es
Feedback

¡No caigas en manos de tramposos! Telemetrio encuentra y marca estos canales 👉 Si quieres ver la etiqueta, suscríbete 👈

Our President 🇲🇲

Our President 🇲🇲

Ir al canal en Telegram

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ကို ချစ်ခင်လေးစား၍သမ္မတကြီးရဲ့သတင်းများ၊အမိန့်၊ညွှန်ကြားချက်၊သဝဏ်လွှာများ၊မိန့်ခွန်းကောက်နှုတ်ချက်များကို ဖော်ပြပေးသွားမည်။

Mostrar más
El país no está especificadoLa categoría no está especificada
216
Suscriptores
Sin datos24 horas
+27 días
-230 días
Archivo de publicaciones
■ ရဲတပ်ဖွဲ့ဝင်များ၏ စွန့်လွှတ်အနစ်နာခံမှုကို ဂုဏ်ပြု နိုင်ငံတော်နှင့် ပြည်သူအတွက် တာဝန်ထမ်းဆောင်ရင်း စွန့်လွှတ်အနစ်နာခံခဲ့ကြသည့် ရဲတပ်ဖွဲ့ဝင်များကို ဂုဏ်ပြုကြောင်းနှင့် ၂၀၂၅ ခုနှစ် နိုဝင်ဘာလမှ ၂၀၂၆ ခုနှစ် ဩဂုတ်လအထိ ရဲတပ်ဖွဲ့ဝင် ၄,၉၄၀ ဦးကို စွမ်းရည်သတ္တိနှင့် စွမ်းဆောင်မှုဆိုင်ရာတံဆိပ်များ ချီးမြှင့်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ ■ “မျိုးချစ်စိတ်ရှိရမည်၊ စွမ်းရည်ပြည့်ဝရမည်၊ ခေတ်မီရမည်” နိဂုံးချုပ်အနေဖြင့် ရဲတပ်ဖွဲ့ဝင်များသည် နိုင်ငံတော်နှင့် ပြည်သူတို့၏ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ဥပဒေစိုးမိုးရေးအတွက် အရေးကြီးသည့်တာဝန်ကို ထမ်းဆောင်နေခြင်းဖြစ်သဖြင့် စည်းကမ်းရှိစွာ၊ တာဝန်ယူမှုရှိစွာနှင့် ဥပဒေနှင့်အညီ တာဝန်ထမ်းဆောင်ကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို “မျိုးချစ်စိတ်ရှိရမည်၊ စွမ်းရည်ပြည့်ဝရမည်၊ ခေတ်မီရမည်” ဆိုသည့် မျှော်မှန်းချက်ဖြင့် ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ပြီး အဂတိကင်းစင်ကာ ပြည်သူချစ်သည့်၊ နိုင်ငံတော်နှင့် ပြည်သူတို့ အားကိုးရသည့် ခေတ်မီရဲတပ်ဖွဲ့ဖြစ်အောင် ဆောင်ရွက်ကြရန် နိုင်ငံတော်သမ္မတက တိုက်တွန်းမှာကြားခဲ့ပါသည်။

