cookie

We use cookies to improve your browsing experience. By clicking ÂŤAccept allÂť, you agree to the use of cookies.

avatar

CHANNEL X

𝑨 𝑲𝒂 𝑪𝒉𝒊 𝑪𝒉𝒂𝒏𝒏𝒆𝒍 မြန်မာစာတန်ထိုးဇာတ်ကားများ

Show more
Advertising posts
3 791
Subscribers
-1224 hours
-277 days
+1 27330 days

Data loading in progress...

Subscriber growth rate

Data loading in progress...

Photo unavailableShow in Telegram
Upon the Magic Roads (2021) ဒါကတော့ရုရှားစကားပြောကားလေးပါ၊ ရုရှား ရှေးပုံပြင်တစ်ပုဒ်ဖြစ်တဲ့ The Humpbacked Horse ကိုရုပ်ရှင်ရိုက်ထားတာပါ ဆင်းရဲတဲ့လယ်သမားတစ်ယောက်ရဲ့သားဖြစ်သူအိုင်ဗန်ဟာ မှော်မြင်းမတစ်ကောင်ကိုကူညီမိရာက လူစကားတတ်တဲ့မြင်းပေါက်စလေးတစ်ကောင်ကို လက်ဆောင်ရပြီး တူတူစွန့်စားခန်းထွက်ကြပါတယ် ရုပ်ရှင်က ရုရှားကားဆိုပေမယ့် ၀တ်စုံတွေ Visual effects တွေကြည့်လို့ကောင်းပြီးမူလပုံပြင်အတိုင်းဖြစ်အောင်ရိုက်ကူးထားပါတယ်။ပေါ့ပေါ့ပါးပါးနဲ့မိသားစုလိုက်ကြည့်နိုင်မယ့်ကားလေးပါ Movie Link 👇 https://t.me/khkkpppacwchannel30/305
Show all...
Photo unavailableShow in Telegram
ရုပ်ရှင်အကြောင်းကြောင်းမပြောပြခင် ၂၀၂၃ ခုနှစ်ရဲ့ Oscar ဆုပေးပွဲမှာ အကောင်းဆုံး ရုပ်ရှင်ဆု ၊ အကောင်းဆုံး ဒါရိုက်တာဆု ၊ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆု ၊ အကောင်းဆုံး ဇာတ်ပို့ဆု ၊ အကောင်းဆုံး ရုပ်ရှင်တည်းဖြတ်ဆု ၊ အကောင်းဆုံး ရုပ်ရှင် ဓာတ်ပုံဆု ၊ အကောင်းဆုံး နောက်ဆံ တေးဂီတ ဆု ဆိုတဲ့ ဒီလို Oscar ဆုတွေ တသီကြီးရထားတဲ့ ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။မင်းသားတွေကလည်း Cillian Murphy နှင့် Iron Man အဖြစ် လူသိများတဲ့ Robert Downey Jr. တို့လို မင်းသားတွေ သရုပ်ဆောင်ထားတာမလို့ ရုပ်ရှင် ချစ်သူတွေအတွက်ကဝောာ့ လက်မလွှတ်သင့်တဲ့ ရုပ်ရှင်တစ်ခုဆိုတာ မပြောလည်းသိမယ်ထင်ပါတယ်။ ရုပ်ရှင်အကြောင်းကတော့ ဒုတိယကမ္ဘာစစ်ကို ပြီးဆုံးအောင် ဂျပန်နိုင်ငံရဲ့ ဟီရိုရှီးမား မြို့ နှင့် နာဂါဆာကီ မြို့ ကို ကျဲချခဲ့တဲ့ အနုမြူ ဗုံး ကို တီထွင်ခဲ့တဲ့ အော့ပန်ဟိုင်းမား ဆိုတဲ့ လူအကြောင်းပဲ ဖြစ်ပါတယ်။ဒါရိုက်တာ Nolan ရဲ့ တမူထူးခြားတဲ့ စွမ်းဆောင်ချက်တွေကြောင့် ဒီရုပ်ရှင်က ပိုအနှစ်သာရရှိသွားတာဆိုရင်လည်းမမှားပါဘူး။ အော့ပန်ဟိုင်းမားရဲ့ ‌‌ကျောင်းသားဘ၀တုန်းက အတွေ့အကြုံတွေ ၊ ပါမောက္ခ ဖြစ်လာတော့လည်း.... Movie Link 👇 https://t.me/khanthtookyaw25/3320
