201
订阅者
无数据24 小时
-17 天
-830 天
帖子存档
201
ရက်ပေါင်း ၄၀ ကြာပြီးနောက် အီရတ်ဟာ သူတို့ရဲ့ လေပိုင်နက်ကို ပြန်လည်ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါတယ်။ လေပိုင်နက်နဲ့ အီရတ်လေဆိပ်အားလုံးကို ပြန်လည်ဖွင့်လှစ်ပြီလို့ ကြေညာကြောင်း အီရတ်ဆောက်လုပ်ရေး၊ အိမ်ရာ၊ မြူနီစီပယ်နှင့် အများပြည်သူ့လုပ်ငန်းဝန်ကြီး Bangen Rekani က ပြောဆိုခဲ့ပါတယ်။
News Of Myanmar NOM
201
Repost from News Of Myanmar
အစ္စရေးအတိုက်အခံခေါင်းဆောင် ယာအီယာ လာပစ်ဒ် Yair Lapid က ၂ ပတ်ကြာအပစ်အခတ်ရပ်စဲမှုနှင့် ပတ်သက်ပြီး ၎င်း၏ လူမှုကွန်ရက် (X/Twitter) ပေါ်တွင် အောက်ပါအတိုင်းရေးသားခဲ့သည်။
"ကျွန်ုပ်တို့၏ သမိုင်းတစ်လျှောက် တွင် ဤကဲ့သို့သော နိုင်ငံရေးဆိုင် ရာ ကပ်ဘေးဆိုးမျိုး တစ်ခါမျှ မကြုံဖူးခဲ့ပါ။
ကျွန်ုပ်တို့၏ အမျိုးသားလုံခြုံရေး၏ ပင်မအနှစ်သာရနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်များကို ချမှတ်သည့်အခါတွင် အစ္စရေးနိုင်ငံသည် ဆွေးနွေးပွဲစားပွဲပေါ်တွင် (ပါဝင်ခွင့်) ပင် မရှိခဲ့ပါ။
အစ္စရေးစစ်တပ်ကတော့ ခိုင်းသမျှ အရာအားလုံးကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါတယ်။ ပြည်သူတွေကလည်း အံ့ဩလောက်စရာ ကြံ့ခိုင်မှုကို ပြသခဲ့ကြပါတယ်။ ဒါပေမဲ့ ဝန်ကြီးချုပ် နေတန်ယာဟု ကတော့ နိုင်ငံရေးအရရော၊ ဗျူဟာမြောက် စီမံခန့်ခွဲမှုမှာပါ ကျရှုံးခဲ့ပြီး သူကိုယ်တိုင်ချမှတ်ထားခဲ့တဲ့ ပန်းတိုင်တစ်ခုကိုမှ မအောင်မြင်ခဲ့ပါဘူး။
နေတန်ယာဟု ရဲ့ မောက်မာမှု၊ ပေါ့ဆမှုနဲ့ ဗျူဟာမြောက် စီမံကိန်းချမှတ်နိုင်စွမ်း မရှိမှုတွေကြောင့် ဖြစ်ပေါ်ခဲ့တဲ့ နိုင်ငံရေးနဲ့ ဗျူဟာမြောက်ပျက်စီးဆုံးရှုံးမှုတွေကို ပြန်လည်ကုစားဖို့အတွက် ကျွန်ုပ်တို့မှာ နှစ်ပေါင်းများစွာ အချိန်ယူရပါလိမ့်မယ်။"
NOM
201
Repost from News Of Myanmar
🚨 ခိုင်လုံသော သတင်းရင်းမြစ်အချို့၏ အဆိုအရ ရှေ့လာမည့် နှစ်ပတ်တာကာလအတွင်း ဟော်မုဇ် ရေလက်ကြား ကို ဖြတ်သန်းခွင့်ပြုမည့် သင်္ဘောအရေအတွက်မှာ တစ်ရက်လျှင် ၁၀ စီးမှ ၂၀ စီးခန့်သာ ရှိမည်ဖြစ်ကြောင်းသိရသည်။ (သို့သော် ဤအချက်မှာ အတည်ပြုနိုင်ခြင်း မရှိသေးပေ။)
NOM
201
Repost from News Of Myanmar
(၂) ပတ်ကြာအပစ်အခတ်ရပ်စဲရေးတွင် လက်ဘနွန်ကို မထည့်နိုင်ဟု အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုက ပြောဆိုကာ လက်ဘနွန်အားဆက်လက်တိုက်ခိုက်နေ။
