ch
Feedback
Fox Channel

Fox Channel

前往频道在 Telegram

မြန်မာစာတန်းထိုးဇာတ်ကားအစုံကို Freeဝင်ကြည့်ပါ 👉 http://t.me/addlist/-EzJ-VtvfuRhOWJl Admin- @Kavel_63

显示更多
无数据
订阅者
-724 小时
-1077
-59230
帖子存档
The Sadness (2021) (Uncut Version) Horror IMDB: 6.6/10 Virusတွေ ကပ်ရောဂါတွေနဲ့ Zombie movieတွေဟာ ဒီဘက်ခေတ်မှာ လူကြိုက်များနေသ
The Sadness (2021) (Uncut Version) Horror IMDB: 6.6/10
 Virusတွေ ကပ်ရောဂါတွေနဲ့ Zombie movieတွေဟာ ဒီဘက်ခေတ်မှာ လူကြိုက်များနေသလို ကားတွေလည်းအရိုက်များလာပါတယ်၊ ဒီရုပ်ရှင်က အသစ်ထွက်ရှိထားတဲ့ ထိုင်ဝမ် disasterရုပ်ရှင်ဖြစ်ပြီး IMDb rating6.6နဲ့ Rotten Tomatoes 95%ထိ Ratingခပ်မြင့်မြင့်ရရှိထားပါတယ်။ ကတ်နဲ့ ဂျင်က ထိုင်ပေမြို့တော်မှာနေထိုင်ကြတဲ့ အတူနေချစ်သူတွေပါ၊ အများသူငါလို အလုပ်ကိုယ်စီနဲ့ ဘဝခရီးလမ်းကို တူတူ လျှောက်လှမ်းနေသူတွေပေါ့၊ သူတို့နေထိုင်ရာ ထိုင်ပေမြို့ကြီးမှာ အဲဒီအချိန်က အယ်ဗင်ဗိုင်းရပ်ဆိုတဲ့ တုပ်ကွေးပိုးတစ်မျိုး ပျံ့နှံ့နေတဲ့အချိန်ပါ၊အဆိုပါဗိုင်းရပ်ဟာ မျိုးဗီဇပြောင်းနိုင်တယ်လို့ ကျန်းမာရေးနယ်ပယ်က ပညာရှင်တွေက သတိပေးကြပေမယ့် ထိုင်ဝမ်ရွေးကောက်ပွဲရှိတာကြောင့် အစိုးရက လော့ဒေါင်းချခွင့် မပေးခဲ့ပါဘူး။
တစ်နေ့မှာ ပညာရှင်တွေစိုးရိမ်ခဲ့သလို ဗိုင်းရပ်ဟာ မျိုးဗီဇပြောင်းသွားပြီး လူတွေကို ရူးနှမ်းသလိုဖြစ်သွားစေပါတယ်၊ ဒီဗိုင်းရပ်က Zombieအဖြစ် ပြောင်းလဲပစ်တာမျိုးမဟုတ်ဘဲ လူ့ဦးနှောက်ကိုတိုက်ခိုက်ပြီး ဟိရိဩတ္တပတရားမဲ့အောင် လုပ်ပစ်လိုက်တာမျိုးပါ ဆင်ခြင်တုံတရား မရှိတော့တဲ့သူတွေက မကောင်းမှုတွေလုပ်ရမှာ မရှက်တော့ဘဲ လူသတ်ခြင်း၊ မုဒိန်းကျင့်ခြင်း၊ သတ်သေခြင်းလို ကိစ္စတွေ အကုန်လုပ်လာကြပါတယ်၊ ဒီလိုအသိစိတ်မဲ့နေတဲ့ လူထုကြီးရန်နဲ့ ကူးစက်မှုမြန်တဲ့ ဗိုင်းရပ်ပိုးရန်ကို ဂျင်နဲ့ကတ်တို့ ဘယ်လို ရင်ဆိုင်ကျော်လွှားကြမလဲ၊ သူတို့လွတ်မြောက်ပါ့မလားဆိုတာကိုအသည်းတယားယား ရင်တဖိုဖိုနဲ့ ကြည့်ရှုရမှာပါ။ သတိပေးလိုတာက ဒီရုပ်ရှင်က Uncut version ဖြစ်တာကြောင့်သွေးထွက်သံယိုအခန်းတွေအရမ်းများသလို အတော်ပီပြင်ပါတယ်၊ လိင်ပိုင်းဆိုင်ရာထိပါးကျူးလွန်တာတွေကို ရိုက်ပြတာလည်း အရမ်းကြမ်းတာကြောင့် မိသားစုနဲ့အတူ ကြည့်ရှုဖို့ မသင့်တော်သလို သွေး ကြောက်တတ်သူတွေအတွက် ကြည့်ရှူဖို့အဆင်မပြေနိုင်မယ့် အခန်းတွေအရမ်းများတာကို သတိချပ်စေချင်ပါတယ်။
Main Channel Link---⬇️⬇️⬇️⬇️ 📱🤩 http://t.me/addlist/-EzJ-VtvfuRhOWJl ဇာတ်ကားကြည့်ရန် ⬇️⬇️⬇️⬇️ 📱🤩 https://t.me/Thai_Series_MMB/2435 🚨 🅰️🅰️🅰️🅰️🅰️  🅰️🅰️🅰️🚨

ထိုင်းအောက်လမ်း ဟော်ရာကားကောင်းကောင်းမှ ကြိုက်ပါတယ်ဆိုတဲ့ ပရိသတ်ကြီးအတွက် ၂၀၂၆ ခုနှစ်ထွက် ထိုင်းဇာတ်ကားသစ်ကြီးကို တင်ဆက်ပေးလိ
ထိုင်းအောက်လမ်း ဟော်ရာကားကောင်းကောင်းမှ ကြိုက်ပါတယ်ဆိုတဲ့ ပရိသတ်ကြီးအတွက် ၂၀၂၆ ခုနှစ်ထွက် ထိုင်းဇာတ်ကားသစ်ကြီးကို တင်ဆက်ပေးလိုက်ပါပြီဗျာ။ -------------------- ဒီကားကတော့ အောက်လမ်းပညာကားတွေထဲမှာ နာမည်ကြီးတဲ့ ကာရိုက်တာတစ်ခုဖြစ်တဲ့ ပါနော ရဲ့ အဆက်ဇာတ်လမ်းပဲ ဖြစ်ပါတယ်။ မှတ်ဉာဏ်တွေပျောက်ဆုံးနေတဲ့ ပါနောတစ်ယောက် ဆေးကုသပေးတဲ့ ဆရာမလေးတစ်ယောက်အနေနဲ့ ဘဝသစ်ကို ဖြတ်သန်းဖို ကြိုးစားနေတာပါ။ ဒါပေမဲ့ သူ့ရဲ့ အစစ်အမှန် စွမ်းအားတွေ နိုးထမလာခင်စပ်ကြားမှာတင် ပါနောတစ်ယောက် ပတ်ဝန်းကျင်က လူတွေရဲ့ အမြဲတမ်း အထင်လွဲမှားမှုတွေ၊ အပြစ်တင်မှုတွေကို ဆက်တိုက် ခံလာရပါတယ်။ ပိုဆိုးတာက ပတ်ဝန်းကျင်မှာ လူသေမှုတွေဖြစ်လာတဲ့အခါ လူတွေက ပါနောကိုပဲ လူသတ်သမားဆိုပြီး ဝိုင်းဝန်းစွပ်စွဲလာကြတဲ့အခါမှာတော့… Main Channel Link---⬇️⬇️⬇️⬇️ 📱🤩 http://t.me/addlist/-EzJ-VtvfuRhOWJl ဇာတ်ကားကြည့်ရန် ⬇️⬇️⬇️⬇️ 📱🤩 https://t.me/korea_drama10/1493 🚨 🅰️🅰️🅰️🅰️🅰️  🅰️🅰️🅰️🚨

