ခင်ဗျားကို မမေ့နိုင်သေးတာမဟုတ်ဘူး။ တစ်ချိန်တုန်းက ခင်ဗျားကိုချစ်ခဲ့တဲ့ ကျွန်တော့်ကိုယ်ကျွန်တော် သစ္စာဖောက်သလို မဖြစ်ချင်သေးတာပါ။ - မြနန်းစံ