The Standard Time Digital
前往频道在 Telegram
The Standard Time Daily News and its Website cover Myanmar and World's News to the local readers across Myanmar since April 1, 2013.
显示更多未指定国家未指定类别
276
订阅者
无数据24 小时
+17 天
+2630 天
帖子存档
◾️အကွီလာ-၂ ရေနံတင်သင်္ဘောကို အိန္ဒိယသမုဒ္ဒရာ၌ အမေရိကန်ဖမ်းဆီး
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ကာရစ်ဘီယန်ရေကြောင်း ပိတ်ဆို့မှုကို ချိုးဖောက်၍ ထွက်ပြေးမောင်းနှင်သွားသော ရေနံတင်သင်္ဘောတစ်စင်းကို အမေရိကန်တပ်ဖွဲ့ဝင်များက အိန္ဒိယသမုဒ္ဒရာဒေသ၌ ကြားဖြတ် ဖမ်းဆီးခဲ့ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
အမေရိကန် တပ်ဖွဲ့ဝင်များအနေဖြင့်အကွီလာ-၂ အမည်ရှိ အဆိုပါရေနံတင်သင်္ဘောပေါ်သို့ အနှောင့်အယှက်မရှိ တက်ရောက်နိုင်ခဲ့ကြကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။
အဆိုပါ ရေနံတင်သင်္ဘောသည် အမေရိကန်အစိုးရ အရေးယူပိတ်ဆို့မှု စာရင်းတွင် ပါဝင် နေသော ရေနံတင်သင်္ဘောများ ကာရစ်ဘီယန်ဒေသမှ မထွက်ခွာနိုင်ရေးအတွက် သမ္မတ ဒေါ်နယ်ထရန့် ပြုလုပ်ထားသည့် ရေကြောင်းပိတ်ဆို့မှုကို ချိုးဖောက်ထွက်ပြေးခဲ့သော သင်္ဘောဖြစ်ကြောင်း အမေရိကန်အစိုးရတာဝန်ရှိသူများကပြောကြားထားသည်။
ရေကြောင်းပိတ်ဆို့မှုကို ချိုးဖောက်ထွက်ပြေးခဲ့ပြီးနောက်ပိုင်း အမေရိကန်စစ်ဘက်သည် အကွီလာ-၂ ရေနံတင်သင်္ဘောကို လိုက်လံဖမ်းဆီးခဲ့ရာ ဖေဖော်ဝါရီ ၉ ရက် ညပိုင်းတွင် အိန္ဒိယ သမုဒ္ဒရာဒေသ၌ ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။
အဆိုပါရေနံတင်သင်္ဘောသည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာမှစ၍ အမေရိကန်အစိုးရက ဖမ်းဆီး ခဲ့သော အဋ္ဌမမြောက် ရေနံတင်သင်္ဘောဖြစ်သည်။
ကိုးကား-ရိုက်တာ
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◾️မုန်တိုင်းဒဏ် ခံစားခဲ့ ရသည့် သီရိလင်္ကာနိုင်ငံကို ဆန်တန်ချိန် ၅၀၀ မြန်မာ လှူဒါန်း
ဒီဝါဆိုင်ကလုန်းမုန်တိုင်းဒဏ်ထိခိုက်ခံစားခဲ့ရသည့် သီရိလင်္ကာနိုင်ငံပြည်သူများအတွက် မြန်မာနိုင်ငံက လှူဒါန်းသည့် ဆန်တန်ချိန် ၅၀၀ကို ဖေဖော်ဝါရီ ၉ ရက်က လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရသည်။
အဆိုပါ အခမ်းအနားသို့ သီရိလင်္ကာနိုင်ငံခြားရေး၊ ပြည်ပအလုပ်အကိုင်ရေးရာနှင့် ခရီးသွား လာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်မစ္စချာမာရီ ရိုဒီရေဂို၊ သီရိလင်္ကာဘေး အန္တရာယ် စီမံခန့်ခွဲရေး စင်တာနှင့်ဆိပ်ကမ်းအာဏာပိုင်မှ တာဝန်ရှိသူများနှင့် မြန်မာသံရုံး၊ ကိုလံဘိုမြို့မှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်းသိရသည်။
