Workflex Zone
前往频道在 Telegram
Find Your Dream Job, Build Your Future Facebook -https://www.facebook.com/share/19r2QedEgF/ Website -www.workflexz.com
显示更多7 249
订阅者
-324 小时
-257 天
-6430 天
帖子存档
7 247
Hello Everyone ✨
ကျွန်တော်တို့ရဲ့ Channel လေးက နေရာအနှံ့အပြားက တွေ့ရှိရသော Work From Home / Freelance အလုပ်များကို Legit ဖြစ်မဖြစ်နှင့် Deadline မတိုင်ခင် သေချာစီစစ်ပြီး တစ်နေရာတည်းမှာစုစည်းရှာဖွေလျှောက်ထားနိုင်အောင် ပြန်လည်ဝေမျှပေးနေတဲ့ Channel လေးဖြစ်ပါတယ် ။ အလုပ်များကိုလျှောက်ထားလိုပါက Post တွင်ပါဝင်သော ဆက်သွယ်ရမည့်လိပ်စာများကိုတိုက်ရိုက်ဆက်သွယ်လျှောက်ထားနိုင်ပါတယ် ။ 2025 မှာ Freelance အလုပ်သစ်တွေရလို့ project အသစ်တွေ များများလုပ်နိုင်ပြီး ဝင်ငွေတွေတိုးပွားလာကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ။🍀
ကျွန်တော်တို့ရဲ့ Channel ကိုလဲ Growth Up ဖြစ်လာအောင် အလုပ်များများရှာပေးနိုင်အောင် sharing လုပ်ပေးခြင်းဖြင့် support ပေးကြဖို့လဲတောင်းဆိုချင်ပါတယ် ။
Telegram- https://t.me/Wfhjobcommunity
Facebook Page Link - https://www.facebook.com/profile.php?id=61571104979983&mibextid=ZbWKwL
7 247
Team Leader (Translator)
အလုပ်အမျိုးအစား: Engineering
အလုပ်နေရာ: Work From Home
အလုပ်အရည်အချင်းများ
• ဂျပန်စာအရည်အချင်း – ဂျပန်ဘာသာစကားကို N2 လက်မှတ်ရရှိထားရမည်။
• ဂျပန်ဘာသာကျွမ်းကျင်မှု – နားလည်ခြင်း၊ စကားပြောခြင်း၊ ဖတ်ရှုခြင်းနှင့်ရေးခြင်းတို့တွင်ကျွမ်းကျင်မှုရှိရမည်။
• ကွန်ပျူတာကျွမ်းကျင်မှု – Microsoft Word, Excel, PowerPoint, email ကျွမ်းကျင်စွာအသုံးပြုနိုင်ရမည်။
• အင်္ဂလိပ်ဘာသာစကားအခြေခံ – အခြေခံအင်္ဂလိပ်စာ အရေး၊ ဖတ်ရှုခြင်းနှင့်စကားပြောရရှိရမည်။
• လူမှုဆက်ဆံရေးအရည်အချင်း –အဖွဲ့အစည်းနှင့်အဆင်ပြေကောင်းမွန်စွာဆက်သွယ်ဆောင်ရွက်နိုင်သူဖြစ်ရမည်။
____
အလုပ်တာဝန်များ
1. Project ခွဲဝေခြင်း – လုပ်ငန်းများကို အချိန်ဇယားနှင့် အစီအစဉ်အလိုက် ခွဲဝေပေးရန်။
2. CAD, PDF, JW Cad ဖိုင်များစစ်ဆေးခြင်း – AutoCAD, PDF, JW Cad ဖိုင်များကို ဖွင့်ပြီး အချက်အလက်များကို စစ်ဆေးခြင်း (အိမ်အလုံးရေ၊ ဖွင့်ရ/မရ ၊ သုံးလို့ ရ/မရ စစ်ဆေးခြင်း)။
3. Japan Office Operators နှင့် Schedule Coordination – ဂျပန်ရုံးရှိ operator များနှင့် အချိန်ဇယားများကို ညှိနှိုင်းပြီး စီမံခန့်ခွဲခြင်း။
4. 3D Max Modelers သို့ Japanese Instructions ဘာသာပြန်ခြင်း – ဂျပန်မှ CAD Data များကို 3D Max Modelers များအားရှင်းပြပေးခြင်း။
5. Client မှ Project Check-back Files ပေးပို့ခြင်း – Client များမှ ပေးပို့လာသော Project Check-back Files များကို အကဲဖြတ်ပြီး သက်ဆိုင်ရာ project အလိုက် ဘာသာပြန်ခြင်း။
6. Consulting – Modelers များမှဖြေရှင်းချက်များအား Operator ဘက်သို့ပြန်လည်ဖြေရှင်း၊ဆွေးနွေးရခြင်း။
