Our President 🇲🇲
Ir al canal en Telegram
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ကို ချစ်ခင်လေးစား၍သမ္မတကြီးရဲ့သတင်းများ၊အမိန့်၊ညွှန်ကြားချက်၊သဝဏ်လွှာများ၊မိန့်ခွန်းကောက်နှုတ်ချက်များကို ဖော်ပြပေးသွားမည်။
Mostrar másEl país no está especificadoLa categoría no está especificada
216
Suscriptores
Sin datos24 horas
-17 días
-230 días
Archivo de publicaciones
Repost from Dr Khaing Khaing Soe
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် (၆-၈-၂၀၂၆ မှ ၇-၈-၂၀၂၆ ထိ) ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) သွားရောက်ခဲ့မှုနှင့် ပတ်သက်၍ မီဒီယာများ၏ မေးမြန်းချက်များအပေါ် ပြန်လည်ဖြေကြားခြင်း
Repost from Dr Khaing Khaing Soe
မြန်မာ–ထိုင်း ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံအထိ မြှင့်တင်ရန် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မည်
မြန်မာ–ထိုင်း နှစ်နိုင်ငံအကြား ကုန်သွယ်မှုပမာဏကို အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံအထိ တိုးမြှင့်ရန်နှင့် ရင်းနှီးမြှုပ်နှံမှု၊ နယ်စပ်ကုန်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေးနှင့် ဒေသတွင်းစီးပွားရေးကွန်ရက် ချိတ်ဆက်မှုများ ပိုမိုခိုင်မာလာစေရန် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယနေ့ ဩဂုတ် ၆ ရက်က ဗန်ကောက်မြို့၌ ကျင်းပသည့် မြန်မာ–ထိုင်း စီးပွားရေးဖိုရမ် ၂၀၂၆ တွင် နှစ်နိုင်ငံခေါင်းဆောင်များက ပြောကြားခဲ့ပါသည်။ နှစ်နိုင်ငံခေါင်းဆောင်များ၏ ပြောကြားချက်များမှ ကောက်နုတ်ချက်များမှာ-
-ထိုင်းနိုင်ငံက ယခုနှစ်အတွင်း နှစ်နိုင်ငံကုန်သွယ်ရေးဆိုင်ရာ ပူးတွဲကော်မတီ (Joint Trade Committee–JTC) အစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်။
-နှစ်နိုင်ငံကုန်သွယ်မှုပမာဏကို အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံအထိ တိုးမြှင့်ရန် ထိုင်းနိုင်ငံက တွန်းအားပေးသွားမည်။
-၂၀၂၅–၂၀၂၆ ဘဏ္ဍာနှစ်တွင် နှစ်နိုင်ငံကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၄ ဘီလီယံကျော်ရှိခဲ့ပြီး ၂၀၂၆–၂၀၂၇ ဘဏ္ဍာနှစ် ဇွန်လအထိ အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်ရှိခဲ့သည်။
၂၀၂၂ ခုနှစ်မှ ၂၀၂၆ ခုနှစ် ဇွန်လအထိ နှစ်နိုင်ငံကုန်သွယ်မှုတန်ဖိုး စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၀ ဒသမ ၇၅၈ ဘီလီယံရှိခဲ့သည်။
-ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံ၌ ပဉ္စမမြောက် ရင်းနှီးမြှုပ်နှံမှုအများဆုံးနိုင်ငံဖြစ်ပြီး အမေရိကန်-ဒေါ်လာ ၄၆၀၅ ဒသမ ၄၈၄ သန်းတန်ဖိုးရှိ လုပ်ငန်းပေါင်း ၁၀၃ ခု ရင်းနှီးမြှုပ်နှံထားသည်။
