The Standard Time Digital
前往频道在 Telegram
The Standard Time Daily News and its Website cover Myanmar and World's News to the local readers across Myanmar since April 1, 2013.
显示更多未指定国家未指定类别
273
订阅者
-124 小时
+47 天
+2530 天
帖子存档
◾️အမြန်လမ်း၌ ခရီးသည်တင်ကားအောက်ပိမိသည့် ယာဉ်အကူသေဆုံး
ရန်ကုန်- မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်(၃၄၃/၅)၌ ယနေ့(မေ ၄ ရက်) နံနက် ၁၁ နာရီခွဲခန့်က ခရီးသည်တင်ကားအောက်ပိမိခဲ့သည့် ယာဉ်အကူ ဆေးရုံအရောက်တွင် ရရှိဒဏ်ရာဖြင့် သေဆုံးသွားကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
အဆိုပါခရီးသည်တင်ကားမှာ မန္တလေးမှနေပြည်တော်သို့မောင်းနှင်းလာစဉ် ကားအလယ်တန်းရှိအတွင်းဘီးပေါက်ခြင်းကြောင့် ယာဉ်အကူအမျိုးသားတစ်ဦးက ကားဘီးလဲလှယ်ခဲ့ကြောင်း၊ ထို့နောက်ကားဘီးအဟောင်းအား ကားခေါင်းခန်းအောက်ရှိ စပယ်ယာဘီးထားသည့်နေရာသို့သွားထားစဉ် လေအိတ်ပေါက် ပြီး ကားမှာနိမ့်ကျလာကာ စပယ်ယာဘီးနှင့်ကျောက်လမ်းကြားညပ်နေခဲ့ကြောင်း စကားအင်းရဲစခန်းမှတာဝန်ရှိသူတစ်ဦးကပြောသည်။
"ကားဘီးကအကုန်လဲပြီးပြီ။ ဖြုတ်တဲ့ကားဘီးကို စပယ်ယာဘီးထားတဲ့ကားရှေ့ကအောက်မှာသွားထားတာ။ အဲဒီမှာလေအိတ်ပေါက်တော့ ကားရှေ့နိမ့်သွားပြီးပိတာ။ ဒဏ်ရာကတော့ပြင်းတယ်။ အခု တံတားဦးမြို့နယ်ပြည်သူ့ဆေးရုံမှာဆုံးသွားပြီ" ဟု ၎င်းက စံတော်ချိန်ဒစ်ဂျစ်တယ်သို့ပြောသည်။
ယင်းဖြစ်စဉ်အားစကားအင်းအမြန်လမ်းမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက ကူညီကယ်ထုတ်ခဲ့ပြီး ရွှေမေတ္တာလူမှုကူညီရေးအသင်းယာဉ်ဖြင့် တံတားဦးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်းသိရသည်။
သတင်း - ပိုင်လေး
ဓာတ်ပုံ - mfsd
#ပြည်တွင်းသတင်း
◾️အီရန်သင်္ဘောမှ ဖမ်းဆီးထားသော သင်္ဘောသားများကို ပါကစ္စတန်ထံသို့ အမေရိကန် လွှဲပြောင်းပေး
ပြီးခဲ့သည့်လက အိုမန်ပင်လယ်ကွေ့တွင် ဖမ်းဆီးခဲ့သော အီရန်ပိုင် M/V Touska သင်္ဘောမှ သင်္ဘောသားများအား အီရန်နိုင်ငံသို့ ပြန်လည်ပို့ဆောင်နိုင်ရန် ပါကစ္စတန်နိုင်ငံထံ လွှဲပြောင်းပေးခဲ့သည်ဟု အမေရိကန်အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်(CENTCOM) မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦး ABC သတင်းဌာနကို ပြောကြားသည်။
