ch
Feedback
The Standard Time Digital

The Standard Time Digital

前往频道在 Telegram

The Standard Time Daily News and its Website cover Myanmar and World's News to the local readers across Myanmar since April 1, 2013.

显示更多
未指定国家未指定类别
282
订阅者
+124 小时
+77
+2530
帖子存档
◾️အမေရိကန်နှင့်အီရန် အပြန်အလှန်တိုက်ခိုက်၊ အပစ်ရပ် ဆွေးနွေးပွဲများ ရပ်တန့်နေ အမေရိကန်အကျိုးစီးပွားများကို ကာကွယ်ရန် အီရန်အပေါ် ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ခဲ့ကြောင်း နှင့် သင်္ဘောများနှင့် ပင်လယ်ကွေ့နိုင်ငံများဆီ အီရန်က ပစ်လွှတ်လိုက်သော ပဲ့ထိန်းဒုံးကျည်များနှင့် ဒရုန်းများကို ပစ်ချခဲ့ကြောင်း အမေရိကန် စစ်ဘက်က ပြောကြားသည်။ ဟောမုဇ်ရေလက်ကြားတွင်ရှိသော ကီရှန်ကျွန်းပေါ်မှ တိုက်ခိုက်မှုများသည် အရှေ့အလယ်ပိုင်းတစ်ဝန်းကို တိုက်ခိုက်ရန် အီရန်၏ ကြိုးပမ်းမှုများကို လက်တုံ့ပြန်ခြင်း ဖြစ်ကြောင်း အမေရိကန်အလယ်ပိုင်း ကွပ်ကဲရေးဌာန Centcom က ပြောကြားသည်။ အမေရိကန်တိုက်ခိုက်မှုများအား လက်တုံ့ပြန်ရင်း ဒေသတွင်းနိုင်ငံတစ်ခုရှိ အမေရိကန် စစ်စခန်းများနှင့် ရဟတ် ယာဉ်များကို ဒုံးကျည်များ၊ ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့သည်ဟု အီရန်က ပြောကြားသည်။ အီရန်က ကူဝိတ်သို့ ဒုံးကျည် နှစ်စင်း၊ ဘာရိန်းနိုင်ငံသို့ ဒုံးကျည် သုံးစင်း ပစ်ခတ်ခဲ့သော်လည်း ၎င်းတို့ကို ကြားဖြတ်ပစ်ချ သို့မဟုတ် သူ့ဘာသာ ပျက်စီးခဲ့ကြောင်း ကန်အလယ်ပိုင်းစစ်ဌာနချုပ်က ပြောသည်။ လနှင့်ချီ၍ကြာမြင့်လာသော စစ်ပွဲအဆုံးသတ်ရန်သဘောတူညီချက် အတွက် ဆွေးနွေးညှိနှိူင်းမှုများ သီတင်းပတ်ကုန်တွင် တိုးတက်မှုမရဘဲ ရပ်တန့်နေချိန်မှာပင် အမေရိကန်နှင့် အီရန်တို့ကြား အပြန်အလှန်တိုက်ခိုက်မှုများ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ ကီရှန်ကျွန်းတိုက်ခိုက်မှု၌ အီရန်မြေပြင်ထိန်းချုပ်ရေးစခန်းတစ်ခုကို ပစ်မှတ်ထားခဲ့ကြောင်း နှင့် ရေလက်ကြားကို ဖြတ်သန်းနေသော အရပ်ဘက်သင်္ဘောများဆီ အီရန်က ပစ်လွှတ်လိုက်သည့် တိုက်ခိုက်ရေးဒရုန်း