𝗧𝗲𝗰𝗵𝟰𝗨 𝗠𝘆𝗮𝗻𝗺𝗮𝗿 🇲🇲
前往频道在 Telegram
နည်းပညာနှင့် IT ပညာရပ်များကို မြန်မာလို လေ့လာနိုင်မည့် Learning Hub 🇲🇲 💻 Programming • AI • Networking • Cybersecurity 📚 Tutorials • Roadmaps • Free Resources 🎥 YouTube: youtube.com/@tech4u-mm
显示更多5 811
订阅者
-124 小时
+107 天
+7830 天
吸引订阅者
九月 '26
九月 '26
+69
在0个频道中
八月 '26
+150
在2个频道中
Get PRO
七月 '26
+116
在0个频道中
Get PRO
六月 '26
+122
在0个频道中
Get PRO
五月 '26
+176
在0个频道中
Get PRO
四月 '26
+104
在0个频道中
Get PRO
三月 '26
+100
在0个频道中
Get PRO
二月 '26
+103
在1个频道中
Get PRO
一月 '26
+141
在0个频道中
Get PRO
十二月 '25
+152
在0个频道中
Get PRO
十一月 '25
+167
在3个频道中
Get PRO
十月 '25
+218
在2个频道中
Get PRO
九月 '25
+213
在1个频道中
Get PRO
八月 '25
+619
在0个频道中
Get PRO
七月 '25
+1 475
在0个频道中
Get PRO
六月 '25
+1 952
在0个频道中
Get PRO
五月 '25
+900
在2个频道中
| 日期 | 订阅者增长 | 提及 | 频道 | |
| 16 九月 | +2 | |||
| 15 九月 | +2 | |||
| 14 九月 | +5 | |||
| 13 九月 | +3 | |||
| 12 九月 | +2 | |||
| 11 九月 | +5 | |||
| 10 九月 | +8 | |||
| 09 九月 | +3 | |||
| 08 九月 | +8 | |||
| 07 九月 | +2 | |||
| 06 九月 | +3 | |||
| 05 九月 | +9 | |||
| 04 九月 | +4 | |||
| 03 九月 | +5 | |||
| 02 九月 | +3 | |||
| 01 九月 | +5 |
频道帖子
| 2 | 💻 2026 မှာ Programmer ဖြစ်ဖို့ Coding တစ်ခုတည်း မလုံလောက်တော့ဘူး
အရင်က Developer တစ်ယောက်ဖြစ်ဖို့
“Programming Language တစ်ခုကို ကျွမ်းကျင်ရမယ်” ဆိုတာ အဓိကဖြစ်ခဲ့ပါတယ်။
အခုတော့ AI Coding Tools တွေက
Code ရေးပေးနိုင်တယ်၊ Error ရှာပေးနိုင်တယ်၊
Function တစ်ခုလုံးတောင် Generate လုပ်ပေးနိုင်လာပြီ။
ဒါဆို Coding မလေ့လာတော့ရဘူးလား? 🤔
မဟုတ်ပါဘူး။
တကယ်တော့ Coding ကို ပိုနားလည်ဖို့ လိုလာတာပါ။
AI က Code ရေးပေးနိုင်ပေမယ့်—
✅ Requirement ကို မှန်မှန်နားလည်တာ
✅ AI ထုတ်ပေးတဲ့ Code မှန်/မမှန် Review လုပ်တာ
✅ Bug ဖြစ်ရင် Root Cause ရှာတာ
✅ Database / API / System တွေ ဘယ်လိုချိတ်ဆက်လဲ နားလည်တာ
✅ Security Issue ရှိ/မရှိ စစ်တာ
✅ ဘယ် Solution က သင့်တော်လဲ ဆုံးဖြတ်တာ
ဒါတွေကို Developer ကပဲ လုပ်ရပါတယ်။
ဒါကြောင့် 2026 မှာ Beginner Developer တွေက
Syntax ကို memorize လုပ်နေမယ့်အစား
Problem Solving + Fundamentals + AI ကိုမှန်မှန်အသုံးချတတ်ခြင်း
ကို အဓိကထားသင့်ပါတယ်။
AI ကို competitor လို့ မမြင်ပါနဲ့။
AI ကိုသုံးတတ်တဲ့ Developer ဖြစ်အောင် လေ့လာပါ။ 🚀
သင်ကတော့ AI Coding Tools တွေသုံးနေတာလား?