NOM
201
Repost from News Of Myanmar
🚨 (၂) ပတ်ကြာ အပစ်အခတ်ရပ်စဲရေး ကာလအတွင်း ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းမယ့် သင်္ဘောတွေအားလုံးဆီကနေ အီရန်နဲ့ အိုမန်နိုင်ငံတို့က လမ်းခွန် (Tolls) ကောက်ခံသွားမယ်လို့ AP သတင်းမှာ ဖော်ပြထားပါတယ်။
ဒါဟာ အဆိုပါရေလက်ကြားအပေါ် အီရန်ရဲ့ လက်တွေ့ကျကျ ထိန်းချုပ်နိုင်စွမ်းကို ပိုမိုခိုင်မာစေသလို ရေလမ်းဖြတ်သန်းမှုအတွက် ဥပဒေကြောင်းအရ မူဘောင်အသစ်တစ်ခုကိုလည်း သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။
NOM
201
Repost from News Of Myanmar
🚨 အီရန်က အောင်ပွဲခံကြောင်း ကြေညာ — အီရန်အဆင့်မြင့်အမျိုးသားလုံခြုံရေးကောင်စီ
တီဟီရန် (အီရန်) ရဲ့ အချက် (၁၀) ချက်ပါ အစီအစဉ်ကို လက်ခံဖို့ အမေရိကန်ဟာ ဖိအားကြောင့် လက်ခံလိုက်ရသည်။
ဟော်မုဇ် (Hormuz) ရေလက်ကြားကို အီရန်က ထိန်းချုပ်မှာကို အမေရိကန်က သဘောတူသည်။
ယူရေနီယံ သန့်စင်မှုကို လက်ခံသည်။
အီရန်အပေါ် ပင်မ ပိတ်ဆို့အရေးယူမှုများ (Primary sanctions) အားလုံးကို ဖယ်ရှားပေးမည်။
ဆင့်ပွား ပိတ်ဆို့အရေးယူမှုများ (Secondary sanctions) အားလုံးကို ဖယ်ရှားပေးမည်။
လျော်ကြေးငွေများ ပေးချေမည်။
အမေရိကန်တပ်ဖွဲ့များ ပြန်လည်ရုပ်သိမ်းမည်။
ကျူးကျော်စော်ကားမှုများ မပြုလုပ်ရ။
လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်များအားလုံးကို အဆုံးသတ်မည်။ (အပြည်ပြည်ဆိုင်ရာ အနုမြူစွမ်းအင်အေဂျင်စီ) အုပ်ချုပ်ရေးမှူးများအဖွဲ့ရဲ့ ဆုံးဖြတ်ချက်များအားလုံးကို အဆုံးသတ်မည်။
လက်ဘနွန်ရှိ သူရဲကောင်းဆန်သော အစ္စလာမ်မစ် ခုခံရေးတပ်ဖွဲ့ (ဟစ်ဇဘိုလာ) အပေါ် စစ်ပွဲများအပါအဝင် စစ်မျက်နှာအားလုံးမှာ စစ်ပွဲများကို ရပ်တန့်မည်။
NOM
201
Repost from News Of Myanmar
🚨 နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေး၊ ညှိနှိုင်းမှုများနှင့် ပတ်သက်၍ အီရန်အဆင့်မြင့်အမျိုးသားလုံခြုံရေးကောင်စီ၏ ထုတ်ပြန်ချက်
အီရန်နှင့် ခုခံရေးတပ်ဖွဲ့များသည် ဒေသတွင်းရှိ အမေရိကန်၏ စစ်လက်နက်ယန္တရားများကို လုံးဝနီးပါး ချေမှုန်းနိုင်ခဲ့ပြီးဖြစ်သည်။ အီရန်နှင့် စစ်ဖြစ်ရန်အတွက် ရန်သူက နှစ်ပေါင်းများစွာအတွင်း ဒေသတွင်း၌ တည်ဆောက်ဖြန့်ကျက်ထားသော ကြီးမားသည့် အခြေခံအဆောက်အအုံများနှင့် အဆောက်အအုံများကိုလည်း ပြင်းထန်နက်ရှိုင်းစွာ ထိုးနှက်တိုက်ခိုက်နိုင်ခဲ့သည်။
