ch
Feedback
The Standard Time Digital

The Standard Time Digital

前往频道在 Telegram

The Standard Time Daily News and its Website cover Myanmar and World's News to the local readers across Myanmar since April 1, 2013.

显示更多
未指定国家未指定类别
274
订阅者
无数据24 小时
+27
+2630
帖子存档
◾️ပြည်တွင်းလေယာဉ်ခရီးစဉ်များ လျာထားခေါက်ရေများအတိုင်း အပြည့် အဝ ပျံသန်းပြေးဆွဲသွားမည် မဖြစ်မနေ ပျံသန်းပြေးဆွဲရန် လိုအပ်သည့် မြို့များသို့ ပထမဦးစားပေး ပျံသန်းပြေးဆွဲရန် စီစဉ်ထား လေယာဉ်ဆီအခက်အခဲကြောင့် လေကြောင်းပို့ဆောင်ရေးလုပ်ငန်းများ နှောင့်နှေး ကြန့်ကြာမှုမရှိ စေရန် နိုင်ငံတော်က လေကြောင်းလိုင်းများတွင် လိုအပ်သည့် လေယာဉ်ဆီ များ ဝယ်ယူရရှိရေးကို စီစဉ်ဆောင်ရွက်ပေးထားပြီးဖြစ်၍မတ် ၂၅ ရက်မှစတင်ကာ ပြည်တွင်းလေယာဉ်ခရီးစဉ်များကို လျာထားခေါက်ရေများအတိုင်း အပြည့်အဝ ပျံသန်း ပြေးဆွဲလျက်ရှိကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ သိရသည်။ ယင်းသို့ ပျံသန်းပြေးဆွဲရာ၌ မဖြစ်မနေပျံသန်းပြေးဆွဲရန် လိုအပ်သည့်ပူတာအိုမြို့၊ မြစ်ကြီးနားမြို့၊ ကျိုင်းတုံမြို့၊ တာချီလိတ်မြို့၊ ကော့သောင်းမြို့၊ကျောက်ဖြူမြို့၊ စစ်တွေမြို့၊ ကလေးမြို့၊ဟုမ္မလင်းမြို့ နှင့် ခန္တီးမြို့များသို့ ပထမဦးစားပေးအနေဖြင့် ပျံသန်းပြေးဆွဲရန် စီစဉ်ထားသည်။ ပြည်တွင်းလေကြောင်းလိုင်းများဖြစ်သည့် မြန်မာအမျိုးသားလေကြောင်း၊ အပြည်ပြည် ဆိုင်ရာ မြန်မာလေကြောင်း၊ မင်္ဂလာလေကြောင်း၊မန်းရတနာပုံလေကြောင်း နှင့် အဲသံလွင် လေကြောင်းလိုင်းတို့အား လေယာဉ်ဆီအခက်အခဲမရှိစေရန် နိုင်ငံတော်မှ စီစဉ်ဆောင်ရွက် ပေးထားကြောင်းသိရသည်။ သတင်း-လူ့တလူ ဓာတ်ပုံ- MNA #ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း

