7 237
订阅者
+3424 小时
+1477 天
+47130 天
帖子存档
7 238
နေ့စဉ်အိပ်စက်ပြီး နိုးလာတိုင်း မနေ့ကအကြောင်းအရာတွေကို မမှတ်မိတော့ဘဲ မှတ်ဉာဏ်တွေ ပျောက်ဆုံးသွားတတ်တဲ့ anterograde amnesia ရောဂါဝေဒနာရှင်မလေး ဟန်ဆောယွန်း..
သူ့ရဲ့နေ့ရက်တိုင်းကို အဓိပ္ပာယ်ရှိအောင် ဖန်တီးပေးချင်တဲ့ ကောင်လေး ဂင်ဂျယ်ဝန်း..
Choo Young Woo ရဲ့ နွေးထွေးတဲ့ အကြည့်တွေနဲ့ Shin Shi Ah ရဲ့ နူးညံ့တဲ့ သရုပ်ဆောင်ချက်တွေကြောင့် အချစ်စစ်ဆိုတာ ဘာလဲဆိုတာကို ပြန်လည်တွေးတောစေမဲ့အပြင် မျက်ရည်လည်း ဝေ့စေမဲ့ ဇာတ်ကားမျိုးဖြစ်လို့ Melodrama ကြိုက်တဲ့သူတွေအတွက်တော့ လက်မလွှတ်သင့်တဲ့ “Must-watch” ကားလေးပါပဲ။
မှတ်ဉာဏ်ထဲမှာ မဟုတ်ဘဲ နှလုံးသားထဲမှာ စွဲကျန်နေမဲ့ကားလေးဖြစ်ပြီး ချိုချို ရိုရို ငိုကိုငိုရမှာမို့ ဇာတ်သိမ်းပိုင်းမှာ ဘယ်လိုရင်ကွဲရမလဲဆိုတာကိုတော့ တစ်ရှူးလေးဆောင်ထားရင်း ကိုယ်တိုင်ပဲ စောင့်မျှော်ကြည့်ရှုလိုက်ကြပါဦးနော်။
Genre ….. Drama, Romance
Quality ….. 720P / 1080P WEB-DL (HEVC)
File Size ….. 924.59MB / 1.75GB
Review ….. Bom
Translator ….. RMC Team
Encoder ….. N.A.S
Rainbow Channel
ads
Even If This Love Disappears TonightEven If This Love Disappears TonightEven If This Love Disappears TonightEven If This Love Disappears TonightEven If This Love Disappears TonightEven If This Love Disappears TonightEven If This Love Disappears TonightEven If This Love Disappears TonightEven If This Love Disappears TonightEven If This Love Disappears Tonight
Original title오늘 밤, 세계에서 이 사랑이 사라진다 해도IMDb Rating7.3 33 votesTMDb Rating7 1 votesLinksDownload
Options Quality Server Size Clicks
Download FHD 1080p TeraBox 1.75GB 0
Download HD 720p TeraBox 924.59MB 0
Download FHD 1080p Mediafire 1.75GB 2
Download HD 720p StreamHG 924.59MB 3
Download FHD 1080p Megaup 1.75GB 3
Download HD 720p Megaup 924.59MB 3
Download FHD 1080p Telegram 1.75GB 3
Download HD 720p Telegram 924.59MB 3
Download FHD 1080p Yoteshinportal 1.75GB 3
Download HD 720p Yoteshinportal 924.59MB 2
test ads placement
7 238
E_v-en i_f T-h_i-s Lo-ve Di-sa_p-pe-ars To_n-ig-ht (2026)
IMDB ⭐️ 7.3/10
တစ်ရက်တာပဲ ခွင့်ပြုထားတဲ့ အချစ်ဆိုရင်တောင်
ငါ့ဘဝရဲ့ အလှပဆုံးနေ့ရက်တွေက မင်းပါပဲ..
အချစ်က မေ့ပစ်လို့မရတဲ့ ဝေဒနာတစ်ခု ဖြစ်သွားတဲ့အခါ..
