ကဗျာလိပ်ပြာတို့ရဲ့ရင်ဖွင့်ရာ
Closed channel
226
Subscribers
No data24 hours
+107 days
+1530 days
Data loading in progress...
Similar Channels
No data
Any problems? Please refresh the page or contact our support manager.
Tags Cloud
No data
Any problems? Please refresh the page or contact our support manager.
Incoming and Outgoing Mentions
---
---
---
---
---
---
Attracting Subscribers
June '26
June '26
+9
in 1 channels
May '26
+18
in 8 channels
Get PRO
April '260
in 0 channels
Get PRO
March '26
+1
in 0 channels
Get PRO
February '26
+3
in 0 channels
Get PRO
January '26
+3
in 0 channels
Get PRO
December '25
+7
in 0 channels
Get PRO
November '25
+10
in 0 channels
Get PRO
October '25
+5
in 0 channels
Get PRO
September '25
+3
in 0 channels
Get PRO
August '25
+10
in 0 channels
Get PRO
July '25
+20
in 0 channels
Get PRO
June '25
+25
in 4 channels
Get PRO
May '25
+108
in 8 channels
Get PRO
April '25
+296
in 13 channels
| Date | Subscriber Growth | Mentions | Channels | |
| 07 June | 0 | |||
| 06 June | +2 | |||
| 05 June | +1 | |||
| 04 June | +2 | |||
| 03 June | +3 | |||
| 02 June | 0 | |||
| 01 June | +1 |
Channel Posts
အလွမ်းပေါ်အလွမ်းဆင့်လို့
လွမ်းရစ်တော့ကွယ်လို့များ
ဆိုခဲ့သလားမမခိုင်၊
စုန်းမတစ်ယောက်ရဲ့အပြုံးနဲ့
ပြုစားထားလေသလား
စက္ကန့်မလပ် သတိရခြင်း
ထပ်နေပါစေလို့များ
ကျိန်ခဲ့သလားမမခိုင်။
#လွမ်းသူမကွေး
| 2 | ဗုဒ္ဓက. ဒုက္ခကို ဆင်းရဲ၏
ကျွန်တော်ဒုက္ခကို
ရင်ဝယ်ပိုက်ထားမိခဲ့တယ်
ဘယ်အရာမှမမြဲခြင်းကို
အနိစ္စတဲ့ သူမကို တွယ်ကပ်မိတာ
မမြဲခြင်းတွေ တကယ်ရခဲ့တယ်
-SATE TA
မမသူဇာစာရှည်ကဗျာမှ | 11 |
| 3 | မိုးတွေရွာရင်
ထီးတစ်ချောင်း မဆောင်တက်တဲ့
သူမအတွက်စိတ်ပူမိတယ်