◾️လေကြောင်းချီ အထူးတပ်ဖွဲ့ဝင်၃၀၀၀ ခန့် အရှေ့အလယ်ပိုင်းသို့စေလွှတ်ရန် အမေရိကန်စဉ်းစားနေ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့်အီရန်စစ်ပွဲအတွက် အရှေ့အလယ်ပိုင်း ဒေသသို့ အမေရိကန် ကြည်းတပ် အမှတ်(၈၂) လေကြောင်းချီတပ်မဟာမှတပ်ဖွဲ့ဝင် ၃၀၀၀ ခန့် စေလွှတ်ရန် စဉ်းစားနေကြောင်းသိရသည်။ လက်ရှိဖြစ်ပွားဆဲ အရှေ့အလယ်ပိုင်းစစ်ပွဲကို အဆုံးသတ်နိုင်ရေးအတွက် အီရန်နှင့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နေကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြော ကြားထားသည့်တိုင် အရှေ့အလယ်ပိုင်းဒေသသို့ အမှတ်(၈၂) လေကြောင်းချီတပ်မဟာမှ တပ်ဖွဲ့ဝင်များအား ထပ်မံစေလွှတ်ရန် အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက စဉ်းစား နေခြင်းဖြစ်သည်။ အမှတ်(၈၂) လေကြောင်းချီတပ်ဖွဲ့သည် ကမ္ဘာတစ်ဝန်း မည်သည့်နေရာမျိုးသို့မဆို ၁၈ နာရီအတွင်းဖြန့်ကြက်နိုင်သော လျှပ်တစ်ပြက်တုံ့ပြန်ရေး အထူးတပ်ဖွဲ့တစ်ဖွဲ့ တွဲဖက် ဖွဲ့စည်းထားသော လက်ရွေးစင် တပ်မဟာဖြစ်သည်။ အမေရိကန် ပြည်ထောင်စုသည် အီရန်စစ်ပွဲ စတင်ခဲ့ပြီးနောက်ပိုင်း အရှေ့အလယ်ပိုင်း ဒေသ၌ စစ်အင်အားများ ထပ်မံတည်ဆောက်ခဲ့ရာမရိန်းတပ်ဖွဲ့ဝင်များကိုလည်း အင်အား ၅၀၀၀ အထိ စေလွှတ်ထားသည်။ အရှေ့အလယ်ပိုင်းသို့ အမှတ်(၈၂) လေကြောင်းချီ တပ်မဟာတပ်ဖွဲ့ဝင်များ စေလွှတ်ခဲ့ပါက ယင်းတပ်ဖွဲ့ဝင်များအနေဖြင့် အီရန်နိုင်ငံခါ့ဂ်ကျွန်းကို သိမ်းပိုက်ရာတွင် ပါဝင်ရဖွယ်ရှိ ကြောင်း စစ်ရေးလေ့လာသူများက သုံးသပ်ထားသည်။ အမေရိကန်အစိုးရနှင့် အီရန်အစိုးရကိုယ်စားလှယ်များအကြားအပြုသဘောဆောင်သော ဆွေးနွေးပွဲများ ရှိခဲ့ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရန့်က ပြောကြားခဲ့ပြီးတစ်ရက် အကြာတွင် အရှေ့အလယ်ပိုင်းသို့ လေကြောင်းချီ အထူးတပ်ဖွဲ့များ စေလွှတ်ရန် ကာကွယ် ရေးဝန်ကြီးဌာနက စဉ်းစားနေမှုသတင်းပေါ်ထွက်လာခြင်းဖြစ်သည်။ အမေရိကန် ပြည်ထောင်စုသည် အီရန်စစ်ပွဲ စတင်ခဲ့သည့်ဖေဖော်ဝါရီ ၂၈ ရက်မှစ၍ လက်ရှိ အချိန်အထိ အီရန်ပြည်တွင်းရှိ ပစ်မှတ်ပေါင်း ၉၀၀၀ ခန့်ကို တိုက်ခိုက်ခဲ့ပြီးဖြစ်သည်။ သတင်း-ဗျည်းနွဲ့ ကိုးကား-ရိုက်တာ #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