အဆိုပါ ဆန်တန်ချိန် ၅၀၀ကို သီရိလင်္ကာနိုင်ငံ ကိုလံဘိုဆိပ်ကမ်း၌ လွှဲပြောင်းပေးအပ်ခဲ့ပြီး မြန်မာသံအမတ်ကြီး ဒေါ်မာလာသန်းထိုက်ကသီရိလင်္ကာကုန်သွယ်ရေး၊ ကူးသန်းရောင်းဝယ် ရေး၊ စားနပ်ရိက္ခာဖူလုံရေးနှင့် သမဝါယမဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး မစ္စတာ ဝါဆန်သာ ဆာမာရာဆင်ဟဲထံသို့ ဆန်အိတ်များ လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သတင်း-အာကာနွေ
ဓာတ်ပုံ-MOI
#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း
◾️တရားဝင်မဲရလဒ်များအရ တာကာအိချိ၏ပါတီ အင်အားကြီး လူများစုနေရာရ
တနင်္ဂနွေနေ့က ကျင်းပခဲ့သော ဂျပန်အောက်လွှတ်တော် ရွေးကောက်ပွဲတွင် ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိ၏ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) က အမတ်နေရာ ၃၁၅ နေရာ အနိုင်ရရှိခဲ့ကြောင်း တရားဝင် ထုတ်ပြန်သည့် ရလဒ်များက အတည်ပြုခဲ့ပြီးနောက် LDP က လွှတ်တော်သုံးပုံနှစ်ပုံ လူများစုနေရာ ကို ရရှိသွားခဲ့သည်။
ယင်းရလဒ်သည် ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဂျပန်နိုင်ငံ ရေးကို လွှမ်းမိုးထားခဲ့ပြီး အစိုးရပေါင်းများစွာကို ဦးဆောင် ခဲ့သော ပါတီ၏ သမိုင်းတွင် အကောင်းဆုံးရလဒ်ဖြစ်ရာ ဂျပန်၏ ပထမဆုံးအမျိုးသမီး ဝန်ကြီးချုပ်တာကာအိချိကလည်း လာမည့်လေးနှစ်တွင် ၁၂၃ သန်းသော ဂျပန်ပြည်သူများအပေါ် ၎င်း၏ အမှတ်တံဆိပ် ခပ်နှိပ်ခွင့်ရသွားခဲ့သည်။
LDP ပါတီ၏ မဟာမိတ် ဂျပန်တီထွင်ဆန်းသစ်ရေးပါတီ (JIP) ကလည်း အမတ်နေရာ ၃၆ နေရာ အနိုင်ရရှိခဲ့သဖြင့် အာဏာရမဟာမိတ်အဖွဲ့သည် အမတ် ၄၆၅ နေရာ ရှိသော အောက်လွှတ်တော်တွင် နေရာ ၃၅၁ နေရာကို ပိုင်ဆိုင် ထားကြသည်။
ယခင်လွှတ်တော်တွင် LDP က ၁၉၈ နေရာနှင့် JIP ပါတီ က ၃၄ နေရာသာ ရရှိထားခဲ့သည်။
ရွှေ့ပြောင်းနေထိုင်မှုများကို ဆန့်ကျင်သော Sanseito ပါတီ က ယခင် အမတ်နေရာ နှစ်နေရာ မှ ၁၅ နေရာအထိ တိုးတက်အနိုင်ရရှိခဲ့သည်။
ယင်းလူများစုနေရာကြောင့်ပင် အခြေခံဥပဒေကိုပြောင်း လဲရန် ကြိုးစားခြင်းကဲ့သို့ ရှုပ်ထွေးသော လုပ်ငန်းများကို တာကာအိချိက အားထုတ်နိုင်ရန်လည်း အခွင့်အရေးပေးထားသည်။
ထိုကိစ္စမှာလည်း ၎င်းက ဆောင်ရွက်လိုသော အကြောင်း အရာဖြစ်သည်ဟု တာကာအိချိက အချက်ပြထားသည်။