တရားဥပဒေက လက်တွန့်နေချိန်မှာ စစ်သည်ဟောင်းတစ်ဦးရဲ့ သွေးအေးအေး လက်စားချေမှု" S*e*n*t*i*n*e*l*l*e (2021) ပြင်သစ်တပ်မတော်မှာ စကား
တရားဥပဒေက လက်တွန့်နေချိန်မှာ စစ်သည်ဟောင်းတစ်ဦးရဲ့ သွေးအေးအေး လက်စားချေမှု" S*e*n*t*i*n*e*l*l*e (2021) ပြင်သစ်တပ်မတော်မှာ စကားပြန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ကလော်ဒီယာ (Klara) ဟာ စစ်ပွဲရဲ့ စိတ်ဒဏ်ရာတွေနဲ့အတူ အမိမြေ နိစ် (Nice) မြို့ကို ပြန်လာပြီး လုံခြုံရေးတပ်ဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ပါတယ်။ တစ်ညမှာတော့ သူမရဲ့ညီမဖြစ်သူဟာ ရုရှားလူကုံထံတစ်ဦးရဲ့ ပါတီပွဲတစ်ခုကို သွားရာကနေ မုဒိမ်းကျင့် ရိုက်နှက်ခံရပြီး သတိမေ့မြောသွားပါတယ်။ တရားဥပဒေက အပြစ်ရှိသူကို အရေးမယူနိုင်တဲ့အခါမှာတော့ စစ်မြေပြင်က သင်ကြားပေးလိုက်တဲ့ သူမရဲ့ တိုက်ခိုက်ရေးစွမ်းရည်တွေကို အသုံးပြုပြီး ညီမဖြစ်သူအတွက် ကိုယ်တိုင် လက်စားချေဖို့ ကြိုးပမ်းပါတော့တယ်။ 🍀ချန်နယ်ကိုအရင်နှိပ်ပေးပါ🍀⬇️ http://t.me/addlist/-EzJ-VtvfuRhOWJl ☘️ဇာတ်ကားကြည့်ရန်လင့်☘️⬇️ https://t.me/steel_movie/890

ခွေးထိရင်ဓားကြည့်ဆိုတဲ့ John Wickကြီးလိုပဲ သမီးထိရင် မီးပွင့်သွားမယ်ဆိုတဲ့ အထူးအေးဂျင့်ဟောင်းကြီးတစ်ယောက် ဘလိုမျိုးဖြုတ်ပေးမလ
ခွေးထိရင်ဓားကြည့်ဆိုတဲ့ John Wickကြီးလိုပဲ သမီးထိရင် မီးပွင့်သွားမယ်ဆိုတဲ့ အထူးအေးဂျင့်ဟောင်းကြီးတစ်ယောက် ဘလိုမျိုးဖြုတ်ပေးမလဲဆိုတာကတော Ho-mefr--ont (2013) ဇာတ်လမ်းအကျဉ်း DEA အေးဂျင့် Phil Broker ဟာ မူးယစ်ဂိုဏ်းတစ်ခုကို ဝင်ရောက်စီးနင်းရာမှာ သူဖမ်းဆီးရမယ့် တရားခံဖြစ်သူ (ဂိုဏ်းချုပ်ရဲ့သား) ဟာ သူ့မျက်စိရှေ့တင် သေဆုံးသွားခဲ့ပါတယ်။ ဒီဖြစ်ရပ်ကြောင့် စိတ်ထိခိုက်ပြီး အလုပ်အပေါ် စိတ်ကုန်သွားတဲ့ Broker ဟာ အလုပ်ကနေ အနားယူကာ သမီးဖြစ်သူနဲ့အတူ လူသူမသိတဲ့ မြို့လေးတစ်မြို့မှာ အေးအေးချမ်းချမ်း နေထိုင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ သမီးဖြစ်သူ ကျောင်းမှာ ပြဿနာတစ်ခု ဖြစ်ပွားရာကနေတစ်ဆင့် အဲဒီဒေသက မူးယစ်ဆေးဝါး ရောင်းဝယ်သူ Gator Bodine (James Franco) နဲ့ ထိပ်တိုက်တွေ့ဖို့ အကြောင်းဖန်လာပါတယ်။ Gator ဟာ Broker ရဲ့ အတိတ်က အကြောင်းအရာတွေကို သိသွားတဲ့အခါမှာတော့ Broker ရဲ့ မိသားစု ဘေးကင်းရေးဟာ ခြိမ်းခြောက်ခံလာရပြီး သူတို့ရဲ့အေးချမ်းတဲ့ဘဝလေးကိုကာကွယ်ဖို့အတွက်Brokerတစ်ယောက် လက်နက်ပြန်ကိုင်ဖို့ ဖြစ်လာပါတယ်။ 🍀ချန်နယ်ကိုအရင်နှိပ်ပေးပါ🍀⬇️ http://t.me/addlist/-EzJ-VtvfuRhOWJl ☘️ဇာတ်ကားကြည့်ရန်လင့်☘️⬇️ https://t.me/fox_mmsubch/591

