ch
Feedback
HM Movies

HM Movies

前往频道在 Telegram

HM Moives Channel မှ ကြိုဆိုပါတယ်ဗျ❤️ ကြော်ညာများထည့်လို့ရပါပြီ🤗🤗 @ETh1235

显示更多
7 320
订阅者
+1924 小时
+1497 天
+45530 天
帖子存档
2013ခုနှစ်တုန်းက ထွက်ခဲ့တဲ့ ခြောက်ခြောက်ခြားခြား horrorကားတခုပါပဲ လူတိုင်းလိုလိုကြားဖူးကြမှာပါ ကျွန်တော်တို့တွေ တနေရာရာကို ပြ
2013ခုနှစ်တုန်းက ထွက်ခဲ့တဲ့ ခြောက်ခြောက်ခြားခြား horrorကားတခုပါပဲ လူတိုင်းလိုလိုကြားဖူးကြမှာပါ ကျွန်တော်တို့တွေ တနေရာရာကို ပြောင်းရွေ့ကြတဲ့အခါ အဲ့ဒီနေရာမှာ မကျွတ်မလွတ်ပရလောကသားတွေ ရှိတက်ပြီး သူတို့ရဲ့အစွဲအလမ်းရှိရာ အရာဝတ္ထုတခုခုမှာ တွယ်ကပ်နေတက်တာကိုပေါ့ ဒီဇာတ်လမ်းလေးကလဲ အဲ့ဒီလိုဇာတ်လမ်းမျိုးကို ကျောရိုးခံထားပါတယ် .ဇာတ်လမ်းအကျဉ်းကတော့ လူငယ်စုံတွဲတတွဲဟာ ဈေးသက်သာတဲ့ အိမ်တလုံးမှာ အတူနေထိုင်ဖို့ ငှားရမ်းပြီး ရွေ့ပြောင်းလာခဲ့ပါတယ်. အဲ့ဒီအိမ်မှာပဲ ထူးခြားတဲ့အရုပ်မလေးကို တွေ့ခဲ့ပါတယ်. ပထမကတော့ နဂိုအိမ်ငှားတွေကျန်ခဲ့တဲ့အရုပ်တခုပါပဲဆိုပြီး နမော်နမဲ့နေခဲ့ကြပေမယ့် နောက်ပိုင်းမှာ ထူးခြားဆန်းကြယ်မှုတွေ ခြောက်ခြားဖွယ်ရာတွေကို ကြုဲံတွေ့လာရချိန်မှာတော့…………

The Curse of Turandot (2021)

The Curse of Turandot (2021)
The Curse of Turandot (2021)

Hamari Adhuri Kahani(2015)

ဗာဆူဒါး… “ပန်းဥယျာဉ်တစ်ခုမှာ ကြွေကျနေတဲ့ပွင့်ချပ်တွေနဲ့ သစ်ရွက်ခြောက်တွေမရှိရင် အဲ့ဒီပန်းဥယျာဉ်က အစစ်နဲ့မတူဘူး”“စန္ဒာလမင်းမှာ
ဗာဆူဒါး… “ပန်းဥယျာဉ်တစ်ခုမှာ ကြွေကျနေတဲ့ပွင့်ချပ်တွေနဲ့ သစ်ရွက်ခြောက်တွေမရှိရင် အဲ့ဒီပန်းဥယျာဉ်က အစစ်နဲ့မတူဘူး”“စန္ဒာလမင်းမှာတောင် ချိုင့်ခွက်လေးတွေရှိတယ်” အာရဗျ “မင်းရဲ့နာကျင်မှုကို အလဲအလှယ်လုပ်တဲ့အနေနဲ့လောကကြီးက ပျော်ရွှင်မှုတွေအားလုံး ငါမင်းကိုပေးချင်တယ်” ဟရီ… “ဒီခန္ဓာကိုယ်ကို ငါပိုင်တယ်”“ဒီအသက်ရှူသံတွေကို ငါပိုင်တယ်” အိန္ဒိယလူမျိုးတို့ရဲ့ ထုံးစံအတိုင်း ရိုးရာဓလေ့ဆို တသွေမသိမ်းလိုက်နာပြီး မိဘစကားဆို မြေ၀ယ်မကျနားထောင်တတ်တဲ့မိန်းမ‌ပျိုလေးတွေဟာ အိမ်ထောင်ရက်သားကျချိန်မှာလဲ . လင်ယောကျာ်းကိုဆို ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေဘုရားလိုကိုးကွယ်တက်လာကြပါတယ်။ ဒါပေမယ့် အဲ့ဒီလို သိမ်မွေတဲ့ မိန်းမပျိုလေးတွေရဲ့ အနာဂတ်ဟာ လင်ယောကျာ်းအပေါ်သာ မှီခိုနေတာပဲဖြစ်ပြီး လင်ယောကျာ်းက  လင်၀တ္တရားကြေပွန်မှု မရှိတဲ့အခါ သူတို့ရဲ့ ရှေ့ရေးဟာ ရင်လေးစရာဖြစ်လာတာပေါ့။ ဒီဇာတ်လမ်းလေးက နူးညံ့သိမ်မွေ့တဲ့ အမျိုးသမီးလေးရဲ့ အရှက်အကြောက်တရားနဲ့ ချစ်ခြင်းမေတ္တာတို့ လွန်ဆွဲရင်း ဖြစ်ပေါ်လာတဲ့

