ch
Feedback
The Standard Time Digital

The Standard Time Digital

前往频道在 Telegram

The Standard Time Daily News and its Website cover Myanmar and World's News to the local readers across Myanmar since April 1, 2013.

显示更多
未指定国家未指定类别
274
订阅者
无数据24 小时
+27
+2630
帖子存档
◾️ပင်လယ်ပြင်ရှိ အီရန်ရေနံများအပေါ် အရေးယူပိတ်ဆို့မှု အမေရိကန် ယာယီရုပ်သိမ်း ပင်လယ်ရေပြင်များအတွင်း ရောက်ရှိနေသည့် အီရန်ရေနံများအပေါ် အရေးယူပိတ်ဆို့ထား မှုများကို အမေရိကန်အစိုးရက ရက်ပေါင်း ၃၀ ကြာဖြေလျှော့ပေးထားကြောင်း မတ် ၂၀ ရက် သတင်းများတွင် ရေးသားတင်ပြထားသည်။ အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် ကမ္ဘာ့ရေနံဈေးကွက်၌ ရေနံဈေးနှုန်းများ မြင့်တက်လာမှုကို ထိန်းချုပ်နိုင်ရေးအတွက် ပင်လယ်ရေပြင်များအတွင်း ရောက်ရှိနေသော အီရန်ရေနံများကို အမေရိကန်အစိုးရက အရေးယူပိတ်ဆို့မှုများ ယာယီရုပ်သိမ်းပေးထားခြင်းဖြစ်သည်။ အမေရိကန်အစိုးရ၏ အထက်ပါဆုံးဖြတ်ချက်ကြောင့် ကမ္ဘာ့ဈေးကွက်အတွင်းသို့ ရေနံစိမ်း စည်ပေါင်း သန်း ၁၄၀ အထိ ဝင်ရောက်လာနိုင်ကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆန့်က ထုတ်ဖော်ပြောကြားထားသည်။ ပင်လယ်ရေပြင်များအတွင်း ရောက်ရှိနေသော အီရန်ရေနံများအပေါ် အရေးယူပိတ်ဆို့မှုများ ယာယီရုပ်သိမ်းပေးရန် ဆုံးဖြတ်ခဲ့မှုသည် အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် ကမ္ဘာ့ရေနံ ဈေးနှုန်းများထပ်မံမြင့်တက်လာမည့်အရေး အမေရိကန်အစိုးရက စိုးရိမ်နေသည့် သဘောကို ပြသလျက်ရှိသည်။ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ ပင်လယ်ရေပြင်များအတွင်း ရောက်ရှိနေ သည့် အီရန်ရေနံများကို အရေးယူပိတ်ဆို့မှု လျှော့ပေါ့မှုကာလ ရက် ၃၀ အတွင်းရောင်းချရန် သို့မဟုတ် ဖြန့်ဖြူးရန် လိုအပ်လာချိန်တွင် အမေရိကန်ပြည်ထောင်စု သို့လည်း တင်ပို့နိုင်ကြောင်း သိရသည်။ ကိုးကား-ရိုက်တာ#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