“ M/V Touska က သင်္ဘောသား ၂၂ ဦးစလုံးကို သူတို့နိုင်ငံပြန်ပို့ဖို့ ပါကစ္စတန်ကို လွှဲပြောင်းပေးအပ်မှု ဒီကနေ့ပဲ ပြီးစီးခဲ့ပါတယ်” ဟု ဗိုလ်ကြီး တင်မ်ဟော့ကင်းက ပြောသည်။
ပြီးခဲ့သည့်လက အမေရိကန်ရေတပ်ပိတ်ဆို့မှုကို ချိုး ဖောက်ရန် ကြိုးပမ်းနေစဉ် ကြားဖြတ်ဖမ်းဆီး ထိန်းသိမ်းခဲ့ပြီးနောက် ၎င်းသင်္ဘောကို မူလပိုင်ရှင်ထံသို့ လွှဲပြောင်းပေးအပ်နေသည်ဟုလည်း ပြောခွင့်ရသူက ဆက်လက်ပြောကြားသည်။
ပင်လယ်ဓားပြမှုဟု အီရန်က ခေါ်ဝေါ်ခဲ့သော တိုက်ခိုက်မှုတွင် အမေရိကန်က အီရန်ကွန်တိန်နာသင်္ဘောကို ဧပြီ ၂၀ ရက်တွင် ဖမ်းဆီးခဲ့သည်။
၎င်းသင်္ဘောပေါ်တွင် လိုက်ပါခဲ့သော အခြား ခရီးသည် ခြောက်ဦးကိုလည်း ၎င်းတို့နိုင်ငံသို့ ပြန်ပို့နိုင်ရန် ပြီးခဲ့သည့်သီတင်းပတ်တွင် ဒေသတွင်းနိုင်ငံတစ်ခုသို့ လွှဲပြောင်းပေးအပ်ခဲ့သည်ဟု CENTCOM ကပြောကြားသော် လည်း နိုင်ငံအမည်ကို မပြောပေ။
၎င်းခရီးသည်များမှာ သင်္ဘောသားများ၏ မိသားစုဝင်များ ဖြစ်သည်ဟု ယုံကြည်ရသည်။
သတင်း-ရဲမင်း
ကိုးကား-Al Jazeera
#နိုင်ငံတကာသတင်း
◾️သင်္ဘောဖျက်ဒုံးကျည်စနစ်တစ်မျိုး ဘာတာနက်စ်ပြည်နယ်၌ ဖိလစ်ပိုင်နှင့် အမေရိကန်ပြသ
ဖိလစ်ပိုင်နှင့် အမေရိကန်တပ်များသည် အင်န်မီးဆစ် အမည်ရှိ သင်္ဘောဖျက်ဒုံးကျည်စနစ်တစ်မျိုးကို ဖိလစ်ပိုင်နိုင်ငံ ဘာတာနက်စ်ပြည်နယ်၌ မေ ၂ ရက်တွင် ထုတ်ဖော်ပြသခဲ့ကြောင်း သိရသည်။
နှစ်စဉ်ပြုလုပ်မြဲဖြစ်သော နှစ်နိုင်ငံပူးတွဲစစ်ရေးလေ့ကျင့်မှုဖြစ်သည့် ဘာလီကာတန် စစ်ရေး လေ့ကျင့်မှု ကာလအတွင်း အင်န်မီးဆစ် သင်္ဘောဖျက်ဒုံးကျည်စနစ်ကို ဖိလစ်ပိုင်နှင့် အမေရိကန်တပ်များက ထုတ်ဖော်ပြသခဲ့ခြင်းဖြစ်သည်။
ဘာတာနက်စ်ပြည်နယ်သည် တရုတ်အစိုးရက တရုတ်အချုပ်အခြာပိုင်နယ်မြေအဖြစ် သတ်မှတ် အရေးဆိုထားသော တရုတ်(တိုင်ပေ)အနီးတွင် တည်ရှိသည့် ဖိလစ်ပိုင်ပြည်နယ်တစ်ခုဖြစ်သည်။
ဖိလစ်ပိုင်နိုင်ငံ၏ တောင်ဘက်စွန်းအကျဆုံး ပြည်နယ်ဖြစ်သော ဘာတာနက်စ်ပြည်နယ်သည် တရုတ်(တိုင်ပေ)၏ တောင်ဘက် မိုင် ၁၀၀ ခန့်အကွာတွင်တည်ရှိသော နေရာလည်းဖြစ်သည်။
အမေရိကန်နှင့် ဖိလစ်ပိုင်တပ်များသည် အင်န်မီးဆစ်သင်္ဘောဖျက်ဒုံးကျည်စနစ်ကို ဘာတာနက်စ်ပြည်နယ်၌ ထုတ်ဖော်ပြသခဲ့သော်လည်း စစ်ရေးလေ့ကျင့်မှုများအတွင်း ပြုလုပ်မည့် ကျည်စစ်သုံး လေ့ကျင့်မှုများ၌ ထည့်သွင်းအသုံးပြုမည် မဟုတ်ကြောင်း သိရသည်။
