ch
Feedback
The Standard Time Digital

The Standard Time Digital

前往频道在 Telegram

The Standard Time Daily News and its Website cover Myanmar and World's News to the local readers across Myanmar since April 1, 2013.

显示更多
未指定国家未指定类别
274
订阅者
+124 小时
+67
+2530
帖子存档
◾️ဇီလန်စကီးကို လောလောဆယ် တွေ့စရာအကြောင်းမရှိဟု ပူတင်ပြောကြား လေးနှစ်ကြာစစ်ပွဲကို အဆုံးသတ်ရန် ယူကရိန်းနှင့် ရုရှားခေါင်းဆောင်နှစ်ဦး တွေ့ဆုံရေး ယူကရိန်းသမ္မတ ဇီလန်စကီးက အဆိုပြုလိုက်ပြီး နောက်တစ်ရက်တွင် ယင်းကိစ္စကို ရုရှားသမ္မတ ပူတင်က ငြင်းဆန်လိုက်ပြီး လောလော ဆယ်တွင် ၎င်းတို့နှစ်ဦး တွေ့စရာအကြောင်း မမြင်မိကြောင်း ပြောကြားသည်။ ငြိမ်းချမ်းရေးသဘောတူညီချက် ဖြစ်နိုင်ခြေအတွက် သတ်မှတ်ချက်များကို သဘောတူညီမှု ရရှိသည့်အချိန်အထိ ဇီလန်စကီးကို တွေ့ဆုံစရာအကြောင်းရှိသည်ဟု မမြင်မိကြောင်း ၎င်း၏မွေးရပ်မြို့ စိန့်ပီတာစဘာ့ဂ်တွင် ကျင်းပနေသည့် စီးပွား‌ရေးဖိုရမ်တွင် ဗလာဒီမာပူတင်က ပြောကြားခဲ့သည်။ ယင်းအတွက် ရုရှားခေါင်းဆောင်သည် အားနည်းကြောင်း နှင့် စစ်ပွဲကိုဆက်လက်ရွေးချယ်နေကြောင်း ယူကရိန်း၏ ဝေဖန်မှုထွက်ပေါ်လာခဲ့သည်။ ၎င်းတို့၏ စစ်ပွဲရည်မှန်းချက်များ အပြည့်အဝအောင်မြင့်သည့်အချိန်အထိ ရုရှား၏ စစ်‌ရေးထိုးစစ်များကို ဆက်လက်လုပ်ဆောင်သွားမည်ဟုလည်း ပူတင်က သန္နိဌာန်ပြုသည်။ ယူကရိန်းနိုင်ငံအရှေ့ပိုင်းမှ ဒွန်ဘတ်စ်ဒေသအား ထိန်းချုပ်ခွင့်အပြင် ၎င်းတို့၏ အိမ်နီးချင်းနိုင်ငံအပေါ် ပြင်းထန်သောနိုင်ငံရေးနှင့် စစ်ရေးကန့်သတ်ချက်များ ထားရှိရန်လည်း ရုရှားက အခိုင်အမာတောင်းဆိုထားသည်။ ထို့သို့လုပ်ဆောင်ခြင်းမှာ ဒူးထောက်အရှုံး‌ပေးရာရောက်သဖြင့် ကိဗ် နှင့် ၎င်း၏ မဟာမိတ်များက ရုရှားတို့၏ တောင်းဆိုမှုကို ပယ်ချထားသည်။ အမေရိကန်က ကြားဝင်စေ့စပ်ပေးနေသော ငြိမ်းချမ်းရေးဆွေးနွေးပွဲများကလည်း နှစ်ဖက်ကြား ရင်ကြားစေ့မှုကို မဖြစ်စေခဲ့ပေ။ “ကျွန်တော်တို့နဲ့ သင့်ကြား တိုက်ရိုက်ထိတွေ့ ဆက်ဆံမှုကနေတစ်ဆင့် စစ်ပွဲအဆုံးသတ်ရေးကို ယူကရိန်းက အဆိုပြုပါတယ်။ အစည်းအဝေးတစ်ရပ်ကို ကျွန်တော် အဆိုပြုပါတယ်” ဟု ဇီလန်စကီး က ကြာသပတေးနေ့က