7. Schedule Control & Management – Project Coordinators နှင့် 3D Max Modelers အကြား အချိန်ဇယားများကို စီမံခန့်ခွဲခြင်း။
8. Building & Garden Textures ရှာဖွေခြင်း – Japanese Instructions များအားဘာသာပြန်၍ Building Model Texture, Garden Texture များရှာပေးခြင်း။
9. Invoice Conversion (Myanmar Format) – Japan Head Office မှ ပေးပို့သော Invoice များကို Myanmar Format သို့ပြောင်းလဲ၍ ပြုလုပ်ခြင်း။
10. Myanmar Office နှင့် Japan Office Coordination – မြန်မာရုံးနှင့် ဂျပန်ရုံးအကြား ပတ်သက်သော စီမံခန့်ခွဲမှုများ (Calendar Schedule, Organization Chart) ကို ညှိနှိုင်းပေးခြင်း။
အလုပ်ချိန်:
တနင်္လာ မှ သောကြာ - ၉ နာရီ မှ ၅ နာရီ
စနေ၊တနင်္ဂနွေနှင့်အစိုးရရုံးပိတ်ရက်များပိတ်ပါသည်။
လစာနှင့်ခံစားခွင့်များ
ညှိနှိုင်း + အခြားခံစားခွင့်
အလုပ်အကိုင်များအတွက် စိတ်ဝင်စားသူများသည် အောက်ပါလိပ်စာမှ တဆင့် CV ပေးပို့လျှောက်ထားနိုင်ပါသည်။
Email : slmyanmarhr@gmail.com
Viber: 09756745160
CV တွင် လုပ်ငန်းအတွေ့အကြုံ၊ လုပ်ကိုင်ခဲ့သည့်လုပ်ငန်းအမည် နှင့် အရည်အချင်းအချက်အလက်များ ကိုပြည့်စုံစွာဖော်ပြပေးပါရန်။
2025, January 07/08/09/10 အင်တာဗျူးရှိပါသည်။
7 247
ယနေ့ညနှင့်မနက်ဖြန်နောက်ဆုံးလျှောက်ထားရမည့် Work From Home အလုပ်များ
Page Admin and Supplier -2 posts
https://t.me/Wfhjobcommunity/23
WFH Admin Assistant -1 Post
https://t.me/Wfhjobcommunity/15
Page Admin -1 Post
https://t.me/Wfhjobcommunity/5
7 247
𝐂𝐨𝐧𝐭𝐞𝐧𝐭 𝐂𝐫𝐞𝐚𝐭𝐨𝐫 𝐟𝐨𝐫 𝐒𝐩𝐨𝐫𝐭𝐬 𝐂𝐡𝐚𝐧𝐧𝐞𝐥 (Freelance)
=•=•=•=•=•=•=•=•=•=•=•=•=•=•=•=•=•=•=•=•=•=•
1. ဘောလုံးကိုစိတ်ဝင်စားသူဖြစ်ရပါမည်။
2. highlights video များ၊ interview section များ နဲ့ hit
ဖြစ်သော သတင်းအချက်အလက်များကိုအချိန်နှင့်
တပြေးညီတင်နိုင်ရပါမယ်။
3. Content Writing / Copy Writing ကျွမ်းကျင်ရပါမည်။
4. Football နဲ့ ပက်သတ်ပြီး Troll နှင့် Meme များ
ကိုအနည်းငယ်နားလည်တတ်ကျွမ်းကျင်ရမည်။
* လစာ ညှိနှိုင်း *
စိတ်ဝင်စားပါကလိုအပ်သည့်အချက်အလက်များကို
Telegram အကောင့်သို့ပေးပို့လျှောက်ထားနိုင်ပါသည်ခင်ဗျာ။
https://t.me/mwmlkb
7 247
Better Sure ရဲ့ Film project တစ်ခုအတွက် Freelance Writer တစ်ဦးအလိုရှိသည်။
ဇာတ်လမ်းရှိပြီးသားပါ။ script ပြန်ထုတ်ဖို့အတွက် ဝတ္ထုတိုသဘောမျိုးရေးပေးရမှာပါ။ Experience အများကြီးမလိုပါ။ Fiction ရေးဖူးသူများလဲလျှောက်ထားနိုင်ပါတယ်။
LGBT ဇာတ်အိမ်ဖြစ်သည့်အတွက် ဇာတ်အိမ်နဲ့အဆင်ပြေမှလျှောက်ထားပေးပါရန်။ Fees ကို interview ခေါ်လျှင်ညှိနှိုင်းနိုင်ပါသည်။
စိတ်ပါဝင်စားပါက Better Sure Page Messenger တွင် ဆက်သွယ်လျှောက်ထားနိုင်ပါသည်။
09 758 984 665
09 980 777 964
https://www.facebook.com/share/p/14yemo6dqo/
7 247
Work From Home. Page admin and Supplier
(M or F) 2 ဦး
📍Company အကြောင်း
