Our President 🇲🇲
Ir al canal en Telegram
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ကို ချစ်ခင်လေးစား၍သမ္မတကြီးရဲ့သတင်းများ၊အမိန့်၊ညွှန်ကြားချက်၊သဝဏ်လွှာများ၊မိန့်ခွန်းကောက်နှုတ်ချက်များကို ဖော်ပြပေးသွားမည်။
Mostrar másEl país no está especificadoLa categoría no está especificada
216
Suscriptores
Sin datos24 horas
-17 días
-230 días
Archivo de publicaciones
+2
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နေပြည်တော်မြို့အဝင်မုခ်ဦး (Naypyitaw Gate) တည်ဆောက်နေမှုလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေး၊ လိုအပ်သည်များ လမ်းညွှန်မှာကြား
နေပြည်တော်၊ ဇွန် - ၂၅
ပြည်ထောင်စုနယ်မြေနေပြည်တော်ကို မြို့ပြ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိမ်း လန်းစိုပြည်သောမြို့ (Green City)၊ သန့်ရှင်းသောမြို့ (Clean City)နှင့် ခေတ်မီ နည်း ပညာအခြေပြုမြို့ပြ (Smart City)အဖြစ် ဘက်စုံကဏ္ဍစုံမှ အကောင်အထည်ဖော် တည်ဆောက်လျက်ရှိပြီး နေပြည်တော်မြို့အဝင်မုခ်ဦး(Naypyitaw Gate) ကိုလည်း မြို့တော်အဝင် အထင်ကရအမှတ်အသားဖြစ်စေရန်၊ မြို့တော်အတွင်းသို့ ဝင်ရောက်လာ သူများကို မင်္ဂလာရှိစွာကြိုဆိုရန်၊ နိုင်ငံ၏ မြို့ပြဂုဏ်သိက္ခာနှင့် အဆင့်အတန်းကို မြှင့် တင်နိုင်ရန်၊ မြန်မာ့ယဉ်ကျေးမှုနှင့် သမိုင်းကြောင်းအား ထိန်းသိမ်းဖော်ပြရန် စသည့်ရည် ရွယ်ချက်များဖြင့် တည်ဆောက်လျက်ရှိသည်။#PPIB
+9
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ၂၀၂၆ ခုနှစ် မိုးရာသီ နိုင်ငံတော်အဆင့် ဒုတိယအကြိမ် သစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်
၂၀၂၆ ခုနှစ် မိုးရာသီ နိုင်ငံတော်အဆင့် ဒုတိယအကြိမ် သစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့ ဇွန်လ ၂၅ ရက်တွင် ကျင်းပခဲ့ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်ခဲ့သည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော်တွင် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊ သစ်တောသယံဇာတများ ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှု၏ သက်ရောက်မှုများ လျှော့ချနိုင်ရေးတို့ကို ရည်ရွယ်၍ အပင်အမျိုးအစား (၁၄) မျိုးမှ ပျိုးပင်စုစုပေါင်း (၃,၀၀၀) ပင်ကို စိုက်ပျိုးခဲ့ကြသည်။
#HOS
+9
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ၂၀၂၆ ခုနှစ် မိုးရာသီ နိုင်ငံတော်အဆင့် ဒုတိယအကြိမ် သစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်
၂၀၂၆ ခုနှစ် မိုးရာသီ နိုင်ငံတော်အဆင့် ဒုတိယအကြိမ် သစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့ ဇွန်လ ၂၅ ရက်တွင် ကျင်းပခဲ့ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်ခဲ့သည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော်တွင် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊ သစ်တောသယံဇာတများ ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှု၏ သက်ရောက်မှုများ လျှော့ချနိုင်ရေးတို့ကို ရည်ရွယ်၍ အပင်အမျိုးအစား (၁၄) မျိုးမှ ပျိုးပင်စုစုပေါင်း (၃,၀၀၀) ပင်ကို စိုက်ပျိုးခဲ့ကြသည်။
#PPIB
#Our
Repost from Dr Khaing Khaing Soe
အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ အစည်းအဝေးတွင် နိုင်ငံတော် သမ္မတ၏ လမ်းညွှန်မှာကြားမှု ကောက်နုတ်ချက်များ
MSME ဖွံ့ဖြိုးရေးနှင့် ကုန်ထုတ်လုပ်မှုမြှင့်တင်ရေး – MSME လုပ်ငန်းများကို နိုင်ငံ့စီးပွားရေး၏ အခြေခံအုတ်မြစ်အဖြစ် သတ်မှတ်ကာ ကုန်ထုတ်လုပ်မှုကို ဦးစားပေးဆောင်ရွက်ပြီး ကုန်ကြမ်းများကို Value-added ထုတ်ကုန်များအဖြစ် တိုးမြှင့်ထုတ်လုပ်ရန် တိုက်တွန်းပြောကြားခဲ့ပါသည်။
ထုတ်ကုန်အရည်အသွေးနှင့် ဈေးကွက်ချဲ့ထွင်ရေး – ထုတ်ကုန်များ အရည်အသွေးမြှင့်တင်ရန်၊ ဆန်စက်များ အဆင့်မီစေရန်၊ ဈေးကွက်လိုအပ်ချက်နှင့် ကိုက်ညီသော ထုတ်ကုန်များ ထုတ်လုပ်ရောင်းချနိုင်ရေး အလေးထားဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပါသည်။
လျှပ်စစ်၊ စွမ်းအင်နှင့် နည်းပညာအခြေခံလိုအပ်ချက်များ – MSME လုပ်ငန်းများအတွက် လောင်စာဆီ၊ လျှပ်စစ်၊ နည်းပညာကျွမ်းကျင်မှုတို့ အရေးကြီးကြောင်း၊ ဒေသအလိုက် ဆိုလာစနစ်များ တိုးချဲ့တပ်ဆင်ရန်နှင့် AI နည်းပညာကို MSME လုပ်ငန်းများတွင် ပေါင်းစပ်အသုံးချရန် တိုက်တွန်း ပြောကြားခဲ့ပါသည်။
လူ့စွမ်းအားအရင်းအမြစ်နှင့် ပညာရေးမြှင့်တင်ရေး – ပညာရေးကဏ္ဍကို ပိုမိုမြှင့်တင်ကာ KG+9 စနစ် အောင်မြင်စွာ အကောင်အထည်ဖော်ရေး၊ လုပ်ငန်းခွင်သင်တန်းများ တိုးချဲ့ဖွင့်လှစ်ရေးနှင့် ပညာရေးတွင် ရင်းနှီးမြှုပ်နှံခြင်းသည် အမြင့်ဆုံးတန်ဖိုးရှိကြောင်း အလေးပေးပြောကြားခဲ့ပါသည်။
စိုက်ပျိုးရေးနှင့် ကုန်ကြမ်းအခြေခံ MSME ဖွံ့ဖြိုးရေး – မျိုးကောင်းမျိုးသန့်၊ ရေရရှိရေးကို ပံ့ပိုးပေးရန်၊ နှမ်း၊ ဝါ၊ ရာဘာ၊ ကော်ဖီ၊ သရက်နှင့် ဝါးအခြေခံ ထုတ်ကုန်များကို MSME လုပ်ငန်းများအဖြစ် တိုးချဲ့ဖွံ့ဖြိုးစေရန် တိုက်တွန်းပြောကြားခဲ့ပါသည်။
ရင်းနှီးမြှုပ်နှံမှု၊ စက်မှုဇုန်နှင့် အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးရေး – ပြည်တွင်းရင်းနှီးမြှုပ်နှံမှုများကို အားပေးကာ စက်မှုဇုန်များ၊ စက်မှုရပ်ကွက်များကို စနစ်တကျ ဖွံ့ဖြိုးစေရေးနှင့် နိုင်ငံတကာအဆင့်မီ အထူးစီးပွားရေးဇုန်များ အကောင်အထည်ဖော်ရန် လမ်းညွှန်မှာကြားခဲ့ပါသည်။