◾️အီရန်စစ်ပွဲ အရှိန်လျှော့ချပေးရန် စဉ်းစားနေ၊သမ္မတထရန့် ပြောကြား အီရန်နိုင်ငံအပေါ် ပြုလုပ်နေသော စစ်ရေးအရ တိုက်ခိုက်မှုများကိုအရှိန်လျှော့ချပေးရန် မိမိစဉ်းစားနေကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရန့်က မတ် ၂၀ ရက်တွင်ထုတ်ဖော် ပြောကြားလိုက်သည်။ အီရန်နှင့်ပတ်သက်၍ မိမိတို့ ၏ စစ်ရေးရည်မှန်းချက်များ အောင်မြင်ပြည့်၀လုနီးပြီဖြစ်ရာ အရှေ့အလယ်ပိုင်းစစ်ဆင်ရေးများကို အရှိန်လျှော့ရန်မိမိစဉ်းစားနေကြောင်း သမ္မတ ဒေါ်နယ်ထရန့်က ၎င်း၏ လူမှုမီဒီယာစာမျက်နှာပေါ်တွင် ရေးသားထားသည်။ သမ္မတဒေါ်နယ်ထရန့်၏ အထက်ပါရေးသားချက်သည် ၎င်းအနေဖြင့် ဖေဖော်ဝါရီ ၂၈ရက် တွင် စတင်ခဲ့သောအီရန်စစ်ပွဲကို မကြာမီကာလအတွင်း အဆုံးသတ်ရေးအတွက် ပြင်ဆင်နေဖွယ်ရှိသည့်သဘောကို ပြသလျက်ရှိသည်။ သမ္မတဒေါ်နယ်ထရန့်နှင့် ကာကွယ်ဝန်ကြီးဌာနတို့အနေဖြင့် အီရန်စစ်ပွဲ စစ်ရေး ရည်မှန်း ချက်များ ပြည့်မြောက်ရေးအတွက် သီတင်းပတ် လေးပတ်မှ သီတင်းပတ်ခြောက်ပတ်အထိ အချိန်ယူရလိမ့်မည်ဟု ခန့်မှန်းထားကြောင်း အိမ်ဖြူတော်သတင်းထုတ်ပြန်ရေးအတွင်း ရေးမှူးကာရိုလိုင်းလီဗစ်က မတ်၂၀ ရက်မှာပင် ထုတ်ဖော်ပြောကြားထားသည်။ အမေရိကန်ပြည်ထောင်စုနှင့် အစ္စရေးတို့က အီရန်နိုင်ငံကို ဖေဖော် ဝါရီ ၂၈ ရက်တွင် စစ်ရေးအရ တိုက်ခိုက်ခဲ့ပြီးနောက် စတင်ဖြစ်ပွားခဲ့သော အရှေ့အလယ်ပိုင်းစစ်ပွဲသည် မတ် ၂၁ ရက်တွင် သီတင်းသုံးပတ်တင်းတင်းပြည့်ပြီဖြစ်သည်။ စစ်ပွဲကာလအတွင်း အစ္စရေးနှင့် အမေရိကန်ပြည်ထောင်စုတို့ကို တုံ့ပြန်သည့်အနေဖြင့် အီရန်နိုင်ငံကအရှေ့အလယ်ပိုင်းဒေသပင်လယ်ကွေ့ အာရပ်နိုင်ငံများကိုတိုက်ခိုက်ခဲ့သလို ဟော်မုဇ်ရေလက်ကြားကိုလည်း ပိတ်ဆို့ခဲ့ရာ နိုင်ငံတကာစွမ်းအင်ဈေးကွက်များ၌ စွမ်းအင် ဈေးနှုန်းများ ပုံမှန်ထက် ၅၀ ရာခိုင်နှုန်း မြင့်တက်ခဲ့ရသည်။ ဟော်မုဇ်ရေလက်ကြားသည် ကမ္ဘာ့ရေနံနှင့်သဘာ၀ဓာတ်ငွေ့ထုတ်လုပ်မှုစုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းပုံမှန်ဖြတ်သန်းနေရသော ရေလက်ကြားဖြစ်သည်။ ကိုးကား-ရိုက်တာ #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