-စွမ်းအင်၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ အစားအစာထုတ်လုပ်ရေး၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ ပညာရေး၊ ကျန်းမာရေး၊ နည်းပညာနှင့် ဒီဂျစ်တယ်ဝန်ဆောင်မှုကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ခဲ့သည်။
-EV ယာဉ်၊ ဓာတ်မြေဩဇာ၊ ဘိလပ်မြေ၊ သံမဏိ၊ ဆေးဝါးနှင့် ဆေးပစ္စည်းကိရိယာ၊ ရာဘာ-အခြေခံပရိဘောဂနှင့် တာယာထုတ်လုပ်ရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံနိုင်ကြောင်း ဖိတ်ခေါ်ခဲ့သည်။EV နှင့် ဆက်စပ်လုပ်ငန်းများ၌ ရင်းနှီးမြှုပ်နှံမှုများအတွက် အကောက်ခွန်နှုန်းထားများ လျှော့ချပေးလျက်ရှိသည်။
-မြဝတီ၊ တာချီလိတ်နှင့် ကော့သောင်း နယ်စပ်ဒေသများတွင် နယ်စပ်စီးပွားရေးဇုန်၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် Logistics လုပ်ငန်းများ တိုးချဲ့နိုင်မည့် အခွင့်အလမ်းများရှိသည်။
-အိန္ဒိယ–မြန်မာ–ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီးကို RCEP နှင့် အာဆီယံစီးပွားရေးစင်္ကြံတို့ ချိတ်ဆက်ပေးမည့် အဓိကသော့ချက်အဖြစ် ရှုမြင်ထားသည်။
-နယ်စပ်ကုန်သွယ်မှုတွင် မြန်မာကျပ်ငွေနှင့် ထိုင်းဘတ်ငွေ တိုက်ရိုက်ပေးချေသည့်စနစ်ကို ၂၀၂၂ ခုနှစ်မှ စတင်အသုံးပြုခဲ့သည်။
-တရားမဝင်ကုန်သွယ်မှု၊ အရည်အသွေးမမီသည့် စားသောက်ကုန်နှင့် ဆေးဝါးများ ဝင်ရောက်မှုကို နှစ်နိုင်ငံ ပူးပေါင်းတိုက်ဖျက်ရန် တိုက်တွန်းခဲ့သည်။
-ရင်းနှီးမြှုပ်နှံသူများအတွက် ပွင့်လင်းမြင်သာသည့် စီးပွားရေးဝန်းကျင် ဖန်တီးရေး၊ လုပ်ထုံးလုပ်နည်းလွယ်ကူချောမွေ့ရေးနှင့် မူဝါဒဆိုင်ရာပံ့ပိုးမှုများ ဆောင်ရွက်ပေးသွားမည်။
-မြန်မာဒီဂျစ်တယ်လမ်းပြမြေပုံ ၂၀၃၀ နှင့် ဧက ၁၀,၀၀၀ ခန့်ရှိ ရတနာပုံဆိုက်ဘာစီးတီးစီမံကိန်းတွင်လည်း ထိုင်းရင်းနှီးမြှုပ်နှံသူများ ပါဝင်ရန် ဖိတ်ခေါ်ခဲ့သည်။
-မြန်မာနိုင်ငံ၏ သဘာဝအရင်းအမြစ်များကို ထိုင်းနိုင်ငံ၏ နည်းပညာ၊ အရင်းအနှီးနှင့် စီမံခန့်ခွဲမှုအတွေ့အကြုံတို့ဖြင့် ပေါင်းစပ်ကာ အပြန်အလှန်အကျိုးရှိသည့် စီးပွားရေးပတ်ဝန်းကျင် တည်ဆောက်ရန် ရည်ရွယ်ထားသည်။
လေ့ကျင့်သားပြည့်ဝသော၊ အဂတိကင်းသော၊ ပြည်သူချစ်သော ရဲတပ်ဖွဲ့ဝင်တွေဖြစ်စေဖို့ စီမံဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြောကြား
ပြည်တွင်းလုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် ရဲတပ်ဖွဲ့ဝင်တွေရဲ့ စွမ်းဆောင်မှုပိုင်းဆိုင်ရာ ပိုမိုတိုးတက်လာစေဖို့ စနစ်တကျ လေ့ကျင့်ဆောင်ရွက်ပေးသွားရမှာဖြစ်ကြောင်း၊ လေ့ကျင့်သားပြည့်ဝသော၊ အဂတိကင်းသော၊ ပြည်သူချစ်သော ရဲတပ်ဖွဲ့ဝင်တွေဖြစ်စေဖို့ စီမံဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း၊ ရဲတပ်ဝင်များရဲ့ နေထိုင်မှုအဆင်ပြေစေရန်နဲ့ ၂၄ နာရီ အသင့်ရှိနေစေရန် အဆင့်ရှိသော ရဲတပ်ဖွဲ့အိမ်ရာတွေကိုလည်း တည်ဆောက်ပေးလျက်ရှိကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ဇူလိုင်လ ၃၁ ရက်တွင် ကျင်းပပြုလုပ်သည့် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၂) ရက်မြောက်နေ့အစီအစဉ်သို့ တက်ရောက်၍ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန်းပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။