အုပ်ချုပ်ရေးနှင့် အချက်အလက်အခြေပြု စီမံခန့်ခွဲရေး – ကြိုးနီစနစ်များကို ပြန်လည်သုံးသပ်၍ လုပ်ငန်းဆောင်ရွက်မှုများ ထိရောက်စေရန်၊ မှန်ကန်ပြည့်စုံသော စာရင်းအင်းနှင့် အချက်အလက်များအပေါ် အခြေခံပြီး ဖွံ့ဖြိုးရေးအစီအစဉ်များ ရေးဆွဲဆောင်ရွက်ရန် တိုက်တွန်းပြောကြားခဲ့ပါသည်။
ပြည်သူ့အကျိုးပြု ဖွံ့ဖြိုးရေးနှင့် နိုင်ငံတိုးတက်ရေး – အစားအသောက်များ ဈေးနှုန်းသက်သာ၍ အရည်အသွေးပြည့်မီစေရေး၊ ရှင်းလင်းနားလည်လွယ်သည့် ပညာပေးလုပ်ငန်းများ ဆောင်ရွက်ရေးနှင့် စေတနာကောင်းဖြင့် ပူးပေါင်းအကောင်အထည်ဖော်ပါက နိုင်ငံဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း အလေးပေးပြောကြားခဲ့ပါသည်။
+2
၂၀၂၆ ခုနှစ် မိုးရာသီ နိုင်ငံတော်အဆင့် ဒုတိယအကြိမ် သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ
နေပြည်တော်၊ ဇွန် ၂၅
၂၀၂၆ ခုနှစ် မိုးရာသီ နိုင်ငံတော်အဆင့် ဒုတိယအကြိမ် သစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့ ကျင်းပခဲ့ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်ခဲ့သည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော်တွင် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊ သစ်တောသယံဇာတများ ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှု၏ သက်ရောက်မှုများ လျှော့ချနိုင်ရေးတို့ကို ရည်ရွယ်၍ အပင်အမျိုးအစား (၁၄) မျိုးမှ ပျိုးပင်စုစုပေါင်း (၃,၀၀၀) ပင်ကို စိုက်ပျိုးခဲ့ကြသည်။
သစ်ပင်စိုက်ပျိုးပွဲတော်သို့ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကာ စုပေါင်းသစ်ပင်များ စိုက်ပျိုးခဲ့ကြောင်း သိရသည်။
#Our
ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ခရိုင်အဆင့်၊ ပြည်နယ်အဆင့် တာဝန်ရှိသူများအနေဖြင့် မိမိတို့ဌာနဆိုင်ရာဝန်ထမ်းများနှင့် ထိတွေ့ဆက်ဆံမှုကောင်းရှိရန်လိုပြီး ညီညွတ်မျှတသည့်အုပ်ချုပ်မှုပုံစံရှိရန်လိုကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြောကြား
==============================
ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ခရိုင်အဆင့်၊ ပြည်နယ်အဆင့် တာဝန်ရှိသူများအနေဖြင့် မိမိတို့ဌာနဆိုင်ရာဝန်ထမ်းများနှင့် ထိတွေ့ဆက်ဆံမှုကောင်းရှိရန်လိုပြီး ညီညွတ်မျှတသည့်အုပ်ချုပ်မှုပုံစံရှိရန်လိုကြောင်း၊ မိမိတို့ကွပ်ကဲရသည့် ဝန်ထမ်းများနှင့် မိသားစုများ၏ လုပ်ငန်းပိုင်းဆိုင်ရာနှင့် ကိုယ်ရေးကိုယ်တာအခက်အခဲများနှင့်ပတ်သက်၍လည်း တတ်နိုင်သည့်ဘက်မှ ဖြည့်ဆည်းဆောင်ရွက်ပေးသွားရန်လိုကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ဇွန်လ ၂၃ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် ပြည်သူများအနေဖြင့် ကိုယ်စိတ်နှလုံးချမ်းမြေ့စွာ လုပ်ကိုင်စားသောက်နေထိုင်နိုင်ရေးအတွက်လည်း ၎င်းတို့ကြုံတွေ့နေရသည့် အခက်အခဲများကို မိမိတို့
ဖြေရှင်းပေးနိုင်သည့်ဘက်မှ ဖြေရှင်းဆောင်ရွက်ပေးသွားရန်လိုကြောင်းလည်း
ပြောကြားခဲ့တယ်လို့ သိရပါတယ်။
+5
မြေပေါ်မြေအောက်သယံဇာတများ၊ အရင်းအမြစ်ကောင်းများ ပိုင်ဆိုင်ထားသည့် မြန်မာနိုင်ငံ၌ အလုပ်အကိုင်အခွင့်အလမ်းများကို နိုင်ငံတော်က ဖော်ဆောင်ပေးမည်ဟု နိုင်ငံတော်သမ္မတ ပြော
မြေပေါ်မြေအောက်သယံဇာတများ၊ အရင်းအမြစ်ကောင်းများ ပိုင်ဆိုင်ထားသည့် မြန်မာနိုင်ငံ၌ အလုပ်အကိုင်အခွင့်အလမ်းများကို နိုင်ငံတော်က ဖော်ဆောင်ပေးမည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယမန်နေ့ ဇွန် ၂၃ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုအစိုးရ အဖွဲ့အစည်းအဝေး၌ ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် မြေပေါ်မြေအောက်သယံဇာတများ၊ အရင်းအမြစ်ကောင်းများစွာ ပိုင်ဆိုင်ထားပြီး ဖြစ်ကာ လိုအပ်နေသည်မှာ အလုပ်လုပ်နိုင်ရန်နှင့် အလုပ်လုပ်ချင်စိတ်ရှိရန်ဖြစ်ပြီး အမှန်တကယ် အလုပ်လုပ်ရန်လိုကြောင်း၊ အလုပ်လုပ်ချင်စိတ်သည် လူတိုင်းနှင့်သက်ဆိုင်ပြီး အလုပ်လုပ်နိုင်ရန် အတွက် အလုပ်အကိုင်အခွင့်အလမ်းများ လိုအပ်သဖြင့် နိုင်ငံတော်မှ အလုပ်အကိုင်အခွင့်အလမ်းများ အကောင်အထည် ဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။
Then, the President made concluding remarks, saying union ministers, chief ministers of regions and states, officials at district and state levels are required to have good relations with their departmental staff and maintain consistent and fair governance models. It is also necessary for them to help solve the difficulties of staff at work and in their personal lives as much as possible. Furthermore, they are required to help solve the difficulties of the people through possible means to enable the public to lead their lives in peace of mind and body. As only when the wishes of the people are correctly understood, can their problems be solved, it is important to have good public relations. Although the government has to adopt and implement policies for what it wants, it is important not to neglect the wishes of the people. As wishes and the natures of the people will not be the same in sectors such as education, health and social sectors based on their social strata, efforts must be made to understand public voices correctly to align the wishes of the people with government policies and to achieve socio-economic development of the State and its citizens. Then, the meeting concluded.
