The Standard Time Digital
前往频道在 Telegram
The Standard Time Daily News and its Website cover Myanmar and World's News to the local readers across Myanmar since April 1, 2013.
显示更多未指定国家未指定类别
274
订阅者
+124 小时
+67 天
+2430 天
帖子存档
ထိုင်းတွင် အလုပ်လုပ်ခွင့် ရရှိထားသည့် မြန်မာဒုက္ခသည်များအား သက်သေခံကတ်ပြားထုတ်ပေးမည်
ထိုင်းနိုင်ငံနယ်စပ်ရှိ မြန်မာဒုက္ခသည်စခန်းများမှ ပြင်ပကို အလုပ်ထွက်လုပ်ခွင့်ရထားသူများအား မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံကတ်ပြားထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထိုင်းတာဝန်ရှိသူများနှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)တာဝန်ရှိသူတို့က ဇွန် ၈ ရက်တွင် ပထုန်ထာနီခရိုင် လမ်းလုက္ကာမြို့နယ် သန်းခေါင်စာရင်းစီမံခန့်ခွဲမှုဗဟိုဌာန၌ တွေ့ဆုံခဲ့ကြပြီး အလုပ်ထွက်လုပ်ခွင့်ရ မြန်မာဒုက္ခသည်များအတွက်မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံကတ်ပြား ပြုလုပ်ပေးရန် ပြင်ဆင်ဆောင်ရွက်နေမှုအား လေ့လာခဲ့ကြောင်း သိရသည်။
ထိုင်းအစိုးရအဖွဲ့အနေဖြင့် ၂၀၂၅ ခုနှစ် ဩဂုတ် ၂၆ ရက်တွင် မြန်မာဒုက္ခသည်စခန်းများတွင် ယာယီ ခိုလှုံနေသူများအား ပြင်ပထွက်အလုပ်လုပ်ခွင့်ပြုခဲ့ပြီးအလုပ်ထွက်လုပ်ခွင့်ရ မြန်မာဒုက္ခသည်များအတွက် သက်သေခံကတ်ပြားပြုလုပ် ပေးရန် UNHCR က ငွေကြေးပံ့ပိုးထားပြီး သက်သေခံကတ်ပြားများ ထုတ်ပေးရေး ရှေ့ဆက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သန်းခေါင်စာရင်း စီမံခန့်ခွဲမှုဗဟိုဌာနက ထုတ်ပြန် ထားသည်။
ထိုင်းနိုင်ငံနယ်စပ်ဒေသတွင် မြန်မာဒုက္ခသည် စခန်းကိုးခုရှိပြီး ၎င်းထဲမှဒုက္ခသည် ၄၂၀၀၀ ကျော်ကို ထိုင်းနိုင်ငံတွင်း ရွှေ့ပြောင်းအလုပ်သမားများအဖြစ်ထိုင်းအစိုးရက ၂၀၂၅ ခုနှစ် အောက်တိုဘာလမှစပြီး အလုပ်လုပ်ကိုင်ခွင့်ပြုထားကြောင်း သိရသည်။
သတင်း-ဇော်ကိုထက်
ဓာတ်ပုံ-UNHCR
#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း
တွံတေး-ဒလ YBS ယာဉ်များ ဇွန်၂၀ ရက်နောက်ပိုင်း၌ ကတ်စနစ် အသုံးပြုမည်
ရန်ကုန်ဘတ်စကား အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်မှ ခရီးသည် ပို့ဆောင်ပြေးဆွဲနေသည့် တွံတေး-ဒလ YBS ယာဉ်လိုင်း၌ဇွန်၂၀ ရက် နောက်ပိုင်းမှစ၍ မော်တော်ယာဉ်စီးနင်းခအား ကတ်အသုံးပြုသည့်စနစ်သာ အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။