“ဂျပန်ကို ပိုပြီးအင်အားတောင့်တင်းအောင် ၊ ပိုပြီး ကြီးပွားတိုးတက်အောင် လုပ်ဖို့အတွက် ကြီးလေးတဲ့ တာဝန် ကြီးရဲ့အစပဲဖြစ်ပါတယ်။ ကြီးမားတဲ့ မူဝါဒပြောင်းလဲမှုလုပ်ဖို့ အရေးပေါ်လိုအပ်ချက်နဲ့ ပတ်သက်ပြီး ကျွန်မတို့ရဲ့ ပန် ကြားချက်အပေါ် ပြည်သူလူထုက နားလည်မှုနဲ့ ကရုဏာပြသခဲ့တယ်လို့ ကျွန်မတို့ ယုံကြည်ပါတယ်” ဟု လူငယ်များကြား အိုင်ဒေါ တစ်ဦးကဲ့သို့ ရေပန်းစားနေသည့် အသက် ၆၄ နှစ်အရွယ် တာကာအိချိက ပြောသည်။
သတင်း-ရဲမင်း
ကိုးကား-AFP/dc
#နိုင်ငံတကာသတင်း
◾️ဆီဘောက်ဆာယာဉ်အတွင်း သန့်ရှင်းရေးလုပ်သူအမျိုးသားနှစ်ဦး အောက်ဆီဂျင်ပြတ်သေဆုံး
ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၌ ယမန်နေ့(ဖေဖော်ဝါရီ ၉ ရက်) ညနေ ၆ နာရီ ၁၂ မိနစ်တွင် ဆီဘောက်ဆာယာဉ် သိုလှောင်ကန်အတွင်း အမျိုးသားနှစ်ဦး သန့်ရှင်းရေးဝင်လုပ်စဉ် အောက်ဆီဂျင်ပြတ်သဖြင့် ဆေးရုံသို့ပို့ဆောင်စဉ်သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံဘက်စုံလူမှုကူညီရေးအသင်းထံမှ သိရသည်။
မှော်ဘီမြို့နယ်၊ ဘွက်ကြီးကျေးရွာအနီးမြို့ရှောင်လမ်းရှိ ဂါလံ ၇၅၀၀ ဆံ့ ဆီဘောက်ဆာယာဉ်အတွင်း အမျိုးသားနှစ်ဦးလဲကျနေသည်ကို သတင်းရရှိသဖြင့် ဆေးရုံပို့ဆောင်ပေးခဲ့ရကြောင်း အဆိုပါအသင်းမှ တာဝန်ရှိသူတစ်ဦးကလည်း စံတော်ချိန်ဒစ်ဂျစ်တယ်သို့ ပြောသည်။
"ဆေးရုံရောက်မှ သေဆုံးသွားတာ။ သေဆုံးတဲ့ အမျိုးသားနှစ်ယောက်က ဆီဆိုင်က ဝန်ထမ်းတော့မဟုတ်ဘူး။ ကျွန်တော်ကြားရတာတော့ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်လို့တော့ သိရတယ်"ဟု ၎င်းက ဆိုသည်။
၎င်းတို့နှစ်ဦးအား မြန်မာနိုင်ငံဘက်စုံလူမှုကူညီရေးအသင်းယာဉ်ဖြင့် မှော်ဘီမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ဆေးရုံရောက်ရှိပြီး ညနေ ၆ နာရီ ၅၅ မိနစ်တွင် သေဆုံးကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ဘွက်ကြီးကျေးရွာအနီး မြို့ရှောင်လမ်းတွင် ဂါလန်(၇၅၀၀)ဆံ့ ဆီဘောက်ဆာယာဉ်အတွင်း ဆီဂျိုးများအား ကျား(၂)ဦး ရှင်းလင်းရေးလုပ်ရာမှ အောက်စီဂျင်ပြတ်၍ သတိမေ့နေကြောင်း သတင်းရရှိသဖြင့် မှော်ဘီမြို့နယ် မီးသတ်စခန်း မှ မီးသတ်ယာဉ်(၁)စီး၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့် သွားရောက်ကူညီဆောင်ရွက်ခဲ့ကြောင်းလည်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲံက သတင်းထုတ်ပြန်ထားသည်။
သတင်း - ပိုင်လေး
ဓာတ်ပုံ - MSFD
#ပြည်တွင်းသတင်း
◾️မီဒီယာလုပ်ငန်းရှင် ဂျင်မီလိုင်းကိုထောင်ဒဏ် နှစ် (၂၀) ဟောင်ကောင် ချမှတ်
တရုတ်အစိုးရအား အပြင်းထန်ဆုံး ဝေဖန်တတ်သည့် ဟောင်ကောင်မီဒီယာလုပ်ငန်းရှင် ဂျင်မီလိုင်းကို ဟောင်ကောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားသူကြီးများက ဖေဖော်ဝါရီ ၉ ရက်တွင် ထောင်ဒဏ်နှစ် (၂၀) ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။