ဒါမှမဟုတ် Manual Coding ကိုပဲ ပိုကြိုက်လား? 👇
#Tech4UMyanmar #Programming #Coding #AI #Developer #MyanmarIT | 406 |
| 3 | 没有文字... | 359 |
| 4 | 🖥️ JavaScript Fundamental + ES6 Zoom Class မှ Arithmetic Operators အကြောင်း ရှင်းလင်းဆွေးနွေးထားသည့် သင်ခန်း video ဖြစ်ပါတယ်ဗျ။
⏩ Video အပြည့်အစုံကို အောက်ပါ link တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ဗျ -
🖇️ https://t.me/tech4uprogramming/262 | 641 |
| 5 | API သုံးနေပေမယ့် ဒီ Terms တွေ မရှင်းသေးဘူးလား? 👀
Request, Response, Endpoint, Token, Status Code…
Developer တိုင်း သိထားသင့်တဲ့ API Basics ကို တစ်ခါတည်း စုထားပေးပါတယ်ဗျ။
API ကို သုံးတတ်တာနဲ့ API ကို နားလည်တာ မတူပါဘူး။
Project လုပ်တဲ့အခါ
Endpoint, Request, Response, Header, Payload, Token, OAuth, Status Code, Rate Limit, Webhook လို terms တွေကို အမြဲတွေ့ရတတ်ပါတယ်။
ဒီ post မှာတော့ API နဲ့ ပတ်သက်တဲ့ basic concepts တွေကို ရိုးရိုးရှင်းရှင်းနဲ့ category ခွဲပြီး စုစည်းထားပါတယ်။
Frontend, Backend, Mobile Development ဘာပဲလုပ်လုပ် API နဲ့ အလုပ်လုပ်မယ်ဆို ဒီ terms တွေကို သိထားတာ အရမ်းအသုံးဝင်ပါတယ်။
📌 အပြည့်အစုံဖတ်ရန်။
#Tech4UMyanmar #API #WebDevelopment #BackendDevelopment #Programming #Coding #Developer #SoftwareDevelopment #RESTAPI | 861 |
| 6 | Programming လေ့လာတဲ့အခါ ဘာနဲ့ note မှတ်လေ့ရှိပါသလဲ❓ | 873 |
| 7 | 📝 Programming သင်တဲ့အခါ Note ဘယ်လိုမှတ်သင့်လဲ?
Programming စလေ့လာတဲ့အခါ လူတော်တော်များများက Tutorial ကြည့်ရင်း…
❌ Slide ထဲကစာအကုန် copy ကူးတယ်
❌ Code အကုန်လိုက်ရေးတယ်
❌ Definition တွေကို စာအုပ်လိုမှတ်တယ်
ဒါပေမယ့် Programming Note က စာမေးပွဲဖြေဖို့မှတ်တဲ့ Note မဟုတ်ပါဘူး။
နောက်တစ်ခါ ကိုယ်မေ့သွားတဲ့အချိန်
မြန်မြန်ပြန်ကြည့်ပြီး သုံးနိုင်ဖို့ မှတ်တဲ့ Note ဖြစ်သင့်ပါတယ်။
ဒါကြောင့် Programming Note မှတ်တဲ့အခါ ဒီလိုမှတ်ကြည့်ပါ 👇
1️⃣ “ဒါက ဘာလဲ?” ကို ကိုယ့်စကားနဲ့ရေးပါ
ဥပမာ
function
ကို လေ့လာနေတယ်ဆိုရင်—
❌ မကောင်းတဲ့ Note
A function is a reusable block of code that performs a specific task.
