ch
Feedback
NOM

NOM

前往频道在 Telegram

NOM Official Backup Channel - 2

显示更多
缅甸38 251未指定类别
201
订阅者
无数据24 小时
-17
-830
帖子存档
NOM
201
၂၀၂၇ မှာ တရုတ်က ထိုင်ဝမ်ကို ကျူးကျော်ဖို့ လက်ရှိမှာ အစီအစဉ်မရှိဘူးလို့ အမေရိကန်ထောက်လှမ်းရေးအသိုင်းအဝိုင်းက မနေ့ ပြောဆိုလိုက်
၂၀၂၇ မှာ တရုတ်က ထိုင်ဝမ်ကို ကျူးကျော်ဖို့ လက်ရှိမှာ အစီအစဉ်မရှိဘူးလို့ အမေရိကန်ထောက်လှမ်းရေးအသိုင်းအဝိုင်းက မနေ့ ပြောဆိုလိုက်ပါတယ်။ တရုတ်က အင်အားမသုံးဘဲ ကျွန်းကို ထိန်းချုပ်နိုင်ဖို့ကို ကြိုးပမ်းနေပြီး လိုအပ်တယ်လို့ ယူဆမှသာ ပေါင်းစည်းရေးကို အတင်းအကျပ်ပြုလုပ်ဖို့ အင်အားသုံးလာနိုင်တယ်လို့ ထောက်လှမ်းရေးအေဂျင်စီတွေရဲ့ အစီရင်ခံစာမှာ ဖော်ပြထားတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက ပင်တဂွန်ရဲ့ အကဲဖြတ်ခဲ့မှုမှာတော့ တရုတ်က ၂၀၂၇ မှာ ထိုင်ဝမ်ကို တိုက်ခိုက်ကာ သိမ်းပိုက်ဖို့ ပြင်ဆင်နေတယ်လို့ ယုံကြည်ခဲ့ပြီး လိုအပ်ရင် ရက်စက်ကြမ်းကြုတ်တဲ့ အင်အားသုံးကာ သိမ်းပိုက်မယ်လို့ ယူဆခဲ့တာဖြစ်ပါတယ်။ News Of Myanmar NOM

NOM
201
Repost from News Of Myanmar
အရှေ့အလယ်ပိုင်းဒေသကနေ ဂျာမနီကို ရောက်ရှိလာတဲ့ ထိခိုက်ဒဏ်ရာရသူနဲ့ သေဆုံးသူအရေအတွက်ဟာ သတင်းထုတ်ပြန်ထားတာထက် အဆမတန် ပိုမိုများပြ
အရှေ့အလယ်ပိုင်းဒေသကနေ ဂျာမနီကို ရောက်ရှိလာတဲ့ ထိခိုက်ဒဏ်ရာရသူနဲ့ သေဆုံးသူအရေအတွက်ဟာ သတင်းထုတ်ပြန်ထားတာထက် အဆမတန် ပိုမိုများပြားနေ ဂျာမနီအခြေစိုက် အမေရိကန်သူနာပြုတစ်ဦးက အရှေ့အလယ်ပိုင်းဒေသကနေ ဂျာမနီကို ရောက်ရှိလာတဲ့ ထိခိုက်ဒဏ်ရာရသူနဲ့ သေဆုံးသူအရေအတွက်ဟာ သတင်းထုတ်ပြန်ထားတာထက် 'အဆမတန် ပိုမိုများပြားနေတယ်' လို့ AF Post သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ သေဆုံးမှုနှုန်းထားတွေကို AF Post အနေဖြင့် အတည်မပြုနိုင်သေးပေမဲ့ ဒဏ်ရာရရှိသူ ရာနဲ့ချီရှိနေကြောင်း သတင်းရရှိထားပြီး အမေရိကန်က ကိန်းဂဏန်းတွေကို တမင် 'ဖုံးကွယ်' ထားတာကြောင့်မျိုး မဟုတ်ဘဲ သတင်းစီးဆင်းမှုအတွင်းမှာ အဆိုပါ လူပေါင်းရာနဲ့ချီတဲ့ အရေအတွက်ဟာ လူအများသတိမထားမိဘဲ (ဒါမှမဟုတ်) သတင်းတွေထဲမှာ ထင်ထင်ရှားရှားမပါဘဲ လွတ်ထွက်နေတာမျိုး ဖြစ်နိုင်ပါတယ်။ NOM