သုံးစီးကိုလည်း ကန်စစ်ဘက် က ပစ်ချခဲ့ကြောင်း Centcom က ဆက်ပြောသည်။ ဟောမုဇ်ရေလက်ကြား လုံခြုံရေးကို ဖျက်လိုဖျက်ဆီးလုပ်ခြင်းအတွက် ရန်လိုသော အမေရိကန်စစ်ဘက်အနေဖြင့် တန်ဖိုးကြီးကြီးပေးဆပ်ရမည်ဖြစ်ကြောင်း အီရန်တော်လှန်ရေးအစောင့်တပ်(IRGC) က ပြောကြားသည်။ အမေရိကန် စစ်အခြေစိုက်စခန်းများ တည်ရှိသော ကူဝိတ်နှင့် ဘာရိန်းကိုလည်း အီရန်က အကြိမ်ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ သတင်း-ရဲမင်း ကိုးကား-BBC

◾️ဖိလစ်ပိုင်အရှေ့ပိုင်း၌ တရုတ်လေယာဉ်တင်သင်္ဘော စစ်ရေးလေ့ကျင့်ပြီးခဲ့သည့် သီတင်းပတ်အတွင်း ဖိလစ်ပိုင်နိုင်ငံအရှေ့ပိုင်း ပစိဖိတ်သမုဒ္ဒရာရေပြင်အတွင်း တရုတ်ရေတပ်က လေယာဉ်တင်သင်္ဘော စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ဇွန် ၁ ရက်တွင် သတင်းထုတ် ပြန်ထားသည်။ အဆိုပါစစ်ရေးလေ့ကျင့်မှုများကို တရုတ်ရေတပ်မှ လျောင်းနင်းလေယာဉ်တင်သင်္ဘောနှင့် အခြံအရံ စစ်သင်္ဘောများက မေ ၂၆ ရက်မှမေ ၂၈ ရက်အထိ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီး ဌာန သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ ဖိလစ်ပိုင်နိုင်ငံ လူဇွန်ကျွန်းအရှေ့ဘက် ပစိဖိတ်ရေပြင်အတွင်းပြုလုပ်ခဲ့သော စစ်ရေးလေ့ကျင့်မှုများထဲတွင် လျောင်နင်းလေယာဉ်တင်သင်္ဘောပေါ်မှ တိုက်လေယာဉ်များနှင့် ရဟတ်ယာဉ်များက အဆင်း၊အတက် လေ့ကျင့်မှုပေါင်း ၁၇၀ အထိပြုလုပ်ခဲ့ကြောင်း သိရသည်။ တရုတ်ရေတပ် လျောင်နင်းလေယာဉ်တင်သင်္ဘောနှင့် အခြားစစ်သင်္ဘောများ စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ ရာနေရာမှာ ဂျပန်နိုင်ငံအရှေ့တောင်ပိုင်း မီယာကိုဂျီးမားကျွန်းနှင့် ၃၆၅ မိုင်အကွာတွင် တည်ရှိကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ လျောင်နင်းလေယာဉ်တင်သင်္ဘောသည် ယခုနှစ် ဧပြီလအတွင်းထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းပြီးနောက် ပစိဖိတ်သမုဒ္ဒရာဒေသအတွင်းသို့ ဝင်ရောက်လာခဲ့သည်။ အမေရိကန်၊ ဂျပန်နှင့် ဖိလစ်ပိုင်တို့အကြား လုံခြုံရေးဆက်ဆံမှုများကို တုံ့ပြန်သည့်အနေဖြင့် တရုတ်ရေ တပ်သည် ပစိဖိတ်သမုဒ္ဒရာဒေသ၌စစ်ရေးလှုပ်ရှားမှုများ မြှင့်တင်ခဲ့သည်။ ကိုးကား-ရိုက်တာ