တွံတေး-ဒလ YBS ယာဉ်လိုင်းအားဇွန် ၁ ရက်တွင့် YBS ယာဉ်ငါးစီးဖြင့်စတင်စမ်းသပ်ပြေးဆွဲခဲ့ရာ ခရီးသည်လိုက်ပါစီးနင်းမှု များပြားသည့်အတွက် ယာဉ် ၁၀ စီး တိုးချဲ့ပြေးဆွဲပေးခဲ့ကြောင်း၊ ထပ်မံ၍ ခရီးသည်လိုက်ပါစီးနင်းမှု များပြားလာပြီးယာဉ်စီးရေအား ထပ်မံတိုးချဲ့ပေးရန်ခရီးသွားများက တင်ပြ တောင်းမှုများရှိကြောင်း၊ ဇွန် ၂၀ ရက်နောက်ပိုင်းတွင် ယာဉ်စီးခအား ကတ်စနစ်ဖြင့်သာ အသုံးပြု သွားမည်ဖြစ်ကြောင်းသိရသည်။
“ဇွန် ၂၀ ရက်နောက်ပိုင်း ငွေပုံးတွေမထားတော့ပဲ ကတ်စနစ်ပဲအသုံးပြု သွားမယ်လို့ တာဝန်ရှိသူတွေကဂိတ်မှာ ရှင်းလင်းပြောပြတယ်။ ကတ်အသုံးပြု တာကတော့ ကောင်းတာပေါ့၊ ၁၀၀ သက်သာတယ်၊ နေ့စဉ်သွားလာနေသူတွေက အကြောင်းမဟုတ်ဘူး၊ ဒါပေမဲ့ ရွာစဉ်အလိုက်လိုက်ပါစီးနင်းမယ့် ခရီးသည်တွေကနည်းနည်း အခက်အခဲရှိနိုင်တယ်။ရန်ကုန်မှာလို ငွေနဲ့သုံးသုံး၊ ကတ်နဲ့သုံးသုံး အသုံး ပြုလို့ရအောင် ငွေပုံးရော၊ ကတ်စနစ်ပါ ထားပေးရင်ပိုကောင်းပါတယ်” ဟု တွံတေးမြို့မှကိုဝင်းသူက ပြောသည်။
တွံတေး-ဒလ YBS ယာဉ်လိုင်းသည် တွံတေးမြို့ ရွှေဆံတော်ဘုရားမှဒလချယ်ရီဂိတ်အထိ နေ့စဉ် နံနက်၆နာရီမှညနေ၆ နာရီအထိ နာရီဝက်ခြား၍ ပြေးဆွဲပေးလျက်ရှိပြီး ယာဉ်စီးခအဖြစ် ဂိတ်စ-ဂိတ်ဆုံး ငွေသား ကျပ်၈၀၀၊ ကတ်အသုံးပြုစီးနင်းပါက ကျပ်၇၀၀ ဖြစ်ကြောင်း သိရသည်။
သတင်း-မောင်ဆူး
ဓာတ်ပုံ- MDN
#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း
ဆိုလာပြားမှတစ်ဆင့် အသုံးပြုသောမီးပလတ်ခုံ အပူလွန်ကဲ၍ မီးလောင်မှုဖြစ်ပွား
ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် အနောက်လယ်ကုန်းရပ်ကွက်နယ်မြေ(၁၄)တွင် ဆိုလာပြားမှတစ်ဆင့် အသုံးပြုသော မီးပလတ်ခုံအပူလွန်ကဲ၍ နေအိမ်မီးလောင်မှုဖြစ်ပွားခဲ့သည်။
ဇွန် ၇ ရက် နံနက် ၉ နာရီ ၃၅မိနစ်က မြစ်ကြီးနားမြို့နယ် အနောက်လယ်ကုန်းရပ်ကွက် နယ်မြေ(၁၄)အိမ်အမှတ်(...)တွင်နေအိမ်မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ ပြည်နယ်မီးသတ်ဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးသန်းဇော်ဦးဦးဆောင်၍ သန္ဓေ^အရန်တပ်ဖွဲ့ဝင် စုစုပေါင်း ၄၀၊ မြစ်ကြီးနားမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်တစ်စီး၊ရေသယ်ယာဉ်လေးစီး၊ လယ်ကုန်းနယ်မြေမီးသတ်စခန်းမှရေသယ်ယာဉ်တစ်စီး၊ ကျွန်းပင်သာရပ်ကွက် အရန်မီးသတ်မှ ရေသယ်ယာဉ် တစ်စီး၊ စုစုပေါင်း ခုနစ်စီးဖြင့်ထွက်ခွာငြှိမ်းသတ်ခဲ့သည်။