အသည်းကွဲဖို့ အဆင်သင့်ပဲလား ပရိသတ်ကြီး
The Trauma Code: Heroes on Call ထဲက အဆူအငေါက်ခံ ဒေါက်တာလေး စအို (Choo Young Woo) နဲ့ Resident Playbook ထဲက Shin Shi Ah တို့ရဲ့
ပိုစတာမှာတင် “သကြားပေါက်” နေတဲ့အတွဲ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ဒီဇာတ်ကားလေးကတော့ ဂျပန်မူရင်းကိုမှ ကိုရီးယားပုံစံနဲ့ ပြန်လည်အသက်သွင်းထားတဲ့ Remake ကားကောင်းလေးတစ်ကားပါ။ မူရင်းရဲ့ ရသကို မပျောက်ပျက်စေဘဲ ပိုပြီး aesthetic ဖြစ်တဲ့ vibe မျိုးနဲ့ ရိုက်ကူးထားတာဖြစ်လို့ Melodrama Fan တွေအတွက် “နတ်သက်ကြွေ”တဲ့ ဇာတ်ကားမျိုးဖြစ်မှာ အသေအချာပါပဲ။
7 238
5 cen-tim-eter-s pe-r sec-o-nd (200*7)
"ချယ်ရီပန်းလေးတွေ ကြွေကျနှုန်းက စက္ကန့်တိုင်း 5စင်တီမီတာဆိုရင် ငါတို့နှစ်ယောက်ရဲ့ နှလုံးသားတွေ နီးစပ်ဖို့က အချိန်ဘယ်လောက်တောင် လိုအပ်မှာလဲ"
7 238
+2
R-uby Gill-m-an, Tee-na-ge Kr-a-ken (20-23)
The Croods 2013 ကိုရေးသားခဲ့တဲ့ Kirk DeMicco ဒါရိုက်
တာအဖြစ် ရိုက်ကူးထားတဲ့ ကာတွန်းရုပ်ရှင်အသစ်လေး လာ
ပါပြီ။ အသံသရုပ်ဆောင်အနေနဲ့ To All the Boys I've Loved
Before ရဲ့ မင်းသမီး Lana Condor ပါဝင်ထားပါတယ်။
ဇာတ်လမ်းအကျဉ်း -
လူတွေဟာ ခရက်ကန်ဆိုတဲ့ သတ္တဝါဆိုးကြီးတွေအကြောင်း ကြား
ဖူးကြပါတယ်။ လှေတွေ သင်္ဘောတွေကို မြှပ်ပစ်တယ်၊ သင်္ဘောသား
တွေကိုသတ်ပစ်တယ် စသဖြင့်ပေါ့။ ဒါပေမဲ့ ဒီရုပ်ရှင်ထဲမှာတော့ ခရက်
ကန်မိသားစုတစ်စုဟာ လူယောင်ဆောင်ပြီး သမုဒ္ဒရာကမ်းခြေမြို့လေး
မှာ လာအခြေချနေပါတယ်။ ခရက်ကန်အမေ အာဂ်သာမှာ ၁၅ နှစ်အ
ရွယ် ရူဘီဂေမန်ဆိုတဲ့ သမီးလေးရှိပါတယ်။ သူကတော့ ခရက်ကန်ဆို
တာ လူတွေမသိအောင်ဖုံးထားရင် လူဝင်ဆန့်ဖို့ ကြိုးစားနေတဲ့ အထက်
တန်းကျောင်းသူလေးပါပဲ။ သူ့အမေက သူ့ကို သမုဒ္ဒရာထဲကိုဘယ်တော့မှ
မဆင်းဖို့တင်းတင်းကြပ်ကြပ်မှာထားတာပါ။
တစ်နေ့မှာတော့ အမှတ်မထင် သမုဒ္ဒရာထဲကို ဆင်းမိပြီး ဧရာမ ခရက်
ကန်ကြီးအဖြစ်ပြောင်းသွားပါတော့တယ်။ အဲဒီကနေ သူ့အမေနဲ့သူ့ရဲ့
အတိတ်အကြောင်းတွေက သိလာပြီး ရေသူမလေးတစ်ယောက်နဲ့လည်း
သူငယ်ချင်းဖြစ်လာပါတယ်။ ဒါပေမဲ့ ရေသူမတွေနဲ့ ခရက်ကန်တွေဟာ
7 238
The Lord of the Rings Collection
(1_2_3)
📱IMDb Rating ____8.9/10, Rotten ___94%