နိုင်ငံတော်နှင့် ပြည်သူ အားကိုးရသည့် ခေတ်မီရဲတပ်ဖွဲ့ဖြစ်အောင် တည်ဆောက်ရန် နိုင်ငံတော်သမ္မတ တိုက်တွန်း၊ နိုင်ငံဖြတ်ကျော်မှုခင်
နိုင်ငံတော်နှင့် ပြည်သူ အားကိုးရသည့် ခေတ်မီရဲတပ်ဖွဲ့ဖြစ်အောင် တည်ဆောက်ရန် နိုင်ငံတော်သမ္မတ တိုက်တွန်း၊ နိုင်ငံဖြတ်ကျော်မှုခင်း၊ အွန်လိုင်းလိမ်လည်မှုနှင့် မူးယစ်ဆေးဝါးမှုများ ထိရောက်စွာ တားဆီးနှိမ်နင်းရန် မှာကြား နေပြည်တော်၊ အောက်တိုဘာ ၁ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို “မျိုးချစ်စိတ်ရှိရမည်၊ စွမ်းရည်ပြည့်ဝရမည်၊ ခေတ်မီရမည်” ဆိုသည့် မျှော်မှန်းချက်ဖြင့် ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ပြီး အဂတိကင်းစင်ကာ ပြည်သူချစ်သည့်၊ နိုင်ငံတော်နှင့် ပြည်သူတို့ ယုံကြည်အားကိုးရသည့် ရဲတပ်ဖွဲ့ဖြစ်အောင် ဆောင်ရွက်ကြရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ကျင်းပသည့် (၆၂) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ်အခမ်းအနား တွင် အမှာစကားပြောကြားရာ၌ ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပါသည်။ ■ ပြည်သူယုံကြည်အားကိုးသည့် ရဲတပ်ဖွဲ့ဖြစ်ရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် ဒို့တာဝန်အရေး (၃) ပါးကို ဦးထိပ်ပန်ဆင်ကာ ရည်မှန်းချက်တာဝန် (၄) ရပ်နှင့် လုပ်ငန်းတာဝန် (၆) ရပ်တို့ကို အောင်မြင်အောင် အကောင်အထည်ဖော်ပြီး လေ့ကျင့်သားပြည့်ဝ၍ အဂတိကင်းရှင်းကာ ပြည်သူယုံကြည်အားကိုးသည့် ရဲတပ်ဖွဲ့ဖြစ်အောင် တည်ဆောက်ရန် မှာကြားခဲ့ပါသည်။ ■ နိုင်ငံဖြတ်ကျော်မှုခင်းများ ပူးပေါင်းတားဆီးရန် Cyber Crime၊ အွန်လိုင်းလိမ်လည်မှု၊ လူကုန်ကူးမှု၊ မူးယစ်ဆေးဝါးမှုနှင့် နယ်စပ်ဖြတ်ကျော်မှုခင်းများ ပိုမိုရှုပ်ထွေးလာသဖြင့် နည်းပညာစွမ်းရည်နှင့် မှုခင်းသတင်းအချက်အလက် စုဆောင်းသုံးသပ်မှု မြှင့်တင်ကာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။ ၂၀၂၅ ခုနှစ်မှ ၂၀၂၆ ခုနှစ် ဩဂုတ်လအထိ နိုင်ငံဖြတ်ကျော် မူးယစ်ဆေးဝါးမှု ၇၀၄ မှု၊ ငွေကြေးခဝါချမှု ၄ မှု၊ လူကုန်ကူးမှု ၄၁ မှု၊ လက်နက်မှောင်ခိုမှု ၅ မှုနှင့် ဆိုက်ဘာမှုခင်း ၃၁၂ မှု ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ ■ အွန်လိုင်းလိမ်လည်မှုများကို Zero Tolerance ဖြင့် နှိမ်နင်း အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများကို Zero Tolerance မူဝါဒဖြင့် နှိမ်နင်းနေပြီး ၂၀၂၆ ခုနှစ်တွင် သက်ဆိုင်ရာ ကြီးကြပ်မှုဗဟိုကော်မတီကို ပြင်ဆင်ဖွဲ့စည်းကာ အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကိုလည်း ပြဋ္ဌာန်းခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့မှ စတင်၍ အွန်လိုင်းလိမ်လည်မှုနှင့် ဆက်စပ်သော KK Park ရှိ အဆောက်အအုံ ၆၃၅ လုံးနှင့် ရွှေကုက္ကိုလ်မြိုင်ကျေးရွာရှိ အဆောက်အအုံ ၇၇ လုံးကို ဖြိုချဖျက်ဆီးရှင်းလင်းခဲ့ပြီး ဖြစ်ကြောင်း နှင့် ၂၀၂၃ ခုနှစ် အောက်တိုဘာလမှ ၂၀၂၆ ခုနှစ် စက်တင်ဘာလကုန်အထိ အွန်လိုင်း လိမ်လည်မှုနှင့် ဆက်စပ်သည့်နိုင်ငံခြားသား ၇၃,၂၅၈ ဦး ကို ပြည်နှင်ဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ■ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဆက်လက်အရှိန်မြှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်အဖြစ် ဆောင်ရွက်လျက်ရှိပြီး အထူးစစ်ဆင်ရေး ၄၁ ကြိမ် ဆောင်ရွက်ခဲ့သည့်အပြင် “Operation 42” ကို အောင်မြင်အောင် ဆက်လက်ဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။ ၂၀၂၆ ခုနှစ် ဇွန် ၂၆ ရက်တွင် ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့တို့၌ ကျပ် ၂,၂၀၉ ဘီလီယံကျော်(အမေရိကန်ဒေါ်လာ ၆၀၃ သန်းကျော်)တန်ဖိုးရှိ ဖမ်းဆီးရမိ မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်းလည်း ပြောကြားခဲ့ပါသည်။ ■ ပြည်သူဗဟိုပြုရဲလုပ်ငန်းနှင့် Digital Policing မြှင့်တင်ရန် ပြည်သူများ၏ တိုင်ကြားမှုနှင့် အကူအညီတောင်းခံမှုများကို မြန်ဆန်၊ မှန်ကန်၊ တာဝန်ယူမှုရှိစွာ ဖြေရှင်းပြီး လူ့အခွင့်အရေးအခြေခံမူများကို လေးစားလိုက်နာကာ ပြည်သူဗဟိုပြုရဲလုပ်ငန်းစနစ် မြှင့်တင်ရန် မှာကြားခဲ့ပါသည်။ ထို့ပြင် Digital Policing၊ Police Technology၊ Forensic Science နှင့် ခေတ်မီစုံစမ်းစစ်ဆေးရေးနည်းပညာများ ကို ထိရောက်စွာ အသုံးချ၍ အထောက်အထားအခြေပြု စုံစမ်းဖော်ထုတ်မှုများ မြှင့်တင်ရန်လည်း တိုက်တွန်းပြောကြားခဲ့ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ (၆၂)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားသို့ တက်ရောက်မိန့်ခွန်းပ
+8
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ (၆၂)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားသို့ တက်ရောက်မိန့်ခွန်းပြောကြား (၆၂)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားကို ယနေ့ အောက်တိုဘာ ၁ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၁ (MICC-1)၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ တက်ရောက်၍ မိန့်ခွန်းပြောကြားသည်။ နိုင်ငံတော်သမ္မတက မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် အပြည်ပြည်ဆိုင်ရာ ရဲအဖွဲ့(INTERPOL) ကို ၁၉၅၄ ခုနှစ်တွင် အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ခဲ့သကဲ့သို ၁၉၉၈ ခုနှစ်တွင် အာဆီယံ ရဲအဖွဲ့(ASEANAPOL)ကို အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ခဲ့ပြီး နိုင်ငံဖြတ်ကျော်မှုခင်း များတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ #HOS

