ch
Feedback
BurmaTV Pro

BurmaTV Pro

前往频道在 Telegram

ဘောလုံးပွဲ၊ UFC၊ စနူကာ နှင့် အခြားအားကစားပြိုင်ပွဲ များစွာကို တစ်နေရာတည်းမှာ စုံလင်စွာ တိုက်ရိုက်ကြည့်ရှုနိုင်ပါပြီ

显示更多

📈 Telegram 频道 BurmaTV Pro 的分析概览

频道 BurmaTV Pro (@burmatvpro) 缅甸语 语言赛道中的 是活跃参与者。目前社区聚集了 37 038 名订阅者,在 体育 类别中位列第 1 858,并在 缅甸 地区排名第 3 892

📊 受众指标与增长动态

невідомо 创建以来,项目保持高速增长,吸引了 37 038 名订阅者。

根据 16 七月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 -1 357,过去 24 小时变化为 -31,整体触达仍然可观。

  • 认证状态: 未认证
  • 互动率 (ER): 平均受众互动率为 18.49%。内容发布后 24 小时内通常能获得 5.38% 的反应,占订阅者总量。
  • 帖子覆盖: 每篇帖子平均可获得 6 851 次浏览,首日通常累积 1 994 次浏览。
  • 互动与反馈: 受众积极参与,单帖平均反应数为 35

📝 描述与内容策略

作者将该频道定位为表达主观观点的平台:
ဘောလုံးပွဲ၊ UFC၊ စနူကာ နှင့် အခြားအားကစားပြိုင်ပွဲ များစွာကို တစ်နေရာတည်းမှာ စုံလင်စွာ တိုက်ရိုက်ကြည့်ရှုနိုင်ပါပြီ

凭借高频更新(最新数据采集于 17 七月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 体育 类别中的关键影响点。

37 038
订阅者
-3124 小时
-2787
-1 35730

数据加载中...

相似频道
无数据
有任何问题?请刷新页面或联系我们的客服
标签云
无数据
有任何问题?请刷新页面或联系我们的客服
进出提及
---
---
---
---
---
---
吸引订阅者
七月 '26
七月 '26
+12
在0个频道中
六月 '26
+578
在0个频道中
Get PRO
五月 '26
+1 274
在0个频道中
Get PRO
四月 '26
+312
在0个频道中
Get PRO
三月 '26
+1 195
在0个频道中
Get PRO
二月 '26
+605
在0个频道中
Get PRO
一月 '26
+40 566
在0个频道中
日期
订阅者增长
提及
频道
17 七月0
16 七月0
15 七月+3
14 七月0
13 七月0
12 七月0
11 七月0
10 七月0
09 七月0
08 七月0
07 七月0
06 七月0
05 七月0
04 七月0
03 七月+9
02 七月0
01 七月0
频道帖子
ကမ္ပည်းတင်ကျန်ရစ်တော့မှာ ဖြစ်ပါတယ်။