ကိုယ်ကသာ တစ်ဖက်သတ်စိတ်ပူနေရတာ
သူမကတော့ သူချစ်တဲ့သူနဲ့
သွားလေးပေါ်အောင်ပြုံးလို့
ရိုးသားစွာချစ်ခဲ့မိတာမို့
ဘာမျှော်လင့်ချက်မှမပါခဲ့ဘာဘူး
ပျော်အောင်နေပါ
ရွှင်အောင်နေပါ
အခုလိုရာသီဥတုတွေမျိုးမှာ နွေးနွေးထွေးထွေးနေပါ
ကျန်းမာရေးဂရုစိုက်ပါ
ငါကတော့
တစ်ဖက်သတ်ချစ်မိခြင်းရဲ့စိတ်ဟာ
နာမကျန်းဖြစ်နေခဲ့တာကြာပြီ...။
#ခန့်ထည်
#အဆင်မပြေခြင်းအနုပညာ | 13 |
| 4 | "နယ်မြေမဲ့ အိမ်မက်"
နယ်မြေတခုရဲ့အစိတ်အပိုင်း
နယ်မြေတခုရဲ တစိတ်တဒေသ
လွမ်းမောဖွယ်တွေကျန်နေဆဲပဲ။
အိမ်လွမ်းခြင်းနဲ ချစ်ရသူလွမ်းခြင်းတွေ ဒုက္ခတွေ မေ့ထားပြီး
ပန်းတိုင်ဆီရောက်ဖို့ ငါထွက်ခဲ့ပြီ။
မေ့ခဲ့တာမဟုပ်ဘူး
အနာဂတ်အတွက် ငါတိုစကားမပြောတဲ့လူကိုစေခိုင်းနေတဲ့
ငွေကို ရှာကြရမယ်အမေရေ။
သားဘဝကြီးဟာ ခါးပါတယ်လို့ ကျွန်တော်ပြောမထွက်ဘူး
မိဘတို့မေတ္တာတွေက နှိုင်းယှဥ်စရာမတွေကြလို့
ရေမြေရှားအလွမ်းဟာ မေ့မရခဲ့။
လောကအမှောင်ကို
သမ္မာအာဇီဝကျကျ ရှာကြရမယ်
ချစ်ခြင်းမေတ္တာကို ခနမေ့ထားပြီးချစ်ရသူနဲဝေးကွာကာ
ငါတို့ခရီးဆက်ထွက်ခဲ့တယ်။
ပြည်ဝတဲမိသားစုဘဝလေးပိုင်ဆိုင်ဖို့ ငါတိုအိမ်မက်တွေ ကိုယ်စီနဲပေါ့။
ဆန္နပြည်ဝတဲ့တနေ့အကောင်အထည်ဖော်နေပြီ။
လူငယ်အတွက် အနာဂတ်အရာင်လှပဖို့ အကာင်အထည်ဖော်ကြရမယ် ဒုက္ခရှိမှ သုခဖြစ်လာမှာ
သားကြီးရေ။
အခုချွေးစက်တွေက ငါတိုတွေ
ငွေစက္ကုလေးဖြစ်လာမှာပါ။
ပြည်စုံတဲ့ဘဝရရှိဖို့ ဒုက္ခဆိုတာ
ခံရစမြဲပဲ။
နွံထဲက ပတ္တမြားတလုံးရရှိဖို့
ငါတို့တွေ ရင်းကြရမှာပဲ
သားကြီးရေ။
-SATE TA | 13 |
| 5 | သစ္စာ2
ဒီအမျိုးသမီးလေး
တစ်ယောက်လေးဘဲရှိတာမို့
ဒီအမျိုးသမီးလေးကိုရာသက်လုံး
သစ္စာရှိစွှာချစ်ပေးသွှာမှာပါဗျာ
ရင်ဘတ်ရှိုက်သံ ( အင်းလေး) | 11 |
| 6 | မမထံသို့ ပေးစာ
မမရေ...
မမကိုချစ်တယ်ဆိုတာ
နှုတ်ခမ်းဖျားက လွယ်လွယ်ပြောတဲ့
စကားတစ်ခွန်း မဟုတ်ပါဘူး။
အဲဒီစကားဟာ
မောင်ရဲ့ရင်ထဲက
မမကြောင့်သာ ဖြစ်ပေါ်လာတဲ့
ခံစားချက်အစစ်အမှန်တွေပါ မမရယ်။
နေ့ရက်တိုင်းမှာ
မမကို သတိရတဲ့စိတ်တွေနဲ့ပဲ
မောင် ရှင်သန်နေမိတယ်။