နောက်ဆုံးပေါ်တင့်ကားပေါ်က ကင်ဂျုံအန်းတို့သားအဖ

#ယနေ့ထုတ်သတင်းစာ_ကာတွန်း
#ယနေ့ထုတ်သတင်းစာ_ကာတွန်း

◾️ပုလဲဆိပ်ကမ်းဗုံးကြဲမှုအကြောင်းဂျပန်ဝန်ကြီးချုပ်ရှေ့မှာပြောခဲ့တဲ့ထရန့်

◾️အမှတ်(၃)လမ်းဆုံ စစ်ဆေးရေးဂိတ်အနီးယာဉ်တိုက်မှုဖြစ်ပွား၊ သုံးဦးသေဆုံး ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် တံခွန်တိုင်(အင်းစိန်)ကျေးရွာအုပ်စု အမှတ်(၃) လမ်းဆုံ စစ်ဆေးရေးဂိတ်အနီးတွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ မတ် ၂၀ ရက် နံနက် ၅ နာရီ၄၅ မိနစ်ခန့်က လှည်းကူးမြို့နယ် တံခွန်တိုင်(အင်းစိန်) ကျေးရွာ အုပ်စု အမှတ် (၃)လမ်းဆုံ စစ်ဆေးရေးဂိတ်အနီးတွင် မန္တလေးမှ ရန်ကုန်သို့ မောင်းနှင် လာသည့် ‘Elite’ ခရီးသည်တင်ယာဉ်လိုင်းမှ ခရီးသည် ၂၅ ဦး လိုက်ပါလာသည့် SCANIA အမျိုးအစား (အဖြူရောင်) Express ယာဉ်ကိုရန်ကုန်မှ ပဲခူးသို့ မောင်းနှင်လာသည့် I-Zone Light Truck(အဖြူရောင်)ယာဉ်က အခင်းဖြစ်နေရာအရောက်တွင် အရှိန်မထိန်းနိုင်ဘဲ မျက်နှာချင်းဆိုင် ဝင်တိုက်မိခဲ့သည်။ အခင်းဖြစ်ရာသို့ လှည်းကူးမြို့နယ်မီးသတ်စခန်းမှ ဦးစီးအရာရှိဦးယုလွင် ဦးဆောင်၍ မီးငြှိမ်းသတ်ယာဉ်တစ်စီး၊ သန္ဓေတပ်ဖွဲ့ဝင်ခြောက်ဦးတို့ဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့သည်။ ယာဉ်တိုက်မှုကြောင့် I-Zoneယာဉ်မှ (ယာဉ်မောင်း)ဦး...(၃၃)နှစ် (သေဆုံး)၊ (ယာဉ် နောက်လိုက်)ဦး... (၂၅)နှစ်(သေဆုံး)တို့အားထုတ်ယူပြီး ကရုဏာရှင်လူမှုကူညီရေး အသင်းပိုင် သူနာတင်ယာဉ်များဖြင့်လှည်းကူးမြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်း သိရသည်။ သတင်း-နိုင်ဝင်းစိုး ဓာတ်ပုံ-ကရုဏာရှင်လူမှုကူညီရေး အသင်း #ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း

◾️ပြည်ပရင်းနှီးမြှုပ်နှံမှုများ အမေရိကန်ဒေါ်လာအပြင်တရုတ် ယွမ်ငွေဖြင့် ပါ လက်ခံမည်ဟု ထုတ်ပြန် ပြည်ပရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရာတွင် အမေရိကန် ဒေါ်လာအပြင် တရုတ်ယွမ်ငွေဖြင့် ပါလက်ခံသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ထုတ်ပြန် ထားသည်။ အဆိုပါ ရင်းနှီးမြှုပ်နှံမှုများကိုပိုမိုလွယ်ကူချောမွေ့စေရန်နှင့် ရင်းနှီးမြှုပ်နှံသူများ၏ လိုအပ် ချက်များကိုဖြည့်ဆည်းပေးနိုင်ရန်အတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ရုံးသို့ အဆိုပြုချက်နှင့် အတည်ပြုလျှောက်ထားလွှာများ တင်ပြလျှောက်ထားရာတွင် ရင်းနှီးမြှုပ် နှံမည့် နိုင်ငံခြားမတည်ငွေရင်းကို အမေရိကန်ဒေါ်လာအပြင် တရုတ်ငွေကြေးယွမ်နှင့်ပါ လက်ခံဆောင်ရွက်ပေးလျက် ရှိကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ရင်းနှီးမြှုပ်နှံသူသည် ရင်းနှီးမြှုပ်နှံမည့် နိုင်ငံခြားမတည်ငွေရင်းကိုအမေရိကန်ဒေါ်လာဖြင့် ယူဆောင်လာပါက အမေရိကန် ဒေါ်လာဖြင့်လည်းကောင်း၊ တရုတ်ယွမ်ငွေဖြင့် ယူဆောင် လာပါက တရုတ်ငွေကြေးယွမ်ဖြင့်လည်းကောင်း နိုင်ငံခြားသုံးငွေများ ရောင်းဝယ် ဖောက် ကားသည့်လုပ်ငန်း (AD) လိုင်စင်ရဘဏ်များမှတစ်ဆင့် ရင်းနှီးမြှုပ်နှံမှုအတွက်လွှဲပြောင်း ပေးချေမှုများကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ထုတ်ပြန်ထားကြောင်း သိရသည်။ သတင်း-လူ့တလူ ဓာတ်ပုံ- MOC #ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း

