es
Feedback
A poem that is not a poet's poem

A poem that is not a poet's poem

Ir al canal en Telegram

အချစ်ဦးဆိုတာ ကမ္ဘာဦးအစလိုပဲ ပြန်လွမ်းခွင့်ပဲရှိတယ် ပြန်သွားလို့မရဘူး။ - နေကြာဖြူ https://t.me/WhiteSunflowe

Mostrar más
Birmania33 000La categoría no está especificada
313
Suscriptores
-224 horas
-67 días
-2330 días
Archivo de publicaciones
ငါတို့ကြားက ကီလိုမီတာတွေက လမ်းပေါ်မှာပဲရှိတယ်။ နှလုံးသားနှစ်ခုကြားမှာတော့ အကွာအဝေးဆိုတဲ့စကားက အသံထွက်မလာခဲ့ဖူးဘူး။ -နွေဦး

မူးယစ်ဆေး တန်ဆေးလွန်ဘေး မူးယစ်ဆေး ဝေးဝေးရှောင်ပါ တစ်သက်တာ။ လူငယ်များကြား ရေပန်းစား အမှားရှောင်ကာ ပြင်ခန္ဓာ။ ကိုယ့်ကိုယ်ကိုယ်ပဲ ဆင်ခြင်ဆဲ မှီဝဲဖို့ရာ စောင့်ထိန်းလာ။ ကိုယ့်လူတို့ရေ စဉ်းစားလေ အသေမြန်တာ သူ့ကြောင့်ကွာ။ ဆိုးကျိုးများနှင့် မူးယစ်ဖြင့် သုံးလင့်သူဟာ ကျေးကျွန်ပါ။ ရာစု-၂၁ရာစု ရေးသူ-အံ့လွန်းပျို အမျိုးအစား-‌သံပေါက်

လွန်ဘူးလား ဟမ်
လွန်ဘူးလား ဟမ်

ကဗျာ နားလိုက်ရမလား။ -လင်းသစ်

မချစ်တာက အဝေးတစ်ခု။ မုန်းတာကတော့ ပြန်မရောက်နိုင်တဲ့ ကမ်းတစ်ဖက်။ -နွေဦး

မခါးဘဲ အဖျားပျောက်စေတာဆိုလို့ သူ့အပြောတွေပဲ ရှိတာ - မြတ်နွယ်

တိတ်ဆိတ်နေတဲ့ဖုန်းတစ်လုံးကို ငါကြည့်နေမိတယ်… အသံမလာဘူး စာမဝင်ဘူး သတိရသူလည်း မရှိဘူး။ နေမကောင်းတာထက် အရေးမပါတာက ပိုနာတယ်။ ငါလည်း ဘယ်သူ့ဘဝထဲမှာမှ အရေးမပါတော့ဘူးထင်တယ်။ -ကျူး

အချစ်မရတာထက် အမုန်းအဖြစ် အမှတ်ရနေရတာက ပိုတိတ်ဆိတ်တဲ့ ရှုံးနိမ့်ခြင်း။ -နွေဦး

မိုးကျရွှေကိုယ် ဘုံနတ်ပြည်ရောက်ကာမှ ဆုံရမယ် ထင်ခဲ့ပါရဲ့။ ကြုံရရင်ဖြင့် တကယ်ပင် မြတ်နိုးဖွယ် ထိုလူသားက နတ်တမျှပင် စွဲမက်စေ။ -မ
မိုးကျရွှေကိုယ် ဘုံနတ်ပြည်ရောက်ကာမှ ဆုံရမယ် ထင်ခဲ့ပါရဲ့။ ကြုံရရင်ဖြင့် တကယ်ပင် မြတ်နိုးဖွယ် ထိုလူသားက နတ်တမျှပင် စွဲမက်စေ။ -မြတ်နွယ်

အကို့အပြုံးဟာ နွယ် နေ့တိုင်း သောက်ရတဲ့ပါရာစီတီမောတစ်လုံး . . ဘေးထွက်ဆိုးကျိုးကတော့ မချစ်ရမနေနိုင်ဖြစ်လာတာပဲ။ -မြတ်နွယ်

နီးခြင်းဆိုတာ မျက်စိရဲ့အလုပ်။ ပိုင်ဆိုင်ခြင်းဆိုတာ နှလုံးသားရဲ့ဘာသာစကား။ အဲဒီဘာသာစကားမှာ မင်းက အမြဲ အမိမြေ။ -နွေဦး

သူများတွေချစ်ခြင်းမေတ္တာကို အလွယ်တကူပိုင်ဆိုင်နေတဲ့အချိန်မှာ ကိုယ်တွေအလွယ်တကူပြန်ရနေတာက ဒဏ်ရာအနာတရတွေပဲ လူလူချင်းတူပင်မဲ့ ငါတို့ကမတူခဲ့ဘူး။ - နေကြာဖြူ

လေမတိုက်တဲ့ညမှာ ကြွေသွားတဲ့သစ်ရွက်က သစ်ပင်ကို ပြန်မရှာဘူး... ငါသာ မရှိတော့တဲ့မင်းကို ရာသီတိုင်းနဲ့ မှားယွင်းနေတုန်း။ -နွေဦး