ဒေသတွင်းရှိ ရာဇဝတ်ကောင် အမေရိကန်စစ်တပ်ကို အကျအဆုံးများစွာ ဖြစ်စေခဲ့သလို၊ ကျူးကျော်သိမ်းပိုက်ခံထားရသော နယ်မြေများအတွင်းရှိ ရန်သူ့တပ်ဖွဲ့များ၊ အခြေခံအဆောက်အအုံများ၊ အဆောက်အအုံများနှင့် ပိုင်ဆိုင်မှုများကိုလည်း ပြင်းထန်သော ထိုးနှက်ချက်များ ပေးနိုင်ခဲ့သည်။
စစ်မျက်နှာအားလုံးတွင် ရန်သူကို အဘက်ဘက်မှ ဖိအားပေးနိုင်ခဲ့သောကြောင့် ရန်သူသည် ၎င်းတို့၏ အဓိကရည်မှန်းချက်တစ်ခုကိုမျှ မအောင်မြင်ခဲ့သည့်အပြင် စစ်ပွဲစတင်ပြီး ၁၀ ရက်ခန့်အကြာမှာပင် ၎င်းတို့အနေဖြင့် အောင်နိုင်ခြေမရှိကြောင်း သဘောပေါက်သွားခဲ့သည်။
ထို့ကြောင့် ရန်သူသည် နည်းလမ်းမျိုးစုံ၊ လမ်းကြောင်းမျိုးစုံမှတစ်ဆင့် အီရန်နှင့် ဆက်သွယ်ရန် ကြိုးပမ်းလာပြီး အပစ်အခတ်ရပ်စဲရေးကို တောင်းဆိုလာခြင်း ဖြစ်သည်။
NOM
201
Repost from News Of Myanmar
🚨 ဒေါ်နယ်ထရန့်က အီရန်အားအပြင်းအထန် ဗုံးကြဲတိုက်ခိုက်မည့် အစီအစဉ်ကို နောက်ထပ် ၂ ပတ်တိတိဆိုင်းငံ့
ဒေါ်နယ် ဂျေ ထရန့် (Donald J. Trump)
ပါကစ္စတန် ဝန်ကြီးချုပ် ရှီဘတ်ဇ် ရှရစ်ဖ် (Shehbaz Sharif)၊ ဖီးလ်မာရှယ် အာဆင် မူနီယာ (Asim Munir) တို့နဲ့ ဆွေးနွေးခဲ့တာတွေအပေါ် အခြေခံပြီးတော့ သူတို့က ဒီည အီရန်ကို လွှတ်ဖို့ပြင်ထားတဲ့ ဖျက်အားပြင်း တပ်ဖွဲ့တွေကို ခေတ္တဆိုင်းငံ့ထားပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
ဒါ့အပြင် အီရန်နိုင်ငံဘက်ကလည်း ဟော်မုဇ် (Hormuz) ရေလက်ကြားကို ဘေးကင်းကင်းနဲ့ ချက်ချင်း အပြည့်အဝ ပြန်ဖွင့်ပေးဖို့ သဘောတူညီချက်အရ ကျွန်တော်ဟာ အီရန်ကို ဗုံးကြဲတိုက်ခိုက်မယ့် အစီအစဉ်ကို နှစ်ပတ်ကြာ ဆိုင်းငံ့ထားဖို့ သဘောတူလိုက်ပါတယ်။ ဒါဟာ နှစ်ဦးနှစ်ဖက်လုံးက လိုက်နာရမယ့် အပစ်အခတ်ရပ်စဲရေး (Ceasefire) ဖြစ်ပါတယ်။
ဒီလိုလုပ်ရတဲ့ အကြောင်းရင်းကတော့ ကျွန်တော်တို့ရဲ့ စစ်ရေးရည်မှန်းချက်တွေအားလုံးဟာ ပြည့်မီရုံတင်မကဘဲ ကျော်လွန်အောင်မြင်ခဲ့ပြီးပြီ ဖြစ်လို့ပါ။ အခုဆိုရင် အီရန်နဲ့ရော အရှေ့အလယ်ပိုင်း တစ်ခုလုံးမှာပါ ရေရှည်ငြိမ်းချမ်းရေး ရဖို့အတွက် ခိုင်မာတဲ့ သဘောတူညီချက်ရဖို့ အတော်လေး နီးစပ်နေပါပြီ။