The Lord of the rings နဲ့ The hobbit ရုပ်ရှင်တွေဟာ Fantasy လို့ခေါ်တဲ့ စိတ်ကူးယဉ် ရုပ်ရှင်အမျိုးအစားတွေ ဖြစ်ပြီး၊ အပြင်လောကမှာ မရှိတဲ့ ပုံပြင်တွေ ဒဏ္ဍာရီတွေ ဇာတ်ကောင်တွေနဲ့ တည်ဆောက်ထားတာပါ။
The Lord of the rings (LotR) ရုပ်ရှင်တွေဟာ ၂၀၀၁ ကနေ စတင်ပြီးထွက်ရှိခဲ့တာဖြစ်ပါတယ်။ ပထမဆုံး LotR ရုပ်ရှင် သုံးကားဟာ စုစုပေါင်း Oscar 17 ဆု ရရှိခဲ့ပါတယ်။ ပထမကားက ၄ ဆု၊ ဒုတိယကားက ၂ ဆု နဲ့ သုံးကားမြောက်က ၁၁ ဆု ရရှိခဲ့တာပါ။
သူ့နောက်မှ ထွက်ရှိလာတဲ့ Hobbit သုံးကားကတော့ Oscar တစ်ဆုသာ ရခဲ့ပါတယ်။ LotR ရုပ်ရှင်တွေရဲ့ အောင်မြင်မှုဟာ ကာလအကန့်အသတ်မရှိ timeless လို့ပဲ ပြောရမှာဖြစ်ပါတယ်။၂၀၀၁ တုန်းက လူတွေကြိုက်ခဲ့သလို ၃၀၀၁ ခုနှစ်မှာလည်း ကြိုက်ကြဦးမှာပါပဲ။
ဇာတ်လမ်းအကျဉ်း ...
Three Rings for the Elven-kings under the sky,
Seven for the Dwarf-lords in their halls of stone,
Nine for Mortal Men doomed to die,
One for the Dark Lord on his dark throne
In the Land of Mordor where the Shadows lie.
One Ring to rule them all, One Ring to find them,
One Ring to bring them all, and in the darkness bind them,
In the Land of Mordor where the Shadows lie.
ဒါကတော့ LotR ဇာတ်လမ်းကြီးကို စတင်ခဲ့တဲ့ ဂန္ဓဝင်ကဗျာကြီးပါပဲ။
Dark Lord ဆော်ရွန်ဟာ နတ်သူငယ်တွေအတွက် လက်စွပ် ၃ ကွင်း၊ လူပု ဘုရင် ၇ ပါးအတွက် လက်စွပ် ၇ ကွင်း၊ လူတွေအတွက် ၉ ကွင်းကို ထုလုပ်စေခဲ့ပြီး ပေးအပ်ခဲ့ပါတယ်။ လက်စွပ်ကိုယ်စီဟာ စွမ်းအားရှိတာမို့ သူတို့တွေ လက်ခံခဲ့ကြတယ်။
ဒါပေမယ့် ဆော်ရွန်ဟာ လက်စွပ်ရှင်အားလုံးကို လွှမ်းမိုးနိုင်တဲ့ လက်စွပ်အားလုံးရဲ့ ဘုရင် တစ်ခုတည်းသော လက်စွပ်ကို ထုလုပ်ခဲ့ပြီး အားလုံးကိုချုပ်ကိုင်ဖို့ ကြိုးစားပါတော့တယ်။
ဒါပေမယ့် မဟာမိတ်တွေနဲ့ နောက်ဆုံးစစ်ပွဲမှာ ရှုံးနိမ်ခဲ့ပြီး လက်စွပ်ကိုလည်းလက်လွှတ်လိုက်ရပါတယ်။ နှစ်ပေါင်းများစွာကြာပြီးနောက် လက်စွပ်ပြန်ပေါ်လာချိန် ဆော်ရွန်လည်းအင်အားကြီးလာချိန်မှာ နတ်သူငယ်တွေ၊ လူတွေ၊ လူပုတွေ၊ ဟော့ဘစ်လေးတွေဟာ ဆော်ရွန်ကို တားဆီးဖို့နဲ့ လက်စွပ်ဖို့ ဖျက်ဆီးဖို့ ကြိုးစားကြရပါတော့တယ်……….