(၆၂) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားကျင်းပပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက် မိန့်ခွန်းပြောကြား   မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် အပြည်ပြည်ဆိုင်ရာရဲအဖွဲ့ (INTERPOL) ကို ၁၉၅၄ ခုနှစ်တွင် အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ခဲ့သကဲ့သို့ ၁၉၉၈ ခုနှစ်တွင် အာဆီယံ ရဲအဖွဲ့ (ASEANAPOL)ကို အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ခဲ့ပြီး နိုင်ငံဖြတ် ကျော်မှုခင်း များတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိ                                                        နေပြည်တော်၊ အောက်တိုဘာ - ၁        (၆၂)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၁ (MICC-1)၌ ကျင်းပ ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက် ရောက်မိန့်ခွန်း ပြောကြားသည်။ #PPIB

photo content
+5

photo content
+9

အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ ( International Day of Older Persons) နှစ်စဉ် အောက်တိုဘာလ ၁ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ (International Day of Older Persons) အဖြစ် ကမ္ဘာတစ်ဝန်းတွင် ကျင်းပလျက်ရှိပါသည်။ သက်ကြီးရွယ်အိုများသည် မိသားစုနှင့် လူမှုအသိုက်အဝန်းအတွင်း အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေကြသူများဖြစ်ပြီး ၎င်းတို့၏ ဘဝအတွေ့အကြုံ၊ အသိပညာနှင့် အတွေ့အကြုံကောင်းများသည် မျိုးဆက်သစ်များအတွက် တန်ဖိုးရှိသော အမွေအနှစ်များ ဖြစ်ပါသည်။ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့သည် သက်ကြီးရွယ်အိုများ၏ ဂုဏ်သိက္ခာ၊ အခွင့်အရေးနှင့် လူမှုဘဝတွင် ပါဝင်နိုင်မှုတို့ကို အလေးထားရန်၊ မျိုးဆက်အလိုက် အပြန်အလှန်နားလည်မှုနှင့် လေးစားမှုကို မြှင့်တင်ရန် ရည်ရွယ်သည့် အထိမ်းအမှတ်နေ့တစ်ရက် ဖြစ်ပါသည်။ PPIB

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဒဂုံတက္ကသိုလ်ဘူတာရုံ၊ ဆေးတက္ကသိုလ်(၁) နှင့် ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ)များသို့ လှည့်လ
+4
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဒဂုံတက္ကသိုလ်ဘူတာရုံ၊ ဆေးတက္ကသိုလ်(၁) နှင့် ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ)များသို့ လှည့်လည်ကြည့်ရှုစစ်ဆေးစဉ် ပြောကြားချက်များမှ ကောက်နုတ်ချက် #HOS

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဒဂုံတက္ကသိုလ် ၊ ဆေးတက္ကသို
+4
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဒဂုံတက္ကသိုလ် ၊ ဆေးတက္ကသိုလ်(၁)နှင့် ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ)တို့သို့ သွားရောက်လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တက္ကသိုလ်များ၏ လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက် ပညာရေး အရ ရင်းနှီးမြှုပ်နှံခြင်းသည် ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် အနာဂတ်နိုင်ငံတော်ကောင်း ကို ပုံဖော်တည်ဆောက်နေခြင်းပင်ဖြစ်သည့်အတွက် နိုင်ငံအတွက် အသိပညာအတတ် ပညာပြည့်စုံသည့် လူသားအရင်းအမြစ်ကောင်းများကို တက္ကသိုလ်များမှ စဉ်ဆက် မပြတ် မွေးထုတ်ပေးသွားရန်လိုကြောင်းထည့်သွင်းပြောကြား နေပြည်တော်၊ စက်တင်ဘာ - ၂၇ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် ယနေ့နံနက်ပိုင်းတွင် ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဒဂုံတက္ကသိုလ်၊ ဆေးတက္ကသိုလ်(၁)နှင့် ရန်ကုန် တက္ကသိုလ် (လှိုင်နယ်မြေ)တို့သို့ သွားရောက် လှည့်လည်ကြည့်ရှုစစ်ဆေးသည်။ #PPIB

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဒဂုံတက္ကသိုလ် ၊ ဆေးတက္ကသို
+9
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဒဂုံတက္ကသိုလ် ၊ ဆေးတက္ကသိုလ်(၁)နှင့် ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ)တို့သို့ သွားရောက်လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တက္ကသိုလ်များ၏ လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက် ပညာရေး အရ ရင်းနှီးမြှုပ်နှံခြင်းသည် ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် အနာဂတ်နိုင်ငံတော်ကောင်း ကို ပုံဖော်တည်ဆောက်နေခြင်းပင်ဖြစ်သည့်အတွက် နိုင်ငံအတွက် အသိပညာအတတ် ပညာပြည့်စုံသည့် လူသားအရင်းအမြစ်ကောင်းများကို တက္ကသိုလ်များမှ စဉ်ဆက် မပြတ် မွေးထုတ်ပေးသွားရန်လိုကြောင်းထည့်သွင်းပြောကြား နေပြည်တော်၊ စက်တင်ဘာ - ၂၇ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် ယနေ့နံနက်ပိုင်းတွင် ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဒဂုံတက္ကသိုလ်၊ ဆေးတက္ကသိုလ်(၁)နှင့် ရန်ကုန် တက္ကသိုလ် (လှိုင်နယ်မြေ)တို့သို့ သွားရောက် လှည့်လည်ကြည့်ရှုစစ်ဆေးသည်။ #PPIB