Tinker Ticker (2014) Blu-ray 720p (CM)

ဇာတ်ကားကောင်းတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသား Park Jeong Min တို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ကားဟောင်းလေးဖြစ်ပါတယ်။ အထက်တန
ဇာတ်ကားကောင်းတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသား Park Jeong Min တို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ကားဟောင်းလေးဖြစ်ပါတယ်။ အထက်တန်းကျောင်းသားဘဝတုန်းက ကျောင်းသားတွေကို အနိုင်ကျင့်ခဲ့တဲ့ ဆရာတစ်ယောက်ကို ကိုယ်တိုင်လုပ် လက်လုပ်ဗုံးနဲ့ဖောက်ခွဲပြီး ထိခိုက်ဒဏ်ရာရစေခဲ့တဲ့ “ဘတ်ဂျောင်းဂူ” ဟာ လက်ရှိအရွယ်မှာတော့ လူမှုပတ်ဝန်းကျင် အသိုင်းအဝိုင်းထဲ ပြန်ဝင်ဆံ့အောင်ကြိုးစားနေတဲ့သူတစ်ယောက်ပေါ့။ တတ်စွမ်းသလောက်ကြိုးစားပေမဲ့လည်း ရှိခဲ့ဖူးတဲ့အတိတ်ကြောင့် တက္ကသိုလ်မှာလည်း ဘွဲ့လွန် ဆက်တက်ရောက်ခွင့်မရသလို အလုပ်အင်တာဗျူးတွေမှာ အငြင်းခံရတာ စတဲ့ စိတ်ဒုက္ခတွေနဲ့ရင်ဆိုင်နေရတာပေါ့။

Akk*ada Amm*ayi Ikk*ada Abb*ayi (2025)

Akk*ada Amm*ayi Ikk*ada Abb*ayi (2025) ဇာတ်ကားသစ် ဒီတစ်ခေါက်မှာတော့ တမူထူးခြားတဲ့ Indian Comedy ကားလေးနဲ့မိတ်ဆက်ပေးပါစေ 1996
Akk*ada Amm*ayi Ikk*ada Abb*ayi (2025) ဇာတ်ကားသစ် ဒီတစ်ခေါက်မှာတော့ တမူထူးခြားတဲ့ Indian Comedy ကားလေးနဲ့မိတ်ဆက်ပေးပါစေ 1996 မှာလည်း တစ်ကားရှိခဲ့ပေမဲ့ ဇာတ်အိမ်အနည်းငယ်ကွာခြားပုံရပါတယ် ဇာတ်လမ်းအကျဉ်းကတော့ ရွာလေးတစ်ရွာမှာ နောက်ဆုံးမျိုးဆက်ကိုမွေးဖွားကြရာ အယောက် ၆၀လုံးက ယောက်ျားလေးတွေချည်းပဲမွေးဖွားပါတယ် သူတို့ထဲမှာ နောက်ဆုံးမွေးဖွားသူတစ်ဦးတည်းသာ မိန်းကလေးဖြစ်ခဲ့ပါတယ် ဒါကြောင့်သူ့ကို ရွာရဲ့မင်းသမီးလေးသဖွယ်ဂရုစိုက်ကြတယ် ကာလသားအယောက်၆၀ကလည်း ပိုးကြပမ်းကြပေါ့ တစ်ဖက်မှာလည်း မြို့ကြီးသားအင်ဂျင်‌နီယာလေးတစ်ဦးက ပရောဂျတ်ကိစ္စနဲ့ အဲဒီရွာကိုရောက်လာခဲ့ပါတယ် သူတို့နှစ်ဦး မထင်မှတ်ဘဲတွေ့ဆုံကြရာမှာ ချစ်ကျွမ်းဝင်သွားမလား ? ရွာရဲ့ ကာလသားအယောက် ၆၀ကိုရော ဘယ်လိုဖြတ်ကျော်မလဲ? ဟာသရသကို ပေါ့ပျက်ပျက်မဟုတ်ဘဲ အချိတ်အဆက်မိမိ ဇာတ်ကွက်ကောင်းကောင်းနဲ့ ရိုက်ကူးတင်ဆက်ထားနိုင်တာမို့ ရွေးချယ်သင့်တဲ့ဟာသကားအဖြစ် recommend ပေးလိုက်ပါတယ် ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Ki Ki Chit Su ဖြစ်ပါတယ်