#Our
မြစ်ဆုံစီမံကိန်းအပါအဝင် လျှပ်စစ်စီမံကိန်း (၁၀) ခုကို ဆက်လက်အကောင်အထည်ဖော်မည်ဟု နိုင်ငံတော်သမ္မတ ပြောကြား
မြစ်ဆုံစီမံကိန်းအပါအဝင် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး စီမံကိန်း (၁၀) ခုကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။
ဇူလိုင် ၃၁ ရက်တွင် ကျင်းပသည့် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၂) ရက်မြောက်နေ့၌ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန်း ပြောကြားရာတွင် ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်သမ္မတက မြစ်ဆုံစီမံကိန်းအပါအဝင် စီစဉ်ထားသည့် လျှပ်စစ်စီမံကိန်း (၁၀) ခုကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ပါက နိုင်ငံအတွက် လိုအပ်သော လျှပ်စစ်ဓာတ်အားကို အပြည့်အဝ ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကြောင်းနှင့် ထို့ကြောင့် ယင်းစီမံကိန်းများကို ဆက်လက်ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
#Our
Repost from Dr Khaing Khaing Soe
+6
ငဝန်ရေကာတာကျိုးပေါက်မှုကြောင့် ရေဘေးကာကွယ်ရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ အရှိန်မြှင့်ဆောင်ရွက်၊ ရေပြန်ကျချိန်တွင် ပြန်လည်ထူထောင်ရေးနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆက်လက်အကောင်အထည်ဖော်မည်
ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်ရှိ ငဝန်ရေကာတာ တာဘောင်ကျိုးပေါက်မှုကြောင့် ဖြစ်ပေါ်ခဲ့သည့် ရေဘေးအခြေအနေများကို ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ရေဘေးကာကွယ်ရေး၊ ကူညီကယ်ဆယ်ရေးနှင့် တာပြန်လည်ပိတ်ဆို့ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။
တာကျိုးပေါက်မှုဖြစ်စဉ်ကြောင့် ရပ်ကွက် (၅) ခု၊ ကျေးရွာ (၁၄) ရွာ၊ အိမ်ခြေ ၃,၁၅၈ လုံး၊ အိမ်ထောင်စု ၃,၂၁၅ စု၊ လူဦးရေ ၁၄,၀၅၆ ဦး ရေဘေးသင့်ခဲ့ပါသည်။ လက်ရှိတွင် ရေဘေးကယ်ဆယ်ရေးစခန်း (၉) ခု ဖွင့်လှစ်ထားရှိပြီး လာရောက်ခိုလှုံသူ အိမ်ထောင်စု ၄၄၁ စု၊ လူဦးရေ ၁,၄၁၁ ဦး ရှိပါသည်။ စခန်းများတွင် ရေဘေးသင့်သူများအတွက် လိုအပ်သော သောက်သုံးရေ၊ စားနပ်ရိက္ခာနှင့် အခြေခံလိုအပ်သည့် ကယ်ဆယ်ရေးပစ္စည်းများကို သက်ဆိုင်ရာဌာနများ၊ လူမှုကူညီရေးအသင်းများနှင့် အလှူရှင်များက ဆက်လက်ထောက်ပံ့ပေးလျက်ရှိပါသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနကလည်း ရေဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာဖိုးနှင့် အခြေခံစားသောက်ကုန်များအပါအဝင် စုစုပေါင်း ကျပ် ၈၃ ဒသမ ၅၆၁ သန်းကျော် တန်ဖိုးရှိ ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်တို့က ယာယီကယ်ဆယ်ရေးစခန်းများသို့ သွားရောက်၍ ရေဘေးသင့်ပြည်သူများအား အားပေးတွေ့ဆုံခဲ့ကြပါသည်။