2
သမိုင်းစဉ်တစ်လျှောက် နိုင်ငံရေး၊ စစ်ရေးအရော ကွင်းတွင်းပြိုင်ဆိုင်မှုပါ အခါးသီးဆုံး ဒဏ်ရာတွေနဲ့ တည်ဆောက်ထားတဲ့ မဟာရန်ဘက် နှစ်သင်းဖြစ်တဲ့ အင်္ဂလန် နဲ့ အာဂျင်တီးနား တို့ ဒီည အတ္တလန်တာမြေမှာ ရင်ဆိုင်ကြတော့မှာ ဖြစ်ပါတယ်။ ၂၄ နှစ်တာ ကာလပတ်လုံး ကမ္ဘာ့ဖလားဇာတ်ခုံပေါ်မှာ ဝေးကွာနေခဲ့တဲ့ သွေးကြွေးတွေကို ပြန်လည်တောင်းခံမယ့် ညတစ်ညဖြစ်ပြီး ဘောလုံးလောကရဲ့ ကြီးမြတ်လှတဲ့ သမိုင်းဝင်ပွဲစဉ်တစ်ခု ဆီမီးဖိုင်နယ်မှာ ထပ်မံအသက်ဝင်လာခြင်းလည်း ဖြစ်ပါတယ်။ ဒီနှစ်သင်းကြားက ရန်ငြိုးဟာ ကွင်းတွင်းပြိုင်ဆိုင်မှုသက်သက် မဟုတ်ပါဘူး။ ၁၉၈၂ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ဖော့ကလန်း (Falklands) ကျွန်းစုစစ်ပွဲရဲ့ နိုင်ငံရေး၊ စစ်ရေး အမုန်းတရားတွေက ကွင်းပြင်ပကနေ ကွင်းတွင်းအထိ ကူးစက်လျှံကျလာခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက် ထိပ်တိုက်တွေ့ဆုံခဲ့တဲ့ ၅ ကြိမ်စလုံးဟာလည်း ဒရာမာပေါင်းစုံ၊ မျက်ရည်ပေါင်းစုံနဲ့ သမိုင်းတွင်ခဲ့ရပါတယ်။ ၁၉၆၆ အင်္ဂလန်ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်မှာ အာဂျင်တီးနားကပ္ပတိန် အန်တိုနီယို ရက်တင် အနီကတ်ပြသနထုတ်ခံရပြီး အင်္ဂလန်က ၁-၀ နဲ့ အနိုင်ရကာ ဖလားဆွတ်ခူးခဲ့စဉ်က အင်္ဂလန်တို့ဘက်က အာဂျင်တီးနားသားတွေကို တိရစ္ဆာန်တွေ လို့ သမုတ်ခဲ့ရာကနေ ကနဦးရန်ငြိုးမျိုးစေ့ စတင်ပျိုးကြဲခဲ့ပါတယ်။ အဲဒီနောက် ၁၉၈၆ မက္ကဆီကိုကမ္ဘာ့ဖလားမှာတော့ ဒီယေဂို မာရာဒိုနာရဲ့ လက်နဲ့ပုတ်သွင်းခဲ့တဲ့ Hand of God ဂိုးနဲ့ ကစားသမား ၅ ယောက်ကို တစ်ကိုယ်တော် ကျော်ဖြတ်သွင်းယူခဲ့တဲ့ Goal of the Century ဂိုးတို့ကြောင့် အာဂျင်တီးနားက သမိုင်းဝင်ကလဲ့စားချေခဲ့ပါတယ်။ ၁၉၉၈ ပြင်သစ်ကမ္ဘာ့ဖလား ဒုတိယအဆင့်မှာ ဒေးဗစ် ဘက်ခမ်းတစ်ယောက် ဆီမြွန်နီ(လက်ရှိ အက်သလက်တီကိုနည်းပြ)ကို ခြေထောက်နဲ့ခတ်ရာကနေ အနီကတ်ပြသနှင်ထုတ်ခံရပြီး အင်္ဂလန်တို့ ပင်နယ်တီနဲ့ ရှုံးနိမ့်ကာ ဘက်ခမ်းတစ်ဦးတည်း တစ်နိုင်ငံလုံးရဲ့ ဝေဖန်ပြစ်တင်မှုကို နှစ်ပေါင်းများစွာ ခံခဲ့ရတဲ့ ဒရာမာကလည်း မေ့မရနိုင်စရာပါ။ နောက်ဆုံးအဖြစ် ၂၀၀၂ ဂျပန်-ကိုရီးယားကမ္ဘာ့ဖလားမှာတော့ ဘက်ခမ်းရဲ့ ပင်နယ်တီသွင်းဂိုးနဲ့ အင်္ဂလန်က ၁-၀ နဲ့ ကလဲ့စားပြန်ချေပြီး အာဂျင်တီးနားကို အုပ်စုအဆင့်ကနေတင် အိမ်ပြန်စေခဲ့ပါတယ်။ ယနေ့ည အတ္တလန်တာ စစ်တုရင်ခုံထက်မှာတော့ ဒီခက်ထန်တဲ့ သမိုင်းကြောင်းတွေအပြင် လီယွန်နယ် မက်ဆီ ရဲ့ နောက်ဆုံးသော ကမ္ဘာ့ဖလား နှုတ်ဆက်ခရီးစဉ်က ပိုမိုပြင်းထန်တဲ့ ရသကို ပေးစွမ်းနေပါတယ်။ မက်ဆီဟာ လက်ရှိပြိုင်ပွဲမှာ ၈ ဂိုးသွင်းယူထားပြီး ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက် ဂိုးအများဆုံး (၂၁ ဂိုး) စံချိန်ရှင်အဖြစ် ရွှေဖိနပ်ဆုကို ဦးဆောင်နေကာ အခက်ခဲဆုံးအချိန်တွေမှာ Moment of Magic တွေနဲ့ ပွဲကိုတစ်ယောက်တည်း အလှည့်အပြောင်းလုပ်ဖို့ ဇွဲအပြည့်နဲ့ စောင့်ကြိုနေပါတယ်။ ဒါပေမဲ့ အာဂျင်တီးနားရဲ့ အားနည်းချက်ကတော့ ခံစစ်ပိုင်း ယိုယွင်းနေတာပါပဲ။ သူတို့ဟာ ကိတ်ဗာဒီ၊ အီဂျစ်၊ ဆွစ်ဇာလန်တို့လို အသင်းတွေကို ၃-၂ ဆိုတဲ့ ခက်ခဲကျဉ်းမြောင်းတဲ့ ရလဒ်တွေနဲ့သာ ရုန်းကန်ကျော်ဖြတ်လာခဲ့ရပြီး 4-4-2 Diamond စနစ်ကြောင့် ဘေးတောင်ပံ နေရာလွတ် Wide areas တွေကို စွန့်လွှတ်ထားရပါတယ်။ အင်္ဂလန်နည်းပြ သောမတ်စ် တူဟယ်လ် အနေနဲ့ သူတို့ရဲ့ Full-back တွေကို အတွင်းထဲအထိ ချဉ်းကပ်ကစားစေပြီး ဒီဟာကွက်ကို အသုံးချဖို့ ကြံစည်လာမှာ သေချာပါတယ်။ အင်္ဂလန်အသင်းဘက်မှာတော့ ပုံမှန်ခြေစွမ်းနဲ့ ကြည့်ရင် အနည်းငယ် ပိုမိုအားသာနေပြီး Opta ရဲ့ ခန့်မှန်းချက်အရလည်း အင်္ဂလန်က ၃၈-၃၉%၊ အာဂျင်တီးနားက ၃၂-၃၄% နဲ့ အင်္ဂလန်ဘက်ကို အလေးသာနေပါတယ်။ အထူးသဖြင့် ဂျုဒ် ဘယ်လင်ဂမ်ဟာ Knockout နှစ်ပွဲဆက်တိုက် နှစ်ဂိုးစီ သွင်းယူထားနိုင်လို့ ၁၉၈၆ က မာရာဒိုနာ နောက်ပိုင်း ဒီလိုစွမ်းဆောင်နိုင်တဲ့ ပထမဆုံးသော ကစားသမားဖြစ်လာခဲ့သလို၊ ဟယ်ရီကိန်းနဲ့အတူ ၆ ဂိုးနဲ့ ရွှေဖိနပ်ဆုကို မက်ဆီရဲ့အနောက်ကနေ အပြင်းအထန် ဖိအားပေးနေပါတယ်။ တူဟယ်လ်ရဲ့ အင်္ဂလန်ဟာ ယခင်ကထက် စိတ်ဓာတ်ခိုင်မာပြီး ဇွဲကောင်းလာပေမယ့် ဒီကမ္ဘာ့ဖလားမှာ နိုင်ပွဲရနေပေမယ့် ပွဲကို