မီဒီယာလုပ်ငန်းရှင် ဂျင်မီလိုင်းကို ပြည်ပအင်အားစုများနှင့် ပူးပေါင်းကြံစည်ဆောင်ရွက်မှု စွဲချက်နှစ်ခု၊ အစိုးရဆန့်ကျင်ရေး သတင်းဆောင်းပါးများထုတ်ဝေမှုအတွက် စွဲချက်တစ်ခုတို့ဖြင့် ဟောင်ကောင်တရားသူကြီးများကထောင်ဒဏ်နှစ် (၂၀) ပြစ်ဒဏ်ချမှတ်ခဲ့သည်။
လက်ရှိတွင် ပိတ်သိမ်းခံထားရပြီးဖြစ်သော အက်ပဲလ်ဒေလီးနေ့စဉ်သတင်းစာကို ထုတ်ဝေခဲ့သည့် ဂျင်မီလိုင်းအား ၂၀၂၀ ပြည့်နှစ် ဩဂုတ်လတွင်ဖမ်းဆီးခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် အမျိုးသားလုံခြုံရေး ဥပဒေများဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
ဟောင်ကောင်ဒေသ၌ လအတန်ကြာ နိုင်ငံရေး မငြိမ်သက်မှုများ ပေါ်ပေါက်ခဲ့ပြီးနောက် တရုတ်အစိုးရသည် ဟောင်ကောင်ဒေသ တည်ငြိမ်ရေးအကြောင်းပြချက်ဖြင့် ဟောင်ကောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွက်၂၀၂၀ ပြည့်နှစ်တွင် အမျိုးသားလုံခြုံရေး ဥပဒေပြဋ္ဌာန်းခဲ့သည်။
၎င်းအပေါ် စွဲဆိုထားသော စွဲချက်များကို အသက် (၇၈) နှစ်အရွယ် ဂျင်မီလိုင်းက ငြင်းဆိုထားပြီးဖြစ်သည်။
ကိုးကား-ရိုက်တာ
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◾️ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် မိုဟမ်မာဒီကို အီရန်အစိုးရ ပြစ်ဒဏ်ထပ်မံချမှတ်
အမျိုးသမီး အခွင့်အရေးလှုပ်ရှားမှုများကြောင့် အကြိမ်ကြိမ်ထောင်သွင်း အကျဉ်းချခံထား ရသည့်အီရန်အမျိုးသမီးငြိမ်းချမ်းရေးနိုဘယ်ဆုရှင်နာဂျက်မိုဟမ်မာဒီကိုအီရန်တရားသူကြီးများက ထောင်ဒဏ် ခုနစ်နှစ်ခွဲ ထပ်မံချမှတ်ခဲ့ကြောင်းဖေဖော်ဝါရီ ၈ ရက် သတင်းများတွင်ရေးသား တင်ပြထားသည်။
လက်ရှိတွင် အကျဉ်းကျခံနေရဆဲဖြစ်သည့် နာဂျက်မိုဟမ်မာဒီကိုအီရန်တရားသူကြီးများက ဖေဖော်ဝါရီ ၇ ရက်တွင် ထောင်ဒဏ်ခုနစ်နှစ်ခွဲ ထပ်မံ ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်းအီရန်ပြည်တွင်း သတင်းအရင်းအမြစ်များက ထုတ်ဖော် ပြောကြားထားသည်။
နာဂျက်မိုဟမ်မာဒီကို ထောက်ခံသူများဖြင့် ဖွဲ့စည်းထားသည့်နာဂျက်ဖောင်ဒေးရှင်း၏ အဆိုအရ အသက် (၅၃) နှစ်အရွယ် မိုဟမ်မာဒီသည် အကျဉ်းထောင်အတွင်းမှာပင်သီတင်းတစ်ပတ်ကြာ အစာငတ်ခံဆန္ဒပြခဲ့ရာ ဖေဖော်ဝါရီ ၈ ရက်တွင်ဆန္ဒပြမှုပြီးဆုံးခဲ့ကြောင်း သိရသည်။
ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်နာဂျက်မိုဟမ်မာဒီအပေါ် ထောင်ဒဏ်ထပ်မံချမှတ်ခဲ့မှု သတင်းများ နှင့်ပတ်သက်၍ အီရန်အစိုးရက တစ်စုံတစ်ရာတုံ့ပြန်ခြင်း မရှိသေးပေ။