◾️အာရှလမ်း၌တွဲကားတစ်စီးတိမ်းမှောက်၊ ယာဉ်မောင်းကားပိသေဆုံး ‎ ‎ကရင်ပြည်နယ်၊ မြဝတီမြို့၊ အာရှလမ်းမ၊ ကွင်းကလေးကုန်းအဆင်း၌ တွဲကားတစ်စီးတိမ်းမှောက်ရာ ယာဉ်မောင်းမှာကားပေါ်မှခုန်ဆင်းရှောင်ရှားသော်လည်း ကားပိသေဆုံးကြောင်း မြဝတီခရိုင်မီးသတ်တပ်ဖွဲ့ထံမှသိရသည်။ ‎ ‎အဆိုပါတွဲကားမှာ ယမန်နေ့(ဇွန် ၂ ရက်) ညနေ ၄ နာရီခွဲတွင် ကုန်များတင်ဆောင်ကာ ရန်ကုန်မှ မြဝတီသို့မောင်းနှင်လာခြင်းဖြစ်ပြီး ကွင်းကလေးကုန်းအဆင်းမိုင်တိုင်အမှတ် (၁၆၁/၄) တွင် ဘရိတ်ပေါက်ပြီးလမ်းဘေးထိုးကျတိမ်းမှောက်ခြင်းဖြစ်ကြောင်း၊ ယာဉ်နောက်လိုက်မှာ ထိခိုက်ဒဏ်ရာရရှိကြောင်းသိရသည်။ ‎ ‎"ယာဉ်မောင်းကကားပေါ်ကခုန်ချတာ။ ဖြစ်ချင်တော့ သူခုန်ချတဲ့ဘက်ကို ကားကမှောက်တော့ ပိပြီးသေဆုံးတာ။ သူ့ရဲ့ဘော်ဒီကိုထုတ်တဲ့နေရာမှာအခက်ခဲတော့ရှိတယ်။ မိုးရွာထားလို့ လမ်းဘေးမြေသား ကပျော့တယ်။ ကားကလည်းကုန်ကအပြည့်ဆိုတော့ ကားကိုမြှောက်မရဘူး။ နောက်ဆုံးမြေမာတဲ့ နေရာတွေကနေမြှောက်ပြီး ခက်ခက်ခဲခဲနဲ့ဆွဲထုက်ခဲ့ရလို့ အချိန်တော့နည်းနည်းကြာသွားတယ်" ဟု မြဝတီခရိုင်မီးသတ်တပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးပြောသည်။ ‎ ‎ယင်းတွဲကားတိမ်းမှောက်မှုကို မြဝတီမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များက ကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်ခဲ့ပြီး သေဆုံးသူအမျိုးသားကို Myanmar Rescue လူနာတင်ယာဉ်ဖြင့် မြဝတီပြည်သူ့ဆေးရုံသို့ပို့ဆောင်ခဲ့သည်။ ‎ ‎သတင်း - ပိုင်လေး ‎ဓာတ်ပုံ - MFSD

◾️ပင်လယ်ကွေ့ ၌ ပိတ်မိနေသူ သင်္ဘောသားများကို ကယ်ထုတ်ရန် အန္တရာယ်များ လက်ရှိအချိန်တွင် အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့အကြား အပစ်အခတ်ရပ်စဲရေး သဘော တူညီချက် ရယူထားသည့်တိုင် ပင်လယ်ကွေ့ရေပြင်များအတွင်းပိတ်မိနေကြဆဲဖြစ်သော သင်္ဘောသား ရာပေါင်းများစွာကို ကယ်ထုတ်ရေးအတွက် အန္တရာယ်ကြီးလွန်းနေဆဲဖြစ်ကြောင်း ကုလသမဂ္ဂနိုင်ငံ တကာပင်လယ်ရေကြောင်း