ထိုင်းနိုင်ငံမှမြန်မာ သို့ကုန်ပစ္စည်းများပို့ဆောင်သော cargo service ။ Thailand e-commerce (Lazada/shopee/Shein/Adidas etc.. )စသည့် website များမှကုန်ပစ္စည်းများ ဝယ်ယူပေးခြင်း၊သယ်ယူပေးခြင်းလုပ်ငန်းများ ဝန်ဆောင်မှုပေးပါသည် ။
📍 လုပ်ကိုင်ရမည့်လုပ်ငန်းတာဝန်များ
Page admin messenger Reply / website Supplier
📍လိုအပ်သောအရည်အချင်းသတ်မှတ်ချက်များ
-စိတ်ရှည်သည်းခံပြီး၊Customer service & Communication skill ကောင်းမွန်သူ
-Complain များကို Professional ကျကျဖြေရှင်းနိုင်သူ
- e-commerce Website များကိုကျွမ်းကျင်စွာမွှေနှောက်အသုံးပြုနိုင်ပြီး Supplier အနေဖြင့်ကျွမ်းကျင်စွာဖြင့်ဝယ်ယူပေးနိုင်သူ
- wearhouse အဝင်အထွက်စာရင်းများ သေချာစွာမှတ်သားနိုင်ပြီး customer များအား data Reportများပေးနိုင်သူ
-Cargo Process Team တခုလုံးနှင့်အသင်းအဖွဲ့ဖြင့်ပူးပေါင်းဆောင်ရွက်နိုင်သူ / တာဝန်ယူမှုရှိသူ
📍 အကျိုးခံစားခွင့်
မိမိ၏ လုပ်ကိုင်နိုင်သောအရည်အချင်းအပေါ်မူတည်ပြီးလစာကိုပွင့်ပွင့်လင်းလင်း ပြောဆိုညှိနှိုင်းနိုင်ပါသည်။
📍 အလုပ်လျှောက်ရန်
စိတ်ဝင်စားလုပ်ကိုင်လိုသူများ
အီးမေးလ် foxshoppingclub1997@gmail.com
Viber : 09440018631
တို့ကို ကိုယ်ရေးအကျဉ်းcv form /လစာ/အလုပ်လုပ်ကိုင်နိုင်မည့်အလုပ်ချိန် တို့နှင့်အတူပေးပို့လျှောက်ထားနိုင်ပါသည်။
📍 လျှောက်လွှာပိတ်ရက်
၂၀၂၄ ခုနှစ် ၊ ဒီဇင်ဘာ ၃၁ ရက်
Facebook Page Link
https://www.facebook.com/profile.php?id=61571104979983&mibextid=ZbWKwL
7 247
Content Writer (WFH)
Leader မှ Frame ချပေးလိုက်ရုံနဲ့ လက်စောင်းထက်ထက် ကျစ်ကျစ်လစ်လစ်ရေးသားပေးနိုင်သော Mid-Level Content Writer တစ်ဦးအလိုရှိသည်
အတွေ့အကြုံပေါ်မူတည်ပြီး ညှိနှိုင်းလစာပေးမှာမို့
ကြိုးစားပေးဖို့သာ လိုအပ်ပါသည်။
Job Description
ဖန်တီးနိုင်စွမ်းကောင်းကောင်းနှင့်
စာလုံးပေါင်းသတ်ပုံမှန်မှန်ကန်ကန်ဖြင့် ချောချောမွေ့မွေ့ရေးသားနိုင်ရမည်
Brand ပေါင်းစုံ ဘာလာလာ ရေးသားနိုင်တဲ့သူဖြစ်ရမည်
Content Planner စနစ်တကျဆွဲတက်သူဖြစ်ရမည်
Deadline အတိုင်းဆောင်ရွက်နိုင်ရမည်
မနက်စောစောနှင့် ညစဉ် Quick Meeting Join နိုင်သူဖြစ်ရမည်
Working From Home Flexible လုပ်နိုင်သော်လည်း System နှင့် Operation Run မည်ဖြစ်တာကြောင့်
အလုပ်ကို Serious ထားနိုင်မှ လာရောက်လျှောက်ထားစေလိုပါတယ်ရှင်
အသေးစိတ်ကိုသိရှိလိုရင်တော့ Demand Up Marketing Agency Founder ( Khant Thiri Lwin ) ရဲ့
Messager ( သို့ ) Telegram Number
+959898625997 က်ို သွယ်နိုင်ပါသည်
https://www.facebook.com/share/15dhbsbnwo/?mibextid=wwXIfr
7 247
We are hiring 📢📢
Demand Up Marketing Agency မှာအတွေ့အကြုံသစ်တွေရယူရင်း တာဝန်ထမ်းဆောင်ဖို့
Junior Sales Executive တစ်ဦး
Sale Executive ( Basic salary + Sale Incentive % )
Working From Home ( 1 ) Post အလိုရှိသည်..📢📢
Job Description
☑️Social Media Marketing လောကအား အမြဲ Research လုပ်နေတဲ့သူဖြစ်ရမည်..