အီရန်တရားသူကြီးများသည်နာဂျက်မိုဟမ်မာဒီကို လူစုလူဝေးပြုလုပ်မှု၊ အစိုးရဆန့်ကျင်ရေး ဝါဒဖြန့်လုပ်ငန်းများ လုပ်ဆောင်မှုတို့ဖြင့်ထောင်ဒဏ်ခုနစ်နှစ်ခွဲ ထပ်မံချမှတ်ခဲ့ခြင်းဖြစ်သည်။
၂၀၂၃ ခုနှစ်တွင် ငြိမ်းချမ်းရေးနိုဘယ်ဆုရရှိခဲ့သော နာဂျက်မိုဟမ်မာဒီကို အီရန်အစိုးရက မက်ရှ်ဟက်ဒ်မြို့ရှိ အကျဉ်းထောင်တစ်ခု၌ ဖမ်းဆီးထိန်းသိမ်းထားကြောင်း အီရန်ပြည်တွင်း သတင်းအရင်းအမြစ်များကပြောကြားထားသည်။
ကိုးကား-ရိုက်တာ
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◾️အီရန်တွင် ယူရေနီယံလောင်စာ သန့်စင်ပိုင်ခွင့်ရှိကြောင်းနိုင်ငံခြားရေးဝန်ကြီး ပြောကြား
အမေရိကန်ပြည်ထောင်စုနှင့် ကျင်းပနေသော နျူကလီးယားဆွေးနွေးပွဲများ အောင်မြင်ရေး အတွက် အဓိကသော့ချက်မှာ အီရန်နိုင်ငံ၏ယူရေနီယံလောင်စာ သန့်စင်ပိုင်ခွင့်ကို အသိ အမှတ်ပြု လက်ခံပေးခြင်းဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ်အာရက်ချီက ဖေဖော်ဝါရီ ၈ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
အမေရိကန်နှင့်အီရန် အဆင့်မြင့်ကိုယ်စားလှယ်များ အိုမန်နိုင်ငံ မတ်စကတ်မြို့၌ ဖေဖော် ဝါရီ ၆ ရက်တွင် တစ်ဆင့်ခံ နျူကလီးယား ဆွေးနွေးပွဲများ ကျင်းပပြီးနောက် အီရန် နိုင်ငံခြားရေးဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
အီရန်နိုင်ငံအနေဖြင့် အခြားနိုင်ငံများနည်းတူ ယူရေနီယံလောင်စာကို သန့်စင်ခွင့်ရှိသည်ဖြစ်ရာ နျူကလီးယားဆွေးနွေးပွဲများ အောင်မြင်ရေးအတွက် ယင်းအချက်ကို အသိအမှတ်ပြု လက်ခံရန်လိုအပ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးက ထုတ်ဖော်ပြောကြားခဲ့သည်။
အလားတူ ယူရေနီယံသန့်စင်ရေးလုပ်ငန်းနှင့်ပတ်သက်၍ ယုံကြည်မှုတည်ဆောက်နိုင်ရေး အတွက် မိမိတို့အသင့်ရှိကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။
အီရန်နိုင်ငံအနေဖြင့် အမေရိကန်ပြည်ထောင်စုနှင့် နျူကလီးယား သဘောတူညီချက်ရယူခြင်းမ ရှိပါက စစ်ရေးအရ အရေးယူမှုနှင့်ရင်ဆိုင်ရလိမ့်မည်ဖြစ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က သတိပေးထားသည်။
အမေရိကန်ရေတပ်ကလည်း ယူအက်စ်အက်စ်အေဘရာဟင်လင်ကွန်း လေယာဉ်တင်သင်္ဘော ဦးဆောင်သည့် ရေတပ်အုပ်စုကို အရှေ့အလယ်ပိုင်းသို့ စေလွှတ်ထားသည်။
ကိုးကား-ရိုက်တာ
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◾️အီရန်တွင် ယူရေနီယံလောင်စာ သန့်စင်ပိုင်ခွင့်ရှိကြောင်းနိုင်ငံခြားရေးဝန်ကြီး ပြောကြား