အဖွဲ့ချုပ်(အိုင်အမ်အို) အကြီးအကဲ အာဆင်နီယို ဒေါမနစ်က ဇွန် ၁ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။ ပင်လယ်ကွေ့ဒေသ စစ်ရေးပဋိပက္ခများ၏ ပြဿနာအရင်းအမြစ်များကို ရှင်းလင်းနိုင်မှသာ မိမိတို့အနေဖြင့် ပိတ်မိနေသည့် နိုင်ငံတကာသင်္ဘောသားများအား ကယ်ထုတ်နိုင်ရေးအတွက် ဆောင်ရွက်နိုင်မည်ဖြစ် ကြောင်း အိုင်အမ်အို အတွင်းရေးမှူးချုပ် ဒေါမနစ်က သတိပေးထားသည်။ လက်ရှိအချိန်တွင် အမေရိကန်နှင့် အီရန်တို့အကြား အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် ရယူထား သည့်တိုင် ပိတ်မိနေသော နိုင်ငံတကာသင်္ဘောသားများအတွက် ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ အာမခံချက်များ ကင်းမဲ့နေဆဲဖြစ်ကြောင်း အိုင်အမ်အို အကြီးအကဲကပြောကြားထားသည်။ ယခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်တွင် အီရန်စစ်ပွဲ စတင်ဖြစ်ပွားခဲ့ပြီးဟော်မုဇ်ရေလက်ကြား ရေလမ်းကြောင်း များ ပိတ်ဆို့ခဲ့မှုကြောင့်ပင်လယ်ကွေ့ ရေပြင်များအတွင်းသင်္ဘောစင်းရေ ရာပေါင်းများစွာနှင့်သင်္ဘောသား ၂၀၀၀၀ ကျော် ပိတ်မိနေဖွယ်ရှိကြောင်း ကုလသမဂ္ဂက ခန့်မှန်းထားသည်။ အီရန်စစ်ပွဲစတင်ဖြစ်ပွားချိန်မှစ၍ ပင်လယ်ကွေ့ရေပြင်များအတွင်းသင်္ဘောသား ၁၁ ဦး သေဆုံးခဲ့ရကြောင်း သိရသည်။ ကိုးကား-ရိုက်တာ

◾️ကိယက်ဗ်မြို့အပါအဝင် ယူကရိန်းမြို့တော်များကို ရုရှားတပ်များ လေကြောင်းတိုက်ခိုက်မှု ပြုလုပ် ကိယက်ဗ်မြို့တော်၊ ဒီနီပရိုမြို့တော်နှင့် ခါကစ်မြို့တော်အပါအဝင် အဓိကယူကရိန်းမြို့တော်ကြီးများကို ရုရှားနိုင်ငံက ဇွန် ၂ ရက်တွင် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ အနည်းဆုံး လူပေါင်း ၁၁ ဦး သေဆုံး၍ ၁၀၀ ကျော်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။ ရုရှားနိုင်ငံအနေဖြင့် ယူကရိန်းနိုင်ငံကို ပြင်းပြင်းထန်ထန်တိုက်ခိုက်မှုများပြုလုပ်ရေးအတွက် ပြင်ဆင် နေကြောင်း သတိပေးချက်များ ထွက်ပေါ်ခဲ့ပြီး ရက်ပိုင်းအတွင်းမှာပင် ရုရှားတပ်များက ယူကရိန်း မြို့တော်ကြီးများကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ရုရှား၏ လေကြောင်းတိုက်ခိုက်မှုများအတွင်း ကိယက်ဗ်မြို့တော်၌အထပ်မြင့်အဆောက်အအုံ နှစ်လုံး ဒုံးကျည်များ ထိမှန်ပြိုကျခဲ့ရာ အပျက်အစီးများအကြား ပိတ်မိနေသူများ ရှိနေနိုင်ကြောင်း ယူကရိန်း တာဝန်ရှိသူများက ပြောကြားသည်။ ရုရှားတပ်များက လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေချိန်တွင်ကိယက်ဗ်မြို့တော်၌ မြို့နေပြည်သူ ရာပေါင်းများစွာတို့သည် မြေအောက်ရထားလမ်းစနစ်များအတွင်း ဝင်ရောက်၍ ခိုလှုံခဲ့ကြရကြောင်း သိရသည်။ ထောက်လှမ်းရေးသတင်းအချက်အလက်များအရ ရုရှားနိုင်ငံအနေဖြင့်ယူကရိန်းကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ရန် စီစဉ်နေကြောင်း ယူကရိန်းသမ္မတဇီလန်စကီးက ပြီးခဲ့သည့်ရက်ပိုင်းအတွင်း သတိပေးထားသည်။ ကိယက်ဗ်မြို့တော်အတွင်းရှိ ယူကရိန်းစစ်ဘက်နှင့် ဆက်စပ်နေသောနေရာ ဌာနများကို တိုက်ခိုက်ရန် ရည်ရွယ်ထားသည်ဖြစ်ရာ ပြည်ပနိုင်ငံသားများကိယက်ဗ်မြို့တွင်းမှ ထွက်ခွာကြရန် ရုရှားအစိုးရက ပြီးခဲ့သည့် သီတင်းပတ်အတွင်း သတိပေးထားသည်။ ကိုးကား-ရိုက်တာ

◾️ထိုင်းနိုင်ငံအတွင်း မေလတွင် မြန်မာလုပ်သား ၅၀၀ ကျော် အလုပ်ထုတ်ခံရ ထိုင်းနိုင်ငံတွင် ပြီးခဲ့သည့်မေလ အတွင်းမြန်မာအလုပ်သမား ၅၁၀ အကြောင်းမဲ့အလုပ်ထုတ်ခံခဲ့ ရကြောင်း အလုပ်သမား ကူညီရေးအဖွဲ့အချို့ ၏ထုတ်ပြန်ချက်များအရ သိရသည်။ ယင်း မြန်မာအလုပ်သမားများသည်ဗန်ကောက်မြို့၊ ရယောင်း မြို့၊ စမွတ်စာခွန်မြို့၊စမွတ်ပကန်မြို့နှင့် ချွန်ပူရီမြို့များတွင် အလုပ်လုပ်နေကြသူများဖြစ်ပြီး မြန်မာ အလုပ်သမားများသည် ဘတ် ငါးသန်းကုမ္ပဏီ (ထိုင်းတွင်တရားဝင် မှတ်ပုံတင် ထားသောကုမ္ပဏီ) နှင့်အေဂျင်စီ အလုပ်သမားတာဝန်ခံ (ခေါ်) အလုပ် သွင်းပေးသည့်အဖွဲ့) တို့ပူးပေါင်းပြီးအလုပ်ထုတ်ခံရခြင်း ၊ လုပ်ငန်းအတွင်း ထုတ်လုပ်မှုအားနည်း သော ကြောင့်ဆိုကာ အလုပ်ထုတ်ခံရခြင်းစသည့် ပုံစံမတူသော နည်းလမ်းများဖြင့် အလုပ်ထုတ်ခံရ ကြောင်း သိရသည်။ အလုပ်ထုတ်ခံရသည့် အလုပ် သမား များသည် စာရွက်စာတမ်းများအား စက်ရုံ၊ အလုပ်ရုံဘက်မှသိမ်း ဆည်းခံရခြင်းနှင့် စားဝတ် နေရေးအခက်အခဲများဖြင့် ကြုံတွေ့နေရပြီး