☑️စကားပြောစွမ်းရည်အသင့်အတင့်ရှိရမည်..
☑️Client အသစ်များအား စနစ်တကျ Service အကြောင်းရှင်းပြခြင်း
☑️လက်ရှိ Client များကိုလည်း အဆင်ပြေပြေ Keep in touch လုပ်နိုင်ရမည်..
☑️Industry ပေါင်းစုံကိုအမြဲလေ့လာပြီး
☑️Sale Plan ရေးဆွဲခြင်းမှာ အားခွန်ခွန်စိုက်ပူးပေါင်းအကြံပေးနိုင်ရမည်..
☑️သတ်မှတ်ထားသော Sale Target ပြည့်အောင် Run နိုင်ပြီး လစဉ် Sale Report တင်ပြနိုင်ရမည်
အဲ့အတွက် Frame ချပေးပါမည်..
Job Requirement..
☑️ကျောင်းရပ်နားထားသူများလည်းလျှောက်ထားနိုင်သည်..
လုပ်နိုင်စွမ်းရည်နဲ့အတွေ့အကြုံကိုသာ ဦးစားပေးမည်..
☑️Laptop , Mobile Phone , Email , Zoom , Google Meet သုံးတက်ရမည်..
☑️Good Communication Skill ရှိရပါမည်..
☑️WFH မို့ Meeting များတိကျစွာ Join ပေးနိုင်ရပါမည်..
☑️Training ရှိတာမို့ ကြိုးစားချင်တဲ့လူငယ်များကိုလက်တွဲခေါ်ဆောင်ပေးမှာဖြစ်ပါတယ်..
သေချာပြီဆို Demand Up Marketing Agency Founder ရဲ့
Messager ( သို့ ) Telegram Number
+959898625997 က်ို သွယ်နိုင်ပါသည်..
https://www.facebook.com/share/15dhbsbnwo/?mibextid=wwXIfr
7 247
WFH Admin Assistant - 1 post
__
Form Close Date - 30.12.2024
Job Description
- ခက်တဲ့ အလုပ်တွေ့လျှင်လွယ်လွယ်လက်မလျှော့တတ်သူ
- Self-studyအားကောင်းသူ
- ကိုယ်ယူထားသည့် တာဝန်ကို ပြီးမြောက်အောင်လုပ်နိုင်သူ
- အသင်းအဖွဲ့နှင့် ဟန်ချက်ညီညီလုပ်နိုင်သူ
- HR & Admin ပိုင်း စိတ်ဝင်စားသူ ၊ အတွေ့အကြုံရှိသူဦးစားပေးမည်
Requirements
__
- Email, Internet , Google , Computer အသုံးပြုနိုင်ရမည်
- ကိုယ်ပိုင် laptop ရှိရပါမယ်
- မဖြစ်မနေလာရမယ့် အစည်းအဝေးနှင့် Discussion များရှိပါတယ် (တစ်ပတ် ၁ ကြိမ် သို့ ၂ကြိမ်ခန့်)
- ကျောင်းကိစ္စကင်းရှင်းသူ
- စေ့စပ်သေချာသူ
Salary - 250,000
❗️❗️Full Time ဖြစ်သောကြောင့် အလုပ်၂ခုလုပ်လို့မရပါ
စိတ်ဝင်စားပါက CV Formကို
digitaljobmm@gmail.com or Viber+959401409935 သို့ ပေးပို့ထားနိုင်ပါသည်။
7 247
WFH 3D Designer ခေါ်ယူခြင်း
အခုမှစတင်မည့်လုပ်ငန်းတစ်ခုမှ WFH 3D Designer ခေါ်ယူလျက်ရှိပါသည်။
(1) 3D modeling software များကျွမ်းကျင်စွာသုံးနိုင်ရမည်။ (Blender, ZBrush, Solidworks, etc)
(2) Product design or Toy design များဆောင်ရွက်ဖူးသူ၊ creative အားကောင်းသူဖြစ်ရမည်။