The total number of school enrollment in all regions and states has exceeded 7.2 million. The government is now implementing the compulsory education system up to Grade 9. If every student completes Grade 9, it will be very helpful for his life. As Myanmar is based on agriculture and livestock, it needs a large number of experts in the fields of agriculture and live-stock. Hence, basic agricultural and livestock farming skills are being taught starting from the middle school level. Collective efforts must be made to raise the school attendance rate in every region and state to increase the educated persons.
It can be seen that some basic education schools had to be closed while some were integrated with others for teaching for various reasons. It is necessary to take measures to enable students to fully study their lessons in all basic education schools in areas where security has been guaranteed. Concerning the wish to upgrade schools, it is to take the current number of school-aged children who can go to school in a region into consideration. As the government has to manage the number of teaching staff required and administrative needs in upgrading schools, it is important to make systematic assessments before upgrading schools. Re-levant ministries and regions and states are required to take systematic measures for the development of the education sector.
Relevant officials are to correctly place emphasis on nurturing athletes who can represent the image of the country
For the development of the sports sector, athletes must be trained systematically starting from basic education schools. Students must be trained under physical education instructors and sports coaches to enable them to participate in sports. Similarly, sports competitions at relevant township-, district-, region-, state- and union-levels must be systematically organized. As our country still has weaknesses in competing international sporting events, concerted efforts must be made for the development of the sports sector. It is necessary for relevant officials to correctly place emphasis on nurturing athletes who can represent the image of the country. Long-term social security of athletes must be taken into consideration. Only then will the sports sectors of the country achieve progress.
Needs to utilize electricity systematically
Illegal use of electricity is being exposed and action is taken against them. Responsible officials are required to consistently take monitoring measures to ensure the systematic and correct use of electricity. Efforts must also be made to operate electricity plants at their full capacities. Solar power generation is one of the most suitable tasks for the country. Therefore, national entrepreneurs must be invited to generate solar power. As electricity can be generated from coal, which is not needed to be imported, measures must be taken to build coal-fired power plants to generate sufficient electricity for the country. Efforts must also be made to manufacture and sell EVs from beginning to end locally and measures must be taken to use electric trucks and public transportation vehicles in the country.
Local food security
Local food security measures are implemented by relevant regions and states. For some areas, which have difficulty ensure food security due to various reasons, the State has been fulfilling the needs by looking for ways and means as much as possible. Efforts must also be made for sufficiency of edible oil and emphasis must be placed on successfully cultivating oil crops such as soya beans, sun flower, sesame and peanut.
Union ministers submit reports
Then, union ministers and chief ministers of regions and states made reports on relevant sectors.
Efforts to be made to understand public voices correctly to align wishes of people with government policies
President of the Republic of the Union of Myanmar U Min Aung Hlaing addresses Union government meeting Myanmar is rich in aboveground and underground natural resources and what it needs is the ability to work and the willingness to work, and it is crucial to actually get the work done
Nay Pyi Taw June 23
A Union government meeting of the Republic of the Un-ion of Myanmar took place at the Union government meeting hall of the Presidential Off-ice in Nay Pyi Taw this after-noon, addressed by President U Min Aung Hlaing.
Also present at the meeting were Vice Presidents U Nyo Saw and Daw Nan Ni Ni Aye, union ministers, the Nay Pyi Taw Council chair. Region/state chief ministers attended the meeting through video conferencing.
National prosperity calls for inclusive participation
In his keynote address, the President said the government has to take the responsibility for the national prosperity, giving priority to sector-wise implementation of the task with the coordinated participation of all the regions and states. Projects that call for financial year-wise action must be fully implemented. Upgrading of the education and road transport sectors must be prioritized in the coming FY.
Ongoing production businesses must be continued, while developing the business functions
The country’s production industry is still weak, he pointed out. The President said “I paid an official visit to India in early May, and later, I was on a State Visit to China.” During the visits, meetings with entrepreneurs were organized, holding talks on promotion of Myanmar’s foreign trade and internal and external foreign direct investments, with the aim of increasing domestic production. Increase in domestic and foreign investments will generate jobs and develop the production industry. Production development and continued functioning of the existing production businesses should be in parallel. In this way, there will be development in the domestic production sector, he said.
The relevant ministries and regions and states must closely supervise and execute the task of ensuring a continuous supply of inputs without losing sight of the objective for the production industry to operate at full capacity. Myanmar is rich in aboveground and underground natural resources, the President noted, adding that what the country needs is the ability to work and the willingness to work, and it is crucial to actually get the work done. The eagerness to work is relevant to every person, while the government on its part must generate job opportunities. As both the intellectual knowledge and technological knowledge are essential for possessing the capacity and the technical skill to work, they must be disseminated. This will develop the domestic production industry. Every region and state must pay attention to ensuring production development through the operation of all factories.
Agricultural and livestock sectors need progress
As the rainy season has started, preparations should be made to plant the designated crops as targeted. Four essential points – seeds, soil, water and technology – must be observed for the development of agriculture. Efforts should be made for the availability of quality seeds that will increase the crop yield. Required inputs including chemical and natural fertilizers must be applied systematically in ground preparation work. In addition, adequate water supply and correct methods are also required. Myanmar is an agro-country, so, all the selected crops must be planted as targeted.