အင်န်မီးဆစ်သင်္ဘောဖျက်ဒုံးကျည်စနစ်သည် မြေပြင်နှင့် ၁၁၅ မိုင် အကွာတွင် တည်ရှိသော စစ်သင်္ဘော များအား ပစ်ခတ်တိုက်ခိုက်နိုင်သည့် ဒုံးကျည်စနစ်ဖြစ်ကြောင်း အမေရိကန်စစ်ဘက်က ပြောကြားသည်။
လက်ရှိပြုလုပ်ဆဲ ဘာလီကာတန်ပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် ဖိလစ်ပိုင်နှင့်အမေရိကန်တပ်ဖွဲ့ဝင် ၁၇၀၀၀ ကျော် ပါဝင်လျက်ရှိသည်။
ကိုးကား-ရိုက်တာ
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◾️အီရန်နောက်ဆုံးပေးပို့ထားသော ငြိမ်းချမ်းရေးအဆိုပြုချက်များကို လေ့လာနေကြောင်းသမ္မတ ဒေါ်နယ်ထရန့်ပြောကြား
သုံးလတာ ကာလအတွင်းဝင်ရောက်လာပြီဖြစ်သော အရှေ့အလယ်ပိုင်းစစ်ပွဲကို အဆုံးသတ်ရေးအတွက် အီရန်နိုင်ငံက နောက်ဆုံးပေးပို့ထားသည့် ငြိမ်းချမ်းရေးအဆိုပြုချက်ကို မိမိလေ့လာသုံးသပ်နေကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က မေ ၂ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
လက်ရှိအချိန်တွင် အီရန်ကပေးပို့ထားသော ငြိမ်းချမ်းရေး အဆိုပြုချက်များကို မိမိလေ့လာသုံးသပ်နေကြောင်း၊ ယင်းအဆိုပြုချက်များနှင့်ပတ်သက်၍ မိမိသဘောထားများကိုနောက်ပိုင်းတွင် သိကြရလိမ့်မည် ဖြစ်ကြောင်း သတင်းထောက်များနှင့်တွေ့ဆုံစဉ် သမ္မတဒေါ်နယ်ထရန့်ကပြောကြားခဲ့သည်။
အရှေ့အလယ်ပိုင်းစစ်ပွဲ အဆုံးသတ်ရေးအတွက် အချက် ၁၄ ချက်ပါငြိမ်းချမ်းရေးအဆိုပြုချက်ကို ကြားခံလူ ပါကစ္စတန်မှတစ်ဆင့် အီရန်အစိုးရက အမေရိကန်အစိုးရထံ ပေးပို့ထားကြောင်း အီရန်မီဒီယာများက အတည်ပြုထားသည်။
သို့ရာတွင် အီရန်နိုင်ငံ အနေဖြင့် ပြီးခဲ့သည့် ၄၇ နှစ်တာ ကာလအတွင်း လူသားမျိုးနွယ်နှင့် ကမ္ဘာကြီးအပေါ် ကျူးလွန်ခဲ့သော လုပ်ရပ်များအတွက် လုံလောက်သည့်ပေးဆပ်မှုမျိုး မရှိပါက အထက်ပါ ငြိမ်းချမ်းရေး အဆိုပြုချက်များဖြင့်သဘောတူညီချက်တစ်ရပ်ရယူနိုင်ဖွယ်မရှိကြောင်းသမ္မတဒေါ်နယ်ထရန့်က ပြောကြား ထားသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် အီရန်အစိုးရက ယခုသီတင်းပတ်အတွင်းကနဦး ပေးပို့ခဲ့
သော ငြိမ်းချမ်းရေး အဆိုပြုချက်များကို ပယ်ချထားသည်။
သို့ရာတွင် နှစ်နိုင်ငံဆွေးနွေးပွဲများ ဆက်လုပ်နေဆဲဖြစ်ပြီး သီတင်းသုံးပတ်ကြာ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်မှာလည်း ခိုင်မာနေဆဲဖြစ်သည်။
ကိုးကား-ရိုက်တာ
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◾️တရုတ်(တိုင်ပေ)သမ္မတ လိုင်ချင်တီး အက်ဆွာတီနီနိုင်ငံသို့ ရောက်ရှိ