ဖြစ်စဉ်မှာ မြစ်ကြီးနားမြို့နယ် အနောက်လယ်ကုန်းရပ်ကွက် နယ်မြေ (၁၄)ရှိ (၂၇_၁၈)ပေ၊ သွပ်မိုး၊ ထရံကာ၊ပျဉ်ခင်းနှစ်ထပ် လူနေအိမ်အပေါ်ထပ်ရှိ အိပ်ခန်းအတွင်းဆိုလာပြားမှတစ်ဆင့် အသုံးပြုသော မီးပလတ်ခုံ အပူလွန်ကဲရာမှ အနီးရှိ ဝါးထရံသို့ မီးစတင်ကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။
သတင်း-ဇော်ကိုထက်
ဓာတ်ပုံ-MFSD
#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း
မြန်မာယူ -၁၅ ပြိုင်ပွဲတွင် အသက်စစ်ဆေးမှုအတွက် MFF က Biometric စနစ် စတင်ကျင့် သုံးမည်
မြန်မာ့လူငယ်ဘောလုံးပြိုင်ပွဲများတွင် အငြင်းပွားစရာမဖြစ်စေရန်MFF U-၁၅ ပြိုင်ပွဲတွင် အသက်စစ်ဆေးမှုအတွက် Biometric စနစ်စတင် ကျင့်သုံးနေပြီဖြစ်ကြောင်းမြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF)မှ သိရသည်။
မြန်မာ့လူငယ်ဘောလုံးပြိုင်ပွဲများ၌ အငြင်းပွားစရာ ဖြစ်ခဲ့ရသည့်အသက်ကျော်ကစားသမား ပြဿနာနှင့် လူစားလဲကစားသည့် ကိစ္စများကိုမပြုလုပ်နိုင်ရန်အတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF)က နည်းပညာမြင့်စနစ်တစ်ခုကို ပထမဆုံးအကြိမ် စတင်အသုံးပြုလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
ယခုနှစ်ပြိုင်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်မည့်ကလပ်အသင်း (၂၀)၏ကစားသမားအချက်အလက်များကို ကွန်ပျူတာ Data Base ထဲတွင် ကြိုတင်ထည့်သွင်းထားပြီးဖြစ်ကြောင်းနှင့် အသက်စစ်ဆေးစဉ်တွင်
လက်ဗွေ (Fingerprint)ကိုပါ မှတ်ပုံတင်ယူထားခြင်းကြောင့် လူစားလဲကစားခြင်းမျိုး လုံး၀(လုံး၀) ပြုလုပ်၍ရတော့မည်မဟုတ်ဟု MFF က အသိပေးထားသည်။
သုဝဏ္ဏဘောလုံးကွင်းအတွင်း ဇွန် ၄ ရက်နှင့် ၅ ရက်၌ ပြုလုပ်ခဲ့သည့် MFF Royal-D U15 League (Yangon Zone)ပြိုင်ပွဲအတွက် အသက် စစ်ဆေးမှုတွင်ကစားသမားများကို Biometric Registration system (လူမှန်၊ မမှန် လက်ဗွေနှိပ်မှတ်ပုံတင်သည့်စနစ်)ဖြင့် စနစ်တကျစတင်စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့စစ်ဆေးခြင်းကြောင့် လူစားလဲကစားနိုင်သည့် အခြေအနေ လုံး၀မဖြစ်နိုင်တော့သည့်အပြင် နောက်ပိုင်းတွင် အသက်အရွယ်အလိုက် လူငယ်ပြိုင်ပွဲများ ဆက်လက်ကစားသည့်အခါတွင်လည်း အသက်အရွယ် မှန်၊ မမှန်ကို အချိန်မရွေး အလွယ်တကူ ပြန်လည်တိုက်ဆိုင်စစ်ဆေးနိုင်မည်ဖြစ် ကြောင်းသိရသည်။