Ma*na*mey (2024)

2025-အမိုက်စား အချစ်/အိမ်ထောင်ရေး ဇာတ်ကားအသစ်စက်စက်လေး Ma*na*mey (2024)ဇာတ်ကားသစ် ----------------------------------------- ပ
2025-အမိုက်စား အချစ်/အိမ်ထောင်ရေး ဇာတ်ကားအသစ်စက်စက်လေး
Ma*na*mey (2024)ဇာတ်ကားသစ် ----------------------------------------- ပေးရတဲ့အချိန် ၂ နာရီခွဲနဲ့ တကယ်ကို ထိုက်တန်တဲ့ကားကောင်းလေး တစ်ကားလာပါပြီဘုရား တရား သံဃာ မိဘ ဆရာ ဆိုတဲ့စကားအတိုင်း ဘုရားနဲ့တစ်ဂိုဏ်းတည်းထားရတဲ့ မိဘမေတ္တာအကြောင်းကို ပုံဖော်ရိုက်ကူးထားတဲ့ကားလေးပဲဖြစ်ပါတယ်အိန္ဒိယားတွေထုံးစံလို ချတဲ့အခန်းတွေမပါပေမဲ့လည်း တကယ်ကို ကြည့်ရတာ ထိုက်တန်မယ့်ကားကောင်းလေးပါပဲမိဘမေတ္တာကိုနားမလည်တဲ့ ဗစ်ခရမ်ဆိုတဲ့သားမိုက်တစ်ယောက် လန်ဒန်မှာ သောက်စားပျော်ပါးပြီး မိဘတွေကို ဖုန်းမဆက် ဖုန်းဆက်လည်း မကိုင်နဲ့ ဆိုးသွမ်းနေတဲ့လူငယ်လေးတစ်ယောက်ပေါ့သူ့ဆီမှာ အခင်ရဆုံးသူငယ်ချင်းတစ်ယောက်တော့ရှိပြီး တစ်ရက်မှာ သူ့သူငယ်ချင်းကလည်း မတော်တဆမှုနဲ့ ဆုံးပါးသွားပါတော့တယ်ဖြစ်ချင်တော့ သူ့သားမှာ ၂ နှစ်အရွယ်သားလေးရှိနေတာကို မတော်တဆဖြစ်မှသိလိုက်ပြီး သူမှမစောင့်ရှောက်ရင်သူငယ်ချင်းဖြစ်သူရဲ့သားလေး ခူရှီဟာ အင်္ဂလန်ဥပဒေအရ မိဘမဲ့ဂေဟာရောက်တော့မှာပါ။ ဇာတ်ကားကြည့်ရန်👇

The Beast Of Walton St 2024 720p (CM)

