7 338
订阅者
-224 小时
+1457 天
+46230 天
帖子存档
7 336
ဇာတ်လမ်းအကျဥ်း
တပ်ပြေး Season 2 လာပါပြီ။
ကိုစိုးမိုးနိုင်ရယ်လို့ နာမည်မတွင်ခင်က ဝက်ဝက်ကွဲပေါက်ခဲ့တဲ့၊
Netflix ရဲ့ အကောင်းဆုံး K series တွေထဲက တစ်ကားအပါအဝင်ဖြစ်တဲ့ ကောင်းသောကားလေး “D.P.”
ပရိတ်သက်တွေရဲ့ တောင်းဆိုမှုကြောင့် ၂ နှစ်ကြာပြီးနောက်မှာတော့ Season 2 အနေနဲ့ ပြန်လာခဲ့ပါပြီ။
အန်းဂျွန်ဟိုနဲ့ ဟန်ဟိုယောရဲ့ တပ်ပြေးလိုက်ဖမ်းရင်း ကြုံတွေ့ရမယ့် အမျိုးမျိုးအဖုံဖုံသော ဂယက်တွေကို လွမ်းနေသူတွေအဖို့ Season 2 မှာ ပြန်လည်ကြည့်ရှုရတော့မှာပါ
D.P. ဆိုတာကတော့ Deserter Pursuit ပါ။တပ်ပြေးတွေကို လိုက်လံဖမ်းစီးရတဲ့ တာဝန်တစ်ခုပေါ့။တပ်တွင်းမှာ တာဝန်ထမ်းဆောင်နေစဥ်ကာလအတွင်း အတင်းအကြပ်ခိုင်းစေမှုတွေ၊ ကြီးနိုင်ငယ်ညှင်းလုပ်မှုတွေ၊ မနိုင်ဝန်ထမ်းခိုင်းတာတွေ စတဲ့ တပ်တွင်းဒုက္ခမျိုးစုံကို မခံနိုင်ကြတော့တဲ့ တပ်သားတွေဟာ တာဝန်ထမ်းဆောင်ဖို့သတ်မှတ်ထားတဲ့ ကာလမပြည့်ခင် တပ်ပြေးအဖြစ် ပြင်ပလောကကို ထွက်ပြေးလေ့ရှိကြပါတယ်။
ဒါတွေကို လက်ကြောမတင်း၊ ဂျစ်ကန်ကန်နိုင်လှတဲ့ ဂျွန်ဟိုနဲ့ ဟိုယောတို့ ဘုနဲ့ဘောက် သူငယ်ချင်းနှစ်ယောက် လိုက်လံဖမ်းစီးဖြေရှင်းရင်း Season 2 မှာရော ဘယ်လိုတပ်ပြေးတွေရဲ့ ဘဝမျိုးစုံတွေ၊ သူတို့မိသားစုတွေရဲ့ အခြေအနေရပ်မျိုးစုံတွေကို ငိုတစ်လှည့် ရယ်တစ်လှည့် ကြည့်ရှုရဦးမလဲ၊ သူတို့နှစ်ယောက်ကို ဘယ်လိုအတားအဆီးတွေက နှောက်ယှက်လာဦးမလဲဆိုတာနဲ့ သူတို့ဘယ်လိုရင်ဆိုင်ဖြတ်ကျော်သွားကြမလဲဆိုတာ ရင်ခုန်စိတ်ဝင်စားနေကြပြီလို့ထင်ပါတယ်။
Jung Hae In နဲ့ Koo Gyo Hwan အပြင် Kim Sung Kyun, Son Sok Ku (ဂူ), Ji Jin Hee, Kim Ji Hyun တို့လို ဒိတ်ဒိတ်ကြဲ ဝါရင့်မင်းသားမင်းသမီးကြီးတွေ ပါဝင်ထားပါတယ်။ ယူတို့ရဲ့ အသဲလေးတစ်ယောက်လည်း ပါလာမယ်နော်။ ဒါကဝှက်ဖဲ 😜
Netflix ကနေ အပိုင်း ၆ ပိုင်းနဲ့
stream သွားမှာပဲ ဖြစ်ပါတယ်ဗျာ။
Crd