(3) Communication skill ကောင်းမွန်သူ၊ ရေရှည်လုပ်နိုင်သူဖြစ်ရမည်။
အမြန်ဆုံးခေါ်ယူသွားလို၍ လျှောက်ထားလိုပါက
အောက်ပါလင့်မှတဆင့် form ပြည့်စုံစွာဖြည့်သွင်း၍ ခေါ်ယူသူထံ တိုက်ရိုက်လျှောက်ထားနိုင်ပါသည်
Link > https://forms.gle/4sEG8fVK3A3N6jVz8
7 247
Position - TikTok Content Creator (Freelance)
- (Tiktok) တွင်တင်ရန် Team နှင့်အတူ video များ ရိုက်ပေးရမည် ။
- ဇာတ်လမ်းဇာတ်ညွှမ်းများကိုTrend နဲ့ အညီ ရေးသားနိုင်ရမည် ။
- Trend နှင့်အညီ Videoများကို Creation ကောင်းမွန်စွာဖြင့် ဖန်တီးနိုင်သူဖြစ်ရပါမည်။
-Tiktok ပိုင်းအစအဆုံးကို Creat လုပ်နိုင်သူဖြစ်ရမည် ။
စိတ်၀င်စားပါက
📞 - 09685241481 (viber) သို့ Cv များ ပေးပို့ထားနိုင်ပါတယ် ။
7 247
📣 Freelance Script Writer ( 1 )
📣 Freelance Video Editor ( 1 )
ဖန်တီးမှုအားကောင်းသော Social Media Marketing Agency တစ်ခုမှာ အလုပ်ပိုတွင်စေဖို့အတွက် လူလိုနေပါတယ်။
အနုပညာကို ခံစားသက်ဝင်မှုရှိပြီး
အသင်းအဖွဲ့နဲ့ ပူးပေါင်းလုပ်ဆောင်တတ်သော 🔸𝐅𝐫𝐞𝐞𝐥𝐚𝐧𝐜𝐞 𝐒𝐜𝐫𝐢𝐩𝐭 𝐖𝐫𝐢𝐭𝐞𝐫 တစ်ဦးကို 𝙈𝙔𝙄𝘾 Team မှ အလိုရှိပါတယ်။
စိတ်ကူးစိတ်သန်း ကွန့်မြူးရမယ်၊ Creative ဖြစ်ရမယ်။
Reels နဲ့ Short Videos လေးတွေအတွက် ရေးသားခဲ့ဖူးသူ၊ အတွေ့အကြုံရှိသူများကို ဦးစားပေးရွေးချယ်ပေးသွားပါမယ်နော်။
Creative အားကောင်းသော 🔸𝐕𝐢𝐝𝐞𝐨 𝐄𝐝𝐢𝐭𝐨𝐫 တစ်ဦးကိုလည်း အမြန်ဆုံးလာရောက်ရန် ဖိတ်ခေါ်ပါတယ်။
သွက်လက်တဲ့ Speed နဲ့ အကောင်းဆုံးသော Quality များကိုဖန်တီးနိုင်ဖို့အတွက် 𝐅𝐫𝐞𝐞𝐥𝐚𝐧𝐜𝐞𝐫 အဖြစ်နဲ့ ဝင်ရောက် Join နိုင်ပါပြီခင်ဗျာ။
Video Editing Tools တွေကို ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုတတ်ပြီး
ခေတ်ပေါ် social media flow တွေနဲ့အညီ video အတိုလေးတွေကို အမိုက်စား ဖန်တီးပုံဖော်ပေးနိုင်ဖို့ပဲလိုပါတယ်။
✔️ Professional ဆန်တဲ့ ဖန်တီးမှုတွေအတွက်
Copyright ကင်းလွတ်တဲ့ မည်သည့် software ကိုမဆို ကိုယ်အားသန်ရာ စိတ်ကြိုက် အသုံးပြုနိုင်ပါတယ်။
✔️ လုပ်ငန်းဆောင်တာများအတွက် Delay မဖြစ်စေဘဲ အချိန်မီပြီးမြောက်အောင် လုပ်ဆောင်ပေးနိုင်သူ ဖြစ်ရပါမယ်။
ကိုယ့်ရဲ့ Skill နဲ့ ကိုက်ညီတယ်လို့ ယုံကြည်ချက်ရှိတယ်ဆိုရင်တော့
myic.contact.marketing@gmail.com သို့
ကိုယ်လုပ်ခဲ့ဖူးတဲ့ Portfolio နှင့် Rate Card များ ပေးပို့ပြီး လျှောက်ထားနိုင်ပါပြီ..