ကျွန်တော်တို့ အီရန်ဆီကနေ အချက် (၁၀) ချက်ပါတဲ့ အဆိုပြုချက်ကို ရရှိထားပြီး ဒါဟာ ညှိနှိုင်းဆွေးနွေးဖို့ လက်တွေ့ကျတဲ့ အခြေခံအချက်တွေလို့ ယုံကြည်ပါတယ်။ အရင်က အငြင်းပွားစရာဖြစ်ခဲ့တဲ့ အချက်အလက် တော်တော်များများကိုလည်း အမေရိကန်နဲ့ အီရန်ကြား သဘောတူညီမှု ရနေပါပြီ။ ဒီနှစ်ပတ်အတွင်းမှာ သဘောတူညီချက်ကို အပြီးသတ် အတည်ပြုနိုင်မှာပါ။
အမေရိကန်သမ္မတအနေနဲ့ရောအရှေ့အလယ်ပိုင်းနိုင်ငံတွေကို ကိုယ်စားပြုတဲ့သူအနေနဲ့ပါ ဒီလိုရေရှည်ပြဿနာကြီး ပြေလည်တော့မယ့်အပေါ် ဂုဏ်ယူမိပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။
သမ္မတ ဒေါ်နယ် ဂျေ ထရန့်
NOM
201
+1
ကက်သရင်းအက်စ်သာဂမ်ဘိုအာကား၀ုဒ်လို့ အမည်ရတဲ့ အသက် ၂၁ နှစ်အရွယ် ဗြိတိန်အမျိုးသမီးတဦးဟာ အမျိုးသားတဦးနဲ့ တွေ့ဆုံဖို့အတွက် ကယ်လီဖိုးနီးယားကို တဦးတည်း ခရီးထွက်ရာကနေ ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။
လန်ဒန်ကနေ ထွက်ခွာခဲ့တာဖြစ်ပြီး သူမကို CCTV ကတဆင့် နောက်ဆုံးတွေ့မြင်ခဲ့ရတာဟာ လေဆိပ်မှာ ပန်းတွေကိုင်ဆောင်ပြီး လာရောက်ကြိုဆိုတဲ့ အမျိုးသားတဦးနဲ့ တွေ့ဆုံခဲ့တာလို့ ဖခင်ဖြစ်သူက အင်္ဂလန်မီဒီယာတွေကို ပြောဆိုခဲ့ပါတယ်။
မတ်လ ၃၁ ရက်နေ့မှာ သူမက ကယ်လီဖိုးနီးယားကို ရောက်ရှိခဲ့ပြီး လည်ပတ်စရာနေရာတွေကို သွားဖို့ စီစဉ်ထားကာ အဲဒီနေ့မှာပဲ သူမက Sacramento က တည်းခိုခန်းတခုမှာ ရှိတယ်လို့ ပြောဆိုခဲ့ပေမယ့် check in မလုပ်ခဲ့ဘူးလို့ ဆိုပါတယ်။
ဒေးဗစ်လို့ အမည်ရတဲ့အမျိုးသားနဲ့ သူမက လန်ဒန်မှာ အရင်တွေ့ခဲ့ပြီးနောက် လိုက်သွားခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိ သတင်းအစန မရဘဲ ပျောက်ဆုံးနေဆဲလို့ သိရပါတယ်။
News Of Myanmar NOM
201
+1
ဧပြီ ၇ ရက်နေ့ ဒေသစံတော်ချိန် မွန်းလွဲ ၁၂း၁၅ နာရီက တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့၊ အစ္စရေးကောင်စစ်ဝန်ရုံး အပြင်ဘက်မှာ ဆယ်မိနစ်ကြာ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီး ဘာသာရေးအကြမ်းဖက်သမား ၁ ဦးသေဆုံးကာ အခြား ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ တူရကီပြည်ထဲရေးဝန်ကြီးဌာနက ဆိုပါတယ်။
အကြမ်းဖက်အဖွဲ့နဲ့ ဆက်နွယ်နေတဲ့ သေနတ်သမား ၃ ဦးဟာ တိုက်ခိုက်မှုမှာ ပါဝင်ခဲ့ပြီး သေဆုံးသူနဲ့ ဒဏ်ရာရသသူတွေက ဘယ်သူတွေလဲဆိုတာကိုပါ ဖော်ထုတ်ကာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဘယ်အဖွဲ့နဲ့ ဆက်စပ်နေလဲဆိုတာကိုတော့ ပြောဆိုခြင်းမရှိသေးဘဲ ရဲတပ်ဖွဲ့နဲ့ ထိပ်တိုက်ရင်ဆိုင်ကာ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာပါ။