NOM
201
Repost from News Of Myanmar
အဘူဒါဘီအာဏာပိုင်တွေရဲ့ ထုတ်ပြန်ချက်အရ အဘူဒါဘီရှိ ဟပ်ရှ်ရှန် Habshan ဓာတ်ငွေ့လုပ်ငန်းစုနဲ့ ဘတ် Bab ကွင်းက ဓာတ်ငွေ့အဆောက်အအုံတွေကို ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ အဆိုပါ ဓာတ်ငွေ့ထုတ်လုပ်ရေး လုပ်ငန်းတွေကို ပိတ်ထားလိုက်ပြီဖြစ်ပါတယ်။ NOM

NOM
201
Repost from News Of Myanmar
ဟော်မုဇ် ရေလက်ကြားအတွင်းမှာ အီရန်တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) ရေတပ်က ဘာဘေးဒိုးစနိုင်ငံ (Barbados) အလံလွှင့်ထူထားပြီး ရေနံတန်ချိန် ၁၆၀,၀၀၀ တင်ဆောင်လာတဲ့ ရေနံတင်သင်္ဘောကြီးကို ဟန့်တားခဲ့ပြီး နောက်ကြောင်းပြန်လှည့်ခိုင်းခဲ့ပါတယ်။ NOM

NOM
201
Repost from News Of Myanmar
အမေရိကန်နဲ့ အစ္စရေးတို့က အီရန်အပေါ်ဆင်နွှဲနေတဲ့ စစ်ပွဲနဲ့ပတ်သက်ပြီး ဂျပန်အတိုက်အခံလွှတ်တော်အမတ်တစ်ဦးက 'အီရန်ကိုတော့ ရှုတ်ချပြီး အမေရိကန်နဲ့ အစ္စရေးကိုကျ ဘာလို့မရှုတ်ချတာလဲ' လို့ မေးမြန်းတဲ့အခါ ဝန်ကြီးချုပ် ဆာနာအဲ တာကာအီချီက အခုလို ပြန်လည်ဖြေကြားခဲ့ပါတယ်။ 'ဘာဖြစ်လို့လဲဆိုတော့ ကျွန်မ မကြာခင်မှာ သမ္မတ ထရမ့်နဲ့ တွေ့ဖို့ရှိလို့ပါ။ ဒါပါပဲ။' — အဲဒီနောက် သူမဟာ ပုခုံးတွန့်ပြပြီး စင်ပေါ်ကနေ ဆင်းသွားခဲ့ပါတယ်။ 🤦‍♂️ NOM

NOM
201
Repost from News Of Myanmar
🚨- လွန်ခဲ့တဲ့ မိနစ်အနည်းငယ်ကစပြီး အမေရိကန်နဲ့ အစ္စရေးတို့ အီရန်အပေါ် ဆင်နွှဲနေတဲ့ စစ်ပွဲစတင်ကတည်းက ပထမဆုံးအကြိမ်အဖြစ် အိုမန်ရေနံတစ်စည်ကို အမေရိကန်ဒေါ်လာ ၂၀၀ နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ အိုမန်ရေနံညွှန်းကိန်း (Oman oil index) ဟာ ကမ္ဘာ့အကြီးဆုံး ရေနံဝယ်ယူသူတွေထံ ရောင်းချတဲ့ ရေနံစိမ်းအမျိုးအစား (Heavy crude oil) အတွက် အဓိကစံနှုန်းတစ်ခုဖြစ်ပြီး တရုတ်၊ ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတို့က ရေနံချက်စက်ရုံ အတော်များများဟာ ဒီညွှန်းကိန်းကို အခြေခံပြီး သတ်မှတ်အရောင်းအဝယ် ပြုလုပ်ကြတာဖြစ်ပါတယ်။ NOM