✅ ပိုကောင်းတဲ့ Note
Function ဆိုတာ တူညီတဲ့ code ကို ထပ်ခါထပ်ခါမရေးရအောင် စုထားပြီး လိုတဲ့အချိန် ပြန်ခေါ်သုံးနိုင်တဲ့ code block တစ်ခု။
ကိုယ်တကယ်နားလည်တဲ့ စကားနဲ့ရေးနိုင်ရင်
အဲဒီ concept ကို တကယ်နားလည်နေပြီလို့ ပြောလို့ရပါတယ်။
2️⃣ Syntax အကုန်မကူးပါနဲ့ — Pattern ကိုမှတ်ပါ
ဥပမာ JavaScript function ဆိုရင်—
function greet(name) {
return "Hello " + name;
}
ပြီးရင် ဒီလို Note လေးထည့်ပါ။
Pattern 👇
function functionName(parameter) {
// code
}
နောက်တစ်ခါပြန်ကြည့်တဲ့အခါ
code အရှည်ကြီးထက် pattern ကိုမြင်တာနဲ့ မှတ်မိတာပိုမြန်ပါတယ်။
3️⃣ “ဘယ်အချိန်သုံးလဲ?” ကို မဖြစ်မနေရေးပါ
Concept တစ်ခုကို သိတာနဲ့ မလုံလောက်ပါဘူး။
ဘယ်နေရာမှာ သုံးရမလဲ သိဖို့ပိုအရေးကြီးပါတယ်။
ဥပမာ—
Array
📌 ဘာလဲ?
Data အများကြီးကို variable တစ်ခုထဲမှာ စုထားတာ။
📌 ဘယ်အချိန်သုံးလဲ?
Users list, products list, student names စတာတွေ သိမ်းချင်တဲ့အခါ။
ဒီလို Example နဲ့တွဲမှတ်ထားရင်
Project ရေးတဲ့အခါ အသုံးချဖို့ပိုလွယ်ပါတယ်။
4️⃣ Error တွေကိုလည်း Note မှတ်ပါ
Programming လေ့လာတဲ့အခါ
Success code တွေချည်း မမှတ်ပါနဲ့။
ကိုယ်ကြုံခဲ့တဲ့ Error တွေက တန်ဖိုးအရှိဆုံး Note ဖြစ်ပါတယ်။
ဥပမာ—
⚠️ Error
ReferenceError: name is not defined
ဘာကြောင့်ဖြစ်တာလဲ?
Variable မကြေညာခင် အသုံးပြုမိတာ။
ဘယ်လိုဖြေရှင်းခဲ့လဲ?
Variable name / scope ကိုပြန်စစ်တယ်။
ဒီလိုမှတ်ထားရင်
နောက်တစ်ခါ Error တူတူကြုံတဲ့အခါ Google ရှာစရာတောင် မလိုတော့ပါဘူး။
5️⃣ Copy မကူးဘဲ “ကိုယ့် Example” နဲ့ရေးပါ
Tutorial မှာ—
let fruits = ["apple", "banana"];
ဆိုပြီးသင်ထားရင် အဲဒါကိုပဲ Note မကူးပါနဲ့။
ကိုယ်တိုင် Example ပြောင်းရေးကြည့်ပါ။
let students = ["Aung", "Su", "Min"];
ဒီလိုလုပ်တာက
ကြည့်ပြီးနားလည်တာ ကနေ
ကိုယ်တိုင်အသုံးချနိုင်တာ ကို ပြောင်းပေးပါတယ်။
6️⃣ Note တစ်ခုမှာ ဒီ 5 ခုရှိရင် လုံလောက်တယ်
Programming Concept တစ်ခုလေ့လာတိုင်း—
1. What? — ဒါကဘာလဲ?
2. Why? — ဘာကြောင့်သုံးတာလဲ?
3. Syntax — ဘယ်လိုရေးလဲ?
4. Example — Example တစ်ခု
5. Mistake — ဖြစ်လေ့ရှိတဲ့ Error / Mistake
ဒီ Template လေးအတိုင်း မှတ်သွားရုံပါပဲ။
💡 အရေးကြီးဆုံးက…
Programming Note က
လှအောင်ရေးဖို့ မဟုတ်ဘူး။
ပြန်ရှာရလွယ်အောင်၊ ပြန်နားလည်ရလွယ်အောင်၊ ပြန်အသုံးချရလွယ်အောင် ရေးဖို့ပါ။
Note 10 pages ရေးထားပြီး Project မရေးတာထက်…
Note 1 page + Code 100 lines ရေးတာက ပိုတိုးတက်စေပါတယ်။ 💻
Programming Note ကို
📒 စာအုပ်နဲ့မှတ်ကြလား?