လုံးဝစီးမိုးထားနိုင်ခြင်းမရှိတာက သူတို့ရဲ့ ချို့ယွင်းချက်တစ်ခု ဖြစ်နေပါတယ်။ ဒီပွဲဟာ အင်္ဂလန်က အသာရှိပေးမယ့် ခြေစွမ်းကွာဟချက် နည်းပါးတာကြောင့် ဒင်္ဂါးပြားခေါင်းပန်းလှန်ရသလို ခန့်မှန်းရခက်ခဲတဲ့ ပွဲစဉ်တစ်ခု ဖြစ်လာပါလိမ့်မယ်။ မိနစ် ၉၀ အတွင်း အနိုင်အရှုံးပေါ်ဖို့ ခက်ခဲပြီး ဂိုးအပြန်အလှန်သွင်းကာ အချိန်ပို ဒါမှမဟုတ် ပင်နယ်တီအဆုံးအဖြတ်အထိ ဆွဲသွားနိုင်ခြေ ၂၇% ကျော် ရှိနေပါတယ်။ တကယ်လို့ ပင်နယ်တီအဆင့်အထိ ရောက်သွားခဲ့ရင်တော့ ပင်နယ်တီကာကွယ်ရာမှာ နတ်ဘုရားတစ်ပါးလို စွမ်းဆောင်နိုင်တဲ့ အာဂျင်တီးနားဂိုးသမား အီမီလီယာနို မာတီးနက်ဇ် ရဲ့ စိတ္တဇပိုင်းကျွမ်းကျင်မှုတွေက အာဂျင်တီးနားကို ကမ္ဘာ့ဖလားဗိုလ်လုပွဲဆီ ပို့ဆောင်ပေးနိုင်ပါတယ်။ သို့သော်လည်း အင်္ဂလန်တို့ရဲ့ လက်ရှိပြသနေတဲ့ စိတ်ပြင်းပြမှုနဲ့ စိတ်ဓာတ်ကြံ့ခိုင်မှု ကိုလည်း လျှော့တွက်လို့မရတာမို့ သမိုင်းတစ်လျှောက် အမုန်းတရားအရှိဆုံး ပြိုင်ဘက်နှစ်သင်းရဲ့ ဒီညတိုက်ပွဲဟာ ကမ္ဘာ့ဖလားသမိုင်းစာမျက်နှာထက်မှာ နောက်ထပ်တစ်ကြိမ် ရင်သပ်ရှုမောဖွယ် ဇာတ်သိမ်းခန်းအဖြစ်
2 276
3
没有文字...
2 070
4
没有文字...
2 075
5
没有文字...
2 081
6
没有文字...
2 082
7
Opta ရဲ့ စူပါကွန်ပျူတာ ခန့်မှန်းချက်အရတော့ ပြင်သစ်အသင်း အနိုင်ရရှိဖို့ ၄၂.၁% နဲ့ အနည်းငယ် ပိုမိုအားသာနေတာ တွေ့ရပါတယ်။ ကစားကွက်ရော၊ ကိန်းဂဏန်းတွေအရော ခံစားချက်တွေပါ ပေါင်းစပ်ပြီး အလွန်ကျဉ်းမြောင်းကျပ်တည်းတဲ့ ပွဲကောင်းတစ်ပွဲ ဖြစ်လာမှာပါ။ သမိုင်းတစ်လျှောက် ဒီနှစ်သင်းတွေ့ရင် ဂိုးနည်းတဲ့ပွဲ အလွန်နည်းပါးတတ်ပါတယ်။ ရိုဒရီ ပါလာတဲ့ စပိန်ရဲ့ ကွင်းလယ်လှည့်ပတ်မှုက ပြင်သစ်ရဲ့ တန်ပြန်တိုက်စစ်ကို ထိန်းချုပ်ဖို့ ကြိုးစားမှာဖြစ်ပေမယ့်၊ ပြင်သစ်ရဲ့ လက်ရှိတိုက်စစ်အရှိန်နဲ့ တသမတ်တည်းရှိနေတဲ့ Form က အနည်းငယ် ပိုမိုစူးရှနေပါတယ်။ ဒါကြောင့် ယာမားလ်ရဲ့ ကြံ့ခိုင်မှုအခြေအနေက စပိန်အတွက် အဓိက သော့ချက်ဖြစ်လာမှာဖြစ်ပြီး အပြည့်အဝကစားနိုင်ရင် စပိန်အတွက် အခွင့်အလမ်း ပိုများလာနိုင်ပါတယ်။ သို့သော်လည်း လက်ရှိအချိန်အထိ ချိန်ညှိမှုအမျှတဆုံး ပြင်သစ်တို့ရဲ့ အမ်ဘာပေ-အိုလစ်ဆေး အတွဲအဖက်က ပိုမိုအလုပ်ဖြစ်သွားနိုင်ပြီး မိနစ် ၉၀ အတွင်း (သို့မဟုတ်) အချိန်ပိုအထိ သွားခဲ့ရင်တောင် ပြင်သစ်ဘက်ကို အနည်းငယ် စောင်းပေးချင်မိပါတယ်။
3 040
8
၂၀၂၆ ကမ္ဘာ့ဖလားရဲ့ ဆီမီးဖိုင်နယ်စင်မြင့်ထက်မှာ ဘောလုံးလောကတစ်ခုလုံးကို ငြို့င်ဖမ်းစားမယ့် Heavyweight ထိပ်တိုက်တွေ့ဆုံမှုကြီး ရောက်ရှိလာပါပြီ။ အဲဒါကတော့ လက်ရှိခြေစွမ်း အကောင်းဆုံးဖြစ်နေကြတဲ့ ပြင်သစ် နဲ့ စပိန် တို့ရဲ့ ပွဲစဉ်ပဲ ဖြစ်ပါတယ်။ ဘာပေ နဲ့ ယာမဲလ် ဟာ တော်ဝင် နဲ့ ကတ်တလန် ရဲ့ ကိုယ်စားပြုပုံရိပ်ဖြစ်ပါတယ်။ ဒီအငွေ့အသက်တွေကလဲ ကစားသမားနှစ်ယောက်ရော၊ ပရိသတ်တွေမှာပါ ပါလာဦးမှာဖြစ်ပါတယ်။ ဒီနှစ်သင်းရဲ့ ဗျူဟာခင်းကျင်းပုံက တော်တော်လေး ကွဲပြားခြားနားနေပြီး ပြင်သစ်က တိုက်စစ်အသားပေး လျှပ်စီးလိုတပ်ဖွဲ့ဖြစ်နေချိန်မှာ စပိန်ကတော့ ကွင်းလယ်ကို အုပ်စိုးပြီး ကစားကွက်ကို စီးမိုးမယ့် ပိုင်ဆိုင်မှုအခြေပြုအင်ပါယာကို ကိုယ်စားပြုနေပါတယ်။ ပိုပြီး စိတ်လှုပ်ရှားစရာကောင်းတာကတော့ ကမ္ဘာ့ဖလားသမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် FIFA Ranking ရဲ့ ထိပ်ဆုံး လေးသင်းလုံး ဆီမီးဖိုင်နယ်ကို တက်လှမ်းလာခဲ့ကြတာမို့ ဒီပွဲက အဆင့်အတန်းအမြင့်မားဆုံး စစ်မှန်တဲ့ Elite အဆင့် ပွဲကောင်းကြီးတစ်ပွဲ ဖြစ်လာမှာ သေချာပါတယ်။ ပြင်သစ်ဟာ ဒီပြိုင်ပွဲမှာ ၆ ပွဲလုံး အနိုင်ရရှိထားပြီး တစ်ပွဲမှ မရှုံးသေးတဲ့ တစ်ခုတည်းသော အသင်းဖြစ်ကာ ၁၆ ဂိုးသွင်း၊ ၂ ဂိုးသာ ပေးထားရတဲ့ စံပြ Record ကို ကိုင်ဆောင်ထားပါတယ်။ ရီးရဲလ်မက်ဒရစ်ရဲ့ စူပါစတား ကီလီယန် အမ်ဘာပေ က သွင်းဂိုး ၈ ဂိုးနဲ့ ရွှေဖိနပ်ဆုကို ဦးဆောင်နေသလို၊ မိုက်ကယ် အိုလစ်ဆေး ကလည်း ဖန်တီးမှု ၆ ကြိမ်အထိ ပြုလုပ်ထားပြီး ဂန္ထဝင် ပီလီရဲ့ အများဆုံးစံချိန်ကို မမှိတ်မသုန် လိုက်လံချိုးဖျက်ဖို့ ကြိုးစားနေပါတယ်။ တစ်ဖက်က စပိန်ကတော့ ပြင်သစ်လောက် ပွဲတိုင်းကို အုပ်စိုးမပြနိုင်ခဲ့ပေမယ့် ဘယ်လ်ဂျီယံကို အနိုင်ရခဲ့တဲ့ပွဲကလွဲရင် ကျန်ပွဲတွေမှာ ကွင်းလယ်နဲ့ခံစစ်အားကောင်းလွန်းတာကြောင့် ပြိုင်ဘက်တွေကို