ဒီလောက်ဆို ဒီရုပ်ရှင်တွေကို ဆက်ပြီးခံစားဖို့ လုံလောက်မှာပါ။
7 238
+3
Koati (2021) အသစ်စက်စက်
--------------------
IMDB (7.2/10)
Balam ဆိုတဲ့ဂျာဂွားအုပ်ချုပ်နေတဲ့ မိုးသစ်တောလေးထဲမှာ Nachi လေးက တစ်ကောင်တည်းသော coati ကောင်လေးပေါ့
သူတို့နေတဲ့ မိုးသစ်တောလေးမှာ မထင်မှတ်ထားတဲ့ ဘေးအန္တရာယ်ကျရောက်ခဲ့ပြီးတော့ Balm လည်းအသက်ဆုံးရှုံးခဲ့ရသလို အကုန်လုံးကလည်း ဒီတောထဲကနေရွှေ့ပြောင်းမလား၊ တောထဲကဘေးကင်းတဲ့နေရာမှာပဲနေမလားဆိုတဲ့ အခြေအနေမျိုးနဲ့ကြုံလာရပါတယ်
နောက်ဆုံးမှာ Zaina ဆိုတဲ့မြွေမကြောင့် သူ့စကားတွေအောက်မှာကြွေကျပြီး အကုန်လုံးကပြောင်းရွှေ့ဖို့လုပ်ခဲ့ကြပေမယ့် Nachi ကတော့တောထဲမှာပဲနေဖို့ဆုံးဖြတ်ခဲ့ပါတယ်
သူဒီလိုဆုံးဖြတ်ခဲ့တာကလည်း နောက်ကွယ်မှာအကြောင်းအရင်းတစ်ခုရှိနေလို့ဖြစ်ပြီးတော့ အဲ့ဒီအကြောင်းအရင်းကိုအဖြေရှာဖို့အတွက်လည်း Nachi တစ်ကောင် Pako ဆိုတဲ့ခရားရေလွှတ်စကားပြောတတ်တဲ့ဖားလေးရယ် အကြောက်အလန့်မရှိတဲ့ Xochi ဆိုတဲ့လိပ်ပြာမလေးရယ်နဲ့ သုံးကောင်သားစွန့်စားခန်းရှာပုံတော်ဖွင့်ခဲ့ပါတယ်
သူတို့တွေရဲ့စွန့်စားခရီးလေးမှာ ဘယ်လိုအန္တရယ်တွေကစောင့်ကြိုနေပြီး ဘယ်လိုတွေဖြတ်ကျော်ကြမှာလဲ၊ Nachi တစ်ကောင် တောထဲမှာကျန်နေခဲ့ဖို့ဆုံးဖြတ်ခဲ့ရတဲ့နောက်ကွယ်ကအကြောင်းအရင်းကဘာလဲဆိုတာ
7 238
T-he Ba-d G-uys 2 (20/25)
📱IMDb Rating _7.2/10, Rotten _87%
အားလုံးကြိုက်ခဲ့ကြတဲ့ လူဆိုးကြီးများအဖွဲ့ The Bad Guys ရဲ့ အဆက် နံပါတ် ၂ ကားထွက်လာပါပြီ။