သတင်း-ဇော်ကိုထက်
ဓာတ်ပုံ-MFF
#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း
အယုဒ္ဓယရှိ အာရှလမ်းတွင် အထောက်အထားမဲ့မြန်မာအလုပ်သမား ခုနစ်ဦး ဖမ်းဆီးခံရ
ထိုင်းနိုင်ငံအလယ်ပိုင်း အယုဒ္ဓယခရိုင် ဘန်မိုင်ရပ်ကွက် အာရှလမ်းမပေါ်တွင် ဇွန် ၈ ရက်က ကားပေါ်လိုက်ပါလာသည့် အထောက်အထားမဲ့မြန်မာအလုပ်သမား ခုနစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြချက်အရ သိရသည်။
အယုဒ္ဓယအဝေးပြေးရဲတပ်ဖွဲ့နှင့် လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့များသည်တရားမဝင်လုပ်သားများကို လျှို့ဝှက်သယ်ဆောင်လာမည်ဟု ကြိုတင်သတင်းအရ စောင့်ဆိုင်းဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။
အာရှလမ်းမပေါ်မှာ တိုယိုတာ ဗန်ကားတစ်စီးကိုစစ်ဆေးခဲ့ပြီး ကားအတွင်းတွင် နိုင်ငံကူးလက်မှတ်နှင့် အထောက်အထားစာရွက်စာတမ်းတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိသည့် မြန်မာအလုပ်သမား ခုနစ်ဦးကိုတွေ့ရှိခဲ့ရာ မြန်မာအလုပ် သမားများနှင့်အတူ အသက် (၃၁) နှစ်အရွယ် ထိုင်းယာဉ်မောင်းကိုပါ ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ရဲတပ်ဖွဲ့က ထိုင်းယာဉ်မောင်းကို တရားမဝင်နိုင်ငံခြားသား သယ်ယူပို့ဆောင်ခြင်း ပြစ်မှုဖြင့် အမှုဖွင့်ခဲ့ထားပြီး မြန်မာအလုပ်သမား ခုနစ်ဦးကို ခွင့်ပြုချက်မရှိဘဲ ထိုင်းနိုင်ငံအတွင်း ဝင်ရောက်နေထိုင်ခြင်းဖြင့် အမှုဖွင့်ကာ မဟာရတ်ရဲစခန်းထံလွှဲပြောင်းခဲ့ကြောင်း သိရသည်။
သတင်း-ဇော်ကိုထက်
ဓာတ်ပုံ-ထိုင်းရဲတပ်ဖွဲ့
#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း
◾️ရုရှားသူဌေးကြီး အေဘရာမိုဗစ် ကိဗ်သို့ လာရောက်ခဲ့ကြောင်း ဇီလန်စကီးပြော
ရုရှားလုပ်ငန်းရှင်သူဌေးကြီး ရိုမန်အေဘရာမိုဗစ်က ၎င်းကို ကိဗ်မြို့တွင် တွေ့ဆုံကာ ငြိမ်းချမ်းရေးအလားအလာအပေါ် ကရင်မလင်သို့ သတင်းစကားဆောင်ယူ သွားမည်ဟု ကမ်းလှမ်းခဲ့ကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာဇီလန်စကီးက ယမန်နေ့တွင် ပြောကြားသည်။
