3 971
订阅者
+1324 小时
+607 天
+17730 天
帖子存档
3 979
အစိမ်း gloss
အနက် gloss
အစိမ်း Matt
အနက် Matt
အပြင်မှာဆိုရင်တော့ အနက်ကအတော်ခြောက်ပါတယ်။ပုံနှိပ်နဲ့တော့ ထပ်စိုလို့ရမလားညှိနေပါတယ်။အရောင်ကတော်တော်ခြောက်လို့ အခက်တွေ့နေတာ အနက်က။
3 979
Lwon အတွက်ပြောပြစရာလေးရှိလို့ပါရှင်။
Lwonက အုပ်ရေများတဲ့အတွက် ပုံမှန်ထက်တော့ပိုကြာနိုင်ပါတယ်။
9လပိုင်းကုန်၊10လပိုင်းအပြီးလောက် ရနိုင်တာသေချာဖို့ ကြိုးစားနေပါတယ်ရှင်။
အခုလည်း Cover အတွက် Color ကို ခေါင်းမီးတောက်အောင်ရွေးနေပါတယ်TwT
အစိမ်းပုတ်ရောင်လေးအတိုင်းပဲ ထွက်အောင်လုပ်ရမလား၊အကုန်မဲလိုက်ရမလားတွေးရင်း တိုက်ကော၊အာသာကော၊အားတစ်ကော တိုင်ပတ်နေပါတယ်ရှင်။
3 979
Limited Giftလေးအတွက်ကတော့ ရိုးရိုးရှင်းရှင်း ခဲခြစ် posterလေးတစ်ခုပါပဲ။
ခဲခြစ်လက်ရာကလေးဆိုပဲမယ့် အဓိပ္ပာယ်ကတော့ လေးနက်လွန်းလှပါတယ်။
ဘယ်သူ့စကားကိုမှ အရာမသွင်း စိတ်ထင်ရာစိုင်းတတ်တဲ့ ဂျစ်တစ်တစ်ကောင်ကလေးဟာ ဦးနေရဲ့ စကားတစ်ခွန်းဆိုတစ်ခွန်း ရိုကျိုးစွာ နားထောင်ခဲ့ပြန်ပါတယ်။ထိုသို့ နားထောင်၊ရိုကျိုးရခြင်းရဲ့ အရင်းအမြစ်ဟာ ချစ်ခြင်းမေတ္တာဆိုတာကလွဲ တစ်ခြားမဖြစ်နိုင်ပါပေ။
မြတ်နိုးလွန်းရသူရဲ့ အမိန့်ပေးခြင်းမမည်တဲ့ ဂရုစိုက်၊စိုးရိမ်တဲ့ စကားလုံးတွေဟာ စိုင်းစက်ဉာဏ်ခအတွက်တော့ တစ်သွေမတိမ်းလိုက်နာရမယ့် အရာတွေပါပဲ။
5min Lgလေးဖြစ်တာမလို့ ကလေးတွေအားလုံးရမယ်လို့ မျှော်လင့်ပါတယ်ရှင်။
မနက်ဖြန်ညမှာတော့ book cover အပြင် book details လေးနဲ့ ပြန်တွေ့ကြပါမယ်ရှင်။
3 979
အလုပ်များနေတဲ့ကြားကနေ လာကြိုပြီး ခွဲခန်းဝင်နေတဲ့ဆရာဝန်အိမ်ထောင်ဦးစီးကို စောင့်ရင်း နားနေခန်းထဲမှာအိပ်ငိုက်နေတဲ့ ရှေ့နေကလေးရဲ့ပုံရိပ်ဟာ နှလုံးသားထဲအထိ အမြတ်တနိုးတန်ဖိုးထားချင်စရာပါပဲရှင်။
နှလုံးသားထဲအနက်ရှိုင်းဆုံးထည့်သိမ်းထားချင်စရာပုံရိပ်ကလေးကို မှတ်တမ်းတင်နေသူကတော့ ဒေါက်တာဦးနေလင်းထွဋ်ပါပဲ။
နွေးနွေးထွေးထွေး ဟောသည်ပုံရိပ်ကလေးကတော့ အချပ်ပိုမှာပါဝင်တဲ့အပိုင်းကလေးကို ရေးဆွဲထားခဲ့ခြင်း ဖြစ်ပါတယ်ရှင်။
အချပ်ပိုမှာတော့ နူးနူးညံ့ညံ့ သဲသဲကဲကဲ စကားလုံးကလေးတွေ စာစီရေးဖွဲ့ထားတာဖြစ်လို့ မဖတ်ရသေးတဲ့သူလေးတွေရှိရင် အပြေးလေးသွားဖတ်ကြည့်ကြပါအုန်းနော်။
ဦးနေရဲ့ ချစ်စရာကလေးဆန်တဲ့ ဂျစ်တစ်တစ်စကားလေးတွေပါ တသီကြီး ဖတ်ရှုရအုန်းမှာဖြစ်ပါတယ်ရှင်။