All regions and states must strive to achieve further progress in the livestock business. Illegal export of cattle and buffaloes has led to the scarcity of the draught animals in regions and states. Shortage of cattle and buffaloes can harm agricultural business. Hence, farming zones should be set up to raise a large number of the draught animals. The zones should also farm milk cows. Moreover, they should also raise chicken, pigs, goats and fish to ensure an extra food supply.
Country needs a large workforce skilled in agricultural and livestock science
အဲ့တော့ တည်ငြိမ်အေးချမ်းမှုရှိဖို့ဆိုရင် နိုင်ငံရေးက အရေးကြီးဆုံးပဲ။ နိုင်ငံရေး ကျွန်တော်တို့က တကယ်ခိုင်မာအောင် လုပ်ဖို့လိုတယ်။ ဒါကို ယုံကြည်မှုရှိရှိနဲ့ ပူးပေါင်းဆောင်ရွက်မှု ရှိဖို့လိုတယ်။ ဒါပေမဲ့ နိုင်ငံရေးပဲ ဘယ်လောက်ပဲ ကျွန်တော်တို့က ယုံကြည်မှုရှိအောင် လုပ်ပေးပေး၊ ကျွန်တော်တို့ လူတွေရဲ့ Concept ပြည်သူလူထုရဲ့ Concept ပဲလိုတယ်။ သူတို့ရဲ့ Concept အတွက် သူတို့ရဲ့ အတွေးအခေါ်တွေ လိုက်ပါနိုင်အောင် ကျွန်တော်တို့ ဆောင်ရွက်ပေးရမှာပေါ့။ ဒါက ပြုပြင်ပြောင်းလဲမှုလုပ်ငန်းတွေ အများကြီးရှိတယ်။ ဒါကတော့ တစ်နှစ်၊ နှစ်နှစ်နဲ့ မရောက်ဘူး။ လေး၊ ငါးနှစ်နဲ့လည်း မရောက်ဘူး။ ၁၀ နှစ်လောက်၊ ၁၅ နှစ်လောက် ကျွန်တော်တို့ ကြိုးစားရမယ်။ ဒါပေမဲ့ အရေးကြီးတာကတော့ သူ့တိုင်းပြည်ပေါ်မှာ ကောင်းစေချင်တဲ့စိတ်ရှိတယ်ဆိုတဲ့ နိုင်ငံသားတွေရဲ့ စိတ်ဓာတ်ပဲ။ တိုင်းပြည်ကို ကောင်းအောင်လုပ်မယ်ဆိုတဲ့ နိုင်ငံသားတိုင်း၊ နိုင်ငံသားတိုင်း အဲဒါ ပြည်သူလူထု အားလုံးပါတယ်။ ဟိုတစ်ကွက် ဒီတစ်ကွက် ဟိုလူချန်ခဲ့ ဒီလူချန်ခဲ့ လုပ်လို့မရဘူး။ သူတို့ အကုန်လုံး ပါရမယ်။ တစ်ခုခုပြဿနာ သူတို့ခံစားချက်ရှိနေလို့ရှိရင် သူတို့က ပြဿနာ ရှာနေမှာပါပဲ။ အဲ့လို ပြဿနာရှာလို့ အခု နိုင်ငံရေး မတည်မငြိမ်မှုတွေဖြစ်တာ။ ကျွန်တော်အနေနဲ့သူတို့ပြဿနာမရှာအောင် လုပ်ဖို့ဆိုတာလည်း ဥပဒေနဲ့ စည်းကမ်းနဲ့အညီပဲ သွားလို့ရတယ်။ လူတွေကတော့ အမျိုးစုံဆန္ဒရှိမယ်။ မတူနိုင်ဘူး။ အဲ့ဒါ ကျွန်တော်တို့က စည်းမျဉ်းစည်းကမ်းဥပဒေနဲ့ပဲ သူက သွားရမယ်။ ဒါပေမဲ့ ဒါကို သွားပြောလို့ရှိရင်လည်း Rigid ပေါ့။ ဥပဒေနဲ့လုပ်ရမှာ တောင့်တောင့်တင်းတင်း လုပ်ဖို့မဟုတ်ဘူး။ Relax ဖြစ်ရမှာပေါ့။ ဒါကို ကျွန်တော်တို့က ပြည်သူတွေ စိတ်ချမ်းသာအောင်လုပ်ပေးရမယ်။ ဒါက ပြောရလို့ရှိရင် ဒါက အဖြေပဲ။ ပြည်သူ စိတ်ချမ်းသာအောင် လုပ်ပေးရမယ်။
မြန်မာ့ပုံရိပ်ဖော်ညွှန်းအဖွဲ့ဥက္ကဋ္ဌ ဦးကိုကို မေး။ ကျွန်တော်တို့ ဒီနေ့ ကမ္ဘာ့အခြေအနေကို ကြည့်မယ်ဆိုရင် ကျွန်တော်တို့ Multipolar world လို့ခေါ်တဲ့ ဝင်ရိုးစုံ ဝင်ရိုးစုံအပွားအစုံများ ပိုမိုပြီးတော့ ပေါ်လွင်လာတာ တွေ့ရပါတယ်။ အဲ့ဒီ Multipolar world ကြောင့်လည်း နိုင်ငံငယ်လေးတွေက မိတ်ဖက်ဆက်ဆံရေးတွေ အခြားနိုင်ငံတွေနဲ့ ပိုပြီးတိုးမြှင့်ဆောင်ရွက်နိုင်တဲ့ အခွင့်အလမ်းတွေ ရှိပါတယ်။ အဲ့တော့ ကျွန်တော်တို့ သမ္မတကြီးဆီကနေ သိချင်တာကတော့ မြန်မာနိုင်ငံအနေနဲ့ အခုလို တရုတ်ပြည်သူ့သမ္မတနိုင်ငံ ချစ်ကြည်ရေးခရီးလာတယ်။ နှစ်နိုင်ငံရဲ့ ဆက်ဆံရေးကလည်း တိုးမြှင့်လာတယ်၊ မြှင့်တင်လာတယ်။ အဲ့ဒီ ချစ်ကြည်ရင်းနှီးမှုကို ဆက်ဆံရေးကို အခြေခံပြီးတော့ ဒီ ထွန်းသစ်စပြုလာတဲ့ ကျွန်တော်တို့ Multipolar world အစီအစဉ်မှာ အခွင့်အလမ်းတွေ ဘယ်လိုမျိုးယူရနိုင်မလဲခင်ဗျာ။