NOM
201
Repost from News Of Myanmar
အီရန်နိုင်ငံရှိ စွမ်းအင်ဆိုင်ရာ အဆောက်အအုံများ တိုက်ခိုက်ခံရမှုကြောင့် အမေရိကန် စတော့ဈေးကွက်များ ထိုးဆင်းသွားခဲ့ပြီးလွန်ခဲ့သည
အီရန်နိုင်ငံရှိ စွမ်းအင်ဆိုင်ရာ အဆောက်အအုံများ တိုက်ခိုက်ခံရမှုကြောင့် အမေရိကန် စတော့ဈေးကွက်များ ထိုးဆင်းသွားခဲ့ပြီးလွန်ခဲ့သည့် နာရီပိုင်းအတွင်းမှာပင် စုစုပေါင်း ကာလတန်ဖိုး အမေရိကန်ဒေါ်လာ ၇၀၀ ဘီလီယံ ခန့် ဆုံးရှုံးသွားခဲ့သည်။ NOM

NOM
201
Repost from News Of Myanmar
+1
လွန်ခဲ့သော နာရီအနည်းငယ်က ကမ္ဘာ့အကြီးဆုံး ဓာတ်ငွေ့ရည် (gas condensate) စက်ရုံ တည်ရှိရာ ကာတာနိုင်ငံ၏ ရက်စ်လာဖန် (Ras Laffan) စက်မှုဇုန်နှင့် လာဖန် ရေနံချက်စက်ရုံတို့ကို အီရန်က ဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့ပြီးနောက် ပထမဆုံး ဂြိုဟ်တုဓာတ်ပုံများ ထွက်ပေါ်လာခဲ့သည်။ အီရန်အစိုးရနှင့် နီးစပ်သော သတင်းဌာနက ထုတ်ပြန်လိုက်သည့် ဂြိုဟ်တုဓာတ်ပုံများတွင် ရက်စ်လာဖန် စက်မှုဇုန်အတွင်းရှိ အဓိက သန့်စင်ထုတ်လုပ်ရေး ယူနစ်တစ်ခု တိုက်ရိုက်ထိမှန်ထားသည်ကို တွေ့ရသည်။ အဆိုပါ နေရာမှ မည်းနက်သော မီးခိုးလုံးကြီးများ ထွက်ပေါ်နေသည်ကို ဂြိုဟ်တုမှ ရှင်းလင်းစွာ မြင်တွေ့နိုင်သည်။ ရက်စ်လာဖန်သည် ကာတာ၏ အဓိက စွမ်းအင်ဗဟိုချက်ဖြစ်သည်။ လက်ရှိ တိုက်ခိုက်မှုကြောင့် စက်ရုံ၏ အစိတ်အပိုင်း အတော်များများတွင် ထုတ်လုပ်မှုများကို ရပ်ဆိုင်းထားရကြောင်းသတင်းများကဆိုသည်။ အီရန်ဘက်က ၎င်းတို့၏ တောင်ပိုင်းပါ့စ် (South Pars) ဓာတ်ငွေ့သိုက် တိုက်ခိုက်ခံရမှုအတွက် "မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး" (Eye for an Eye) မူဝါဒဖြင့် လက်တုံ့ပြန်ခြင်းဖြစ်ကြောင်း ထုတ်ဖော်ပြောကြားထားသည်။ NOM