အိုဟိုင်းယိုးက အိမ်ခြေမဲ့လူတွေကို အမျိုးအမည်မသိ ရက်စက်တဲ့သတ်ဖြတ်မှုတွေကို ကြုံတွေ့နေရပါတယ်။ သတ်ဖြတ်မှုတွေဖြစ်နေတဲ့အချိန်မှာ အ
အိုဟိုင်းယိုးက အိမ်ခြေမဲ့လူတွေကို အမျိုးအမည်မသိ ရက်စက်တဲ့သတ်ဖြတ်မှုတွေကို ကြုံတွေ့နေရပါတယ်။ သတ်ဖြတ်မှုတွေဖြစ်နေတဲ့အချိန်မှာ အပယ်ခံကောင်မလေးနှစ်ယောက်ဟာ ညစာစားပြီးအပြန်မှာ တွေ့လိုက်ရတဲ့ အမျိုးအမည်မသိ သတ္တဝါကြီးတစ်ကောင်ကို လိုက်လံစုံစမ်းရင်း ဘယ်လိုအန္တရာယ်မျိုးတွေကြုံတွေ့ရမလဲ..? အန္တရာယ်တွေကိုရော ကျော်လွှားနိုင်ပါ့မလား..? စသည့်ဖြင့် သည်းထိပ်ရင်ဖိုကြည့်ရမည့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။   (အညွှန်းနဲ့ဘာသာပြန်ကတော့ Eunice ဖြစ်ပါတယ်။)  

Novocaine (2025) ++++++ The Boys မင်းသား Jack Quaid ပါဝင်ထားတဲ့ စူပါဟီးရိုးဆန်ဆန် အက်ရှင် ဟာသကားအသစ် ထွက်လာပါပြီ။ ဇာတ်ကားနာမည
Novocaine (2025) ++++++ The Boys မင်းသား Jack Quaid ပါဝင်ထားတဲ့ စူပါဟီးရိုးဆန်ဆန် အက်ရှင် ဟာသကားအသစ် ထွက်လာပါပြီ။ ဇာတ်ကားနာမည် Novocaine ဆိုတာကတော့ ထုံဆေးတစ်မျိုးရဲ့ နာမည်ပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းထဲက ဇာတ်လိုက်နဲ့ လိုက်ဖက်ပါတယ်။ သူ့မှာ မွေးရာပါ မျိုးဗီဇရောဂါတစ်ခုဖြစ်တဲ့ Congenital Insensitivity to Pain with Anhidrosis (CIPA) မွေးရာပါ နာကျင်မှုကို မခံစားနိုင်ခြင်းနဲ့ ချွေးမထွက်ခြင်း ရောဂါ ရှိနေတာပါ။ ပုံမှန်အားဖြင့် ဒီရောဂါရှင်တွေဟာ အသက် ၂၅ ကျော်တာ ရှားပါတယ်။ ဘာလို့လဲဆိုတော့ နာကျင်မှုဆိုတာ လူတွေအသက် ရှင်ဖို့ မဖြစ်မနေလိုအပ်တဲ့အရာပဲ ဖြစ်လို့ပါပဲ။ နာကျင်မှုမရှိတဲ့အခါ ဒဏ်ရာတွေရရင်လည်းမသိ အစားစားနေရင် လျှာကိုကိုက်မိရင်တောင် မသိ နိုင်တာမို့ အသက်သေဆုံးနိုင်ချေ အရမ်းမြင့်ပါတယ်။ ဒီရုပ်ရှင်ထဲက ဇာတ်လိုက်ကတော့ အရမ်းကို သတိ ကြီးကြီးနဲ့အသက်ရှင်ခဲ့ပြီး စားစရာကိုတောင် အရည်ပဲ သောက်တာမို့ အရွယ်ရောက်လာတဲ့အပြင် ဘဏ်မှာ လက်ထောက်မန်နေဂျာတောင်ဖြစ်လာပြီဖြစ်ပါတယ်။