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဒဂုံတက္ကသိုလ် ၊ ဆေးတက္ကသို
+9
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဒဂုံတက္ကသိုလ် ၊ ဆေးတက္ကသိုလ်(၁)နှင့် ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ)တို့သို့ သွားရောက်လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တက္ကသိုလ်များ၏ လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက် ပညာရေး အရ ရင်းနှီးမြှုပ်နှံခြင်းသည် ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် အနာဂတ်နိုင်ငံတော်ကောင်း ကို ပုံဖော်တည်ဆောက်နေခြင်းပင်ဖြစ်သည့်အတွက် နိုင်ငံအတွက် အသိပညာအတတ် ပညာပြည့်စုံသည့် လူသားအရင်းအမြစ်ကောင်းများကို တက္ကသိုလ်များမှ စဉ်ဆက် မပြတ် မွေးထုတ်ပေးသွားရန်လိုကြောင်းထည့်သွင်းပြောကြား နေပြည်တော်၊ စက်တင်ဘာ - ၂၇ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် ယနေ့နံနက်ပိုင်းတွင် ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဒဂုံတက္ကသိုလ်၊ ဆေးတက္ကသိုလ်(၁)နှင့် ရန်ကုန် တက္ကသိုလ် (လှိုင်နယ်မြေ)တို့သို့ သွားရောက် လှည့်လည်ကြည့်ရှုစစ်ဆေးသည်။ #PPIB

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဒဂုံတက္ကသိုလ်သို သွားရောက်ကြည့်ရှုစစ်ဆေးပြီး
+3
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဒဂုံတက္ကသိုလ်သို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များအား ဖြည့်ဆည်းဆောင်ရွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် ယနေ့နံနက်ပိုင်းတွင် ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဒဂုံတက္ကသိုလ်သို သွားရောက် ကြည့်ရှုစစ်ဆေးသည်။ #HOS