Facebook Page Link - https://www.facebook.com/profile.php?id=61571104979983&mibextid=ZbWKwL
7 247
WFH လုပ်ကိုင်ရန်အတွက် Japan Translator ၂ ဦးအမြန်ခေါ်ယူလိုပါတယ်။
ဂျပန်စာ N2 Passed ဖြစ်ရပါမယ်။
ကွန်ပျူတာကျွမ်းကျင်စွာအသုံးပြုနိုင်သူ
ရေရှည်လက်တွဲလုပ်ကိုင်နိုင်သူဖြစ်ရပါမယ်
လုပ်ငန်းအတွေ့အကြုံမလိုပါ။
အလုပ်ချိန် ၉ နာရီ မှ ၅ နာရီ အထိပါ။ စနေ၊တနင်္ဂနွေပိတ်ပါတယ်
လစာနှုန်းထားက Full time အတိုင်းရပါမယ်။
အင်တာဗျူးမှာလစာညှိနှိုင်းပေးပါမယ်။
လူတွေ့အင်တာဗျူးဖြေဆိုရပါမယ်။
ရန်ကုန်တွင်နေထိုင်သူများသာလျှောက်ထားပေးပါရန်
slmyanmarhr@gmail.com သို့ Japan Format နှင့်ရေးသားထားသော CV ပေးပို့လျှောက်ထားနိုင်ပါတယ်။
အသေးစိတ်သိရှိလိုသည်များကို 09756745160 သို့ရုံးချိန်အတွင်းဖုန်းဆက်သွယ်စုံစမ်းနိုင်ပါတယ်။
7 247
သင်တန်းကျောင်းတစ်ခုအတွက် Video Editor အမြန်လိုအပ်နေပါသည်။
=====================================
Form Close Date - 29.12.2024
Work From Home -1 post
JD & Requirements
- Video Shooting + Editing ကောင်းကောင်းလုပ်နိုင်သူ။
- Urgent Editing လိုရင် လုပ်ပေးနိုင်ရမည်။
- Shooting ရှိရင် လာရိုက်ရမည်။
- သွက်လက်၍ Creation ကောင်းသူ။
- Video Editing ကို Crazy ဖြစ်ရမည်။
- သူများနဲ့ မတူတဲ့ အသစ်ဖန်တီးလိုစိတ်ရှိသူ။
- နည်းပညာအသစ်ကို အရူးအမူး လေ့လာလိုသူ။
- ရှိတဲ့ပစ္စည်းနဲ့ အကောင်းဆုံး ဖန်တီးနိုင်သူ။
- အလုပ်ကိုအချိန်ပေးနိုင်တဲ့သူ။
Shooting ရက်နှင့် အစည်းအဝေးရက်မှ လွဲ၍ အိမ်တွင်လုပ်နိုင်သည်။
❕(အစမ်းအနေနဲ့ Video Clip for any product (30Second) စာရိုက်ပြရမယ်
ရှိပြီးသား video file တစ်ခုကို စမ်းEdit လုပ်ပြရမယ်)
Location- North Dagon
- စိတ်ဝင်စားပါက CV Form ကို digitaljobmm@gmail.com သို့ Email ပို့ထားပေးပါ ။ (သို့) Viber Contact- 09401409935 သို့လည်းပို့ထားနိုင်ပါသည်။
မျှော်မှန်းလစာနှင့်အတူ လျှောက်ထားနိုင်ပါသည်။
7 247
Global Reporter - 2 posts (Work From Home)
Basic Salary- 150,000 Ks, Attendance bouns ++, Internet Bill ++ (အစမ်းခန့်ကာလ(၃)ပြည့်ပြီးတာနဲ့ Basic Salary- 200,000 Ks သို့ တိုးပေးပါမည်။)
Job Description
သတင်းများကို Social Media