အကျဥ်းထောင်ထဲကဇာတ်လမ်းတွေကြိုက်နှစ်သက်တဲ့သူတွေအတွက်လတ်တလောထွက်ရှိထားတဲ့ “2037” ဆိုတဲ့ ရုပ်ရှင်ကားသစ်လေးနဲ့ မိတ်ဆက်ပေးပါရစေ...
အကျဥ်းထောင်ထဲကဇာတ်လမ်းတွေကြိုက်နှစ်သက်တဲ့သူတွေအတွက်လတ်တလောထွက်ရှိထားတဲ့ “2037” ဆိုတဲ့ ရုပ်ရှင်ကားသစ်လေးနဲ့ မိတ်ဆက်ပေးပါရစေ... ဇာတ်လမ်းအညွှန်း.. ၁၉နှစ်အရွယ် ယွန်းယောင်းဆိုတဲ့ ကောင်မလေးဟာ အချိန်ပိုင်းအလုပ်လုပ်ရင်း အစိုးရဝန်ထမ်းစာမေးပွဲဖြေဖို့ ပြင်ဆင်နေပါတယ်... ဉာဏ်ကောင်းတဲ့သူဖြစ်တဲ့အလျောက် သူငယ်ချင်းတွေလို ကျောင်းတက်ချင်ပေမယ့် မသန်စွမ်းမိခင်ကြီးအတွက် အစိုးရဝန်ထမ်းစာမေးပွဲ အောင်မြင်ဖို့သာ ဦးစားပေးနေရသူလေးဖြစ်ပါတယ်... ငွေကြေးချို့တဲ့တာကလွဲရင် အမေဖြစ်သူနဲ့ ပျော်ရွှင်နေတဲ့ ယွန်းယောင်းတို့ဘဝထဲ ကံကြမ္မာမုန်တိုင်းတစ်ခု တိုက်ခတ်လာပါတော့တယ်... မမျှော်လင့်ထားတဲ့ဖြစ်ရပ်ဆိုးတစ်ခုကြောင့် ယွန်းယောင်းတစ်ယောက် “နစ်နာသူ” ကနေ “လူသတ်သမား” ဖြစ်သွားပြီး မတရားသဖြင့် ထောင်ငါးနှစ် ကျခံခဲ့ရပါတယ်... အကျဥ်းထောင်ထဲမှာ “ယွန်းယောင်း” ဆိုတဲ့နာမည်အစား “၂၀၃၇” ဆိုတဲ့ အကျဥ်းသားနံပါတ်ကို ခေါ်ဝေါ်သံနဲ့အတူ မျှော်လင့်ချက်မဲ့နေတဲ့ ကောင်မလေးကို ဇာတ်လမ်းကိုယ်စီရှိကြတဲ့ အကျဥ်းခန်းအဖော်တွေက ဘယ်လိုလက်ကမ်းကူညီပေးကြမလဲဆိုတာ

Quaid-E-azam Zindabad(2022) ဇာတ်ကားသစ်

Quaid-E-azam Zindabad 2022 ______ IMDb 6.6 ဒီတစ်ခါမှာတော့မင်းသမီးနဲ့တင်ကြည့်ရတာတန်နေမဲ့ Action/ Comedy ဇာတ်ကားကိုညွှန်းပေးချင
Quaid-E-azam Zindabad 2022 ______ IMDb 6.6 ဒီတစ်ခါမှာတော့မင်းသမီးနဲ့တင်ကြည့်ရတာတန်နေမဲ့ Action/ Comedy ဇာတ်ကားကိုညွှန်းပေးချင်ပါတယ် ရင်သပ်ရှုမောရတဲ့အလှတွေနဲ့ မင်းသမီးချောလေး Mahira Khan ကဒီကားထဲမှာ တိမွေးကုအနေနဲ့ပါဝင်သရုပ်ဆောင်ထားပြီး Box Office အနေနဲ့ 420 millions ရရှိခဲ့တဲ့ဒီကားဟာ ဇာတ်လမ်းဇာတ်အိမ်ခိုင်မာတဲ့ ရုပ်ရှင်ကားတစ်ကားပါပဲ ဇာတ်လမ်းအညွှန်း... ရဲတွေကြားမှာ ဘယ်သူကလာဘ်ထိုးငွေပိုများများရလဲဆိုပြီးယှဉ်ပြိုင်ကြတဲ့ခေတ်မှာ ဂူလတ်ရဲ့အဖေရဲသားကြီးကတော့ လာဘ်ထိုးငွေဆို တစ်ရူပီတောင်မယူခဲ့တဲ့ ရိုးသားဖြောင့်မတ်သူပါ လာဘ်ထိုးငွေမယူလေတော့ငွေကြေးသိပ်အဆင်မပြေတဲ့ မိသားစုထဲပါခဲ့တာပေါ့ ဂူလတ်ငယ်ငယ်လေးတုန်းက သူ့အဖေရဲ့ဆုံးမစကားရှိပါတယ် ငွေစက္ကူထဲမှာပါတဲ့ခေါင်းဆောင်ကြီးက ပိုက်ဆံကိုအလွဲသုံးစားလုပ်ရင် စိတ်ဆိုးပါလိမ့်မယ်တဲ့ ဒီစကားက သူ့အဖေသူ့ကိုမုန့်ဖိုးမပေးချင်လို့ပြောမှန်းသိသွားတဲ့နေ့ ဂူလတ်တို့ ဖခင်တွေးထားတာနဲ့ တက်တက်စင်အောင်လွဲပါတော့တယ်