နိုင်ငံတော်အနေဖြင့် လိုအပ်သည့် အကူအညီများကို ဆက်လက်ပံ့ပိုးပေးလျက်ရှိပြီး ရေဘေးကာကွယ်ရေးနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဌာနဆိုင်ရာများ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် လူမှုကူညီရေးအသင်းအဖွဲ့များက ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင် ရေပြန်လည်ကျဆင်းသွားပါက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားပါမည်။
ထို့အပြင် တာပြန်လည်ပိတ်ဆို့ရေးလုပ်ငန်းများ အမြန်ဆုံးပြီးစီးစေရန် လူအင်အားနှင့် စက်ယန္တရားများကို အပြည့်အဝအသုံးပြု ဆောင်ရွက်လျက်ရှိပြီး ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများတွင် Manpack ဂြိုလ်တုဆက်သွယ်ရေးစနစ် နှင့် Command and Control Center (C3) ကို အသုံးပြုကာ မြေပြင်အခြေအနေများကို အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်ထိန်းချုပ်၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင် ကယ်ဆယ်ရေးလုပ်ငန်းသုံး ကားများနှင့် စက်လှေများအတွက် လိုအပ်သည့် စက်သုံးဆီများကို ဟင်္သာတမြို့ရှိ သတ်မှတ်စက်သုံးဆီအရောင်းဆိုင် (၉) ဆိုင်တွင် ဝယ်ယူနိုင်ရန် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က စီစဉ်ပေးထားပါသည်။
Repost from PPIB.Official
ရက် (၁၀၀) ခရီးမှသည် ဖွံဖြိုးတိုးတက်သော နိုင်ငံတော်သစ်ဆီ
နိုင်ငံတော်အစိုးရ၏ ပထမဆုံး ရက် (၁၀၀) အတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ်များ၊ ရရှိခဲ့သော တိုးတက်မှုများနှင့် ရှေ့ဆက်အကောင်အထည်ဖော်မည့် မူဝါဒများကို ဖော်ပြထားသည်။
PPIB Links
Youtube | Tiktok | Telegram | Website | X(Twitter)
Repost from PPIB.Official
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်၏ အစိုးရရက် (၁၀၀)ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန်း
PPIB Links
Youtube | Tiktok | Telegram | Website | X(Twitter)
+6
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) ပြည့် နိုင်ငံတော်အခြေပြ မိန့်ခွန်းပြောကြား
#Our
ခိုင်မာသည့်နိုင်ငံတော်နှင့် သာယာဝပြောသည့် ပြည်သူ့ဘဝ တည်ဆောက်ရေးကို အစိုးရ၏ အဓိကမူဝါဒအဖြစ် ဖော်ဆောင်မည်
နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို အခြေခံကာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၏ အကျိုးရလဒ်များကို ပြည်သူတစ်ရပ်လုံး မျှတစွာခံစားနိုင်ရေးအတွက် ပြည်သူဗဟိုပြု၍ ရေရှည်အကျိုးစီးပွားကို ဦးတည်သည့် မူဝါဒများအား အစိုးရက ဆက်လက်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက အစိုးရသက်တမ်း ရက် (၁၀၀) ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ပါသည်။ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် မူဝါဒများမှာ -