Show all...
👍 1
Aladdin (2019) IMDB: (7.4/10) (Animation) မှာ အရမ်းကိုအောင်မြင်ခဲ့တဲ့ ဒီကားလေးက အခု (Live Action) မှာကော အောင်မြင်မလားဆိုတာကို ဒီကားလေးကိုကြည့်ပြီးဆုံးဖြတ်လိုက်ရအောင်လား ဇာတ်ကားထဲမှာ အာလာဒင်ဆိုတဲ့ သူခိုးတစ်ယောက်က မြို့သူအယောင်ဆောင်ပြီး မြို့ထဲကိုထွက်လာတဲ့ မင်းသမီးလေးနဲ့တွေ့ပြီးချစ်မိသွားကြတယ် သူခိုးတစ်ယောက်နဲ့ မင်းသမီးတစ်ပါးနဲ့ မဖြစ်နိုင်တော့ဂျဖာက အာလာဒင်ကိုဖမ်းပြီး မီးခွက်ခိုးခိုင်းတာကနေပြီးတော့မီးခွက်စောင့်ကြီး တဖြစ်လဲ (Will Smith) နဲ့တွေ့ဆုံပါတော့တယ် (Will Smith) မီးခွက်ပုံစောင့်ပုံကြီးနဲ့ ပိုစတာထွက်လာတုန်းကဆိုရင်တော်တော်လေးကို ကြည့်ရဆိုးပြီလို့ တွက်ခဲ့ဖူးတယ် ဒါပေမယ့် ကိုယ်တိုင်ကြည့်လိုက်တဲ့အခါမှာတော့ (Will Smith) တစ်ယောက် သူ့ရဲ့အကောင်းဆုံး (Genie) ပုံစံကိုပြသနိုင်ခဲ့ပါတယ် (Disney) ရဲ့ထုံးစံအတိုင်းပဲ နောက်ခံတီးလုံးအမိုက်စားတွေနဲ့ 'Live Action) အနေနဲ့ထွက်ရှိလာခဲ့တဲ့ ဒီကားလေးဟာ ကလေးဘ၀တွေကိုပြန်လည်တမ်းတနိုင်အောင်ရိုးရိုးလေးနဲ့ ရိုက်ကူးထားတဲ့ ကားလေးတစ်ကားပဲဖြစ်ပါတယ် Movie Link 👇 https://t.me/khkkpppacwchannel30/299
Show all...
Photo unavailableShow in Telegram
မူးယစ်တိုက်ဖျက်ရေးတပ်ဖွဲ့၀င်များ (猎毒风云)Drug Hunting 2024 ရုပ်ရှင် ဇာတ်လမ်းအကျဉ်း မူးယစ်တိုက်ဖျက်ရေးအရာရှိလင်ဖုန်းဟာ မူးယစ်အမှုပေါင်းများစွာကို ဖော်ထုတ်ဖမ်းဆီးနိုင်ပေမဲ့ ပို့ဆောင်ရေးလုပ်ငန်းစုဥက္ကဌကျိုးဟွာကိုတော့ သက်သေမရှိလို့ ဖမ်းဆီးမရဘဲ ဖြစ်နေခဲ့ပါတယ် တစ်ချိန်တည်းမှာပဲ ကျိုးဟွာရဲ့လက်အောက်ငယ်သား လိန်ယန်ဟာ မူးယစ်ရာဇာဆန်နီနဲ့ မူးယစ်ဆေးအမျိုးအစားအသစ်ကို ဝယ်ယူတင်သွင်းဖို့ လုပ်နေခဲ့ပါတယ် ဒါကို မူးယစ်တိုက်ဖျက်ရေးဌာနက အမိအရဖမ်းဖို့ကြိုးစားနေခဲ့ပါတယ် ဒါပေမဲ့ လင်ဖုန်းလုံး၀မထင်ထားတာကတော့ လိန်ယန်တို့ရဲ့ဒီမူးယစ်ဆေးပုံစံအသစ် တင်သွင်းမှုမှာ ညီမဖြစ်သူ ရွှယ်အာလည်း တစ်မျိုးတစ်ဖုံ ဆက်နွယ်မိနေတဲ့အခါ ..... ရှုပ်ထွေးလှတဲ့ဒီဖြစ်ရပ်ကြားမှာ လင်ဖုန်းတို့ မူးယစ်တိုက်ဖျက်ရေးတပ်ဖွဲ့၀င်တွေ ဘယ်လိုဖြေရှင်းကြမလဲ အမှောင်ရိပ်တွေပျောက်ပြီး အလင်းရောင်ကို ပြန်ဆောင်ယူလာနိုင်ကြပါ့မလား Movie Link 👇 https://t.me/khkkpppacwchannel30/303
Show all...
Photo unavailableShow in Telegram
ဟော့ပေါ့တစ်ဝိုင်းနဲ့မဖြေရှင်းနိုင်တဲ့ကိစ္စ မရှိဘူး (没有一顿火锅解决不了的事) 2024 ရုပ်ရှင် အလှလေး မမ Yang Mi ရဲ့ရုပ်ရှင်အသစ်စက်စက်ကလေး ထွက်လာပြီနော် အချင်းချင်း တစ်ယောက်ကိုယ်တစ်‌ယောက် မသိကြတဲ့ လူလေးဦးဟာ ပြဇာတ်ရုံတစ်ခုရဲ့နောက်က ဂိုဒေါင်ထဲမှာ ခိုးယူပစ္စည်းတွေကို ဝေစုခွဲနေကြပါတယ် ဒါပေမဲ့ ထိုအချိန်မှာဘဲ သူတို့ဟာ လူသတ်မှုတစ်ခုထဲ မမျှော်လင့်ဘဲ ပါဝင်ပတ်သက်မိသွားပါတယ် ဟော့ပေါ့ဝိုင်းတစ်ဝိုင်းဟာ အဆုံးမရှိတဲ့ သည်းထိတ်ရင်ဖိုစရာတွေနဲ့ ပြည့်နှက်နေပြီး လောဘနဲ့ လှည့်စားမှုတွေကို ထင်ဟပ်နေခဲ့ပါတယ် အဆုံးမှာ ထိုလူလေးဦးရဲ့ သရုပ်မှန်ဟာ တဖြည်းဖြည်း ပေါ်ထွက်လာပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ နောက်ကွယ်က အမှန်တရားတစ်ခုဟာလည်းတဖြည်းဖြည်း ရုပ်လုံးပေါ်လာတဲ့အခါ ... Movie Link 👇 https://t.me/khkkpppacwchannel30/301
Show all...
Photo unavailableShow in Telegram
Varisu (2023) ================= ခုတစ်ခါတင်ဆက်ပေးမယ့် ကားလေးကတော့ မင်းသားကြီးဗီဂျေးနဲ့ မင်းသမီးချောလေး ရက်ရှမီကားမန်ဒါနားတို့ရဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ရုံဝင်ငွေ ကုဋေ၃၀ ဝန်းကျင်အမြတ်ရခဲ့တဲ့ ကားလေးပဲဖြစ်ပါတယ်။ ဖခင်နဲ့ ပြဿနာတက်ပြီး ကိုယ့်ဒူးကိုယ်ချွန်ဖို့ ထွက်လာတဲ့ ဗီဂျေးဟာ ၇နှစ်အကြာမှာ မိသားစုထဲကို ပြန်ဝင်လာဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ တစ်ဖက်မှာလည်း ဖခင်နဲ့အစ်ကိုနှစ်ယောက်က အစိုးရတင်ဒါကိစ္စအတွက် ပြိုင်ဘက်တွေနဲ့ အပြင်းအထန်ယှဥ်ပြိုင်နေရပါတယ်။ဒါပေမဲ့ သူ့မိသားစုဟာ အလုံးစုံအန္တရယ်တွေနဲ့ ရင်ဆိုင်ရတော့မှာကို မသိရှိကြပါဘူး။ ဒီတော့ ဖြစ်လာမယ့်ဘေးဒုက္ခက ဘာတွေဖြစ်လာမလဲ။ သူကရော ဘာကြောင့် ၇နှစ်ကြာပြီးမှ အိမ်ကို ပြန်လာခဲ့တာလဲ။ လှည့်ကွက်တွေ မြှုပ်ကွက်တွေနဲ့ ကြည့်ရဦးမှာမို့ ရှုစားပေးကြပါဦးနော်... Movie Link 👇 https://t.me/khanthtookyaw24/3002