◾️စက်သုံးဆီစျေး ကျပ် ၈၀၀ နီးပါးစျေးတက် ‎ ‎ပြည်တွင်း၌ စက်သုံးဆီချွေတာနိုင်ရေးအတွက် ကန့်သတ်မှုအချို့လုပ်ဆောင်ခဲ့ပြီးနောက် ယနေ့ (မတ် ၂၀ ရက်) တွင် စက်သုံးဆီစျေးများ တစ်လီတာလျှင် ကျပ် ၈၀၀ နီးပါး တက်လာကြောင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။ ‎ ‎ပြီးခဲ့သည့် မတ် ၁၃ ရက်တွင်လည်း စက်သုံးဆီစျေးများ တစ်လီတာလျှင် ကျပ် ၃၀၀ ကျော် စျေးတက်ခဲ့ကြောင်း မှတ်တမ်းများအရ သိရသည်။ ‎ ‎ပြီးခဲ့သည့် မတ် ၆ ရက်မှ မတ် ၁၂ ရက်အထိ 92 အမျိုးအစားစက်သုံးဆီ တစ်လီတာလျှင် ၂၅၂၅ ကျပ်ရှိခဲ့ရာမှ မတ် ၁၃ ရက်တွင် ၂၈၃၀ ကျပ် အထိမြင့်တက်လာသည်။ ‎ ‎ထို့နောက် ယနေ့ (မတ် ၂၀ ရက်)တွင် 92 အမျိုးအစား စက်သုံးဆီ တစ်လီတာလျှင် ၃၆၁၀ ကျပ်အထိ မြင့်တက်လာခြင်းဖြစ်သည်။ ‎ ‎ထို့ပြင် 95 အမျိုးအစားစက်သုံးဆီသည်လည်း ၂၉၃၀ ကျပ်မှ ၃၈၅၀ ကျပ်သို့ စျေးတက်သွားခဲ့သည်။ ‎ ‎ရန်ကုန်အပါအဝင် မြို့လေးမြို့တွင် မတ် ၁၂ ရက်မှစ၍ QR Code ဖြင့် တစ်ရက်လျှင်တစ်ကြိမ်သာ စက်သုံးဆီရောင်းချမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနကထုတ်ပြန်ခဲ့သေးသည်။ ‎ ‎သတင်း/ဓာတ်ပုံ - စံတော်ချိန်ဒစ်ဂျစ်တယ်(စက်သုံးဆီ၀ယ်ယူရန်စောင့်ဆိုင်းနေသူများ) ‎#ပြည်တွင်းသတင်း