၁။ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးရည်မှန်းချက်အဖြစ် ဖော်ဆောင်ရေး။
၂။ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးနှင့် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရေး။
၃။ ငြိမ်းချမ်းရေးတံခါး အစဉ်ဖွင့်လှစ်၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံးနှင့် တွေ့ဆုံဆွေးနွေးရေး။
၄။ နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးအတွက် ခေတ်မီတပ်မတော်နှင့် ပြည်သူပါဝင်သည့် အမျိုးသားကာကွယ်ရေးစနစ် တည်ဆောက်ရေး။
၅။ လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒဖြင့် နိုင်ငံတကာနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ရေး။
၆။ အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများအကြား မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေး၊ နယ်စပ်တည်ငြိမ်ရေးနှင့် ကုန်သွယ်ရေး ပိုမိုတိုးမြှင့်ရေး။
၇။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုစီးပွားရေးကဏ္ဍများကို ဟန်ချက်ညီစွာ ပေါင်းစပ်ဖွံ့ဖြိုးစေရေး။
၈။ ခေတ်မီစက်မှုလယ်ယာစနစ် ဖော်ဆောင်၍ ပန်းတိုင်အထွက်နှုန်း၊ သီးထပ်စွမ်းအားနှင့် တန်ဖိုးမြှင့်ထုတ်လုပ်မှု တိုးမြှင့်ရေး။
၉။ စားရေရိက္ခာနှင့် စားသုံးဆီဖူလုံရေး၊ စားနပ်ရိက္ခာလုံခြုံရေးနှင့် စိုက်ပျိုးရေးပို့ကုန် တိုးမြှင့်ရေး။
၁၀။ လမ်း၊ တံတား၊ ရထား၊ ရေကြောင်းနှင့် လေကြောင်းပို့ဆောင်ရေးကွန်ရက်များ ဘက်စုံအဆင့်မြှင့်တင်ရေး။
၁၁။ စက်သုံးဆီချွေတာရေးကို အမျိုးသားရေးမူဝါဒအဖြစ် ဖော်ဆောင်၍ လျှပ်စစ်နှင့် ဘက်ထရီစနစ်သုံး သယ်ယူပို့ဆောင်ရေး တိုးချဲ့ရေး။
၁၂။ လျှပ်စစ်ဓာတ်အား လုံလောက်တည်ငြိမ်စွာရရှိရေးနှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အပါအဝင် စွမ်းအင်အရင်းအမြစ်မျိုးစုံ ဖွံ့ဖြိုးရေး။
၁၃။ အရည်အသွေးပြည့်ဝသော ပညာရေးစနစ်ဖြင့် ပညာရှင်၊ နည်းပညာရှင်နှင့် ကျွမ်းကျင်လုပ်သားများ မွေးထုတ်ရေး။
၁၄။ ကျောင်းနေအရွယ်ကလေးတိုင်း ပညာသင်ယူခွင့်ရရှိရေးနှင့် ဆရာ၊ ဆရာမများ၏ အရည်အသွေးနှင့် ရာထူးလမ်းကြောင်း မြှင့်တင်ရေး။
၁၅။ “ဆေးရုံရှိလျှင် ဆရာဝန်ရှိရမည်” ရည်မှန်းချက်ဖြင့် မြို့ပြနှင့် ကျေးလက် ကျန်းမာရေးကွာဟမှု လျှော့ချရေး။
၁၆။ လူငယ်၊ အမျိုးသမီးနှင့် လူမှုအဖွဲ့အစည်းများ၏ စွမ်းဆောင်ရည်နှင့် နိုင်ငံတော်တည်ဆောက်ရေးတွင် ပါဝင်မှု မြှင့်တင်ရေး။
၁၇။ ကုန်ထုတ်လုပ်မှုအခြေပြု စီးပွားရေးစနစ်တည်ဆောက်၍ ပြည်တွင်းထုတ်လုပ်မှု၊ သွင်းကုန်အစားထိုးမှုနှင့် ပို့ကုန်တိုးမြှင့်ရေး။
၁၈။ MSME နှင့် ပုဂ္ဂလိကကဏ္ဍကို အားပေး၍ အစိုးရ–ပုဂ္ဂလိက မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး။