#ယနေ့ထုတ်သတင်းစာ_ကာတွန်း
#ယနေ့ထုတ်သတင်းစာ_ကာတွန်း

◾️မြန်မာသင်္ဘောသားများ၏ အခွင့်အရေးနှင့်လူမှုစီးပွားဘ၀ စစ်တမ်းကောက်ယူမည် မြန်မာသင်္ဘောသားများ၏ အခွင့်အရေးနှင့် လူမှုစီးပွားဘ၀ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ မြန်မာနိုင်ငံရှိ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (DMA)၊ SRPS ကုမ္ပဏီများ၊ ရေကြောင်းသင်တန်းကျောင်းများနှင့် သင်္ဘောသားအဖွဲ့အစည်းများအပေါ် သင်္ဘောသားများနှင့် မိသားစုဝင်များ၏အမြင်နှင့် သဘောထားများကို စစ်တမ်းကောက်ယူ မည့် (Sentiment Survey)ကို စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ မတ် ၂၅ ရက် နံနက် ၁၀ နာရီက ရန်ကုန်မြို့ကျောက်တံတားမြို့နယ်ရှိ မြန်မာ နိုင်ငံပင်လယ်ကူးသင်္ဘောသားအလုပ်သမားများအဖွဲ့ချုပ် (MSF) ရုံးတွင် ကျင်းပခဲ့သည့် CBA (Collective Bargaining Agreement) & SEA(Seafarers’ Employment Agreement) နှင့် စပ်လျဉ်းသည့် သတင်းစာရှင်းလင်းပွဲမှ သိရသည်။ သင်္ဘောသားတစ်ဦးချင်းစီအနေဖြင့် မိမိတို့၏ လုပ်ခလစာ၊ လုပ် ငန်းခွင်ဘေးကင်လုံခြုံမှုနှင့် နိုင်ငံတကာ အဆင့်မီအကာအကွယ်များကို ရရှိနိုင်ရန်အတွက် ဤဥပဒေကြောင်းအရ သဘောတူညီချက်များကို သိရှိနားလည်ထားရန် အလွန်အရေးကြီးကြောင်း မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသားအလုပ်သမားများအဖွဲ့ချုပ်(MSF) ဥက္ကဋ္ဌကပ္ပတိန်စိုးမင်းအောင်က သတင်းစာရှင်းလင်းပွဲတွင်ပြောဆိုခဲ့သည်။ ရေကြောင်းကဏ္ဍတွင် လုပ်ကိုင်နေသူများ၏ အသံကို ပွင့်လင်းမြင်သာစွာ နားထောင်နိုင်ရန် နှင့်ရရှိလာသောအကြံပြုချက်များအပေါ် အခြေခံ၍ ပိုမိုကောင်းမွန်သောဝန်ဆောင်မှုများ၊ သင်တန်းများနှင့် အခွင့်အရေးကာကွယ်စောင့်ရှောက်မှုများကို ဖော်ဆောင်ပေးနိုင်ရန် ရည်ရွယ်၍ယင်းအစီအစဉ်ကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်သည်။ ထို့ပြင် သင်္ဘောသားအဖွဲ့ အစည်းများအပေါ်သင်္ဘောသားများနှင့် မိသားစုဝင်များ၏ အမြင်နှင့် သဘောထားများကို စစ်တမ်းကောက် ယူမည့် အစီအစဉ်ကို မတ်၃၁ ရက် တွင်ကျင်းပမည့် CBA နှင့် SEA ဆိုင်ရာဗဟုသုတမျှဝေခြင်းဟောပြောပွဲတွင် စတင် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ သတင်း-လူ့တလူ ဓာတ်ပုံ -MSF #ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း

◾️ပန်းဆိုးတန်း-ဒလ ချယ်ရီကူးတို့သင်္ဘော နောက်ဆုံးပြေးဆွဲချိန်များ ပြောင်းလဲသတ်မှတ် ရန်ကုန်မြို့ ပန်းဆိုးတန်းနှင့် ဒလမြို့သို့ ခရီးသည်ပို့ဆောင်ပြေးဆွဲလျက်ရှိသည့် ချယ်ရီ ကူးတို့သင်္ဘော များ၏နောက်ဆုံးပြေးဆွဲချိန်ကို မတ် ၂၈ ရက်မှစ၍ ပြောင်းလဲ ပြေးဆွဲ မည်ဖြစ်ကြောင်း သိရသည်။ ယခင်က ချယ်ရီကူးတို့သင်္ဘောများ၏ နောက်ဆုံး သင်္ဘောပြေးဆွဲချိန်များသည် ဒလမှ ည ၇ နာရီခွဲနှင့်ပန်းဆိုးတန်းမှ ည ၈ နာရီဖြစ်ပြီးပြောင်းလဲ သတ်မှတ်လိုက်သည့်နောက်ဆုံး သင်္ဘောပြေးဆွဲချိန်သည်ပန်းဆိုးတန်းမှ ည ၇ နာရီ ၄၅ မိနစ်ဖြစ်ပြီး ဒလမှ ည ၇ နာရီ ဖြစ်ကြောင်းသိရသည်။ ချယ်ရီကူးတို့သင်္ဘောများ၏နံနက်ပိုင်း စတင်ထွက်ခွာချိန်များသည် ပြောင်းလဲမှုမရှိဘဲ ဒလမှ နံနက်၅ နာရီခွဲနှင့် ပန်းဆိုးတန်းမှ နံနက် ၆နာရီဖြစ်သည်။ ချယ်ရီကူးတို့သင်္ဘောပန်းဆိုးတန်းနှင့် ဒလ နောက်ဆုံးပြေးဆွဲချိန်သာ ပြောင်းလဲသတ်မှတ် လိုက်ခြင်းဖြစ်ပြီး တစ်နေ့တာ ကူးတို့သင်္ဘောပြေးဆွဲချိန်များသည် မူလအတိုင်း ဆက်လက် ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရ သည်။ ပြောင်းလဲ သတ်မှတ်လိုက်သည့် ချယ်ရီကူးတို့သင်္ဘောများ၏နောက်ဆုံးသင်္ဘော ထွက်ခွာ ချိန်များကို ခရီးသွားပြည်သူများ သိရှိစေရန်ဒလလက်မှတ်ရုံနှင့် ပန်းဆိုးတန်းလက်မှတ်ရုံ တို့တွင် အသိပေးဗီနိုင်းများ ကပ်ထားပေးမည်ဖြစ်ကြောင်းသိရသည်။ သတင်း-မောင်ဆူး ဓာတ်ပုံ- MDN #ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း