သို့သော် ယူကရိန်းက နိုင်ငံအရှေ့ပိုင်း ဒွန်ဘတ်စ်ဒေသကို စွန့်လွှတ်သွားမည် မဟုတ်ကြောင်း ၎င်းက အလေးအနက်ပြောခဲ့သည်ဟု ဇီလန်စကီးက ဆိုသည်။
“သူ ကိဗ်မြို့ကို ရောက်လာပါတယ်။ ကျွန်တော်က ခင်ဗျားဆီကို တိုက်ရိုက် သတင်းစကားပါးနေတာပါ။ နောက်ပြီး ခင်ဗျားရဲ့ သတင်းစကားကို ယူဆောင်ပြီး (ရုရှားသမ္မတ) ပူတင်ဆီပို့ပေးမှာပါလို့ သူက ပြောပါတယ်” ဟု ဇီလန်စကီး က ပြောသည်။
ယင်းကို ပြည်သူလူထုကို ထုတ်မပြောဘဲ တိုးတိုး တိတ်တိတ် သတင်းစကား ဖြစ်ရမည်ဟုလည်း မိုဗစ်က ပြောကြားခဲ့သည်ဟု ယူကရိန်းသမ္မတက ဆိုသည်။
၎င်းတို့ နှစ်ဦး တွေ့ဆုံမှုသည် လျှို့ဝှက်မှု မဟုတ်ကြောင်းနှင့် ကိဗ်ကလုပ်ဆောင်ရန် အသင့်ရှိသည့်အရာကို မော်စကို က သိချင်နေသည်ဟု ဇီလန်စကီး က ဆက်ပြောသည်။
“ကျွန်တော် ပြောလိုက်တယ်။ ပြဿနာက ကျွန်တော်တို့ကြောင့် မဟုတ်ဘူး။ ခင်ဗျားတို့က ကျနော်တို့ကို ကျနော်တို့မြေပေါ်မှာ လာတိုက်နေတာ။ ဒွန်ဘတ်စ်ဒေသအကြောင်းကို ကျွန်တော်ပြောလိုက်ပါတယ်။ ဒါက အဓိက သတင်းစကားပါ။ ကျွန်တော်တို့ မထွက်ဘူး။ ကျွန်တော်တို့ ပိုင်နက်ကနေ ကျွန်တော်တို့ မထွက်ဘူး။ အဲဒီလို ပုံစံမျိုးနဲ့ ခင်ဗျားတို့ကို အနိုင်မပေးဘူး။ ခင်ဗျားတို့ ဒွန်ဘတ်စ်ကို ရမှာ မဟုတ်ဘူး လို့ ပြောလိုက်ပါတယ်” ဟု ဇီလန်စကီးက ပြောသည်။
ချယ်လ်ဆီးဘောလုံးအသင်းပိုင်ရှင်ဟောင်း အေဘရာမိုဗစ်သည် ၂၀၂၂ ခုနှစ်တွင် ယူကရိန်းအား ကျူးကျော်မှုကြောင့် ရုရှားအပေါ် ချမှတ်ထားသော တားဆီးပိတ်ဆို့မှုများတွင် ပါဝင်သူတစ်ဦးဖြစ်သည်။
အေဘရာမိုဗစ်သည် ရုရှားကျူးကျော်မှုဖြစ်ပြီး ပထမသီတင်းပတ်အနည်းငယ်တွင် ပြုလုပ်ခဲ့သည့် မအောင်မြင်သော နှစ်နိုင်ငံ ဆွေးနွေးပွဲများနှင့် ပင်လယ်နက်မှ နှံစားသီးနှံများ တင်ပို့ခွင့်ညှိနှိုင်းမှုများတွင် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သော်လည်း နောက်ပိုင်းတွင် မြင်တွေ့ရမှုနည်းပါးခဲ့သည်။
ဒိုနက်စ်နှင့်လူဟန့်စ် ပြည်နယ်နှစ်ခုပါဝင်သော ဒွန်ဘတ်စ်ဒေသကို ယူကရိန်းက စွန့်လွှတ်သည့်အချိန်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ပူတင်က ကြုံးဝါးထားပြီး ဇီလန်စကီးကလည်း ၎င်းပြည်နယ်နှစ်ခုနှင့် ၎င်းတို့တွင်နေထိုင်သော ယူကရိန်းနိုင်ငံသားများကို စွန့်လွှတ်သွားမည်မဟုတ်ကြောင်း အခိုင်အမာပြောသည်။
သတင်း-ရဲမင်း
ကိုးကား-Reuters