NOM
201
Repost from News Of Myanmar
အီရန်ဒုံးကျည်တစ်စင်းသည် ဆော်ဒီအာရေဗျနိုင်ငံအတွင်းရှိ ၎င်း၏ပစ်မှတ်ကို ထိမှန်ခဲ့သည်။ အမေရိကန်နှင့် အစ္စရေးတို့က အီရန်နိုင်ငံရှိ ကမ္ဘာ့အကြီးဆုံး တောင်ပိုင်းပါ့စ် (Southern Pars) သဘာဝဓာတ်ငွေ့လုပ်ငန်းစုကို တိုက်ခိုက်ခဲ့ပြီးနောက် ယခုအခါ အီရန်သည် အာရပ်နိုင်ငံများရှိ အမေရိကန် စွမ်းအင်ဆိုင်ရာ အဆောက်အအုံများကို ပြန်လည်တိုက်ခိုက်နေပြီဖြစ်သည်။ NOM

NOM
201
Repost from News Of Myanmar
အမေရိကန်နှင့် အစ္စရေးညွန့်ပေါင်းအဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် အီရန်နိုင်ငံ South Pars သဘာဝဓာတ်ငွေ့စက်ရုံတွေမှာ ပြင်းထန်တဲ့ မီးလောင်ကျွမ်းမှုတွေ ဖြစ်ပွားနေပါတယ်။ NOM

NOM
201
Repost from News Of Myanmar
ပါရှန်ပင်လယ်ကွေ့ကမ်းရိုးတန်းရှိ ၎င်းတို့၏ စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံများ ပျက်စီးဆုံးရှုံးခဲ့ကြောင်း အီရန်နိုင်ငံက သတင်း
ပါရှန်ပင်လယ်ကွေ့ကမ်းရိုးတန်းရှိ ၎င်းတို့၏ စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံများ ပျက်စီးဆုံးရှုံးခဲ့ကြောင်း အီရန်နိုင်ငံက သတင်းထုတ်ပြန်ပြီးနောက် ရေနံစျေးနှုန်းနှင့် ဥရောပသဘာဝဓာတ်ငွေ့စျေးနှုန်းများ မြင့်တက်လာခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုများသည် ပဋိပက္ခစတင်ချိန်မှစ၍ အီရန်နိုင်ငံ၏ မဟာဗျူဟာမြောက် အရေးပါသော စွမ်းအင်ကဏ္ဍအပေါ် အကြီးမားဆုံး တိုက်ခိုက်မှုဖြစ်ကြောင်း ဖော်ပြကြသည်။ ဒေသတွင်း မိတ်ဖက်နိုင်ငံများအတွက် အဓိက ထောက်ပံ့ရေးအရင်းအမြစ်ဖြစ်သော South Pars ဓာတ်ငွေ့တွင်းများအပြင် Asaluyeh အနီးရှိ ရေနံချက်စက်ရုံတစ်ခုနှင့် အမျိုးအမည်ဖော်ပြထားခြင်းမရှိသော ရေနံဓာတုဗေဒစက်ရုံတစ်ခုတို့ အပါအဝင် အဆောက်အအုံအများအပြား တိုက်ခိုက်ခံခဲ့ရကြောင်း အီရန်နိုင်ငံပိုင်မီဒီယာက ပြောကြားခဲ့သည်။ NOM

NOM
201
အမေရိကန်ရဲ့ ရေနံပိတ်ဆို့မှုကြောင့် စွမ်းအင်အကျပ်အတည်းကို ရင်ဆိုင်နေရကာ လူပေါင်း ၁၁ သန်းနီးပါး လျှပ်စစ်မီးမရဖြစ်နေတဲ့ ကျူးဘားက
အမေရိကန်ရဲ့ ရေနံပိတ်ဆို့မှုကြောင့် စွမ်းအင်အကျပ်အတည်းကို ရင်ဆိုင်နေရကာ လူပေါင်း ၁၁ သန်းနီးပါး လျှပ်စစ်မီးမရဖြစ်နေတဲ့ ကျူးဘားကို တရုတ်က ကူညီပေးဖို့အတွက် ပြင်ဆင်နေပါတယ်။ ကျူးဘားအတွက် တရုတ်က နေရောင်ခြည်စွမ်းအင်ကို ကူညီပေးမယ်လို့ ကမ်းလှမ်းထားပြီး ဒါဟာ တရုတ်က သူတို့ရဲ့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နယ်ပယ်မှာ ဘယ်လောက်ထိ လုပ်ဆောင်ထားနိုင်လဲဆိုတာကို ပြသလိုက်တာလို့လည်း လေ့လာသူတွေက ဆိုပါတယ်။ ကျူးဘားဆိုင်ရာ တရုတ်သံအမတ်ကြီး Hua Xin က လက်ရှိကျူးဘားမှာဖြစ်ပေါ်နေတဲ့ အခြေအနေကို လျှော့ချဖို့ ကြိးပမ်းမှုရဲ့ စွမ်းအင်စီမံကိန်းတွေကို ဖော်ပြခဲ့တယ်လို့ ကျူးဘားနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ပြောဆိုခဲ့ပါတယ်။ News Of Myanmar NOM