P_a-t_r-_i-o_t (2-0-2-6) =================== မင်းသားကြီး Ma.mmo.otty, Mo.han.lal နဲ့ Kun.cha.cko Bo.ha.n တို့ ၃ ယောက် အပြိုင်
P_a-t_r-_i-o_t (2-0-2-6) =================== မင်းသားကြီး Ma.mmo.otty, Mo.han.lal နဲ့ Kun.cha.cko Bo.ha.n တို့ ၃ ယောက် အပြိုင်ကြဲမဲ့ မလေယာလမ်ဇာတ်ကားသစ်ကြီးကို ခုပဲတင်ဆက်ပေးလိုက်ပါပြီ။ အများအကျိုးအတွက် လူထုအကျိုးအတွက်ဆိုတဲ့စကားကို ဖန်တရာထေနေအောင် ချိုမြမြ စကားလုံးတွေသုံးနှုန်းပြနေတဲ့ နည်းပညာကော်ပိုရိတ်လုပ်ငန်းကြီးတွေက တကယ်ပဲ ယုံကြည်လို့ရလောက်ရဲ့လား။ လုံခြုံရေးဆိုတဲ့ စကားလုံး ၃ လုံးရဲ့နောက်ကွယ်မှာ ကျွန်တော်တို့တွေ ဘယ်လောက်ထိ ကိုယ်ရေးအချက်အလက်တွေ ခိုးယူခံနေရ ချိုးဖောက်ခံနေရလဲ။ နည်းပညာက သိပ်ကို ခေတ်ရှေးပြေးနေပေမဲ့ ဒါတွေကိုအမီမလိုက်နိုင်တဲ့ အမီလိုက်ဖို့အခက်တွေ့နေတဲ့လူတန်းစားတစ်ရပ်အတွက် ခေတ်မီနည်းပညာဆိုတာ အသွားထက်ထက် နှစ်ဖက်သွားနဲ့ ဓားတစ်လက်ဖြစ်နေတာကို အကောင်းဆုံး ပုံဖော်ရိုက်ကူးထားတဲ့ Pa.tri.ot ဆိုတဲ့ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါပြီ။ အသက်တစ်ချောင်းနဲ့ ကိုယ်ရေးကိုယ်တာချိုးဖောက်ခံရမှု လူတောင်သေမှတော့ ကိုယ်ရေးကိုယ်တာဆိုတာ ဘာအရေးလဲတဲ့ ဒါကိုအခြေခံပြီး တည်ဆောက်ထားတဲ့ပယ်ရီစကုပ် ဆော့ဖ်ဝဲလ်ဟာ ဝန်ကြီးကစ ကလေးအဆုံး လူတိုင်းရဲ့ဘဝကို နေရာယူလာခဲ့တာပေါ့။ ဒီပယ်ရီစကုပ်ရဲ့မိခင်ကုမ္ပဏီကတော့ Sh.ak.ti So.luti.on ဆိုတဲ့ နည်းပညာကုမ္ပဏီကြီးဖြစ်ပြီး CEO ကတော့ စစ်ပြန်ဘဝကနေ နည်းပညာသမားဖြစ်လာသူ မျိုးချစ်ကြီးပေါ့။ ပယ်ရီစကုပ်ရဲ့ မူလရည်ရွယ်ချက်တွေ သန့်စင်ခဲ့ပေမဲ့ ကာလရွေ့လျားလာတာနဲ့အမျှ လူတွေပြောင်းလဲလာချိန်မှာတော့ ဒီပယ်ရီစကုပ်ဟာ ချိန်ကိုက်ဗုံးဖြစ်လာပါတော့တယ်။ ဒါကို ပြည်သူကို သတိပေးဖို့ကြိုးစားခဲ့တဲ့ ဝန်ကြီးရဲ့ သိပ္ပံ နည်းပညာအကြံပေး ဒန်နီယယ်ကတော့ ကော်ပိုရိတ်လုပ်ငန်းကြီးနဲ့ သူ့ရဲ့အပေါင်းအပါ ရာထူးမြင့်အရာရှိတွေရဲ့ ချောက်တွန်းမှုတွေကြားမှာ ရွာပြင်ရောက်သွားတဲ့ သစ္စာဖောက်ဖြစ်သွားတော့တာပေါ့။ ဉာဏသမားဒန်နီယယ်တစ်ယောက် ဓနရှင် အာဏာရှင်တွေက အဖတ်ဖတ်က ပိတ်ဆို့ ဖမ်းဆီးနေတဲ့ကြားကနေ ဘယ်လိုအကွက်ရွှေ့ပြီး နောက်ကွယ်က လက်မည်းကြီးတွေကို ဖော်ထုတ် တွန်းလှန်သွားမလဲဆိုတာကို ရင်ဖိုစွာနဲ့ ကြည့်ရှုလိုက်ကြပါဦးစို့။ 🍀ချန်နယ်ကိုအရင်နှိပ်ပေးပါ🍀⬇️ http://t.me/addlist/-EzJ-VtvfuRhOWJl     ☘️ဇာတ်ကားကြည့်ရန်လင့်☘️⬇️ https://t.me/thoon_blw/1347

ဘဏ်ပေါင်းများစွာကို ဘယ်သူမှရိပ်မိခြင်းမရှိဘဲ ဖောက်ထွင်းခဲ့တဲ့ ငွေတွေအကုန်ပြန်ပေးပြီး အလင်းဝင်ဖို့ ကြိုးစားပေမယ့် FBI ကိုယ်တို
ဘဏ်ပေါင်းများစွာကို ဘယ်သူမှရိပ်မိခြင်းမရှိဘဲ ဖောက်ထွင်းခဲ့တဲ့ ငွေတွေအကုန်ပြန်ပေးပြီး အလင်းဝင်ဖို့ ကြိုးစားပေမယ့် FBI ကိုယ်တိုင်က ဗီလိန်ဖြစ်နေတဲ့အခါ..." Ho--*nest Thi--*ef (2020) Tom Dolan ဟာ ဘဏ်ပေါင်းများစွာကို ဘယ်သူမှရိပ်မိခြင်းမရှိဘဲ ဖောက်ထွင်းခဲ့တဲ့ "In-and-Out Bandit" လို့ လူသိများတဲ့ နာမည်ကျော်ဘဏ်ဓားပြတစ်ဦးပါဒါပေမဲ့Annie ဆိုတဲ့ အမျိုးသမီးနဲ့ တွေ့ဆုံပြီးချစ်ကြိုက်မိသွားတဲ့အခါမှာတော့သူဟာအတိတ်ကအမှားတွေကိုပြင်ဆင်ပြီးဘဝသစ်ကို ရိုးရိုးသားသားဖြတ်သန်းချင်လာပါတယ်။ ဒါကြောင့်သူခိုးယူထားတဲ့ ငွေတွေကို အပ်နှံပြီးအပြစ်ဒဏ်ကို လျှော့ပေါ့ခံယူဖို့ FBI နဲ့ ဆက်သွယ်ခဲ့ပါတယ် ဒါပေမဲ့ ကံဆိုးချင်တော့ သူနဲ့တွေ့ရတဲ့ FBI အေးဂျင့်နှစ်ယောက်ဟာ လောဘတက်ပြီးTomရဲငွေတွေကိုအပိုင်စီးဖို့ ကြိုးစားရာကနေလူသတ်မှုဖြစ်ပွားလာတော့တယ် အဆုံးမှာတော့Tomဟာမိမိကိုယ်ကို အပြစ်ကင်းစင်ကြောင်းသက်သေပြဖို့နဲ့ ချစ်သူကို ကာကွယ်ဖို့အတွက်သူကျွမ်းကျင်တဲ့ဗုံးဖောက်ခွဲမှု နည်းပညာတွေတိုက်ခိုက်ရေးစွမ်းရည်တွေကိုသုံးပြီးပြန်လည်တိုက်ခိုက်ရပါတော့တယ်။ Main Channel Link---⬇️⬇️⬇️⬇️ 📱🤩 http://t.me/addlist/-EzJ-VtvfuRhOWJl ဇာတ်ကားကြည့်ရန် ⬇️⬇️⬇️⬇️ 📱🤩 https://t.me/yoteshinzone/419 🚨 🅰️🅰️🅰️🅰️🅰️  🅰️🅰️🅰️🚨