ပူတင်ထံ အိတ်ဖွင့်ပေးစာတွင် ပြောကြားသည်။ ထို့သို့ တွေ့ဆုံရန် နေ့ရက်အတိအကျ သတ်မှတ်ရေးကအဆိုပြုကြောင်းလည်း ဇီလန်စကီးက ပြောသည်။ ယင်းကို ပူတင်က သောကြာနေ့တွင် ငြင်းဆိုသည်။ “တွေ့စရာအကြောင်း မရှိပါဘူး။ ယူကရိန်းဘက်က ရှေ့တိုးနေတဲ့ ကျွန်တော်တို့ တပ်ဖွဲ့တွေကို ရပ်တန့်ဖို့လုပ်တာကမှ အဓိပ္ပာယ်ရှိပါတယ်။ဒါပါပဲ။ ကျွန်တော်တို့ သဘောတူညီချက်တွေလိုအပ်ပါတယ်။ ကျွမ်းကျင်သူတွေ အလုပ်လုပ်ပါစေဦး၊ အဖြေထုတ်ပါစေဦး၊ ပြီးတော့မှ ကျွန်တော်တို့ တွေ့နိုင်ပါတယ်” ဟု ပူတင်က စီးပွားရေးဖိုရမ်၌ ပြောသည်။ သတင်း-ရဲမင်း ကိုးကား-AFP

◾️တောင်ကိုရီးယားအမျိုးသားရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ရာထူးမှနုတ်ထွက်မည် ဇွန် ၃ ရက်တွင် ကျင်းပခဲ့သော ဒေသန္တရရွေးကောက်ပွဲများ၌ ဆန္ဒမဲလက်မှတ်များ ပြတ်လပ်ခဲ့မှု ပြဿနာအတွက် တာဝန်ယူသည့်အနေဖြင့် တောင်ကိုရီးယား အမျိုးသားရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ရိုတေအက်က ဇွန် ၅ ရက်တွင်ရာထူးမှ နုတ်ထွက်ပေးရန် ကမ်းလှမ်းခဲ့ကြောင်း သိရသည်။ ဇွန် ၃ ရက် ဒေသန္တရရွေးကောက်ပွဲများတွင် တချို့သော မဲရုံများ၌ ဆန္ဒမဲလက်မှတ်များ ပြတ်လပ်ခဲ့ရာ တောင်ကိုရီးယားရွေးကောက်ပွဲ ကော်မရှင်အနေဖြင့်ပြင်းထန်စွာ ဝေဖန်ခံခဲ့ရသည်။ ယင်းအပြင် တောင်ကိုရီးယားရဲတပ်ဖွဲ့ကလည်း ရွေးကောက်ပွဲကာလဆန္ဒမဲလက်မှတ် ပြတ်လပ်မှု ပြဿနာ နှင့် ပတ်သက်၍ အမျိုးသားရွေးကောက်ပွဲကော်မရှင်ကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။ ဇွန် ၃ ရက် ရွေးကောက်ပွဲနေ့တွင် ဆိုးလ်မြို့တော်တွင်းရှိ မဲရုံပေါင်း ၁၄ ရုံတို့၌ ဆန္ဒမဲလက်မှတ်များ ပြတ်လပ်မှုဖြစ်ပွားခဲ့ကြောင်း တောင်ကိုရီးယားမီဒီယာများက သတင်းထုတ်ပြန်ထားသည်။ ယင်းကဲ့သို့ ဆန္ဒမဲလက်မှတ်များ ပြတ်လပ်မှုကြောင့် ရာပေါင်းများစွာသောမဲဆန္ဒရှင်ပြည်သူများမှာ ဆန္ဒမဲပေးနိုင်ရေးအတွက် မဲရုံများပိတ်ရမည့်အချိန်ညနေ ၆ နာရီကို ကျော်လွန်ခဲ့သည့်တိုင် နာရီပေါင်းများစွာ စောင့်ဆိုင်းခဲ့ရပြီးတချို့မဲရုံများ၌ ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့ရသည်။ ရွေးကောက်ပွဲနေ့တွင် ဆန္ဒမဲလက်မှတ်များ ပြတ်လပ်ခဲ့မှုပြဿနာအတွက်တာဝန်ယူသည့်အနေဖြင့် အမျိုး သားရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ရာထူးမှမိမိနုတ်ထွက်ပေးမည်ဖြစ်ကြောင်း ရိုတေအက်က ဇွန် ၅ ရက်တွင် ထုတ်ဖော်ပြောကြားထားသည်။ ကိုးကား-ရိုက်တာ