Show all...
Photo unavailableShow in Telegram
Mahaan [2022] =============                  IMDb::8-4/10 အခုတစ်ခေါက်မှာတော့အသစ်ထွက်ရှိထားတာမကြာသေးတဲ့ 'Mahaan'ဆိုတဲ့ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ဂန္ဒီမာဟန်ရဲ့အဖေဟာဆိုရင်ဂန္ဒီရဲ့လမ်းစဉ်ကိုကျင့်ကြံလိုက်နာတဲ့ စာရိတ္တကောင်းမွန်မှု အကြမ်းမဖက်မှုကိုလေးစားတဲ့လူတစ်ယောက်ဖြစ်ပါတယ် ဒါကြောင့်လည်းသူ့သားနာမည်ကိုမြင့်မြတ်တဲ့ဂန္ဒီ(ဂန္ဒီမာဟန်)လို့ပေးခဲ့တာပေါ့ ဒါပေမယ့်ဂန္ဒီမာဟန်အတွက်ကတော့သူ့အဖေရဲ့လူကောင်းဖြစ်အောင်နေထိုင်ဖို့အတွက်သင်ကြားမှုတွေဖိအားပေးမှုတွေဟာစိတ်ဖိစီးစရာဖြစ်လာပါတယ် ဒါ့အပြင်ဂန္ဒီမာဟန်ဟာဆိုရင်လောင်းကစားအရက်သေစာကိုငယ်ငယ်ကတည်းခုန်မင်တဲ့သူဖြစ်တဲ့အတွက်သူတို့လိုမျိုးရိုးမြင့်အကျင့်စာရိတ္တကောင်းမွန်တဲ့အသိုင်းအဝိုင်းဟာသူ့အတွက်တော့ စိတ်မွန်းကြပ်စရာပဲဖြစ်နေပါတော့တယ် မိန်းမရတော့လည်းဒီလိုပဲတစ်သမတ်တည်းစာအုပ်ကြီးအတိုင်းနေခိုင်းတဲ့အခါ စိတ်ထွက်ပေါက်ရှာလာပါတော့တယ် တစ်နေ့ဂန္ဒီမာဟန်တစ်ယောက်သူ့ရဲ့အသက် ၄၀ ပြည့်မွေးနေ့မှာသူ့စိတ်ရှိအတိုင်းပျော်ပါးပါတော့တယ် Movie Link 👇 https://t.me/khanthtookyaw24/3000
Show all...
Photo unavailableShow in Telegram
Madam Collector - Uniki 2022 ( မမခရိုင်မှူး) ယခုတစ်ခါ ထပ်မံတင်ဆက်ပေးမဲ့ကားလေးကလဲ ပရိသတ်များအကြိုက်တွေ့မှာဖြစ်တဲ့ ဇာတ်လမ်းလေးမျိုးဖြစ်ပြီး မင်းသမီးချောလေး ချစ်ထရာရှူလာက မမခရိုင်မှူးအဖြစ် အဓိက ပါဝင်ထားပါတယ် ဇာတ်လမ်းလေးကတော့ သာမန်လူတန်းစားမိသားစုကနေ ပညာတော်လို့ ခရိုင်မှူးဖြစ်လာတဲ့ ဆူဘာဟာ သူ့လက်ထက်မှာ စနစ်ကြီးတသ်ခုလုံးကို မြေလှန်ပစ်မယ်လို့ အလုပ်စဝင်တဲ့နေ့ထဲက ကြွေးကြော်လာတာပါ အိန္ဒိယထုံးစံ ကြီးနိုင်ငယ်ညှဉ်း ရာထူးကြီးတဲ့ကောင်နဲ့ ပေါင်းအနိုင်ကျင့် စတဲ့ဟာတွေကို ခရိုင်မှူးမမတစ်ယောက် ဆတ်ဆတ်ထိမခံ ဖြေရှင်းပေးရင်း တစ်ရက်မှာတော့ ... Movie Link 👇 https://t.me/khanthtookyaw24/3001
Show all...
Photo unavailableShow in Telegram