မမရဲ့အသံလေး ကြားရရုံနဲ့တင်
တစ်နေ့တာရဲ့ မောပန်းမှုတွေ၊
ပင်ပန်းနွမ်းနယ်မှုတွေဟာ
အလိုလို ပျောက်ကွယ်သွားတတ်တယ် မမရယ်။
မမ ပျော်ရွှင်နေချိန်ဖြစ်ဖြစ်၊
မမ ဝမ်းနည်းနေချိန်ဖြစ်ဖြစ်၊
မောင်က မမနားမှာ
အမြဲရှိနေပေးပြီး
အားပေးချင်တဲ့သူတစ်ယောက်ပါ။
မမက မောင့်ဘဝထဲကို
အမှတ်မထင် ရောက်လာခဲ့ပေမယ့်
အဲဒီတွေ့ဆုံမှုအတွက်
ကံကြမ္မာကို ကျေးဇူးတင်မိတယ် မမရယ်။
မမဟာ
မောင့်ဘဝကို အလင်းပြပေးတဲ့
ကြယ်လေးတစ်စင်း ဖြစ်လာခဲ့တယ်။
လမ်းပျောက်နေတဲ့ မောင့်နှလုံးသားကို
နွေးထွေးမှုတွေနဲ့ လမ်းပြပေးတဲ့
မမကိုတော့
တကယ် မဝေးသွားချင်ဘူး မမရယ်။
မမသာ မောင့်အနားမှာ ရှိနေရင်
နွေးထွေးမှု၊ ကြင်နာမှု၊
ပျော်ရွှင်မှုတွေ အားလုံးဟာ
ပြည့်စုံနေသလို ခံစားရတယ်။
ဘယ်လောက်ပဲ အခက်အခဲတွေ ရှိရှိ၊
ဘယ်လောက်ပဲ ပြဿနာတွေ ကြုံကြုံ၊
မောင့်အနားမှာ အရိပ်တစ်ခုလို
အမြဲရှိနေပေးခဲ့လို့
ကျေးဇူးတင်ပါတယ် မမရယ်။
မမကို ချစ်ခဲ့တာဟာ
ပိုင်ဆိုင်ချင်တဲ့စိတ်ထက်
မမ ပျော်ရွှင်နေချိန်မှာရော၊
ဝမ်းနည်းအားငယ်နေချိန်မှာပါ
မမနားမှာ အရိပ်တစ်ခုလို
စောင့်ရှောက်ပေးချင်တဲ့စိတ်ကြောင့်ပါ။
မမကို ချစ်တဲ့အကြောင်းတွေကို
ပါးစပ်ဖျားကနေ အများကြီး မပြောတော့ဘူး။
တစ်နေ့နေ့မှာတော့
မောင် မမကို
ဘယ်လောက်ချစ်ကြောင်း
လုပ်ရပ်တွေနဲ့ သက်သေပြချင်ပါတယ် မမရယ်။
မောင့်အနားမှာ
အမြဲရှိနေပေးခဲ့လို့ ကျေးဇူးပါနော်။
ဘယ်လို ပြဿနာတွေရှိရှိ၊
ဘယ်လို အခက်အခဲတွေ ကြုံကြုံ၊
တူတူ လက်တွဲပြီး ကျော်ဖြတ်ကြမယ်။
အရမ်းချစ်ရပါသောမောင်ရဲ့ မ
မမ ထံ သို့ ပေးစာ (၁)
အာရွန် | 10 |
| 7 | ကုလားအုတ် တစ်ကောင်ရဲ့အိပ်မက်
နှင်းကန္တာရထဲဖြတ်လျှောက်မှ
ခိုက်ခိုက်တုန် ပူအိုက်လာတယ်
ငါခွစီးလာတာ လူသားကျောပေါ်ပဲ
မဖြစ်ဘူး
ခုန်ဆင်းပစ်လိုက်တယ်
#ခန့်ထည် | 17 |
| 8 | ဟုတ်ပါပြီ
စိတ်ရဲ့အလိုကိုချော့
မျက်ရည်ခတ်ဖျော့ဖျော့နဲ့
သူလေးပျော်ပါစေဆိုပြီး
ရေငုံလို့နုတ်ပိတ်
ကျုပ်အသံတွေ
တိတ်ပစ်ခဲ့တဲ့နေ့ညတွေက
ရက်ပေါင်း၁၈၁ရက်
တောင်မကတော့ဘူးထင်တယ်ဗျ...