တရုတ်(တိုင်ပေ)အနေဖြင့် ကမ္ဘာကြီးနှင့်ထိတွေ့ဆက်ဆံပိုင်ခွင့်ရှိပြီး ယင်းအခွင့်အရေးကိုမည်သည့်နိုင်ငံကမျှ မပိတ်ပင်နိုင်ကြောင်း တရုတ်(တိုင်ပေ)သမ္မတ လိုင်ချင်တီးက မေ ၃ ရက်တွင် ထုတ်ဖော် ပြောကြားလိုက်သည်။
အာဖရိကတိုက် အက်ဆွာနီတီနိုင်ငံဘုရင်အမ်ဆွာတီ-၃ နှင့် တွေ့ဆုံဆွေးနွေးစဉ် တရုတ်(တိုင်ပေ)သမ္မတ လိုင်ချင်တီးက အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။သမ္မတလိုင်ချင်တီးသည် တရုတ်(တိုင်ပေ)၏ တစ်ခုတည်းသော အာဖရိကမဟာမိတ်နိုင်ငံဖြစ်သည့် အက်ဆွာနီတီနိုင်ငံသို့ သွားရောက်ရန် ပြီးခဲ့သည့်လကပင် စီစဉ်ထားသည်။
သို့ရာတွင် သမ္မတလိုင်ချင်တီး လိုက်ပါမည့်လေယာဉ်ကို လေပိုင်နက်အသုံးပြုခွင့်ပိတ်ထားရန်တရုတ်နိုင်ငံက အိန္ဒိယသမုဒ္ဒရာဒေသ နိုင်ငံသုံးနိုင်ငံကို ဖိအားပေးထားမှုကြောင့် ခရီးစဉ်ကို ဖျက်သိမ်းခဲ့ရသည်။
သို့ရာတွင် ခရီးစဉ်ဖျက်သိမ်းပြီး သီတင်းသုံးပတ်ခန့်အကြာတွင် တရုတ်(တိုင်ပေ) သမ္မတလိုင်ချင်တီး အနေဖြင့် အက်ဆွာနီတီနိုင်ငံသို့သွားရောက်နိုင်ခဲ့ခြင်းဖြစ်သည်။
တရုတ်(တိုင်ပေ)သည် အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံဖြစ်ရာ တရုတ်(တိုင်ပေ)နှင့် ကမ္ဘာကြီးတို့အ ကြား ထိတွေ့ဆက်ဆံမှုကို မည်သည့်နိုင်ငံကမျှ တားဆီးပိုင်ခွင့်မရှိကြောင်း အက်ဆွာတီနီဘုရင်နှင့် တွေ့ဆုံစဉ် သမ္မတလိုင်ချင်တီးက ပြောကြားခဲ့သည်။
အက်ဆွာတီနီနိုင်ငံသည် တရုတ်(တိုင်ပေ)နှင့် တရားဝင်သံတမန်ဆက်ဆံရေး ရှိထားသည့်ကမ္ဘာ့နိုင်ငံပေါင်း ၁၂ နိုင်ငံထဲတွင် အပါအဝင်ဖြစ်သည်။
ကိုးကား-ရိုက်တာ
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◾️အမေရိကန်တိုက်ကြက်များ ဖိလစ်ပိုင်သို့ ပို့ဆောင်မှုကိုရီးယားလေကြောင်းလိုင်း ပိတ်ပင်
အမေရိကန်ပြည်ထောင်စုမှ တိုက်ကြက်များအား လေကြောင်းခရီးဖြင့်ဖိလစ်ပိုင်နိုင်ငံသို့ သယ်ယူပို့ ဆောင်ပေးနေမှုများကို ပိတ်ပင်လိုက်ပြီဖြစ်ကြောင်းတောင်ကိုရီးယားအခြေစိုက် ကိုရီးယားလေကြောင်း လိုင်းက မေ ၂ ရက်တွင်သတင်းထုတ်ပြန်ထားသည်။
တိရစ္ဆာန်အခွင့်အရေး အကျိုးဆောင်အဖွဲ့များ၏ တိုက်တွန်းချက်အရအမေရိကန်တိုက်ကြက်များအား ဖိလစ်ပိုင်သို့ လေကြောင်းခရီးစဉ်များဖြင့်သယ်ယူပို့ဆောင်မှုများကို ကိုရီးယားလေကြောင်းလိုင်းက ပိတ်ပင်ပေးခဲ့ခြင်းဖြစ်သည်။
