A poem that is not a poet's poem
Ir al canal en Telegram
အချစ်ဦးဆိုတာ ကမ္ဘာဦးအစလိုပဲ ပြန်လွမ်းခွင့်ပဲရှိတယ် ပြန်သွားလို့မရဘူး။ - နေကြာဖြူ https://t.me/WhiteSunflowe
Mostrar másBirmania33 000La categoría no está especificada
313
Suscriptores
-224 horas
-67 días
-2330 días
Archivo de publicaciones
Repost from N/a
See You at Work Tomorrow! (2026)
📝Ep-1 to 5 ထိရပါပီ
🔗https://t.me/koreandrama13/5887
ဒီတစ်ခေါက်မှာတော့ "Boyfriend on Demand" ဇာတ်ကားမှ မင်းသား Seo In Gukနဲ့
"You and Everything Else"ဇာတ်ကားမှ မင်းသမီး Park Ji Hyunတို့ အဓိကပါဝင်ထားတဲ့
ရုံးတွင်းအချစ်ဟာသဇာတ်ကားသစ်လေးက ပရိသတ်ကြီးဆီကိုရောက်ရှိလာပါပြီ ..
ဇာတ်လမ်းကတော့
***
ချာဂျီယွန်း (Park Ji Hyun)ဟာ ဆယ်အွန်းအီလက်ထရွန်းနစ်ကုမ္ပဏီမှာ လုပ်သက် ၇ နှစ်ရှိတဲ့ ဝန်ထမ်းတစ်ဦးဖြစ်ပြီး သူမရဲ့အလုပ်ကျွမ်းကျင်မှုနဲ့ ထက်မြက်မှုတွေကြောင့် လုပ်ဖော်ကိုင်ဖက်တွေရဲ့ယုံကြည်မှုကိုရရှိထားသူလည်းဖြစ်ပါတယ် ။
ဒါပေမဲ့ သူမဟာ အလုပ်နဲ့ပတ်သက်ပြီး စိတ်ကုန်လာသလို အချစ်ရေးမှာလည်း အဆင်မပြေမှုတွေကြောင့် စိတ်ဓာတ်ကျလာပါတော့တယ် ။
အဲဒီလို သူမရဲ့ နေ့စဉ်ဘဝထဲကို စိတ်သဘောထားခက်ထန်ပြီး အေးစက်တဲ့ အထက်လူကြီးဂန်ရှီအူ(Seo In Guk)က ရောက်ရှိလာပါတယ်..။
အမှားတစ်ခုတွေ့တာနဲ့ အပြစ်ရှာတတ်လွန်းတဲ့ အထက်လူကြီးဂန်ရှီအူနဲ့ ..
အလုပ်ပြီးမြောက်အောင်လုပ်ဆောင်ရမယ့် ဝန်ထမ်းချာဂျီယွန်းတို့ကြားမှာ နေ့တိုင်းလိုလို ပဋိပက္ခတွေဖြစ်ပွားနေပါတော့တယ်။
အဲဒီလိုနဲ့ တစ်နေ့မှာတော့ ကုမ္ပဏီရဲ့အရေးကြီးတဲ့စီမံကိန်းတစ်ခုကို အတူလုပ်ဆောင်ရင်း ..
အချင်းချင်းရဲ့ မထင်မှတ်ထားတဲ့ဘက်အခြမ်းကို မြင်လိုက်ရတဲ့အခါမှာတော့...
ရန်သူလိုလို မိတ်ဆွေလိုလိုနဲ့စတင်ခဲ့တဲ့ သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးဟာ ရုံးခန်းတွင်းအပြိုင်အဆိုင်တွေကြားမှာ ဘယ်လိုမျိုး ချစ်ခြင်းမေတ္တာအဖြစ် ပြောင်းလဲသွားမလဲဆိုတာကို
ရင်ခုန်စွာနဲ့ကြည့်ရှုရမယ့် ဇာတ်ကားလေးဖြစ်လို့ အပတ်စဉ် စောင့်မျှော်ကြည့်ရှုလိုက်ကြပါဦးနော်။
ခေါင်းကျကျ ပန်းကျကျ
ချစ်သူမျက်နှာညှိုးမှာလောက်
ဘယ်အရာမှအရေးမကြီးဘူး။
ဒေဝဒတ်ပဲတွေ့တွေ့
ဧဝရတ်ပဲရွေ့ရွေ့
ငါ့ကမ္ဘာကြီးပြုံးနေရင်တော်ပြီ...။
-အံ့လွန်းပျို
၁၈၊ ၁၁၊ ၂၅
တချို့အချစ်တွေက
ပိုင်ဆိုင်ဖို့ မဟုတ်ဘူး
တစ်ဘဝလုံး မမေ့နိုင်ဖို့ပဲ။
-ကျူး
စိတ်ချပါအချစ်
မနက်ဖန်တိုင်းမှာ
အသက်ရှင်နေသ၍
ကိုယ့်စိတ်ကမင်းဆီရောက်နေအုံးမှာပါ။
- နေကြာဖြူ
ချစ်သူရဲ့ စကားသံဟာ
ကိုယ့်အတွက်တော့
၃၉ပါးမြောက် မင်္ဂလာ။
-မြတ်နွယ်
''ဟန်ဆောင်အပြုံး''
အဆင်ပြေပါတယ်ဆိုတဲ့
စကားတစ်ခွန်းနောက်မှာ
မျိုသိပ်ထားရတဲ့
သက်ပြင်းတွေ...