နိုင်ငံတော်သမ္မတ။ အများကြီးရှိတယ်။ Multipolar world။ ကမ္ဘာ့နိုင်ငံတွေကြည့်လိုက် အကုန်လုံးကတော့ သူတို့က လိုလားချက် အကုန်ရှိကြတာချည်းပဲ။ အဲ့တော့ ဟိုအရင်ကတော့ Unipolar, Bipolar ဒီလို သွားကြတာကိုး။ Unipolar နဲ့ ဖြစ်ကြတယ်။ ကျွန်တော်တို့ ခံရမှာလေဗျာ။ ကျွန်တော်တို့ အဲ့ဒီ Unipolar မှာလည်း ခံရတယ်၊ Bipolar မှာလည်း ပြိုင်ဘက်တွေရှိတော့ ပိုပြီးတော့ ပါလာတာပေါ့။ ဒီပြဿနာရှိတယ်။ Multipolar ဆိုတာကတော့ ဖြစ်နိုင်လို့ရှိရင်တော့ နိုင်ငံအားလုံးနိုင်ငံနဲ့လည်း ရှိမယ်၊ Region လိုက်လည်း ရှိမယ်၊ Group လိုက်လည်း ရှိမယ်။ ဒီကနေပြီးတော့ ယှဉ်ပြိုင်ပြီးတော့ လုပ်လာမယ်ဆိုလို့ရှိရင် နိုင်ငံအားလုံး အကျိုးခံစားရမယ်။ တူညီတဲ့အကျိုးခံစားရလိမ့်မယ်။ ဘာမှခွဲခြားမှုမရှိဘူး။ လူမျိုးရေးအရ ခွဲခြားမှု၊ အသားအရောင်အရ ခွဲခြားမှု၊ ဘာသာရေးအရ ခွဲခြားမှု၊ ဒေသအရ ခွဲခြားမှု ဒါတွေမရှိအောင် ကျွန်တော်တို့လုပ်ရမယ်။ ဒီလိုသာလုပ်မယ်ဆိုရင် ခင်ဗျား ကမ္ဘာကြီးကတည်ငြိမ်အေးချမ်းမှုနဲ့ တိုးတက်မှုရှိသွားလိမ့်မယ်။ ဒါ ကျွန်တော်တို့ အသုံးချနိုင်ဖို့လိုတယ်။
နိုင်ငံတော်သမ္မတ။ ရှိတယ်ဗျ။ တကယ်တော့ မြန်မာနိုင်ငံက ခုန Land bridge နိုင်ငံတင်မဟုတ်ဘူး။ Choke point တကယ့်ဆုံချက်နိုင်ငံဖြစ်တယ်။ တကယ့်ဆုံချက်ဆိုတာ တော်တော်ကို ကြီးမားတဲ့ အဲ့ဒါ Impact ရှိပါတယ်။ ဥပမာအားဖြင့် အိန္ဒိယသမုဒ္ဒရာဘက် သွားမယ်ဆိုရင်လည်း အိန္ဒိယနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အနောက်က အနောက်ဘက်က နိုင်ငံတွေ၊ အခုဆိုရင် အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေးအတွက် လမ်းစတွေပေါ်လာပြီဆိုတော့ အဲ့ဒီအခွင့်အလမ်းတွေအများကြီး ကျွန်တော်တို့ အသုံးချလို့ရသွားတယ်။ ဒါကတစ်ခု။ နောက် တရုတ်နိုင်ငံအတွက်ပေါ့နော်။ နောက်တစ်ခါ အိန္ဒိယနိုင်ငံအတွက်ပဲ ပြန်ကြည့်ရင်လည်း အိန္ဒိယကလည်း သူတို့ဘက်က အခြေအနေပေးရင်လည်း တရုတ်ဘက် ဆက်သွယ်မှုပေါ့။ ကျွန်တော်တို့ မြန်မာနိုင်ငံက သူတို့လည်းသူတို့နယ်နိမိတ်ထိစပ်နေတဲ့အပိုင်းတွေရှိတယ်။ သို့သော် ကျွန်တော်တို့နိုင်ငံတွေ တရုတ်နိုင်ငံဘက်သွားမယ်ဆိုရင်လည်း Competition လုပ်လို့ရတဲ့ နယ်ပယ်တွေမှာ သူတို့ လုပ်ခွင့်ရှိမှာပေါ့။ ဒီလိုပဲ အာဆီယံနိုင်ငံဆိုလည်း သူတို့ သွားလို့ရမှာပဲ။ အိန္ဒိယနဲ့ တရုတ်နိုင်ငံတင်မကဘူး။ တခြားနိုင်ငံတွေကလည်း မြန်မာနိုင်ငံကို အခြေပြုပြီးတော့မှ အိန္ဒိယနိုင်ငံ သွားမလား၊ တရုတ်နိုင်ငံ သွားမလား၊ အာဆီယံ သွားမလား။ ဒါ ကျွန်တော်တို့က အသုံးချနိုင်ဖို့ လိုတယ်။ အဲ့လို အသုံးချနိုင်ဖို့ဆိုရင် တည်ငြိမ်အေးချမ်းရေးက အရေးကြီးတယ်။ နိုင်ငံရေးတည်ငြိမ်အေးချမ်းမှု၊ လုံခြုံရေးတည်ငြိမ်အေးချမ်းမှု။ ပြည်သူလူထုရဲ့ ဘဝတွေ တည်ငြိမ်အေးချမ်းမှု၊ ဘဝတည်ငြိမ်အေးချမ်းမှုရှိဖို့ လိုတယ်။ နိုင်ငံရေးက နိုင်ငံရေးတစ်ပိုင်း၊ ပြည်သူလူထုရဲ့ ဘဝကတစ်ပိုင်း။ မတူဘူး။ ခွဲခြားဖြတ်ထားတာ။ ဒီလိုသာ လုပ်မယ်ဆိုရင် တိုင်းပြည်က အခြေအနေကောင်းတွေအများကြီးရှိတယ်လို့၊ အသုံးချနိုင်ဖို့ပေါ့။ အခြေအနေကောင်းတွေ အများကြီးရှိတယ်လို့ ကျွန်တော်ပြောချင်ပါတယ်။