ခိုးဆိုးလုယက်မှုတွေကို စွန့်လွှတ်ပြီး တရားဥပဒေဘောင်အတွင်းက နိုင်ငံသားလုပ်တော့မယ်လို့ ဆုံးဖြတ်လိုက်တဲ့ လူဆိုးအဖွဲ့ကို လူ့အဖွဲ့အစည်းက လက်ကမ်းကြိုဖို့အတွက် တွန့်ဆုတ်နေကြပါတယ်။
ဒီအတွက် လူဆိုးအဖွဲ့ဝင်တွေလည်း ကိုယ်ဝါသနာပါတာလုပ်ရင်း တစ်ယောက်တစ်ကွဲနဲ့ လေလွင့်နေကြတာပေါ့။
ဒါပေမဲ့ အပြင်ဘက်မှာ သူတို့လိုမျိုးအကွက်တွေနဲ့ ဒုစရိုက်မှုကျွူးလွန်နေတဲ့ နာမည်ကြီးတစ္ဆေဓားပြတစ်ကောင်ပေါ်လာပါတယ်။
ဒီဓားပြရဲ့ လုပ်ရပ်တွေက ပိရိသပ်ရပ်လွန်းလို့ ရဲတွေတောင် လက်မြှောက်ထားရတဲ့အထိပါပဲ။
ဒီတစ္ဆေဓားပြကို ဖမ်းပြီး လူတွေရဲ့ ယုံကြည်မှုကိုပြန်လည်ရယူဖို့အတွက် လူဆိုးကြီးများအဖွဲ့က ကြိုးပမ်းပါတော့တယ်။
7 238
A Chr-is-t-mas Car-ol (200-9)
IMDb 6.8 / Rotten Tomatoes 52%
"နောင်တဆိုတာ နောင်မှရတာမျိုး မဖြစ်ချင်ရင်..."
Christmas ဆိုတာ ပျော်စရာကောင်းတဲ့အချိန်လို့ လူတိုင်းက သတ်မှတ်ထားကြပေမဲ့ Ebenezer Scrooge ဆိုတဲ့ အဘိုးကြီးအတွက်တော့ မဟုတ်ခဲ့ဘူး။ သူက ကပ်စေးနှဲတယ်၊ လူတွေကို မုန်းတယ်၊ ပြီးတော့ Christmas ကိုလည်း အဓိပ္ပာယ်မရှိတဲ့အရာလို့ ထင်နေတဲ့သူ။
ဒါပေမဲ့ Christmas အကြိုညမှာ သူ့ဘဝကိုတစ်ဆစ်ချိုး ပြောင်းလဲပစ်မယ့် ထူးဆန်းတဲ့ အဖြစ်အပျက်ကြီးတစ်ခု စတင်ခဲ့ပါတယ်။
"မင်းရဲ့ အတိတ်က ဘာတွေမှားခဲ့လဲ? လက်ရှိမှာ မင်းဘာတွေ ဆုံးရှုံးနေလဲ? ပြီးတော့... မင်းဒီအတိုင်း ဆက်သွားရင် အနာဂတ်မှာ ဘယ်လိုအဆုံးသတ်မလဲ?"