Inspector Rishi (2024)"တောကြီးမာယာ" Ep1 to 10 စဆုံး ====================================== Supernatural လိုမျိုး သဘာဝလွန်ကိစ္စတွေနဲ့ စုံထောက်ဇာတ်လမ်းကို အိန္ဒိယမှုပြုပြီး စိတ်ဝင်စားစရာကောင်းအောင်တင်ဆက်ထားတဲ့ IMDb 7.2/10 ရ ဇာတ်လမ်းတွဲတစ်ခုကို ချန်နယ်မြန်မာပရိသတ်တွေအတွက်တင်ဆက်ပေးချင်ပါတယ်။ မြန်မာ urban legends တွေထဲက ကျတ်သရဲနဲ့တူတဲ့ ပရလောကသားတွေ ခိုအောင်းနိုင်လောက်တဲ့ထိ တောထူတဲ့ သစ်တောကြိုးဝိုင်းကြီးတစ်ခုရှိရာ တောင်ပေါ်ရွာလေးတစ်ရွာမှာ ထူးဆန်းတဲ့ လူသေမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။ သူတို့ရွာရဲ့ တောအုပ်တစ်နေရာမှာ ဓာတ်ပုံဆရာတစ်ယောက်ဟာ သစ်ပင်တစ်ပင်ပေါ်က ပင့်ကူအိမ်လို ပိုးမျှင်အိမ်ကြီးတစ်ခုထဲမှာ ဇောက်ထိုးအနေအထားနဲ့ ထူးထူးဆန်းဆန်းသေဆုံးနေတာပါ။ အဲဒီသေဆုံးမှုကို ဆိုင်ရာပိုင်ရာတွေက လူသဝာ်မှုလို့ သံသယရှိတဲ့အတွက် လူသဝာ်မှုတွေဖြေရှင်းရာမှာ နာမည်ကြီးတဲ့ ရီရှီနန်ဒန်ဆိုတဲ့ .... Movie Link 👇 https://t.me/khanthtookyaw24/2999
Show all...
Photo unavailableShow in Telegram
11th Hour Cleaning (2022) ~-~-~-~-~-~-~-~-~-~-~-~- ဒိုင်လန်တို့ဟာ အခင်းဖြစ်နေရာတွေကို သန့်ရှင်းရေး လိုက်လုပ်ပေးကြတဲ့အဖွဲ့ဖြစ်ပြီး သူတို့အဖွဲ့နာမည်ကို 11th hour cleaning လို့ပေးထားပါတယ် သူတို့ပေးထားတဲ့နာမည်အတိုင်းပဲ ရှင်းလင်းရေးတွေကို သန်းခေါင်ယံအချိန်တွေမှာပဲလိုက်လုပ်ရလေ့ရှိပါတယ် တစ်နေ့မှာတော့ ဒိုင်လန်တို့အဖွဲ့ဟာ ကိုယ့်မိသားစုဝင်တွေကို Tတ်ပြီး ကိုယ့်ကိုယ်ကိုပါTတ်tayသွားတဲ့အခင်းဖြစ်အိမ်ကို သွားရှင်းရဖို့အလုပ်အပ်ခံရပါတော့တယ်. သူတို့အဖွဲ့ဟာ အဲဒီအခင်းဖြစ်နေရာမှာအလုပ်လုပ်နေကြရင်းနဲ့ အိမ်ထဲမှာထူးဆန်းစွာပိတ်မိသွားကြပြီးပြန်ထွက်လို့မရကြတော့ပါဘူး. ဒိုင်လန်ကတော့သူတို့ပိတ်မိနေတာ အိမ်ရဲ့တည်ဆောက်ပုံမှာ အိမ်ကိုအလုံပိတ်ဖြစ်အောင်လုပ်လို့ရတဲ့စနစ်ဆင်ထားတာကြောင့်လို့ သူ့အဖွဲ့သားတွေကိုပြောခဲ့ပေမယ့် တကယ့်အမှန်တရားကသက်သက် ရှိနေပါတယ် အဲဒီအမှန်တရားကဘာလဲ သူတို့အဖွဲ့ကရောလွတ်မြောက်နိုင်မှာလားဆိုတာကိုတော့ Movie Link 👇 https://t.me/khanthtookyaw28/336
Show all...