ထိုင်းရောက် မြန်မာအလုပ်သမား များသည်အလုပ် စဝင်ချိန်ကတည်းက တရားဝင်စာချုပ်စာတမ်းနှင့် ပြုလုပ်သင့်ပြီးလခစား ပုံစံမျိုးဖြင့် အလုပ်ဝင်သင့်ကြောင်းသိရသည်။ ထိုင်း နိုင်ငံတွင်ရောက်ရှိနေသည့် မြန်မာလုပ်သားများသည် အလုပ်စမတ်(အလုပ်လျှောက်)သည့်အခါ ဝန်ဆောင်ခမပေးခင်ပွဲစား၏ ပတ်စ်ပို့(ဓာတ်ပုံပါမျက်နှာပြင်)ကိုဓာတ်ပုံရိုက်ယူထားရန် (မရရင် ငွေမပေးရန်)၊ပွဲစား၏ ပတ်စ်ပို့အမည်နှင့် ဘဏ်အကောင့်အမည်တူမှသာငွေလွှဲရန်၊ ပွဲစားကိုယ်တိုင် မဟုတ်ဘဲ အခြားသူနှင့်ငွေကောက် ခိုင်းပါကကောက်ခံသူ၏ အထောက်အထားများကိုအရင်ဆုံးတောင်းရန် WAG အဖွဲ့က တိုက်တွန်းထားသည်။ သတင်း-အာကာနွေ ဓာတ်ပုံ- WAG

◾️အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း(MAI)မှဂွမ်ကျိုးမြို့သို့ နေ့စဉ် ပျံသန်းပြေးဆွဲမည် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) က တရုတ်နိုင်ငံ၏စီးပွားရေးနှင့် အပန်းဖြေ မြို့တော် ဖြစ်သည့် ဂွမ်ကျိုးမြို့သို့ ဇွန် ၃၀ ရက်မှ စတင်၍ရန်ကုန်-ဂွမ်ကျိုးခရီးစဉ်အဖြစ် နေ့စဉ်တိုက်ရိုက် ပျံသန်းပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။ တရုတ်နိုင်ငံ ဂွမ်ကျိုးမြို့ရှိကမ္ဘာကျော် Chimelong Resortသည် စိတ်လှုပ်ရှားဖွယ်ရာ ကစားကွင်းများ၊ တောရိုင်းတိရစ္ဆာန်များကိုအနီးကပ် လေ့လာနိုင်မည့် အတွေ့အကြုံများနှင့် ဖျော်ဖြေပွဲများ ကိုတစ်နေရာ တည်းတွင် စုံစုံလင်လင်ခံစားနိုင်မည့် အားလပ်ရက် အပန်းဖြေစခန်းတစ်ခုဖြစ်ကြောင်း သိရသည်။ လက်ရှိအချိန်၌ MAI ကရန်ကုန်-ဂွမ်ကျိုး တိုက်ရိုက်ခရီးစဉ်အား တစ်ပတ်လျှင် လေးကြိမ် ပျံသန်း ပြေးဆွဲလျက်ရှိရာမှ ဂွမ်ကျိုးမြို့သို့ ခရီးသွားလာမည့်သူများ ပိုမိုအဆင်ပြေစွာသွားလာနိုင်စေရန်အတွက် ထပ်တိုးပျံသန်းပြေးဆွဲရန် စီစဉ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။ သတင်း-အာကာနွေ ဓာတ်ပုံ- MAI