ဦးကျော်ဇောလင်း မေး။ သမ္မတကြီး ဒီကာလအတွင်းမှာ တွေ့ဆုံခဲ့တဲ့ နိုင်ငံကြီးနှစ်နိုင်ငံ တရုတ်ရယ်၊ အိန္ဒိယရယ်ပေါ့။ သူတို့ရဲ့ purchasing power parity အရ ကျွန်တော်တို့ တရုတ်ဆိုလို့ရှိရင် အဆင့် ကမ္ဘာ့အဆင့်တစ်၊ အိန္ဒိယဆို အဆင့်သုံးရှိပါတယ်။ သူတို့ရဲ့ ဝယ်ယူနိုင်စွမ်းအားကောင်းတဲ့ နိုင်ငံတွေက အိန္ဒိယဆို ကျွန်တော်တို့ အိန္ဒိယ-မြန်မာ-ထိုင်း လမ်းကြောင်းကို သူတို့က အဓိကထားတယ်။ တရုတ်ဆိုလို့ရှိရင်လည်း BRI ပေါ့။ အဲ့တော့ ဒီလမ်းတွေ အမြန်ဆုံးဖြစ်လာဖို့ သမ္မတကြီးအနေနဲ့ ဘယ်လိုအစီအစဉ်ရှိပါသလဲ။ ဒါနဲ့ ဆက်စပ်ပြီးတော့ သမ္မတကြီး ရှီကျင့်ဖျင်နဲ့ တွေ့တဲ့အချိန်၊ မိုဒီနဲ့ တွေ့တဲ့အချိန်မှာ ကျွန်တော်တို့ ဒီစီမံကိန်းကြီးတွေနဲ့ လုံခြုံရေးကို အလေးထားဖို့ သူတို့တွေ အိန္ဒိယရော တရုတ်ရော ပြောတာကို တွေ့ရပါတယ်။ အဲ့တော့ သမ္မတကြီးတို့ အစိုးရသစ်အနေနဲ့ ဒီလုံခြုံရေးပိုင်းဆိုင်ရာကို ဘယ်လိုကိုင်တွယ်ဖြေရှင်းဖို့ ရှိပါသလဲ။
နိုင်ငံတော်သမ္မတ။ လုံခြုံရေးပိုင်းဆိုင်ရာ ကိုင်တွယ်မှုဆိုတာမှာ တရားဥပဒေစိုးမိုးရေး ရှိရမယ်။ တရားဥပဒေစိုးမိုးရေးရှိရင် လုံခြုံရေးဆိုတာ သူ့ဟာသူဖြစ်လာမှာပေါ့။ သို့သော် တရားဥပဒေစိုးမိုးရေးနဲ့လုံခြုံရေးနဲ့ ဆက်စပ်သလိုပဲ တစ်ဖက်ကနေ နိုင်ငံရေးကလည်း တည်ငြိမ်အေးချမ်းမှုရှိတယ်။ နိုင်ငံရေးလမ်းကြောင်း မှန်ကန်လို့ရှိရင် တရားဥပဒေစိုးမိုးရေးနဲ့လုံခြုံရေးက သူ့ဟာသူ အလိုလိုပါလာလိမ့်မယ်။ နိုင်ငံရေးတည်ငြိမ်အေးချမ်းမှုမရှိလို့ရှိရင် မမျှမတဘူးဖြစ်နေပြီဆိုလို့ရှိရင် တည်ငြိမ်အေးချမ်းမှုပြဿနာရှိမယ်။ ဖြတ်သန်းခဲ့တဲ့ သမိုင်းကြောင်းပြန်ကြည့်။ နိုင်ငံရေးကြောင့်ဖြစ်လာတဲ့ ပြဿနာတွေရှိတယ်။ ထွက်ပေါက်တွေပေါ့။ ထွက်ပေါက်တွေ။ ကျွန်တော်တို့ အခုက ပါတီစုံဒီမိုကရေစီသွားနေတဲ့အချိန်။ ဆိုတော့ ကျွန်တော်တို့ ဒါကို မှန်မှန်ကန်ကန် အသုံးချပြီး လုပ်မယ်ဆိုလို့ရှိရင် ကျွန်တော်တို့ စောစောကပြောတဲ့ နှစ်နိုင်ငံ၊ အင်အားကြီး နှစ်နိုင်ငံရဲ့ ပူးပေါင်းဆောင်ရွက်တဲ့ အခွင့်အလမ်းတွေက မြန်မာနိုင်ငံကနေပြီးတော့ Cross-border တွေပေါ့။ ကျွန်တော်တို့ ခုနကပြောတဲ့ သုံးနိုင်ငံ ဒီလို လာတယ်။ အိန္ဒိယကနေ မြန်မာ၊ မြန်မာကနေပြီးတော့ ထိုင်း။ ဒါပေမဲ့ အဲ့ဒါတင်မကဘူး။ အိန္ဒိယကနေပြီးတော့လည်း တရုတ်ကိုသွားလို့ရတယ်။ ဆက်စပ်နေတယ်။တရုတ်ကလည်း ဒီလိုပဲ။ ကျွန်တော်တို့ဆီက လာမယ်။ ကျွန်တော်တို့ဆီကနေ အရှေ့တောင်အာရှနိုင်ငံတွေ၊ အာဆီယံ သွားမယ်။ ပြီးတော့ အိန္ဒိယသမုဒ္ဒရာထွက်ပေါက်ကနေပြီးတော့ အနောက်ဘက်က နိုင်ငံတွေ အကုန်လုံးသွားလို့ရတယ်။ နည်းတဲ့ ကြီးမားတဲ့ အခွင့်အရေးမဟုတ်ဘူး။ နှစ်နိုင်ငံပဲ ကြည့်လိုက်ရင် လူဦးရေ သန်းပေါင်း ၁၂၀၀ ကျော်ရှိတဲ့ ဈေးကွက်ကြီး။ သူတို့အတွက်ကတော့ မြန်မာနိုင်ငံက ဈေးကွက်သေးပါတယ်။ သို့သော် မြန်မာနိုင်ငံကတော့ တကယ့် ကြီးမားတဲ့ ဈေးကွက်ကြီးပဲ။ ပြောရရင် ရေကန်နဲ့ သမုဒ္ဒရာ ကွာသလိုပေါ့။ အဲဒီလို ကွာခြားမှုရှိတယ်။ ကျွန်တော်တို့က အသုံးချနိုင်ဖို့လိုတယ်။ ဒါ ခုနကပြောတဲ့ တည်ငြိမ်အေးချမ်းမှုက ဘာအထောက်အကူရလိမ့်မလဲ။ တည်ငြိမ်အေးချမ်းမှုရှိမှ အထောက်အကူရမှာ။ တည်ငြိမ်အေးချမ်းမှုမရှိလို့ရှိရင် အထောက်အကူမရဘူး။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် (၁၅-၆-၂၀၂၆ မှ ၁၉-၆-၂၀၂၆ ထိ) တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် သွားရောက်ခဲ့မှုနှင့်ပတ်သက်၍ ပြည်တွင်းမီဒီယာများ၏ မေးမြန်းချက်များအပေါ် ဖြေကြားချက်
ဦးကျော်ဇောလင်း မေး။ သမ္မတအဖြစ် ပြောင်းလဲတာဝန်ထမ်းဆောင်တဲ့ ရက် ၁၀၀ မပြည့်မီမှာဘဲ အိန္ဒိယ၊ အခုတရုတ် နိုင်ငံကြီးနှစ်နိုင်ငံက ခေါင်းဆောင်တွေနဲ့ သမ္မတကြီး တွေ့ခွင့်ရတယ်။ ပြီးတော့ ဒါမတိုင်ခင်လည်း နိုင်ငံငါးနိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေက နေပြည်တော်မှာ သမ္မတကြီးကိုလာရောက်တွေ့ဆုံကြတယ်။ သိထားတဲ့အချက်အလက်တွေအရလည်း နိုင်ငံခြားရေးဝန်ကြီးတွေ အခြားသံတမန်တွေက သမ္မတကြီးကို တွေ့ဆုံဖို့ ရှိနေတာတွေ ထပ်ပြီးရှိတယ်ပေါ့။ အဲဒီတော့ ပြီးခဲ့တဲ့ ငါးနှစ်တာ သံတမန်ရေးဆိုင်ရာ အထီးကျန်မှုကနေ အခုလို ပြောင်းလဲလာတဲ့အနေအထားက မြန်မာနိုင်ငံအတွက် မြန်မာပြည်သူတွေအတွက် ဘယ်လို အပေါင်းလက္ခဏာဆောင်တဲ့အရာတွေ ဖြစ်မယ်ထင်ပါသလဲခင်ဗျာ့။