ဒီပုံရိပ်ကလေးကတော့ စာအုပ်ကလေးမှာ Pcလှလှကလေးအဖြစ် ပါဝင်လာမှာဖြစ်ပါတယ်ရှင်။
အကောင်းဆုံးရေးဆွဲပေးခဲ့တဲ့ Artist Foxကိုလည်း စာရေးသူနှင့် Chello’s Radioမှ ကျေးဇူးအများကြီးတင်ပါတယ်ရှင်။
မနက်ဖြန်မှာတော့ lgလေးတစ်ခုနဲ့ တွေ့ကြပါစို့နော်။
3 979
ဒီနေ့တော့ ဗိုင်းကောင်းကျောက်ဖိလေးရဲ့ အလှည့်ရောက်ပြီပေါ့နော်။
ဖဲချပ်တွေအစား ကော်ဖီခွက်လေးကိုင်ပြီး လိမ္မာနေတဲ့ မိုမို့ကို တွေ့ရမှာရှင်။
ဒီpcလေးဟာ ထွေထွေထူးထူးအကြောင်းအရာမျိုးမရှိပဲ စိုင်းစက်ဉာဏ်ခရဲ့ ချောမောမှုကို စာဖတ်သူကလေးတွေကို အနီးကပ်မြင်စေချင်တဲ့ စာအုပ်တိုက်နဲ့စာရေးသူရဲ့ ဖြူစင်တဲ့ စေတနာလေးပဲ ဖြစ်ပါတယ်ရှင်။
အကောင်းဆုံးရေးဆွဲပေးခဲ့တဲ့ Artist Foxကိုလည်း စာရေးသူနှင့် Chello’s Radioမှ ကျေးဇူးအများကြီးတင်ပါတယ်ရှင်။
မနက်ဖြန်မှာတော့ နောက်ထပ်အဓိပ္ပာယ်ပြည့်ဝလွန်းတဲ့ pcကလေးနဲ့ တွေ့ကြရအောင်ပါနော်။
3 979
လပြည့်နေ့လေးဆိုတော့ အပြင်သွားကြမှာသိလို့ မနက်ဖြန်မှ စာအုပ်လေးအတွက် ဆက်ကြေညာမယ်နော်😭
3 979
စာအုပ်ရဲ့ တစ်ခုတည်းသော Chibi PCလေးမှာတော့ ပိုပိုကဲကဲသဲသဲ ဦးနေကိုတွေ့ရမှာဖြစ်ပါတယ်ရှင်။
ကားနဲ့ဝင်တိုက်သူက မိုမိုဖြစ်ပေမယ့် တိုက်ခံရသူကို မပူပဲ သူ့ကလေးလေး ထိခိုက်မှုရှိမရှိ အရင်ဆုံး စစ်ဆေးမေးမြန်းသူဟာ ဦးနေလင်းထွဋ်ပါပဲ။
အလှဆုံးရေးဆွဲပေးတဲ့ Artist SUYIကိုလည်း စာရေးသူနှင့် Chello’s Radioမှ ကျေးဇူးအများကြီးတင်ပါတယ်ရှင်။
မနက်ဖြန်ကျရင်တော့ ဗိုင်းကောင်းကျောက်ဖိလေးဖြစ်သွားမယ့် မိုမိုလေးကို စောင့်မျှော်ပေးကြပါအုန်းနော်။
3 979
သူ့အချစ်…..
သူ့အချစ်က သိပ်လိုတယ်….
အားနည်းချက်များကို အရာရာဖြည့်စည်းဖို့..။
ဟန်ထွန်းသီဆိုထားတဲ့ သီချင်းကလေးကိုကြားတိုင်းပြေးမြင်မိတာက မိုမိုနဲ့ဦးနေပါပဲ။
လူ့ဘဝက သိပ်တိုလွန်းပါတယ်။အရာအားလုံး မပြည့်စုံနိုင်ပါဘူး။
အားလုံးမပြည့်စုံနိုင်တာမလို့
မိုမို့အတွက် ဦးနေ၊
ဦးနေအတွက် မိုမို ရှိနေပေးတာဟာလည်း တစ်နည်းနည်းနဲ့ ပြည့်စုံခြင်းမျိုးပါပဲရှင်။
ယှဉ်တွဲထားတဲ့ လက်လေးနှစ်ဖက်ဟာ တစ်ယောက်အတွက်တစ်ယောက် ထာဝရတည်ရှိနေမယ်ဆိုတဲ့ သက်သေပါပဲရှင်။
အလှဆုံးရေးဆွဲပေးတဲ့ Artist Suu Wae Lynnကိုလည်း စာရေးသူနှင့် Chello’s Radioမှ ကျေးဇူးအများကြီးတင်ပါတယ်ရှင်။
မနက်ဖြန်မှာတော့ Chibi Card ကလေးနဲ့ တွေ့ကြရအောင်ပါရှင်။