◾️ဂျက်လေယာဉ်ဆီပြတ်လပ်မှုပြဿနာကြောင့်ပြည်တွင်းခရီးစဉ်များ ပျံသန်းမှု ဗီယက်နမ်ရပ်မည် အရှေ့အလယ်ပိုင်းဒေသ စစ်ပွဲကြောင့်လောင်စာဆီဖြည့်ဆည်းပေးနိုင်မှုများ အကန့်အသတ် ရှိလာချိန်တွင် သီတင်းတစ်ပတ်တာ ကာလအတွင်းပြေးဆွဲပျံသန်းနေသော ပြည်တွင်း ခရီးစဉ်များအနက်ခရီးစဉ် နှစ်ဒါဇင်နီးပါးကို ပြေးဆွဲမှု ရပ်ထားရန်ဗီယက်နမ် အမျိုးသား လေကြောင်းလိုင်းက စီစဉ်ထားကြောင်း မတ် ၂၄ ရက် သတင်းများတွင်ရေးသား တင်ပြထားသည်။ လေယာဉ်လောင်စာဆီကန့်သတ်ချက်ကြောင့်ပြည်တွင်းလေကြောင်းခရီးစဉ်တချို့ ရပ်ဆိုင်း ထားမှုကို လာမည့် ဧပြီလအတွင်း ဗီယက်နမ်အမျိုးသားလေကြောင်းလိုင်းက စတင်မည် ဖြစ်ကြောင်းသိရသည်။ ဖေဖော်ဝါရီ ၂၈ ရက်တွင် အရှေ့အလယ်ပိုင်းစစ်ပွဲစတင်ခဲ့ပြီးနောက် ကမ္ဘာ့ရေနံဈေးနှုန်းများ မြင့်တက်လာခဲ့ရာ လောင်စာဆီပြတ်လပ်မှု ပြဿနာများ ပေါ်လာနိုင်မည့်အရေးကြောင့် ဂျက်လေယာဉ်ဆီဈေးနှုန်းများလည်း မြင့်တက်လာခဲ့ရသည်။ လက်ရှိအချိန်တွင် အရှေ့အလယ်ပိုင်းစစ်ရေးပဋိပက္ခနှင့်အတူ ပေါ်ထွက်လာသော လေယာဉ် ဆီဖြည့်ဆည်းပေးနိုင်မှု ကန့်သတ်ချက်များကြောင့်ဗီယက်နမ်အမျိုးသား လေကြောင်းလိုင်း အနေဖြင့်ပြည်တွင်း ခရီးစဉ်များအနက် နှစ်ဒါဇင်ကျော်ကိုပျံသန်းပြေးဆွဲမှု ရပ်ထားရန် စီစဉ်ထားကြောင်းဗီယက်နမ်အရပ်ဘက်လေကြောင်း အာဏာပိုင်အဖွဲ့က သတင်း ထုတ်ပြန်ထားသည်။ ဗီယက်နမ်နိုင်ငံသည် ကာတာ၊ ကူဝိတ်၊အယ်လ်ဂျီးရီးယားနှင့် ဂျပန်အပါအဝင် ကမ္ဘာ့နိုင်ငံ ပေါင်း အများအပြားမှလည်း လောင်စာဆီများရရှိရေးအတွက် ကမ်းလှမ်းထားသည်။ ကိုးကား-ရိုက်တာ #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