နိုင်ငံတော်သမ္မတ။ နိုင်ငံအချင်းချင်း သံတမန်ဆက်ဆံရေးကတော့ သက်ဆိုင်ရာနိုင်ငံတွေအတွက် အရေးပါတဲ့ ကဏ္ဍမှာရှိတယ်။ သံတမန်ဆက်ဆံရေးပေါ့။ ခေါင်းဆောင်တွေရဲ့ ဆက်ဆံရေးရှိမယ်။ နောက်ပြီးတော့ အစိုးရချင်းဆက်ဆံရေးရှိမယ်။ သံတမန်ရေးရာဆက်ဆံမှုရှိမယ်။ စီးပွားရေးအရ ဆက်ဆံမှုတွေရှိမယ်။ ဒီကဏ္ဍပေါင်းစုံရှိတယ်။ အဲဒီတော့ကျွန်တော်တို့ ခုနကပြောတဲ့ ခင်ဗျားမေးတဲ့ ငါးနှစ်တာကာလအတွင်းမှာ အထီးကျန်ခဲ့တယ်ပေါ့။ တကယ်တော့ ကျွန်တော်တို့က ကြိုးစားပါတယ်။ သို့သော် ကျွန်တော်တို့အပေါ်မှာ မျိုးစုံနိုင်ငံရေးအရ သူတို့လုပ်တာပါ။ တကယ်တော့ နိုင်ငံရေးအရပါ။ ဒီတော့ ကျွန်တော်တို့က ကျွန်တော်တို့ လက်ခံကျင့်သုံးနေတဲ့ နိုင်ငံရေးစနစ်ကို ခိုင်ခိုင်မာမာ ကျင့်သုံးမယ်ဆိုပြီးတော့ ဆုံးဖြတ်ပြီးတော့လုပ်လာခဲ့တာ။ အဲဒီနိုင်ငံရေးစနစ် ကောင်းကောင်းမွန်မွန် လုပ်တဲ့အတွက်ကြောင့် ကျွန်တော်တို့က ဒီလိုအခြေအနေတွေ ဖြစ်လာခဲ့တာ။ ကျွန်တော်တို့အခုရအောင်ပြောင်းလဲခဲ့တယ်။ကျွန်တော်တို့ ဒီဟာကို ခိုင်ခိုင်မာမာဖြစ်အောင်လုပ်သွားမယ်။ အဲဒါဆိုရင် နိုင်ငံဆက်ဆံရေးမှာ မြန်မာနိုင်ငံရဲ့ ပါဝင်မှုဟာ မူလအခြေအနေထက် ပိုကောင်းအောင် လုပ်နိုင်မယ်လို့ ကျွန်တော်ယူဆတယ်။ ခင်ဗျား ခုနကမေးလိုက်တဲ့ အခြားနိုင်ငံတွေလည်း လာကြလိမ့်မယ် ဘာညာ မှန်ပါတယ်။ လာကြဖို့လည်း ကမ်းလှမ်းထားတာရှိသလို ကျွန်တော့်ကိုလည်း လာဖို့ဖိတ်ထားတဲ့နိုင်ငံတွေလည်းရှိတယ်။ထို့အတူပဲ နိုင်ငံခြားရေးဝန်ကြီးတို့ သက်ဆိုင်ရာ Counter Part ဝန်ကြီးတွေပေါ့၊ ဝန်ကြီးဌာနဝန်ကြီးတွေ အတူတူပဲဖြစ်ကြတယ်။ နောက်တစ်ခါ အဖွဲ့အစည်းတွေ လူငယ်တွေကစပြီးတော့ ကျန်တဲ့ Institution တွေနဲ့ အမျိုးစုံပဲ ဖိတ်ကြပြုကြတယ်။ ကျွန်တော်တို့ဆီလည်းလာကြတယ်။ ဒါက ဘာလဲဆိုတော့ တိုင်းပြည်အတွက် အခွင့်အလမ်းတွေချည်းပဲဖြစ်မယ်။ ဒါကို ကျွန်တော်တို့က ကောင်းကောင်းအသုံးချမယ်ဆိုလို့ရှိရင် မှန်မှန်ကန်ကန်လည်း အသုံးချဖို့လိုတယ်။ ရိုးရိုးသားသားလည်း အသုံးချဖို့လိုတယ် အဲအပေါ်မှာ။ သွားပြီးတော့ အမြတ်ထုတ်ဖို့တော့သွားလုပ်လို့မရဘူး။ အမြတ်ထုတ်မယ် ရည်ရွယ်ချက်ရှိလို့ရှိရင်တော့ ခင်ဗျား ဘယ်တော့မှ မခိုင်မာဘူး။ ရိုးရိုးသားသားနဲ့ မှန်မှန်ကန်ကန်လုပ်မယ်ဆိုလို့ရှိရင် ခင်ဗျား ခိုင်ခိုင်မာမာဖြစ်မယ်။ ကျွန်တော်တို့သွားတဲ့နိုင်ငံရေးစနစ်ရော၊ စီးပွားရေးစနစ်ရော တကယ်ရိုးရိုးသားသားနဲ့ တိုင်းပြည်ကောင်းအောင်လုပ်ဖို့ ရည်ရွယ်ချက်နဲ့လုပ်တာ။ နှစ်နိုင်ငံဆက်ဆံရေးမှာလည်း တကယ်ရိုးရိုးသားသားနဲ့ဆက်ဆံတယ်။ ကျွန်တော်က ဘယ်သူရယ် ဘယ်ဝါရယ် အားသာချက် အားနည်းချက်ရှိမယ်။ ကျွန်တော်တို့က နိုင်ငံအားလုံးနဲ့ ကျွန်တော်တို့က နိုင်ငံရေးမှာ လွတ်လပ်ပြီး တက်ကြွတဲ့ နိုင်ငံခြားရေးမူဝါဒ ကျင့်သုံးတယ်။ ဒါဟာ တကယ့်အခိုင်မာဆုံးပဲ။ နောက်တစ်ခါ အိန္ဒိယနဲ့တရုတ်ဆိုလို့ရှိရင်လည်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး မူကြီးငါးရပ်နဲ့ ကျွန်တော်တို့က ထိတွေ့ဆက်ဆံထားတဲ့ နိုင်ငံတွေဖြစ်တယ်။ ဒါကြောင့် ဒီအပေါ်မှာအခြေခံပြီးလုပ်မယ်ဆိုရင်တော့ မြန်မာနိုင်ငံရဲ့ အနာဂတ်ဟာ အင်မတန်ကောင်းတယ်လို့ ကျွန်တော်ပြောချင်တယ်။