◾️တန့်ယန်း၌မြေပြို၊ အမျိုးသမီးတစ်ဦးမြေထိန်းနံရံပိသေဆုံး
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ တန့်ယန်းမြို့နယ်ရှိ ရပ်ကွက်(၆) တွင် မိုးသည်းထန်စွာရွာ သွန်းခြင်းကြောင့်မြေပြိုမှုဖြစ်ပွားပြီး အမျိုးသမီးတစ်ဦးသေဆုံးကြောင်း တန့်ယန်းအရန်မီးသတ်စခန်းထံမှသိရသည်။
ယနေ့(ဇွန် ၈ ရက်) နံနက် ၇ နာရီ ၃၀ မိနစ်တွင် ရပ်ကွက်(၆)၊ အုပ်စု(၅)ရှိ နေအိမ်အနီးတွင် မြေပြိုမှု ဖြစ်ပွားရာ နေအိမ်၏ဝဲဘက်အခန်းပေါ်သို့မြေများပြိုကျပြီး အိပ်ခန်းအတွင်းအိပ်ပျော်နေသည့် အမျိုးသမီးပေါ်သို့ပိမီပြီးသေဆုံးခြင်းဖြစ်ကြောင်းသိရသည်။
"သူတို့ရဲအနောက်မှာ ၁၅ ပေလောက်မြင့်တဲ့မြေထိန်းနံရံတစ်ခုရှိတယ်။ သူတို့ အိမ်ကအဲဒီမြေထိန်းနံရံ ထက်နိမ့်တယ်။ မြေထိန်နံရံအောက်ကမြေပြိုတော့ နံရံလည်းပြိုကျပြီး အမျိုးသမီးအခန်းပေါ်ကိုကျပြီး အခန်းပါပြိုတော့ သူ့ကိုပိပြီးသေဆုံးတာပါ " ဟု တန့်ယန်းအရန်မီးသတ်စခန်းမှတာဝန်ရှိသူတစ်ဦးက ပြောသည်။
သေဆုံးသူမှာ အသက်(၄၉) နှစ်အရွယ်ရှိပြီဖြစ်ပြီး ၎င်း၏ရုပ်အလောင်းအား တန့်ယန်းအရန်မီးသတ်စခန်းမှ တန့်ယန်းမြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
သတင်း - ပိုင်လေး
ဓာတ်ပုံ - MFSD
◾️ဟန်ဆုန်ဆော့ခ်ကို ဝန်ကြီးချုပ်သစ်အဖြစ်သမ္မတလီဂျေးမြောင် အမည်စာရင်းတင်သွင်း
တောင်ကိုရီးယားသမ္မတလီဂျေးမြောင်သည်အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများဆိုင်ရာဝန်ကြီး ဟန်ဆုန်ဆော့ခ်ကို ဝန်ကြီးချုပ်သစ်အဖြစ်အမည်စာရင်းတင်သွင်းထားကြောင်း တောင်ကိုရီးယားသမ္မတရုံးက ဇွန် ၇ရက်တွင် သတင်းထုတ်ပြန်ထားသည်။
အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဆိုင်ရာဝန်ကြီးဟန်ဆုန်ဆော့ခ်အား တောင်ကိုရီးယား ဝန်ကြီးချုပ်သစ်အဖြစ် သမ္မတလီဂျေးမြောင်က အမည်စာရင်းပေးသွင်းထားရာ တောင်ကိုရီးယား အမျိုးသားလွှတ်တော်က အတည်ပြုပေးရမည်ဖြစ်သည်။
တောင်ကိုရီးယား အမျိုးသားလွှတ်တော်၏ ဝန်ကြီးချုပ်သစ်အဖြစ်အတည်ပြုချက်ရရှိခဲ့ပါက ဟန်ဆုန်ဆော့ခ်သည် တောင်ကိုရီးယားနိုင်ငံအတွက်နှစ်ပေါင်း ၂၀ တာကာလအတွင်း ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ် ဖြစ်လာလိမ့်မည်ဖြစ်သည်။