အမေရိကန်ပြည်ထောင်စုနှင့် ကျင်းပနေသော နျူကလီးယားဆွေးနွေးပွဲများ အောင်မြင်ရေး အတွက် အဓိကသော့ချက်မှာ အီရန်နိုင်ငံ၏ယူရေနီယံလောင်စာ သန့်စင်ပိုင်ခွင့်ကို အသိ အမှတ်ပြု လက်ခံပေးခြင်းဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ်အာရက်ချီက ဖေဖော်ဝါရီ ၈ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
အမေရိကန်နှင့်အီရန် အဆင့်မြင့်ကိုယ်စားလှယ်များ အိုမန်နိုင်ငံ မတ်စကတ်မြို့၌ ဖေဖော် ဝါရီ ၆ ရက်တွင် တစ်ဆင့်ခံ နျူကလီးယား ဆွေးနွေးပွဲများ ကျင်းပပြီးနောက် အီရန် နိုင်ငံခြားရေးဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
အီရန်နိုင်ငံအနေဖြင့် အခြားနိုင်ငံများနည်းတူ ယူရေနီယံလောင်စာကို သန့်စင်ခွင့်ရှိသည်ဖြစ်ရာ နျူကလီးယားဆွေးနွေးပွဲများ အောင်မြင်ရေးအတွက် ယင်းအချက်ကို အသိအမှတ်ပြု လက်ခံရန်လိုအပ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးက ထုတ်ဖော်ပြောကြားခဲ့သည်။
အလားတူ ယူရေနီယံသန့်စင်ရေးလုပ်ငန်းနှင့်ပတ်သက်၍ ယုံကြည်မှုတည်ဆောက်နိုင်ရေး အတွက် မိမိတို့အသင့်ရှိကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။
အီရန်နိုင်ငံအနေဖြင့် အမေရိကန်ပြည်ထောင်စုနှင့် နျူကလီးယား သဘောတူညီချက်ရယူခြင်းမ ရှိပါက စစ်ရေးအရ အရေးယူမှုနှင့်ရင်ဆိုင်ရလိမ့်မည်ဖြစ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က သတိပေးထားသည်။
အမေရိကန်ရေတပ်ကလည်း ယူအက်စ်အက်စ်အေဘရာဟင်လင်ကွန်း လေယာဉ်တင်သင်္ဘော ဦးဆောင်သည့် ရေတပ်အုပ်စုကို အရှေ့အလယ်ပိုင်းသို့ စေလွှတ်ထားသည်။
ကိုးကား-ရိုက်တာ
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◾️ထိုင်းနိုင်ငံ ချောင်ဘူရီခရိုင်တွင် မြန်မာလုပ်သားများအား တင်ဆောင်လာသည့်ကားအပါအဝင် ကားလေးစီး ဆင့် တိုက်မှုဖြစ်ပွားကာ မြန်မာ ၁၈ ဦးဒဏ်ရာရ
ထိုင်းနိုင်ငံ ချောင်ဘူရီခရိုင်တွင် မြန်မာလုပ်သားများအား တင်ဆောင်လာသည့်ကားအပါအဝင် ကားလေးစီး ဆင့် တိုက်မှုဖြစ်ပွားကာ မြန်မာ ၁ ဦးဒဏ်ရာရပင်ထောင် (၃)စက်မှုဇုန်ရှေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပစ်ကပ်ကားပေါ် လိုက်ပါလာသည့် မြန်မာလုပ်သား အမျိုးသား ၁၀ယောက်၊ အမျိုးသမီး ရှစ်ယောက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
မြန်မာအလုပ်သမားများအားIsuzuပစ်ကပ်ကားနောက်ခန်းတွင်အမိုးမိုးပြီးတင်ဆောင်လာခြင်းဖြစ်ကာလက်ရှိတွင် ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရရှိသူများအား နီးစပ်ရာ ဆေးရုံသို့ ပို့ဆောင်ထားကြောင်း ထိုင်းသတင်း၏ ဖော်ပြချက်အရသိရသည်။
သတင်း-ဇော်ကိုထက်
ဓာတ်ပုံ-MGR Online
#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း
现已上线!2025 年 Telegram 研究 — 年度关键洞察 