NOM
201
Repost from News Of Myanmar
အမေရိကန်သမ္မတထရမ့်ရူးနေပြီလား NOM ထရမ့်က အီရန်က ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့နေတာဟာ "မမျှတဘူး" လို့ ပြောကြားခဲ့ပါတယ်။ အကြောင်းကတော့ သမ္မတရဲ့အမြင်အရ အမေရိကန်က စစ်ပွဲမှာ အနိုင်ရသွားပြီလို့ ယူဆထားလို့ပါ။ "သူတို့ဘက်ကလုပ် ဆောင်နေတာတွေကမမျှတဘူး။ ကျွန်တော်တို့ အနိုင်ရပြီးပြီ! သူတို့လုပ်နေတာတွေကို ဆက်လုပ်ဖို့ သူတို့မှာ အခွင့်အရေးမရှိဘူး!" - ဟုထရမ့်က ပြောသည်။

NOM
201
ထရမ့်ကြောင့် ဒေသတွင်းမဟာမိတ်တွေဟာ အမေရိကန်အပေါ် ယုံကြည်မှုနည်းပါးလာတယ်လို့ The National ရဲ့ ဆောင်းပါးတပုဒ်မှာ ဖော်ပြထားပါတယ်။
ထရမ့်ကြောင့် ဒေသတွင်းမဟာမိတ်တွေဟာ အမေရိကန်အပေါ် ယုံကြည်မှုနည်းပါးလာတယ်လို့ The National ရဲ့ ဆောင်းပါးတပုဒ်မှာ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့အပတ်အတွင်းမှာဆို ကန်ပြည်သူတွေရဲ့ အမေရိကန်ကို အီရန်စစ်ပွဲကနေ ပြန်လည်ထွက်ခွာစေချင်တဲ့ ဆန္ဒတွေက မြင့်တက်လာတယ်လို့လည်း ဆောင်းပါးအတွင်းမှာ ဖော်ပြထားပါတယ်။ News Of Myanmar NOM

NOM
201
Repost from News Of Myanmar
အမေရိကန်ပြည်ထောင်စု၊ နယူးမက္ကဆီကိုပြည်နယ်တောင်ပိုင်းရှိ ဟော်လိုမန်း Holloman လေတပ်စခန်းတွင် သေနတ်ဖြင့်ပစ်ခတ်မှုဖြစ်ပွားခဲ့သဖြင့် လူတစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိသွားကြောင်း AP သတင်းအရ သိရသည်။ NOM

NOM
201
ကမ္ဘာတဝှမ်းမှာ ရင်ဆိုင်ခဲ့ရတဲ့ ဘေးဒုက္ခတွေကြောင့် ၂၀၂၄ အတွင်း အသက် ၅ နှစ်အောက် ကလေးငယ်ပေါင်း ၄.၉ သန်းအထိ သေဆုံးခဲ့တယ်လို့ ကုလ
ကမ္ဘာတဝှမ်းမှာ ရင်ဆိုင်ခဲ့ရတဲ့ ဘေးဒုက္ခတွေကြောင့် ၂၀၂၄ အတွင်း အသက် ၅ နှစ်အောက် ကလေးငယ်ပေါင်း ၄.၉ သန်းအထိ သေဆုံးခဲ့တယ်လို့ ကုလက ထုတ်ပြန်ခဲ့ပါတယ်။ ကလေးသေဆုံးမှုနှုန်းလျှော့ချဖို့အတွက် ကြိုးပမ်းနေမှုတွေကလည်း အရှိန်ရပ်တန့်နေတယ်လို့လည်း ဆိုပါတယ်။ News Of Myanmar NOM