News Of Myanmar NOM
201
ဩစတြေးလျရဲ့ အမြင့်ဆုံးဆုတံဆိပ်ရရှိထားတဲ့ စစ်ပြန်ကြီး Ben Roberts-Smith ဟာ ၂၀၀၉ ကနေ ၂၀၁၂ အတွင်း အာဖရန်မှာ တာဝန်ထမ်းဆောင်ခဲ့ချိန် လက်နက်မဲ့အာဖဂန်လူမျိုး ၅ ဦးကို သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ စစ်ရာဇဝတ်မှုစွဲချက်တွေကို ရင်ဆိုင်နေရတယ်လို့ ဩစတြေးလျရဲတပ်ဖွဲ့နဲ့ မီဒီယာတွေက မနေ့က ဖော်ပြခဲ့ပါတယ်။
အသက် ၄၇ နှစ်အရွယ် စစ်သားဟောင်းဟာ အာဖဂန်မှာ တာဝန်ထမ်းဆောင်ခဲ့လို့ Victoria Cross နဲ့ Medal of Gallantry ဆိုတဲ့ ဆု ၂ ခုကို ချီးမြှင့်ခံထားရသူပါ။ ဒီနေ့မှာ သူ့ကို ပထမဆုံးရုံးထုတ်စစ်ဆေးမှာဖြစ်ပြီး အာမခံလျှောက်ထားဖွယ်ရှိတယ်လို့လည်း ဆိုပါတယ်။
News Of Myanmar NOM
201
Repost from News Of Myanmar
🚨 ထရမ့်က အီရန်နိုင်ငံအပေါ် နျူကလီးယားလက်နက်ထုတ်သုံးမည်ကို ၎င်း၏ လက်ရှိနှင့် ယခင် အကြံပေးအသိုင်းအဝိုင်းကြားတွင် စိုးရိမ်မှုများမြင့်တက်နေ
ထရမ့်၏ အီရန်အပေါ် ခြိမ်းခြောက်မှုများမှာ အလွန်ပြင်းထန်လာခြင်းနှင့်အတူ ထရမ့်အနေဖြင့် အီရန်စစ်ပွဲမှ ရုန်းထွက်နိုင်မည့် နည်းလမ်းကို ရှာဖွေရာတွင် အသည်းအသန်ဖြစ်လာခြင်းတို့ကြောင့် စိတ်လိုက်မာန်ပါ လုပ်ဆောင်တတ်သည့် သမ္မတတစ်ဦးအနေဖြင့် နျူကလီးယားလက်နက်ကို အသုံးပြုရန် ကြိုးပမ်းလာနိုင်သည်ဟူသော စိုးရိမ်မှုများ ထရမ့်၏ လက်ရှိနှင့် ယခင် အကြံပေးအသိုင်းအဝိုင်းကြားတွင် မြင့်တက်နေကြောင်း The Guardian သတင်းဌာနက ဖော်ပြထားသည်။
NOM
201
Repost from News Of Myanmar
"ဒီညမှာ အီရန်ယဉ်ကျေးမှုအဖွဲ့အစည်းတစ်ခုလုံး ပျောက်ကွယ်သွားလိမ့်မယ်" လို့ ထရမ့် သတိပေး
အမေရိကန်သမ္မတ ထရမ့်က ၎င်းရဲ့ ထရု(သ်) ဆိုရှယ်မီဒီယာအကောင့် မှာ အီရန်နဲ့ပတ်သက်ပြီး အခုလို ရေးတင်ခဲ့ပါတယ်။
"ဒီညမှာ အီရန်ယဉ်ကျေးမှုအဖွဲ့အစည်း တစ်ခုလုံး သေဆုံးသွားတော့မယ်။ ဘယ်တော့မှ ပြန်မရနိုင်တော့ဘူး။ ကျွန်တော် ဒါမျိုး မဖြစ်စေချင်ပေမဲ့ ဖြစ်လာဖို့ကတော့ သေချာသလောက်ပဲ။
ဒါပေမဲ့ အခုဆိုရင် ကျွန်တော်တို့ဟာ အစိုးရအဖွဲ့ကို အလုံးစုံ ပြောင်းလဲပစ်နိုင်ပြီဖြစ်လို့ ပိုပြီးတော်တဲ့ ပိုပြီးတော့ အစွန်းမရောက်တဲ့ ခေါင်းဆောင်သစ်တွေ ပေါ်ထွက်လာတော့မယ်။ တော်လှန်ရေးတစ်ခုလိုမျိုး အံ့ဩဖို့ကောင်းတဲ့ အပြောင်းအလဲတွေ ဖြစ်လာနိုင်မလားဆိုတာ ဘယ်သူသိမှာလဲ။