◾️နတ်မောက်၌ ကားနှစ်စီး ရေထဲမျောပါ၊ အမျိုးသားတစ်ဦးသေဆုံး မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် အင်းကုန်းကျေးရွာရှိ ချောင်းရိုးနှင့် တံခွန်တိုင်ကျေးရွာအနီးရှိ တံခွန်တိုင်ချောင်း တို့အတွင်း ယမန်နေ့(ဇွန် ၅ ရက်) ည ၇ နာရီကျော်က မိနစ်ပိုင်းသာခြာပြီး ကားနှစ်စီး ရေထဲမျောပါသွားရာ အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်း မကွေးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံး မှတာဝန်ရှိသူတစ်ဦးကပြောသည်။ ဖြစ်စဉ်မှာ နတ်မောက်မြို့နယ် အင်းကုန်းကျေးရွာအုပ်စု၊ အင်းကုန်းကျေးရွာ၊ ဇမ္ဗူထွန်း စက်သုံးဆီဆိုင်အနီး ည ၇နာရီ ၄၄ မိနစ်ခန့်က အမျိုးသားနှစ်ဦး၊ အမျိုးသမီးနှစ်ဦး၊ စုစုပေါင်းလေးဦး လိုက်ပါလာသော Hijet ယာဉ်သည် ချောင်းရိုးအတွင်း ရေကျနေသည်ကို ဖြတ်ကူးသည့်အတွက်ရေစီးမျောပါခဲ့ကြောင်း၊ မျောပါခဲ့သည့် Hijet ယာဉ်အား အသက်ကယ်ကြိုးများ အသုံးပြု၍ ဆွဲတင်ကာ ည ၈ နာရီ ၅ မိနစ်တွင်ဘေးလွတ်ရာသို့ ပို့ဆောင်ပေးခဲ့ပြီး လူထိခိုက်မှု မရှိခဲ့ကြောင်းသိရသည်။ ထို့ပြင် တံခွန်တိုင်ကျေးရွာအနီးရှိ တံခွန်တိုင်ချောင်းအတွင်း မကွေးဘက်မှ နတ်မောက်ဘက်သို့ ဦးချစ်မင်းသူမောင်းနှင်လာသော Kluger ယာဉ်တစ်စီးသည် ချောင်းအားဖြတ်ကူးစဉ် ချောင်းရေစီးနှင့်မျောပါသွားခဲ့ကြောင်း၊ ဖြစ်စဥ်အား ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်ရာ ယာဉ်ပေါ်ပါ အမျိုးသားလေးဦးအနက်သုံးဦးအား ကယ်ဆယ်နိုင်ခဲ့ပြီးတစ်ဦးမှာ ပျောက်ဆုံးခဲ့ရာ ယနေ့ နံနက်တွင် သေဆုံးလျက်ပြန်တွေ့ရှိခဲ့ကြောင်း မီးသတ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ "ညကတော့ရှာတယ်မတွေ့ဘူး။ ဒီနေ့(ဇွန် ၆ ရက်) နံနက် ၇ နာရီ ၃၀ မိနစ်မှစရှာတယ်။ ၈ နာရီ ၄၀ မိနစ်မှာချောင်းအတွင်းမျောပါသွားသူရဲ့ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ကားကိုလည်းလွှတ်ရာကို ဆွဲတင်ထားပါတယ်"ဟု ၎င်းကပြောသည်။ နတ်မောက်မြို့နယ်မီးသတ်စခန်းမှ ဒုမီးသတ်ဦးစီးမှူး ဦးသူရ ဦးစီး၍ မီးသတ်တပ်ဖွဲ့ဝင်ကိုးဦးတို့ အုပ်ချုပ်မှုယာဥ်ဖြင့်သွားရောက်ပြီး ချောင်းအတွင်းရှိ ကား ဆယ်ယူခြင်းတို့အား သက်ဆိုင်ရာများနှင့် ပူး‌ပေါင်းပြီးရှာဖွေခဲ့ကြောင်းသိရသည်။ သတင်း - ပိုင်လေး ဓာတ်ပုံ - မကွေးတိုင်းမီးသတ်