တစ္ဆေဝိညာဉ် ၃ ပါးက သူ့ကို အချိန်ခရီးလွန် ခေါ်သွားတဲ့အခါမှာတော့ Scrooge တစ်ယောက် သူလုံးဝမထင်ထားတဲ့ အမှန်တရားတွေကို ရင်ဆိုင်လိုက်ရပါတော့တယ်။
7 238
B-a-ck to th-e Ou-tb-ack (20-21)
တိရိစ္ဆာန်လေးတွေအားလုံးက ချစ်ဖို့ကောင်းပါတယ် ဒါပေမဲ့ လူတွေက အဆိပ်ပြင်းတဲ့ တိရိစ္ဆာန်တွေဆို မကောင်းဆိုးဝါးတွေလို တူးတူးခါးခါး မုန်းကြတယ်၊ ကြောက်ကြတယ်။ ဒါပေမဲ့ သူတို့ဆီမှာလည်း ကြင်နာတတ်တဲ့ နှလုံးသား၊ ရိုင်းပင်းကူညီတတ်တဲ့ စိတ်ဓါတ်ကလေးတွေရှိကြပါတယ်။ဒါကို Back to the Outback ဆိုတဲ့ ကာတွန်းကားလေးမှာ ကွက်ကွက်ကွင်းကွင်းမြင်နိုင်မှာပါ။ အဆိပ်ပြင်းတဲ့မြွေ၊ ပင့်ကူ၊ ကင်းမြီးကောက်၊ ပုတ်သင် အစရှိတဲ့တိရိစ္ဆာန်လေးတွေဟာ တိရိစ္ဆာန်ရုံထဲမှာ မကောင်းဆိုးဝါးတွေအဖြစ်ပြစားခံရပါတယ်။ ဒီထဲမှာမှ ကိုအာလာလို ချစ်ဖို့ကောင်းတဲ့ ကောင်တွေတော့မပါဘူးပေါ့လေ။ဒီကားလေးမှာ ဒီတိရိစ္ဆာန်လေးတွေဟာ လှောင်အိမ်ထဲကရုန်းထွက်ပြီး ဘေးလွတ်ရာကို အသက်စွန့်ပြေးရတဲ့ စွန့်စားခန်းတွေအပြင် သူတို့ဆီမှာ ကန့်လန့်ကန့်လန့်ပါလာတဲ့ ကိုအာလာကိုလည်း ကြည့်ရမှာပါ။သူကတော့ ထွက်ပြေးချင်တာမဟုတ်ဘဲ တိရိစ္ဆာန်ရုံထဲမှာပဲ ကျော့ကျော့မော့မော့နေချင်တဲ့ ငနဲဆိုတော့ ဒီထွက်ပြေးမှုမှာ သူက အတိုက်အခံပဲ။ ဒါကြောင့် အဆိပ်ရှိတဲ့တိရိစ္ဆာန်လေးတွေဟာ လူတွေလက်ထဲက ရုန်းထွက်သွားပြီးသူတို့တွေနဲ့ ထိုက်တန်တဲ့နေရပ်တစ်ခုမှာပျော်ရွှင်စွာအခြေချသွားနိုင်မလား
7 238
Ra-ya an-d th-e La-st Dr-ag-on (20*21)
ဟိုးရှေးရှေးတုန်းကပေါ့ဗျာ …..
ပုံပြင်ဆိုတော့ ဒီလိုပဲ စရမယ်လေနော့။
ကူမန်ဒြာ ဆိုတဲ့ တိုင်းပြည်မှာ လူတွေရယ် နဂါးတွေ ရယ် အတူတူ နေကြသတဲ့။
တစ်နေ့မှာတော့ ဒရွန်း ဆိုတဲ့ ကျောက်ရုပ်ဖြစ်စေနိုင်တဲ့ မိစ္ဆာတွေက လာရောက်အနိုင်ကျင့်ကြတဲ့အခါမှတော့ …… နဂါးတွေက လူတွေကို ကူညီတိုက်ခိုက်ပေးကြပါတယ်။
နဂါးတွေရဲ့ အစွမ်းတွေ စုထားတဲ့ ရတနာနဲ့ ဒရွန်း မိစ္ဆာတွေကို အနိုင်တိုက်နိုင်ခဲ့ပါတယ်။
ဒါပေမယ့် ကူညီတဲ့ နဂါးတွေအားလုံး ကျောက်ရုပ်တွေ ဖြစ်သွားကြပြီး နဂါးတစ်ကောင်ကတော့ ရှင်ကျန်နေရစ်ခဲ့ပါတယ်။ ကူမန်ဒြာ တိုင်းပြည်ကြီးလည်း လူမျိုးစု ၅ စု ကွဲသွားသလို ရတနာကလည်း
၅ ပိုင်း ကွဲသွားခဲ့ပါတယ်။
နောက် နှစ် ၅၀၀ အကြာမှာတော့ ဒရွန်းတွေ ပြန်ပေါ်လာခဲ့ပါတယ်။ နှလုံးသားမျိုးနွယ်စု ခေါင်းဆောင်ရဲ့သမီးလေး ရာယာ က နောက်ဆုံးကျန်ခဲ့တဲ့ နဂါး ကို ရှာဖွေပြီး ဒရွန်းတွေကို နှိမ်နင်းဖို့ ကြိုးစားတဲ့အခါမှာတော့ …..