လွှတ်တော်၏ အတည်ပြုချက် ရရှိချိန်တွင် ဟန်ဆုန်ဆော့ခ်သည် လီဂျေးမြောင်အစိုးရအဖွဲ့၏ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ် ဖြစ်လာလိမ့်မည်ဖြစ်သလိုတောင်ကိုရီးယားနိုင်ငံ၏ ဒုတိယမြောက် အမျိုးသမီးဝန်ကြီးချုပ်အဖြစ်လည်း ရပ်တည်ခွင့်ရမည်ဖြစ်သည်။
တောင်ကိုရီးယားနိုင်ငံ၏ ပထမဆုံးအမျိုးသမီးဝန်ကြီးချုပ်မှာ ဟန်မြောင်ဆော့ခ်ဖြစ်ပြီး ၂၀၀၆ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ ဝန်ကြီးချုပ်ရာထူး ရယူခဲ့ဖူးသည်။
ကိုးကား-ရိုက်တာ
◾️ရုရှားနှင့် ယူကရိန်း စစ်သုံ့ပန်းချင်း အပြန်အလှန်ဖလှယ်မှု ပြုလုပ်
ရုရှားနိုင်ငံနှင့် ယူကရိန်းနိုင်ငံတို့သည်စစ်သုံ့ပန်းချင်း အပြန်အလှန်ဖလှယ်မှု တစ်ရပ်ပြုလုပ်ခဲ့ရာ နှစ်ဖက်စလုံးက စစ်သုံ့ပန်း ၁၈၅ ဦးစီ ပြန်လွှတ်ပေးခဲ့ကြောင်း နှစ်နိုင်ငံတာဝန်ရှိသူများကဇွန် ၆ ရက်တွင် အတည်ပြုသတင်းထုတ်ပြန်ထားသည်။
အဆိုပါ စစ်သုံ့ပန်းချင်း အပြန်အလှန်ဖလှယ်မှုကို ဇွန် ၅ ရက်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီးရုရှားနိုင်ငံမှ ပြန်လည်လွတ်မြောက်လာသောစစ်သုံ့ပန်းများထဲတွင် ၂၀၂၂ ခုနှစ်နောက်ပိုင်းရုရှားတပ်များက ဖမ်းဆီးခဲ့သူ အများစု ပါဝင်လာကြောင်း ယူကရိန်းသမ္မတ ဇီလန်စကီးက ၎င်း၏လူမှုမီဒီယာစာမျက်နှာပေါ်တွင် ရေးသားထားသည်။
ဇွန် ၅ ရက် စစ်သုံ့ပန်းချင်း အပြန်အလှန်ဖလှယ်မှုတွင် ရုရှားနိုင်ငံက အရပ်သား တစ်ဦးကိုလည်း ပြန်လွှတ်ပေးခဲ့ကြောင်း ယူကရိန်းသမ္မတဇီလန်စကီးက ထုတ်ဖော်ပြောကြားထားသည်။
ဇွန် ၅ ရက် စစ်သုံ့ပန်းချင်း အပြန်အလှန်ဖလှယ်မှုသည် ယခုနှစ် မေလအစောပိုင်းတွင် ရယူခဲ့သော သုံးရက်ကြာ အပစ်အခတ်ရပ်စဲရေး အစီအစဉ်အရ ရုရှားနှင့် ယူကရိန်းတို့ ပြုလုပ်ခဲ့သည့်ဒုတိယမြောက် စစ်သုံ့ပန်းချင်း အပြန်အလှန်ဖလှယ်မှုဖြစ်သည်။
ရုရှားနှင့် ယူကရိန်းတို့သည် အမေရိကန်ပြည်ထောင်စု၏ ကြားဝင်မှုဖြင့် ယခုနှစ် မေလအစောပိုင်းတွင် အော်သိုဒေါ့ ခရစ်ယာန်ဘာသာဝင်များ၏ ခရစ္စမတ်ပွဲတော်ကာလအတွက်သုံးရက်ကြာ အပစ်အခတ်ရပ်စဲရေး ရယူခဲ့သည်။
အထက်ပါ သဘောတူညီချက်အရစစ်သုံ့ပန်း ၁၀၀၀ စီကို ပြန်လွှတ်ပေးရန် ရုရှားနှင့်ယူကရိန်းတို့က စီစဉ်ထားသည်။
ကိုးကား-ရိုက်တာ
◾️အီရန် ထပ်မံပစ်လွှတ်လိုက်သည့် ဒုံးကျည်ဒုတိယလှိုင်းကို တားဆီးနေကြောင်း အစ္စရေးပြော
ယနေ့နံနက်တွင် အီရန်က ထပ်မံပစ်လွှတ်လိုက်သော ဒုံးကျည်လှိုင်းသစ်ကို ကြားဖြတ်တားဆီးရန် လုပ်ဆောင်နေကြောင်း အစ္စရေးကပြောကြားသည်။