အကျဉ်းသားတွေကို လုပ်ကြံသတ်ဖြတ်ရေးသမားတွေအဖြစ် အသုံးချနေတဲ့ အကျင့်ပျက်ခြစားနေတဲ့ ထောင်မှူးကို မျိုးဖြုတ်ကြမယ့် ဆရာကြီး ၄ ယောက်
အကျဉ်းသားတွေကို လုပ်ကြံသတ်ဖြတ်ရေးသမားတွေအဖြစ် အသုံးချနေတဲ့ အကျင့်ပျက်ခြစားနေတဲ့ ထောင်မှူးကို မျိုးဖြုတ်ကြမယ့် ဆရာကြီး ၄ ယောက် T--*he.Pri--son--**er (1990) ထိပ်တန်းမင်းသားကြီး ၄ ယောက် ဆုံတွေ့ထားတဲ့ ဂန္ထဝင်အကျဉ်းထောင်အက်ရှင်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ရဲအရာရှိ Wei ဟာ သူ့ယောက္ခမလောင်း လုပ်ကြံခံရတဲ့အမှုကို စုံစမ်းဖို့ အကျဉ်းထောင်ထဲကို နာမည်လွှဲနဲ့ တမင်အဖမ်းခံပြီး ဝင်ရောက်ခဲ့ရာက စတင်ပါတယ်။ ထောင်ထဲမှာ မတူညီတဲ့ နောက်ခံအကြောင်းအရင်း အသီးသီးနဲ့ ရောက်နေကြတဲ့ Lung၊ Lau၊ Fatty တို့နဲ့ ဆုံတွေ့ပြီး ထောင်တွင်းက ဖိနှိပ်မှုတွေနဲ့ အကျင့်ပျက်ခြစားမှုတွေကို ရင်ဆိုင်ကြရပါတယ်။ နောက်ဆုံးမှာတော့ အဂတိလိုက်စားတဲ့ ထောင်ပိုင်ကြီးရဲ့ အစီအစဉ်အရ သူတို့လေးဦးဟာ အန္တရာယ်ကြီးမားတဲ့ အသေခံစစ်ဆင်ရေးတစ်ခုမှာ ပါဝင်ခိုင်းစေခြင်း ခံရပါတယ်။ ဒီဇာတ်ကားဟာ Jackie Chan ရဲ့ တခြားကားတွေနဲ့မတူဘဲ အက်ရှင်အပြင် ခံစားချက်ပြင်းပြင်းထန်ထန်နဲ့ ရင်နင့်စရာ ဇာတ်သိမ်းပိုင်းကို ပေးစွမ်းနိုင်တဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ Main Channel Link---⬇️⬇️⬇️⬇️ 📱🤩 http://t.me/addlist/-EzJ-VtvfuRhOWJl ဇာတ်ကားကြည့်ရန် ⬇️⬇️⬇️⬇️ 📱🤩 https://t.me/filmetmv_4/75 🚨 🅰️🅰️🅰️🅰️🅰️  🅰️🅰️🅰️🚨

အရင်ကတစ်သက်လုံး ယုံကြည်ခဲ့တဲ့ သူငယ်ချင်းတွေ ရန်သူတွေဖြစ်ကုန်ပြီး လက်စားချေဖို့ဖြစ်လာကြတဲ့အခါ Fate (2008) IMDb : 6.5/10 ငယ်ငယ်
အရင်ကတစ်သက်လုံး ယုံကြည်ခဲ့တဲ့ သူငယ်ချင်းတွေ ရန်သူတွေဖြစ်ကုန်ပြီး လက်စားချေဖို့ဖြစ်လာကြတဲ့အခါ Fate (2008) IMDb : 6.5/10 ငယ်ငယ်ကတည်းက ရင်းနှီးခဲ့တဲ့ သူငယ်ချင်း ၄ ယောက်ဟာ ဂိုဏ်းစတားလောကမှာ အတူကျင်လည်နေကြသူတွေပါ။ တစ်နေ့မှာ သူတို့ရဲ့ ဂိုဏ်းခေါင်းဆောင်ဆီက ပိုက်ဆံတွေ ခိုးယူပြီး ဒီလောကကနေ အပြီးအပိုင် ထွက်ခွာဖို့ ကြံစည်ခဲ့ကြပါတယ်။ ဒါပေမဲ့ သူငယ်ချင်း ၄ ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ ချောဂျွန်း (Kwon Sang Woo) ရဲ့ လောဘကြောင့် အစီအစဉ်က ပျက်စီးသွားပြီး အူမင် (Song Seung Heon) လည်း ထောင်ကျသွားခဲ့ရပါတယ်။ အူမင် ထောင်ကနေ ပြန်ထွက်လာတဲ့အခါ အရင်က ရင်ဖွဲ့ခဲ့တဲ့ သူငယ်ချင်းတွေ အားလုံးက ရန်သူတွေ ဖြစ်ကုန်ပြီး သစ္စာဖောက်ခဲ့တဲ့ ချောဂျွန်းကိုရော၊ သူ့ကို ကျောခိုင်းသွားတဲ့ အခြားသူငယ်ချင်းတွေကိုပါ လက်စားချေဖို့ ခရီးစဉ်တစ်ခု စတင်လိုက်တဲ့အခါ… Main Channel Link---⬇️⬇️⬇️⬇️ 📱🤩 http://t.me/addlist/-EzJ-VtvfuRhOWJl ဇာတ်ကားကြည့်ရန် ⬇️⬇️⬇️⬇️ 📱🤩 https://t.me/flexx2345/489 🚨 🅰️🅰️🅰️🅰️🅰️  🅰️🅰️🅰️🚨

ရည်းစားဟောင်းဆိုင်ကယ်ကို ငှားစီးခါမှ ဆိုင်ကယ်ဦးထုပ်ထဲ ဗုံးပါလာသောအခါ ပစ္စည်းပို့ရင်း လူသတ်မှုနဲ့ ပတ်မိသွားတဲ့ ဆိုင်ကယ်သမား Qu
ရည်းစားဟောင်းဆိုင်ကယ်ကို ငှားစီးခါမှ ဆိုင်ကယ်ဦးထုပ်ထဲ ဗုံးပါလာသောအခါ ပစ္စည်းပို့ရင်း လူသတ်မှုနဲ့ ပတ်မိသွားတဲ့ ဆိုင်ကယ်သမား Quick (2011) IMDb : 5.7/10 ဆိုင်ကယ်စီး ပစ္စည်းပို့သမားတစ်ယောက်။ သူဟာ မြို့ရဲ့လမ်းတွေ၊ ယာဉ်ကြောတွေ၊ ရဲတွေရဲ့ အချိန်ကိုက်တွေကို လက်ချောင်းထိပ်လို သိတယ်။ အချိန်တိုအတွင်း ပစ္စည်းပို့နိုင်တဲ့အတွက် ဝန်ဆောင်ခလည်း ကောင်းတယ်။ သူ့အတွက် တော်တော်တွက်ချေကိုက်တဲ့ အလုပ်ပါ။ တစ်နေ့မှာ သူပစ္စည်းသွားယူတဲ့ အဆောက်အအုံမှာ ဗုံးပေါက်ကွဲတယ်။ နောက်တစ်ရက် ပစ္စည်းပို့နေချိန် သူ့ဦးထုပ်ထဲမှာ ဗုံးရှိတယ်လို့ အမည်မသိ ဖုန်းခေါ်ဆိုမှုတစ်ခုက ခြိမ်းချောက်တယ်။ရဲတွေက အဆောက်အအုံပေါက်ကွဲမှုအတွက် ပစ္စည်းပို့သူကို အဓိက သံသယရှိလာတဲ့အခါ Main Channel Link---⬇️⬇️⬇️⬇️ 📱🤩 http://t.me/addlist/-EzJ-VtvfuRhOWJl ဇာတ်ကားကြည့်ရန် ⬇️⬇️⬇️⬇️ 📱🤩 https://t.me/neck_movie/610 🚨 🅰️🅰️🅰️🅰️🅰️  🅰️🅰️🅰️🚨

ဘေးအိမ်က အငြိုးကြီးတဲ့ သရဲမ Our House (2025) IMDb : 5.8/10 မိသားစုတစ်ခုကို ပိုင်ဆိုင်ရပြီဆို ပထမဆုံး လိုချင်လာတာ အိမ်လေးတစ်လု
ဘေးအိမ်က အငြိုးကြီးတဲ့ သရဲမ Our House (2025) IMDb : 5.8/10 မိသားစုတစ်ခုကို ပိုင်ဆိုင်ရပြီဆို ပထမဆုံး လိုချင်လာတာ အိမ်လေးတစ်လုံးပါပဲ။အရောင်းဌာနဝန်ထမ်း ဝင်းနဲ့ ဖတ်တို့လင်မယားလည်း ဒီလိုပဲပေါ့။ဖြစ်ချင်တော့ ဖတ်ကလည်း ကိုယ်လေးလက်ဝန်နဲ့ဆိုတော့ ကိုယ်ပိုင်အိမ်လေးတစ်လုံးရဖို့ ဖတ်တစ်ယောက် အပူတပြင်းကြိုးစားချိန်မှာ ဘတ် ၃ သန်းပဲပေးရတဲ့ သစ်သားလုံးချင်းအိမ်လေးကို မျက်စိကျသွားပါတယ်။ဈေးသက်သာပေမဲ့ အိမ်အကောင်းစားဖြစ်နေတဲ့အတွက် ကံစမ်းမဲပေါက်သလို ဝင်းတစ်ယောက် ဝမ်းသာပီတိဖြာနေတာပေါ့လေ။ ဒါပေမဲ့ ဈေးသက်သာလွန်းနေတဲ့ဒီအိမ်ကြီးရဲ့ နောက်ကွယ်ကပြဿနာတွေကိုတော့ ဝင်းရောဖတ်ပါ သတိမထားမိခဲ့သလို သံသယလည်းမဝင်ခဲ့ပါဘူး။ဒါပေမဲ့ အိမ်စပြင်ချိန်ကစလို့ သဘာဝလွန်ဖြစ်ရပ်တွေ တစ်ခုပြီးတစ်ခုကြုံလာရတဲ့အခါ……… ဒီအိမ်ကြီးမှာရှိနေတာ သူတို့လင်မယားပဲ မဟုတ်နေတဲ့အပြင် အိမ်နီးချင်းတွေကပါ သာမန်မဟုတ်တာကို သိလိုက်ရချိန်မှာတော့……… Main Channel Link---⬇️⬇️⬇️⬇️ 📱🤩 http://t.me/addlist/-EzJ-VtvfuRhOWJl ဇာတ်ကားကြည့်ရန် ⬇️⬇️⬇️⬇️ 📱🤩 https://t.me/Thai_Series_MMB/2427 🚨 🅰️🅰️🅰️🅰️🅰️  🅰️🅰️🅰️🚨

ပေါက်ကရ ပညာရှင်နှင့် သူ့မိန်းမ 9ယောက် Flirting Scholar (1993) IMDb : 7.6/10 ဟာသလောကရဲ့ ဘုရင် Stephen Chow ရဲ့ အကောင်းဆုံးလက်ရ
ပေါက်ကရ ပညာရှင်နှင့် သူ့မိန်းမ 9ယောက် Flirting Scholar (1993) IMDb : 7.6/10 ဟာသလောကရဲ့ ဘုရင် Stephen Chow ရဲ့ အကောင်းဆုံးလက်ရာတစ်ခုဖြစ်ပြီး ကြည့်ရတာ တကယ်ကို တန်တဲ့ကားပါ။ Tong Pak Fu ရဲ့ ပါးနပ်မှုတွေနဲ့ Chow Heung ရဲ့ အလှအပကြားမှာ ပရိသတ်ကို တဝါးဝါးတဟားဟား ရယ်မောစေမှာ အသေအချာပါပဲ။ ဇာတ်လမ်းရဲ့ အနှစ်သာရက "အချစ်စစ်အတွက် ဂုဏ်ဒြပ်တွေကို စွန့်လွှတ်ရဲပုံ" ကို ဟာသနှောပြီး တင်ဆက်ထားတာ ဖြစ်ပါတယ်။ အပန်းဖြေချင်သူတွေနဲ့ ဟာသကားကြိုက်သူတွေအတွက် အမြဲတမ်း Number 1 ဖြစ်နေမယ့် ကားဟောင်းလေး ဖြစ်ပါတယ်။ ။ Main Channel Link---⬇️⬇️⬇️⬇️ 📱🤩 http://t.me/addlist/-EzJ-VtvfuRhOWJl ဇာတ်ကားကြည့်ရန် ⬇️⬇️⬇️⬇️ 📱🤩 https://t.me/fox_thaimovie/896 🚨 🅰️🅰️🅰️🅰️🅰️  🅰️🅰️🅰️🚨

လူမသတ်ချင်တော့လို အေးဆေး နေကာမှ ကျားမှီးလာဆွဲတဲ့ မာဖီးယားတွေကို ရှယ်ဆုံးမ မယ့် လူကြမ်းကြီး The Punisher: One Last Kill (2026)
လူမသတ်ချင်တော့လို အေးဆေး နေကာမှ ကျားမှီးလာဆွဲတဲ့ မာဖီးယားတွေကို ရှယ်ဆုံးမ မယ့် လူကြမ်းကြီး The Punisher: One Last Kill (2026) IMDb : 9.5/10 Frank Castle (Jon Bernthal) ဟာ သူ့မိသားစုအတွက် လက်စားချေပြီးသွားတဲ့နောက် သွေးထွက်သံယိုတွေနဲ့ ဝေးဝေးနေဖို့ ကြိုးစားရင်း ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းဖို့ လုပ်နေပါတယ်။ ဒါပေမဲ့ ခပ်ဆိုးဆိုး ဂိုဏ်းစတားခေါင်းဆောင် Ma Gnucci က သူ့ကို လာရန်စပြီး လူမိုက်တွေလွှတ်ကာ လုပ်ကြံခိုင်းတဲ့အခါမှာတော့… ငြိမ်နေတဲ့ကျား အမြီးအဆွဲခံလိုက်ရသလို ဖြစ်သွားပါတော့တယ်။ ဒီတစ်ခါ Frank Castle ရဲ့ လက်စားချေပွဲဟာ သွေးထွက်သံယိ လွန်ကဲပြီး အကြမ်းစား တိုက်ခိုက်ခန်းတွေက John Wick ကို အံတုနိုင်တဲ့အဆင့် ရှိပါတယ်။ယ် Main Channel Link---⬇️⬇️⬇️⬇️ 📱🤩 http://t.me/addlist/-EzJ-VtvfuRhOWJl ဇာတ်ကားကြည့်ရန် ⬇️⬇️⬇️⬇️ 📱🤩 https://t.me/ya_ta_zone/750 🚨 🅰️🅰️🅰️🅰️🅰️  🅰️🅰️🅰️🚨