◾️အနူတင်ကို ဝန်ကြီးချုပ်အဖြစ် ထိုင်းလွှတ်တော် ပြန်လည်ရွေးချယ် မတ် ၁၉ ရက်တွင် ကျင်းပသည့်ထိုင်းအောက်လွှတ်တော်သစ် အစည်းအဝေး၌ လက်ရှိ ဝန်ကြီးချုပ် အနူတင်ချန်ဝီရာကူးလ်ကို ဝန်ကြီးချုပ်သစ်အဖြစ်ထိုင်းလွှတ်တော် အမတ် များက ထပ်မံရွေးချယ်တင်မြှောက်ခဲ့ကြောင်း သိရသည်။ ဝန်ကြီးချုပ်အနူတင်ဦးဆောင်သော ဖုန်ဂျိုင်ထိုင်းပါတီသည်ဖေဖော်ဝါရီ ၈ ရက်တွင် ကျင်းပခဲ့သောထိုင်းလွှတ်တော်ရွေးကောက်ပွဲ၌အမတ်နေရာ ခွဲတမ်းအများဆုံးရရှိထားသော ပါတီဖြစ်သည်။ အသက် (၅၉) နှစ်အရွယ် အနူတင်ချန်ဝီရာကူးလ်ကို ဝန်ကြီးချုပ်သစ်အဖြစ် ထပ်မံရွေးချယ် တင် မြှောက် နိုင်ခဲ့မှုကြောင့် နိုင်ငံရေးမငြိမ်သက်မှုများနှင့်ကာလကြာရှည်ရင် ဆိုင်ခဲ့ရသော ထိုင်းနိုင်ငံအတွက် နိုင်ငံရေးတည်ငြိမ်မှု ကာလတစ်ရပ် ရှားရှားပါးပါး ပေါ်ထွက်လာနိုင် သည်။ ဝန်ကြီးချုပ်အနူတင်၏ ဖုန်ဂျိုင်ထိုင်းပါတီသည် ဖေဖော်ဝါရီ ၈ ရက် ထိုင်းလွှတ်တော် ရွေးကောက်ပွဲတွင် အမတ်နေရာ တတိယအများဆုံး ရရှိထားသည့်ပွေထိုင်းပါတီနှင့် ပူးပေါင်း၍ ညွန့်ပေါင်းအစိုးရဖွဲ့ရန် စီစဉ်ထားသည်။ ဖုန်ဂျိုင်ထိုင်းပါတီနှင့် ပွေထိုင် ; ပါတီတို့သည် ထိုင်းအောက်လွှတ် တော်၏အမတ်နေရာ ၄၉၉နေရာ အနက် ၂၉၂ နေရာအထိကို ထိန်း ချုပ်ထားသည်။သို့ဖြစ်ရာ မတ် ၁၉ ရက် ဝန်ကြီးချုပ်သစ်မဲခွဲရွေးချယ်ပွဲတွင် အနူတင်ချန်ဝီရာကူးလ်အနေဖြင့် ဝန်ကြီးချုပ် ရာထူး ရယူနိုင်ရေးအတွက် လိုအပ်သည့် ထောက်ခံမဲ ၂၅၁မဲကို သက် သောင့်သက်သာ ရယူနိုင်ခဲ့သည်။ ဝန်ကြီးချုပ် အနူတင်သည် နှစ်ပေါင်း၂၀အတွင်း ထိုင်းလွှတ်တော် ဝန်ကြီးချုပ်သစ် မဲခွဲ ရွေးချယ်ပွဲ၌ ဝန်ကြီးချုပ်အဖြစ် ပြန်လည်ရွေးကောက်တင်မြှောက်ခံခဲ့ရသော ပထမဆုံး ဝန်ကြီးချုပ်ဖြစ်သည်။ မိမိအနေဖြင့် ဝန်ကြီးချုပ်ရာထူးရယူနိုင်ချိန်တွင် အစိုးရအဖွဲ့သစ် အမြန်ဆုံးဖွဲ့စည်းမည် ဖြစ်ပြီး ထိုင်းနိုင်ငံရင်ဆိုင်နေရသည့် ပြဿနာများကိုလည်း အချိန် မဆိုင်းဖြေရှင်းမည် ဖြစ်ကြောင်း အနူတင်ချန်ဝီရာကူးလ်က ပြောကြားထားသည်။ ကိုးကား-ရိုက်တာ #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