ယင်းမတိုင်မီက နာရီပိုင်းကလည်း တီဟီရန်က အစ္စရေးကို ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့သည်။
အီရန်က ဒုံးကျည်များ ထပ်မံပစ်လွှတ်လိုက်သည်ကို ဖော်ထုတ်ထားကြောင်းနှင့် ခြိမ်းခြောက်မှုကို တားဆီးရန် လုပ်ဆောင်နေကြောင်း အစ္စရေးစစ်တပ်က တယ်လီဂရမ်ပေါ်တွင် ရေးသားပြီး အကာအကွယ်ယူကြရန် ပြည်သူလူထုကို တိုက်တွန်းထားသည်။
ယနေ့ နံနက်ပိုင်းတွင် ဂျေရုဆလင်မြို့၌ ပေါက်ကွဲမှု အနည်းဆုံးရှစ်ကြိမ်ကို အေအက်ဖ်ပီသတင်းသတင်းထောက်များက ကြားသိခဲ့ကြပြီး ဒေသခံများက
ခိုလှုံရာနေရာများသို့ သုတ်သီးသုတ်ပြာ သွားရောက်နေကြစဉ် ကြားဖြတ်ပစ်ချမှု အနည်းဆုံးတစ်ကြိမ်ကိုလည်း ၎င်းတို့က မြင်တွေ့ခဲ့ကြသည်။
ထိခိုက်ဒဏ်ရာရသော သတင်းမကြားရကြောင်း အစ္စရေးအရေးပေါ်ဝန်ဆောင်မှု ပေးသူ မာဂန်ဒေးဗစ်အဒွန် က ပြောကြားသည်။
စောစောပိုင်းတွင် အီရန်အနောက်ပိုင်းနှင့် အလယ်ပိုင်းမှ စစ်ရေးပစ်မှတ်များကို အစ္စရေးကတိုက်ခိုက်ခဲ့ပြီး ယင်းသို့တိုက်ခိုက်မှုများ မလုပ်ရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု အား ပြောကြားခဲ့သည်ဆိုသော သတင်းများ ထွက်နေစဉ် အဆိုပါ တိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း ရိုက်တာသတင်းက ဖော်ပြသည်။
အစ္စရေးနှင့်အီရန်ကြား ဖြစ်ပေါ်လာသော တိုက်ခိုက်မှုအသစ်များသည် တီဟီရန်နှင့် ၎င်းတို့အစိုးရကြားက ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ထိခိုက်မှုမရှိကြောင်း ဒေါ်နယ်ထရန့်က ပြောကြားပြီး အစ္စရေးဝန်ကြီးချုပ်က စစ်ပွဲကို စီမံနေသူ မဟုတ်ကြောင်းလည်း ပြောကြားသည်။
ဒေါ်နယ်ထရန့်က ဟန့်တားမှုများရှိနေသည့်ကြားမှ လက်ဘနွန်နိုင်ငံမြို့တော် ဘေရွတ်ကို အစ္စရေးက ယမန်နေ့တွင် တိုက်ခိုက်ခဲ့ခြင်းကို လက်တုံ့ပြန်၍ အီရန်က ယနေ့နံနက် စောစောပိုင်းတွင် အစ္စရေးအား ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
အီရန်၏ စစ်ရေးပစ်မှတ်များကို တိုက်ခိုက်ခဲ့သည်ဟု နာရီအနည်းငယ်အကြာတွင် အစ္စရေးစစ်ဘက်က ပြောသည်။
လေကြောင်းမှပစ်လွှတ်သော ပဲ့ထိန်းဒုံးကျည်များဖြင့် အစ္စရေးက တိုက်ခိုက်ခဲ့သည်ဟု အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ က ပြောသည်။
သတင်း-ရဲမင်း
ကိုးကား-Reuters
现已上线!2025 年 Telegram 研究 — 年度关键洞察 