လူမသတ်ချင်တော့လို့ ကျွန်းပေါ်မှာ တစ်ကိုယ်ထဲ အနားယူနေတဲ့ ဘဲကြီးကိုမှ ရန်သွားစမိကြတဲ့အခါ ကတုံးမင်းသားရဲ့ အသစ်ထွက်ရှိလာတဲ့ ရှယ်က
လူမသတ်ချင်တော့လို့ ကျွန်းပေါ်မှာ တစ်ကိုယ်ထဲ အနားယူနေတဲ့ ဘဲကြီးကိုမှ ရန်သွားစမိကြတဲ့အခါ ကတုံးမင်းသားရဲ့ အသစ်ထွက်ရှိလာတဲ့ ရှယ်ကြမ်းတဲ့ အက်ရှင် Shelter (2026) IMDB - 7.4/10 စကော့တလန်ကျွန်းလေးပေါ်မှာ အေးအေးဆေးဆေး အနားယူနေတဲ့ ထိပ်တန်းလူသတ်သမားဟောင်း မေဆင်။ ဒုက္ခရောက်နေတဲ့ ကောင်မလေးတစ်ယောက်ကို ကယ်တင်လိုက်မိရာကနေ MI6 တစ်ဖွဲ့လုံးနဲ့ 'ထိပ်•တိုက်' တွေ့ပါတော့တယ်။ "Greenland" ဒါရိုက်တာရဲ့ လက်ရာဖြစ်လို့ အက်ရှင်ကွက်တွေက ခပ်ကြမ်းကြမ်းနဲ့ 'ရင်•ခုန်•စရာ' အပြည့်ပါပဲ။ တစ်နိုင်ငံလုံးက ကြေးစားတွေကြားထဲမှာ မေဆင် ဘယ်လို 'ဖောက်•ထွက်' မလဲဆိုတာ ရှုစားလိုက်ပါ။ Main Channel Link---⬇️⬇️⬇️⬇️ 📱🤩 http://t.me/addlist/-EzJ-VtvfuRhOWJl ဇာတ်ကားကြည့်ရန် ⬇️⬇️⬇️⬇️ 📱🤩 https://t.me/mm_mrtv4/555 🚨 🅰️🅰️🅰️🅰️🅰️  🅰️🅰️🅰️🚨

⚡️⚡️ညီအစ်ကိုတွေရဲ့ ၂၀၀၆ ခုနှစ် ရယ်စရာ ဇာတ်မြူးကားဖြစ်တဲ့ လူပုလေး (Little Man) ဟာ ပုံ မှန်မဟုတ်တဲ့ ဇာတ်အိမ်ကို တည်ဆောက်ထားပါတယ
⚡️⚡️ညီအစ်ကိုတွေရဲ့ ၂၀၀၆ ခုနှစ် ရယ်စရာ ဇာတ်မြူးကားဖြစ်တဲ့ လူပုလေး (Little Man) ဟာ ပုံ မှန်မဟုတ်တဲ့ ဇာတ်အိမ်ကို တည်ဆောက်ထားပါတယ်။ ဇာတ်လမ်းအစမှာတော့ အဓိကဇာတ်ကောင်ဖြစ်တဲ့ Calvin Sims ဟာအရွယ်အစားသေးငယ်တဲ့ ရာဇဝတ်သားတစ်ဦးဖြစ်ပြီး၊ ခိုးယူထားတဲ့ စိန်ကို ပြန်ယူ ဖို့အတွက် ကလေးငယ်ဟန်ဆောင်ပြီး အိမ်ထောင်သည် စုံတွဲတစ်တွဲရဲ့ အိမ်ထဲကို ဝင်ရောက်လာပါတယ် ။ ကလေးယူဖို့ဖို့ စောင့်ဆိုင်းနေတဲ့ ဒီစုံတွဲဟာ Calvinကို စွန့်ပစ်ထားတဲ့ ကလေးလို့ ထင်သွားရာကနေ ရယ်စရာ အလွဲတွေ စတင်ပါတော့တယ် ။ဒီရုပ်ရှင်ရဲ့ အဓိကအားသာချက်ကတော့ ရယ်စရာ အရမ်းကောင်းတဲ့ဟာသ တွေပဲ ဖြစ်ပါတယ်။ သရုပ်ဆောင် Marlon Wayans ရဲ့ လူကြီးမျက်နှာနဲ့ ကလေးကိုယ်ခန္ဓာပုံစံ ဖန်တီးမှုဟာ ရူးသွပ်မှုအပြည့်နဲ့ ရယ်စရာကောင်းပါတယ်။ ဖခင်နေရာက သရုပ်ဆောင် တဲ့ Shawn Wayans နဲ့ ကယ်လ်ဗင်ရဲ့ အဆက်မပြတ် ရိုက်နှက်/အော်ဟစ်မှု တွေကဇာတ်လမ်းကို အဆုံးထိ ဆွဲ ခေါ်သွားပါတယ် ။ဒီဇာတ်ကားကဇာတ်ကွက်ထက် ဟာသမြင်ကွင်းများဖြင့် သာ စီထားသော ဟာသဇာတ်ကားတစ်ကားဖြစ်ပါတယ် အရမ်းစဉ်းစားစရာမလိုဘဲ အားပါးတရရယ်ရမယ့် ဟာသကားကို ကြိုက်နှစ်သက်ပါက၊ လူပုလေး Little manက ကြည့်သင့်သော ဇာတ်ကားတစ်ကား ဖြစ်ပါ တယ်ခင်ဗျာ။ Main Channel Link---⬇️⬇️⬇️⬇️ 📱🤩 http://t.me/addlist/-EzJ-VtvfuRhOWJl ဇာတ်ကားကြည့်ရန် ⬇️⬇️⬇️⬇️ 📱🤩 https://t.me/Jack_Movie1/1041 🚨 🅰️🅰️🅰️🅰️🅰️  🅰️🅰️🅰️🚨