◾️ပင်လယ်ကွေ့နိုင်ငံများ၏ သဘာ၀ဓာတ်ငွေ့လုပ်ငန်းများ အီရန်တိုက်ခိုက် ကာတာနိုင်ငံ၊ ဆော်ဒီအာရေဗျနိုင်ငံနှင့် အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) နိုင်ငံများရှိသဘာ၀ဓာတ်ငွေ့ထုတ်လုပ်ရေးနယ်မြေများကို အီရန်နိုင်ငံက မတ် ၁၉ရက်တွင် ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ အီရန်နိုင်ငံ၏ ဆောက်သ်ပါးစ်သဘာ၀ဓာတ်ငွေ့ထုတ်လုပ်ရေးနယ်မြေကို အစ္စရေးနိုင်ငံ ကမတ် ၁၈ ရက်တွင် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက် ပင်လယ်ကွေ့ အာရပ်နိုင်ငံများရှိ သဘာ၀ဓာတ်ငွေ့ထုတ်လုပ်ရေးလုပ်ငန်းများကို အီရန်က လက်တုံ့ပြန် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အီရန်နိုင်ငံ၏ ဆောက်သ်ပါးစ် သဘာ၀ဓာတ်ငွေ့နယ်မြေသည် ကမ္ဘာ့အကြီးဆုံး သဘာ၀ ဓာတ်ငွေ့ ထုတ်လုပ်ရေးနယ်မြေဖြစ်သည်။သဘာ၀ဓာတ်ငွေ့ထုတ် လုပ်ရေးနယ်မြေများ အပြန်အလှန်တိုက်ခိုက်ခံရမှုကြောင့် အရှေ့အလယ်ပိုင်းဒေသ၏ အဓိကစီးပွားရေး အသက် သွေးကြောဖြစ်သော စွမ်းအင်ကဏ္ဍအပေါ် အီရန်စစ်ပွဲ၏ ဖိအားမှာ ပို၍ကြီးမား လာပြီဖြစ်သည်။ အီရန်၏ မတ် ၁၉ ရက် ဒုံးကျည်တိုက်ခိုက်မှုများကိုကာတာ၊ ဆော်ဒီအာရေဗျနှင့်ယူအေအီး နိုင်ငံတို့က ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချထားသည်။ ယင်းအပြင် အရှေ့အလယ်ပိုင်းဒေသ သဘာ၀ဓာတ်ငွေ့လုပ်ငန်းများကို အီရန်နိုင်ငံက တိုက်ခိုက်လာမှုကြောင့် ဆော်ဒီနှင့် အီရန်တို့အကြား အနည်းငယ်သာရှိသော ယုံကြည်မှု ပြိုကွဲခဲ့ရပြီဖြစ်ကြောင်း ဆော်ဒီနိုင်ငံခြားရေးဝန်ကြီးမင်းသား ဖိုင်ဆယ်ဘင့်ဖာဟန်းက ပြောကြားထားသည်။ ယင်းအပြင် ဆော်ဒီအာရေဗျနိုင်ငံ အနေဖြင့်အီရန်၏ တိုက်ခိုက်မှုကို တုံ့ပြန်ရန် တရားဝင် အခွင့်အရေးရှိကြောင်း ဆော်ဒီနိုင်ငံခြားရေးဝန်ကြီးက သတိပေးထားသည်။ အရှေ့အလယ်ပိုင်းဒေသ သဘာ၀ဓာတ်ငွေ့လုပ်ငန်းများတိုက်ခိုက်ခံခဲ့ရပြီးနောက် မတ် ၁၉ ရက်တွင် ကမ္ဘာ့ရေနံနှင့် သဘာ၀ဓာတ်ငွေ့ဈေး ကွက်များ၌ ဈေးနှုန်းများမြင့်တက်လာ ခဲ့ရသည်။ လက်ရှိအချိန်တွင် အီရန်စစ်ပွဲမှာ စစ်ရှိန်လျော့ကျမည့် လက္ခဏာမရှိသေးဘဲ အရှေ့ အလယ်ပိုင်းဒေသသို့တပ်ဖွဲ့ဝင်များ ထပ်မံစေလွှတ်ရန် အမေရိကန်သမ္မတဒေါ်နယ်ထရန့် က စဉ်းစားလျက်ရှိသည်။ အဆိုပါ တပ်ဖွဲ့ဝင်များကို ဟော်မုခ်ရေလက်ကြားလုံခြုံရေးအတွက် သမ္မတဒေါ်နယ်ထရန့်က တာဝန်ပေးဖွယ်ရှိကြောင်း အမေရိကန်အစိုးရ သတင်းအရင်းအမြစ်များက ပြောကြားထား သည်။ သတင်း-ဗျည်းနွဲ့ ကိုးကား-ရိုက်တာ #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