ပင်ပန်းနေတာကို ဖုံးကွယ်ဖို့
နှုတ်ခမ်းတွေက အပြုံးတစ်ခုကို
အတင်းဆင်မြန်းထားရတယ်။
-ကျော်ကြီး(ကျော်ရိပ်ညို)
ကမ္ဘာဟာ ပြည့်စုံပါတယ်...
ချစ်သူလေးရဲ့ အသံလေးနဲ့အတူ
နိုးထရတဲ့ မနက်ခင်းတွေဟာ
လူ့ပြည်ကပေးတဲ့
ပြီးပြည့်စုံခြင်းတွေပဲမဟုတ်လား။
- လိပ်ပြာ
ကိုယ့်ဘဝရဲ့အပျော်ဆုံးအချိန်က
မင်းနားအတူရှိနေရတာဆိုရင်
ကိုယ်ဝမ်းအနည်းဆုံးအချိန်ဟာ
မင်းကိုဆုံးရှုံးလိုက်ရတဲ့အချိန်ပဲ
မဖြတ်ချင်ဆုံးကတော့
လွမ်းရတဲ့ညတွေ။
- နေကြာဖြူ
အလံကို မမြှောက်နိုင်တဲ့နေ့ရှိရင်တောင်
မာန်ကိုတော့ မချနဲ့။
သံကြိုးဟာ
သံမဏိလိုခိုင်မာတဲ့ မျိုးချစ်စိတ်ကို
မချုပ်နှောင်နိုင်ဘူး
ကြောက်စိတ်နဲ့ သံချေးတက်နေတဲ့
လက်တွေကသာ
လူတစ်ယောက်ကို
ချုပ်နှောင်နိုင်တာ။
မင်းရဲ့ရင်ဘတ်ထဲက
"ဇွဲမလျှော့ဘူး" ဆိုတဲ့စကားတစ်လုံးဟာ
လက်နက်တစ်ရာထက်
ပိုလေးတယ်။
တောင်တွေက
လေကို မကြောက်သလို၊
မြစ်တွေက
ကျောက်တုံးကို မတောင်းပန်သလို၊
လူတစ်မျိုးရဲ့ ဂုဏ်သိက္ခာကလည်း
ဖိနှိပ်မှုရှေ့မှာ
ဒူးထောက်ဖို့ မမွေးဖွားလာဘူး။
လဲရင်လည်း
မြေကြီးပေါ်ကိုပဲ လဲ၊
ဒူးထောက်ဖို့တော့ မလဲနဲ့။
အဲဒီမြေကြီးဟာ
အရှုံးအတွက် မဟုတ်ဘူး၊
ပြန်မတ်တပ်ရပ်ဖို့
အားမွေးတဲ့ နေရာ။
သမိုင်းဆိုတာ
စကားလုံးတွေနဲ့ မရေးဘူး၊
သွေး၊ ချွေး၊ မာန်မာနနဲ့
တစ်ကြောင်းချင်း ထွင်းရေးထားတာ။
အချိန်က
နာမည်တွေကို မေ့သွားနိုင်တယ်၊
ဒါပေမယ့်
ဒူးမထောက်တဲ့ ခြေရာတွေကိုတော့
ဘယ်ခေတ်ကမှ မဖျက်နိုင်ဘူး။
တစ်နေ့နေ့မှာ
မိုးတိမ်တွေ ပြောင်းသွားလည်း
မာန်နဲ့ရပ်ခဲ့တဲ့ လူတွေရဲ့အရိပ်က
ဒီမြေပေါ်မှာ ကျန်နေဦးမယ်။
ဒါကြောင့်
အလံကို မမြှောက်နိုင်တဲ့နေ့ရှိရင်တောင်
မာန်ကိုတော့ မချနဲ့။
ဘာလို့လဲဆိုတော့
လူတစ်မျိုးရဲ့ အောင်ပွဲဟာ
လက်နက်က စတာမဟုတ်ဘူး၊
ဒူးမထောက်တဲ့ နှလုံးသားက စတာ။
-နွေဦး
ငါမျက်စိဖွင့်လိုက်ရင် နံဘေးမှာ
မင်းရှိနေမယ်။ ငါ့လက်တွေအေးနေရင်
မင်းလက်နွေးနွေးကို ဆုပ်ကိုင်ထားမယ်။
မျက်လုံးချင်းဆုံတဲ့အခါ မင်းမျက်လုံးတွေ
သိပ်လှကြောင်း ငါပြောပါဦးမယ်။
နောင်ဘဝပေါ့ ဒီဘဝတော့
ထားလိုက်ပါတော့လေ...။
-အံ့လွန်းပျို
၁၂၊ ၁၀၊ ၂၅
သည်းဦးပန်းလေး (1)
နေမင်းကို ချစ်မြတ်နိုးလွန်းလို့
အလင်းရှိရာကိုသာ လှည့်ကြည့်နေတဲ့
အဝါရောင် အပြုံးလေးနဲ့
မင်းဟာနွေဦးရဲ့ အချစ်စာတစ်စောင်။
နုနယ်တဲ့ ပွင့်ဖတ်လေးတွေကြားမှာ
လေညင်းရဲ့ သီချင်းသံကို သိမ်းဆည်းထားပြီး
တိတ်တိတ်လေး ဖူးပွင့်ရင်း
အလှတရားကို စကားမပြောဘဲပြောပြနေတယ်။
မင်းကိုမြင်ရတိုင်း
နေရောင်တောင် ပိုနွေးလာသလို၊
ကမ္ဘာကြီးကလည်း
အချစ်ကို ပြန်ယုံကြည်လာသလိုပဲ။
သည်းဦးပန်းလေးရေ...
မင်းရဲ့ ဖူးပွင့်မှုဟာ
ရနံ့ထက် ပိုမွှေးတဲ့ ခံစားချက်
အလှထက်ပိုလင်းတဲ့ မျှော်လင့်ချက်
အချစ်ဆိုတဲ့ စကားလုံးကို
တိတ်တိတ်လေး ရေးဖွဲ့ထားတဲ့
ကဗျာတစ်ပုဒ်ပဲ။
-နွေသစ်လွင်
ခင်...
ဖမ်းဆုပ်ထားခြင်းထက်
ဖြေလွှတ်ပေးခြင်းက ပိုချစ်ရာရောက်တဲ့နေ့မှာ
လက်ထဲကကြိုးကို ငါတိတ်တိတ်လေး လွှတ်လိုက်တယ်။
ကောင်းကင်က ခင့်အတွက် ဖြစ်ပါစေ။
ငါကတော့
လေတိုက်တိုင်း လှုပ်ယမ်းနေတဲ့
ကြိုးရစ်ကလေးအဖြစ်နဲ့ပဲ
ခင့်ရဲ့ ပျံသန်းရာအရပ်ကို ပြုံးရင်း ကျန်ခဲ့မယ်။
-နွေဦး
ဝေးရမဲ့ရက်တွေ ကုန်ဆုံးသွားရင်
နီးရမဲ့နေ့တွေစီ ပြန်ရောက်လာမယ်မလား....
-ကျူး
စေလိုရာစေပါ အချစ်ရယ်
သေတဲ့အခါတော့
ကိုယ် သေလိုရာမှာ သေပါရစေ။
-မြတ်နွယ်
ကိုယ်ပင်ပန်းတာကိုယ်ပဲအသိဆုံးမို့
အခုချိန် အနားမှာဘယ်သူမှမရှိလဲအဆင်ပြေတယ်
ကြင်နာချင်ယောင်ဆောင်ခဲ့တဲ့လူတစ်စုကို
အားနာနာနဲ့ကျေးဇူးတင်လိုက်တယ်
တကယ်တော့ကိုယ်ဆီကို
အချိန်မှား နေရာမှား
ရောက်လာခဲ့ကျတာပဲ
စာလေးတစ်စောင်ပါးလိုက်ပါတယ်
"သင်ဒီစမ်းသပ်ချက်မှာကျရှုံးသွားပါပြီ"
- နေကြာဖြူ
စစ်တိတ်သွားတဲ့ နောက်ဆုံးနေ့ရဲ့ ကောင်းကင်မှာ
လေတောင် မတုန်လှုပ်တော့တဲ့ အလေးပြုသံတွေ ကျန်ရစ်မယ် ။
လွမ်းသူ့ပန်းခွေတွေကတော့
မေ့ပျောက်လို့မရတဲ့ နာကျင်မှုကို ဖုံးအုပ်ရင်း
တိတ်တခိုး လဲကျနေမယ် ။
အတောင်မရှိဘဲ ပျံသန်းသွားခဲ့တဲ့
အငွေ့လိုဘဝတွေ၊ အလင်းမမြင်ရတဲ့ အရိပ်တွေကို
ငါတို့က
စကားမပြောဘဲ ဦးညွှတ်လိုက်မယ်
-နွေဦး
Season 2 မှာတော့
သူလဲနေသားကျလို့နေပြီ
ကိုယ်ကပဲရုန်းကန်ရင်းမောပန်းလို့
- နေကြာဖြူ