ရင်ဘတ်ရှိုက်သံ ( အင်းလေး) | 16 |
| 9 | မမခိုင်က သရဲလား
ခဏလေးကိုယ်ယောင်ပြပြီး
ခဏလေးနဲ့ပျောက်သွားတယ်။
မမခိုင်က သူယောင်မယ်လား
အပြုံးတွေနဲ့ဖမ်းစားပြီး
ပျောက်ကွယ်သွားတယ်။
မမခိုင်က ဥစ္စာစောင့်လား
အချစ်ကိုနှမျောတွန့်တိုစွာ
မျှဝေပေးနေတယ်။
မမခိုင်က လေ လား
အနီးအနားက
နှလုံးသားလေးလှုပ်ခပ်မှ
ရောက်လာမှန်းသိရတယ်။
မမခိုင်က တိမ်ဖြူလေးလား
မြင်တွေ့ရရင်တောင်
ထိတွေ့ခွင့်မရဘူး၊။
မမခိုင်က
မမခိုင်က ကျွန်တော်နားမလည်နိုင်တဲ့
မဟာလင်္ကာ အပိုင်းအစ လား။
#လွမ်းသူ မကွေး | 17 |
| 10 | မိုးရေမိုးပေါက်တွေက နာကြင်မှုနဲအတူပြင်းထန်စွာရွာနေဆဲပဲ။
ငါတို့ရဲ့ တထောင့်တညပုံပြင်တွေထဲကလိုပေါ့ ငိုကြွေးခြင်းပူလောင်ခြင်းတွေ စုမိလာတက်တယ်။
တဖက်သက်ချစ်ခြင်းတွေက ပူလောင်ခြင်းဆို ငါတိုတွေ အေးချမ်းမှုကို တွေရမှာမဟုပ်။
အချစ်ကို အပြစ်တင်ရင်
ဘာကြောင့်မုန်းခြင်းတွေကို လက်မခံကြတာလဲ။
ကျောကွင်းထဲရောက်နေပြီးမှ
ပြန်လည်လွတ်မြောက်ချင်လို့မရဘူး ခါးသက်သက်နိုင်တဲ့အသီးဟာ ဘယ်တော့မှပြန်ချိုလာတာမှမဟုပ်တာ ပူလောင်ခြင်းဟာမီးပြင်မှလွှတ်ချင်ရင် သံယောဇဥ်တခု ဖြတ်တောက်မှ ရနိုင်တယ်။
-SATE TE | 16 |
| 11 | သားဆိုးတယောက်ပါအမေ
ပြန်မလာနိုင်တဲ့နေရက်တွေ
လက်ရီချိုးလို တိုင်းတစ်ပါးကငိုကြွေးသံတွေ တွေနေရတယ်အမေ
အမေအတွက် သားလူရည်ချွန်မဖြစ်ခဲ့ရပေမဲ့ သားခွန်းအားတွေနဲ့
ပြုစုခွင့်ရလို့ ပျော်ပါတယ်အမေ။
-SATE TA | 14 |
| 12 | မှုတ်ထုတ်လိုက်တဲ့
ဆေးလိပ်ငွေ့တွေထဲ
အမှတ်တရတွေ တပုံတပင်.....
" ဆေးလိပ်မဖြတ်သေးဘူးလား " တဲ့
မေးရက်လိုက်တာ အချစ်ရယ်
မင်းမလို့ မေးရက်လိုက်တာ.....
Lion Sins of Pride
Escanor | 17 |
| 13 | ဒီတခါ သံယောဇဥ်တွေ
မကြီးပြတော့ဘူဗျ။
ကိုယ်ပဲပူလောင်ရတယ်
နှလုံးသားလေး
အသက်ဝင်နေတဲ့အချိန်မှာ
သူဟာ ကျွန်တော်ဘေးက
ထွက်ခွာသွားခဲ့တာပါ။
ချစ်ဟန်ဆောင်ခဲ့တာမဟုပ်လို့
နာကြင်မှုတွေရစမြဲပါ။
ဝေးသွားလို့လည်း
အပြစ်မတင်ပါဘူး
ကျွန်တော်ကံဇာတာက
မကောင်းခဲ့တာပါ
-SATE TA | 16 |
| 14 | "မုသားပြတိုက်"
ခပ်ချိုချိုအသံလေးနဲ့ ပြောခဲ့တာလေး ငါနားထဲမှာ ကြားယောင်နေဆဲ။ စကားလုံးတိုင်းဟာ မုသားပါမှ