၁၉။ ငွေကြေး၊ ဘဏ္ဍာရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုမူဝါဒများကို ဟန်ချက်ညီစွာ ချိတ်ဆက်အကောင်အထည်ဖော်ရေး။
၂၀။ သဘာဝသယံဇာတ၊ ရေအရင်းအမြစ်နှင့် သစ်တောများကို စနစ်တကျထိန်းသိမ်း၍ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှု ဖော်ဆောင်ရေး။
၂၁။ စနစ်ကျသော မြို့ပြဖွံ့ဖြိုးရေး၊ သန့်ရှင်းသောပတ်ဝန်းကျင်နှင့် ပြည်သူများ၏ နေထိုင်မှုအရည်အသွေး မြှင့်တင်ရေး။
၂၂။ ရိုးရာယဉ်ကျေးမှုနှင့် သမိုင်းအမွေအနှစ်များကို ထိန်းသိမ်း၍ နိုင်ငံတော်၏ Soft Power နှင့် ခရီးသွားလုပ်ငန်း မြှင့်တင်ရေး။
၂၃။ ဥပဒေစိုးမိုးရေး၊ အဂတိကင်းရှင်းရေး၊ ပွင့်လင်းမြင်သာရေးနှင့် တာဝန်ခံမှုရှိသည့် အုပ်ချုပ်ရေးစနစ် ဖော်ဆောင်ရေး။
၂၄။ အွန်လိုင်းလိမ်လည်မှု၊ အွန်လိုင်းလောင်းကစားမှု၊ လူကုန်ကူးမှု၊ မူးယစ်ဆေးဝါးနှင့် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများကို ပြတ်ပြတ်သားသား တားဆီးနှိမ်နင်းရေး။
၂၅။ ပြည်သူများ၏ ဝင်ငွေ၊ အလုပ်အကိုင်နှင့် လူမှုစီးပွားဘဝ တိုးတက်ရေးကို မူဝါဒအားလုံး၏ အဓိကရည်မှန်းချက်အဖြစ် ထားရှိရေး။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတကြီး၏ အစိုးရရက် ၁၀၀ ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန်းတွင် ပြောကြားခဲ့သည့် အာဆီယံနှင့်ပတ်သက်ပြီး ပြောကြားချက်
=============
လက်ရှိအာဆီယံအခြေအနေနဲ့ပတ်သက်ပြီး ရှင်းလင်းပြောကြား လိုပါတယ်။ အာဆီယံထုတ်ပြန်ချက် ၅ ချက်ဟာ အာဆီယံအဖွဲ့ရဲ့ ဘုံသဘောတူညီချက်မဟုတ်ဘဲ အာဆီယံ အလှည့်ကျဥက္ကဋ္ဌရဲ့ ထုတ်ပြန်ချက် နောက်ဆက်တွဲအနေဖြင့်သာ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။
-
ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ကျွန်တော်တို့အနေနဲ့ အဆိုပါ ထုတ်ပြန်ချက်တွေဟာ အစိုးရချမှတ်ထားတဲ့ ရှေ့လုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်ရာမှာ အထောက်အကူပြုခြင်း၊ နိုင်ငံအတွက် အကျိုးရှိစေခြင်း၊ ASEAN Charter, ASEAN Way, ASEAN Spirit တို့အပေါ်မှာ အခြေခံမယ်ဆိုရင် အပြုသဘောစဉ်းစားပေးမယ် ဆိုတာလည်း ပြောကြားခဲ့ပြီးဖြစ်ပါတယ်။
-
လွန်ခဲ့တဲ့ ၅ နှစ်တာ ကာလအတွင်း အာဆီယံနိုင်ငံအချို့ရဲ့ သဘောထားနဲ့ မြန်မာနိုင်ငံအပေါ် ခွဲခြားဆက်ဆံတာတွေ ပြုလုပ်ခဲ့ပေမယ့် ကျွန်တော်တို့အနေနဲ့ စိတ်ရှည်သည်းခံပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံရဲ့ တာဝန် ဝတ္တရားတွေနဲ့အညီ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ အပြုသဘော မဆောင်တဲ့ ခွဲခြားဆက်ဆံမှုတွေကို နိုင်ငံတော်က လိုအပ်တဲ့တုံ့ပြန်မှုတွေ Case By Case တုံ့ပြန်သွားမှာဖြစ်ပါတယ်။
-