7 238
1_2-0 B-a-h-a_d-u_r (2-0-2-5)
IMDb ⭐️ 5.9 / 10
၁၉၆၂ ခုနှစ်၊ အိန္ဒိယ-တရုတ် နယ်စပ်အရေးအခင်းကာလ။ “အိန္ဒိယနဲ့ တရုတ် ညီအစ်ကိုတွေပါ” လို့ ကြွေးကြော်ခဲ့ကြရာကနေ တရုတ်ဖက်ကမမျှော်လင့်ဘဲ နောက်ကျောကိုဓားနဲ့ထိုးကာ ကျူးကျော်စစ်ဆင်နွှဲလာခဲ့ပါတယ်။ လဒက်ဒေသတစ်ခုလုံးအတွက် အသက်တမျှအရေးကြီးတဲ့ လေယာဉ်ကွင်းကို သိမ်းပိုက်ဖို့ တရုတ်တပ်မကြီးက အလုံးအရင်းနဲ့ ချီတက်လာတဲ့အခါ…
သူတို့ကို တားဆီးဖို့အတွက် အဓိကကျတဲ့ “ရေဇန်းလာ” တောင်ကြားလမ်းမှာ တပ်စွဲထားတာကတော့ ဗိုလ်မှူးရှိုင်တန်ဆင်းဘာတဦးဆောင်တဲ့တပ်ခွဲက စစ်သည်အင်အား ၁၂၀ သာ ရှိပါတယ်။
တစ်ဖက်မှာ ခေတ်မီလက်နက်တွေ တပ်ဆင်ထားတဲ့ ထောင်သောင်းချီတဲ့ တရုတ်စစ်သည်တွေ၊ တစ်ဖက်မှာတော့ အင်အား ၁၂၀ သာရှိပြီး အေးခဲနေတဲ့ ရာသီဥတုဒဏ်ကိုပါ အလူးအလဲခံနေရတဲ့ အိန္ဒိယစစ်သည်တွေ။ ဒါပေမဲ့ သူတို့သွေးထဲမှာ စီးဆင်းနေတာက “အာဟီယာ” စစ်သည်တော်မျိုးနွယ်တွေရဲ့ သတ္တိသွေး။
တကယ့်သမိုင်းတွင်ခဲ့တဲ့ “ရေဇန်းလား တိုက်ပွဲ” အကြောင်းကို အခြေခံရိုက်ကူးထားပြီး၊ တစ်ရွာတည်း ဇာတိတူ၊ ငယ်သူငယ်ချင်း စစ်သည်တွေရဲ့ သံယောဇဉ်၊ ခေါင်းဆောင်ကောင်းတစ်ယောက်ရဲ့ ဦးဆောင်မှုနဲ့ တိုင်းပြည်အတွက် အသက်ပေးကာကွယ်သွားကြတဲ့ သူရဲကောင်း ၁၂၀ ရဲ့ မှတ်တမ်
7 238
B_a-m-b-i T_h-e R-e-c-ko-n_i-n-g (2-0-2-5)
IMDB ⭐️ 5.0/10
Bambi လို့ပြောလိုက်တာနဲ့ ကျွန်တော်တို့ကလေးဘဝက အရမ်းကိုနှစ်ခြိုက်ကြတဲ့ ကာတွန်းကားလေးနဲ့ ချစ်စရာသမင်ပေါက်လေးကို ပြေးမြင်မိကြမှာပေါ့။
ဒါပေမဲ့ ဒီဇာတ်ကားလေးကတော့ ကာတွန်းကားလိုချစ်ဖို့ကောင်းမှာမဟုတ်ဘဲ သွေးသံတရဲရဲနဲ့ slasher movie ပါ။
ပြောရမယ်ဆိုရင်တော့ ကာတွန်းကာရိုက်တာတွေကို slasher ပြန်ရိုက်ထားတဲ့ Blood and Honey တို့ Peter Pan’s Nightmare တို့လိုဇာတ်ကားတစ်ကားပေါ့ဗျာ။