ပြောတတ်တဲ့ မင်းကိုမှ
စွဲလမ်းမိနေတာပါ။
ဝေးသွားလည်းပဲ ဒီကမေတ္တာမပျက်ဘဲ ချစ်နေသူပါ။
မေ့မရဘူးလို့ ပြောခဲ့တဲ့ မင်းက
အခုဆို တစ်ခြားတစ်ယောက်နဲ့ပေါ့။
သံယောဇဉ်တွေပို၊ အပြောချိုပြီး လိမ်ညာခဲ့တာလေးက ငါဘဝက မှတ်တမ်းလေးတစ်ခုပါပဲ။
ဝမ်းနည်းဖွယ်ရာ အတိတ်တစ်ခုကို ပြန်မသွားချင်တော့ဘူး။
ငါသတိရမိသွားတယ်။
အချစ်နဲ့မထိုက်သောသူ၊
အပြုံးပေးနိုင်တဲ့သူဟာ
မင်းပဲရှိတယ်။
သံယောဇဉ်တစ်ခုကို
ကစားစရာအရုပ်လို့
ထင်ခဲ့တာလေး သိလား။
မျှော်လင့်ချက်အနာဂတ်ဆီသို့ အသက်မဲ့ရတဲ့ နေ့ရက်တွေက ငါ့ရဲ့နှလုံးသားကို ထိုးဖောက်ဝင်စေခဲ့တယ်။
ငိုနေတယ်လို့ ကြားတော့
မုသားသုံးခဲ့တဲ့ မင်းက
တစ်ဖန် ဝဋ်လည်ခဲ့ရပြီ။
အသက်မဲ့ရုပ်သေးရုပ်လေးဟာ
ကြိုးလေးနဲ့ ဆွဲဆန်ကနေမှ လှတယ်။ အခုရုပ်သေးရုပ်လေးဟာ
အနာဂတ်မှတ်တိုင်
ပျောက်လွင့်နေဆဲပဲ။
စကားလုံးတိုင်းဟာ နာကျင်မှုကို
ရိုက်သွင်းခဲ့တာလေး သိလား။
ကျွန်တော်မှာ လူတကာရွဲ့လို့ ငိုခဲ့ရပြီ။
လွမ်းဆွေးခြင်းတွေ၊ နာကျင်ခြင်းတွေဟာ
ကျွန်တော်အတွက် ဖက်လုံးတစ်ခုစာ အိပ်စက်ရလို့ပါ။
- SATE TA | 18 |
| 15 | အချစ်ဆိုတာ ဘာလည်းမေးရင်
ငါမင်းကို လက်ညိုးထိုးပြမယ် မင်းဟာငါ့ကမ္ဘာကြီး...
ကမ္ဘာကြီးနဲ့ညီမျှလွန်းလို့ထင်တယ်
ငါ့အတွေးထဲ မင်းပဲပြည့်နက်နေခဲ့တယ် အချစ်ရယ်...
အချစ်ရယ်လို့ ခေါ်ဝေါ်နာမ်စားလေး
အသက်ဝင်မဲ့နေဟာ ကိုယ်ရူးမဲ့နေလို့ပြောတော့ သွား အပိုတွေတဲ့
အပိုစကားမဟုတ်ပါဘူးကွယ်
ရင်ထဲအချစ်တွေက ထိမ်းမရသိမ်းမရပြည့်လျှံနေတောတာပါကွယ်
ပြည့်လျှံနေတဲ့ငါ့အချစ်တွေ မင်းတစ်ဦးတည်းကိုပဲ
ပေါပေါလောလောပေးနေရခြင်းဟာလည်း ငါ့သစ္စာတရားတွေပါကွယ်
သစ္စာတွေကိုစာလိုစီ ကဗျာလိုရေး မင်းအနားထိုင်ပြီး
ချစ်တယ်စကား မင်းရဲ့သက်စေ့ရွတ်ပြချင်မိတယ်ကွယ်
ဒီလိုသက်စေ့ရွတ်ရမယ်ဆို မမောနိုင်မပန်းနိုင်
မင်းအပြုံးလေးငေး၍ ရွတ်ပြနေမိပါ က လေး လေး ရယ်
♡ ခန့်ထည် ♡
ရွတ်ဆိုချစ်ခြင်း | 20 |
| 16 | မိုးမြင့်ယံထက် ဝတိံသာနတ်သမီး
တပါးအတိုင်းပါပဲ အချစ်ရယ်
စွန့်လွတ်ခံလူသားမို့ထင်ပါတယ်
အချစ်နဲ့ပက်သက်လာရင်
အကိုဟာ
အရှုံးခံလူသားတယောက်ပါ
ပျော်ရွှင်ခြင်းကို ဥပေက္ခါတရားက