◾️အီရန်စစ်ပွဲအဆုံးသတ်ရေး ဥပဒေကြမ်းကို အမေရိကန်အောက်လွှတ်တော်အမတ်များ အတည်ပြု သမ္မတ ဒေါ်နယ်ထရန့်၏အီရန်နိုင်ငံအား စစ်ရေးအရ ဆက်လက်တိုက်ခိုက်ခွင့်ကို ပိတ်ပင်ထားသော ဥပဒေကြမ်းတစ်ရပ်ကို အမေရိကန်အောက်လွှတ်တော်က ဇွန် ၄ရက်တွင် အတည်ပြုခဲ့ကြောင်း သိရသည်။ အမေရိကန် အောက်လွှတ်တော်၏ ဇွန် ၄ ရက် မဲခွဲပွဲရလဒ်သည်သုံးလကြာမြင့်နေပြီဖြစ်သော အီရန်စစ်ပွဲနှင့် ပတ်သက်၍ သမ္မတဒေါ်နယ်ထရန့်၏ ရီပတ်ဘလီကန် ပါတီဝင်များအကြား စိုးရိမ်မှုများ တိုးပွားလာမှုလက္ခဏာကို ပြသလျက်ရှိသည်။ အီရန်နိုင်ငံအား စစ်ရေးအရဆက်မတိုက်ရန် သမ္မတဒေါ်နယ်ထရန့်ကို ပိတ်ပင်ထားသော ဥပဒေကြမ်းကို အောက်လွှတ်တော်ကထောက်ခံမဲ ၂၁၅ မဲ၊ ကန့်ကွက်မဲ ၂၀၈မဲဖြင့် အတည်ပြုခဲ့ခြင်းဖြစ် သည်။ အထက်ပါဥပဒေကြမ်းကို မဲခွဲရာတွင် အောက်လွှတ်တော် ဒီမိုကရက်တစ်လွှတ်တော်အမတ်များနှင့် အတူ ရီပတ်ဘလီကန် အမတ်လေးဦးကလည်း ထောက်ခံမဲ ပေးခဲ့ကြသည်။ အမေရိကန် အောက်လွှတ်တော်က အတည်ပြုခဲ့သည့် အထက်ပါ စစ်ပွဲဆင်နွှဲခွင့် အာဏာဆိုင်ရာ ဥပဒေကြမ်းတွင် ကွန်ဂရက်လွှတ်တော်က စစ်ကြေညာမှုမရှိခဲ့လျှင်၊စစ်အင်အားအသုံးပြုခွင့် မပေးခဲ့လျှင်အီရန်မှ အမေရိကန်တပ်များအားပြန်ရုပ်သိမ်းရန် သမ္မတဒေါ်နယ်ထရန့်ကို ညွှန်ကြားထားသည်။ သို့ရာတွင် အထက်ပါ စစ်ပွဲဆင်နွှဲခွင့်အာဏာဆိုင်ရာ ဥပဒေကြမ်း အာဏာသက်ဝင်နိုင်ရေးအတွက် အထက်လွှတ်တော်၏ အတည်ပြုချက်ရယူရန် လိုအပ်နေဆဲ ဖြစ်သည်။ အမေရိကန် အောက်လွှတ်တော်သည် ယခင်က အထက်ပါ ဥပဒေကြမ်းကို သုံးကြိမ်အထိ မဲခွဲခဲ့သော်လည်းအတည်ပြုနိုင်မှုမရှိခဲ့ပေ။ ကိုးကား-ရိုက်တာ