ဖိလစ်ပိုင်နိုင်ငံသည် ကြက်တိုက်ပွဲများဖြင့် လောင်းကစားပြုလုပ်မှုခေတ်စားသော နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံသားများအနေဖြင့် ကြက်ပွဲလောင်းကစားလုပ်ငန်းများတွင် နေ့စဉ် အမေရိကန် ဒေါ်လာ သန်းပေါင်းများစွာသုံးစွဲနေကြကြောင်း ကျွမ်းကျင်သူများက ခန့်မှန်းထားသည်။
ဖိလစ်ပိုင် ကြက်ပွဲလောင်းကစားလုပ်ငန်းများအတွက် တိုက်ကြက်များ ရရှိနိုင်သော အဓိကနေရာ အရင်းအမြစ်များထဲတွင် အမေရိကန်ပြည်ထောင်စုလည်းပါဝင်ပြီး အမေရိကန်တိုက်ကြက်များအား လေကြောင်းခရီးစဉ်ဖြင့် ဖိလစ်ပိုင်သို့ပို့ဆောင်ပေးရလေ့ရှိသည်။
ကိုရီးယားလေကြောင်းလိုင်းသည် အမေရိကန်တိုက်ကြက်များအား ဖိလစ်ပိုင်သို့ အဓိက သယ်ယူပို့ ဆောင်ပေးနေသော နိုင်ငံတကာလေကြောင်းလိုင်းဖြစ်ကြောင်း တိရစ္ဆာန်အခွင့်အရေး ကာကွယ် စောင့်ရှောက်သူများက ပြောကြားထားသည်။
ဖိလစ်ပိုင်နိုင်ငံ၏ ကြက်ပွဲလောင်းကစားလုပ်ငန်းသည် အမေရိကန်ပြည်ထောင်စုမှ တင်သွင်းလာသော တိုက်ကြက်များအပေါ် အဓိကအားပြုနေရခြင်းဖြစ်သည်။
ကိုးကား-ရိုက်တာ
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◾️ပင်လယ်ပြင်တွင် နာမကျန်းဖြစ်ပြီး ဆေးကုသရန် လိုအပ်နေသည့်မြန်မာသင်္ဘောသားတစ်ဦးကို အင်ဒိုနီးရှား ခေါ်ထုတ်ကယ်တင်နိုင်ခဲ့
ပင်လယ်ပြင်တွင် နာမကျန်းဖြစ်ပြီး ဆေးကုသရန် လိုအပ်နေသည့်မြန်မာ သင်္ဘောသားတစ်ဦးကိုအင်ဒိုနီးရှား ရှာဖွေကယ်ဆယ်ရေးပူးပေါင်းအဖွဲ့က ခေါ်ထုတ်ကယ်တင်နိုင်ခဲ့ကြောင်း ကယ်ဆယ်ရေးပူးပေါင်းအဖွဲ့က ထုတ်ပြန်ထားသည်။
အထူးကြပ်မတ်ကုသမှု လိုအပ်နေသည့် မြန်မာသင်္ဘောသားကိုမေ ၂ ရက် နံနက်ပိုင်းက Karang Jamuang ကျွန်းစု ကမ်းလွန်ပင်လယ်ပြင်မှ ခေါ်ထုတ်ပြီး ဆေးရုံပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အသက် (၂၇) နှစ်အရွယ် မြန်မာသင်္ဘောသား အလုပ်လုပ်ကိုင်နေသည့်ပနားမားအလံ လွှင့်ထူထားသော MV Ocean Road သင်္ဘောက အင်ဒိုနီးရှားဆူယာဘာရာ ရှာဖွေကယ်ဆယ်ရေးရုံးကို အကူအညီလှမ်းတောင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အရေးပေါ်ဆေးကုသရေးအဖွဲ့က သင်္ဘောအနီးကို ကယ်ဆယ်ရေးရေယာဉ်ဖြင့် သွားရောက်ပြီး အရေးပေါ် ကုသမှုပေးကာ လူနာကို ခေါ်ဆောင်ပြီးဆူယာဘာရာမြို့က PHC ဆေးရုံကို လွှဲပြောင်း ပေးခဲ့ကြောင်း သိရသည်။
သတင်း-ဇော်ကိုထက်
ဓာတ်ပုံ-SAR Team
#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း