◾️ပြည်လုံးကျွတ်စွမ်းအင်သုံးစွဲမှု ချွေတာရေးလုပ်ငန်းစဉ်ဖော်ဆောင်ရန် တောင်ကိုရီးယားသမ္မတတိုက်တွန်း အီရန်စစ်ပွဲကြောင့် ရေနံနှင့်သဘာ၀ဓာတ်ငွေ့ ဖြည့်ဆည်းမှုကွင်းဆက်လမ်းကြောင်းများ ပြတ်တောက်နေချိန်တွင် ပြည်လုံးကျွတ်စွမ်းအင်ချွေတာရေးလုပ်ငန်းစဉ်တစ်ရပ် အကောင်အထည်ဖော်ကြရန် တောင်ကိုရီးယားသမ္မတလီဂျေးမြောင်က မတ် ၂၄ ရက်တွင် တောင်းဆိုလိုက်သည်။ တောင်ကိုရီးယားအစိုးရ၏ ပြည်လုံးကျွတ်စွမ်းအင်ချွေတာရေး လှုပ်ရှားမှုတွင် မော်တော် ယာဉ်များသုံးစွဲမှု ကန့်သတ်လျှော့ချရေးလည်း ပါဝင်ကြောင်းသိရသည်။ ယင်းအပြင် အထက်ပါလှုပ်ရှားမှုအရ ရေနံစွမ်းအင်ကို အဓိကသုံးစွဲနေကြသည့် ထိပ်တန်း စီးပွားရေးလုပ်ငန်းကြီး ၅၀တို့ကိုလည်း ရေနံသုံးစွဲမှုလျှော့ချရန်တောင်ကိုရီးယားအစိုးရက တောင်းဆိုမည်ဖြစ်ကြောင်း သိရသည်။ အမေရိကန်ပြည်ထောင်စုနှင့် အစ္စရေးတို့က အီရန်ကို စစ်ရေးအရတိုက်ခိုက်နေမှုနှင့် အီရန်နိုင်ငံ၏ ပြန်လည်တုံ့ပြန်တိုက်ခိုက်မှုများကြောင့်အရှေ့အလယ်ပိုင်းဒေသမှ ရေနံနှင့်သဘာ၀ဓာတ်ငွေ့များ အာရှသို့ ဝင်ရောက်မှုများ ကွင်းဆက်ပြတ်တောက်လျက်ရှိရာ အာရှနိုင်ငံများအနေဖြင့် စွမ်းအင်အကျပ်အတည်းနှင့် ရင်ဆိုင်နေရသည်။ တောင်ကိုရီးယားနိုင်ငံသည် ပြည်တွင်းစွမ်းအင်လိုအပ်ချက်အတွက်အရှေ့အလယ်ပိုင်းဒေသ ရေနံနှင့်သဘာ၀ဓာတ်ငွေ့ကို အဓိကမှီခိုအားပြုနေရသော အာရှစီးပွားရေးအင်အားကြီးနိုင်ငံ များထဲတွင် ပါဝင်သည်။ ကိုးကား-ရိုက်တာ #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