ကမ္ဘာ့သမိုင်းရဲ့ ရှည်လျားခက်ခဲလှတဲ့ ကာလတွေထဲမှာ အရေးကြီးဆုံး အခိုက်အတန့်တစ်ခုကို ဒီညမှာ ကျွန်တော်တို့ သိရတော့မယ်။ ၄၇ နှစ်ကြာအောင် လိမ်လည်လှည့်ဖြားမှုတွေ၊ အကျင့်ပျက်ခြစားမှုတွေနဲ့ သေဆုံးမှုတွေဟာ နောက်ဆုံးမှာတော့ အဆုံးသတ်သွားတော့မှာပါ။ အီရန်ပြည်သူတွေအပေါ် ဘုရားသခင် ကောင်းချီးပေးပါစေ။"
NOM
201
Repost from News Of Myanmar
"အဆောက်အအုံကို ဖျက်ဆီးလို့ရပေမဲ့ စိတ်ဓာတ်ကိုတော့ ဖျက်ဆီးလို့မရဘူး"
အီရန်နိုင်ငံ၊ တဟီရန်မြို့က အီရန်နိုင်ငံရဲ့ ထိပ်တန်းနည်းပညာတက္ကသိုလ်ဖြစ်တဲ့ ရှာရစ်ဖ် တက္ကသိုလ်မှာ သင်္ချာပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဒေါက်တာ အလီရီဇာ ဇာရေး Alireza Zarei ဟာ သူ့ရဲ့ရုံးခန်း ပျက်စီးသွားပေမဲ့လည်း အဲဒီပျက်စီးနေတဲ့ ရုံးခန်းထဲမှာပဲ ကျောင်းသားတွေကို 'Randomized Algorithms' ဘာသာရပ်ကို ဆက်လက်သင်ကြားပေးနေပါတယ်။
ပါမောက္ခက "ကျွန်တော် ဒီနေရာကနေ ထွက်သွားမှာမဟုတ်ဘူး။ ဒါဟာ ကျွန်တော်တို့ရဲ့ တက္ကသိုလ်ပဲ။ အမေရိကန်နဲ့ အစ္စရေးတွေ တက္ကသိုလ် အဆောက်အအုံကို ဖျက်ဆီးပစ်လို့ ရနိုင်ပေမဲ့ ကျွန်တော်တို့ရဲ့ စိတ်ဓာတ်ကိုတော့ ဖျက်ဆီးလို့မရပါဘူး" လို့ ပြောကြားခဲ့ပါတယ်။
NOM
201
Repost from News Of Myanmar
🚨 အိမ်နီးချင်းနိုင်ငံများသို့ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ၏ သတိပေးချက်- "သည်းခံမှု ကုန်ဆုံးသွားပြီ"
• အမေရိကန်နှင့် ၎င်း၏မဟာမိတ်များသည် ဒေသတွင်းရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့များကို နောင်နှစ်ပေါင်းများစွာတိုင်အောင် အသုံးမပြုနိုင်စေရန်အတွက် ၎င်းတို့၏ အခြေခံအဆောက်အအုံများကို ကျွန်ုပ်တို့ ပစ်မှတ်ထား တိုက်ခိုက်သွားမည်ဖြစ်သည်။
• အမေရိကန်၏ ဒေသတွင်း မိတ်ဖက်နိုင်ငံများအနေဖြင့်လည်း သိထားသင့်သည်မှာ ယနေ့အချိန်အထိ ကျွန်ုပ်တို့သည် အိမ်နီးချင်းကောင်းပီသမှုကို အလေးထားသောကြောင့် လက်တုံ့ပြန်မည့် ပစ်မှတ်များကို ရွေးချယ်ရာတွင် အလွန်အမင်း ထိန်းသိမ်းသည်းခံခဲ့ကြသည်။ သို့သော် ယခုအချိန်မှစ၍ ထိုကဲ့သို့ ထည့်သွင်းစဉ်းစားမှုများအားလုံးကို ဖယ်ရှားလိုက်ပြီဖြစ်သည်။
NOM
201
Repost from News Of Myanmar
+1