◾️ရန်ကုန်တွင် အီလက်ထရွန်နစ်နှင့် အထွေထွေကုန်ပစ္စည်းများကို အကောက်ခွန်ဦးစီးဌာနက ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချမည်
အကောက်ခွန်ဦးစီးဌာနက တည်ဆဲအကောက်ခွန်ဥပဒေအရ အရေးယူသိမ်းဆည်းထားသော အီလက်ထရွန်နစ်နှင့် အထွေထွေကုန်ပစ္စည်းများကို မေ၁၄ ရက်တွင် ရန်ကုန်မြို့၌ ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
လေလံတင်မည့် ပစ္စည်းများတွင် အီလက်ထရွန်နစ်ပစ္စည်းများ၊ စက်ပစ္စည်းများ၊ အိမ်ဆောက် ပစ္စည်း များ၊တိရစ္ဆာန်အစာများနှင့် အခြားအထွေထွေကုန်စည်များ ပါဝင်သည်။အဆို ပါလေလံပွဲကို ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ်ရှိ ထောက်ပံ့ရေးနှင့် ပို့ဆောင်ရေးဌာနခွဲ အကောက်ခွန် (ကုန်လှောင်ရုံ)၌ ကျင်းပသွားမည်ဖြစ်သည်။
စိတ်ပါဝင်စားသူများအနေဖြင့် လေလံပုံစံများကို တစ်စုံလျှင် ကျပ်၁၀၀၀၀ နှုန်းဖြင့် မေ ၆ ရက်နှင့် ၇ ရက် တို့တွင် ရုံးချိန်အတွင်း ဝယ်ယူရမည် ဖြစ်သည်။
လေလံပုံစံဝယ်ယူထားသူများသည် မေ ၈ ရက်မှ ၁၂ ရက်အတွင်း (ရုံးဖွင့်ရက်များ) နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ လေလံပစ္စည်းများကို သွားရောက်ကြည့်ရှုစစ်ဆေးနိုင်ကြောင်း အကောက်ခွန်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။
သတင်း-ဘုန်းမောင်
#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း
◾️ထိုင်းနိုင်ငံ၌ အဲကွန်းပစ္စည်းစက်ရုံမှ မြန်မာလုပ်သား ၁၇ ဦး အလုပ်ထုတ်ခံရ
ထိုင်းနိုင်ငံ ရယောင်းခရိုင် (Rayong)ရှိ Air Con ပစ္စည်းထုတ်လုပ်သည့် စက်ရုံတစ်ရုံတွင် မြန်မာအလုပ် သမား ၁၇ ဦးအားဝန်ထမ်း အင်အား လျှော့ချသည်ဟုဆိုကာ အလုပ်မှ ထုတ်ခဲ့သည့်အတွက် ကူညီပေးနေကြောင်း MHAC မဟာမိတ်အဖွဲ့မှ သိရသည်။
အလုပ်သမားများက ၎င်းတို့၏ အလုပ်လုပ်ကိုင်ခွင့် အထောက်အထား များအား စက်ရုံဘက်မှ သက်တမ်း ကုန်ဆုံးစဉ်က သက်တမ်းမတိုးခိုင်းခဲ့ ကြောင်း၊ အထောက်အထားသစ်များ အား သူဌေးအမည်ပေါက်ဖြစ်စေရန် အကြောင်းပြချက်ဖြင့် ကြားခံအေးဂျင့် မှတစ်ဆင့် လုပ်ဆောင်စေခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဧပြီ ၂၉ ရက်တွင် အလုပ်သမားများနှင့်အတူ နယ်မြေခံ သက်ဆိုင်ရာ အစိုးရဌာနများ၌ ကူညီ မှုများ လုပ်ဆောင်ခဲ့ကြောင်း MHAC အဖွဲ့မှ သိရသည်။
သတင်း-ဇော်ကိုထက်
ဓာတ်ပုံ-MHAC
#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း
现已上线!2025 年 Telegram 研究 — 年度关键洞察 