ငယ်ဘဝက အမှတ်တရတွေ အကျည်းတန်သွားလောက်တဲ့အထိ slasher ဇာတ်ကားကပဲ ကြမ်းပြသွားမလားဆိုတာကတော့ ကိုယ်တိုင်ပဲ ရှုစားကြည့်လိုက်ကြပါဦးစို့။
ဒီဇာတ်ကားလေးထဲမှာလည်း ဓာတုစက်ရုံက အဆိပ်အတောက်တွေကို စနစ်တကျမစွန့်ပစ်ဘဲ တောထဲကို ကြုံသလို စွန့်ပစ်ရာကနေ တောထဲကမြစ်ရေက အဆိပ်ဖြစ်လာပြီး တောထဲက အမိမဲ့သမင်ငယ်လေးဟာ ဒီမြစ်ရေကြောင့်ပဲ သတ္တဝါဆိုးကြီးအဖြစ် ပြောင်းလဲသွားရာကနေ ဇာတ်လမ်းစထားပါတယ်။
ဒီအချိန်မှာပဲ တောထဲကို ခရီးထွက်လာတဲ့ ဇာနာနဲ့ဘန်ဂျီတို့ ထူးဆန်းစွာနဲ့ပဲ သွေးဆာနေတဲ့သမင်ကြီးနဲ့ ပက်ပင်းတိုးမိချိန်မှာတော့….
7 238
ဒါပေမဲ့ တောင်တစ်တောင်မှာ ကျားတစ်ကောင်ပဲ ကြီးစိုးရသလိုပဲ တိုင်းပြည်တစ်ပြည်ကိုလည်း ပြည့်ရှင်မင်းတစ်ပါးတည်းကသာ အုပ်ချုပ်လို့ရတာဖြစ်တဲ့အတွက် ထီးမွေနန်းမွေ ရွေးချယ်ရမဲ့အချိန် ရောက်လာချိန်မှာတော့ ညီအစ်ကိုတွေကြားမှာ အာဏာလောဘနဲ့ ပတ်သက်တဲ့စိတ်တွေပေါ်လာတော့တာပေါ့။
ဒီချိန်မှာ လက်ရုံးရည်ရော နှလုံးရည်ပါပြည့်စုံပြီး မေတ္တာနဲ့အုပ်ချုပ်တတ်တဲ့ ဘာဟုဗလီက ပြည်သူတွေရဲ့လေးစားအားကိုးမှုကို ပိုခံရတဲ့အတွက် ဘလာက မကျေနပ်တော့ဘဲ အကောက်ကြံဖို့လုပ်ပါတော့တယ်.
လူရင်းကထိုးတဲ့ဓားက အနက်ဆုံးဆိုတဲ့အတိုင်းပဲ အာမာရန်ဒရာဘာဟုဗလီတစ်ယောက် မိတ်ဆွေရဲ့ဓားချက်နဲ့အသက်ပျောက်ခဲ့ရပေမဲ့ သူ့ရဲ့သားငယ်လေး မာဟင်ဒရာဘာဟုဗလီကတော့ မယ်တော်ကြီး ရှီဗာဂါမီရဲ့စတေးမှုနဲ့လွတ်မြောက်ပြီး တောရွာလေးက မိခင်တစ်ယောက်ဆီမှာ မွေးစားခံလိုက်ရတာပေါ့။
၂၅ နှစ်ဆိုတဲ့ကာလကို ကျော်ဖြတ်အပြီးမှာ အဖေသွေးအပြည့်ပါတဲ့ ဘာဟုဗလီတစ်ယောက် ထက်မြက်ရဲရင့်တဲ့စစ်သည်အဖြစ် ကြီးပြင်းလာပြီး သူ့ရဲ့ တော်ဝင်သွေးဇစ်မြစ်အကြောင်းကို သိရှိလိုက်ရချိန်မှာတော့…