🖥 Notion / Obsidian နဲ့မှတ်ကြလား?
ပြောခဲ့ပါအုံးဗျ။ 👇
#Tech4UMyanmar #Programming #Coding #LearnProgramming #Developer #ProgrammingTips | 875 |
| 8 | Python Developer ဆို ဒီ Libraries တွေ သိထားသင့်တယ် 🐍
Python က language တစ်ခုတည်းနဲ့ အလုပ်အမျိုးမျိုးလုပ်နိုင်တာက သူ့ရဲ့ ecosystem ကြီးမားလို့ပါ။ 🐍
ဒီ post မှာတော့ Developer တွေအတွက် အသုံးဝင်တဲ့ Python Libraries တွေကို
Web Development
Data Science
Machine Learning & AI
Automation & Scripting
Utilities & Testing
ဆိုပြီး category အလိုက် ခွဲပြီး စုစည်းထားပါတယ်။
Beginner ဖြစ်ဖြစ်၊ Project လုပ်နေတဲ့သူဖြစ်ဖြစ် ကိုယ်လိုတဲ့အချိန် ပြန်ကြည့်လို့ရအောင် Save ထားလိုက်ပါဗျ။
📌 PDF Note version ကိုလည်း Tech4U Myanmar Telegram Channel မှာ Free တင်ပေးထားပါတယ်။
Telegram — @tech4UMM
#Tech4UMyanmar #Python #PythonProgramming #Programming #Coding #Developer #WebDevelopment | 1 044 |
| 9 | 🤖 AI Agent ဆိုတာ ဘာလဲ? ChatGPT နဲ့ ဘာကွာတာလဲ?
အခုနောက်ပိုင်း Tech လောကမှာ
AI Agent, Agentic AI ဆိုတဲ့စကားတွေ မကြာခဏကြားလာရပါတယ်။
ဒါဆို AI Agent ဆိုတာ ChatGPT လို Chatbot တစ်ခုပါပဲလား? 🤔
မတူပါဘူး။
💬 AI Chatbot
သင်က မေးခွန်းမေးတယ် → AI က အဖြေပေးတယ်။
ဥပမာ —
“Python code တစ်ခုရေးပေး”
ဆိုရင် code ရေးပေးနိုင်တယ်။
ဒါပေမယ့် အများအားဖြင့် သင်ခိုင်းတဲ့အရာကို response ပြန်ပေးတာမှာပဲ ရပ်သွားမယ်။
🤖 AI Agent
AI Agent ကတော့
Goal တစ်ခုပေးလိုက်ရင် အဲ့ဒီ goal ရောက်အောင် ဘာလုပ်ရမလဲ စီစဉ်ပြီး Tools တွေသုံးကာ အဆင့်ဆင့်လုပ်ဆောင်နိုင်တဲ့ AI System လို့ နားလည်လို့ရပါတယ်။
ဥပမာ —
“ဒီနေ့ရောက်လာတဲ့ email တွေထဲက အရေးကြီးတာရှာပြီး meeting တွေကို calendar ထဲထည့်ပေး”
ဆိုရင် Agent တစ်ခုက
→ Email ဖတ်မယ်
→ အရေးကြီးတာခွဲမယ်
→ Date / Time ရှာမယ်
→ Calendar ကိုအသုံးပြုမယ်
→ Event ထည့်မယ်
ဆိုပြီး အဆင့်ဆင့်လုပ်နိုင်ပါတယ်။
အတိုချုံးပြောရရင် —
💬 Chatbot = Answer ပေးတယ်
🤖 Agent = Action လုပ်တယ်
ဒါကြောင့် AI ရဲ့နောက်တစ်ဆင့်က
မေးတာဖြေပေးတဲ့ AI တင်မဟုတ်တော့ဘဲ
ကိုယ့်အစား Computer ပေါ်မှာ အလုပ်လုပ်ပေးနိုင်တဲ့ AI
တွေဆီ သွားနေပါတယ်။
ဒါပေမယ့် Agent ကို Email, Files, Browser, Account တွေ access ပေးလာတာနဲ့အမျှ
🔐 Security & Permission ကလည်း ပိုအရေးကြီးလာပါမယ်။
#Tech4UMyanmar #AI #AIAgent #Programming #Technology | 1 129 |
| 10 | 🤖 AI က ပိုစွမ်းလာတာနဲ့ Cyber Attack တွေလည်း ပိုကြမ်းလာမလား? 🔐
AI ကို ကျွန်တော်တို့က
✅ Code ရေးဖို့
✅ စာလေ့လာဖို့
✅ Research လုပ်ဖို့