အလဲထိုးကာ နှောင်းပိုင်းမိနစ် အနိုင်ဂိုးတွေနဲ့ ဆီမီးအထိ တက်လှမ်းလာခဲ့တာပါ။ ဒါဟာ စပိန်တို့ရဲ့ Mental Toughness က ဘယ်လောက်အထိ တောင့်တင်းလဲဆိုတာ ပြသနေပြီး ရိုဒရီ၊ ပတ်ဒရီ တို့ ဦးဆောင်တဲ့ ကွင်းလယ်ကတော့ ပြိုင်ဘက်ကို အသက်ရှူရကျပ်အောင် ကစားကွက် ထိန်းချုပ်နိုင်စွမ်း ရှိပါတယ်။ ဒီနှစ်သင်းရဲ့ သမိုင်းတစ်လျှောက် ၃၈ ပွဲ တွေ့ဆုံခဲ့ရာမှာ စပိန်က ၁၈ ကြိမ်နိုင်၊ ပြင်သစ်က ၁၃ ကြိမ်နိုင်ပြီး ၇ ပွဲ သရေကျခဲ့လို့ စပိန်က အသာရနေပါတယ်။ ဒါပေမဲ့ စပိန်အသာရခဲ့တဲ့ မှတ်တမ်းအများစုက လွန်ခဲ့တဲ့ ၁၉၂၂ ကနေ ၁၉၂၉ ကြားက ခြေစမ်းပွဲတွေမှာ ရရှိခဲ့တာဖြစ်ပြီး ၁၉၂၉ တုန်းက ဇာရာဂိုဇာမြေမှာ စပိန်က ၈-၁ နဲ့ နိုင်ခဲ့တဲ့ ရှေးဟောင်းမှတ်တမ်းကြီးလည်း ပါဝင်ပါတယ်။ ထူးဆန်းတာက ကမ္ဘာ့ဖလားစင်မြင့်ထက်မှာတော့ သူတို့ဟာ ၂၀၀၆ ခုနှစ် ဂျာမနီကမ္ဘာ့ဖလား ၁၆ သင်းအဆင့်မှာတင် တစ်ကြိမ်တည်းသာ ဆုံဖူးပါသေးတယ်။ ထိုစဉ်က ဒေးဗစ်ဗီလာရဲ့ ပင်နယ်တီဂိုးနဲ့ စပိန်က ဦးဆောင်ခဲ့ပေမယ့် ဖရန့် ရီဘာရီ၊ ပက်ထရစ် ဗီအဲရာ နဲ့ ဇီဒန်းတို့ရဲ့ သွင်းဂိုးတွေကြောင့် ပြင်သစ်က ၃-၁ နဲ့ အနိုင်ရခဲ့ပါတယ်။ ဒါကြောင့် ကမ္ဘာ့ဖလားသမိုင်းအချက်အလက်အရ ပြင်သစ်ဟာ စပိန်ကို တစ်ခါမှ မရှုံးဖူးသေးတဲ့ အစဉ်အလာ ရှိနေပါတယ်။ သို့သော်လည်း ခေတ်သစ် (၂၀၀၆ ခုနှစ်နောက်ပိုင်း) အနီးကပ်မှတ်တမ်းတွေကို ပြန်ကြည့်ရင်တော့ ၁၁ ကြိမ်တွေ့ဆုံမှုမှာ စပိန်က ၇ ကြိမ်အထိ နိုင်ထားပြီး ပြင်သစ်က ၃ ကြိမ်သာ နိုင်ခဲ့လို့ စပိန်က သိသိသာသာ အသာစီးရနေပြန်ပါတယ်။ အထူးသဖြင့် စပိန်ရဲ့ ဂျာမနီမြေ ယူရို ၂၀၂၄ ဆီမီးဖိုင်နယ်တုန်းက ပြင်သစ်ကို ၂-၁ နဲ့ အနိုင်ယူခဲ့တဲ့ပွဲအပြင်၊ ပြီးခဲ့တဲ့ ၂၀၂၅ ဇွန်လက Nations League ဆီမီးဖိုင်နယ် ပွဲစဉ်မှာ လာမင်း ယာမားလ် ရဲ့ သွင်းဂိုး ၂ ဂိုးအပါအဝင် စပိန်က ၅-၄ ဆိုတဲ့ဂိုးနဲ့ အနိုင်ရရှိခဲ့တာမို့ ပြင်သစ်တို့အဖို့ ဒီညဟာ သေချာပေါက် ကလဲ့စားချေချင်စိတ်၊ Revenge Mode အပြည့်နဲ့ သွေးဆူနေမယ့် ညတစ်ည ဖြစ်ပါတယ်။ ဒီပွဲကို ပိုပြီး မီးတောက်စေတဲ့ Narrative တွေကတော့ အများကြီးပါပဲ။ အမ်ဘာပေ နဲ့ ယာမားလ်ဟာ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာဆိုတဲ့ ကလပ်အဆင့် El Clásico ရန်ဘက်တွေဖြစ်ပြီး အခု ကမ္ဘာ့ဖလားမှာ ထပ်မံ ထိပ်တိုက်တွေ့ကြတာ ဖြစ်ပါတယ်။ လက်ရှိမှာ အမ်ဘာပေက သွင်းဂိုး ၈ ဂိုးနဲ့ ဂိုးသွင်းအများဆုံးဇယားမှာ လီယွန်နယ် မက်ဆီနဲ့ ထိပ်ဆုံးမှာ အတူတူဖြစ်နေလို့ ဒီပွဲဟာ ရွှေဖိနပ်ဆုအတွက်လည်း အရေးပါလှပါတယ်။ တစ်ဖက်မှာလည်း ယာမားလ် ကလေးဘဝက မက်ဆီနဲ့ ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံဟောင်းလေးက ကမ္ဘာ့ဖလားရဲ့ အလှပဆုံး ဒဏ္ဍာရီတစ်ခုအဖြစ် မီဒီယာတွေမှာ ပြန်လည်ရေပန်းစားနေပြီး၊ လက်ရှိမှာ ယာမားလ်ဟာ ဒူးဒဏ်ရာကြောင့် ကြံ့ခိုင်မှု အပြည့်မရှိသေးပေမယ့် ကွင်းထဲဝင်လာတာနဲ့ ပြိုင်ဘက်ကို အချိန်မရွေး သတ်ပစ်နိုင်တဲ့ အန္တရာယ်ကောင် ဖြစ်နေဆဲပါ။ ယာမားလ်ပါတဲ့ စပိန်ကို မနိုင်ဖူးသေူတာကလဲ ပြင်သစ်အတွက် ဇာတ်နာနေစေပါတယ်။ ယာမားလ်ကလဲ ဒီပြိုင်ပွဲမှာ ပြင်သစ်အကြောက်ဆုံးဟာ စပိန်ဖြစ်လိမ့်မယ်လို့ စကားထိုးစစ်ဆင်ထားပြီးသားပါ။
2 660
9
没有文字...
2 479
10
没有文字...
2 508
11
没有文字...
2 518
12
ဒီပွဲဟာ အာဂျင်တီးနားက ဘောလုံးပိုင်ဆိုင်မှုအပြည့်နဲ့ ပွဲကို စိုးမိုးဖို့ ကြိုးစားပြီး၊ ဆွစ်ဇာလန်ကတော့ ခံစစ်ပိတ်ပြီး ပင်နယ်တီအဆုံးအဖြတ်အထိ ဆွဲခေါ်သွားဖို့ ဗျူဟာခင်းလာမယ့် ပွဲမျိုး ဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ မက်ဆီရဲ့ လျှပ်တပြတ် ဆုံးဖြတ်ချက်တစ်ခုကပဲ ဆွစ်ဇာလန်ရဲ့ တံတိုင်းကို ဖောက်ထွင်းပြီး အာဂျင်တီးနားကို ဆီမီးဖိုင်နယ်ဆီ အရောက်ပို့ဆောင်ပေးသွားဖို့ များနေပါတယ်။
4 320
13