#ယနေ့ထုတ်သတင်းစာ_ကာတွန်း
#ယနေ့ထုတ်သတင်းစာ_ကာတွန်း

◾️ထိုင်းတွင် အလုပ်ထုတ်ခံရသည့် မြန်မာလုပ်သား ၄၇၂ ဦး နစ်နာကြေး ဘတ်ရှစ်သန်းကျော်ရ ထိုင်းနိုင်ငံ ရယောင်ခရိုင် ရယောင်(Rayong)မြို့ရှိ Electronic စက်ရုံတစ်ရုံတွင်ဝန်ထမ်း အင်အား လျှော့ချသည်ဟုဆိုကာအလုပ်ထုတ်ခံခဲ့ရသည့် မြန်မာအလုပ်သမား ၄၇၂ဦး၏ နစ်နာကြေးအဖြစ် ဘတ် ရှစ်သန်းကျော်ရရှိကြောင်းကူညီပေးခဲ့သည့် MHAC အဖွဲ့မှ သိရ သည်။ ၎င်းစက်ရုံတွင် အလုပ်လုပ်နေသည့် မြန်မာလုပ်သား ၄၇၂ ဦးအားမတ် ၁၀ ရက်၌ အလုပ်ထုတ်ခဲ့ခြင်းဖြစ်သည်။ အလုပ်သမားများက အကူအညီတောင်းခံလာသဖြင့် မတ် ၁၃ရက်၌ LPNဖောင်ဒေးရှင်း၊ နယ်မြေခံအစိုးရဌာန၏ တာဝန်ရှိသူများနှင့်ပူးပေါင်းကာ ကူညီဆောင်ရွက်မှုစတင်ခဲ့ကြောင်း သိရသည်။ ထို့နောက် မတ်၁၇ ရက်တွင် မြန်မာလုပ်သား ၄၇၂ ဦးအတွက် လုပ်အားခနှင့် နစ်နာကြေး ဘတ်ငွေ ဘတ် ၈ သန်းကျော် ရရှိခဲ့ကြောင်း သိရသည်။ သက်ဆိုင်ရာ ကြားခံအေဂျင်စီနှင့် သက်ဆိုင်ရာစက်ရုံ၏တာဝန်ရှိသူများက မတ် ၁၃ ရက် တွင် လာရောက်ညှိနှိုင်းပေးခဲ့ပြီး အစိုးရဌာနမှ တာဝန်ရှိသူများက တာဝန်ယူဖြေရှင်းပေးခဲ့ ခြင်းကြောင့် ရရှိခဲ့ကြောင်း MHACအဖွဲ့မှ သိရသည်။ သတင်း-ဇော်ကိုထက် ဓာတ်ပုံ-MHAC #ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း