◾️အီဘိုလာကြောင့် သေဆုံးသူများအား မြှုပ်နှံပေးသူများ တိုက်ခိုက်ခံနေရ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံအရှေ့ပိုင်းတောင်ကီဗူးပြည်နယ်၌အီဘိုလာဗိုင်းရပ်စ်ကူးစက်ရောဂါကြောင့် သေဆုံးခဲ့ရသူများအားတာဝန်ယူ မြှုပ်နှံပေးနေရသည့်အဖွဲ့တစ်ဖွဲ့ကိုဒေသခံများက ယခုသီတင်းပတ်အတွင်း ရန်ပြုတိုက်ခိုက်ခဲ့ကြောင်း ကွန်ဂိုကျန်းမာရေးဝန်ကြီးဌာနက ဇွန် ၄ ရက်တွင် သတင်းထုတ်ပြန်ထားသည်။ အထက်ပါဖြစ်စဉ်သည် တောင်ကီဗူးပြည်နယ် ကာတာနာမြို့၌ ဇွန် ၁ ရက်တွင် ပေါ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်း ကွန်ဂိုကျန်းမာရေးဝန်ကြီးဌာနသတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ ဒေသခံများ၏ တိုက်ခိုက်မှုကြောင့် မြှုပ်နှံသင်္ဂြိုဟ်ရေး တာဝန်ရှိသူများအနေဖြင့် အီဘိုလာဗိုင်းရပ်စ်ရော ဂါကြောင့် သေဆုံးခဲ့ရသူ၏ခေါင်းတလားကို စွန့်လွှတ်ပေးခဲ့ရသည်ဖြစ်ရာရောဂါကူးစက်မှုများ ရှိလာမည့် အရေး စိုးရိမ်ရကြောင်း ကွန်ဂိုတာဝန်ရှိသူများက ပြောကြားထားသည်။ ကွန်ဂိုအစိုးရအနေဖြင့် အီဘိုလာဗိုင်းရပ်စ်ရောဂါကူးစက်မှုနှုန်း မြင့်တက်နေချိန်တွင် ယင်းရောဂါကြောင့် သေဆုံးခဲ့သူများကို ရောဂါကူးစက်မှုကာကွယ်ရေး လုပ်ထုံးလုပ်နည်းများနှင့်အညီမြှုပ်နှံသင်္ဂြိုဟ်ရန် အထူးလေ့ကျင့်ထားသည့် အဖွဲ့အစည်းများကို တာဝန်ပေးထားရသည်။ အလားတူ ဇွန် ၁ ရက်တွင် အိုင်တူရီပြည်နယ် ဘူနီယာမြို့၌လည်း အီဘိုလာဗိုင်းရပ်စ်ရောဂါကြောင့် သေဆုံးသူများအား တာဝန်ယူမြှုပ်နှံပေးသူများ တိုက်ခိုက်ခံခဲ့ရသည်။ ကိုးကား-ရိုက်တာ

◾️မြစ်ကြီးနားတွင် ယာဉ်တစ်စီး ဆီဖြည့်နေစဉ် မီးလောင်မှုဖြစ်ပွား ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက် နယ်မြေ(၁၁) မြစ်ကြီးနား-ဝိုင်းမော်ဗလမင်းထင်တံတား ချဉ်းကပ်လမ်းမကြီးဘေးတွင်ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဇွန် ၄ ရက် မွန်းလွဲပိုင်းက မြစ်ကြီးနားမြို့နယ်မန်ခိန်ရပ်ကွက် နယ်မြေ(၁၁)တွင် ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွားနေကြောင်း သတင်းအရ ခရိုင်မီးသတ်ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဇော်လင်း ဦးဆောင်၍သန္ဓေ ၁၅ ဦး၊ အရန်တပ်ဖွဲ့ဝင် ငါးဦး၊ စုစုပေါင်း ၂၀၊ မီးငြှိမ်းသတ်ယာဉ် တစ်စီး၊ ရေသယ်ယာဉ် တစ်စီးတို့ဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့သည်။ ဖြစ်စဉ်မှာ မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက် နယ်မြေ(၁၁) မြစ်ကြီးနား-ဝိုင်းမော် ဗလမင်းထင် တံတားချဉ်းကပ်လမ်းမကြီးဘေးတွင် ယာဉ်မောင်း အမည်မသိ(စုံစမ်းဆဲ)မောင်းနှင်သည့်ယာဉ် FORD RANGER အိမ်စီး ယာဉ်သည်ဆီဖြည့်နေစဉ် အင်ဂျင်ခန်းအတွင်း ဝိုင်ယာကြိုးများ အပူလွန်ကဲရာမှ မီးစတင် လောင်ကျွမ်း ခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုကြောင့် အဆိုပါယာဉ်၏ ရှေ့ခေါင်းခန်း မီးလောင်ဆုံးရှုံးခဲ့သည်။ မီးလောင်မှုနှင့် ပတ်သက်၍ ယာဉ်မောင်း (စုံစမ်းဆဲ)ထွက်ပြေးတိမ်းရှောင်လျက်ရှိပါသဖြင့် အရေးယူဆောင်ရွက်နိုင်ရန် ပလနနယ်မြေရဲစခန်းက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။ သတင်း-နိုင်ဝင်းစိုး ဓာတ်ပုံ- MFSD

#ယနေ့ထုတ်သတင်းစာ_ကာတွန်း
#ယနေ့ထုတ်သတင်းစာ_ကာတွန်း

◾️မြစ်ကြီးနား-မိုးညှင်းရထားလမ်းပြုပြင်မှု ဇူလိုင်လ အပြီးဆောင်ရွက်မည် မြန်မာ့မီးရထားသည် ကချင်ပြည်နယ်အတွင်း မြစ်ကြီးနား- မိုးကောင်း၊ မိုးကောင်း-မြစ်ကြီးနား ခရီးစဉ်သာ ပြေးဆွဲနိုင်ခဲ့ရာမှ မြစ်ကြီးနား-မိုးကောင်းမှ မိုးညှင်းမြို့အထိ မီးရထားခရီးစဉ် ဆက်လက်တိုးချဲ့ပြေးဆွဲနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာထိုလမ်းပိုင်းပြုပြင်သောလုပ်ငန်းများအားဇူလိုင်လအတွင်းအပြီးသတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကချင်ပြည်နယ်အစိုးရအဖွဲ့မှတစ်ဆင့် သိရသည်။ ရထားလမ်းပိုင်းဆောင်ရွက်ပြီးစီးပါကမိုးညှင်း-မြစ်ကြီးနား၊ မြစ်ကြီးနား-မိုးညှင်းရထားပြေးဆွဲနိုင်ရေး မြင်းကောင်ရေ ၁၃၀၀အား စက်ခေါင်း၊ မြင်းကောင်ရေ ၂၀၀၀ အားစက်ခေါင်းများနှင့် ပြေးဆွဲသွားမည် ဖြစ်ပြီးလူစီးတွဲများကိုလည်း Auto Coupler တွဲဆိုင်းများနှင့်ပြေးဆွဲသွားနိုင်ရေး စီစဉ်ဆောင်ရွက်ထားကာ ရိုးရိုးတန်းလူစီးတွဲ လေးတွဲ၊ အထက်တန်းလူစီးတွဲ တစ်တွဲ၊ ကုန်တင်ဘရိတ်တွဲ တစ်တွဲပါဝင်သည့် တွဲဆိုင်းများဖြင့် ပြေးဆွဲပေးသွားမည်ဖြစ်သည်။ ရထားလမ်းအရှည်မိုင် ၅၂ ဒသမ ၂၅မိုင်ရှိသောမိုးကောင်း - မိုးညှင်းလမ်းပိုင်းကို ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်း ဆောင်ရွက်ရာတွင် ၃၉ မိုင်၊ ရာခိုင်နှုန်းအနေဖြင့် ၇၄ ဒသမ၆၄ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်သကဲ့သို့ ရထားလမ်းပိုင်းအတွင်းရှိ ဘူတာရှစ်ဘူတာလည်းပြီးစီးပြီဖြစ်ကြောင်း သိရသည်။ ထို့ပြင် ရထားလမ်းပိုင်းရှိ တံတားပြုပြင်မှုမှာလည်း သံပေါင်ပြုပြင်သော လုပ်ငန်းကိုရာနှုန်းပြည့် ဆောင်ရွက် ပြီးစီးနေပြီဖြစ်ကာတံတားရေလယ်တိုင်များ ပြုပြင်ခြင်းကိုလည်းဆက်လက်ဆောင်ရွက်နေပြီး ဇူလိုင် ဒုတိယပတ်တွင် လမ်းပိုင်းပြုပြင်ခြင်းလုပ်ငန်း အားလုံးဆောင်ရွက်ပြီးစီးနိုင်ရန် ကြိုးပမ်းဆောင်ရွက်နေကြောင်းသိရသည်။ သတင်း-မြင့်မိုရ် ဓာတ်ပုံ- Kachin State Government

◾️မြန်မာအများစု နေထိုင်သည့် ဖူးခက်မြို့ရှိ တန်းလျားတစ်ခု မီးလောင် ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့ ဘန်ဂျိုရပ်ကွင်ရှိ အလုပ်သမားတန်းလျားအဆောင်တွင် ဇွန် ၅ ရက်နံနက်အစောပိုင်း ၁၂ နာရီ ၁၅ မိနစ်ခန့်၌ မီးလောင်ကျွမ်းခဲ့ပြီး အလုပ်သမား ၅၀၀ ကျော် ဘေးလွတ်ရာသို့ထွက်ပြေးခဲ့ရကြောင်း ဖူးခက်သတင်းကဖော်ပြသည်။ ၎င်းမီးအား မီးသတ်ကား ၁၀စီးကျော်ဖြင့် တစ်နာရီကျော်ကြာဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရပြီး ရဲတပ်ဖွဲ့ကလျှပ်စစ်ဝိုင်ယာရှော့ခ်ဖြစ်ရာမှ တစ်ဆင့်မီးအရှိန်အဟုန်ဖြင့် လျင်မြန်စွာကူးစက် လောင်ကျွမ်းခဲ့ခြင်းဖြစ်နိုင်ကြောင်း ယူဆထားကာ တန်းလျားတွင် မီးတောက်များ ပြင်းထန်စွာလောင်ကျွမ်းခဲ့ပြီး ပေါက်ကွဲသံများလည်း ထွက်ပေါ်ခဲ့ကြောင်းမီးသတ် သမားများက ပြောသည်။ မီးလောင်မှုဖြစ်ပွားရာနေရာသည်ကျယ်ဝန်းပြီပတ်ပတ်လည်ကို သွပ်ပြားများဖြင့်ခြံစည်းရိုးခတ်ထားသော အလုပ်သမားတန်းလျားတစ်ခုဖြစ်ကာ အတွင်း၌အခန်းများစွာ တွဲလျက်ဆောက်လုပ်ထားပြီး လူနေ ရပ်ကွက်နှင့် နီးကပ်စွာတည်ရှိသည်။ ထိုတန်းလျားအတွင်း နေထိုင်သည့် အလုပ်သမား ၅၀၀ ကျော်သည်ပိုင်ဆိုင်မှုများနှင့် လိုအပ်သောပစ္စည်းများကို အလျင်အမြန် သယ်ဆောင်၍အသက်လုကာ ထိုနေရာမှ ထွက်ပြေးခဲ့ကြောင်းသိရသည်။ ၎င်းတန်းလျားတွင် နေထိုင်ခဲ့သည့် မြန်မာအလုပ်သမားများသည်လက်ရှိတွင် ယာယီခိုလှုံရာနေရာ၌ နေထိုင်ရပြီး အရေးပေါ်စားနပ်ရိက္ခာနှင့် အဝတ်ထည်များ လိုအပ်နေကြောင်း ဖူးခက်ဘန်ထောင် ပရဟိတအဖွဲ့ကလည်း အကူအညီတောင်းထားခြင်းဖြစ်သည်။ သတင်း-မြင့်မိုရ် ဓာတ်ပုံ- Newshawk Phuket