များတွင် ရှာဖွေနိုင်ရမည်။
မိမိရှာဖွေထားသော သတင်းများအား ပြန်လည် တင်ပေးနိုင်ရမည်။
သတင်းနှင့်ပတ်သက်၍ တိကျမှန်ကန်မှု ရှိ/ မရှိ သေချာစွာ စဉ်းစားဆုံးဖြတ်နိုင်ရမည်။
လိုအပ်လျှင် English လိုရေးသားထားသော သတင်းများကို Google Translate သုံးပြီး ဆီလျော်အောင်ပြန်လည် ရေးသားနိုင်ရမည်။
မိမိတာဝန်ကို ကျေပွန်စွာဆောင်ရွက်လိုသော စိတ်ရှိရပါမည်။
Job Requirements
မြန်မာစာအရေးအသား ကောင်းမွန်ရမည်။
သတင်းနှင့်ပါတ်သက်၍ စိတ်ဝင်စားသူ ဖြစ်ပြီး Social Media အားကျွမ်းကျင်စွာ အသုံးပြုနိုင်သူများအား ဦးစားပေးပါမည်။
အလုပ်ချိန်
မနက် (8:00) မှ ညနေ (4:00) တကြိမ်၊
ညနေ (4:00) မှ ည (12:00) ထိ တကြိမ်၊
အဆိုင်းဖြင့် အလှည့်ကျ လုပ်နိုင်သူ ဖြစ်ရမည်။
Working Day : Mon ~ Sun (one day a week will alternate closed.)
စိတ်ပါဝင်စားပါက : hr.doublewavesmyanmar@gmail.com
(* Subject တွင် လျှောက်မည့် position ရေးပေးပါရန် *)
7 247
#WFH
- Junior Script Writer
- Script Writer (Paid Intern)
TV Series, Web Series, TV Show Program များ အတွက် လူလိုသောကြောင့် ခေါ်ယူခြင်း ဖြစ်ပါသည်။
အတွေ့အကြုံမရှိသေးသော်လည်း
ရိုက်ကူးရေးနှင့် ဇာတ်ညွန်းရေးခြင်းကို
ဝါသနာကြီးသူများ လျှောက်ထားနိုင်ပါသည်။
အတွေ့အကြုံရှိသူ ဦးစားပေးမည်။
ရုံးမတက်ရပါ။ Freelance ဖြစ်သောကြောင့်
ကိုယ်ပိုင် Laptop ရှိလျှင် ပိုအဆင်ပြေပါမည်။
Meeting များ Join ရပါမည်။
လိုအပ်လျှင် ရိုက်ကူးရေး လိုက်နိုင်ရပါမည်။
စိတ်ပါဝင်စားသူများ
myanmar.hk.1998@gmail.com သို့
CV နှင့် ရေးသားဖူးသော
ဇာတ်ညွှန်း Sample အချို့ကို
ပေးပို့ လျှောက်ထားနိုင်ပါသည်။
Facebook Page Link - https://www.facebook.com/profile.php?id=61571104979983&mibextid=ZbWKwL
7 247
Work From Home
- ကိုယ်ကြိုက်တဲ့နေရာကနေ အလုပ်လုပ်လို့ရမယ်။
Thai By James မှာ အတူ အလုပ်လုပ်ရန် အတွက် admin နောက်တစ်ဦး ခေါ်ယူလိုပါတယ် ။
- အသက်အရွယ် - ၂၀ မှ ၃၀ ကြားဖြစ်ရပါမည်
- ကျားမ ခွဲခြားမှု မရှိပါ
- Page admin လုပ်ဖူးရင် ပိုကောင်းပါတယ် (မလုပ်ဖူးလဲ လျှောက်လို့ရပါတယ်)
- ကျောင်းကိစ္စ၊ တခြားအလုပ်ကိစ္စကင်းရှင်းသူ ဖြစ်ရပါမယ်။
- Customers တွေနဲ့စိတ်ရှည်စွာ စကားပြောနိုင်သူ ဖြစ်ရပါမယ်.