ဒီနေ့ည ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်ပွဲစဉ်တွေရဲ့ နောက်ဆုံးပိတ်ပွဲအဖြစ် အယ်လ်ဘီဆီလက်စတေး တို့ရဲ့ အာဂျင်တီးနားအသင်းနဲ့ ဗဟိုဥရောပရဲ့ ခံစစ်တံတိုင်းကြီး ဆွစ်ဇာလန်အသင်းတို့ ကန်းဆက်စ်စီးတီး မှာ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ ကစားမယ့်အချိန်က ဒေသစံတော်ချိန် ည ၈ နာရီဖြစ်ပြီး၊ မြန်မာစံတော်ချိန်အရဆိုရင်တော့ တနင်္ဂနွေနေ့ မနက်စောစော ၇ နာရီခန့်မှာ စိတ်လှုပ်ရှားစွာ စောင့်ကြည့်ရမယ့်ပွဲဖြစ်ပါတယ်။ ကမ္ဘာ့ဖလား ၁၁ ပွဲဆက် အရှုံးမရှိ မှတ်တမ်းကို ထိန်းသိမ်းထားတဲ့ လက်ရှိချန်ပီယံ အာဂျင်တီးနားနဲ့ ၇၂ နှစ်တာ သမိုင်းဝင် ကွာတားဖိုင်နယ် အလွမ်းပြေခရီးကို ဆက်ဦးမယ့် ဆွစ်ဇာလန်တို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှုက စိတ်ဝင်စားစရာပွဲကောင်းတစ်ပွဲ ဖြစ်လာမှာ သေချာပါတယ်။ လက်ရှိချန်ပီယံ အာဂျင်တီးနားအသင်းဟာ ဒီအဆင့်ကို ရောက်ရှိလာဖို့အတွက် တော်တော်လေးကစားခဲ့ရပါတယ်။ Knockout အဆင့်ပွဲတွေဖြစ်တဲ့ ကိတ်ဗာဒီကို အချိန်ပိုမှာ ၃-၂၊ အီဂျစ်ကိုလည်း ၂-၀ နဲ့ နောက်ကနေ လိုက်ကစားပြီး ၃-၂ ရလဒ်တွေနဲ့ နိုင်လာခဲ့တာ ဖြစ်ပါတယ်။ ဒီရလဒ်တွေက အာဂျင်တီးနားရဲ့ ခံစစ်ပိုင်းဟာ ယခင်ကလို စိတ်မချရတော့ပဲ ချို့ယွင်းမှုတွေ ရှိနေကြောင်း ဖော်ပြနေပါတယ်။ ကွင်းလယ်ပိုင်းမှာ အန်ဇို ဖာနန်ဒက်စ် တစ်ဦးတည်းသာ တီထွင်ဖန်တီးနိုင်စွမ်း ရှိနေပြီး ကျန်ကွင်းလယ်လူတွေက ကစားဟန် တစ်သမတ်တည်း ဖြစ်နေတာကြောင့် Fullback တွေ တိုက်စစ်တက်ချိန်မှာ Midfield Gaps တွေ ဖြစ်ပေါ်နေပါတယ်။ ကိတ်ဗာဒီနဲ့ အီဂျစ်တို့ဟာ ဒီအားနည်းချက်ကို ကောင်းကောင်းကြီး အသုံးချသွားခဲ့ကြပါတယ်။ တိုက်စစ်ပိုင်းမှာလည်း အယ်လ်ဗာရက်ဇ် နဲ့ မာတီနက်ဇ် တို့ ပုံမှန်ခြေစွမ်း ပျောက်ဆုံးနေတာကြောင့် အာဂျင်တီးနားဟာ သမိုင်းတစ်လျှောက် အကောင်းဆုံးကစားသမား လီယွန်နယ် မက်ဆီ ရဲ့ ခြေဖျားပေါ်မှာပဲ အလုံးစုံ ပုံအောထားရပါတယ်။ မက်ဆီကတော့ ၅ ပွဲမှာ ၈ ဂိုး သွင်းယူထားပြီး ရွှေဖိနပ်ဆုအတွက် ထိပ်ဆုံးက ဦးဆောင်နေသလို၊ အီဂျစ်နဲ့ပွဲမှာလည်း ၄ မိနစ်ခွဲအတွင်း အရေးပါတဲ့ ဂိုးနဲ့ Assist ဖန်တီးမှုတွေ လုပ်ဆောင်ပေးကာ အသင်းကို Individual Brilliancy နဲ့ ကယ်တင်ပေးထားဆဲ ဖြစ်ပါတယ်။ တစ်ဖက်က ဆွစ်ဇာလန်အသင်းအတွက်တော့ ဒါဟာ ၁၉၅၄ ခုနှစ် နောက်ပိုင်း ၇၂ နှစ်အကြာမှာ ကမ္ဘာ့ဖလားရဲ့ ကွာတားဖိုင်နယ်စင်မြင့်ထက်ဆီ ပထမဆုံးအကြိမ် ပြန်လည်ခြေချခွင့်ရတဲ့ သမိုင်းဝင် ခရီးစဉ်တစ်ခု ဖြစ်ပါတယ်။ ပိုပြီး အံ့ဩစရာကောင်းတာကတော့ ဆွစ်ဇာလန်ဟာ ဒီပြိုင်ပွဲတစ်လျှောက်လုံး မည်သည့်ပွဲတွင်မှ ပြိုင်ဘက်ကို ဦးဆောင်ဂိုး ပေးခဲ့ရခြင်း မရှိသေးပဲ အမြဲတမ်း ပွဲကို ထိန်းချုပ်ကစားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ၁၆ သင်းအဆင့် ကိုလံဘီယာနဲ့ပွဲမှာ မိနစ် ၁၂၀ စလုံး ဂိုးမရှိ သရေကစားပြီး တိုက်စစ်ထက် ခံစစ်ကို ဦးစားပေးတဲ့ နည်းပြ ယာကင် ရဲ့ ဗျူဟာမြောက် ကစားဟန်ကို ပြသခဲ့ပါတယ်။ ဂိုးသမား ယာန် ဆွန်မာရဲ့ နေရာကို အစားထိုးဝင်ရောက်လာတဲ့ ဂရီဂေါ် ကိုဘယ် ကလည်း ပင်နယ်တီအဆုံးအဖြတ်မှာ လက်စွမ်းပြခဲ့လို့ ဖိအားဒဏ်ကို ရင့်ကျက်စွာ ကိုင်တွယ်နိုင်ကြောင်း သက်သေပြခဲ့ပါတယ်။ ဆွစ်ဇာလန်ဟာ ဒီပြိုင်ပွဲတစ်ခုလုံးမှာ ၃ ဂိုးသာ ပေးရသေးတဲ့ ခိုင်မာတဲ့ ခံစစ်အ‌ပေါ်မှာ အခြေခံပြီး အမ်ဘိုလို၊ ဒန် အွန်ဒွိုင်း နဲ့ ရူဘင် ဗားဂတ်စ် တို့ရဲ့ တန်ပြန်တိုက်စစ်တွေနဲ့ အာဂျင်တီးနားကို ဒုက္ခပေးဖို့ ပြင်ဆင်လာမှာ ဖြစ်ပါတယ်။ သမိုင်းကြောင်းအရ ကြည့်ရင် ဆွစ်ဇာလန်ဟာ အာဂျင်တီးနားနဲ့ ၇ ကြိမ် ဆုံတွေ့ဖူးရာမှာ ၅ ကြိမ်ရှုံး၊ ၂ ကြိမ်သရေကျထားပြီး တစ်ကြိမ်မှ မနိုင်ဖူးသေးတဲ့ ကျိန်စာရှိနေပါတယ်။ ကမ္ဘာ့ဖလားမှာလည်း ၁၉၆၆ တုန်းက ၂-၀၊ နောက်ဆုံး ၂၀၁၄ ဘရာဇီးကမ္ဘာ့ဖလား ၁၆ သင်းအဆင့်တုန်းကလည်း ဒီမာရီယာရဲ့ နောက်ကျဂိုးကြောင့် ၁-၀ ရလဒ်နဲ့ နာကျင်စွာ ရှုံးနိမ့်ခဲ့ရဖူးတာကြောင့် ဒီပွဲဟာ ဆွစ်ဇာလန်တို့အတွက် ၁၂ နှစ်ကြာ လက်စားချေပွဲလည်း ဖြစ်ပါတယ်။ ဒီပွဲရဲ့ အဓိက Key Factor ကတော့ အာဂျင်တီးနားရဲ့ Fullback တွေ တက်လာချိန်မှာ ဖြစ်ပေါ်လာမယ့် ဘေးတိုက်ကွက်လပ်တွေကို ဆွစ်ဇာလန်ရဲ့ ညာတောင်ပံကစားသမား ဂျိုဟန် မန်ဇမ်ဘီ က သူ့ရဲ့ Direct Running Style နဲ့ ဘယ်လောက်အထိ ထိုးဖောက် ခြိမ်းခြောက်နိုင်မလဲ ဆိုတာပါပဲ။ (မန်ဇမ်ဘီရဲ့ ကြံ့ခိုင်မှုအခြေအနေကို အတည်မပြုနိုင်သေးပေမယ့် ကစားနိုင်ခဲ့ရင် အာဂျင်တီးနားအတွက် ငရဲခန်း ဖြစ်လာနိုင်ပါတယ်)။ အာဂျင်တီးနားအသင်းဟာ သမိုင်းကြောင်း၊ လူစာရင်း ဂုဏ်ဒြပ်အရရော၊ Betting Odds အရပါ အပြတ်အသတ် ရေပန်းစားသောအသင်း ဖြစ်နေတာ အမှန်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ခံစစ်ပိုင်း လျော့ရဲမှုတွေနဲ့ ကွင်းလယ်ကွက်လပ်တွေက ဆွစ်ဇာလန်လို စနစ်တကျရှိတဲ့ အသင်းမျိုးရှေ့မှာ အမှားအယွင်းအနည်းငယ် ဖြစ်သွားရုံနဲ့ ဒုက္ခရောက်သွားနိုင်ပါတယ်။ အပြန်အလှန်အားဖြင့် ဆွစ်ဇာလန်ဘက်ကလည်း ကိုလံဘီယာပွဲမှာ မိနစ် ၁၂၀ စလုံး ဂိုးမသွင်းနိုင်ခဲ့တဲ့ Attacking Output အားနည်းချက် ရှိနေလို့ မက်ဆီလို ကမ္ဘာ့အဆင့် ကစားသမားတစ်ဦးကို ရင်ဆိုင်တဲ့အခါမှာ ခံစစ်မှာ အနည်းငယ်မျှ အမှားခံလို့ ရမှာမဟုတ်ပါဘူး။ Market ကတော့ ဒီပွဲကို ဂိုးနည်းပွဲ (Tight, Low-scoring affair - Over/Under 2.5) အဖြစ် ခန့်မှန်းထားကြပါတယ်။
4 204
14
没有文字...
3 651
15
နော်ဝေအသင်းအနေနဲ့ အင်္ဂလန်ရဲ့ အဆိုပါ ခံစစ်အစွန်ကွက်လပ်ကို အန်တိုနီယို နူဆာ လို ကစားသမားမျိုးတွေနဲ့ ထိုးဖောက်ပြီး ဟာလန်းဆီ ဘောလုံးတင်ပေးနိုင်ဖို့ အဓိက ပစ်မှတ်ထားလာပါလိမ့်မယ်။ သုံးသပ်သူအများစုနဲ့ ဒိုင်များကတော့ လူစာရင်း ပိုမိုတောင့်တင်းပြီး နည်းပြ တူချယ်ရဲ့ ဖိအားမြင့်ဗျူဟာတွေကို ကောင်းစွာ အကောင်အထည်ဖော်နိုင်တဲ့ အင်္ဂလန်အသင်းကို ပွဲကြို ရေပန်းစားမှု (10/11 odds) ဖြင့် အလေးသာပေးထားကြပါတယ်။ ဒီကလန်ရိုက်နဲ့ ဘယ်လင်ဂမ်တို့က ကွင်းလယ်ကနေ အိုဒီဂတ်ဆီက လမ်းကြောင်းတွေကို အောင်မြင်စွာ ပိတ်ဆို့နိုင်ခဲ့ရင် ဟာလန်းဟာ အထီးကျန်သွားနိုင်ပါတယ်။ ဟာလန်း ဆိုသည်မှာ တစ်ချက်ကလေး လွတ်သွားရုံမျှဖြင့် ပွဲရလဒ်ကို ဇောက်ထိုးပြောင်းလဲပစ်နိုင်သည့် ဂိုးသွင်းစက်ဖြစ်တာကြောင့် အင်္ဂလန်ခံစစ်တန်းဖြစ်တဲ့ စတုန်းစ်၊ ကွန်ဆာနဲ့ ဂေးဟီတို့ တစ်စက္ကန့်မျှ မျက်ခြေပြတ်၍ မရပါဘူး။ ခြုံငုံသုံးသပ်ရရင် အင်္ဂလန်ရဲ့ စုဖွဲ့မှုအင်အားနဲ့ ကွင်းလယ်စိုးမိုးမှုတို့ကြောင့် ဆီမီးဖိုင်နယ်သို့ တက်လှမ်းသွားဖို့ ရာခိုင်နှုန်း ပိုများနေပါတယ်။ ဒါပေမယ့် ဖိအားကင်းစင်ပြီး သမိုင်းသစ်စိုက်ထူချင်နေတဲ့ နော်ဝေဗိုက်ကင်းတို့ရဲ့ ကောင်တာတိုက်စစ်ကလည်း ခြင်္သေ့သုံးကောင်ကို သွေးစွန်းစေမယ့် ခြိမ်းခြောက်မှုတွေ ပေးစွမ်းနိုင်တာမို့၊ မိနစ် ၉၀ ပြည့်သည်အထိ ရင်တမမနဲ့ ကြည့်ရမယ့် ကမ္ဘာ့ဖလား သမိုင်းဝင် ပွဲကောင်းတစ်ပွဲ ဖြစ်လာမှာ သေချာပါတယ်။
4 549
16
ဒီနေ့ည မိုင်ယာမီမြို့ရဲ့ ကောင်းကင်ယံအောက်မှာရင်တမမနဲ့ စောင့်ကြည့်ရမယ့် ကွာတားဖိုင်နယ် ပွဲကြီးပွဲကောင်းတစ်ပွဲ ဆင်နွှဲတော့မှာ ဖြစ်ပါတယ်။ သမိုင်းအစဉ်အလာ ရှိတဲ့ ခြင်္သေ့သုံးကောင် အင်္ဂလန်အသင်းနဲ့ ကမ္ဘာ့ဖလား သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ကွာတားဖိုင်နယ် စင်မြင့်ထက်ဆီ အားမာန်အပြည့်နဲ့ တက်လှမ်းလာတဲ့ နော်ဝေအသင်းတို့ရဲ့ ထိပ်တိုက်တွေ့ဆုံပွဲ ဖြစ်ပါတယ်။ ဒီပွဲရဲ့ အနိုင်ရရှိသူဟာ လာမယ့် ဇူလိုင် ၁၅ ရက်မှာ အာဂျင်တီးနား သို့မဟုတ် ဆွစ်ဇာလန်အသင်းနဲ့ ဆီမီးဖိုင်နယ်အဆင့်မှာ ဆက်လက်ရင်ဆိုင်ရမှာ ဖြစ်တာကြောင့် နှစ်သင်းစလုံးအတွက်တော့ ဗိုလ်လုပွဲဆီ သွားမယ့် လမ်းကြောင်းပေါ်က အရေးကြီးတဲ့ မဟာတိုက်ပွဲကြီး ဖြစ်ပါတယ်။ အင်္ဂလန်နဲ့ နော်ဝေတို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှုကို ကြည့်ရင် ဘောလုံးပွဲတစ်ခုထက်မကပဲ ရာစုနှစ်ပေါင်းများစွာက သမိုင်းကြောင်း နောက်ခံတွေ ပြည့်နှက်နေတာကို တွေ့ရပါလိမ့်မယ်။ အင်္ဂလန်ကျွန်းပေါ်ကို ဗိုက်ကင်းများ ကျူးကျော်ဝင်ရောက်ခြင်းဟာ AD ၇၉၃ ခုနှစ် လင်ဒီဖာနီ ဘုန်းတော်ကြီးကျောင်းကို တိုက်ခိုက်မှုနဲ့အတူ စတင်ခဲ့ပြီး၊ ၈၆၅ ခုနှစ်မှာတော့ အင်္ဂလန်နိုင်ငံကြီးတစ်ခုလုံးကို သွေးချောင်းစီး သိမ်းပိုက်ဖို့ ကြိုးစားခဲ့ကြပါတယ်။ အဲဒီနောက်ပိုင်း ၁၀၆၆ ခုနှစ် စတန်းဖို့ဒ်ဘရစ်ချ် စစ်ပွဲမှာ နော်ဝေဘုရင် ဟာရိုး ဟာဒရာဒါ ရဲ့ နောက်ဆုံး ဗိုက်ကင်းကျူးကျော်မှုကို အင်္ဂလန်တို့ နှိမ်နင်းနိုင်ခဲ့ပြီး ဗိုက်ကင်းခေတ်ကို အဆုံးသတ်စေခဲ့ပါတယ်။ သို့သော်လည်း ခေတ်သစ်ဘောလုံးသမိုင်းကြောင်းဆီ ရောက်လာတဲ့အခါမှာတော့ ကမ္ဘာကျော် ဇာတ်လမ်းတစ်ပုဒ် ရှိခဲ့ဖူးပါတယ်။ ၁၉၈၁ ခုနှစ် ကမ္ဘာ့ဖလားခြေစစ်ပွဲတုန်းက အချိန်ပိုင်းကစားသမားတွေနဲ့ ဖွဲ့စည်းထားတဲ့ နော်ဝေအသင်းက အင်္ဂလန်ကို ၂-၁ ရလဒ်နဲ့ မထင်မှတ်ပဲ အံ့ဩစရာ အနိုင်ယူခဲ့ပါတယ်။ ထိုစဉ်က နော်ဝေရေဒီယိုအစီအစဉ်တင်ဆက်သူ ဘီယော့ဂ် လိုင်လီလန်က ဗြိတိန်ရဲ့ သမိုင်းဝင်ပုဂ္ဂိုလ်ကြီးတွေဖြစ်တဲ့ ချာချီနဲ့ လော့ဒ်နယ်ဆင်တို့ကို အော်ဟစ်စိန်ခေါ်ပြီး "Your boys took a hell of a beating!" လို့ ကြွေးကြော်ခဲ့တဲ့ စကားက ယနေ့တိုင် အင်္ဂလန်သားတို့အတွက် နာကျင်စရာ သမိုင်းကွက်လပ်တစ်ခု ဖြစ်နေဆဲပါ။ ယခုပြိုင်ပွဲဟာ ကမ္ဘာ့ဖလား စင်မြင့်ထက်မှာ ဒီနှစ်သင်း ပထမဆုံးအကြိမ် ပြန်လည်ဆုံတွေ့တဲ့ ပွဲဖြစ်ပြီး၊ နော်ဝေတို့ကတော့ ၁၆ သင်းအဆင့်မှာ ဘရာဇီးလ်ကို ဖြုတ်ချပြီး သမိုင်းတစ်လျှောက် အကြီးမားဆုံးသော ရလဒ်နဲ့အတူ အရှိန်တက်နေပါတယ်။ သောမတ်စ် တူချယ် ရဲ့ အင်္ဂလန်အသင်းဟာ ၁၆ သင်းအဆင့်မှာ မက္ကစီကိုအသင်းကို အနိုင်ယူပြီး ယုံကြည်မှုအပြည့်နဲ့ တက်လှမ်းလာခဲ့တာ ဖြစ်ပါတယ်။ အင်္ဂလန်ရဲ့ အဓိက အားသာချက်ကတော့ ကမ္ဘာ့အဆင့် ကစားသမားတွေနဲ့ စုဖွဲ့ထားတဲ့ လူစာရင်းပါပဲ။ အထူးသဖြင့် တိုက်စစ်မှူး ဟယ်ရီကိန်းဟာ ဒီပြိုင်ပွဲမှာ ၆ ဂိုးအထိ သွင်းယူထားပြီး နောက်ဆုံးကစားခဲ့တဲ့ ၁၂ ပွဲမှာ ၁၁ ဂိုးအထိ သွင်းယူကာ ခြေစွမ်းအထွတ်အထိပ် ရောက်နေပါတယ်။ ဒါ့အပြင် ကွင်းလယ်လူ ဂျုဒ် ဘယ်လင်ဂမ် ကလည်း မက္ကစီကိုနဲ့ပွဲမှာ ၂ ဂိုးသွင်းယူခဲ့ပြီးနောက် အင်္ဂလန်သမိုင်းမှာ ကမ္ဘာ့ဖလားပြိုင်ပွဲတစ်ခုအတွင်း ၄ ဂိုးနဲ့အထက် သွင်းယူနိုင်တဲ့ ပထမဆုံး ကွင်းလယ်လူအဖြစ် မှတ်တမ်းဝင်ထားပါတယ်။ ဆာကာ၊ ဘယ်လင်ဂမ်နဲ့ ဟယ်ရီကိန်းတို့ သုံးဦးပေါင်း တိုက်စစ်ဟာ ဒီပြိုင်ပွဲမှာ ဂိုး ၁၀ လုံးအထိ ဖန်တီးထားတာကြောင့် နော်ဝေခံစစ်အတွက် တကယ့်ကို ထိတ်လန့်စရာ ခြိမ်းခြောက်မှုကြီး ဖြစ်လာမှာ သေချာပါတယ်။ တစ်ဖက်က နော်ဝေအသင်းအတွက်တော့ လက်ရှိပြိုင်ပွဲဟာ သူတို့ရဲ့ ရွှေရောင်သမိုင်းသစ်ကို ရေးထိုးနေခြင်း ဖြစ်ပါတယ်။ နော်ဝေရဲ့ ကမ္ဘာ့အဆင့် တိုက်စစ်မှူး အာလင်း ဟာလန်းဟာ ကမ္ဘာ့ဖလား ၅ ပွဲစလုံးမှာ ဂိုးသွင်းယူနိုင်ခဲ့ပြီး လက်ရှိအချိန်အထိ ကန်ချက် ၁၂ ကြိမ်မှာတင် ၇ ဂိုးအထိ သွင်းယူထားနိုင်တဲ့အပြင် ဂိုးပြောင်းလဲမှုနှုန်း ၃၉% အထိ ရှိနေပါတယ်။ ဒါဟာ ၁၉၈၆ ကမ္ဘာ့ဖလားတုန်းက ဂယ်ရီ လိုင်နီကာရဲ့ စွမ်းဆောင်ရည်နောက်ပိုင်း အကောင်းဆုံး မှတ်တမ်းလည်း ဖြစ်ပါတယ်။ သို့သော်လည်း ပွဲမတိုင်မီမှာ ဟာလန်းကိုယ်တိုင်က "နော်ဝေအနေနဲ့ ကမ္ဘာ့ဖလားရဖို့ အခွင့်အလမ်းက တကယ့်ကို နည်းပါးပါတယ်၊ ဖိအားအားလုံးက အင်္ဂလန်ဘက်မှာပဲ ရှိတာပါ" လို့ သွေးအေးအေးနဲ့ စိတ္တဇဗေဒစစ်ဆင်ရေး ခင်းကျင်းထားပါတယ်။ ကွင်းလယ်မှာ မာတင် အိုဒီဂတ် နဲ့ ဆန်ဒါ ဘာ့ဂ် တို့က ဟာလန်းဆီ ဘောလုံးရောက်အောင် ဘယ်လောက် ပံ့ပိုးပေးနိုင်မလဲ ဆိုတာက နော်ဝေရဲ့ အဓိက သော့ချက် ဖြစ်ပါတယ်။ ဒီပွဲရဲ့ အဓိက အကွက်အကွင်းကတော့ ဟာလန်းနဲ့ အင်္ဂလန်ခံစစ် တိုက်ပွဲပဲ ဖြစ်ပါတယ်။ အင်္ဂလန်ဂိုးသမား ဂျော်ဒန် ပစ်ဖို့ဒ်ဟာ ပရီးမီးယားလိဂ်မှာ ဟာလန်းရဲ့ ကန်ချက်များစွာကို ရင်ဆိုင်ခဲ့ဖူးတဲ့ အတွေ့အကြုံရှိလို့ သူတို့နှစ်ဦးရဲ့ ထိပ်တိုက်တွေ့ဆုံမှုက အလွန်စိတ်ဝင်စားဖို့ ကောင်းပါတယ်။ အင်္ဂလန်အတွက် စိုးရိမ်စရာ အကြီးမားဆုံး အားနည်းချက်က ညာနောက်ခံလူနေရာ ဖြစ်နေပါတယ်။ ဂျာရက် ကွမ်ဆာ နဲ့ ရီးစ် ဂျိမ်းစ် တို့ မပါဝင်နိုင်တာကြောင့် အင်္ဂလန်ဟာ ၅ ပွဲအတွင်း starter ၄ ဦးအထိ ပြောင်းလဲခဲ့ရပြီး၊ ဒီပွဲမှာ ဂျက် စပန့်စ် သို့မဟုတ် ဂျွန် စတုန်းစ် တို့ထဲက တစ်ဦးဦးက ဝင်ရောက်တာဝန်ယူရမှာ ဖြစ်ပါတယ်။
3 758
17
没有文字...
2 914
18
没有文字...
3 544
19
ဒီညမှာတော့ အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျယ်လိစ်မြို့ရှိ ဆိုဖိုင် ကွင်းမှာ ဥရောပရဲ့ လက်ရှိချန်ပီယံအဖြစ် ဂုဏ်ဒြပ်အပြည့်နဲ့ ချီတက်လာတဲ့ စပိန်အသင်းနဲ့ ပြိုင်ပွဲတစ်လျှောက် အံ့ဩစရာတွေနဲ့အတူ ဘယ်လ်ဂျီယံအသင်းတို့ ထိပ်တိုက်ရင်ဆိုင်ရတော့မှာပါ။ ဒီပွဲရဲ့ အနိုင်ရရှိသူဟာ ဆီမီးဖိုင်နယ်အဆင့်မှာ ပြင်သစ်အသင်းနဲ့ ဆက်လက်ရင်ဆိုင်ရမှာ ဖြစ်တာကြောင့် နှစ်သင်းလုံးအတွက်တော့ ဗိုလ်လုပွဲဆီ တက်လှမ်းနိုင်ဖို့ ဆိုရင်သေရေးရှင်ရေးတမျှ အရေးကြီးတဲ့ ပွဲစဉ်တစ်ပွဲလည်း ဖြစ်ပါတယ်။ လူးဝစ် ဒီလာဖွန်တေရဲ့ စပိန်အသင်းဟာ ဒီပြိုင်ပွဲမှာ အုပ်စုပွဲစဉ်အားလုံးကို အနိုင်ရရှိပြီး သွေးအေးအေးနဲ့ ကွာတားဖိုင်နယ်အထိ တက်လှမ်းလာခဲ့တာ ဖြစ်ပါတယ်။ ၃၂ သင်းအဆင့်မှာ ဩစတြီးယားကို ၃-၀ နဲ့ သက်တောင့်သက်သာ ကျော်ဖြတ်ခဲ့ပေမယ့်၊ ၁၆ သင်းအဆင့်မှာတော့ စပိန်တို့ ရုန်းကန်ခဲ့ရပါတယ်။ ခါးသီးတဲ့ အိမ်နီးချင်း ပေါ်တူဂီအသင်းရဲ့ ခံစစ်တံတိုင်းကြောင့် ၉၁ မိနစ်မြောက် အချိန်ပိုမှာ မာရီနို သွင်းယူလိုက်တဲ့ဂိုးနဲ့ ၁-၀ ရလဒ်ဖြင့် ကပ်ပြီး တက်လှမ်းလာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် စပိန်တို့ရဲ့ အကြီးမားဆုံး ဂုဏ်ပုဒ်ကတော့ လက်ရှိအချိန်အထိ ဒီကမ္ဘာ့ဖလားမှာ တစ်ဂိုးမှ မပေးရသေးတဲ့ တစ်ခုတည်းသော အသင်းအဖြစ် ရပ်တည်နေခြင်းပါပဲ။ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်လူ ရိုဒရီရဲ့ ပွဲထိန်းချုပ်မှု၊ ခံစစ်ကို ကာကွယ်ပေးမှုတွေက စပိန်ကို ကျောက်ဆောင်တစ်ခုလို ခိုင်မာစေပါတယ်။ တိုက်စစ်ပိုင်းမှာလည်း တစ်ဦးချင်း ဖြတ်ကျော်မှု နှုန်းပြင်းပြီး နည်းဗျူဟာမြောက်တဲ့ လာမင်း ယာမားလ် နဲ့ ပံ့ပိုးမှု အားကောင်းတဲ့ အဲလက်စ် ဘာအီနာ တို့ရဲ့ တောင်ပံတိုက်စစ်က ဘယ်လ်ဂျီယံရဲ့ ဘယ်ဘက်ခံစစ်အခြေစိုက်စခန်းကို အဓိက မွှေနှောက်ဖျက်ဆီးဖို့ ပြင်ဆင်ထားပါတယ်။ တစ်ဖက်က ဘယ်လ်ဂျီယံအသင်းကတော့ အခက်အခဲတွေကို ရင်ဆိုင်ပြီးမှ ပိုမိုတောင့်တင်းလာတဲ့ အသင်းမျိုး ဖြစ်ပါတယ်။ ၃၂ သင်းအဆင့်တုန်းက ဆီနီဂေါကို ၂-၀ နဲ့ နောက်ကနေ လိုက်ကစားပြီး အံ့ဩစရာ ပြန်လည်အနိုင်ယူခဲ့သလို၊ ၁၆ သင်းအဆင့်မှာလည်း အိမ်ရှင် အမေရိကန်အသင်းကို ပရိသတ်တွေရှေ့မှာတင် ၄-၁ ဆိုတဲ့ ပြတ်သားတဲ့ ရလဒ်နဲ့ အဝတ်စုတ်လို ချေမှုန်းပြခဲ့ပါတယ်။ ဒီပွဲမှာ ဂိုး ၂ လုံး သွင်းယူကာ အကောင်းဆုံးဖြစ်နေတဲ့ ချားလ်စ် ဒီကီတီလဲရီ ရဲ့ တိုက်စစ်ဆင်မှုတွေက စပိန်ခံစစ်အတွက် သတိထားရမယ့် လက်နက်တစ်ခု ဖြစ်လာပါတယ်။ အဓိကအချက်ကတော့ ဒဏ်ရာကနေ ပြန်လည်သက်သာလာပြီး အသင်းရဲ့ အင်ဂျင်အဖြစ် ပြန်လည်မောင်းနှင်နေတဲ့ ကီဗင် ဒီဘရိုင်းနား ရဲ့ ပါဝင်လာမှုပါပဲ။ သူ့ရဲ့ ပေးပို့မှုတွေနဲ့အတူ ဝါရင့်တိုက်စစ်မှူး လူကာကူရဲ့ ခန္ဓာကိုယ်အသုံးချပြီး နေရာလွတ်ဖန်တီးနိုင်မှုတွေ ပေါင်းစပ်လိုက်ရင် ဘယ်လ်ဂျီယံရဲ့ Counter-attack ဟာ စပိန်တို့ တစ်ခါမှ မကြုံဖူးသေးတဲ့ စိန်ခေါ်မှုကြီး ဖြစ်လာမှာ သေချာပါတယ်။ လွန်ခဲ့တဲ့ ၁၉၈၆ ခုနှစ် ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်တုန်းကလည်း ဘယ်လ်ဂျီယံက စပိန်ကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ယူပြီး ဆီမီးဖိုင်နယ် တက်လှမ်းခဲ့ဖူးတဲ့ သမိုင်းမှတ်တမ်း ရှိခဲ့ပါတယ်။ အခုတော့ ဆယ်စုနှစ်တွေအကြာမှာ ဒီနှစ်သင်းဟာ ကွာတားဖိုင်နယ် စင်မြင့်ထက်မှာ တစ်ကျော့ပြန် ကလဲ့စားချေပွဲအဖြစ် ထပ်မံရင်ဆိုင်ကြရတာပါ။ စပိန်က Possession Control နဲ့ ပွဲကို အစအဆုံး စိုးမိုးဖို့ ကြိုးစားမှာဖြစ်ပြီး၊ ဘယ်လ်ဂျီယံကတော့ ဒီဘရိုင်းနားရဲ့ ကွင်းလယ်ဖြန့်ဝေမှုကနေတစ်ဆင့် ကောင်တာတိုက်စစ်တွေနဲ့ တုံ့ပြန်ဖို့ ပြင်ဆင်လာမှာ ဖြစ်ပါတယ်။ ပေါ်တူဂီနဲ့ပွဲမှာ စပိန်တို့ နိုင်ခဲ့ပေမယ့် နောက်ဆုံးမိနစ်အထိ ရုန်းကန်ခဲ့ရတာကို ကြည့်ရင် သူတို့ရဲ့ တိုက်စစ်အဆုံးသတ်ပိုင်းမှာ အားနည်းချက် အနည်းငယ် ရှိနေဆဲဆိုတာ တွေ့နိုင်ပါတယ်။ အကယ်၍ ယာမားလ်နဲ့ ဘာအီနာတို့ရဲ့ ဘေးတိုက်တိုက်စစ်ကို ဘယ်လ်ဂျီယံတို့ ပိတ်ဆို့နိုင်ခဲ့ရင် စပိန်အတွက် ပွဲက တော်တော်လေး ကျပ်သွားနိုင်ပါတယ်။ စပိန်အသင်းဟာ တစ်ဦးချင်း အရည်အသွေးရော၊ ကွင်းလယ်အထိုင် တည်ငြိမ်မှုမှာပါ ဘယ်လ်ဂျီယံထက် ပိုမိုအားသာနေတာ အမှန်ပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ Clean Sheetမှတ်တမ်းကောင်းကလည်း ခံစစ်အတောင့်တင်းဆုံးအဖြစ် ယုံကြည်မှု ပေးနေပါတယ်။ သို့သော် အမေရိကန်ကို ၄-၁ နဲ့ အနိုင်ရရှိပြီး ယုံကြည်မှု အထွတ်အထိပ် ရောက်နေတဲ့ ဘယ်လ်ဂျီယံအသင်းနဲ့ ဒီဘရိုင်းနား-ဒီကီတီလဲရီ တို့ရဲ့ ပေါင်းစပ်မှုကို လုံးဝလျှစ်လျူရှုထားလို့ မရပါဘူး။ ဒီပွဲဟာ နှစ်သင်းစလုံးရဲ့ သတိကြီးစွာ ကစားမှုတွေကြောင့် ဂိုးအနည်းငယ်သာ ကွာခြားမယ့်၊ တကယ့်ကို အကြိတ်အနယ်ရှိတဲ့ ပွဲတစ်ပွဲ ဖြစ်လာဖို့ ရှိပါတယ်။ စပိန်က ပွဲကို ထိန်းချုပ်ပြီး ကစားနိုင်စွမ်း ပိုမြင့်မားတာကြောင့် ဆီမီးဖိုင်နယ် တက်လှမ်းဖို့ အခွင့်အရေး အနည်းငယ် ပိုများနေပေမယ့်၊ ဘယ်လ်ဂျီယံရဲ့ ညှိုးရော်ခြင်းမရှိတဲ့ ကောင်တာတိုက်စစ်တွေကြောင့် ဂိုးကွာခြားချက်မများနိုင်နယ့် ပွဲကောင်းတစ်ပွဲ ဖြစ်လာနိုင်ပါတယ်။
4 696
20
没有文字...
3 195