◾️ဟော်မုဇ်ရေလက်ကြားကို ကာကွယ်ရေး စစ်အင်အားသုံးခွင့်ပေးရန် လုံခြုံရေးကောင်စီကို ဘာရိန်းအဆိုပြု ဟော်မုဇ်ရေလက်ကြားအတွင်းရှိ ရေလမ်းကြောင်းများနှင့် ဝန်းကျင်ဒေသများရှိ ရေလမ်း ကြောင်းများကို ကာကွယ်ရေးအတွက် အင်အားသုံးစွဲမှုအပါအဝင် လိုအပ်သည့် နည်းလမ်း မှန်သမျှအသုံးချခွင့်ပေးရန် တောင်းဆိုထားသည့် ဆုံးဖြတ်ချက်မူကြမ်းတစ်ရပ်အား ဘာရိန်းနိုင်ငံက မတ် ၂၃ရက်တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီသို့ တင်သွင်းထားကြောင်း သိရသည်။ ဟော်မုဇ် ရေလက်ကြားအား ဆက်လက်ပိတ်ဆို့ရန် အီရန်နိုင်ငံက ဆက်လက်ကြိုးပမ်းမည့် အရေးကို ဒေသတွင်းနိုင်ငံများ စိုးရိမ်ပူပန်နေစဉ်အထက်ပါဆုံးဖြတ်ချက်မူကြမ်းကို ပင်လယ်ကွေ့အာရပ်နိုင်ငံတစ်နိုင်ငံဖြစ်သည့် ဘာရိန်းနိုင်ငံကလုံခြုံရေးကောင်စီထံ တင်သွင်းထားခြင်းဖြစ်သည်။ ဟော်မုဇ် ရေလက်ကြားအား ပိတ်ဆို့ရန်အီရန်၏ ကြိုးပမ်းမှုများကို နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုတို့ကို ခြိမ်းခြောက်ရာရောက်သောလုပ်ရပ်အဖြစ် ဘာရိန်းနိုင်ငံ၏ ဆုံးဖြတ်ချက်မူကြမ်းတွင် ဝေဖန်ထားသည်။ သို့ဖြစ်ရာ ဟော်မုဇ်ရေလက်ကြား ရေလမ်းကြောင်းများနှင့် အနီးဝန်းကျင်ရေလမ်းကြောင်း များအား ကာကွယ်ရေးအတွက် နိုင်ငံတစ်နိုင်ငံချင်းစီကိုဖြစ်စေ၊ နိုင်ငံတကာရေတပ် ညွန့်ပေါင်းအုပ်စုတစ်ခုကိုဖြစ်စေ လိုအပ်သည့် နည်းလမ်းမှန်သမျှအသုံးပြုခွင့် ပေးသင့် ကြောင်း ဘာရိန်းနိုင်ငံ၏ဆုံးဖြတ်ချက်မူကြမ်း၌ တောင်းဆိုထားသည်။ ယင်းဆုံးဖြတ်ချက်မူကြမ်းကို ဆော်ဒီအာရေဗျနိုင်ငံအပါအဝင် အခြားပင်လယ်ကွေ့ အာရပ်နိုင်ငံများနှင့် အမေရိကန်ပြည်ထောင်စုတို့ကလည်းထောက်ခံထားသည်။ ဟော်မုဇ်ရေလက်ကြားသည်ကမ္ဘာ့ရေနံနှင့် သဘာ၀ဓာတ်ငွေ့ ထုတ်လုပ်မှုစုစုပေါင်း၏ ၂၀ ရာခိုင်နှုန်း ဖြတ်သန်းနေသောလမ်းကြောင်းဖြစ်ရာ ယင်းရေလမ်းကြောင်း ပိတ်ဆို့နေမှု ကြောင့် ကမ္ဘာ့စွမ်းအင်ဈေးကွက် တည်ငြိမ်မှုပျက်ခဲ့ရသည်။ ကိုးကား-ရိုက်တာ #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