- Customer service အထူးကောင်းမွန်သူ ဖြစ်ရပါမယ်။
- Message ကို ၁၀ မိနစ်အတွင်း လျင်မြန်စွာဖြေနိုင်တဲ့သူ ဖြစ်ရပါမယ်။
- တစ်ရက်စာ သတ်မှတ်ထားသော အရာများ ပြီးအောင် လုပ်နိုင်ရပါမယ်။
- Message replay ပြန်ရမှာ ဖြစ်တဲ့အတွက် မြန်မာပြည်မှာနေရင် WiFi သို့မဟုတ် internet ကောင်းဖို့လိုအပ်ပါတယ်။
ပွင့်လင်းသူဖြစ်ရပါမယ်။ စိတ်ထဲမှာ ရှိတဲ့အတိုင်း
ပြောရဲသူ ဖြစ်ရပါမယ်။
- သွက်လက်ပြီး team နှင့် အလုပ်လုပ်နိုင်သူ ဖြစ်ရပါမယ်။
- Growth mindset ရှိသူဖြစ်ရပါမယ်။
လစာ - ညှိနှိုင်းလို့ရပါတယ်
မနစ်နာစေရပါဘူး၊ interview ဖြေတဲ့အချိန်မှာလည်း ညှိနှိုင်းနိုင်ပါတယ်။ ကျနော့်ဖက် သတ်မှတ်ထားခြင်းမရှိပါဘူး။
အလုပ်လျှောက်ပုံ လျောက်နည်း
လွယ်ပါတယ် ။ နှစ်ဆင့်တည်းပါ ။
ပထမတစ်ဆင့်က
- Email ထဲကို ဒီမေးခွန်းတွေ ဖြေပြီး လျှောက်ယုံပါပဲ
၁။ ဘာကြောင့် ဒီအလုပ်ကိုလျှောက်လိုပါ သလဲ
၂။ ဘာလို့ ကျွန်တော့နဲ့ အလုပ်တွဲလုပ်ဖို့ ရွေးချယ်ပါသလဲ
၃။ ဘာကြောင့် သင့်ကိုရွေးသင့်လဲ
၄။ သင်အကြောင်း အနဲငယ်ရေးပေးပါ။ (နေတဲ့မြို့၊နိုင်ငံ နဲ့ အသက်အရွယ်ကို ပါအောင်ရေးပေးပါ)
၅။ မျှော်မှန်းသော လစာ တစ်ခါတည်း ရေးပေးပါ။
၆။ CV form
🔥 ဒီမေးခွန်းတွေကိုဖြေပြီး saiwoonkyio22.tgi@gmail.com ကိုပို့ပြီးလျှောက်လို့ရပါပြီ။
31 ရက်နေ့ 10 pm deadline ပါ။ (အင်္ဂါည)
ဒုတိယ တစ်ဆင့်ကတော့ ဆန်ကာတင် ပါလာတဲ့
သူတွေ အနေနဲ့ work assignment နဲ့ interview တစ်ခု ဖြေရပါမယ်။
ဒါတွေ ကျော်ဖြတ်ပြီးတဲ့ အခါမှသာ အလုပ်ရမရသိရပါမယ် ။
အလုပ်လျှောက်ရန် သင့်တော်သည့်သူများ
- ကိုယ့်မှာ ပိုင်ဆိုင်ထားတဲ့ skillset ကို ယုံကြည်ပြီး ထိုက်တန်တဲ့ ပိုက်ဆံ ရှာလိုသူများ ၊ အလုပ်လုပ်ရန် စိတ်ပြင်းပြသူများ
- မီးပျက်လျင် မီးလာတဲ့ နေရာအထိ သွားပြီး တစိုက်မတ်မတ် အလုပ်လုပ်ရန် အဆင်သင့်ဖြစ်နေသူများ
- Thai By James contents များနှင့် အရင်ထဲက ရင်းနှီးကျွမ်း၀င်ထားပြီး Thai By James Team ထဲ ပါ၀င်လိုသူများ
အလုပ်လျှောက်ရန် မသင့်သူများ
- ပြောချင်တာကို ပွင့်ပွင့်လင်းလင်း မပြောပဲ အုံပုံး sensitive ဖြစ်သူများ
- ဆင်ခြေများပြီး ခံစားချက်ပေါ် မူတည်ပြီး အလုပ်ကို ပေါ့ပျက်ပျက် လုပ်သူများ
- အလုပ်မလုပ်လည်း ငါ အဆင်ပြေတယ် ၊ အေးဆေး ထိုင်စားနေလို့ရတယ်လို့ စိတ်ထဲ ယူဆထားသူများ
မလျှောက်သင့်ပါဘူး။
Facebook Page Link
https://www.facebook.com/profile.php?id=61571104979983&mibextid=ZbWKwL
现已上线!2025 年 Telegram 研究 — 年度关键洞察 