ဒိုင်ယာရီထဲက ဖဲကြိုးဝါဝါတွေ [ ၄ ] ချစ်ခြင်းမေတ္တာမှာ အတ္တတွေများလွန်းရင်လဲ မကောင်းသလို မာနတွေ ပိုလွန်းရင်လဲ မလှတော့ဘူး အသက်ရဲ
ဒိုင်ယာရီထဲက ဖဲကြိုးဝါဝါတွေ [ ၄ ] ချစ်ခြင်းမေတ္တာမှာ အတ္တတွေများလွန်းရင်လဲ မကောင်းသလို မာနတွေ ပိုလွန်းရင်လဲ မလှတော့ဘူး အသက်ရဲ့။ ဒါကြောင့်... ဒီအရာ ၂ခုလုံးကို ကိုယ်ဝှက်ထားပါတယ်။ - လိပ်ပြာ

မေ့ခဲ့တယ်ဆိုတာ အမှတ်တရတွေကို မေးကြည့်ပါ… ငါ့ထက် သူတို့က မင်းကို ပိုမှတ်မိနေတယ်။ -နွေဦး

ဥဒေတယံချီ ဥဒေါင်းမင်းပရိတ်ရွတ်ဖို့ နေအထွက်ကိုစောင့်စရာမလိုတော့ အချစ်က ကိုယ့်ဘေး ရှိခဲ့ပြီမလား။ -မြတ်နွယ်

''မေ့ဖို့မေ့လျှော့ခြင်း'' ကြိုးစားမှုတိုင်းဟာ အချည်းနှီးဖြစ်ရတဲ့အခါ... မေ့ပစ်ဖို့ ကြိုးစားခြင်းကိုပဲ ငါ အရင်ဆုံး မေ့ပစ်လိုက်ရ
''မေ့ဖို့မေ့လျှော့ခြင်း'' ကြိုးစားမှုတိုင်းဟာ အချည်းနှီးဖြစ်ရတဲ့အခါ... မေ့ပစ်ဖို့ ကြိုးစားခြင်းကိုပဲ ငါ အရင်ဆုံး မေ့ပစ်လိုက်ရတော့မလိုပဲ။
-ကျော်ကြီး(ကျော်ရိပ်ညို)

လရောင်က ညကိုမလင်းစေဘူး အမှောင်ကသာ လရောင်ကိုလင်းစေတာ။ -နွေဦး

ကမ္ဘာကြီးရေ... ငါပြန်မလာတော့တဲ့ လမ်းတစ်လမ်းကို ဒီနေ့ စလျှောက်တော့မယ်။ မင်းကတော့ နေထွက်တိုင်း လင်းနေဦးမယ်။ ပန်းပွင့်တိုင်း မွှေးနေဦးမယ်။ လူသစ်တွေ ရယ်မောနေဦးမယ်။ ငါမရှိတော့တာနဲ့ မင်းရဲ့အချိန်တွေ မရပ်သွားဘူး။ အဲဒါကို သိနေလို့ပဲ နာကျင်မှုက ပိုတိတ်ဆိတ်တယ်။ တောင်းဆိုစရာ တစ်ခုပဲရှိတယ်— တစ်ခါတလေ ညနေခင်းလေပြေက တစ်ယောက်ယောက်ရဲ့ မျက်နှာကို ညင်ညင်သာသာ ထိတွေ့သွားရင်... "ဒီလေထဲမှာ တစ်ချိန်က ဘဝကို အရမ်းချစ်ခဲ့တဲ့ လူတစ်ယောက်ရဲ့ အိပ်မက်အမှုန်လေးတွေ ပါသွားခဲ့ဖူးတယ်..." လို့ မင်းတစ်ယောက်တည်း သိထားပေး။ ငါ့နောက်မှာ သင်္ချိုင်းတစ်ခု မလိုဘူး။ ကျောက်စာတစ်ချပ်လည်း မလိုဘူး။ မေတ္တာနဲ့ အသက်ရှင်ခဲ့တဲ့ အချိန်လေးတချို့သာ မင်းရဲ့ကောင်းကင်အောက်မှာ လေလို တိတ်တိတ်လေး ကျန်နေပါစေ။ -နွေဦး

ကမ္ဘာကြီးရေ… ငါထွက်သွားတဲ့နေ့မှာ နာရီတွေကို မရပ်ခိုင်းနဲ့။ အချိန်ဟာ ငါ့ကြောင့် မနှေးသင့်ဘူး။ ငါ့အရိပ်လေး လမ်းဘေးမှာ ပျောက်သွားရင်တောင် လူသစ်တွေရဲ့ ခြေရာတွေက ဆက်ပြီး ပေါ်လာဦးမယ်။ ငါက ဒီကမ္ဘာကို ပြောင်းလဲနိုင်တဲ့လူ မဟုတ်ခဲ့ဘူး။ ဒါပေမဲ့… ဒီကမ္ဘာကြီးက ငါ့ကို တစ်ခဏလောက် အသက်ရှင်ခွင့်ပေးခဲ့တာကိုတော့ ကျေးဇူးတင်တယ်။ တစ်နေ့ ငါ့နာမည်ဟာ လေထဲက ဖုန်မှုန့်လို ပျောက်သွားရင်တောင် ငါကြည့်ဖူးတဲ့ ကောင်းကင်၊ ငါချစ်ဖူးတဲ့ မိုး၊ ငါလျှောက်ခဲ့ဖူးတဲ့ လမ်းတွေ… အဲ့ဒီအရာတွေက ငါရှိခဲ့ဖူးကြောင်းကို တိတ်တိတ်လေး သိနေကြလိမ့်မယ်။ -နွေဦး