ကျွန်တော်တို့ နိုင်ငံရဲ့ ပကတိအခြေအနေတွေကို အခြေခံပြီး အမျိုးသား အကျိုးစီးပွားနဲ့ အချုပ်အခြာအာဏာကို အလေးထားစောင့်ရှောက်ကာ မြန်မာနိုင်ငံက ဦးဆောင်သော မြန်မာ့ကိုယ်ပိုင်နည်းလမ်းဖြင့် အာဆီယံနဲ့ဆက်ဆံရေးကို ပုံမှန်ပြန်လည် တိုးတက်စေရေး ဆက်လက်ကြိုးပမ်းသွားမှာဖြစ်ပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲကို လာမည့် ၂၀၂၇ ခုနှစ်အတွင်း နိုင်သူအကုန်ယူစနစ်ဖြင့် မြို့နယ် ၁၀၂ မြို့နယ်တွင် ကျင်းပမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ပြောကြား
၂၀၂၅ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းနှင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း ကျင်းပပြီးစီးခဲ့သော အထွေထွေရွေးကောက်ပွဲကြီး၏ နောက်ဆက်တွဲအဖြစ် ကြားဖြတ်ရွေးကောက်ပွဲကို လာမည့် ၂၀၂၇ ခုနှစ်အတွင်း ကျင်းပသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်တွင် နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန်းပြောကြားစဉ် ထည့်သွင်းပြောကြားသည်။
ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေးအတွက် အထွေထွေရွေးကောက်ပွဲများ ကျင်းပပေးခဲ့ရာ လက်ရှိအချိန်တွင် မဲဆန္ဒနယ် ၆၈၈ နယ်ရှိ မဲဆန္ဒနယ်အသီးသီးမှ လွှတ်တော်ကိုယ်စားလှယ် ၁၀၂၅ ဦးက ဥပဒေပြုတာဝန်များ ထမ်းဆောင်လျက်ရှိကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုအစိုးရဖွဲ့စည်းအပြီး လစ်လပ်သွားသည့်နေရာများနှင့် ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့သော နေရာများအတွက် ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၂၇ တွင် ကျင်းပသွားမည်ဖြစ်ကြောင်းနှင့် အဆိုပါ ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၈၉ နယ်၊ အမျိုးသားလွှတ်တော် ၁၅ နယ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ၆၈ နယ်၊ စုစုပေါင်း ၁၇၂ နေရာကို မြို့နယ် ၁၀၂ မြို့နယ်တွင် မဲအများဆုံးရသူ အနိုင်ယူစနစ်ဖြင့် ကျင်းပသွားမည်ဟုလည်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
လက်ရှိအချိန်တွင် ကြိုတင်ပြင်ဆင်မှုများအဖြစ် မဲဆန္ဒရှင်စာရင်းပြုစုခြင်းနှင့် မဲပေးစက်များ ဖြန့်ခွဲခြင်းအပါအဝင် ရွေးကောက်ပွဲအကြိုလုပ်ငန်းစဉ်များကို စနစ်တကျပြင်ဆင်လျက်ရှိကြောင်းလည်း သိရသည်။
#Our
ငြိမ်းချမ်းရေးသည် အလိုချင်ဆုံးဆန္ဒဖြစ်ပြီး တိုင်းပြည်ငြိမ်းချမ်းမှသာ တိုးတက်အောင် လုပ်ဆောင်၍ရမည်ဟု နိုင်ငံတော်သမ္မတ ပြောကြား
ငြိမ်းချမ်းရေးသည် အလိုချင်ဆုံးဆန္ဒဖြစ်ပြီး တိုင်းပြည်ငြိမ်းချမ်းမှသာ တိုးတက်အောင် လုပ်ဆောင်၍ရမည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။
ယနေ့ (ဇူလိုင် ၃၁) ရက်က ပြည်ထောင်စုလွှတ်တော်တွင် ကျင်းပသည့် အစိုးရ၏ ရက် ၁၀၀ ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန်း ပြောကြားမှုအပြီး မီဒီယာများ၏ မေးမြန်းမှုများအား ဖြေကြားရာတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ထိုသို ထည့်သွင်းပြောကြားခြင်းဖြစ်သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြည်ထောင်စုလွှတ်တော်တွင် ပြောကြားသည့် နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)ပြည့် နိုင်ငံတော်အခြေပြ မိန့်ခွန်း (အပိုင်း-၂)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြည်ထောင်စုလွှတ်တော်တွင် ပြောကြားသည့် နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀)ပြည့် နိုင်ငံတော်အခြေပြ မိန့်ခွန်း (အပိုင်း-၁)
တပ်မတော်ကို ခေတ်မီ Standard Army အဖြစ် တည်ဆောက်သွားမည်ဟု နိုင်ငံတော်သမ္မတ ပြောကြား
နေပြည်တော်၊ ဇူလိုင် ၃၁
ပြည်သူ့စစ်မှုထမ်းဥပဒေကို ဆက်လက်အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး တပ်မတော်ကို တိုက်စွမ်းရည်နှင့် တိုက်စွမ်းအားပြည့်ဝသည့် ခေတ်မီတပ်မတော် (Standard Army) အဖြစ် တည်ဆောက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။
နိုင်ငံတော်သမ္မတသည် ဇူလိုင် ၃၁ ရက်တွင် ပြည်ထောင်စုလွှတ်တော်၌ ပြောကြားသည့် အစိုးရရက်ပေါင်း (၁၀၀) ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန်းတွင် အဆိုပါအချက်များကို ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်သမ္မတက ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၄၀ နှင့်အညီ တပ်မတော်၏ဦးဆောင်မှုဖြင့် ပြည်သူ့စစ်မဟာဗျူဟာကို ဖော်ဆောင်ကာ နိုင်ငံတော်၏ လုံခြုံရေးနှင့် ကာကွယ်ရေးလုပ်ငန်းစဉ်များတွင် ပြည်သူတစ်ရပ်လုံး ပါဝင်လာစေရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့ပြင် တပ်မတော်ကို တိုက်စွမ်းရည်နှင့် တိုက်စွမ်းအားရှိသည့် ခေတ်မီတပ်မတော် (Standard Army) အဖြစ် တည်ဆောက်နိုင်ရေးအတွက် လိုအပ်သည့် အရင်းအမြစ်များကို အစိုးရက မူဝါဒများချမှတ်၍ ဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားသည်။
၂၀၁၀ ပြည့်နှစ်တွင် ပြဋ္ဌာန်းခဲ့ပြီး ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်တွင် စတင်အာဏာတည်စေခဲ့သည့် ပြည်သူ့စစ်မှုထမ်းဥပဒေကိုလည်း ဆက်လက်ကျင့်သုံးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
အလားတူ ပြည်တွင်းလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ပိုမိုထိရောက်စေရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို နယ်မြေထိန်းသိမ်းသည့် ရဲတပ်ဖွဲ့နှင့် ဥပဒေစည်းမျဉ်းစည်းကမ်း ထိန်းသိမ်းသည့် ရဲတပ်ဖွဲ့ (Law Force Police) ဟူ၍ လုပ်ငန်းတာဝန်အလိုက် ခွဲခြားလေ့ကျင့်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့အပြင် အဂတိကင်းရှင်းပြီး လေ့ကျင့်သားပြည့်ဝသည့် ရဲတပ်ဖွဲ့ဖြစ်ပေါ်လာစေရေး ဆောင်ရွက်သွားမည်ဖြစ်သကဲ့သို့ ရဲတပ်ဖွဲ့ဝင်များ၏ နေထိုင်ရေးအဆင်ပြေစေရန် ရဲတပ်ဖွဲ့အိမ်ရာများကိုလည်း ဆက်လက်တည်ဆောက်ပေးလျက်ရှိကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။
#Our