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဆေးတက္ကသိုလ်(၁)ရှိ Multi-Purpose Assembly Hall တည်ဆောက်ရေးလုပ်ငန်း ကြည့်ရှုစစ်ဆေး ရန်ကုန်၊ စက်တင်ဘာ ၂၇ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ စက်တင်ဘာ ၂၇ ရက်တွင် ရန်ကုန်မြို့ရှိ ဆေးတက္ကသိုလ်(၁) ဝန်းအတွင်း တည်ဆောက်လျက်ရှိသည့် လိပ်ခုံးပုံ Multi-Purpose Assembly Hall အဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်းကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများက Assembly Hall တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှု၊ အဆောက်အအုံ၏ မူလဗိသုကာပုံစံနှင့် သွင်ပြင်လက္ခဏာများကို ထိန်းသိမ်းထားရှိမည့် အခြေအနေ၊ ခေတ်မီစနစ်များ ထည့်သွင်းတည်ဆောက်မည့် အစီအစဉ်နှင့် လုပ်ငန်းပြီးစီးရေး ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြခဲ့ကြပါသည်။ နိုင်ငံတော်သမ္မတက ယခင်လိပ်ခုံးခန်းမ နေရာတွင် မူလပုံစံမပျက်စေဘဲ ခေတ်မီဆန်းသစ်သည့် အသွင်အပြင်ရှိစေရေး စနစ်တကျ တည်ဆောက်ရန်နှင့် အခမ်းအနားများ၊ စုဝေးပွဲများ ကျင်းပရာတွင် အသံပိုင်းဆိုင်ရာ အရည်အသွေးကောင်းမွန်စေရန် Soundproof စနစ် ထည့်သွင်းဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပါသည်။ အဆိုပါ Multi-Purpose Assembly Hall တည်ဆောက်ရေးလုပ်ငန်းကို ၂၀၂၆ ခုနှစ် ဇွန်လတွင် စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၇ ခုနှစ် ဇန်နဝါရီလတွင် အပြီးသတ်နိုင်ရန် လျာထားဆောင်ရွက်လျက်ရှိပါသည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဒဂုံတက္ကသိုလ်သို့ သွားရောက်ကြည့်ရှုစစ်ဆေး၊ တက္ကသိုလ် အင်္ဂါရပ်နှင့်အညီ အခြေခံအဆောက်အအုံများ အဆင့်မြှင့်တင်ရေး လမ်းညွှန်မှာကြား ရန်ကုန်၊ စက်တင်ဘာ ၂၇ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ စက်တင်ဘာ ၂၇ ရက်တွင် ဒဂုံတက္ကသိုလ်သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး တက္ကသိုလ်၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး တက္ကသိုလ် အင်္ဂါရပ် နှင့်အညီ အခြေခံအဆောက်အအုံများ ပြုပြင်အဆင့်မြှင့်တင်ရေး၊ ကျောင်းသား၊ ကျောင်းသူများ၏ သွားလာနေထိုင်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု ပိုမိုကောင်းမွန်စေရေးတို့အတွက် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။ နိုင်ငံတော်သမ္မတသည် ဒဂုံတက္ကသိုလ်ဘူတာနှင့် ကျောင်းသား၊ ကျောင်းသူများ၏ သွားလာမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ဒဂုံတက္ကသိုလ် YBS ဂိတ်ကို ဘူတာနှင့် တက္ကသိုလ်သို့ ဝင်ရောက်သည့်လမ်း၏ ဘေးဘက်တွင် စနစ်တကျထားရှိနိုင်ရေးနှင့် ယာဉ်ရပ်နားဝင်း တည်ဆောက်ရန် လျာထားသည့်နေရာတို့ကို ကြည့်ရှုခဲ့စစ်ဆေးခဲ့ပါသည်။ ထို့ပြင် တက္ကသိုလ်အတွင်း ယာဉ်ရပ်နားစနစ်ကို စနစ်တကျဖြစ်စေရေး၊ ယာဉ်ဝင်ထွက်သွားလာမှု အဆင်ပြေချောမွေ့စေရေးနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းဘတ်စ်ကားများ ပြေးဆွဲပေးနေမှုအခြေအနေနှင့် လိုအပ်ချက်များကို စိစစ်၍ လိုအပ်သလို ဖြည့်ဆည်းဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။ တက္ကသိုလ်ဝင်းအတွင်း ရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရေးနှင့် မိုးရာသီတွင် ရေဝပ်ရေလျှံမှုများ မဖြစ်ပေါ်စေရေး စနစ်တကျ ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပါသည်။ ဒဂုံတက္ကသိုလ် ပါမောက္ခချုပ်က တက္ကသိုလ်၏ လက်ရှိအခြေအနေ၊ ပညာရေးဆိုင်ရာနှင့် အခြေခံအဆောက်အအုံဆိုင်ရာ လိုအပ်ချက်များ၊ အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေးဆွဲထားသည့် စီမဲကိန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် နိုင်ငံတော်သမ္မတက ဒဂုံတက္ကသိုလ် အားကစားကွင်းနှင့် ပွဲကြည့်စင်တို့ကို သတ်မှတ်ထားသည့် စံချိန်စံညွှန်းများနှင့် ကိုက်ညီစေရေး ပြုပြင်အဆင့်မြှင့်တင်ဆောင်ရွက်ရန်နှင့် တက္ကသိုလ်၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို တက္ကသိုလ် အင်္ဂါရပ်နှင့်အညီ စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်သွားရန် နိုင်ငံတော်သမ္မတက လမ်းညွှန်မှာကြားခဲ့ပါသည်။

Repost from PPIB.Official
🙏🙏🙏ချမ်းမြေ့ဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ၏ အန္တိမအဂ္ဂိဈာပန ပူဇာသဘင် 🙏🙏🙏 #ချမ်းမြေ့ဆရာတော် #PPIB PPIB Links Youtube | Tiktok | Telegram | Website |  X(Twitter)