✅ အလုပ်တွေ Automate လုပ်ဖို့
အသုံးပြုနေကြပါတယ်။
ဒါပေမယ့် Hacker တွေလည်း AI ကို အသုံးပြုလာနိုင်ပါတယ်။ 👀
ဥပမာ —
⚠️ Phishing Message
အရင်လို စာလုံးပေါင်းမှားပြီး သိသာတဲ့ Scam Email တွေမဟုတ်တော့ဘဲ AI နဲ့ လူတစ်ယောက်ရေးထားသလို သဘာဝကျကျ ဖန်တီးနိုင်တယ်။
⚠️ Social Engineering
ကိုယ့်ရဲ့ Social Media information တွေကို စုစည်းပြီး ကိုယ်ယုံကြည်နိုင်လောက်တဲ့ Personalized Scam Message ဖန်တီးနိုင်တယ်။
⚠️ Malware & Vulnerability Research
AI Coding Tools တွေက Developer တွေကိုကူညီနိုင်သလို အန္တရာယ်ရှိတဲ့သူတွေအတွက်လည်း attack process တချို့ကို မြန်ဆန်စေနိုင်တယ်။
⚠️ Deepfake
အသံ၊ Video နဲ့ Image တွေကို AI နဲ့ အတုဖန်တီးပြီး မိသားစုဝင်၊ သူငယ်ချင်း၊ Company CEO စတဲ့သူတွေလို ဟန်ဆောင်နိုင်ပါတယ်။
ဒါကြောင့် AI Era မှာ Cybersecurity Knowledge က IT သမားတွေအတွက်ပဲ မဟုတ်တော့ပါဘူး။
ကိုယ်ပိုင် Account ရှိတဲ့သူတိုင်း သိထားသင့်ပါတယ်။ 🔥
🛡 အခုကတည်းက လုပ်ထားသင့်တာ 5 ခု
1️⃣ Account တိုင်းမှာ Strong & Unique Password သုံးပါ။
2️⃣ ဖြစ်နိုင်ရင် 2FA / MFA ဖွင့်ထားပါ။
3️⃣ မသိတဲ့ Link / File တွေကို အလွယ်တကူ မဖွင့်ပါနဲ့။
4️⃣ အရေးကြီးတဲ့ Request တစ်ခုလာရင် Message တစ်ခုတည်းကို မယုံဘဲ တခြားနည်းလမ်းနဲ့ Verify လုပ်ပါ။
5️⃣ AI Generated ဖြစ်နိုင်တယ်ဆိုတဲ့ mindset အမြဲထားပါ။
💡 Remember
“AI က Security ကို ပိုကောင်းအောင်လုပ်ပေးနိုင်သလို Attack တွေကိုလည်း ပိုမြန်အောင်လုပ်ပေးနိုင်ပါတယ်။”
အနာဂတ်မှာ
AI Skill + Cybersecurity Awareness
နှစ်ခုလုံးရှိတဲ့သူတွေက ပိုပြီး အားသာလာပါလိမ့်မယ်။
#Tech4UMyanmar
#ArtificialIntelligence
#CyberSecurity
#AI
#Technology
#TechKnowledge | 1 395 |
| 11 | ဒီမှာ discuss လုပ်ရမယ့် link ဖြစ်ပါတယ်ဗျာ။
အောက်နားက +post ဆိုတာလေးကို နှိပ်ပြီး discuss နိုင်သလို သူများတွေရဲ့ post အောက်မှာလဲ comment နိုင်ပါတယ်ဗျာ။
Link 🔗 https://padlet.com/tech4u_mm/tech4u-mm-discussion-1xf4hwdkosdyz64q | 1 530 |
| 12 | Hi 👋 Everyone 🤗
ဒီထဲက Computer Uni, IT and Software Engineering စတဲ့ နည်းပညာကျောင်းသား/သူ တွေအပြင် IT နည်းပညာကို စိတ်၀င်စားသူတွေ အများကြီးအတွက် ဒီ video ထဲက မေးခွန်း (၇) ခုကို အောာက် link လေးကို နှိပ်ပြီ discuss လုပ်နိုင်ပါတယ်နော်။
ကိုယ်ဘယ်လောက်ထိ စာတွေရလဲဆိုတာ သိရတယ်အပြင် သူများတွေရဲ့ discuss လုပ်ထားတာကိုလဲ ၀င်ရောက် လေ့လာနိုင်ပါတယ်။ | 1 359 |
| 13 | 🚀 JavaScript Fundamentals + Modern ES6+ Masterclass — Batch 1 Enrollment Open
HTML & CSS ကို လေ့လာပြီးပြီဆိုရင် နောက်တစ်ဆင့်က ဘာလဲ?