NOM
201
Repost from News Of Myanmar
၂၀၂၆ ခုနှစ်၊ မတ်လ ၁၇ ရက် ၁။ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ပြည်သူလူထု၏ တစ်နေ့တာ ပျမ်းမျှဓာတ်အားလိုအပ်ချက် ၄၆၆၉ မဂ္ဂါဝပ်ကိ
၂၀၂၆ ခုနှစ်၊ မတ်လ ၁၇ ရက် ၁။ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ပြည်သူလူထု၏ တစ်နေ့တာ ပျမ်းမျှဓာတ်အားလိုအပ်ချက် ၄၆၆၉ မဂ္ဂါဝပ်ကို ပြည့်ဝစွာ ဖြန့်ဖြူးပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ သို့သော်လည်း လက်ရှိတွင် အဓိကဓာတ်အားလိုင်းအချို့ ဖျက်ဆီးခံရခြင်းနှင့် သဘာဝဓာတ်ငွေ့ရရှိမှု လျော့နည်းခြင်းတို့ကြောင့် LNG သုံးဓာတ်အားပေးစက်ရုံများမှ ၅၀၀ မဂ္ဂါဝပ် ထပ်မံဖြည့်ဆည်း ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်ခဲ့ရာ ပုံမှန်ထုတ်လုပ်နိုင်မှု၏ ၇၇ ရာခိုင်နှုန်းဖြစ်သော ၃၆၀၀ မဂ္ဂါဝပ်ခန့်ကို ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိပါသည်။ ၎င်းအပြင် ဖျက်ဆီးခံရသည့် ဓာတ်အားလိုင်းများအား ပြန်လည်ပြင်ဆင်ခြင်းလုပ်ငန်းများကို စီမံဆောင်ရွက်လျက်ရှိပြီး စွမ်းအင်အရင်းအမြစ်မျိုးစုံမှ လျှပ်စစ်ဓာတ်အား ပိုမိုထုတ်လုပ်နိုင်ရေးကိုလည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ ၂။ ယခုအချိန်အခါ မတ်လသည် နွေရာသီကာလသို့ ရောက်ရှိလာပြီဖြစ်ရာ ပုံမှန်အားဖြင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် ဆည်များတွင် စုဆောင်းထားရှိသည့်ရေများကို ဇွန်လအထိ ထိန်းသိမ်းမောင်းနှင်ပြီး ဓာတ်အားဖြန့်ဖြူးနိုင်ရန်အတွက် စတင်ထိန်းသိမ်းရမည့် အချိန်ကာလဖြစ်သော်လည်း၊ တက္ကသိုလ်ဝင်စာမေးပွဲ မကျင်းပမီနှင့် ကျင်းပချိန်များအတွင်း ကျောင်းသား၊ ကျောင်းသူများ ညပိုင်းစာကြည့်ချိန်နှင့် စာစစ်ဌာနများတွင် လျှပ်စစ်ဓာတ်အား စဉ်ဆက်မပြတ်ရရှိစေရန်အတွက် စုဆောင်းထားရှိသည့် ဆည်ရေများဖြင့် တိုးမြှင့်ထုတ်လုပ်ဖြန့်ဖြူးပေးခဲ့ရပါသည်။ ၃။ သို့ရာတွင် တက္ကသိုလ်ဝင်စာမေးပွဲပြီးစီးသွားသည့်ရက်များမှ စတင်၍ နွေရာသီအချိန် ဇွန်လအထိ စဉ်ဆက်မပြတ် မျှတစွာ ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန်နှင့် လက်ရှိအချိန်တွင် ရာသီဥတုပူပြင်းမှုကြောင့် ဝန်အားသုံးစွဲမှု မြင့်တက်လာခြင်းကို ထိန်းညှိနိုင်ရန်အတွက် ဓာတ်အားထုတ်လုပ်နိုင်မှုနှင့် ချိန်ညှိကာ အချို့သောနေရာ/အချိန်များတွင် ဝန်အားလျှော့ခွဲဝေဖြန့်ဖြူးခြင်း (Planned Load Shedding) အစီအစဉ်များကို (၁၈-၃-၂၀၂၆) ရက်မှ စတင်ပြုလုပ်ရမည်ဖြစ်ပါသည်။ သဘာဝဓာတ်ငွေ့ရည် (Liquefied Natural Gas - LNG) သုံး ဓာတ်အားပေးစက်ရုံများမှ ထုတ်လုပ်သော လျှပ်စစ်ဓာတ်အားကို တိုက်ရိုက်လိုင်းဖြင့် ဓာတ်အားပေးသည့် ဓာတ်အားလိုင်းများအား ဝန်အားလျှော့ခွဲဝေဖြန့်ဖြူးခြင်း (Planned Load Shedding) မပြုလုပ်ဘဲ စဉ်ဆက်မပြတ် ဆက်လက်ဖြန့်ဖြူးပေးထားပါမည်။ သို့ဖြစ်ပါ၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်လျော့နည်းခြင်းအရ ဝန်အားလျှော့ခွဲဝေဖြန့်ဖြူးခြင်း (Planned Load Shedding) ဆောင်ရွက်ရမှုအပေါ် မိဘပြည်သူများအနေဖြင့် နားလည်ခွင့်လွှတ်ပေးရန်နှင့် လျှပ်စစ်ဓာတ်အားကို စနစ်တကျ ချွေတာသုံးစွဲပေးပါရန် လေးစားစွာဖြင့် မေတ္တာရပ်ခံပန်ကြားအပ်ပါသည်။ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန

NOM
201
Repost from News Of Myanmar
+2
အီရတ်နိုင်ငံမြောက်ပိုင်း၊ အီရဘေးလ်မြို့ရှိ ကာ့ဒ်-အီရန်အကြမ်းဖက်အဖွဲ့၏ ဌာနချုပ်အတွင်း အင်အားပြင်းထန်သောပေါက်ကွဲမှုများဖြစ်ပွားခဲ့သည်။ NOM

NOM
201
Repost from News Of Myanmar
+9
မတ် ၁၈၊ ၂၀၂၆ ရာမတ်ဂန် (Ramat Gan)၊ တဲလ် အဗီး (Tel Aviv)၊ ဘနေးဘရက်ခ် (Bnei Brak) နှင့် ပီတာတစ်ကွာ (Petah Tikva) မြို့များတွင် အီရန်ကလပ်စတာဒုံးကျည်များ ထိမှန်မှုများထပ်မံဖြစ်ပွားခဲ့သည်။ တဲလ်အဗီးမြို့ရှိ အချို့နေရာများတွင် လျှပ်စစ်မီးပြတ်တောက်မှုများရှိခဲ့သည်။ အစ္စရေးမီဒီယာများ၏ အဆိုအရ တဲလ်အဗီးမြို့၊ ရာမတ်ဂန်တွင် လူ ၂ ဦး သေဆုံးခဲ့ကြောင်းသိရသည်။ NOM

NOM
201
Repost from News Of Myanmar
+7
အီရန်ကလပ်စတာဒုံးကျည်များကြောင့် အစ္စရေးဒေသတွင်းမှာ ပျက်စီးဆုံးရှုံးမှုတွေ အကြီးအကျယ် ပျံ့နှံ့သွားခဲ့ပါတယ်။ NOM