ဒုတိယကမ္ဘာစစ်အတွင်း ထင်ရှားခဲ့တဲ့ အမျိုးသမီးသူရဲကောင်း သမိုင်းတစ်လျှောက် အအောင်မြင်ဆုံး အမျိုးသမီးစနိုက်ပါ ဖြစ်သလို World Dea
ဒုတိယကမ္ဘာစစ်အတွင်း ထင်ရှားခဲ့တဲ့ အမျိုးသမီးသူရဲကောင်း သမိုင်းတစ်လျှောက် အအောင်မြင်ဆုံး အမျိုးသမီးစနိုက်ပါ ဖြစ်သလို World Deadliest Sniper ၁၀ ယောက်စာရင်းမှာ နံပါတ်သုံး ချိတ်ခဲ့တဲ့ တဦးတည်းသော ယူကရိန်းသူ ဆိုဗီယက် အမျိုးသမီးစနိုက်ပါ
ဒီနေ့မှာတော့ အပြင်မှာတကယ်ရှိခဲ့တဲ့ ယူကရိန်းသူ ဆိုဗီယက်စနိုက်ပါ တစ်ယောက်အကြောင်းရိုက်ကူးထားတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ် ဒုတိယကမ္ဘာစစ်အတွင်း ထင်ရှားခဲ့တဲ့ အမျိုးသမီးသူရဲကောင်းတစ်ယောက်အကြောင်းပါ။ ဇာတ်ကားစုံCHANNEL JOINရန် 💎 💘🤩 http://t.me/addlist/-EzJ-VtvfuRhOWJl  💘🤩 ဇာတ်ကားကြည့်ရန်နှိပ်ပါ ⬇️ 💘🤩 https://t.me/Stephen_Chow0/1690 🚨 🅰️🅰️🅰️🅰️🅰️  🅰️🅰️🅰️🚨

နာမည်ကျော်မင်းသား ခရစ်စ်ပိုင်းရဲ့ အက်ရှင်ရုပ်ရှင်အသစ်ထွက်လာပါပြီ... ဒူးဒဏ်ရာကြောင့် ဆေးတွေသုံးလို့ အထူးတပ်ဖွဲ့ကနေ အနားယူလိုက်
နာမည်ကျော်မင်းသား ခရစ်စ်ပိုင်းရဲ့ အက်ရှင်ရုပ်ရှင်အသစ်ထွက်လာပါပြီ... ဒူးဒဏ်ရာကြောင့် ဆေးတွေသုံးလို့ အထူးတပ်ဖွဲ့ကနေ အနားယူလိုက်ရတဲ့ အတော်ဆုံး စစ်သားတစ်ယောက်အနေနဲ့ သရုပ်ဆောင်ထားပါတယ်... တပ်ကထွက်လာပြီး အလုပ်မရှိအကိုင်မရှိ အကြွေးတွေနစ်နေချိန်မှာ ကြေးစားစစ်သားအလုပ် လုံခြုံရေးအလုပ်တွေကို လိုက်လျှောက်ရင်း ငွေအများကြီးရမယ့် အလုပ်တစ်ခု တွေ့သွားခဲ့ပါတယ်... အဲဒါကတော့ နိုင်ငံတော်လုံခြုံရေးကို ကာကွယ်ဖို့ဘာလင်က သိပ္ပံပညာရှင်တစ်ယောက်တီထွင်နေတဲ့ ဇီဝလက်နက်တစ်ခုကို သွားဖျက်ဆီးဖို့ ကန်ထရိုက် တာဝန်တစ်ခုပါပဲ စာရင်းမဝင် လျို့ဝှက်စစ်ဆင်ရေးတစ်ခုပေါ့... အဲဒီစစ်ဆင်ရေးကိုအတူသွားကြရင် လွယ်မလိုနဲ့ခက်ပြီး မထင်မှတ်ထားတာတွေ ဖြစ်လာတဲ့အခါ..... ဇာတ်ကားစုံCHANNEL JOINရန် 💎 💘🤩 http://t.me/addlist/-EzJ-VtvfuRhOWJl  💘🤩 ဇာတ်ကားကြည့်ရန်နှိပ်ပါ ⬇️ 💘🤩 https://t.me/moviemmsublink/4769 🚨 🅰️🅰️🅰️🅰️🅰️  🅰️🅰️🅰️🚨

သမားရိုးကျ အိမ်အိုတစ်လုံးအတွင်း သရဲခြောက်တာတွေ သရဲပူးတာတွေ ကို ကြည့်ရတာ ရိုးလာတဲ့သူတွေအတွက်ထိတ်လန့် ခြောက်ခြားတာကိုမှကြိုက်နှ
သမားရိုးကျ အိမ်အိုတစ်လုံးအတွင်း သရဲခြောက်တာတွေ သရဲပူးတာတွေ ကို ကြည့်ရတာ ရိုးလာတဲ့သူတွေအတွက်ထိတ်လန့် ခြောက်ခြားတာကိုမှကြိုက်နှစ်သက်သူတွေ အတွက် ကြည့်ကိုကြည့်သင့်တဲ့ ရုပ်ရှင် ကားကောင်းတစ်ခုဖြစ်ပါတယ်.. ပင်လယ်အတွင်း ပိုင်ရှင်မရှိသော သင်္ဘောတွေကို ဆယ်ယူပြီး ပြန်ရောင်းကာ ဝေစုခွဲယူကြတဲ့ရှာဖွေရေး အဖွဲတစ်ခု ရှိပါတယ်... တစ်ရက်မှာတော့ သူတို အဖွဲကိုလူငယ်တစ်ယောက်က ပျောက်ဆုံးနေသော မှော်ဆန်တဲ့ သင်္ဘောကြီး တစ်ခုအကြောင်းသတင်းလာပေးပါတယ်.. ၎င်းတို အဖွဲလဲ ထိုလူငယ်ဖြစ်သူနှင့်ရာခိုင်နှုန်း ခွဲဝေယူရန် ကတိပေးလိုက်ပြီး သင်္ဘောကြီးကို စတင်ရှာဖွေပါတော့တယ်…. ထို သင်္ဘောကြီးမှာ သူတို ထင်ထားခဲ့သလို ရိုးရှင်းလှသော အရာတစ်ခုမဟုတ်ပဲ ရက်စက်မှုတွေ လျိုဝှတ်မှုတွေသစ္စာဖောက်မှုတွေ နဲ့ ကျိန်စာသင့်ပြီး ဇာတ်ကားစုံCHANNEL JOINရန် 💎 💘🤩 http://t.me/addlist/-EzJ-VtvfuRhOWJl  💘🤩 ဇာတ်ကားကြည့်ရန်နှိပ်ပါ ⬇️ 💘🤩 https://t.me/backup_mv/1081 🚨 🅰️🅰️🅰️🅰️🅰️  🅰️🅰️🅰️🚨