◾️ထိုင်းနိုင်ငံတွင် ကားတိမ်းမှောက်ပြီးမြန်မာနိုင်ငံသား ၁၂ ဦး ဖမ်းဆီးခံရ ထိုင်းနိုင်ငံတောင်ပိုင်း ချွန်ဖော်ခရိုင် အဝေးပြေးလမ်းမကြီးပေါ်တွင် မတ်၂၃ ရက် နံနက်ပိုင်းက ကားတိမ်းမှောက်ပြီး ကားပေါ်လိုက်ပါလာသည့် မြန်မာနိုင်ငံသား ၁၂ ဦး ဖမ်းဆီးခံရကြောင်း အမြန်လမ်းရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။ ချွန်ဖော်ခရိုင် အဝေးပြေးလမ်းမကြီးပေါ်တွင် အမြန်လမ်းရဲတပ်ဖွဲ့ကပစ်ကပ်ကားတစ်စီးကို သတင်းအရ တားဆီးစစ်ဆေးရန် အချက်ပြစဉ် ပစ်ကပ်ကားသည် ရပ်တန့်စစ်ဆေးမခံဘဲ လမ်းကြောင်းပြောင်း၍ မောင်းပြေးသွားခဲ့ကြောင်း သိရသည်။ ရဲတပ်ဖွဲ့က နောက်မှလိုက်လံဖမ်းဆီးစဉ် စစ်ဆေးရေးဂိတ်နှင့် ကီလိုမီတာ၂၀ ခန့်အကွာတွင် ကားသည် လမ်းချော်၍ တိမ်းမှောက်သွားပြီး ကားထဲတွင်အသက် (၂၈) နှစ်အရွယ် ထိုင်းကားသမားနှင့်အတူ မြန်မာနိုင်ငံသား ၁၂ ဦးလိုက်ပါလာကာ မြန်မာအားလုံးတွင် နေထိုင်ခွင့်စာရွက်စာတမ်းများ မတွေ့ရကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ လက်ရှိတွင် ကားသမားနှင့်အတူ ကားပေါ်ပါမြန်မာနိုင်ငံသားများကိုဖမ်းဆီးခဲ့ပြီး မြန်မာနိုင်ငံ သားများကို တရားမဝင်ဝင်ရောက်လာမှုဖြင့် အမှုဖွင့်အရေးယူမည်ဖြစ်ကြောင်း သိရသည်။ သတင်း-အာကာနွေ ဓာတ်ပုံ- ထိုင်းရဲတပ်ဖွဲ့ #ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း

#ယနေ့ထုတ်သတင်းစာ_ကာတွန်း
#ယနေ့ထုတ်သတင်းစာ_ကာတွန်း

◾️လူကုန်ကူးခံရသူများ ပြန်လည်လက်ခံရေးမြန်မာနှင့် ထိုင်းတို့ ရန်ကုန်မြို့တွင် ဆွေးနွေး (၃၃) ကြိမ်မြောက် မြန်မာ -ထိုင်း လူကုန်ကူးခံရသူများအားပြန်လည်လက်ခံရေးနှင့် ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးဆိုင်ရာဖြစ်ရပ် စီမံခန့်ခွဲမှုအစည်းအဝေး၊မြန်မာ - ထိုင်း ဖြစ်ရပ်စီမံခန့်ခွဲခြင်းနှင့်လူကုန်ကူးခံရသူ များအား ပြန်လည်ပို့ဆောင်ခြင်းနှင့် ပြန်လည်ဝင် ဆံ့ပေါင်းစည်းခြင်းဆိုင်ရာ နှစ်နိုင်ငံ စံလုပ်ငန်းအစီအစဉ် ပြန်လည်သုံးသပ်သည့် အစည်း အဝေးကို မတ် ၂၃ ရက်ကရန်ကုန်မြို့တွင် ကျင်းပခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံနှစ်နိုင်ငံအကြားတွင် ၂၀၀၉ ခုနှစ် ဧပြီ ၁၉ရက်မှစတင်၍ မြန်မာ-ထိုင်း လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကို လက်မှတ် ရေးထိုးခဲ့ပြီးလူကုန်ကူးမှု တိုက်ဖျက်ရေးနှင့် လူကုန်ကူးခံရသူများအား ကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းများကိုပူးပေါင်း ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။ အစည်းအဝေးတွင် ထိုင်းနိုင်ငံမှ ပြန်လည် လွှဲပြောင်းလက်ခံခဲ့သည့်လူကုန်ကူးခံရသူတစ်ဦး ရရှိသည့်လျော်ကြေး ငွေဘတ် ၄၅၀၀၀ ကိုကာယကံရှင်ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ အစည်းအဝေးသို့လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုး၊ ထိုင်းနိုင်ငံ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Ms. Sunee Srisang atrakullert နှင့် မြန်မာ-ထိုင်းနှစ် နိုင်ငံဝန်ကြီးဌာနနှင့် အဖွဲ့အစည်း များမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ သတင်း-အာကာနွေ ဓာတ်ပုံ- MRTV #ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း