နိုင်ငံတော်သြဝါဒါစရိယ၊ ရွှေကျင်နိကာယ ရတ္တညူမဟာနာယက၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ၊ ချမ်းမြေ့ဆရာတော်ဘုရားက
+9
နိုင်ငံတော်သြဝါဒါစရိယ၊ ရွှေကျင်နိကာယ ရတ္တညူမဟာနာယက၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ၊ ချမ်းမြေ့ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဇနကာဘိဝံသ၏ အန္တိမ အဂ္ဂိဈာပန သာဓုကီဠန ပူဇာသဘင်အခမ်းအနား ကျင်းပပြုလုပ် နေပြည်တော်၊ စက်တင်ဘာ - ၂၅ ဘဝနတ်ထံစံလွန်တော်မူခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ချမ်းမြေ့ရိပ်သာကျောင်းတိုက်ဦးစီးပဓာန နာယက၊ နိုင်ငံတော်သြဝါဒစရိယ၊ ရွှေကျင် နိကာယ ရတ္တညူမဟာနာယက၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ၊ ပြည်တွင်း၊ ပြည်ပ ကမ္ဘာ့ဗုဒ္ဓသာသနာပြု သက်တော် (၉၉)နှစ်၊ သိက္ခာ ဝါတော်(၇၉)ဝါရှိ ချမ်းမြေ့ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဇနကာဘိဝံသ၏ အန္တိမအဂ္ဂိ ဈာပနသာဓုကီဠန ပူဇာသဘင်အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ချမ်းမြေ့ရိပ်သာ ကျောင်းတိုက်၌ ကျင်းပပြုလုပ်သည်။ #PPIB

ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍ Time Magazine သတင်းထောက် Charlie Campbell ၏ မေးမြန်းမှုအပေါ် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြန်လည်ဖြေကြားချက် #Our

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ရဲ့ ငယ်စဉ်ဘဝဖြတ်သန်းခဲ့မှုနဲ့ပတ်သက်ပြီး Time Magazine မှ သတင်းထောက် Charlie Campbell က မေးမြန်းခဲ့မှုအပေါ် ပြန်လည်ဖြေကြားချက်ဖြစ်ပါတယ်။ #Our

နျူကလီးယားစွမ်းအင်သည် တည်ငြိမ်သည့် လျှပ်စစ်ဓာတ်အားရရှိရေးနှင့် ရေရှည်စွမ်းအင် လုံခြုံရေးအတွက် လေ့လာသုံးသပ်ရမည့် ရွေးချယ်စရာတစ
နျူကလီးယားစွမ်းအင်သည် တည်ငြိမ်သည့် လျှပ်စစ်ဓာတ်အားရရှိရေးနှင့် ရေရှည်စွမ်းအင် လုံခြုံရေးအတွက် လေ့လာသုံးသပ်ရမည့် ရွေးချယ်စရာတစ်ရပ်ဖြစ် မြန်မာနိုင်ငံ၏ စွမ်းအင်မူဝါဒသည် စွမ်းအင်ရင်းမြစ်တစ်မျိုးတည်းကို အားကိုးခြင်းမဟုတ်ဘဲ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် (Renewable Energy)၊ သဘာဝဓာတ်ငွေ့နှင့် အခြားရင်းမြစ်များကို ပေါင်းစပ်အသုံးပြုသည့် Mix Energy ကိုအခြေခံသင့်ကြောင်း၊ ယင်းနေရာတွင် နျူကလီးယားစွမ်းအင်သည် တည်ငြိမ်သည့် လျှပ်စစ်ဓာတ်အားရရှိရေးနှင့် ရေရှည်စွမ်းအင် လုံခြုံရေးအတွက် လေ့လာသုံးသပ်ရမည့် ရွေးချယ်စရာတစ်ရပ်ဖြစ်သည်ကိုတွေ့ရကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့ပါတယ်။ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်နေ့က အမျိုးသားအဆင့် နျူကလီးယားစွမ်းအင် အကောင်အထည်ဖော်ရေး ဦးဆောင်ကော်မတီ အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ #HOS

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအာ
+9
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအား တွေ့ဆုံအမှာစကားပြောကြားချက်များမှကောက်နုတ်ချက် #HOS