React ကို အမြန်တက်သွားတာထက် JavaScript foundation ကို သေချာတည်ဆောက်ထားတာ က ပိုအရေးကြီးပါတယ်။
Tech4U Myanmar ရဲ့ JavaScript Fundamentals + Modern ES6+ Masterclass — Batch 1 ကို Enrollment စတင်လက်ခံနေပါပြီ။
ဒီ course မှာ JavaScript syntax ကိုပဲ သင်ပြီးရပ်သွားမှာမဟုတ်ဘဲ browser မှာ JavaScript ဘယ်လို run သလဲဆိုတာကနေ စပြီး real browser application တစ်ခုကို ကိုယ်တိုင်တည်ဆောက်နိုင်တဲ့အဆင့်အထိ practical ပုံစံနဲ့ လေ့လာသွားမှာပါ။
Course မှာ လေ့လာမယ့်အဓိကအကြောင်းအရာတွေ
✅ JavaScript Execution, Variables, Data Types & Scope
✅ Operators, Control Flow, Loops & Functions
✅ Arrays, Objects & Modern ES6+
✅ Higher-Order Array Methods
✅
this
, Prototypes & ES6 Classes
✅ DOM, Events, Forms & Validation
✅ Async JavaScript, Promises &
async/await
✅ REST APIs & Full CRUD
✅ Browser Storage & URL State
✅ ES Modules & Application Architecture
✅ Debugging, Performance & React Readiness
Course Format
📅 11 Weeks
🎥 33 Zoom Live Sessions
⏱️ 49.5 Hours of Live Training
🗓 3 Sessions per Week
⏰ 90 Minutes per Session
🧩 11 Mini Projects
🏆 Final Capstone — Dynamic SaaS Dashboard
📝 Enrollment လက်ခံမည့်နောက်ဆုံးရက် — စက်တင်ဘာ ၅ ရက်အထိ
🚀 Course စတင်မည့်ရက် — စက်တင်ဘာ ၁ ရက်
🕣 သင်တန်းချိန် — အပတ်စဉ် တနင်္လာ၊ အင်္ဂါ၊ ကြာသပတေးနေ့တိုင်း ည ၈:၃၀ မှ ၁၀:၀၀ အထိ
Class တွေကို Zoom Live နဲ့သင်ကြားပြီး session အတွင်း Concept Explanation, Live Coding, Guided Practice, Debugging နဲ့ Q&A တွေပါဝင်ပါတယ်။ Course ရဲ့ official teaching structure က 90-minute session တစ်ခုကို concept/logic, practical live coding, debugging/Q&A ဆိုပြီး ခွဲထားပါတယ်။
Course နဲ့အတူ—
📖 Reading Materials
🎬 Zoom Recorded Videos
☁️ Recordings on Google Drive
တွေကိုလည်း ပြန်လေ့လာနိုင်အောင် ထည့်ပေးထားပါတယ်။
💰 Course Fee — 60,000 MMK
ဒီ Batch က basic HTML & CSS သိပြီး JavaScript ကို အစကနေ သေချာတည်ဆောက်ချင်သူတွေ အတွက် သင့်တော်ပါတယ်။ Previous JavaScript experience မလိုပါဘူး။
ဒီ course ပြီးရင် JavaScript foundation ကို အခြေခံပြီး Frontend Tooling → React → React Application Development → Production Frontend ဘက်ကို ဆက်လက်လေ့လာနိုင်မယ့် roadmap ရှိပါတယ်။
HTML/CSS completed. JavaScript starts now. React comes next.