◾️(၁၆)နှစ်အောက် ကလေးများ လူမှုမီဒီယာသုံးစွဲမှု မလေးရှားအစိုးရ စတင်ပိတ်ပင် အသက် (၁၆) နှစ်အောက် ကလေးများ လူမှုမီဒီယာ အကောင့်များ ကိုယ်ပိုင်ထားရှိမှု ပိတ်ပင်ရေးစည်းမျဉ်းများ ဇွန် ၁ ရက်မှစ၍ မလေးရှားနိုင်ငံ၌ စတင်အာဏာသက်ဝင်နေပြီဖြစ်ကြောင်း မလေးရှားတာဝန်ရှိသူများက ထုတ်ဖော်ပြောကြားထားသည်။ မလေးရှားနိုင်ငံ၏ အထက်ပါစည်းမျဉ်းများအရ လူမှုမီဒီယာကုမ္ပဏီများအနေဖြင့် အသက်အရွယ် ခွဲခြားစိစစ်မှု စနစ်များ အကောင်အထည်ဖော်ရမည်ဖြစ်ပြီး အသက် (၁၆)နှစ်အောက် ကလေးများ ကိုယ်ပိုင်အကောင့် အသုံးပြုမှုကို ပိတ်ပင်ရမည်ဖြစ်သည်။ အဆိုပါစည်းမျဉ်းများတွင် ဖေ့စ်ဘွတ်ခ်၊ အင်စတာဂရမ်၊တစ်ခ်တော့ခ်နှင့် ယူကျုအပါအဝင် အနည်းဆုံး သုံးစွဲသူ ရှစ်သန်းရှိသော လူမှုမီဒီယာပလက်ဖောင်းများ အကျုံးဝင်မည်ဖြစ်သည်။ အသက် (၁၆) နှစ်အောက်ကလေးများ လူမှုမီဒီယာသုံးစွဲမှုပိတ်ပင်ရေး စည်းမျဉ်းများအား ချိုးဖောက်သည့် ကုမ္ပဏီများအနေဖြင့်ဒဏ်ငွေ မလေးရှားရင်းဂစ် ၁၀ သန်း (အမေရိကန်ဒေါ်လာ ၂ ဒသမ၅ သန်း) ပေးဆောင်ရလိမ့်မည်ဖြစ်ကြောင်း မလေးရှားတာဝန်ရှိသူများက ပြောကြားထားသည်။ အသက် (၁၆)နှစ်အောက် ကလေးများ လူမှုမီဒီယာသုံးစွဲမှု ပိတ်ပင်ရေး စည်းမျဉ်းများကို အွန်လိုင်းမီဒီယာများ၏ ဆိုးကျိုးများမှ ကလေးများအား ကာကွယ်ရန် ရည်ရွယ်ကျင့်သုံးနေခြင်းဖြစ်ကြောင်း မလေးရှားအစိုးရက သတင်းထုတ်ပြန်ထားသည်။ မလေးရှားကဲ့သို့ပင် ဩစတြေးလျ၊ ဘရာဇီးနှင့် အင်ဒိုနီးရှားနိုင်ငံတို့ကလည်း ကလေးများ လူမှုမီဒီယာသုံးစွဲမှုကို ကန့်သတ်ထားပြီး ဗြိတိန်၊ပြင်သစ်၊ စပိန်၊ ဒိန်းမတ် စသည့် ဥရောပနိုင်ငံများက အထက်ပါကန့်သတ်ချက်များ ကျင့်သုံးရေး စဉ်းစားလျက်ရှိသည်။ ကိုးကား-ရိုက်တာ

◾️ကွန်ဂို၌ အီဘိုလာဗိုင်းရပ်စ် လူနာလေးဦး ရောဂါမှ ပြန်လည်သက်သာကောင်းမွန်လာ ကွန်ဂိုနိုင်ငံ ဘူနီယာမြို့ ဆေးရုံတစ်ရုံ၌ အီဘိုလာဗိုင်းရပ်စ်ရောဂါအတွက် ဆေးဝါးကုသမှုခံနေရသော သူနာပြုလေးဦးမှာ အခြေအနေကောင်းမွန်တိုးတက်လာမှုကြောင့် ဆေးရုံမှ ပြန်ဆင်းနိုင်ခဲ့ပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (ဒဗလျူအိတ်ခ်ျအို)က မေ ၃၁ ရက်တွင် သတင်းထုတ်ပြန်ထားသည်။ အီဘိုလာဗိုင်းရပ်စ်ရောဂါ ကူးစက်ခံထားရသူများအနေဖြင့် ရောဂါကို စောစောစီးစီး ဖော်ထုတ်နိုင်ခဲ့ပြီး ဆေးဝါးကုသမှုခံယူနိုင်ခဲ့ပါက ရောဂါမှ ပြန်လည်သက်သာကောင်းမွန်လာသူများ ပိုများလာနိုင်ကြောင်း ဒဗလျူအိတ်ခ်ျအိုက ခန့်မှန်းထားသည်။ ယခုသီတင်းပတ်အစောပိုင်းကလည်း အီဘိုလာဗိုင်းရပ်စ်ရောဂါ ကူးစက်ခံထားရသော ဓာတ်ခွဲခန်း ဝန်ထမ်းတစ်ဦးလည်း ပြန်လည်သက်သာကောင်းမွန်လာခဲ့ရာ အီဘိုလာဗိုင်းရပ်စ်ရောဂါပျောက်ကင်း သက်သာသူအရေအတွက်မှာ ငါးဦးအထိ ရှိလာပြီဖြစ်ကြောင်း ဒဗလျူအိတ်ခ်ျအို တာဝန်ရှိသူများက ပြောကြားထားသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အဆိုအရ လက်ရှိအချိန်တွင် အီဘိုလာဗိုင်းရပ်စ်ရောဂါ ကူးစက်မှုဖြစ်စဉ်ပေါင်း ၂၈၂ မှုအထိ အတည်ပြုနိုင်ခဲ့ကြောင်းသိရသည်။ ကွန်ဂိုနိုင်ငံ၌ လက်ရှိကူးစက်နေသော အီဘိုလာဗိုင်းရပ်စ် အမျိုးအစားမှာ ကြညိငဘကါပသ မျိုးကွဲဖြစ်ပြီး ကာကွယ်ဆေးနှင့် သီးခြားကုထုံးများ မရှိသေးသည့် အီဘိုလာဗိုင်းရပ်စ် အမျိုးအစားဖြစ်သည်။ကွန်ဂို အီဘိုလာဗိုင်းရပ်စ် ကူးစက်မှုကပ်ဘေးအတွက် ဒဗလျူအိတ်ခ်ျအိုက နိုင်ငံတကာပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေကိုထုတ်ပြန်ထားပြီးဖြစ်သည်။ ကိုးကား-ရိုက်တာ

◾️ကဗျာဆရာ၊ ဒါရိုက်တာ မင်းထင်ကိုကိုကြီး ကွယ်လွန် ကဗျာဆရာ၊ ဒါရိုက်တာ မင်းထင်ကိုကိုကြီးသည် ယနေ့(ဇွန် ၂ ရက်)တွင် ကွယ်လွန်သွားခဲ့ကြောင်း ၎င်းနှင့်နီးစပ်သူများထံမှသိရသည်။ ၎င်း ကွယ်လွန်ခြင်းနှင့်ပတ်သက်၍ စာပေ၊အနုပညာအသိုင်းမှ လူပုဂ္ဂိုလ်များ သည်လည်း ဝမ်းနည်းကြောင်း ရေးသားထားကြသည်။ကဗျာဆရာ၊ဒါရိုက်တာ မင်းထင်ကိုကိုကြီးသည် အသည်းကင်ဆာရောဂါကို ကြာရှည်စွာခံစားနေရသူဖြစ်သည်။ ကဗျာဆရာ၊ဒါရိုက်တာ မင်းထင်ကိုကိုကြီးသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် ပုဒ်မ ၅၀၅ (ခ)ဖြင့် ဖမ်းဆီးခံခဲ့ရကာ ဒီဇင်ဘာ ၃၁ ရက်တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် နှစ်နှစ်ချခံခဲ့ရပြီးနောက် ၂၀၂၂ ခုနှစ် နို၀င်ဘာ ၁၅ ရက် တွင်ပြန်လည်လွတ်မြောက်ခဲ့သည်။ ကဗျာဆရာ၊ ဒါရိုက်တာ မင်းထင်ကိုကိုကြီးသည် မှတ်တမ်းရုပ်ရှင်များ၊ ဗီဒီယိုကားပေါင်းများစွာ ရိုက်ကူးခဲ့သည်။နောက်ဆက်တွဲသတင်းများအား ထပ်မံဖော်ပြပါမည်။ သတင်း - စံတော်ချိန်ဒစ်ဂျစ်တယ်