အီရန်နိုင်ငံ၊ တီဟီရန်မြို့လယ်မှာရှိတဲ့ ရာဖီနီယာ Rafie Nia အမည်ရ ဂျူးဝတ်ပြုကျောင်းဟာ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လုံးဝပျက်စီးသွားတယ်လို့ သိရပါတယ်။
NOM
201
Repost from News Of Myanmar
🚨 အီရန်နိုင်ငံ၊ ခါ့ဂ်ကျွန်း Kharg Island ပေါ်ရှိ ဘန်ကာများနှင့် ကာကွယ်ရေးစနစ်များကို အမေရိကန်က တိုက်ခိုက်နေပြီဖြစ်ပြီး အစ္စရေးက အီရန်နိုင်ငံ၏ ရထားလမ်းများကွန်ာက်ကို ဗုံးကြဲတိုက်ခိုက်လျက်ရှိသည်။
NOM
201
Repost from News Of Myanmar
အီရန်၏ လက်တုံ့ပြန်တိုက်ခိုက်မှုများကြောင့် ဆော်ဒီနိုင်ငံအနေဖြင့် 'ပုံမှန်အတိုင်း လုပ်ငန်းများလည်ပတ်နေသည်' ဆိုသည့် အခြေအနေကို ဆက်လက်ထိန်းသိမ်းရန် ပိုမိုခက်ခဲလာ
အီရန်၏ ဒုံးကျည် (သို့မဟုတ်) ဒရုန်းများဖြင့် တိုက်ခိုက်လာနိုင်သည့် အန္တရာယ်ကို စိုးရိမ်သောကြောင့် ဆော်ဒီအာရေဗျနိုင်ငံသည် ရီယာ့ဒ်မြို့ရှိ ဘုရင် အဗ္ဗဒူလာ King Abdullah ဘဏ္ဍာရေးရပ်ကွက် (KAFD) သို့ ဝန်ထမ်းများ မစေလွှတ်ရန် စီးပွားရေးလုပ်ငန်းများကို အမိန့်ပေးလိုက်သည်။
KAFD အတွင်းရှိ ရုံးခန်းအဆောက်အအုံများကို အမြန်ဆုံး လစ်လပ်စေရန် အမိန့်ထုတ်ပြန်လိုက်ခြင်းက ဆော်ဒီဘုရင့်နိုင်ငံအနေဖြင့် 'ပုံမှန်အတိုင်း လုပ်ငန်းများလည်ပတ်နေသည်' ဆိုသည့် အခြေအနေကို ဆက်လက်ထိန်းသိမ်းရန် ပိုမိုခက်ခဲလာကြောင်း ပြသနေသည်။
NOM
201
Repost from News Of Myanmar
အစ္စရေးနှင့် အမေရိကန်တို့သည် အီရန် အရပ်ဘက်အခြေခံအဆောက်အအုံများအပေါ် တိုက်ခိုက်မှုများကို အရှိန်မြှင့်လုပ်ဆောင်လျက်ရှိသည်။
ဧပြီလ ၆ ရက်က တီဟီရန်မြို့ရှိ ရှရစ်ဖ်နည်းပညာတက္ကသိုလ် (Sharif University of Technology) သည် အမေရိကန်-အစ္စရေး ပူးပေါင်းတပ်ဖွဲ့များ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။
NOM
201
Repost from News Of Myanmar
အာရပ်စော်ဘွားများပြည်ထောင်စု (UAE)၊ Habshan ရှိ အဘူဒါဘီ အမျိုးသားရေနံကုမ္ပဏီ (ADNOC) စက်ရုံတွင် မီးလောင်မှုများဖြစ်ပွားကြောင်း သတင်းရရှိသည်။ နာဆာ NASA ၏ FIRMS (အပူချိန်တိုင်းတာသည့်စနစ်) အချက်အလက်များအရ ထိုဧရိယာအတွင်း အပူချိန်မြင့်မားနေသည့် နေရာအမြောက်အမြားရှိနေကြောင်း ပြသနေသည်။
ADNOC သည်ကမ္ဘာ့အကြီးဆုံး စွမ်းအင်ကုမ္ပဏီများထဲမှ တစ်ခုဖြစ်သည်။
NOM
现已上线!2025 年 Telegram 研究 — 年度关键洞察 