📩 Batch 1 တက်ရောက်ချင်ရင် DM Message ကနေ course details မေးနိုင်ပါတယ်ဗျ။
📝@tech4u_mm
📝https://t.me/tech4UMM?direct
#Tech4UMyanmar #JavaScript #JavaScriptCourse #ES6 #FrontendDevelopment #ReactJS #WebDevelopment #ProgrammingCourse #ZoomLiveClass | 1 395 |
| 14 | 没有文字... | 1 478 |
| 15 | Website / App ပြီးပြီ… ဘယ်မှာ Deploy တင်မလဲ? 🚀
Project ရေးပြီးသွားပေမယ့် ဘယ် platform မှာ deploy တင်ရမလဲ မသိသေးဘူးဆိုရင် ဒီ post ကို save ထားပါ။
ဒီ Post မှာ beginner တွေအတွက် အသုံးများတဲ့ Free / Free-tier Deployment Platform 7 ခု ကို စုစည်းပေးထားပါတယ်ဗျ။
Vercel • Netlify • GitHub Pages • Render • Railway • Firebase • Cloudflare Pages
Frontend project လား၊ Backend/API လား၊ Portfolio site လားဆိုတာပေါ်မူတည်ပြီး သင့် project နဲ့ ကိုက်တဲ့ platform ကိုရွေးလို့ရပါတယ်ဗျ။
ပုံတစ်ပုံချင်း swipe လုပ်ပြီး ဘယ် platform က ဘာအတွက်သင့်တော်လဲ ကြည့်သွားပါဗျ။ 👨💻
🔗 Note အပြည့်အစုံကို ရယူရန်။
🔗 PDF ဖိုင်ရန် ရယူရန်။
#Tech4UMyanmar #WebDevelopment #Deployment #Vercel #Netlify #GitHubPages #Render #Railway #Firebase #CloudflarePages #ProgrammingMyanmar #MyanmarDeveloper #LearnProgramming #WebDeveloper | 1 294 |
| 16 | ကဲ့.. အဖြေမှန်ကတော့ ....❓ | 1 305 |
| 17 | 🖥️ Computer First Year ပြီးထားတဲ့ ကျောင်းသားတွေဆို ဒီမေးခွန်းကို ဖြေနိုင်ပါလိမ့်မယ်...😊 | 1 334 |
| 18 | ဒီ video မှာတော့ Python နဲ့ OpenRouter API ကို သုံးပြီး Simple AI Chatbot တစ်ခုကို ဖန်တီးပြသွားမှာပဲဖြစ်ပါတယ်။
APIs၊ AI သို့မဟုတ် Chatbot Development စတင် လေ့လာနေသူများအတွက် အထူး သင့်တော်တဲ့ Beginner Python AI Project တစ်ခု ဖြစ်ပါတယ်။
⏩ YouTube Video Link
🔗 https://youtu.be/bKE9M5Eq3do
💫 Source Code
🔗
#Python #AI #Chatbot #OpenRouter #Coding #Programming #ArtificialIntelligence #LearnPython #Tech4UMyanmar | 1 369 |
| 19 | ဒီသင်ခန်းစာမှာတော့ Hospital Database ကိုအသုံးပြုပြီ SQL Aggregate functions တွေအကြောင်းကို ရှင်းပြပေးသွားမှာ ဖြစ်ပါတယ်။ 🏥💻
▶️ YouTube Video Link
Aggregate functions တွေဟာ SQL မှာ အလွန်ပဲ အရေးပါပါတယ်၊ ဘာလို့လဲဆိုတော့ သူတို့က သာမန် Raw database records တွေကို အသုံးဝင်တဲ့ သတင်းအချက်အလက်တွေအဖြစ် ပြောင်းလဲပေးနိုင်လို့ပါ။
Billing records ပေါင်း ရာနဲ့ချီကို တစ်ခုချင်းလိုက်ကြည့်နေစရာမလိုဘဲ SQL စာကြောင်း အနည်းငယ်နဲ့တင် Summaries တွေနဲ့ Reports တွေကို မြန်မြန်ဆန်ဆန် ထုတ်ယူနိုင်မှာ ဖြစ်ပါတယ်။
📁 Source Codeကို Download ရယူရန် အောက်မှာ Telegram Channel ကို ပေးထားပါတယ် 👇
🔗 Source Code File ရယူရန်
#SQL #MySQL #AggregateFunctions #Programming #ComputerScience #TechLearning #DatabaseDevelopment | 1 249 |
| 20 | ကိုယ်ရေးထားတဲ့ Code ကို အခြားသူတွေကို professional ဆန်ဆန် ရှင်းပြနိုင်ဖို့နဲ့ နည်းပညာစကားဝိုင်းတွေမှာ လွယ်လွယ်ကူကူ နားလည်နိုင်ဖို့အတွက် Python မှာ မရှိမဖြစ်သိထားရမယ့် Terminologies ၉ ခု ကို မျှဝေပေးလိုက်ပါတယ်ဗျာ! 💡
💻 IDLE (Integrated Development and Learning Environment)
Python Code တွေကို လွယ်လွယ်ကူကူ ရေးသား၊ ပြင်ဆင်ပြီး စမ်းသပ် run နိုင်အောင် ပြုလုပ်ပေးထားတဲ့ Environment ဖြစ်ပါတယ်။
⚡️ Python Shell
Code တွေကို ရိုက်ထည့်လိုက်တာနဲ့ result ကို တိုက်ရိုက် တန်းထုတ်ပြပေးတဲ့ Interactive Environment ဖြစ်ပါတယ်။
⚙️ System Python
မိမိ Operating System (Windows/Mac/Linux) နဲ့အတူ တစ်ခါတည်း သီးသန့် ပါဝင်လာတဲ့ Python Version ဖြစ်ပါတယ်။
⏩ Prompt (
>>>
)
Python က သင့်ဆီကနေ ညွှန်ကြားချက် (Code) တွေကို လက်ခံဖို့ စောင့်ဆိုင်းနေကြောင်း ပြသတဲ့ သင်္ကေတ ဖြစ်ပါတယ်။
🔄 REPL (Read-Evaluate-Print-Loop)
Interactive Window ရဲ့ အလုပ်လုပ်ပုံ အဆင့်ဆင့် ဖြစ်ပါတယ်။
(Python က Code ကိုဖတ်တယ် ➔ တွက်ချက်စစ်ဆေးတယ် ➔ ရလဒ်ထုတ်ပေးတယ် ➔ ဒီတိုင်း အကန့်အသတ်မရှိ ပတ်ချာလည် အလုပ်လုပ်ပေးတယ်)
📩 Argument
Function တစ်ခုကို ခေါ်သုံးတဲ့အခါ ထည့်သွင်းပေးလိုက်တဲ့ တန်ဖိုး (Value) ဖြစ်ပါတယ်။
ဥပမာ -
print("Hello World")
မှာ
"Hello World"
က Argument ဖြစ်ပါတယ်။
🛠 Function
Input (Argument) တွေကို လက်ခံယူ၊ ပြုပြင်တွက်ချက်ပြီး ရလဒ် (Return Value) ထုတ်ပေးတဲ့ Code အစုအဝေး ဖြစ်ပါတယ်။
ဥပမာ -
print("Hello World")
မှာ
print
က Function ဖြစ်ပါတယ်။
📤 Return Value
Function တစ်ခု အလုပ်လုပ်ပြီးသွားတဲ့အခါ ပြန်ထုတ်ပေးလိုက်တဲ့ ရလဒ် (Output) ဖြစ်ပါတယ်။
>>> print("Hello World")
Hello World <-- ဒါဟာ Return Value (Output) ဖြစ်ပါတယ်။
(Return Value တွေဟာ Integer, String, Object စတဲ့ Variable Type အမျိုးမျိုး ဖြစ်နိုင်ပါတယ်)
📜 Script & Script Files
Python Code တွေကို Text file အဖြစ် သိမ်းဆည်းထားပြီး Command တစ်ခုတည်းနဲ့ Run လို့ရအောင် စုစည်းထားတဲ့ File ကို ခေါ်တာဖြစ်ပါတယ်။
#Tech4UMyanmar #Python #PythonTerminologies #LearnPython #CodingBeginner #MyanmarTech | 1 287 |