ကျော်ခိုင်းလိုက်တာပါပဲ
မာနလေးမထားရဲပါဘူး
အချစ်ရယ်
အခုဘဝလည်းဝေး
နောင်ဘဝလည်းဝေးရမှာ
ကြောက်တယ်
စွဲလမ်းခြင်းဟာငရဲဆို
ပူလောင်ခြင်း
သောကမျက်ရည်ပါ
အရာရာမှာ
ဆက်ချစ်နေသေးလို့
အပြစ်မတင်ရက်ပါဘူး
တပါးသူရင်ခွင်မှာ
ပျော်တာလေးက
ကျွန်တော်အတွက်
ဝဋ်လည်ခြင်းတမျိုးပါပဲ
SATE TA | 21 |
| 17 | အသားချင်းထိမှ နှလုံးသားချင်း
နီးတာမဟုတ်ပါဘူး။သူပို့လိုက်တဲ့
စာတစ်ကြောင်းကြောင့်
ကိုယ်ပြုံးရတဲ့အခါမှာလည်း
နှလုံးသားချင်း မနီးနိုင်ရင်တောင်
နွေးရပါတယ်...။
-အံ့လွန်းပျို
နှလုံသားက နူးညံ့ပေမဲ့
ဒဏ်ရာတွေနဲ့ ရင်ဆိုင်လာခဲ့ရင်
ပြုံးပြဖို့ ငါ့မှာအင်အားမရှိဘူး
မတ်ဆေ့လေးတစ်စောင်ဟာ
ငါ့ဘဝကို ရူးခါသွားနိုင်တယ်။
SATE TA | 25 |
| 18 | ကျွန်တော်နာကြင်သလိုံ
သူလည်းနာကျင်ပါစေဆိုတဲ့
စိတ်နဲ့ မထားတက်ပါဘူးချစ်ရယ်။
ဝဋ်ဆိုတာကြီးကို
သံသရာအထပ်ထပ်ခံစားရမှာ
ဆိုတာနားလည်ပါတယ်။
ချစ်ခြင်းတရားကိုဖောက်ပြန်ရင်
ငါမေတ္တာတွေ ဆူးလိမ့်မယ်။
-SATE TA | 24 |
| 19 | ကြယ်စင်လေးရေ
မိုးသားထက်မှာ
အမြဲတမ်းလင်းလတ်လို့
တောက်ပနေပေးပါ
ထာဝရပေါ့...
ရင်ဘတ်ရှိုက်သံ ( အင်းလေး) | 23 |
| 20 | ကတိသစ္စာတည်သောအခါဝယ် နွယ်မြက်သစ်ပင်ချစ်သက်ဝင်၏
ဆိုတဲ့ ဆရာသိုးဆောင်းစာအုပ်ဖတ်ပြီး
မင်းကို အရင်ကထပ်ပို၍ချစ်လာတယ်
ပို၍တန်ဖိုးထားတယ်
မင်း ကိုချစ်မိနေခြင်းဟာ
မင်းတောင်မလိုအပ်ပဲ
တစ်ကိုယ်တည်းတည်မြဲနေတဲ့သစ္စာတရားကိုကိုယ့်ကိုယ်ကိုယ်မြင်လာတယ်
မင်း ပြန်ချစ်ဖို့
ကိုယ့်အနားမှာ အမြဲရှိနေမှမဟုတ်ဘူးနော်
ဘယ်သူ့ရင်ခွင်မှာဘဲဖြစ်ဖြစ်
အခုလိုချစ်နေရတာကို သိမ်ငယ်သလို ဖြစ်မနေတော့တာ
မင်းနဲ့ အတူတစ်မိုးအောက်တည်းမှာအတူတူရှိခွင့်ရတယ်ဆိုတဲ့အသိတစ်ခုတည်းနဲ့
ကမ္ဘာမြေပေါ်လူဖြစ်ခဲ့ရတာကိုပဲ တန်ခဲ့ပါပြီလို့တွေးရင်း
အဖေနဲ့အမေကိုကျေးဇူးတင်မိတယ်
မင်းဘယ်သူ့ရင်ခွင်မှာဖြစ်ဖြစ်ပေါ့ကွယ်
တစ်ဖက်တည်းတည်မြဲနေတဲ့ ဒီသစ္စာတရားတွေကို
မင်းသိခဲ့သည်ဖြစ်စေ မင်းမသိခဲ့သည်ဖြစ်စေ
အသက်ရှင်သရွေ့ချစ်၍သွားမယ်
#ခန့်ထည်
#ဘဒ္ဒကမ္ဘာမှာမင်းကိုဘဲချစ်တယ် | 23 |
Available now! Telegram Research 2025 — the year's key insights 