🔗လက်မလွှတ်တမ်းကြည့်ရှူသင့်တဲ့ ဇာတ်ကားလေးတစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကိုပြောရရင်တော့ s-in*g-le fa*th*e*r
🔗လက်မလွှတ်တမ်းကြည့်ရှူသင့်တဲ့ ဇာတ်ကားလေးတစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကိုပြောရရင်တော့ s-in*g-le fa*th*e*r တစ်ယောက်နဲ့ ဖခင်အပေါ်ရော သမီးလေးအပေါ်မှာပါ မေတ္တာရှိတဲ့ အမျိုးသမီးတစ်ယောက်ကြားက ကြည်နူးဖွယ်အချစ်ဇာတ်လမ်းလေးနဲ့ စတင်ထားတာပါ၊ ဒီလိုနဲ့ သူတို့နှစ်ယောက်အတူ ခရီးထွက်ရင်း တောင်ပေါ်ကထူးဆန်းတဲ့နေရာတစ်ခုကို ရောက်သွားကြပါတယ် အဲဒီနေရာမှာ အရုပ်တွေအများကြီးရှိနေပေမဲ့ သာမန်အရုပ်လေးတွေပဲထင်ပြီး လျစ်လျူရှုပြီးနေခဲ့ကြတာပါ အဲဒီလိုနဲ့ အဲဒီအရုပ်တွေရဲ့နောက်ကွယ်ကနေ ခြောက်လှန့်နေတဲ့ အရုပ်မျက်နှာဖုံးနဲ့ စိတ္တဇဆန်ဆန်မိန်းမတစ်ယောက်နဲ့ တွေ့ဆုံတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်မလဲ... သူတို့နှစ်ယောက်လုံး အဲဒီအရုပ်သရဲမ လက်ထဲကနေ လွတ်နိုင်ပါ့မလား...အဲဒီအရုပ်သရဲမရဲ့နောက်ကွယ်ကရော ဘယ်လိုကြောက်မက်ဖွယ်ကောင်းတဲ့ ဇာတ်ကြောင်းတွေရှိနိုင်မလဲဆိုတာ ဇာတ်ကားလေးထဲမှာပဲ ကြည့်ရှုလိုက်ကြရအောင်နော်။ Main Channel Link---⬇️⬇️⬇️⬇️ 📱🤩 http://t.me/addlist/-EzJ-VtvfuRhOWJl ဇာတ်ကားကြည့်ရန် ⬇️⬇️⬇️⬇️ 📱🤩 https://t.me/net_work05/1681 🚨 🅰️🅰️🅰️🅰️🅰️  🅰️🅰️🅰️🚨

☄️ပါကူတာနာဂျဝါလိုခေါ်တဲ့ တောတွေတောင်တွေ ဝန်းရံနေတဲ့ မြိုငယ်လေးမှာ ဟာဒီနီလိုခေါ်တဲ့ ဆွန်ဒန်ကချေသည်တစ်ယောက် ရှိပါတယ်။ ဒါပေမဲ့ ရ
☄️ပါကူတာနာဂျဝါလိုခေါ်တဲ့ တောတွေတောင်တွေ ဝန်းရံနေတဲ့ မြိုငယ်လေးမှာ ဟာဒီနီလိုခေါ်တဲ့ ဆွန်ဒန်ကချေသည်တစ်ယောက် ရှိပါတယ်။ ဒါပေမဲ့ ရိုးရာကချေသည်ဖြစ်တဲ့ဟာဒီနီက နာမည် ဂုဏ်သတင်းတော့ မကောင်းလှပါဘူး။ ဟာဒီနီက ယောက်ျားတွေနဲ့ ပတ်အိပ်နေသလိုလို ပြည့်တန်ဆာပဲ လုပ်စားနေသလိုလို သတင်းတွေထွက်နေပြီး မကြာသေးခင်ကပဲ ဟာဒီနီဆီကပြန်လာပြီး ရုတ်တရက် နှလုံးဖောက်ပြီးသေသွားတဲ့ ကူစ်နိုဆိုသူကလည်းရှိနေတော့ သွားပုပ်လေလွင့်ပြောသူတွေ အတွက် ပြောစရာကြီးဖြစ်နေတာပေါ့။ အမေ့ရဲ့မကောင်းသတင်းတွေကြောင့် နင်ရမ်တစ်ယောက်လည်း အမေနဲ့ မကြာခဏပြဿနာတက်ရပေမဲ့ အမေဖြစ်သူရဲ့ ထူးဆန်းတဲ့ အပြုအမူတွေ လုပ်ရပ်တွေကို နင်ရမ်တစ်ယောက်လည်း နားမလည်နိုင်သလို မေးတော့လည်းဟာဒီနီကမဖြေပြန်ပါဘူး။ ဒီလိုနဲ့ သူတိုသားအမိနှစ်ယောက်ရဲ့ဘဝထဲကို ဂျာလူဆိုတဲ့ လူတစ်ယောက် ဝင်လာချိန်မှာတော့…. ဇာတ်ကားစုံCHANNEL JOINရန် 💎 💘🤩 http://t.me/addlist/-EzJ-VtvfuRhOWJl  💘🤩 ဇာတ်ကားကြည့်ရန်နှိပ်ပါ ⬇️ 💘🤩 https://t.me/Thai_Series_MMB/2395 🚨 🅰️🅰️🅰️🅰️🅰️  🅰️🅰️🅰️🚨

📱အန်ဘူးဆိုတဲ့ဘက်စ်ကားလေးကပြောပြတဲ့ ဇာတ်ကြောင်းလေးပါ တောင်ပေါ်ဒေသလေးမှာ ရိုးရိုးသားသားမြေးအဘွားနှစ်ယောက်ထဲနေကြတယ် တစ်နေ့မြေးမ
📱အန်ဘူးဆိုတဲ့ဘက်စ်ကားလေးကပြောပြတဲ့ ဇာတ်ကြောင်းလေးပါ တောင်ပေါ်ဒေသလေးမှာ ရိုးရိုးသားသားမြေးအဘွားနှစ်ယောက်ထဲနေကြတယ် တစ်နေ့မြေးမလေးကံဆိုးပြီး တဏှာရူးသုံးကောင်ရဲ့ ယုတ်မာမှုကိုခံလိုက်ရတယ် သူ့အဘွားကရဲတိုင်တာပေါ့ရဲကအစကတော့ တကယ်ပဲကိုယ်ချင်းစာသလိုကြိုးစားပမ်းစားလိုက်ပေးတယ် တရားခံဟာ လက်တလောရွေးကောက်ပွဲနိုင်ခြေများတဲ့ အမတ်လောင်းရဲ့သားဆိုတာသိသွားတော့ ငွေမက်ပြီး အဘွားကိုနားချပြီး အမှုပိတ်အဝေးကိုထွက်သွားဖို့ပြောပါတော့တယ် ဘယ်အားကိုးရာမှမရှိတဲ့တောင်ပေါ်ကရိုးသားတဲ့မြေးအဘွား ဒီလိုပဲခံလိုက်ရတော့မှာလား တရားကိုနတ်စောင့်ပါ့မလားဆိုတာ ရှုစားကြည့်ပါဦး ဇာတ်ကားစုံCHANNEL JOINရန် 💎 📱🤩 http://t.me/addlist/-EzJ-VtvfuRhOWJl ဇာတ်ကားကြည့်ရန် ⬇️⬇️⬇️⬇️ 📱🤩 https://t.me/thoon_blw/1300 🚨 🅰️🅰️🅰️🅰️🅰️  🅰️🅰️🅰️🚨