မြန်မာ့ပုံရိပ်ဖော်ညွှန်းအဖွဲ့ဥက္ကဋ္ဌ ဦးကိုကို မေး။ တရုတ်နိုင်ငံရဲ့ Belt and Road Initiative နဲ့ မြန်မာနိုင်ငံရဲ့ ဒေသတွင်း ချိတ်ဆက်မှုအလားအလာတွေကို ပေါင်းစပ်ကြည့်မယ်ဆိုရင်တော့ မြန်မာနိုင်ငံဟာ တရုတ်၊ အာဆီယံနဲ့ အိန္ဒိယသမုဒ္ဒရာ ချိတ်ဆက်ပေးတဲ့ မဟာဗျူဟာမြောက် Land Bridge ကျွန်တော်တို့ ကုန်းတွင်း တံတားနိုင်ငံအဖြစ်နဲ့ ရှိမယ်လို့လည်း ပြောကြပါတယ်။ အဲဒီတော့ ကုန်းတွင်း Land Bridge တံတားနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံကို သမ္မတကြီးအနေနဲ့ ပိုမိုဆောင်ရွက်သွားဖို့ အစီအစဉ်များ ရှိပါသလားခင်ဗျား။
+1
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်
ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးကို ဇွန်လ ၂၃ ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော်၊
ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားပါတယ်။
နိုင်ငံတော်သမ္မတက အမှာစကားပြောကြားရာတွင် မိမိတို့နိုင်ငံတွင် မြေပေါ်မြေအောက်သယံဇာတများ၊ အရင်းအမြစ်ကောင်းများစွာကို ပိုင်ဆိုင်ထားပြီးဖြစ်ပြီး လိုအပ်နေသည်မှာ အလုပ်လုပ်နိုင်ရန်နှင့် အလုပ်လုပ်ချင်စိတ်ရှိရန်ဖြစ်ပြီး အမှန်တကယ်အလုပ်လုပ်ရန်လိုကြောင်း၊ အလုပ်လုပ်ချင်စိတ်သည် လူတိုင်းနှင့် သက်ဆိုင်ပြီး အလုပ်လုပ်နိုင်ရန်အတွက် အလုပ်အကိုင် အခွင့်အလမ်းများလိုအပ်သဖြင့် နိုင်ငံတော်မှ အလုပ်အကိုင်အခွင့်အလမ်းများ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အလုပ်လုပ်နိုင်ရန်နှင့် အလုပ်လုပ်တတ်ရန်အတွက် အသိပညာ၊ အတတ်ပညာများရှိရန်လိုအပ်သဖြင့် လိုအပ်သည်များကို သင်ကြားပြသပေးရန်လိုကြောင်း စသည်ဖြင့် ပြောကြားခဲ့တယ်လို့သိရပါတယ်။
#Our
+1
ပြည်သူများ၏ လိုလားချက်များနှင့် မိမိတို့၏ မူဝါဒသဘောထားများ ကိုက်ညီမှုရှိစေရေး ပြည်သူများ၏ အသံကို မှန်မှန်သိရှိအောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြောကြား
အစိုးရအနေဖြင့် မိမိတို့ဖြစ်လိုသည်များကို မူဝါဒချမှတ်ဆောင်ရွက်ရသည်ဖြစ်သော် လည်း ပြည်သူများ၏ ဆန္ဒကို လျစ်လျူရှုခြင်းမျိုးမဖြစ်ရန်လိုကြောင်း၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး စသည်ဖြင့် ကဏ္ဍအလိုက်၊ အလွှာအလိုက် လိုလားချက်များ၊ သဘောသဘာဝများ တူညီမှုရှိမည်မဟုတ်သည့်အတွက် ပြည်သူများ၏ လိုလားချက်များနှင့် မိမိတို့၏ မူဝါဒသဘောထားများ ကိုက်ညီမှုရှိစေရေး ပြည်သူများ၏ အသံကို မှန်မှန်သိရှိအောင် ဆောင်ရွက်ကြရမည်ဖြစ်ပြီး နိုင်ငံတော်နှင့် နိုင်ငံသားများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရေး ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ဇွန်လ ၂၃ ရက်တွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။
#Our
+9
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား
မိမိတို့နိုင်ငံတွင် မြေပေါ်မြေအောက်သယံဇာတများ၊ အရင်းအမြစ်ကောင်းများစွာကို ပိုင်ဆိုင်ထားပြီးဖြစ်ပြီး လိုအပ်နေသည်မှာ အလုပ်လုပ်နိုင်ရန်နှင့် အလုပ်လုပ်ချင်စိတ်ရှိရန်ဖြစ်ပြီး အမှန်တကယ်အလုပ်လုပ်ရန်လို
နေပြည်တော်၊ ဇွန် - ၂၃
+9
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား
မိမိတို့နိုင်ငံတွင် မြေပေါ်မြေအောက်သယံဇာတများ၊ အရင်းအမြစ်ကောင်းများစွာကို ပိုင်ဆိုင်ထားပြီးဖြစ်ပြီး လိုအပ်နေသည်မှာ အလုပ်လုပ်နိုင်ရန်နှင့် အလုပ်လုပ်ချင်စိတ်ရှိရန်ဖြစ်ပြီး အမှန်တကယ်အလုပ်လုပ်ရန်လို
နေပြည်တော်၊ ဇွန် - ၂၃
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော်၊ ပြည်ထောင်စု အစိုးရအဖွဲ့အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
#PPIB
